အပိုင်း၁၈
Viewers 7k

Chapter 18

(နာမည်ကြီး စုမုန့်)


ဝေ့ထင် အိမ်ပြန်ရောက်သောအခါ စုမုန့်သည် ထွက်သွားပြီးဖြစ်၏။သူသည် သူ၏အိပ်ယာပေါ်တွင် ထိုင်နေသော ဝေ့ရွှယ်ကိုသာတွေ့သည်။


“နင် ဘာလို့ ဒီကိုရောက်နေတာလဲ” 


ဝေ့ထင်သည် မျက်မှောင်ကြုံ့ကာပြောလိုက်သည်။

သူသည် သူ၏အိပ်ယာကို တခြားလူတစ်ယောက်က ထိတွေ့နေခြင်းအားမကြိုက်ပေ ။ ထို့ကြောင့် သူသည်

ဝေ့ရွှယ်အားပြောလိုက်၏။


 “ အပြင်ထွက်ခဲ့ ”


“ အစ်ကိုဝေ့ထင် .... ယောင်းမက အထုပ်အပိုးတွေအကုန်ယူပြီး ထွက်သွားပြီ... သူမ အရမ်းဒေါသထွက်နေပုံပဲ... ဒါပေမဲ့ အစ်ကိုစိတ်မပူနဲ့နော်...ယောင်းမက အချော့ကြိုက်တယ်လေ... သူမပြန်လာမှာပါ... သူမကို

အပြစ်မတင်ပါနဲ့နော် ”


“ ပြီးတော့ သူမကို အထင်မလွဲပါနဲ့နော်... ယောင်းမက အမြဲတမ်းနာမည်ကြီးတယ်လေ... ကလပ်မှာ ကျောင်းသားတွေအများကြီးနဲ့ သိနေတာလည်း အစ်ကိုတွေ့တာပဲ...အဲဒီလူက သူမကို အထင်လွဲနေတာဖြစ်မှာပါ... တနေ့ကျရင်... ‌အစ်ကို ယောင်းမရဲ့နှလုံးသားကို ပြန်ရနိုင်အောင် ညီမကူညီပေးပါ့မယ်နော်...


ဝေ့ရွှယ်သည် ဝေ့ထင်အနားကပ်ကာ နှစ်သိမ့်ပေးနေသည်။ သူမသည် သူ၏လက်မောင်းအား ပွေ့ဖက်ထားချင်နေမိသည် ။ ဒါပေမဲ့ သူမ မထိတွေ့ခင်ပဲ ဝေ့ထင်သည် ဆိုဖာပေါ်သွားကာ ထိုင်လိုက်၏။


သူသည် ဝေ့ရွှယ်အား ကြည့်ရင်း

သူ၏နှုတ်ခမ်းပါးလေးဖြင့် ခပ်ဖွဖွလေးပြောလိုက်သည်။ 


“ နင် ဒီကိစ္စအတွက်တော့ စိတ်မပူပါနဲ့... နင်လည်း ပြန်တော့လေ ”


“ ဒါပေမဲ့ ယောင်းမရဲ့စိတ်အခြေအနေက အခုရက်ပိုင်းထဲမှာ ပိုပိုပြီးဆိုးလာတာ.... ညီမ ကြောက်မိတယ်... ”


“ နင်ကိုယ်တိုင်ပဲ ပြန်မလား မဟုတ်ရင် ငါ ဒရိုင်ဘာကို ပို့ပေးခိုင်းရမလား ”


 ဝေ့ထင်သည် သူမအား စကားကိုပြီးအောင် မပြောခိုင်းဘဲ တဲ့တိုးပဲမေးလိုက်သည်။ဝေ့ရွှယ်သည် သူမ၏ အောက်နှုတ်ခမ်းအား အသာအယာကိုက်လိုက်ပြီး မြှူဆွယ်သည့်အပြုအမူဖြင့်


 “ အစ်ကိုဝေ့ထင်ပဲ ညီမကို လိုက်ပို့ပေးပါလားဟင် ”


“ ငါ့မှာ လုပ်စရာကိစ္စတွေရှိသေးတယ် အင်တာနက်ပေါ်ကကိစ္စကိုလည်း ဖြေရှင်းရဦးမှာ ” 


 သူသည် စကားပြောပြီးပြီးချင်းပင် အပြင်သို့ ထွက်သွားလိုက်သည်။ ထို့နောက်တွင် ကားဖြင့်မောင်းထွက်သွား‌လေသည်။


