အပိုင်း ၁၁၇၀
Viewers 53k

အခန်း ၁၁၇၀

သူတော်စင်ငယ်ကို ဖောက်ခွဲပစ်ခြင်း


ဆွေးမြေ့အိုး၏ ကြောက်မက်ဖွယ်ကောင်းပုံကို လူအနည်းစုသာမြင်ဖူးကြသည်။


၎င်းကို ပုဖန် ပထမဆုံးအကြိမ်အသုံးပြုစဉ်က ထိုအိုးတွင် တုနှိုင်းမဲ့ဖျက်ဆီးခြင်းစွမ်းအားရှိမည်ဟု မည်သူမျှမထင်ခဲ့ကြပေ။


သို့ရာတွင် ထိုအိုးကို ကြေးဂိတ်ဝံခါးဆီသို့ပစ်လွှတ်လိုက်ချိန်တွင် ကြောက်မက်ဖွယ်ပေါက်ကွဲမှုကြီးက သူတော်စင်ငယ်၏လက်မောင်းကို ဖောက်ခွဲခဲ့သဖြင့် ထိုလူအနည်းငယ်က ၎င်း၏ကြောက်မက်ဖွယ်ကောင်းပုံကို သိရှိခဲ့ကြသည်။


ယခုအခါတွင် ပုဖန်က လျှာကဝေအစီအရင်နှင့် မဟာနိယာမလမ်းကြောင်း၏ စိတ်ဆန္ဒပါဝင်သည့် ဆွေးမြေ့အိုးကို တစ်ကြိမ်ထုတ်လာပြန်သည်။ ဤတစ်ကြိမ်တွင် သူက အိုး၏စွမ်းအားကို အမြင့်ဆုံးထိတင်ထားသည်။


ရှဲ ...


ထိုအိုးမှ နေလုံးကဲ့သို့ စူးရှသည့်အဖြူရောင်အလင်းတန်းများ ထုတ်လွှတ်နေသည်။ ပုဖန်၏ လက်ချောင်းဖြင့် တောက်လိုက်ပြီးနောက်ပိုင်းတွင် လေထဲသို့ အရှိန်အဟုန်ပြင်းပြင်းဖြင့် ပျံထွက်သွားသည်မှာ အဖြူရောင် လျှပ်စီးကြောင်းတစ်ခုကဲ့သို့ပင်။


၎င်းဖြတ်သန်းသွားရာ လမ်းကြောင်းထဲမှ လေဟာနယ်ကို ဖျက်ဆီးသွားသဖြင့် ၎င်း၏ကြောက်မက်ဖွယ်စွမ်းအားကို ပြသရန် လုံလောက်နေသည်။


ဧရာမနတ်ဆိုးကြီးက သူ၏အနက်ရောင်လှံကို ပစ်လွှတ်လိုက်သည်။ ၎င်းက ရန်သူများကို မြေပြင်ပေါ်သို့ ကပ်သွားစေပြီး သူတို့အသက်စွမ်းအင်များကို စုပ်ယူပစ်သဖြင့် ဧရာမနတ်ဆိုးကြီး၏ အကြိုက်ဆုံးတိုက်ခိုက်မှုဖြစ်သည်။


၎င်းက အလွန်ဘေးဥပဒ်ကြီးသည့် လက်နက်တစ်ခုဖြစ်သည်။


သူ၏ မျက်လုံးများက ရဲရဲနီနေသည်။ ထောင်ခြောက်တစ်ခုထဲကို နှစ်ခါအကျခံမည်မဟုတ်ပေ။


ယခင်တစ်ကြိမ်က ဆွေးမြေ့အိုးက သူ၏အသားများကို ဖောက်ခွဲပစ်ခဲ့သည်။ 

ဒီတစ်ခါတော့ အဲ့အိုးသုံးတဲ့ကောင်ကို နင်းချေမယ်ရမယ်လို့ သစ္စာဆိုတယ် ...


သူ အရမ်း ကသိကအောက်ဖြစ်ပြီး ဒေါသထွက်နေပြီ ...


အဝေးမှ လူအများအပြား၏မျက်နှာမှာ လူသေကဲ့သို့ ဖြူဆုတ်နေသည်။


ထိုသို့ အံ့အားသင့်ဖွယ်ရာတိုက်ခိုက်မှုကြီးကို ပုဖန်ထုတ်သုံးလိုက်သဖြင့် နယ်ပယ်သခင်တိထိုက်ပင် ထိတ်လန့်နေသည်။


သာမန်သူတော်စင်ငယ်တွေကတော့ ဆွေးမြေ့အိုးရဲ့စွမ်းအားကို ခုခံနိုင်မှာမဟုတ်ဘူး ...


