အပိုင်း ၇၈
Viewers 35k

Chapter 78




သူက ဘာလို့ အိမ်ကကန်ထုတ်ခံထားရတဲ့ လင်းလော့ချင်းကို တောင်းပန်ရမှာလဲ...


တောင်းပန်စရာ အကြောင်း ရှိလို့လား...


"သူက ကျွန်တော့်ကို ကန်တာ...ကျွန်တော် သူ့ကို လုံး၀မထိရ‌သေးဘူး...သူက ကျွန်တော့်ကို လာတောင်းပန်သင့်တာ..."


ချန်ဖုန်း အံ့ဩသွားသည်။


"လော့လော့...သား..."


"ကျွန်တော် သူ့ကို ကန်ခဲ့တာက အရမ်းဒေါသထွက်လာလို့ပဲ...သူက ပြောတယ်..."


လင်းလော့ချင်း တုံ့ဆိုင်းသွားလေသည်။ သူက ပြောပြရန် စိတ်ကို ပြင်ဆင်နေပုံရသည်။


"သူက ပြောတယ်...အဖေနဲ့အမေက ကျွန်တော့်ကို ပြန်မလာစေချင်ဘူးတဲ့...ယွီရှောင်ရဲ့ငွေတွေနဲ့အထောက်အထားအတွက်သာ ကျွန်တော့်ကို ပြန်လာခိုင်းတာတဲ့...အဖေက ယွီရှောင်ကို ပူးပေါင်းဖို့ အသုံးချချင်ရုံပဲတဲ့..."


အဖေလင်း သူ့လက်သီး မာကျောလာသလို ခံစားလိုက်ရသည်။


"ငါ အဲ့လိုမပြောခဲ့ဘူး...လင်းလော့ချင်း မင်း ငါ့ကို စွပ်စွဲနေတာ..."


"မင်းပဲ ပြောခဲ့တာ...ယွီရှောင်ကြောင့်သာ မဟုတ်ရင် ငါ့ကို တံခါးပေါက်‌ကနေတောင် အ၀င်မခံဘူးဆို...ငါက ဒုက္ခိတတစ်ယောက်ကို ‌ပြုစုပေးနေတယ်လို့ မင်းပြောတာ...သူက ယွီရှောင်ကို မလေးစားဘူး...ဒါတောင် မင်းက စွပ်စွဲခံရတယ်လို့ပြောဖို့ မျက်နှာရှိသေးတယ်...အရှက်မရှိဘူး...''


သူ အဖေလင်းကို ကြည့်လိုက်သည်။


"အဖေ ကျွန်‌တော် မှားသွားတယ်....အဖေက ကျွန်တော့်အဖေ မဟုတ်ဘူးပဲ...ယွီရှောင်နဲ့လက်ထပ်ပြီးလို့ ကျွန်တော် သူ့ကို ခေါ်လာတာ...ညီလေးက မကြိုက်မှန်း မသိခဲ့ဘူး...ကျွန်‌တော့်ကို အရမ်းချစ်တဲ့ ယွီရှောင်က ဒီလိုပြောဆို မခံသင့်ဘူး...ကျွန်တော် ဒါကို လက်မခံနိုင်ဘူး...ကျွန်တော်တို့ ပြန်တော့မယ်...ဒီနေ့ကစပြီး အဖေ့မှာ ဒီသားမရှိတော့ဘူး..."


ထို့နောက် သူ ဝှီးချဲလ်ကို တွန်းလိုက်သည်။ အဖေလင်းက လင်းလော့ကျင်းကို ပထမဆုံးအကြိမ် မိုက်မဲပြီး တစ်ကိုယ်ကောင်းဆန်သည်ဟု တွေးလိုက်လေသည်။


လင်းလော့ကျင်းက ဒီနေ့ကို ဘယ်လောက်စောင့်နေခဲ့လဲ မသိဘူး...


ဘာပဲဖြစ်ဖြစ် သူက အချစ်ဦးနှောက်ဖြစ်နေတဲ့ ကျိယွီရှောင်နဲ့ဟန်ဆောင်ကစားပေးရမှာပဲ...မဟုတ်ရင် အားလုံး အလဟဿဖြစ်ကုန်တော့မယ်...