သူသည် စုမုန့်အား ကွာရှင်းတော့မည်လား မဟုတ်ရင် သူမအား အပြစ်ပေးမလို့လား ။ ဘယ်ယောက်ျားကမှ သူ၏‌မိန်းမဖြစ်သူ ဖောက်ပြန်နေသည်ကို သည်းမခံနိုင်ကြပေ။ 


ဝေ့ထင် ထွက်သွားပုံကိုကြည့်ပြီး ဝေ့ရွှယ်၏မျက်နှာ‌ပေါ်တွင် ဘဝင်ခိုက်နေသော အပြုံးတစ်ပွင့်ပေါ်လာပြီး 


“စုမုန့်ရေ နင်တော့သွားပြီ... ဒီလိုကိစ္စမျိုးဖြစ်သွားပြီဆိုမှတော့ ဒီကိစ္စက လုပ်ဇာတ်ကြီးဖြစ်နေရင်တောင် နင်နဲ့ အစ်ကိုဝေ့ထင်က ဘယ်တော့မှ ပြန်ပေါင်းလို့ရမှာမဟုတ်တော့ဘူး”


စုမုန့်သည် သူမ၏လက်ဆွဲအိတ်ကြီးကို သယ်ကာ လမ်းဟောင်းအတိုင်း လမ်းလျှောက်သွားလိုက်သည်။ သူမသည် လျှပ်စစ်ကားများရောင်းချသော ဆိုင်ကို ဖြတ်သွားချိန်တွင်သူမ ကားဖြင့်သွားရမည်ဟု ရုတ်တရက်တွေးမိသွားသည်။သို့သော် ဘယ်လိုမောင်းရမှန်း သူမ မသိပေ။ သူမသည် လျှပ်စစ်ကားကို ဘယ်လိုစီးရမလဲဆိုတာသာ သိ၏။


မဟုတ်လျှင် ရှေ့လျှောက်အလုပ်သွားဖို့ရန် အခက်တွေ့လိမ့်မည်။ တက္ကစီစီးသွားဖို့ရာလည်း အရမ်းဈေးကြီးလွန်း၏။


ဘာပဲဖြစ်ဖြစ် အခုတော့ သူမတွင် ပိုက်ဆံရှိသည်။ သူမသည်ဆုံးဖြတ်ချက်ချပြီးနောက်တွင် ဆိုင်ထဲသို့ဝင်သွားပြီး အနက်ရောင်‌ဖျော့ဖျော့ရှိ‌သော လျှပ်စစ်ကားအား ရွေးလိုက်သည်။ထိုကားသည် အားသွင်းနိုင်ပြီး ခြေနင်းလည်းပါ၍ ဈေးလည်းသက်သာ‌ပေသည်။ သူမသည် ငွေချေပြီးနောက်တွင် လျှပ်စစ်ကားအားကြည့်ပြီး ကျေနပ်အားရနေလေ၏။


ကွာရှင်းသည့်ကိစ္စသည် အဆင်ပြေပြေဖြင့်ပြီးဆုံးသွားသော်လည်း အင်တာနက်ပေါ်မှ ကိစ္စကြောင့် ဘယ်နေရာမှသွားစရာမရှိ၍ သူမ စိတ်ဓာတ်ကျနေလေသည်။


ထိုပို့စ်တွင်လည်း သူမအား ဆဲဆိုထားသော မှတ်ချက်များဖြင့်ပြည့်နေ၏။


[ ချောမောခန့်ညားတဲ့ စီအီးအိုလေးရေ... ဝမ်းမနည်းပါနဲ့နော် ... အဲ့ဒီခွေးမရဲ့ အဆင့်အတန်းက ခွေးလိုကောင်စားမျိုးနဲ့ပဲ တန်တာပါ...သူမက ကိုယ်ကျင့်တရားမရှိတဲ့မိန်းမဆိုတာ သိသာနေတယ်လေ ]


[ အဲ့ဒီမိန်းမက နည်းပညာပိုင်းမှာ ဆရာတစ်ဆူဖြစ်မယ့်ပုံပဲ ... ငါတို့ သူမကို Miss နည်းပညာရှင်မကြီးလို့မခေါ်ဘဲ Miss ပိုင်းလုံးမလို့ခေါ်သင့်တာ ]


....