မြို့တော်သခင်ကျိုးက သူ၏လက်များကို အမျိုးသမီးများကဲ့သို့ ကိုင်ထားသည်။ သူ၏မျက်လုံးထဲရှိသည်မှာ တောက်ပနေသော ဆွေးမြေ့အိုးသာဖြစ်သည်။ သူပထမဆုံးမြင်ဖူးခြင်းဖြစ်သော်လည်း အလွန်အမင်း စိတ်လှုပ်ရှားနေသည်။


".ကောင်လေးပုဖန် အဲ့ဒီစိမ်း‌ပြာရောင် ‌မကောင်းဆိုးဝါးကြီးကို သတ်ပစ်လိုက်စမ်းပါ ..."

မြို့တော်သခင်ကျိုးက လက်ဝှေ့ယမ်းပြပြီး အော်ဟစ်နေသည်။


ငရဲအကျဉ်းထောင်ကျင့်ကြံသူများလည်း လုပ်လက်စများကို ရပ်လိုက်ပြီး ထို တိုက်မိမှုကို ကြည့်နေကြသည်။


ခဏအကြာတွင် လှံရည်နှင့် အိုးတို့တိုက်မိသွားသဖြင့် သူတို့၏မျက်လုံးများ မှေးကျဉ်းလာသည်။


ဝုန်း ...


နားကွဲမတတ်ပေါက်ကွဲသံကြီးတစ်ခု လေထဲတွင် ပျံ့နှံ့လာသည်။


အားလုံး၏ ထိတ်လန့်နေသော မျက်လုံးများရှေ့တွင် လှံတံက ပျောက်ကွယ်သွားပြီး ထပ်မံမလှုပ်ရှားတော့ပေ။


၎င်းက အဆက်မပြတ်လှည့်ပတ်နေပြီး ‌ကြောက်မက်ဖွယ်ဆုတ်ဖြဲစွမ်းအင်များ ထုတ်လွှတ်နေကာ လေဟာနယ်ထဲတွင် အပေါက်ကြီးတစ်ခုဖြစ်ပေါ်လာစေသည်။


တစ်ဖက်မှ ဆွေးမြေ့အိုးမှာ လှံရှည်နှင့် ထိသွားသော်လည်း အရှိန်မပျက်သွားပဲ အဖြူရောင်အလင်းတန်းက ဖြန့်ကျက်နေဆဲပင်ဖြစ်သည်။


ခဏအကြာတွင် အဖြူရောင်ဧရာမကြာပန်းပွင့်ကြီး ထွက်ပေါ်လာကာ တဖြည်းဖြည်းကြီးမားလာပြီး ကောင်းကင်တစ်ခုလုံးကိုပင် ဖုံးအုပ်သွားတော့မည်ဟု ထင်ရသည်။


ဂျိန်း ...


ဆွေးမြေ့အိုး၏ ကြောက်မက်ဖွယ်စွမ်းအားအောက်တွင် မြေပြင်ပေါ်မှကျောက်တုံးများက ဖုန်မှုန့်အဖြစ်ပြောင်းကာ ပြန့်ကျဲသွားသည်။


ခဏတာ ခုခံပြီးနောက် အနက်ရောင်လှံရှည်က နောက်ဆုံးတွင် ကျိုးပဲ့သွားသည်။ ၎င်း၏မျက်နှာပြင်ပေါ်တွင် အက်ရာများပေါ်လာပြီးနောက် အစိတ်စိတ်အမြွှာမြွှာဖြစ်သွားသည်။


ဧရာမနတ်ဆိုးကြီး၏ မျက်လုံးမှာ မှေးကျဉ်းသွားပြီး ဆံပင်များ ထောင်မတ်လာသည်။ ထို့နောက် သူ၏လက်သီးများဖြင့် မြေပြင်ကို ထိုးနှက်ကာ အသံအက်အက်ကြီးဖြင့် ဟိန်းဟောက်နေသည်။


သို့ရာတွင် ဧရာမကြာပန်းကြီး၏ ဖျက်ဆီးမှုကိ ပို၍ပို၍ကြီးထွားလာသည်။


ဂျိန်း ...