“လော့ချင်း အဖေပြောတာနားထောင်...မင်းညီလေးက အဓိပ္ပာယ်မရှိတာတွေ ပြောနေတာ...အဖေကဘာလို့အဲ့လို တွေးရမှာလဲ...အဖေက ဘယ်လိုလူမျိုးဆိုတာကို မသိဘူးလား..."


'ကောင်းကောင်းကြီးကို သိပါတယ်...'


လင်းလော့ချင်း တွေးလိုက်သည်။


"သားမိုက်...မင်း အဲ့မှာ ဘာရပ်လုပ်နေတာလဲ...မင်းအစ်ကိုနဲ့ယွီရှောင်ကို လာတောင်းမပန်သေးဘူးလား..."


အဖေလင်း လင်းလော့ကျင်းကို စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။


လင်းလော့ကျင်း ဒေါသတကြီး‌ အော်လိုက်သည်။


"သူ့ကို တောင်းပန်ရမယ်ဟုတ်လား...သူက ကျွန်တော့်ကို ကန်ခဲ့တာ...အဲ့ဒါကို သူ့ကို တောင်းပန်ရမှာလား..."


"မင်း ဘာတွေပြောနေတာလဲ...မင်းအစ်ကိုက မင်းကို မကန်သင့်ဘူးလား...သူ မင်းကို ရိုက်သင့်တယ်...မင်း ဒီကို မလာသေးဘူးလား..."


"မလာဘူး..."


လင်းလော့ကျင်း အော်ကာ အပေါ်ထပ် တက်သွားလိုက်လေသည်။


အဖေလင်း သူ့သားက သူ့စကားကို နားမထောင်လိမ့်မည်ဟု မ‌ထင်ထားခဲ့သည့်အတွက် ဒေါသကြောင့် လက်များက တုန်ရီလာလေသည်။


ချန်ဖုန်း လင်းလော့ချင်းကို အမြန် နှစ်သိမ့်ပေးလိုက်သည်။


"လော့လော့ စိတ်မဆိုးပါနဲ့...ဒါက ရှောင်ကျင်းရဲ့အမှားပါ...အန်တီ သူ့ကို ဆုံးမလိုက်မယ်...စိတ်မကောင်းမဖြစ်နဲ့..."


“အန်တီ သူ့ကို ဆုံးမပြီး ‌တောင်းပန်ဖို့ ခေါ်လာပေးမယ်...ဒီမှာစောင့်နေနော်..."


လင်းလော့ချင်း ဝှီးချဲလ်ကို ဆက်တွန်းလိုက်သည်။


အဖေလင်း ဝှီးချဲလ်ကို တားလိုက်သောအခါ ကျိယွီရှောင်ပြုံးကာ ပြောလိုက်သည်။


"ဦးလေး ဘာလုပ်တာလဲ...လင်းလော့ကျင်းက မ‌တောင်းပန်ပေမဲ့ သူ့ကို မတားဘဲ ကျွန်တော့်ကိုလာ‌တားနေတာလား...ကျွန်တော်ကလမ်းမလျှောက်နိုင်လို့ အနိုင်ကျင့်ရလွယ်တယ်ထင်နေတာလား..."


"မဟုတ်ဘူး...ငါ အဲ့လိုဆိုလိုချင်တာ မဟုတ်ပါဘူး...ဘာလို့ အဲ့လိုတွေးရတာလဲ...''


"အဲ့လိုတွေးမိအောင် ဦးလေးသားပဲ ကျွန်တော့်ကို ပြောခဲ့တာ...ဦးလေးက ကျွန်တော့်ကို တကယ်သဘောကျပြီး ကျွန်တော်တို့ဆွေမျိုးတွေ ဖြစ်လာလိမ့်မယ်လို့ ထင်ထားတာ...ကြည့်ရတာ ကျွန်တော် အမှားလုပ်မိပုံပဲ..."


"သွားရအောင်..."


