အပိုင်း ၆
Viewers 8k

Chapter 6

(ပိုက်ဆံတွေ အများကြီး)


သို့သော် ဝေ့ထင် ရှေ့တွင် သူမ၏ပုံရိပ်ကို ထိန်းသိမ်းရန်အတွက် ဝေ့ရွှယ် သူ့ကိုယ်သူ အားတင်းထားသော်လည်း သူမ သည်းမခံနိုင်တော့ဘဲ တိုးတိုးလေး ညည်းစပြုလာသည်။ 


“အရမ်းနာနေတယ် အစ်ကို ဝေ့ထင်…ဆေးရုံရောက်ဖို့ ဘယ်လောက်ကြာမလဲ”


စုမုန့် သည် ဝေ့ရွှယ် ၏ဒဏ်ရာကို မသိဟန်ဆောင်ကာ သူမကို စစ်ဆေးရန် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။


"ရှောင်ရွှယ်…ဘယ်က နာနေတာလဲ... လက်ပဲလား...ဒဏ်ရာက အရမ်းပြင်းလားမသိဘူး...ငါကြည့်ကြည့်မယ်"


 သူမ စကားပြောနေစဉ်တွင် ဝေရွှယ်၏ ဒဏ်ရာရနေသော လက်မောင်းကို လှမ်းဆွဲလိုက်သည်။ သူမ သည်းခံမှုတို့ကုန်ဆုံးသွားရကာ ဒဏ်ရာရထားသော လက်ကို အားပြင်းပြင်းနှင့်ကိုင်မိသွား၏။ထိုအခါ ဝေ့ရွှယ် က နာကျင်မှုကြောင့် စူးကနဲ အော်ဟစ်လိုက်ပြီး သတိမေ့မြောသွားလေတော့သည်။


 'ဝေ့ရွှယ်...နင် ဒီလို ဝေဒနာမျိုးကိုတောင် သည်းမခံနိုင်ဘူးလား... အရင်ဘဝတုန်းက နင် ငါ့ကို ဓားနဲ့ထိုးတုန်းက ငါဘယ်လောက်နာကျင်ခဲ့ရလဲဆိုတာ နင် သိလား...နင့်အတွက် ပြစ်ဒဏ်က မစသေးဘူး... ဒီတစ်ခါတော့ သက်သာသွားတယ် ဆိုပေမယ့် နောက်တစ်ခါဆို သက်သာပေးမှာမဟုတ်ဘူး'


ကားက ဆေးရုံကို ရောက်သည့်အခါ ဝေ့ထင် က ယာဉ်မောင်းကို ဝေ့ရွှယ် အား စစ်ဆေးဖို့ ပွေ့ခေါ်သွားခိုင်းပြီး  သူကိုယ်တိုင်ကမူ ကားထဲမှတောင် မထွက်ခဲ့ပေ။


စုမုန့် ကားထဲက ထွက်ချင်သော်လည်း ဝေ့ထင် က မဆင်းသေးသဖြင့် သူမလည်း တုတ်တုတ်မျှမလှုပ်မိ။လောလောဆယ် ဝေ့ထင် တစ်ခုခုလုပ်ဖို့ လိုအပ်သည်။ကြီးကြီးမားမားမဟုတ်လျှင်တောင် သူလုပ်နိုင်သည့် မေးမြန်း‌တာလောက်ကိုတော့ လုပ်သင့်ပေသည်။သူမ သူ့ကို စိတ်တိုတိုနှင့် မေးလိုက်သည်။


 "ဘာဖြစ်နေတာလဲ… ရှင့်ညီမလေးက ဝေဒနာကြောင့် မေ့လဲသွားတယ်လေ...ရှင် သူမကို လိုက်သွားမပို့သင့်ဘူးလား…  ရှင်က ကျွန်မကိုဘာလုပ်စေချင်တာလဲ...မေးချင်တယ်ဆိုလည်း  မြန်မြန်လုပ်...ကျွန်မမှာ လုပ်စရာတွေ ရှိသေးတယ်"