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ပဉ္စမအလွှာတစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါလာသည်။ မြေပြင်ပေါ်တွင် အက်ကြောင်းများ ပေါ်လာကာ နေရာတစ်ခုလုံး လှုပ်ခါနေသည်။


ပုဖန်က ယခုအချိန်တွင် အားနည်းသွားပြီဖြစ်သော်လည်း အဝေးတစ်နေရာမှ တည်ငြိမ်စွာကြည့်နေသည်။


ပုစွန်ပိစိ၏ကျောပေါ်တွင် တင်ပျဉ်ခွေထိုင်ပြီး ဖျက်ဆီးခြင်းကြာပွင့်ကြီးကို ကြည့်နေပြီး ညှင်သာစွာသက်ပြင်းချလိုက်သည်။ ထို့နောက် ပုစွန်ပိစိအား သူ့ကိုဝေး‌ဝေးသို့ သယ်သွားခိုင်းလိုက်သည်။


မြေခွေးဖြူလေးက ပုဖန်၏ပခုံးပေါ်တွင်လှဲနေပြီး ဧရာမကြာပန်းကြီး၏ ‌ပေါက်ကွဲမှုကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေသည်။


ထိုအရာကိုစားရန် တွေးနေသည့် သူမကိုယ်ကို မယုံကြည်နိုင်တော့ပေ။ ထိုပေါက်ကွဲမှုစွမ်းအားက ပေါက်ကွဲအသားလုံးများထက် ပို၍ပြင်းထန်သည်။ အကယ်၍စားလိုက်မိပါက သူမကိုယ်ကို သတ်သေသလိုပင် ဖြစ်သွားလိမ့်မည်။


ထိုသို့အတွေးဖြင့် သူမအမြီးကို ရှက်ရွံ့စွာဖြင့် ခေါင်းနားတွင် ပတ်ထားလိုက်ပြီး ပုဖန်၏ ပခုံးပေါ်တွင် ဘောလုံးတစ်လုံးကဲ့သို့ ကွေးနေသည်။


ပုစွန်ပိစိက ပုဖန်ကိုသယ်ဆောင်လျက် အဝေးသို့ တစ်ဟုန်ထိုးသွားနေသည်။


ဖျက်ဆီးရေးကြာပန်းပွင့်ကြီးက ပို၍ကြီးမားလာသည်။ ၎င်း၏အစွန်းများကပင် ပတ်ဝန်းကျင်ကို ဝါးမျိုနေပြီး ပုစွန်ပိစိ၏အနောက်ဘက်သို့ပင် တလိမ့်လိမ့်ရောက်လာသည်။


ထိုအချိန်မှပင် တခြားကျင့်ကြံသူများ စိတ်နှင့်လူနှင့် ကပ်သွားသည်။ သူတို့ကိုဝါးမျိုတော့မည့် ဖျက်ဆီးရေးကြာပွင့်ကြီးကို ထိတ်လန့်စွာကြည့်နေကြသည်။ ထို့နောက် စကားတစ်ခွန်းမှမပြောပဲ ထွက်ပြေးကြတော့သည်။


သူတို့ ထိတ်ထိတ်ပြာပြာဖြင့် ပျံသန်းသွားကြသော်လည်း မကြာမီတွင် မလွတ်မြောက်နိုင်ကြောင်း သဘောပေါက်သွားကြသည်။


ကြာပန်း၏ ဖျက်ဆီးခြင်းစွမ်းအားက အလွန်လျင်မြန်စွာ ပျံ့နှံ့လာသည်။


တစ်ခဏအတွင်းမှာပင် ငရဲအကျဉ်းထောင်ကျင့်ကြံသူ အမြောက်အများက ဆွေးမြေ့အိုး၏ ကြောက်မက်ဖွယ်စွမ်းအားအောက်တွင် နစ်မြုပ်သွားကြပြီး ပြာမှုန်အဖြစ် ပြောင်းသွားကြသည်။


ဆွေးမြေ့အိုးကတော့ တကယ့်ကို လူသတ်စက်ပါပဲ ...