သူမသည် ဖုန်းကိုမပိတ်ပစ်ခင် မှတ်ချက်အနည်းငယ်ကို ကြည့်လိုက်သည်။ လူအများစုသည် အမြဲတမ်းတော့ မဝေဖန်နိုင်ကြပေ။ ထို့ကြောင့် အင်တာနက်ပေါ်မှ တခြားလှုပ်ရှားမှုအကြောင်းအရာများရှိလာခဲ့လျှင်လည်း အပြေးအလွှားသွားကြပြီးထိုသူအား ရှင်းပစ်ဖို့အတွက် တရားမျှတမှုကိုရှာပေးသလိုလုပ်ကြပေမည်။ နောက်ထပ်ကိစ္စကြီးတစ်ခုထပ်ဖြစ်လာလျှင်လည်း သူတို့သည် အရင်အကြောင်းအရာကို မေ့ပစ်လိုက်ကြပြီး နောက်ရန်ပွဲဘက်ကို ပြောင်းသွားကြ၏။


သူမသည် အင်တာနက်ပေါ်တွင်သာ ဆဲရေးခံနေရသည်မဟုတ်ဘဲ ရိုင်းစိုင်းယုတ်မာသော စာများအပို့ခံနေရပြီး 

ဖုန်းမှတဆင့်လည်း နှောင့်ယှက်ခံနေရသည်။

တချို့လူများသည် သူမအား ရှေ့လျှောက်အေးအေးချမ်းချမ်းမနေနိုင်အောင် သူမ၏သတင်းအချက်အလက်များအားခိုးယူပြီးစော်ကားပြောဆိုနေကြလေသည်။


“ ဘယ်လိုတောင်ဒုက္ခ‌ပေးနေကြတာလဲ ”


စုမုန့်သည် ဆဲဆိုပြီး ချက်ချင်းပင် ဖုန်းအားပိတ်ပစ်လိုက်၏။သူမသည် နောက်ထပ်ဖုန်းတစ်လုံးဝယ်ရပေတော့မည်။ တစ်လုံးအား အလုပ်ကိစ္စအတွက်သုံးပြီး တစ်လုံးကား ကိုယ်ရေးကိုယ်တာအတွက် သုံးရမည်။ ထိုမှသာ သူမသည် နှောင့်ယှက်ခံရမှာကိုလည်း ကြောက်နေစရာမလိုတော့မည်ဖြစ်သည်။


သူမသည် ဆိုင်သို့ပြန်ရောက်သောအခါ အလုပ်ရှင်အား သူမ၏ကွာရှင်းပြတ်စဲသည့်ကိစ္စအားပြောပြခဲ့သည်။ ကောရှန်းသည် သူမနာကျင်ခံစားနေရမည်စိုးသောကြောင့် သူမအားနှစ်သိမ့်ပေးနေသည်။ သို့ပေမဲ့လည်း သူမသည် စိတ်ဓာတ်ကျမနေခဲ့ဘဲ ပျော်ရွှင်နေသည်ကိုတွေ့ရသောအခါ သူသည် သူမအား မစိုးရိမ်တော့ပေ။


လူတွေသည် အလုပ်ရှင်၏ဆိုင်နေရာကို မသိကြပေ။ ထို့ကြောင့် စုမုန့်သည်နှစ်ရက်တာလုံး စိတ်အေးလက်အေးဖြင့်နေလိုက်ရ၏။ မျှော်လင့်မထားသည်မှာ သူမအား ဘယ်သူကမှလာပြီးမနှောင့်ယှက်ခဲ့ကြပေ။ သူမသည် ရဲဌာန၏ စုံစမ်းစစ်ဆေးမှုရလဒ်အား စောင့်နေခဲ့သည်။


သုံး‌ရက်မြောက်နေ့ရောက်သော် သူမသည် ရဲဌာနမှ သတိပေးစာတစ်စောင်အား လက်ခံရရှိခဲ့သည်။ သတင်းဖြန့်သောသူလည်း အပြစ်ပေးခံရပြီးဖြစ်သည်။ ထို့နောက်တွင် သူမသည် ကိုယ်ပိုင်အကောင့်နှင့် တခြားအမျိုးမျိုးသော ဝက်ဘ်ဆိုက်များမှတဆင့်ရှင်းပြချက်စာတစ်စောင်အား တင်ခဲ့သည် ။ရဲဌာနတံဆိပ်တုံးပါသည့် ရှင်းပြချက်ပို့စ်အား မြင်ပြီး လူများစွာသည် သူတို့အထင်လွဲမှားပြီး စုမုန့်အား အပြစ်တင်ပြောဆိုခဲ့မိကြောင်းသိခဲ့ကြသည်။


