အပိုင်း ၁၁၆၈
Viewers 53k

အခန်း ၁၁၆၈

ကြမ်းတမ်းလှသည့်ဝှိုက်တီ၏ အဖြူရောင်ခုန်ချက်


ဝှိုက်တီက ပုစွန်ပိစိပေါ်တွင်ရပ်ရင်း နတ်ဘုရားသတ်တုတ်ကိုကိုင်ကာ လူအုပ်ကြီးထဲသို့ မိုးကြိုးပစ်သလို ကျလာခဲ့သည်။ တုတ်၏ မျက်နှာပြင်ပေါ်မှ လျှပ်စီးကြောင်းတို့ ထွက်ပေါ်လာပြီး ၎င်း၏ လက်ထဲမှ လှစ်ကနဲ ထွက်သွားသည်။ ၎င်း၏ ခန္ဓာကိုယ်မှ သန်မာလှသော အော်ရာများ ထွက်ပေါ်လာပြီး မျက်လုံးများက နီရဲလာကာ တစ်ကိုယ်လုံးမီးတောက်နေသလို ကြောက်မက်ဖွယ်ကောင်းလှသည်။


လျှပ်တပြက်အတွင်း ဝှိုက်တီက လူအုပ်ကြီးထဲ ထိုးကျသွားသည်။ 


ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူတစ်အုပ်ကြီးက အော်ဟစ်ကာ စတင်တိုက်ခိုက်တော့သည်။ တိုက်ခိုက်မှုတိုင်းမှ စွမ်းအင်များက စုစည်းလာကာ ငရဲစွမ်းအင်များက ဝှိုက်တီအပေါ် မိုးရွာချသလို ကျဆင်းလာပြီး ချက်ချင်းလက်ငင်း ပျက်စီးသွားစေရန် ကြိုးစားနေသည်။


ဝှိုက်တီက ရုပ်သေးရုပ်လေးတစ်ခုသာဖြစ်သည်။ သို့သော် မည်သူကမှ ထိုရုပ်သေးရုပ်ဘေးကို အထင်မသေးရဲပေ။


ငရဲအကျဉ်းထောင်တွင် ဧရာမနတ်ဆိုးများ၊ ဘုံကိုးပါးနယ်သာစားဖိုမှူးများနှင့် နတ်ဆိုးဓားမျိုးနွယ်များအပါအဝင် မျိုးနွယ်ကြီး ကိုးခုရှိသည်။


မျိုးနွယ်များထဲက တစ်ခုက ရုပ်သေးကို အထူးပြုကျင့်ကြံကြသူများ ဖြစ်ကြသည်။ သူတို့ကို ငရဲရုပ်သေးဆရာများဟု ခေါ်သည်။ သူတို့က အဖိုးတန် ပစ္စည်းများအားလုံးကို သုံးကာ ရုပ်သေးရုပ်များ လုပ်နိုင်ပြီး သူတို့ထဲမှ အချို့က လမ်းလွဲကျင့်ကြံသူများဖြစ်ပြီး ရှေးခေတ်ကျင့်ကြံသူများ၏ အုတ်ဂူများကိုဖောက်ကာ ထိုကျင့်ကြံသူများ၏ ခန္ဓာကိုယ်ဖြင့် ငရဲရုပ်သေးများကို လုပ်ကြသည်။


သူတို့၏ လျှို့ဝှက်နည်းပညာများအရ အလောင်းက ပိုမိုအိုဟောင်းလေ ငရဲရုပ်သေးရုပ်များက ပိုမိုသန်မာလေဖြစ်သည်။


တစ်ခါက ငရဲအကျဉ်းထောင်တစ်ခုလုံးကို ငရဲရုပ်သေးများက ကြောက်လန့်စေကာ အုပ်ချုပ်ခဲ့ဖူးသော အချိန်ရှိခဲ့သည်။ ထို့ကြောင့် ငရဲအကျဉ်းထောင်ထဲမှ ကျင့်ကြံသူများက ငရဲရုပ်သေးရုပ်သာမက မည်သည့် ရုပ်သေးရုပ်ကိုမဆို အထင်မသေးဝံ့ပေ။


သို့သော် ဝှိုက်တီအတွက်က သူတို့အထင်သေးသည်ဖြစ်စေ အထင်မသေးသည်ဖြစ်စေ မကွာခြားလှပေ။ သူလုပ်ရန်မှာ ရန်သူများကို သတ်ပစ်ရန်သာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပုဖန်က မည်သည့် အဝတ်ကိုမှ မဖြဲနှင့်ဟု ပြောခဲ့၍ဖြစ်သည်။