ဝှိုက်တီ၏ စက်ရုပ်မျက်လုံးများ တောက်ပသွားကြသည်။ ကျယ်လောင်သော အသံကြီးပင် အမြောက်ဆန်တစ်ခုကဲ့သို့ အဝေးကိုတစ်ဟုန်ထိုး ထွက်သွားသည်။


နယ်ပယ်သခင်တိထိုက်၏ပုံရိပ်က မြို့တော်သခင်ကျိုး၏ရှေ့တွင်ပေါ်လာပြီး သူ၏ပခုံးကိုကိုင်၍ ထူပေးကာ ကောင်းကင်ပေါ်ပျံတက်သွားကြသည်။


ဧရာမနတ်ဆိုးကြီးသည်လည်း ကြာပန်း၏ဖျက်ဆီးခြင်းစွမ်းအားကို ရှောင်ချင်သော်လည်း သူက ပုဖန်၏ပစ်မှတ်ဖြစ်နေသည်။ ထို့အပြင် သူ၏ခန္ဓာကိုယ်က အလွန်ကြီးမားသဖြင့် ရှောင်ရှားရန်လည်း မလွယ်ကူပေ။


မကြာမီ ဖျက်ဆီးခြင်းကြာပွင့်ကြီးက သူ့ထံသို့ရောက်လာသည်။


ဧရာမနတ်ဆိုးကြီးက မလွတ်မြောက်‌နိုင်ကြောင်း သဘောပေါက်သွားသည့်အခါ ထိုနေရာတွင်ပက်ရပ်နေပြီး ကြာပန်းကိုလက်သီးနဲ့ ထိုးလိုက်ကာ ဟိန်းဟောက်လိုက်သည်။


" ပျောက်သွားစမ်း ..."


သူ၏လက်သီးချက်များကို အားပြင်းသည့် ငရဲစွမ်းအင်များဖြင့် လွှမ်းခြုံထားသဖြင့် သူ၏ခေါင်းအထက်တွင် မှုန်ဝါးသည့် မဟာနိယာမလမ်းကြောင်းစိတ်ဆန္ဒက ကောင်းကင်ပေါ်မှ ဆင်းသက်လာသကဲ့သို့ ဖြစ်နေသည်။


၎င်းက ငရဲအကျဉ်းထောင်၏ မဟာနိယာမလမ်းကြောင်းစိတ်ဆန္ဒဖြစ်သည်။


ငရဲစွမ်းအင်များ ပျံ့နှံ့လာကာ ကြီးမားသောနံရံတစ်ခုအဖြစ်ပြောင်းသွားပြီး ဆွေးမြေ့အိုးကို တားဆီးလိုက်သည်။


ဝုန်း ...


အားလုံး၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ဆွေးမြေ့အိုးက ငရဲစွမ်းအင်နံရံနှင့် ပွတ်တိုက်သွားသည်။


ခဏအကြာတွင် မဟာနိယာမလမ်းကြောင်းစိတ်ဆန္ဒပါဝင်သည့် ငရဲစွမ်းအင်နံရံက ဆွေးမြေ့အိုးကြောင့် စက္ကူတစ်ရွက်ကို ဆုတ်ဖြဲလိုက်သကဲ့သို့ အပိုင်းပိုင်းအစစဖြစ်သွားသည်။


ဧရာမနတ်ဆိုးကြီးမှာ သူ၏လက်မောင်းနှစ်ဖက်လုံးကို ဆွေးမြေ့အိုးက ဝါးမျိုသွားသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေရသည်။


" သေစမ်း ..."

ထိတ်လန့်မှုနှင့် ဒေါသကြောင့် ဟိန်းဟောက်လိုက်သည်။ 


သူ၏ခွန်အားများအားလုံး အသုံးပြု၍ ဆွေးမြေ့အိုးကို တားမြစ်ခဲ့သော်လည်း ...


အိုး၏ ဖျက်ဆီးခြင်းစွမ်းအားအောက်တွင် သူ၏လက်မောင်းက ပျောက်ကွယ်သွားသည်။ ဤတစ်ကြိမ်တွင်မူ သူ၏အသားများကိုသာမက အရိုးများအထိ ဖျက်ဆီးသွားသည်။


ဆွေးမြေ့အိုးက ပျံ့နှံ့လာပြီး နောက်ဆုံးတွင် ဧရာမနတ်ဆိုးကြီးကိုပါ လွှမ်းခြုံသွားသည်။


အားလုံးပင့်သက်ရှိုက်နေရသည်။ ဆွေးမြေ့အိုးထဲမှ မှုန်ဝါးဝါးပုံရိပ်ကို သူတို့အားလုံးမြင်နေရသည်။ ထိုပုံရိပ်က ရုန်းကန်နေသော်လည်း အပြင်ဘက်သို့ ထွက်မလာနိုင်ပေ။


ပုဖန်က ပုစွန်ပိစိ၏ကျောပေါ်တွင် ရပ်နေပြီး ‌ပေါက်ကွဲမှုနှင့်ဝေးသည့် ကောင်းကင်တွင် ပေါလောပေါ်နေသည်။ လက်နောက်ပစ်လျက် ဧရာမဆွေးမြေ့အိုးကို ကြည့်နေသည်။ သူ၏အနီရောင်စားဖိုမှူးဝတ်ရုံက ဆူညံစွာဖြင့် လေထဲတွင် တဖျပ်ဖျပ်လွှင့်နေသည်။


" ပေါက်ကွဲစေ ..."