ထို့နောက်တွင် အမည်မသိလူတစ်ဦးသည် စုမုန့်ဖြေရှင်းထားသော ဖုကျဲကလပ်မှ နည်းပညာပြဿနာအကြောင်းကို ဖော်ထုတ်ပြောဆိုခဲ့သည်။


ကလပ်မှ စုမုန့်၏ထူးချွန်ပြောင်မြောက်သော စွမ်းဆောင်မှုနှင့်ပတ်သက်ပြီး သူမ၏ဂုဏ်သတင်းသည် အင်တာနက်ပေါ်တွင် မြန်မြန်ဆန်ဆန်ပြောင်းလဲသွားခဲ့သည်။

ထိုအရာသည် အခုချိန်ထိတာဝန်ယူမှုမရှိသောကြောင့်ပင်ဖြစ်သည်။


နံနက်ခင်းရောက်သော် စုမုန့်သည်

ဖုန်းဝင်လာချိန်တွင် အိပ်ပျော်နေဆဲဖြစ်၏။ စုမုန့်သည် ကယောင်ကတမ်းဖြင့် ဖုန်းပြောလိုက်သည်။ သူမသည် ကျယ်လောင်စွာအော်ဟစ်သံတစ်သံကို ကြားလိုက်ရသည်။


 “ ဟယ်လို...အခုပြောနေတာက Miss စုမုန့်လား ”


ဤဖုန်းခေါ်ဆိုမှုသည် စုမုန့်အား လန့်သွားစေသည်။ သူမသည် ဖုန်းသံမြှင့်ထားသည်ကို မြင်ပြီး မြန်မြန်ပဲပြန်လျှော့ချပစ်လိုက်သည်။


“ ဟုတ်ပါတယ် ... ဘာကိစ္စရှိလို့ပါလဲ ”


“ မင်္ဂလာပါခင်ဗျ ... ကျွန်တော့်နာမည်က ရှန်းကျိုပါ ... Holy Spring ဆောက်လုပ်ရေးကုမ္ပဏီက 

အထွေထွေမန်နေဂျာပါ ... အခုလက်ရှိ ကျွန်တော်တို့ဆောက်နေတဲ့ အဆောက်အဦးရဲ့နည်းပညာပိုင်းကို

ကူညီပြီးစစ်ဆေးကြည့်ပေးဖို့ တောင်းဆိုချင်လို့ပါဗျ ... ဘယ်လိုသဘောရလဲခင်ဗျ ... ”


သူသည် စုမုန့် ငြင်းပယ်လိုက်မည်ကို‌စိုးရိမ်နေပုံပေါ်သည်။ ထို့နောက်တွင် သူသည် အမြန်ထပ်ပြောလိုက်သည်။


“ ဒီလုပ်ငန်းက အကျိုးရလဒ်များစွာရရှိနိုင်တဲ့ လုပ်ငန်းကြီးပါ... ကျွန်တော်တို့ ခင်ဗျားကို စိတ်မပျက်စေရပါဘူး...  ”


ဆုချီးမြင့်မည့်အကြောင်းကြားလိုက်သည်နှင့် စုမုန့် ချက်ချင်းပင် အိပ်ချင်မူးတူးဖြစ်နေရာမှ တက်ကြွစွာ ကမန်းကတမ်းထလာပြီး မြန်မြန်ထောက်ခံကာ...


"ဟုတ်ပြီ ဘယ်အချိန် ဘယ်နေရာမှာလဲ"


တစ်ဖက်မှ ရှန့်ချိုးက...


"ဒီနေ့ပဲ ခုလာခေါ်လိုက်မယ်ဗျ"


ဖုန်းချပြီးနောက် သူမက စိတ်လှုပ်ရှားစွာဖြင့် တံခါးကိုဖွင့်ကာ အလျင်စလိုအမြန်ပြေးထွက်လာသည်။ပြာတိပြာယာပြေးရင်းဖြင့်.... 