သူ လင်းလော့ချင်းကို ပြောလိုက်သည်။


လင်းလော့ချင်းက ဝှီးချဲလ်ကို တံခါးဆီ တွန်းလိုက်သည်။ အဖေလင်း သူတို့ကို တားချင်သော်လည်း ကျိယွီရှောင်၏ခြေထောက်များက အဆင်မပြေသည့်အတွက် သူက ကျိယွီရှောင်ကို အနိုင်ကျင့်နေသည်ဟု တွေးမှာကို ကြောက်မိလေသည်။


သူက ကျိယွီရှောင်တံခါး အပြင်ထွက်သွားသည်ကို ကြည့်နေပြီး အပေါ်ထပ်သို့ ဒေါသတကြီး တက်သွားကာ လင်းလော့ကျင်း၏အခန်းဆီ သွားလိုက်သည်။


"မင်းအမေနဲ့ငါ ဒီနေ့ကို ဘယ်လောက်စောင့်နေကြလဲသိလား...‌နောက်ဆုံးတော့ မင်းကြောင့် အားလုံးပျက်စီးကုန်ပြီ..."


လင်းလော့ကျင်းလည်း မပျော်ရွှင်ပေ။


"ကျွန်တော်အတွက်ကရော...လင်းလော့ချင်းက ကျွန်တော့်ကို ကန်ပေမဲ့ အဖေက သူ့ဘက်ကပါနေတယ်..."


"မင်းသာ အဓိပ္ပာယ်မရှိတာတွေ မပြောရင် သူက မင်းကို ကန်ပါ့မလား..."


ချန်ဖုန်း ကူရာမဲ့စွာ ပြောလိုက်သည်။


"ရှောင်ကျင်း...သားစိတ်ထဲ တွေးနေတာတွေကို အပြင်မှာ ထုတ်ပြောလို့ မရဘူးလေ..."


"ကျွန်တော် မပြောခဲ့ဘူး..."


လင်းလော့ကျင်း မုန်းတီးစွာ ပြောလိုက်သည်။


"သူ ကျွန်တော့်ကို စွပ်စွဲနေတာ...ကျွန်တော် ဘာမှမပြောခဲ့ဘူး..."


"ဒါဆို ကျိယွီရှောင်က ဒုက္ခိတလို့ မင်း မပြောခဲ့ဘူးဆိုတာကို ကျိန်ရဲလား..."


လင်းလော့ကျင်း ပြောလိုက်သည်။


"အဲ့ဒါတော့ ကျွန်တော် ပြောခဲ့တယ်..."


အဖေလင်း အလွန်ဒေါသထွက်လာပြီး စားပွဲပေါ်မှ ပစ္စည်းများကို လင်းလော့ကျင်းထံ ပစ်ပေါက်‌လိုက်လေသည်။


"မင်း ‌နောက်ထပ်ဘာပြောချင်သေးလဲ....ငါ့မှာ ဘာလို့ မင်းလို မိုက်မဲတဲ့သား ရှိရတာလဲ...မင်းက လော့ချင်းလောက်တောင် မတော်ဘူး..."


ထို့နောက် ပစ္စည်းများ ဆက်ပစ်ပေါက်လိုက်သည်။


အဆုံးတွင် ထိုင်ခုံနောက်မှီတွင် ချိတ်ထားသည့် ခါးပတ်ကို ယူလိုက်ပြီး သူ့သားကို ရိုက်လိုက်လေသည်။


လင်းလော့ကျင်းသည် အဖေလင်းက သူ့ကို လင်းလော့ချင်းထက် နိမ့်ကျသည်ဟု ပြောလာလိမ့်မည်ကို မမျှော်လင့်ထားခဲ့သည့်အတွက် တစ်ခဏလောက် ကြက်သေသေနေမိလေသည်။ သူက ပစ္စည်းများဖြင့် ပစ်ပေါက်‌ခံနေရပြီး ခါးပတ်ဖြင့်လည်း အရိုက်ခံလိုက်ရလေသည်။


လင်းလော့ကျင်း အလွန်အံ့အားသင့်နေလေသည်။ 


ဘာလို့ သူ့အဖေက သူ့ကို ဒီလိုဆက်ဆံရတာလဲ...


ဘာလို့ သူ့အဖေက သူ့ကို လင်းလော့ချင်းလောက် မတော်ဘူးလို့ ပြောရတာလဲ...


ဘာလို့ လင်းလော့ချင်းကြောင့် သူ့ကို ရိုက်ရတာလဲ...