ပုဖန် မတုန်လှုပ်သည့်အကြည့်ဖြင့် နူးညံ့စွာပြောလိုက်သည်။


ခဏအကြာတွင် ဆွေးမြေ့အိုးက ပေါက်ကွဲသွားသဖြင့် အားလုံး၏မျက်လုံးများ မှေးကျဉ်းသွားသည်။


ဝုန်း ...


အသံအားလုံးက စုပ်ယူထားခံရသကဲ့သို့ ယခုအချိန်တွင် တစ်ကမ္ဘာလုံး တိတ်ဆိတ်နေသည်။


အဝေးမှ ဧရာမကြာပန်းကြီးက ပေါက်ကွဲသွားပြီး မီးမျှော်စင်ကြီးကဲ့သို့ ဖြစါနေသည်။ မီးပွားများက နေရာအနှံ့လွင့်စင်နေကာ ကမ္ဘာပေါ်တွင် မြေအလွှာတစ်ခု ဖြစ်ပေါ်လာသကဲ့သို့ပင်။


ကြာပန်း၏အပေါ်မှ အလင်းတန်းတစ်ခုက ကောင်းကင်ကို ထိုးဖောက်သွားပြီး ဟင်းလင်းပြင်ကိုပင် တွန့်ချိုးသွားစေသည်။


တိတ်ဆိတ်မှုနောက်တွင် ကပ်ပါလာသည်က နားကွဲမတတ် မြည်ချုန်းသံကြီးဖြစ်သည်။


ဝုန်း ...


အဝေးမှ မှိုပုံစံတိမ်ကြီးကို အားလုံးငေးကြည့်နေကြသည်။ ၎င်းတိမ်စိုင်ကြီးက ပုဖန်ပစ်လွှတ်လိုက်သည့် ပေါက်ကွဲအသားလုံးဒါဇင်ကျော်မှ တိမ်များထက်ပို၍ ကြီးမားနေသည်။


မြို့တော်သခင်ကျိုး အလွန်မှင်သက်နေသဖြင့် လက်ချောင်းများပင် တုန်ယင်နေသည်။


" ဒီ ... ဒီ ... ဒီလိုတိုက်ခိုက်မှုမျိုးက ... တကယ်ပဲ စားဖိုမှူးလေး ပုဖန်ဆီကလား ... ပဉ္စမအလွှာတစ်ခုလုံးကိုတောင် ဖျက်ဆီးပစ်လုနီးပါးပဲ ... ဒီစားဖိုမှူးလေးက တကယ်ပဲ နတ်ဆိုးဘုရင်ကြီးဖြစ်လာတာလား ...


" အရမ်းကို စွမ်းအားကြီးတာပဲ ... ဖျက်ဆီးခြင်းတူရိယာတစ်ခုလို့တောင် ပြောလို့ရနိုင်တယ် ..."

နယ်ပယ်သခင်တိထိုက် တအံ့တဩဖြင့်ပြောလိုက်သည်။


ပေါက်ကွဲမှု၏ အရှိန်အဟုန်ကြောင့် မြောက်များစွာသော ကျင့်ကြံသူများ မြေပြင်ပေါ်မှ မြောက်တက်ကုန်သည်။ အချို့လူများက ဘေးလွတ်ရာရောက်သွားသဖြင့် ဝမ်းသာနေသော်လည်း အချို့မှ မတ်တပ်ရပ်ရန်ပင် မနည်းကြိုးစားနေရပြီး ပေါက်ကွဲမှုကြီးကို တုန်ယင်စွာကြည့်နေသည်။


ဧရာမနတ်ဆိုးကြီး၏ ရုန်းက်လှုပ်ရှားနေသောပုံရိပ်က ငြိမ်သက်သွားပြီး လုံးဝမလှုပ်တော့ပေ။