သူမသည် ဝေ့ရွှယ် နှင့် အပြင်ပန်းက အဆင်ပြေဟန်ဆောင်ရန် ဤကိစ္စကို အားကိုးလိုသောကြောင့် ကူညီပေးရဦးမည်ဖြစ်သည်။ နောက်ပိုင်းမှသာ မျက်နှာချိုသွေး၍ ကလဲ့စားချေရပေတော့မည်။ သူမ၏ ယခင်ဘဝတွင်၊ ဤယောက်ျားနှင့်မိန်းမ နှစ်ယောက်သည်သူမကို အလွန်စိတ်ဆင်းရဲစေခဲ့၏။ ဤဘဝတွင် သူမမှာ သူတို့အတွက် စာနာစိတ်မရှိပေ။


 ဤကိစ္စမှလွဲ၍ အခြားအရေးကြီးဆုံးပန်းတိုင်မှာ ငွေရှာရန်ဖြစ်သည်။ပိုက်ဆံကလွဲလျှင် အရာအားလုံးက သူမကို သစ္စာဖောက်နိုင်သည်။ ပိုက်ဆံရှိလျှင်၊သူမ လိုချင်သည့်ဘဝကို အဆင်ပြေပြေ ဖြတ်သန်းနိုင်မှာဖြစ်သည်။ သူမမှာ ဝေ့မိသားစုကို တစ်ခါမှ မပြောဖူးသော လျှို့ဝှက်ချက်တစ်ခုရှိသည်။ သူမ၏ အယုံကြည်ရဆုံး သူငယ်ချင်း ဝေ့ရွှယ် ကိုပင် မပြောခဲ့ပေ။  


ဝေ့မိသားစုထဲမ၀င်ခင်က စုမုန့်သည် ဖြစ်ပြီး အခုလည်း ထိုလုပ်ငန်းကို ပြန်လုပ်ချင်မိသည်။ သို့သော် အချိန်အတော်ကြာပြီဖြစ်၍ အချို့သောအရာများကို မေ့လျော့သွားပြီး ပြန်လေ့လာရန် လိုအပ်နေသေးသည်။ တစ်ချိန်တည်းမှာပင် လိုအပ်သောပစ္စည်းများကိုလည်း ဝယ်ရမည်ဖြစ်သည်။ ဆေးရုံအနီးရှိ ရှေးဟောင်းလမ်းတစ်ခုထဲတွင် သူမ လိုအပ်သည့်အရာများရှိသည်။


 ဖုန်းကိုဖွင့်လိုက်သည်နှင့် အနီရောင်အထုပ်တစ်ထုပ်ကို လက်ခံရရှိခဲ့သည်။   ထိုအထုပ်များ သူမထံမှ အံစာတုံးကစားနည်းကို သင်ယူလိုသူများပင် ဖြစ်သည်။ အနီရောင်အထုပ် ခုနစ်ထုပ် ဖြစ်၍ စုစုပေါင်း ယွမ် 210000 ရှိသည်။


သူမ ပါးစပ်ထောင့်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာသည်။  


'ကောင်းလိုက်တာ...ဒီငွေက ငါ့အတွက် ဖုန်း ရွှေ ကိရိယာတွေ ပြင်ဆင်ဖို့ လောက်တယ်... ဒါပေမယ့် ဝေ့ရွှယ် အတွက် လက်ဆောင်ဝယ်ဖို့ဆို နည်းနည်းတော့ လိုနေသေးတယ်'


ထိုအတွက် သူမသည် ဝေ့ထင် ကို တောင်းဆိုရန် အစီအစဉ်မရှိဘဲ သူဝယ်ပေးတာကိုသာ လိုချင်မိသည်။ 


ဝေ့ထင် သည် သူ့ဖုန်းကိုကြည့်ကာ  ပြုံးနေသော စုမုန့်ကို မြင်သောအခါ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ 


 'သူမက ခုနကပြောတဲ့ လူတွေနဲ့ စကားပြောနေတာလား',


သူမ ကလပ်အိမ်မှာပြသခဲ့သည့် ကျွမ်းကျင်မှုအရ သူမသည် အရင်တုန်းက အံစာတုံးကစားနည်းကို အများကြီးကစားဖူးခြင်းဖြစ်နိုင်သည်။သို့သော် ထိုပညာရပ်ကို သူမ ကောင်းကောင်းဝှက်ထားသည်။


သူ မသိတာ ဘယ်လောက်များ ရှိသေးလဲ...