၎င်း၏မျက်လုံးများက မုန်ယိုနေသော သားရဲကြီးလို နီရဲကျိန်းစက်နေသည်။


နတ်ဘုရားသတ်တုတ်ကို ဝှေ့ရမ်းလိုက်ပြီး ကောင်းကင်တွင် မိုးကြိုးများ ထောင်ချီအောင် ဖြစ်ပေါ်လာစေပြီး တစ်ခုဆီတွင် ကြောက်မက်ဖွယ် မိုးကြိုးစွမ်းအင်တို့ ပါဝင်နေသည်။


ဘုန်း ဘုန်း


မိုးကြိုးနှင့် ထိသွားသည်နှင့် ကျင့်ကြံဆင့်နိမ့်သော ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူများက အပိုင်းပိုင်း အစစပေါက်ကွဲထွက်ကုန်သည်။ ကြယ်ကိုးပွင့် စစ်မှန်မသေမျိုးအဆင့်မှ လူများကသာ မိုးကြိုးချက် အနည်းငယ်ကို တောင့်ခံနိုင်သည်။


ဝှိုက်တီ၏ ယခုတစ်ကြိမ် အဆင့်တက်သွားမှုက အတော်လေးများလှသည်။ ပုဖန်၏ ကျင့်ကြံခြင်းအဆင့် တိုးတက်လာသည်နှင့် ၎င်း၏ တိုက်ခိုက်နိုင်စွမ်းကလည်း မြင့်တက်သွားခဲ့သည်။


ပုဖန်၏ ခွန်အားတိုးတက်မှုနှင့်အတူ ဝှိုက်တီ၏တိုက်ခိုက်နိုင်စွမ်းနှင့် သူ၏ခွန်အားက ပိုမိုကြမ်းတမ်းလာသည်။ သို့သော် သူ၏ ကျင့်ကြံဆင့်က တဖြေးဖြေးချင်း မြင့်တက်လာဆဲဖြစ်ပြီး ဝှိုက်တီ၏ တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ပေးနေဆဲဖြစ်သည်။


၎င်းက မှေးမှိန်ကာ ထူးဆန်းသော ဆက်နွယ်မှုလေးတစ်ခုဖြစ်သည်။


နတ်ဘုရားသတ်တုတ်ကို မြေပြင်ပေါ် ပြင်းပြင်းထန်ထန်ရိုက်ချလိုက်ပြီး ကွေးညွတ်သွားကာ ဝှိုက်တီကို အမြှောက်ဆန်လိုအရှေ့သို့ ပြေးထွက်သွားစေသည်။ မြေပြင်ပေါ် ပြန်ကျလာသည်နှင့် ၎င်း၏ လက်ဖဝါးက ဧရာမသေနတ် ပြောင်းဝကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။


ကြောက်မက်ဖွယ်စွမ်းအင်များက ပြောင်းဝတွင် စုဝေးလာပြီး မရေအတွက်နိုင်သော လျှပ်စီးကြာင်းများက ၎င်း၏ မျက်နှာပြင်ပေါ်တွင် ကခုန်နေကြပြီး တောက်ပလှသည့် အပြာရောင်အလင်းတန်းကြီး ထွက်ပေါ်လာသည်။ ဘုန်းခနဲမြည်သံနှင့်အတူ သေနတ်ပြောင်းဝမှ စွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူများစွာကို ထိသွားစေပြီး သွေးအိုင်များအဖြစ် ပြောင်းလဲသွားစေသည်။ 


သတ်ဖြတ်ခြင်းပုံစံအသက်သွင်းထားသော ဝှိုက်တီက အသူတရာငရဲမှတက်လာသော နတ်ဆိုးတစ်ကောင်နှင့်တူနေသည်။


"ညစ်ပတ်တဲ့ တိရိစ္ဆာန်ကောင်..."