ကြေးတံခါးဝနှင့် ကောင်းကင်ငရဲတံတားသည်ပင် ယခုအချိန်၌ လုံးဝတိတ်ဆိတ်နေသည်။


ကြေးတံခါးနောက်မှ ကြည့်နေကြသော ကျင့်ကြံသူများက အံ့ဩထိတ်လန့်စွာဖြင့် ပင့်သက်ရှိုက်နေကြသည်။


ဤဖျက်ဆီးရေးစွမ်းအားကို ကြည့်ချင်းဖြင့် ဧရာမနတ်ဆိုးကြီးက ယခုအချိန်တွင် သေသွားပြီဟု မှန်း‌ဆနေကြသည်။


ပုစွန်ပိစိက ပုဖန်ကို မြေပြင်ပေါ်သို့ ချပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် ဆွေးမြေ့အိုး၏ ကြောက်စရာစွမ်းအားကို သယ်ဆောင်လာသည့် လေပွေတစ်ခု တိုက်ခတ်လာသည်။


ကြောက်မက်ဖွယ်ပေါက်ကွဲမှုနှင့် မြည်ချုန်းသံကြီး ပျောက်ကွယ်သွားသည်မှာ နေ့တစ်ဝက်ခန့်ပင် ရှိဆော့မည်ဖြစ်သည်။


ပုဖန်က ရင်ခွင်ထဲတွင် မြေခွေးလေးကိုထည့်ထားပြီး ပေါက်ကွဲမှုဖြစ်ခဲ့သည့် အလယ်ဗဟိုသို့ ဖြည်းညှင်းစွာလျှောက်လာသည်။


ပေါက်ကွဲမှုကြီး ပြီးဆုံးသွားပြီးနောက် ထိုနေရာတွင် မီးခိုးနှင့် ဖုန်မှုန့်များသာ ကျန်ခဲ့သည်။


ဆွေးမြေ့အိုးပေါက်ကွဲခဲ့သည့် အလယ်ဗဟိုနေရာသို့ ရောက်သောအခါ ပုဖန်ရပ်လိုက်သည်။


သူ၏ရှေ့တွင် မီးခိုးများဖြင့် ဝေ့ဝဲနေသော အဆုံးမဲ့ ချိုင့်ခွက်ကြီးတစ်ခုကို မြင်လိုက်ရသည်။


ချိုင့်ခွက်ကြီး၏အစွန်းတွင် ရပ်နေသော်လည်း စွမ်းအားကြီးသည့် ပေါက်ကွဲမှုအားတစ်ခုက သူ့မျက်နှာကို လာရောက်ရိုက်ခတ်သည်ကို ခံစားရနိုင်သည်။ ၎င်းက အလွန်အားပြင်းလှသဖြင့် စစ်မှန်မသေမျိုးနယ်ပယ်သို့ ရောက်ရှိခါစ ကျင့်ကြံသူတစ်ယောက်ကိုပင် ဒဏ်ရာရစေနိုင်သည်။


ဆွေးမြေ့အိုးက သူ၏နတ်ဘုရားသိမြင်မှုအားလုံးကို စုပ်ယူထားသည်။ ၎င်း၏စွမ်းအားက အထွတ်အထိပ်အဆင့်ရောက်နေသည့် သူတော်စင်ငယ်တစ်ယောက်၏ အင်အားအပြည့်နှင့် တိုက်ခိုက်မှုတစ်ခုနှင့် ယှဉ်နိုင်သည်။


နတ်ဘုရားပျောက်ကွယ်တောင်တွင်တွေ့ခဲ့သည့် နတ်ဆိုးဓားမျိုးနွယ်မှ သူတော်စင်ငယ်၏ အင်အားအပြည့်ဖြင့် တိုက်ခိုက်မှုကပင် ဤမျှစွမ်းအားမကြီးနိုင်ဟု တွက်ချက်မိသည်။


ချိုင့်ခွက်ကြီးက အလွန်ကြီးမားသည့်အတွက် ပဉ္စမအလွှာတစ်ခုလုံးကိုပင် ဖုံးလွှမ်းလုနီးပါးဖြစ်နေပြီး အလွန်နက်ရှိုင်းသောကြောင့် စတုတ္ထအလွှာ၏ ကောင်းကင်ကိုပင် ထိုးဖောက်ထားသည်။


ဂရား ...