သူက သူ့အဖေဖြစ်နေတုန်းလား...


ထိုသို့‌တွေးမိပြီး အဖေလင်း၏ ရိုက်ချက်များကို မရှောင်‌တော့ပေ။ နာကျည်းမျက်ရည်ကျလျက် ငြိမ်ခံနေလေသည်။


ချန်ဖုန်းက အဖေလင်းကို တောင်းပန်လိုက်ပြီး အဖေလင်းလက်ထဲမှ ခါးပတ်ကို ယူလိုက်ကာ သူ့ကို ဖြောင်းဖြလိုက်သည်။


တစ်ခဏအတွင်း လင်းမိသားစုက ဖရိုဖရဲဖြစ်သွားပြီး အချင်းချင်း ရိုက်နှက်နေကြလေသည်။


ထိုအချိန်တွင် လင်းလော့ချင်းနှင့်ကျိယွီရှောင်က ကားထဲသို့ ရောက်နေပြီဖြစ်သည်။


"လင်းလော့ကျင်းက တကယ် အဲ့လိုပြောခဲ့တာလား..."


ကျိယွီရှောင် စူးစမ်းလိုက်သည်။


"သူက အတော်တုံးတာပဲ..."


"သူက တုံးတာတော့ အမှန်ပဲ...သူက အဲ့လိုတွေ ‌ပြောခဲ့တာတော့ မဟုတ်ဘူး...ငါ ချဲ့ကားပြောလိုက်တာ..."


ကျိယွီရှောင် ခေါင်းငြိမ့်လိုက်ကာ မှန်းဆကြည့်လိုက်သည်။ လင်းလော့ကျင်းက အဖေလင်း၏ အစီအစဉ်ကို မပြောရဲလောက်ပေ။ ထို့ကြောင့် သူက ဒုက္ခိတဟုသာ ပြောမည်ဖြစ်သည်။


လင်းလော့ချင်းက အဲ့ဒါကို ကြားပြီး လင်းလော့ကျင်းကို ကန်လိုက်တာ ဖြစ်နိုင်တယ်...


ကျိယွီရှောင် ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။


'ဒါက အလှတရားကြောင့် ဒေါသထွက်တယ်လို့ ယူဆလို့ရလား...'


ဟုတ်တယ်...သူက အရမ်းချောလို့ အဲ့လိုယူဆလို့ရတယ်...


"မင်း ဘာလို့ ပြုံးနေတာလဲ..."


လင်းလော့ချင်း မေးလိုက်သည်။


"သူ့ရဲ့တုံးအမှုကို ‌ပြုံးနေတာ..."


ကျိယွီရှောင် ပြန်ဖြေလိုက်သည်။


"ဟုတ်တယ်...သူက တကယ် မိုက်မဲတုံးအတယ်..."


လင်းလော့ချင်း ပြောပြီးနောက် တစ်ခုခုကို ပြန်သတိရသွားလေသည်။


"ဒါပေမဲ့ သူက မင်းကို အများကြီးကြိုက်တယ်...အဲ့ဒါကြောင့် ငါ့ကို လှုံ့ဆော်ဖို့ မင်းကိုသုံးနေတာ..."


"သူက မင်းကို တကယ်ပျက်ရယ်ပြုချင်တာ မဟုတ်ပါဘူး...မင်း သူ့စကားတွေကို ဂရုမစိုက်နဲ့..."


ကျိယွီရှောင် ထိုစကားများကို ကြားသောအခါ မျက်ခုံးပင့်လိုက်သည်။


လင်းလော့ချင်းက သူ လင်းလော့ကျင်းရဲ့ စကားတွေကြောင့် သိမ်ငယ်သွားမှာကို စိတ်ပူနေတာလား...


သူက တကယ် ဂရုစိုက်တတ်တာပဲ...


"စိတ်မပူပါနဲ့...ဘယ်သူက အရူးစကားကို ဂရုစိုက်မှာလဲ..."