အထွတ်အမြတ်နယ်ပယ်အဆင့်တစ်ဝက်မှ ကျင့်ကြံသူတစ်ဦးက အော်ဟစ်လိုက်သည်။ သူ၏ခြေထောက်များကို မြေပြင်ပေါ် စုန်ကန်ပြီး ဝှိုက်တီထံသို့ အားပြင်းလှသော လက်သီးတစ်ချက်ဖြင့် ပြေးဝင်သွားသည်။


နတ်ဘုရားသတ်တုတ်ကို လက်တစ်ဖက်တွင်ကိုင်ထားသော ဝှိုက်တီက ထိုလက်သီးထံ တုတ်ကို လွှဲချလိုက်သည်။


ဝုန်း


အထွတ်အမြတ်နယ်ပယ်အဆင့်တစ်ဝက်မှ ကျင့်ကြံသူ၏ လက်သီးချက်နှင့် ဝှိုက်တီ၏ တုတ်တို့က ထိပ်တိုက်တွေ့ဆုံသွားပြီး ပေါက်ကွဲမှုများ ထွက်ပေါ်လာကာ နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။


ခပ်လှမ်းလှမ်းတွင် ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူများက တစ်ယောက်ပြီးတစ်ယောက် ရူးသွပ်စွာ ပြေးထွက်လာကြသည်။


ဝှိုက်တီ၏ စက်ရုပ်မျက်လုံးများက တောက်ပသွားသည်။ ရုတ်တရက် ၎င်း၏ နောက်ကျောမှ သတ္တုအတောင်ပံကြီးကို ခပ်လိုက်သည်။ အတောင်ပံများဆီမှ လေသင်တုန်းဓားပေါင်းများစွာ ထွက်ပေါ်လာပြီး ထိုငရဲအကျဉ်းထောင်မှ ကျင့်ကြံသူများထံ ပြေးထွက်ကာ ထိမှန်ကုန်ကြသည်။


ထိုကျင့်ကြံသူများ၏ရင်ဘတ်မှ သွေးမြူတို့ ထွက်ပေါ်လာသည်။


ယခုလက်ရှိ ဝှိုက်တီက သတ်ဖြတ်ရေးစက်ကြီးလို ဖြစ်နေသည်။


ခဏအကြာတွင် နတ်ဘုရားသတ်တုတ်ကို လူအုပ်ထဲ လွှဲရမ်းပစ်ကာ လက်သီးကိုမြှောက်၍ အထွတ်အမြတ်နယ်ပယ်အဆင့်တစ်ဝက်မှ ကျင့်ကြံသူတစ်ယောက်ကို ထိုးချလိုက်သည်။


လူတစ်ယောက်နှင့် ရုပ်သေးရုပ်တစ်ရုပ်တို့က အချင်းချင်း လေထဲတွင် တိုက်ခိုက်နေကြသည်။


၎င်းတို့က အချင်းချင်း ကြမ်းတမ်းသည့် လက်သီးချက်များကို ဖလှယ်နေကြသည်။ ပုဖန်၏ တိုက်ခိုက်မှုနှင့်မတူဘဲ ဝှိုက်တီနှင့် အထွတ်အမြတ်နယ်ပယ်အဆင့်တစ်ဝက်မှ ကျင့်ကြံသူတို့က အနီးကပ်တိုက်ပွဲကိုသာ ရွေးလိုက်ကြသည်။ ပုဖန်လို အသားလုံးလေးနည်းနည်းပစ်ပြီး အဝေးမှရန်သူကို သေစေသော ပုံစံမျိုးဖြင့် မတိုက်ခိုက်ကြပေ။


ဝှိုက်တီ၏ လှုပ်ရှားမှုများက အလွန်အမင်း တက်ကြွလှသည်။ ၎င်းက အတော်လေး ကြီးမားလေးလံသော်လည်း အထွတ်အမြတ်နယ်ပယ်အဆင့်တစ်ဝက်မှ ကျင့်ကြံသူနှင့် တိုက်ခိုက်ချိန်တွင် လုံးဝအားနည်းမနေပေ။


သူတို့၏ လက်သီးချက်များက အချင်းချင်းထိမိနေကြသည်။


အထွတ်အမြတ်နယ်ပယ်အဆင့်တစ်ဝက်မှ ကျင့်ကြံသူ၏ မျက်လုံးများက ကြုံ့ဝင်သွားသည်။ သူခန္ဓာကိုယ်အတွင်းတွင် သွေးနှင့် အစစ်အမှန်စွမ်းအင်များကို လျှပ်စီးများလို လည်ပတ်စေပြီး ဟိန်းဟောက်ပစ်လိုက်သည်။