ရုတ်တရက် ငိုကြွေးမြည်တမ်းသံကြီးတစ်ခုက အရိုးစုများ၏ အသံနှင့်အတူ ထွက်ပေါ်လာသည်။


ချိုင့်ခွက်၏အစွန်းတွင် လက်နောက်ပစ်ကာ ရပ်နေသည့်ပုဖန်က မျက်ခုံးများတွန့်ချိုးလိုက်သည်။ ခဏအကြာတွင် မီးခိုးများဖုံးလွှမ်းနေသောချိုင့်ခွက်ကြီးမှ အနက်ရောင်အရိပ်တစ်ခုက သူ့ဆီသို့တစ်ဟုန်ထိုးပြေးလာသည်။


၎င်းက ဧရာမအရိုးစုကြီးဖြစ်သည်။


ထိုအရိုးစုမှာ သူတော်စင်ငယ် ဧရာမနတ်ဆိုးကြီးဖြစ်ကြောင်း ပြောစရာပင်မလိုချေ။ 


သူတော်စင်ငယ်တစ်ယောက်၏ အသက်စွမ်းအင်က အလွန်သန်မာသည်။ ထိုသို့ရူးသွပ်သွားနိုင်သော ပေါက်ကွဲမှုပမာဏမှ ဧရာမနတ်ဆိုးကြီး အသက်ရှင်နိုင်သည်မှာ အံ့ဩဖွယ်ရာပင်ဖြစ်သည်။


သို့ရာတွင် သူက အရိုးစုဖြစ်သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်မှ အရာအားလုံး လောင်ကျွမ်းခံရပြီး အရိုးစု၏လုပ်ဆောင်နိုင်စွမ်းကို ထိန်းသိမ်းရန် ခုန်နေပြီး အသက်စွမ်းအားကို ထုတ်ပေးနေသည့် နှလုံးသားသာ ကျန်ခဲ့သည်။


သူ့ထံသို့ အရှိန်အဟုန်ပြင်းစွာဖြင့်လာနေသော သူတေယ်စင်ငယ်ကို ကြည့်နေသော်လည်း ပုဖန်၏အမူအယာက မပြောင်းလဲပေ။


ရုတ်တရက် သတ္တုအချင်းချင်း ပွတ်တိုက်သံများ ထွက်ပေါ်လာသည်။


ခဏအကြာတွင် ဝှိုက်တီက ပုဖန်ရှေ့တွင်ပေါ်လာပြီး သူ၏နတ်ဘုရားသတ်တုတ်ကို ဝှေ့ယမ်းနေသည်။ ထိုတုတ်ချောင်းက တဖြည်းဖြည်းရှည်လာပြီး အရိုးစုကြီးကို ရိုက်လိုက်ပြီး အပိုင်းပိုင်းအစစ ဖြစ်သွားစေသည်။


ဧရာမနတ်ဆိုးကြီး၏ နှလုံးသားက ခဏတာ ပြင်းပြင်းထန်ထန် ခုန်နေပြီးနောက် ဝှိုက်တီ၏တုတ်ချောင်းဖြင့် ရိုက်ချခံလိုက်ရသည်။


သွေးများက ကောင်း‌ကင်မှ မိုးရွာကျသကဲ့သို့ ကျဆင်းလာသည်။


သွေးများ ဖြန်းခနဲ ထွက်လာသည်နှင့်အမျှ မီးခိုးရောင် မီးခိုးငွေ့များ တဖြည်းဖြည်း လွင့်ပါးလာသည်။


ဝှိုက်တီ အောက်ဆင်းလာသည်။ ပုဖန် နောက်တွင် နတ်ဘုရားသတ်တုတ်ကိုကိုင်လျက် ရပ်နေပြီး သူ၏စက်ရုပ်မျက်လုံးများက အရောင်လက်နေသည်။


ငရဲအကျဉ်းထောင်ကျင့်ကြံသူများလည်း ချိုင့်ခွက်ကြီးဘေးတွင် ရပ်နေကြသည်။ ဧရာမနတ်ဆိုးကြီး အသတ်ခံလိုက်ရသည်ကို မြင်သောအခါ သူတို့အားလုံးခြောက်ခြားသွားသည်။


သူတော်စင်ငယ်က သေသွားပြီ ..