လင်းလော့ချင်းက တစ်ဖက်လူမျက်နှာပေါ်မှ အထင်‌သေးမှုကို မြင်လိုက်ပြီး စိတ်ရှုပ်ထွေးစွာမေးလိုက်သည်။


"ဒီလိုဆို မင်းက ဘာလို့ အရူးနဲ့လက်ထပ်ချင်ခဲ့တာလဲ..."


'ဒါက ရှက်စရာမကောင်းဘူးလား...'


ကျိယွီရှောင် သူ့ကို ကြည့်လိုက်သည်။


“မင်း မနာလိုဖြစ်နေတာလား...”



လင်းလော့ချင်း :"..."


"ငါ သိချင်ရုံပဲ..."


"တကယ်လား...မင်း ၁၅နှစ်လောက် ကြိတ်ကြိုက်ခဲ့ရတဲ့ နတ်ဘုရားက တခြားတစ်ယောက်နဲ့လက်ထပ်‌တော့မလို ဖြစ်ခဲ့တာကို မင်း မနာလို မဖြစ်ဘူးလား..."


လင်းလော့ချင်း :"..."


ဟုတ်တယ်...သူ့ဇာတ်ကောင်အရ မနာလိုဖြစ်သင့်တယ်...


"ငါ သောက်ခဲ့တယ်..."


လင်းလော့ချင်း ကူရာမဲ့စွာ ပြောလိုက်သည်။


"ဘာသောက်ခဲ့တာလဲ.."


"ငါ မနာလိုဖြစ်တယ်...လင်းလော့ကျင်းနဲ့ပတ်သတ်ပြီး ငါ ရှာလကာရှည်သောက်ခဲ့တယ်...မင်း တခြားတစ်ယောက်နဲ့ လက်ထပ်မလိုဖြစ်ခဲ့တာကိုလည်း ငါ မနာလိုဖြစ်တယ်...ရပြီလား..."


ဒရိုင်ဘာရှောင်လီ တွေးလိုက်သည်။


'အို...ငါ မသိခဲ့ဘူး...မဒမ်က တော်တ်ောမနာလို ဖြစ်တတ်တာပဲ...'


ကျိယွီရှောင် ကျေနပ်သွားပြီး နူးညံ့စွာ ရှင်းပြလိုက်သည်။


"မနာလိုမဖြစ်ပါနဲ့...အဲ့အချိန်တုန်းက ငါ့ကို အခြေအနေတစ်ခုက တွန်းအားပေးနေလို့ပါ...ငါ ဒီအတိုင်း သူနဲ့သင့်တော်တယ်လို့ ထင်ခဲ့တာ...ခံစားချက်တွေ မပါဘူး...လုံး၀ စိတ်ချ..."


လင်းလော့ချင်း အနည်းငယ် ရှုပ်ထွေးသွားလေသည်။ 


ဘယ်လိုအခြေအနေမျိုးရှိလို့ ကျိယွီရှောင်က လင်းလော့ကျင်းကို လက်ထပ်ဖို့ တွန်းအားပေးခံရမှာလဲ...


လော့ကျင်းက သူ့ကို အစားထိုးခဲ့ပေမဲ့ ကျိယွီရှောင်က သဘောတူနေတုန်းပဲ...


သူနဲ့လင်းလော့ကျင်းက ဘာတူညီတာလဲ...


လင်းလော့ချင်း အမြန် တွေးလိုက်သည်။ သူတို့က ကြည့်ကောင်းကြပြီး သာမာန်မိသားစုနောက်ခံ ရှိကြကာ ကျိမိသားစုက သူတို့ကို မကြိုက်ကြပေ။


ကျိမိသားစုက သူ့ကို မကြိုက်ကြောင်း သိပြီး ကျိယွီရှောင်က နှစ်ရက်အတွင်း သူ့အဖေနှင့်တွေ့ရန် အိမ်ခေါ်သွားခဲ့သည်။ ထို့နောက် ဤအခွင့်အရေးကို အသုံးပြုကာ ကျိဂရုမှ နုတ်ထွက်ကြောင်း ကြော်ညာခဲ့သည်။


ဘာလို့ ကျိဂရုက ထွက်လာရတာလဲ...


သူ့ကိုယ်သူ ချုပ်တည်းချင်လို့လဲ...


ဒါမှမဟုတ် ကျိဂရုမှာ မမြင်ရတဲ့ အန္တရာယ်တွေ ရှိနေတာလား...