 “မင်း ဘာလို့ လူတွေကို အံစာတုံးကစားနည်း သင်ပေးချင်တာလဲ”


 "အာ"  


စုမုန့် ခဏတာမျှ မတုံ့ပြန်ဖြစ်ပေ။ နှစ်စက္ကန့်ကြာပြီးနောက် ဝေ့ထင်မေးသည့် အဓိပ္ပါယ်ကို သူမနားလည်သွားသည်။ ထို့နောက် ဝေ့ထင် ကို ကြည့်ပြီး ဖုန်းကိုတစ်ဖန်ပြန်ကြည့်ကာ ပြောလိုက်သည်။ 


"ငွေရှာဖို့" 


 "မင်းမှာ ပိုက်ဆံပြတ်နေတာလား"


သူမ ခေါင်းညိတ်လိုက်လျှင် ဝေ့ထင် မျက်နှာသည် မည်းမှောင်သွားသည်။  ဝေ့မိသားစု၏ ငယ်ရွယ်သော မိန်းကလေးက ပိုက်ဆံမရှိဘူးဟု ပြောင်ပြောင်တင်းတင်း ပြောဝံ့သည်။  သူက ချက်ချင်း လေးလေးနက်နက်ပြောလိုက်သည်။


 “မင်း ပိုက်ဆံမရှိရင် ကိုယ့်ဆီက တောင်းလေ... ဝေ့မိသားစုက ငါ့မိန်းမကိုတောင် မထောက်ပံ့နိုင်ဘူးဆိုတာ ရာဇာဝင်မရိုင်းဘူးလား...မင်း အကျင့်စာရိတ္တကောင်းမွန်ပြီး  မိသားစုကို ဒုက္ခမဖြစ်စေဘူးဆိုရင် မင်း ဘဝမှာ  လိုအပ်တဲ့ ဘယ်အရာမဆို ကိုယ် ဖြည့်ဆည်းပေးနိုင်ပါတယ်"


သူမ၏ အရင်ဘဝတုန်းက အစားအသောက်နှင့် အဝတ်အစားအတွက် စိတ်ပူစရာမလိုခဲ့ပေ။ ထိုအချိန်က သူမသည် အကျင့်စာရိတ္တကောင်းမွန်သော်လည်း သူမနှင့် ကလေးဖြစ်သူကို အသက်ဆုံးရှုံးစေခဲ့သည်။


 "ရှင့်ကို အားကိုးလို့ရတယ်လို့ မပြောစမ်းနဲ့…ကျွန်မမှာ လက်တွေခြေထောက်တွေ အကောင်းကြီး ရှိသေးတယ်..ကိုယ့်ကိုကိုယ် အားကိုးလို့ရတယ်...ရှင့်ကူအညီကို မလိုဘူး"


 ယခင်ဘဝတွင် ဝေ့ထင် သည် ဝေ့ရွှယ် ကျေနပ်စေရန်အတွက် ဝေ့ရွှယ် ပြောသည့်အတိုင်း အရာအားလုံးကို လုပ်ဆောင်ခဲ့သည်။ သူမကိုယ်တိုင်လည်း သိက္ခာမဲ့စွာ နေထိုင်ခဲ့ရသည်။


 ယခုတော့ သူမဘာသာသူမ အသက်ရှင်ချင်မိသည်။ ဝေ့ထင် ပေါ်မှာထားသည့် သူမ အချစ်က အရင်ဘဝကတည်းမှ ကုန်သွားခဲ့လေပြီ။ 


ဘယ်က သူဌေးမလဲ...


အထူးသဖြင့် ဤသခင်မဆိုသော ဂုဏ်ပုဒ်သည် ဝေ့ရွှယ် နှင့် ဝေ့ထင် အတွက် နှိမ့်ချစရာတစ်ခုပမာ ဖြစ်သောကြောင့် သူမ လုံးဝမနှစ်မြို့ပေ။


6.2

(ကွာရှင်းကြရအောင်)


အစကတည်းက ဝေ့ထင် အကြည့်တွေက စုမုန့် ဆီမှာသာရှိခဲ့သည်။ စုမုန့် အင်မတန်ပြောင်းလဲသွားသည်။ အရင်တုန်းက သူမက သူ့ရှေ့မှာ ဆိုလျှင် ငှက်ကလေးတစ်ကောင်လို အမြဲလိုလို ပြုမူတတ်သည်။ စကားအများကြီးပြောသော်လည်း အမြဲတမ်း နူးညံ့သိမ်မွေ့၏။သူ့အနားမှာ တခြားကောင်မလေးတစ်ယောက်ယောက် ပေါ်လာမှသာ သူမသည် ပေါက်ကွဲတတ်ပြီး သူ့ဘေးနားမှာ အရိပ်‌လိုရှိနေတတ်သည်။ 