တယ်ပယ်သခင်တိထိုက် စိတ်အေးလက်အေးဖြစ်သွားပြီး သက်ပြင်းချကာ သူ၏တောင့်တင်းနေသော ကြွက်သားများကိုလည်း ဖြေလျှော့လိုက်သည်။ ခဏအကြာတွင် သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည့် ရွှေရောင်အလင်းတန်းများလည်း ပျောက်ကွယ်သွားသည်။


ခွန်အားများက သူ၏ခန္ဓာကိုယ်မှ ထွက်ခွာသွားသည်ဟု ခံစားလိုက်ရသဖြင့် မြေ‌ပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်ကာ လဲကျသွားသည်။


သူတော်စင်ငယ်အဆင့်ကို အင်အားလုံး၍ကျော်လွှားခြင်း၏ ဘေးထွက်ဆိုးကျိုးများက ပြင်းထန်လှသည်။ သူ အ‌ချိန်အတန်ကြာအောင် အားနည်းနေဦးမည်ဖြစ်သည်။


မြို့တော်သခင်ကျိုးက စိုးရိမ်နေသောမျက်လုံးများဖြင့် နယ်ပယ်သခင်တိထိုက်ကို အမြန်ထူပေးလိုက်သည်။


" ငါ့ကို ပုဖန်ဆီ ခေါ်သွားပေးစမ်းပါ ... သူက အသက်စမ်းရေနဲ့ ပြန်လာတာပဲဖြစ်မယ် ... မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က ကယ်တင်ခံလိုက်ရပြီ ..."


နယ်ပယ်သခင်တိထိုက်က ယခုချိန်တွင် အားနည်းနေသော်လည်း သူ၏အသံထဲရှိ စိတ်လှုပ်ရှားမှုများက သိသာလွန်းလှသည်။


မြို့တော်သခင်ကျိုးက ခေါင်းငြိမ့်လိုက်ပြီး နယ်ပယ်သခင်တိထိုက်၏ ပခုံးများပေါ်လက်တင်လိုက်ပြီး ပုဖန်ရှိသောနေရာကို တွဲခေါ်သွားသည်။


သို့သော် ခြေလှမ်းအနည်းငယ်သာ လှမ်းပြီးသောအချိန်တွင် သူတို့၏ခြေထောက်အောက်မှ ကြောက်မက်ဖွယ်ရာအော်ရာကို ခံစားမိလိုက်သဖြင့် အရိုးထဲနှင့် စိတ်ဝိညာဉ်ထဲအထိ စိမ့်နေအောင် ကြက်သီးထသွားသည်။


အဝေးမှ ကြေးတံခါးက ငရဲစွမ်းအင်များ လောင်းချလိုက်သကဲ့သို့တကျွိကျွီအသံဖြင့် ပွင့်လာပြန်သည်။


ထိုနေရာမှ ရှင်းလင်းပြတ်သားသောခြေသံများက ကောင်းကင်ယံတစ်ခုလုံးဆီသို့ ပဲ့တင်ထပ်နေသည်။


‌ကြေးတံခါးကို လှည့်ကြည့်နေသော ပုဖန်၏မျက်လုံးများက မှေးကျဉ်းသွားသည်။ နောက်ဆုံးတွင် ဝတ်ရုံနက်လွှမ်းခြုံထားသည့် ပုံရိပ်တစ်ခု ထွက်လာသည်။


၎င်းက မည်းနက်နေသောစားဖိုမှူးဝတ်ရုံ ဝတ်ဆင်ထားပြီး ဝတ်ရုံလက်တွင် တောက်ပသောကြယ်တစ်လုံး မြှုပ်နှံထားသည်။


ထိတ်လန့်ခြောက်ခြားစေသည့်အော်ရာက ကောင်းကင်တစ်ခုလုံးကို စိမ့်ဝင်နေသဖြင့် အားလုံး၏ရင်ထဲကို ဖိအားဖြင့် ပြည့်နှက်သွားစေသည်။


" ဟမ် ... မင်းက ဧရာမနတ်ဆိုးမျိုးနွယ်က သူတော်စင်ငယ်ကို သတ်နိုင်မယ်လို့ မထင်ခဲ့မိဘူး ... မင်းကတော်သားပဲ ... ဒါပေမဲ့ အခုလေးတင် သုံးလိုက်တဲ့ ဖျက်ဆီးခြင်းစွမ်းအားသာ မရှိတော့ဘူးဆိုရင် ဘုံကိုးပါးနယ်သာစားဖိုမှူးတွေရဲ့ ကျူးကျော်တာကို ဘယ်လိုခုခံကြတော့မှာလဲ ..."


ဝတ်ရုံနက်လူ၏ အသံက စကားပိုပြောလေ အေးစက်လာလေဖြစ်သည်။ ၎င်း၏ သတ်ဖြတ်လိုစိတ်ပြည့်နေသော အသံက နေရာတစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။