"ဆရာကျွန်မ အလုပ်သွားပြီနော်"


သို့သော် အောက်ထပ်သို့ ရောက်သည်နှင့် ဆိုင်အ၀င်ဝတွင် စိုးရိမ်တကြီးရပ်ကြည့်နေကြသော လူအများကြီးစုကြောင့် သူမ ကြောင်သွားသည်။ ဆရာဖြစ်သူက တံခါးဝတွင် ငြိမ်သက်စွာ ထိုင်နေသည်။


" ဘာတွေဖြစ်နေတာလဲ....လူအသွေးသား အဆိုကြောင့်များ သူမကို လိုချင်လို့ တကယ်ပဲလာရှာနေကြတာလား....."


စုမုန့် လန့်သွား၍ တံခါးဆီသို့ အမြန်ပြေးကာ ဘယ်သူမှ မဝင်လာအောင် တံခါးကို ခေါက်ပိတ်လိုက်သည်။


အပြင်ကလူများ: …မှင်တက်သွားကြသည်။


..."နိုးလာပြီလား လူဆိုးမလေး  မင်းစားဖို့သွားယူလိုက်ဦးမယ်" 


ကောရှန်း မှာ ထူးထူးခြားခြား ဘာမှ သတိမထားမိသလို အေးအေးဆေးဆေးပင်။


...."ဆရာ အပြင်က ဘယ်သူတွေလဲ မနက်အစောကြီး ဒီမှာ ဘာလုပ်နေကြတာလဲ" 


 စုမုန့်တစ်ခုခုဖြစ်မည်စိုးရိမ်၍ စားချင်စိတ်လဲမရှိတော့ကာ ခပ်သွက်သွက်မေးလိုက်သည်။ကောရှန်းက တည်ငြိမ်စွာဖြင့် အေးအေးဆေးဆေးပြောသည်။


"မင်းက မွေးရာပါ ဖုန်းရွှေအစီအရင်ထူး သခင်မလေး ဆိုပြီးနာမည်ကြီးနေတာကြားလို့တဲ့ အားလုံးက မင်းဆီ ဖုန်းရွှေကြည့်ဖို့ လာရှာကြတာ"


 စုမုန့် အံ့ဩတကြီးမျက်လုံး ပြူးကာ.... 


" ဒီလူအကုန်လုံးက ဖုန်းရွှေကြည့်ဖို့ ကျွန်မကို လာရှာတယ်ဟုတ်လား...."


ကောရှန်းက သူမအတွက် အစားအသောက်ယူပေးရင်းဖျက်ခနဲလှမ်းကြည့်လိုက်ပြီး


 "တခြားဘာရှိမှာမလို့လဲ....မဟုတ်မှ ရန်ဖြစ်ဖို့လာရှာတာများလား..."


 "ဒီလောက်လူတွေအများကြီး....ကျွန်မတို့သူေဋ္ဌးဖြစ်တော့မယ့် သဘောပေါ့နော်... ဆရာပြောတာမှန်တယ် ထင်တဲ့အတိုင်းပဲ ဝေ့မိသားစုရဲ့ ဖုန်းရွှေကြောင့် အညံ့တွေများနေတာကို...ဝေ့ မိသားစုဆီက ထွက်ထွက်ချင်းပဲ ကံကောင်းခြင်းတွေ ချက်ချင်းရောက်လာပြီ...." သူမ တံခါးဆီသို့ ဝင်းလက်တောက်ပနေသော မျက်လုံးများဖြင့် ငေးကြည့်နေမိသည်...ပိုက်ဆံ....အပြင်က နေရာအနှံ့မှာ ပိုက်ဆံတွေ..."


ဟုန်စစ်က စုမုန့်စကားကြောင့် ပစ္စည်းတွေကို သပ်သပ်ရပ်ရပ် ပြင်ဆင်နေရာမှ လှည့်လာကာ မနေနိုင် ဝင်ပြောလေသည်...


"ဟုတ်ပ ရှောင်မုန့်ရေ....အဆိုးထဲကအကောင်းဖြစ်သွားတာ နင် အွန်လိုင်းပေါ်ကနေ ပက်ပက်စက်စက်အဆဲခံရမယ့်အစား ချီးမွမ်းခံနေရတာဟဲ့" 


 "အွန်လိုင်းမှာ ဘာဖြစ်လို့လဲ... ကောင်မလေးစုတ်လေး ဘာလို့ ဆရာ့ကို မပြောတာလဲ"


ကောရှန်းစိတ်မချမ်းသာစွာဖြင့် သူမကို ရေရွတ်နေသည်။


 ....