 ယခုမူ သူမ၏ အေးစက်သော စကားလုံးများနှင့် ရံဖန်ရံခါ ဖြစ်ပေါ်လာသော၊ နားမလည်နိုင်သော မုန်းတီးမှုများအပြည့်ရှိနေသော မျက်နှာတစ်ခုကို သူ နားမလည်နိုင်တော့‌ေပ။ထိုခံစားချက်ကို ဖမ်းဆုပ်ချင်သော်လည်း သဲလွန်စမရှိဘဲ ပျောက်သွားပြန်သည်။ ထိုခံစားချက်မျိုးက သိပ်အဆင်မပြေချေ။


 "မနက်ဖြန် ကိုယ် မင်းကို ပိုက်ဆံလွှဲပေးလိုက်မယ်…  မလောက်ရင် အချိန်မရွေး ထပ်တောင်းနိုင်တယ်” 


ဝေ့ထင် က သူမကို ငြင်းဆန်ခွင့်မပြုသည့် နည်းလမ်းနှင့် ပြောလိုက်၏။


 "ဟင့်အင်း"

 

စုမုန့် အမြန်ငြင်းလိုက်၍ မျက်လုံးကို မှိတ်လိုက်ပြီး ဆက်ပြော၏။


“ဒါပေမယ့် ရှင့်ဆီက လိုချင်တာတစ်ခုရှိတယ်... ကွာရှင်းကြရအောင်...ကျွန်မ ရှင့်ဆီက ဘာကိုမှမထိဘဲ အကုန်ထားခဲ့မယ်...ရှင့်ဆီက တစ်ပြားမှ မလိုချင်ဘူး...ဒါပေမယ့် ကျွန်မတို့မခွဲရခင် တစ်ယောက်ကိုတစ်ယောက် အမှတ်တရလက်ဆောင်တစ်ခုပေးမယ်…စိတ်မပူပါနဲ့၊ ရှင် ပေးတဲ့ ပစ္စည်းရဲ့ တန်ဖိုးတူတာကိုပဲ ပေးမှာပါ...ကျွန်မ ရှင့်ကို နစ်နာအောင်မလုပ်ပါဘူး"


ကလဲ့စားချေဖို့ဆုံးဖြတ်ပြီးကတည်းက အရာအားလုံးကို အဆင့်ဆင့်စီစဉ်ရမည်ဟု သူမ တွေးခဲ့သည်။ သူမ ဘယ်လိုလစ်ဟာမှုမျိုးကိုမှ ခွင့်မပြုနိုင်ပေ။


ဝေ့ထင် မျက်မှောင်ကြုတ်ပြီး သူမကို လေးနက်စွာစိုက်ကြည့်နေသည်။


သူ ဘာကြားလိုက်တာလဲ...


 အိမ်ထောင်ကွဲမယ်...ဟုတ်လား


ဤအမျိုးသမီးက သံသယဖြစ်စရာတွေ ထပ်ပြီးလုပ်လာပြန်၏။ 


 "ဘာကြောင့်လဲ"


 "ကျွန်မ ရှင့်ကိုမချစ်‌ေတာ့ဘူး… ဘာပဲဖြစ်ဖြစ် ရှင်ကလည်း ကျွန်မကိုချစ်တာမှမဟုတ်တာ… အချစ်မရှိရင် အိမ်ထောင်တစ်ခုကို ရှေ့ဆက်ဖို့က ဘယ်လိုအဆင်ပြေမှာလဲ…ရှင့်ရဲ့ချစ်စရာကောင်းတဲ့ညီမလေးကိုပဲ စောင့်ရှောက်လိုက်တော့…ကျွန်မလည်း လွတ်လပ်ပေါ့ပါးတဲ့ဘဝကို ရှာမယ်…နောက်ဆို ကျွန်မတို့ အချင်းချင်း ဘာအကန့်မှမရှိတောဘူး...‌ေတွ့စရာလည်းမလိုဘူး"


 "မင်း တစ်ကယ်ပြောတာလား" 