ဘုန်း ဘုန်း


လူတစ်ယောက်နှင့် ရုပ်သေးရုပ်တစ်ခုက အချင်းချင်း လက်သီးချင်းဖလှယ်ကြပြီး မြေကြီးကို အဆက်မပြတ် ပေါက်ကွဲနေစေသည်။


ဝှိုက်တီက နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး မြေပြင်ကို ကြေမွသွားစေသည်။


အထွတ်အမြတ်နယ်ပယ်အဆင့်တစ်ဝက်မှ ကျင့်ကြံသူလည်း မြေပြင်ပေါ် ကျသွားသည်။ ခဏအကြာတွင် လေထဲကို နဂါးတစ်ကောင်လို ခုန်တက်သွားပြီး သူ့ခြေထောက်များကို ဝှိုက်တီထံ ကန်လွှတ်လိုက်သည်။ ခြေထောက်များတွင် ကြောက်မက်ဖွယ် ငရဲစွမ်းအင်များ ပါဝင်နေပြီး တောင်ကုန်းများကိုပင် ပြိုကျသွားစေနိုင်လောက်သည်အထိ သန်မာလေသည်။


ဝှိုက်တီ၏ စက်ရုပ်မျက်လုံးများက တောက်ပသွားပြီး ၎င်း၏ လက်မောင်းကို လိမ်လိုက်ကာ ဧရာမဓားမကြီးအဖြစ် ပြောင်းလဲလိုက်သည်။ ထို့နောက် ထိုဓားမကြီးကို အပေါ်သို့မြှောက်ချလိုက်ပြီး ပြေးဝင်လာနေသော အထွတ်အမြတ်နယ်ပယ်အဆင့်တစ်ဝက်မှ ကျင့်ကြံသူ၏ ခြေထောက်နှင့် ဆုံသွားခဲ့သည်။ ထို့နောက်တွင် လေထုထဲ၌ မီးပွားများစွာ ပေါ်လာပြီး နားကန်းလုမတတ်ကျယ်လောင်သော 'ဒေါင်'ဟူသော အသံကြီးကို ကြားလိုက်ရသည်။


ဒေါင် ဒေါင် ဒေါင် ဒေါင်


ဝှိုက်တီ၏ အရှိန်နှုန်းက အလွန်မြန်လှပြီး သူ၏ဓားကို မမြင်ရလုနီးပါး ဖြစ်နေစေသည်။ တစ်ဖက်မှ အထွတ်အမြတ်နယ်ပယ်အဆင့်တစ်ဝက်မှ ကျင့်ကြံသူကလည်း အနီးကပ်တိုက်ခိုက်ရာတွင် အတော်ကောင်းမွန်လှပြီး ဝှိုက်တီထက် အားနည်းမနေပေ။ သူတို့နှစ်ယောက်က ကြမ်းတမ်းစွာ တိုက်ခိုက်နေကြလေသည်။


ဓားကိုသုံးပြီးနောက်တွင် သူတို့ လက်သီးချင်း ယှဉ်ကြပြန်သည်။ ထို့နောက် တံတောင်များ၊ လက်သီးများ၊ ခြေထောက်များနှင့် ရှိသမျှ အနီးကပ်တိုက်ကွက်အားလုံး သုံးခဲ့သည်။


ဘုန်း


အထွတ်အမြတ်နယ်ပယ်အဆင့်တစ်ဝက် ကျင့်ကြံသူ၏ တံတောင်က ဝှိုက်တီ၏ ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ထိမိသွားပြီး ၎င်းကို အမြှောက်ဆန်တစ်ခုလို မြေပြင်ပေါ်သို့ ပြုတ်ကျသွားစေသည်။


ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူများက အော်ဟစ်အားပေးကြသည်။ အထွတ်အမြတ်နယ်ပယ်အဆင့်တစ်ဝက်မှ ကျင့်ကြံသူက လေထဲတွင်ရပ်နေကာ အသက်ပြင်းပြင်းရှူရင်း ပြုံးနေသည်။ သူ၏ ဆံပင်အဖျားများက အပ်ဖျားများနှင့် တူနေပေသည်။


ရုတ်တရက် ဝှိုက်တီက အပျက်အဆီးများထဲမှ ခုန်ထွက်လာကာ အထွတ်အမြတ်နယ်ပယ်အဆင့်တစ်ဝက်မှ ကျင့်ကြံသူရှေ့တွင် ပေါ်လာပြီး ထိုလူ၏ခေါင်းကိုလက်နှစ်ဖက်ဖြင့် ကိုင်ကာ ဒူးဖြင့် တိုက်ချလိုက်သည်။