 စုမုန့် ချက်ချင်း ဟုန်စစ် ဆက်မပြောစေရန် အကြည့်ဖြင့်လှမ်းအချက်ပြ၍ ခပ်ခြောက်ခြောက်ရယ်လိုက်ကာ


"အားယား....ဘာမှမဟုတ်ပါဘူး ဆရာကြီးရယ်...အတိတ်က ပြဿနာသေးသေးလေးတစ်ခုပါ...လာ ဧည့်သည်တွေကို ကြိုဆိုဖို့ တံခါးမြန်မြန်ဖွင့်လိုက်ရအောင်"


ကောရှန်း: "…" ဒီစကားက တစ်မျိုးကြီးပါလား...."


"ကလေးမ အမျိုးသမီး ဖုန်းရွှေပညာရှင် ဖြစ်လာဖို့ဆိုတာ လွယ်တာမဟုတ်ဘူး မင်း တကယ်ပဲ ဖုန်းရွှေဆရာဖြစ်ချင်တာ သေချာလား ...ငါကမင်းကို နောက်ထပ်အရည်အချင်းတစ်ခုရှိလာလဲ ထိခိုက်မှုမရှိလောက်ဘူးထင်လို့ ပြန်သင်ပေးတာ ဒီနယ်ပယ်ထဲဝင်ခိုင်းဖို့ စိတ်ကူးမရှိဖူးဘူး... မင်း ဖုန်းရွှေပညာရှင် မဖြစ်လဲ ဆရာက ဆက်ပြီး အားပေးပြီးပံ့ပိုးပေးနေမှာပါ"


ကောရှန်းမှာ...အနာဂတ်တွင် စုမုန့်က ကျော်ကြားမှုနောက် မရပ်မတန့်လိုက်နေမည်ကို အတော်လေး စိုးရိမ်လာသည်။စုမုန့်က ကမန်းကတန်းပြန်ပြောသည်။


 "ကိုယ်တိုင်လုပ်ကြည့်မှ အကျိုးရှိမရှိသိမှာပေါ့... ပိုက်ဆံရှာနိုင်သရွေ့တော့ ကျွန်မအတွက်မခက်ခဲပါဘူး..ပြောရရင် ဒီနယ်ပယ်ထဲ နေရတာကို သဘောကျတယ်  နောင်တမရပါဘူးနောက်ပြီးတော့ အရင်ထဲက ဆရာပဲ ကျွန်မရဲ့ အရည်အချင်းတွေကို အမြဲတမ်း ချီးကျူးနေတာ မဟုတ်ဘူးလား... ကိုယ်တိုင်မလုပ်ကြည့်ရင် အရည်အချင်းတွေ အလဟသဖြစ်ကုန်မှာပေါ့...ဆရာကြီး...အတွေ့အကြုံတွေအများကြီးရှိဖူးတော့မှ အရာရာကို ကျွန်မနားလည်သွားပြီး ကိုယ့်အတွက် အသင့်တော်ဆုံး ဘဝကို ဘယ်လိုနေထိုင်ရမလဲဆိုတာကိုလည်း သိလာတာ..."


စုမုန့်က လေးနက်စွာပြောလိုက်သည်။  ကောရှန်းက သူမကို နက်နက်ရှိုင်းရှိုင်း ကြည့်နေမိသည်။ နေ့ချင်းညချင်းပင် သူ့မျက်စိအောက်က စုမုန့်လေးသည် အခြားသူများကိုသာ အားကိုးနေမည့် ကလေးမဟုတ်တော့‌ေပ။အတော်လေး ရင့်ကျက်လာနေပြီဖြစ်သည်။


"Okay...." သူ အနည်းငယ်စိတ်သက်သာရာ ရသွားသည်...