ဝေ့ထင် သည် သူမ၏ မျက်လုံးများကို စိုက်ကြည့်ကာ မျက်လုံးထဲက  နောက်ပြောင်လိုသည့်  အရိပ်အမြွက်ကို ရှာလိုက်သည်။သူမကပဲ သူ့ကို လက်ထပ်ခိုင်းခဲ့သည်။ နေ့တိုင်း သူ့ကို နှောင့်ယှက်ပြီး တခြားသူများကိုလည်း အနိုင်ယူခဲ့၏။


သူမ သူနှင့် အတူရှိနေဖို့အတွက် ဘယ်အတိုင်းအတာအထိ သွားဖို့ ဆန္ဒရှိတာလဲ... သို့သော် ထိုအချိန်က အလွန်ရူးသွပ်ခဲ့သော သူမသည် ယခုအခါ ကွာရှင်းရန် ပြောလာခဲ့သည်။


 'သူမ ဘာဖြစ်နေတာလဲ'

 

သို့သော် သူမ မျက်လုံးများသည် ရိုးသားမှုအပြည့်ရှိပြီး နောက်ပြောင်နေပုံမပေါ်ပေ။


 “ကွာရှင်းတယ်ဆိုတာ ကလေးကစားစရာ မဟုတ်ဘူး....  ဒီလိုမျိုးကိစ္စကို ဘယ်သူက ဟာသလုပ်မှာလဲ...ကျွန်မ တစ်ကယ်ပြောနေတာ… ရှင်က ကျွန်မနဲ့ လမ်းမခွဲချင်တာ ဘာကြောင့်လဲ…ရှင် ကျွန်မကိုချစ်သွားပြီလား"


ဝေ့ထင် : “…”


မျှော်လင့်ထားသည့်အတိုင်း စုမုန့် သည် ယခင်ကနှင့် လုံးဝမတူတော့‌ေပ။ သူမ၏ ဒေါသနှင့် သဘောထားသည် 180 ဒီဂရီ ပြောင်းလဲသွားခဲ့သည်။ သူ နားမလည်နိုင်ဖြစ်နေရကာ သူမ တစ်ခုခုကို စိတ်ဆိုးနေသည်ဟုသာ တွေးလိုက်သည်။ ကွာရှင်းခြင်းဆိုသည့် အကြောင်းအရာကို ရှောင်လွှဲရင်း... 


“ မင်းကို လက်ဆောင်တစ်ခု ပေးမယ်…မင်း ဘာလိုချင်လဲ"  


တစ်ခုခုဝယ်ချင်သော်လည်း ပိုက်ဆံမရှိသောကြောင့် သူမသည် ထိုလူများအား အံစာတုံးကစားနည်းကို ရောင်းချလိုခြင်းဟု သူ အတွေးရောက်လျက်ရှိသည်။


စုမုန့် ပြောသလိုပင်၊ အထူးသဖြင့် ဝေ့မိသားစုလို ချမ်းသာသည့်မိသားစုအတွက် ကွာရှင်းခြင်းမှာ ကလေးကစားနည်းမဟုတ်ပေ။ တံဆိပ်ခေါင်းရဖို့ အရပ်ဘက်ရေးရာဗျူရိုကို သွားရခြင်းလောက် မလွယ်ပေ။ကွာရှင်းပြတ်စဲရန် ခက်ခဲသော လုပ်ထုံးလုပ်နည်းများ ဆက်တိုက်လိုအပ်သည်။သို့ဖြစ်၍ သူမကလည်း အလျင်စလိုမလုပ်ဘဲ...


 “ဈေးဝယ်ထွက်ဖို့ လိုက်ပို့ပေးမှာလား"


အရင်က ဝေ့ထင်ဆိုပါလျှင် သူမနှင့် လိုက်ခဲ့မည်မဟုတ်ဘဲ သူမကိုကူညီရန် လက်အောက်ငယ်သားတစ်ဦးကို စေလွှတ်မည်ဖြစ်သည်။ သို့သော် ဤတစ်ကြိမ်တွင် သူမ မလုပ်နိုင်ခဲ့ပေ။ သူမနှင့်အတူ သူ့ကိုပါ ဆွဲခေါ်သွားရသည်။  အင်တာနက်ပေါ်တွင် သူမ ဝယ်ချင်သော ပစ္စည်းများရှိသည့် ဆိုင်နေရာကို အတည်ပြုပြီးဖြစ်သည်။ ဤနေရာနှင့် သိပ်မဝေးဘဲ လမ်းလျှောက်ဖို့ ဆယ်မိနစ်လောက်သာ ကြာမြင့်နိုင်၏။