အရိုးအက်သံများထွက်ပေါ်လာပြီး အထွတ်အမြတ်နယ်ပယ်အဆင့်တစ်ဝက်မှ ကျင့်ကြံသူက သွေးများပန်းထွက်လာကာ စီကနဲအော်ဟစ်လိုက်သည်။ သူ၏သနားစဖွယ်အော်သံက လူတိုင်းကို ကြောက်လန့်သွားစေသည်။


ဘုန်း ဘုန်း ဘုန်း


သူ၏လက်သီးများကို ပြင်းပြင်းထန်ထန် ပစ်လွှတ်လိုက်သည်။ သူ၏လက်သီးများကို ဝှိုက်တီထံ အဆက်မပြတ်ပစ်လွှတ်နေသော်လည်း ဝှိုက်တီ၏ မျက်လုံးများက ဘာမှမပြောင်းလဲပေ။ ယင်းအစား ထိုကျင့်ကြံသူ၏မျက်နှာကို ဒူးဖြင့် အဆက်မပြတ် တိုက်နေလိုက်သည်။ ထို့နောက် ဝှိုက်တီက ထိုကျင့်ကြံသူ၏ ခေါင်းကို လက်တစ်ဖက်ဖြင့် ဖမ်းကိုင်ကာ မြေပြင်ပေါ် ရိုက်ချလိုက်သည်။


မြေပြင်က ဒုန်းခနဲ ချိုင့်ဝင်သွားသည်။


အထွတ်အမြတ်နယ်ပယ်အဆင့်တစ်ဝက်မှ ကျင့်ကြံသူက သွေးအန်လိုက်ပြီး သူ့မျက်လုံးထဲတွင် ကြမ်းတမ်းခက်ထန်မှုတို့ ထွက်ပေါ်လာသည်။ သူက ထိုရုပ်သေးရုပ်ကို အနီးကပ်တိုက်ပွဲတွင် အနိုင်ယူနိုင်မည်ဟု ထင်ခဲ့သော်လည်း သူသာ သေလုနီးပါးဖြစ်သွားခဲ့သည်။ သူ့မျက်နှာပေါ်ရှိ သွေးများကိုသုတ်ပြီး ဝှိုက်တီကို ကြည့်ကာ လက်နှစ်ဖက်ကို ရမ်းခါလိုက်သည်။ ခဏအကြာတွင် သူ့ပတ်ပတ်လည်တွင် ထက်ရှလှသော ဓားမြောင်များစွာ ထွက်ပေါ်လာသည်။


"မင်းပဲ ငါ့ကိုဒီလိုလုပ်အောင် လုပ်ခဲ့တာ... ငါမင်းကို ဖျက်ဆီးပစ်မယ်..."


အထွတ်အမြတ်နယ်ပယ်အဆင့်တစ်ဝက်မှ ကျင့်ကြံသူက ဟိန်းဟောက်လိုက်ပြီး ဓားမြှောင်တစ်ချောင်းပြီးတစ်ချောင်းပစ်လွှတ်ကာ ဝှိုက်တီဘေးတွင် နဂါးတစ်ကောင်လို ရစ်ခွေသွားစေသည်။


၎င်းက ဝှိုက်တီကို ခဏမျှ ရပ်တန့်သွားစေသော်လည်း ၎င်း၏ အနီရောင်မျက်လုံးများက ပိုမို ပြင်းထန်လာသည်။


ရုတ်တရက် ၎င်း၏နောက်ကျောတွင် အပေါက်လေးများစွာ ပေါ်ထွက်လာပြီး မီးတောက်များ ထွက်ပေါ်လာသည်။


"အဖြူရောင်ခုန်ချက်..."

ဝှိုက်တီ၏ စက်ရုပ်အသံက ထွက်ပေါ်လာသည်။ ခဏအကြာတွင် အဝေးသို့ ပျံထွက်သွားကာလေထဲတွင် မျဉ်းကွေးတစ်ခုဆွဲပြီး အထွတ်အမြတ်နယ်ပယ်အဆင့်တစ်ဝက်မှ ကျင့်ကြံသူနား ချဉ်းကပ်လာသည်။


ဝှိုက်တီ ရှေ့သို့ပြေးထွက်လာသည်နှင့် ပတ်ပတ်လည်မှအရးတိုင်းက လှုပ်ရှားမှုရပ်တန့်သွားဟန် ဖြစ်သွားခဲ့သည်။