အကြာကြီးရပ်စောင့်နေကြသော အပြင်ကလူများက စုမုန့် ထွက်ထွက်လာချင်း အားလုံး သူမဆီသွားကာ နွေးထွေးစွာ ဖိတ်ခေါ်ကြသည်။


 "ဆရာမ ကျွန်တော်က အထူးအပန်းဖြေဥယျာဉ်ပိုင်ရှင်ပါ အပန်းဖြေဥယျာဉ်အသစ် ထပ်ဆောက်ချင်လို့ ဖုန်းရွှေကြည့်ပြီး ကူညီပေးပါဦးဗျာ"


"ဆရာမ…"


လူတိုင်းက သူတို့အကြောင်းကိုယ်စီ အလုအယက် ပြောနေကြကာ စုမုန့်အတွက် ဆူညံနေကာ ဘာတစ်ခုမှကောင်းကောင်းမကြားရပေ။ ထိုစဉ် ၁.၉ မီတာလောက်မြင့်ပြီး ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦးက လူအုပ်ကြီး အနောက်မှ ဖြတ်ဝင်လာသည်။တန်းဖြတ်ဝင်လာသောလူကြောင့် အားလုံးက စိတ်ဆိုးမာန်ဆိုးဖြင့် ကြိမ်းမောင်းကြတော့သည်။


."ဘယ်လိုဖြစ်နေတာလဲ.. ဒီမှာ ငါတို့ စောင့်နေတာ ကြာနေပြီ အလှည့်ကျတန်းစီရမယ်ဆိုတာ မသိဘူးလား"


 ထိုလူသန်ကောင်ကြီးမှာ လူအုပ်ကြီးကို လျစ်လျူရှုကာ...ခေါင်းကုတ်နေပြီး စုမုန့်အား....


"ဆရာမ ကျွန်တော်က ရှန့်ချိုး ဒီမနက် ဖုန်းခေါ်တဲ့သူပါ... ဒီနေ့ ကျွန်တော့်ကို ဖုန်းရွှေစစ်ကြည့်ပေးဖို့ ဆရာမနဲ့ချိန်းထားတယ်လေ ခုဆရာမကိုလာခေါ်တာပါ"


 လူအုပ်ကြီး "....."


ဒီလူဘာလဲ ကိုယ်ကျင့်တရား မရှိဘူးပဲ တိတ်တိတ်လေး ခေါ်ပြီး ချိန်းထားတာ...


 စုမုန့်က အခြေအနေ ပိုမိုရှုပ်ထွေးလာသည်ကို မြင်၍ ချက်ချင်း အသံကျယ်ကျယ်ဖြင့် ဝင်တားလိုက်သည်။


 "ကဲကဲ အားလုံး စိတ်လျော့ပြီး ကျွန်မပြောတာ နားထောင်ပါ... စိတ်ဆန္ဒတအားမစောပါနဲ့ဦး  တစ်ယောက်ပြီးတစ်ယောက် တန်းစီပေး....ဒီလူ ရှန့်ချိုးက တကယ် ကျွန်မနဲ့ ပထမဆုံးချိန်းထားတဲ့သူပါ သူ့ ဖုန်းရွှေကြည့်ပေးပြီးရင် တခြားသူတွေကိုလဲ တစ်ယောက်ပြီးတစ်ယောက် ကြည့်ပေးမှာပါနော်"


 ကောရှန်းကလဲ ဝင်လာပြီး သူမကို တစ်ချက်ကြည့်ကာ လူအုပ်ကြီးအား... 


"ကျွန်တော်လဲ တစ်မနက်လုံး ဒီမှာထိုင်နေတာ..  ဘယ်သူအရင်လာလဲ အားလုံး သိမယ်ထင်တယ်...ကိုယ်ရေးအချက်အလက်အသေးစိတ်ကို အရင်ဆုံး အတူတူရေးထားရအောင် သူ့ကိစ္စပြီးသွားရင် ခင်ဗျားတို့ရဲ့ ဖုန်းရွှေကို တစ်ယောက်ပြီးတစ်ယောက် စစ်ကြည့်ပေးမှာပါ"


အားလုံးက ဤနည်းလမ်းကို လက်ခံကျေနပ်ကြကာ အသေးစိတ်အချက်အလက်များကို ချန်ထားပေးရန် ကောရှန်းနောက်သို့ လိုက်သွားကြတော့သည်။


 နောက်ဆုံးတွင် ရှန့်ချိုးတစ်ယောက်ထဲ ကျန်၍  စုမုန့် က ဆိုင်ထဲသို့ ဝင်လာခိုင်းကာ ကိုယ်ရေးအသေးစိတ်ကို ရှာကြည့်ပေးရန် အရင်ပြင်ဆင်လိုက်သည်။


...."ဆရာမ...ကျွန်တော်တို့ ဆောက်လုပ်ရေးဆိုက်က သရဲရှိနေပြီထင်တယ်...ထူးထူးဆန်းဆန်းတွေခဏခဏဖြစ်နေတယ်"



xxxxxx