 “ကောင်းပြီ”


သူက ငြင်းပယ်လာမည်ဟု တွေးထားပြီး စိတ်ကိုတောင် အသင့်ပြင်ထားမိသေးသည်။သူမဘာသာ ထွက်သွားတော့မည့်အချိန်မှာ ခိုင်လုံသည့်အဖြေကို ကြားလိုက်ရသည်။သူမ အံ့သြတကြီးနှင့်


 " ဝေ့ရွှယ် ကို မစောင့်ဘူးလား...  သူ့ဒဏ်ရာကိုရော မကြည့်ချင်ဘူးလား"  


 “ရပါတယ်... လီပင်း က သူမနောက်ကို လိုက်သွားပြီပဲဟာ"


စုမုန့် ပြုံးလိုက်သော်လည်း သူမ၏ အပြုံးထဲတွင် အေးစက်မှုအရိပ်အယောင်များ ရှိနေသည်။


'ဝေ့ရွှယ်...နင် ဝေ့ထင်ကို မကြိုက်ဘူးလား…  ဝေ့မိသားစုရဲ့ မွေးစားသမီးဖြစ်နေတာမလို့ နင် မာနကြီးပြီး ဒေါပွနေတာ မဟုတ်ဘူးလား...ဒါဆို နင့်ရဲ့စိတ်ထဲက နင်လိုချင်တာကို ငါဖျက်ဆီးပြီး နင်လိုချင်တာကို ထာဝရမရနိုင်အောင် ငါလုပ်မယ်…ဆရာ... တောင်းပန်ပါတယ်...ကျွန်မမှားမှန်းသိပါတယ်...ဒါပေမယ့်…'


 ပုဂ္ဂလိက ဆေးရုံ wardအတွင်း


 ဆရာဝန်သည် ဝေ့ရွှယ် ၏ လက်မောင်းကို ကြည့်ရှုနေသည်။ယခု သူမ နိုးလာပြီဖြစ်ကာ နာကျင်စွာ အော်ဟစ်ညည်းညူလျက်ရှိနေသည်။  ဝေ့ထင် က သူမအနားမကပ်ဘဲ ဒရိုင်ဘာကသာ သူမအတွက် လုပ်စရာရှိသည်များကို လုပ်ပေးခဲ့သည်။ ယခု သူမ ဘေးနားမှာ အသိမိတ်ဆွေများ  မရှိတာကြောင့် သူမ၏ပုံရိပ်ကို လုံးဝ ဂရုမစိုက်ခဲ့တော့ဘဲ ဆရာဝန်ကို အော်ဟစ်ငေါက်ငမ်းလိုက်သည်။


 “အသာလုပ်ပါ…အရမ်းနာတယ်…ဒီအလုပ်ကို လုပ်ချင်သေးသလား…ဆက် မလုပ်ချင်ဘူးလား…ရှင် ယုံချင်ယုံ၊မယုံချင်နေ ရှင့်ကို နောက်ဆို ဆရာဝန်လုပ်စားလို့ မရအောင် ကျွန်မက လုပ်ပစ်နိုင်တယ် သိလား"


သူ့ရှေ့က ဝေ့မိသားစုဝင်တစ်ယောက်ကို စော်ကားဖို့ မတတ်နိုင်ကြောင်း ဆရာဝန် သိသွားလျှင် ကြောက်ရွံ့သွားပြီး ချွေး‌စေးများ ထွက်လာသည်။ သူမကို အသာအယာသာ ထိတွေ့ရသေးသော်လည်း အထိမခံဘဲ အတော်ပင် အော်ဟစ်နေလေ၏။ သို့သော် ဤကဲ့သို့ ဆူပူကြိမ်းမောင်းခြင်းကို ကြောက်မိသော်လည်း သူ အားတင်းလိုက်ပြီး သူမ လက်ကို အတင်းဆုပ်ကိုင်လိုက်သည်။ထိုအခါမှ  သူမ၏ အရိုးများသည် မူလအနေအထားသို့ ပြန်ဖြစ်သွားကာ နောက်ဆုံးတွင် သူမ ငြိမ်သက်သွားသည်။



xxxxxxx