ထိုခုန်ချက်က တည်နေရာရွေ့ပြောင်းသည့်အလား မြန်ဆန်လှသည်။


ဝုန်း


ဓားမြောင်များဖြင့် ပြုလုပ်ထားသော နဂါးက အောက်သို့ ခုတ်ချလိုက်သော်လည်း ပစ်မှတ်ကိုလွဲသွားခဲ့သည်။


အထွတ်အမြတ်နယ်ပယ် အဆင့်တစ်ဝက်မှ ကျင့်ကြံသူ၏ မျက်လုံးများ ကြုံ့ဝင်သွားသည်။ ခဏအကြာတွင် ရုပ်သေးရုပ်က သူနှင့်တစ်လက်မမျှသာ ကွာတော့သော နေရာတွင်ရှိနေကြောင်း တွေ့ရ၍ သက်ပြင်းရှိုက်မိသွားသည်။


ဘန်း


ဝှိုက်တီ ၎င်း၏ လက်ဖဝါးကို မြှောက်ပြီး အထွတ်အမြတ်နယ်ပယ်အဆင့်တစ်ဝက်မှ ကျင့်ကြံသူ၏ မေးစေ့ကို ပင့်ရိုက်လိုက်ကာ ကောင်းကင်ပေါ် ပျံတက်သွားစေသည်။


ဝုန်းခနဲမြည်သံနှင့်အတူ ဝှိုက်တီနောက်ကျောမှ အပေါက်ကလေးများက အပြာရောင်မီးတောက်များ ထွက်ပေါ်လာပြီး မြေပြင်ကိုပင် လှိုင်းထသွားစေသော စွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။


ခဏအကြာတွင် ဝှိုက်တီက အထွတ်အမြတ်နယ်ပယ်အဆင့်တစ်ဝက်မှ ကျင့်ကြံသူ၏ ဘေးတွင် ရောက်လာသည်။


ထိုကျင့်ကြံသူက ခက်ခက်ခဲခဲခေါင်းလှည့်လိုက်ပြီး သူ၏သွေးလွှမ်းနေသော မျက်လုံးများမှ ဝှိုက်တီ၏ စက်ရုပ်မျက်လုံးများကို တွေ့လိုက်ရသည်။


ဝှိုက်တီက လက်မြှောက်လိုက်ကာ သူ့ကိုရိုက်ချလိုက်သည်။


ဝုန်း


အထွတ်အမြတ်နယ်ပယ်အဆင့်တစ်ဝက်မှ ကျင့်ကြံသူက နောက်သို့ ပျံထွက်သွားသည်။


ဝှိုက်တီ နောက်တစ်ခေါက် ခုန်ထွက်လာပြီး အထွတ်အမြတ်နယ်ပယ်အဆင့်တစ်ဝက်မှ ကျင့်ကြံသူ ဦးတည်နေသောနေရာတွင် ပေါ်ထွက်လာပြီး လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။


ထိုကျင့်ကြံသူက သူလာရာနေရာကို ပြန်‌ရောက်သွားသည်။ ထို့နောက် ဝှိုက်တီက နောက်တစ်ကြိမ် ခုန်လိုက်ပြီး အထွတ်အမြတ်နယ်ပယ်အဆင့်တစ်ဝက်မှ ကျင့်ကြံသူကို လွင့်ပျံသွားစေပြန်သည်။


အထွတ်အမြတ်နယ်ပယ်အဆင့်တစ်ဝက်မှ ကျင့်ကြံသူက အလွန်အမင်း မကျေမနပ်ဖြစ်သွားရသည်။ သူ မဟာလမ်းစဉ်၏စိတ်ဆန္ဒကို ထိန်းချုပ်ကာ မသုံးနိုင်သေးမီပင် ထိုရုပ်သေးရုပ်က သူ့ကို အနိုင်ကျင့်နေပေသည်။


ထိုရုပ်သေးရုပ်က အလွန် ရိုင်းဆိုင်းလှသည်။


သူ၏ ခန္ဓာကိုယ်တွင် ပြတ်ရှရာများဖြင့် ဖုံးလွှမ်းနေပြီး သူ၏အရိုးများ အားလုံး ကျိုးသွားတော့မည်ဟု ခံစားနေရသည်။ အထွတ်အထိပ်နယ်ပယ် အဆင့်တစ်ဝက်မှ ကျင့်ကြံသူက သွေးအန်ရင်း ကောင်းကင်ပေါ်လွင့်ပျံသွားစေသည်။


ကြမ်းတမ်းစွာ ထိုးနှက်နေပြီး အဆက်မပြတ်ခုန်နေခြင်းကြောင့် ဝှိုက်တီကျောပေါ်မှ အပြာရောင် မီးတောက်များက မှိန်ဖျော့သွားပြီး နောက်ထပ်ဆက်မသုံးနိုင်တော့ပေ။ ထို့နောက် ၎င်းက အထွတ်အမြတ်နယ်ပယ်အဆင့်တစ်ဝက်မှ ကျင့်ကြံသူ၏ လက်နှစ်ဖက်လုံးကိုကိုင်ပြီး ကျောပေါ်တက်နင်းချလိုက်သည်။ ထို့နောက် ထိုကျင့်ကြံသူ၏ခေါင်းကို လက်ဖဝါးဖြင့်ဖိပြီး မြေပြင်ပေါ်သို့ ကြယ်ပျံတစ်ခုလို ကျဆင်းသွားစေသည်။


အထွတ်အမြတ်နယ်ပယ်အဆင့်တစ်ဝက်မှ ကျင့်ကြံသူက ခက်ခက်ခဲခဲမျက်လုံးဖွင့်လိုက်ရသည်။ သူမြေပြင်နှင့် နီးသည်ထက် နီးလာသည်ကိုကြည့်ပြီး သူ့တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းများ ထလာခဲ့သည်။


"မဟုတ်ဘူး.... မဟုတ်ဘူး...."


ကြောက်မက်ဖွယ်ရာ ဟစ်အော်သံကြီး ထွက်ပေါ်လာသည်။


ဝှိုက်တီက အထွတ်အမြတ်နယ်ပယ်အဆင့်တစ်ဝက်မှ ကျင့်ကြံသူ၏ နောက်ကျောပေါ်နင်းထားပြီး မြေပြင်ပေါ်သို့ အမြှောက်ဆန်တစ်ခုလို ဆင်းသက်လိုက်သည်။


ဘုန်း


မြေပြင်တစ်ခုလုံး ပေါက်ကွဲသွားပြီး ကျောက်တုံးများနှင့် သဲများကို နေရာအနှံ့လွင့်ပျံစေပြီး ဖုန်လုံးကြီး ထသွားစေသည်။


လူတိုင်း တိတ်ကျသွားသည်။


ကျောက်တုံးများ ပြန်ကျလာသောအခါ ကြီးမားလေးလံသော ပုံသဏ္ဌာန်ကြီးတစ်ခုက ဖုန်များကြားမှ လမ်းလျှောက်ထွက်လာသည်။ ထို့နောက် လက်မြှောက်လိုက်ကာ စုပ်ယူအားတစ်ခုထွက်လာပြီး လျှပ်တပြက်အတွင်း အဝေးမှ နတ်ဘုရားသတ်တုတ်က ဝှိုက်တီလက်ထဲ ပြန်ရောက်လာခဲ့သည်။


ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူအားလုံး သက်ပြင်းချလိုက်ပြီး ကြက်သီးများထသွားကြသည်။


တိုက်ပွဲနယ်မြေ၏ အခြားတစ်ဖက်တွင် ပုဖန်က သူ့အကြည့်များကို ပြန်ရုတ်သိမ်းလိုက်သည်။


နောက်ဆုံးတစ်ခေါက် အဆင့်တက်ပြီးနောက်တွင် ဝှိုက်တီက သူ့ကို စိတ်မပျက်စေရဘဲ ပိုမိုသန်မာလာရသည်။


ဝေါင်း


ပုဖန်က ဧရာမနတ်ဆိုးကြီးကို လှည့်ကြည့်လိုက်သည်။


တစ်ချိန်တည်းတွင်လည်း ဧရာမနတ်ဆိုးကြီးက သူ၏ပစ်မှတ်ကို ပုဖန်ဆီပြောင်းလိုက်သည်။ အားပါးတရ ဟိန်းဟောက်ပြီးနောက်တွင် ကြောက်မက်ဖွယ် ငရဲစွမ်းအင်များကို ထုတ်လွှတ်ပြီး တစ်ဖက်လူဆီ ပျံသွားလိုက်သည်။


ဧရာမနတ်ဆိုးကြီးက သူတော်စင်ငယ်အဆင့်ဖြစ်သည်။ ပုဖန်အတွက်မူ သူ၏အော်ရာ နတ်ဘုရားမမြို့တော်၏ မြို့တော်သခင်မ၊ နတ်ဘုရားပျောက်ကွယ်တောင်တွင် သူတွေ့ခဲ့သော ငရဲအကျဉ်းထောင်မှ နတ်ဆိုးဓားမျိုးနွယ်ကျင့်ကြံသူနှင့် ခြောက်မြှီးမြေခွေး၊ ကိုးမြှီးမြေခွေးတို့ထက် အားနည်းလှသည်။ ထိုဧရာမနတ်ဆိုးကြီးက သူတော်စင်ငယ်အဆင့်ရောက်ပြီးရုံမျှဟုသာ ခန့်မှန်းမိသည်။ သို့သော် သူတော်စင်ငယ်က သူတော်စင်ငယ်သာဖြစ်သည်။


ပေါက်ကွဲအသားလုံးများမှာ သူတော်စင်ငယ်များအတွက် အယားပြေရုံမျှသာဖြစ်ပြီး ဆွေးမြေ့အိုးကိုသုံးမှသာ နှိမ်နင်းနိုင်ပေမည်။


ပုဖန်က သူ့ဆီပြေးဝင်လာသော ငရဲစွမ်းအင်ဗုံးကို ကြည့်နေလိုက်သည်။ လေပြင်းများက တိုက်နေ၍ သူ၏အဝတ်အစားများက ဆူညံစွာ လွင့်ပျံနေသည်။ မျက်စိမှေးကျဉ်းလိုက်ကာ လက်မြှောက်လိုက်သည်။ သူ၏လက်ထဲတွင် အဖြူရောင်မီးတောက်က တိတ်တဆိတ်လောင်ကျွမ်းနေသည်။


ပုဖန် သူ၏နတ်ဘုရားအာရုံကို ထုတ်လွှတ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း ထိုမီးတောက်များက ကောင်းကင်ထိတိုင် ထိုးတက်သွားသည်။ သူ၏စိတ်စွမ်းအင်ကလည်း မီးတောက်ကို ပိုက်ကွန်ငယ်လို ဖြန့်ကျက်ကာ သူ့ဆီလာနေသည့် ဗုံးကို တားမြစ်ရန် ကြိုးစားလိုက်သည်။ 


ဘုန်း


ခဏအကြာတွင် ငရဲစွမ်းအင်ဗုံးက ရောက်ရှိလာပြီး မီးတောက်ပိုက်ကွန်ကို စုတ်ဖြဲသွားသည်။ အကျိုးသက်ရောင်မှုအျားဖြင့် ပိုက်ကွန်တွင် အပေါက်အကြီးကြီး ပေါ်ထွက်လာစေသည်။


ထိုဗုံးက လုံးဝအရှိန်မလျော့ပဲ ပုဖန်ထံ ပြေးဝင်နေချင်ဟန် လည်ပတ်နေသည်။ သို့သော် သူနှင့်တစ်မီတာအကွာရောက်သောအခါ မီးတောက်ပိုက်ကွန်က လုံးဝါးလိုက်နိုင်ပြီး လည်နေရာမှ ရပ်သွားသည်။


ပုဖန် လက်မြှောက်လိုက်ကာ သူ့လက်ကို ထိုမီးတောက် ပိုက်ကွန်ပေါ်တင်လိုက်သည်။ ထို့နောက် သူ့လက်မှ စွမ်းအင်တစ်ခုပေါ်လာပြီး ဆံပင်များကိုထောင်ထသွားစေသည်။


ဒုန်းခနဲမြည်သံနှင့်အတူ ငရဲစွမ်းအင်ဗုံးကို နောက်သို့ရိုက်ချလိုက်သည်။


ဗုံးက နောက်ပြန် ပျံထွက်သွားသည်နှင့် ပုဖန်၏ ခန္ဓာကိုယ်က မီးတောက်ပိုက်ကွန်သို့ ပြန်ရောက်သွားပြီး သူ့ပခုံးပေါ်မှ မြေခွေးပေါက်လေးကို ကိုင်ကာ ၎င်း၏ ပါးစပ်ကို ဧရာမနတ်ဆိုးကြီးဘက် လှည့်လိုက်သည်။


သူနောက်ထပ် အကွက်က သူတော်စင်ငယ်ကို ဖောက်ခွဲရန်ဖြစ်သည်။