ခဏနေဦး...


လင်းလော့ချင်း တစ်ခုခုကို ရုတ်တရက် သတိရသွားသည်။ ကျိယွီလင်း မသေဆုံးမီက ကျိဂရု ၏ခေါင်းဆောင်ဖြစ်ခဲ့လေ‌သည်။


ဒါဆို ကျိယွီရှောင်က သူ့အစ်ကို သေရတာက မတော်တဆကြောင့်မဟုတ်ဘဲ လုပ်ကြံထားတယ်လို့ သံသယရှိနေတာလား...


လင်းလော့ချင်း ကျိယွီရှောင်ကို အလိုအလျောက် ကြည့်လိုက်သည်။


ကျိယွီရှောင် ပြုံးလိုက်သည်။


"ဘာလို့လဲ...ငါ့ကို မယုံလို့လား..."


လင်းလော့ချင်း ကမန်းကတန်း ခေါင်းငြိမ့်လိုက်သည်။


"ငါ မင်းကို ယုံပါတယ်..."


သူ့အတွေးများက ယာယီ ဖိနှိပ်ထားလိုက်ပြီး ပြုံးကာ မေးလိုက်သည်။


"မင်း မျက်စိကန်းနေတာမှ မဟုတ်တာ...သူ့ကိုဘယ်လိုလုပ် တကယ်လက်ထပ်ချင်မှာလဲ..."


“ဟုတ်တယ်..." 


ကျိယွီရှောင် ခေါင်းငြိမ့်လိုက်သည်။


လင်းလော့ချင်း သူ့ကို ပြုံးကာ ကြည့်လိုက်ပြီး အပြင်ကို တိတ်တဆိတ် ကြည့်လိုက်သည်။


နေရောင်ခြည်က ပြတင်းပေါက်မှတစ်ဆင့် ၀င်ရောက်လာသော်လည်း လင်းလော့ချင်း အနည်းငယ် အေးနေလေသည်။ 


ကျိယွီလင်းက မတော်တဆ သေတာမဟုတ်ရင် ဘယ်သူက လူသတ်သမားလဲ...ဘာကြောင့် သတ်ရတာလဲ...


ကျိယွီရှောင်က ကျိမိသားစုကနေ ပြတ်ပြတ်သားသား နုတ်ထွက်ခဲ့တာက ကျိမိသားစုက လူတွေကို သံသယဖြစ်လို့လား...


ဒါပေမဲ့ ကျိယွီလင်းရဲ့သေဆုံးမှုကနေ အကျိုးအမြတ်ရဖို့ဆို တစ်ဖက်လူရဲ့အဆင့်က မနိမ့်သင့်ဘူး...


ဘယ်လိုလုပ် ဒီလိုလုပ်ရက်တာလဲ...


လင်းလော့ချင်း မယုံကြည်နိုင်ပေ။


သူတို့က ဆွေမျိုးရင်းချာတွေလေ...ဒီလိုဟာမျိုးကို ဘယ်လိုလုပ် လုပ်နိုင်တာလဲ...


သူ မယုံကြည်ချင်ပေ။ ယင်းက ကျိယွီရှောင်အတွက် အလွန့်အလွန် ရက်စက်လွန်းလေသည်။


သူ အတွေးလမ်းကြောင်းကို ပြောင်းလိုက်သည်။ မူရင်းစာအုပ်ထဲမှ သဲလွန်စများမှ စတင်ရမည်ဖြစ်သည်။ 


ကျိလဲ့ယွီ အရွယ်ရောက်လာသောအခါ သူနှင့်ကျိယွီရှောင်ကို နာကျင်အောင်လုပ်ခဲ့သည့် လူတော်တော်များများကို လက်စားချေခဲ့သော်လည်း သူ့အဖေရင်းအကြောင်း အများကြီး မဖော်ပြခဲ့ပေ။


သူက သူ့အဖေ အသတ်ခံရတာမှန်း သိခဲ့လား...မသိခဲ့ရင် ဘာကြောင့် မသိတာလဲ...


ကျိယွီလင်းကို သတ်တဲ့လူသတ်သမားက သူ့သားကို ဒီအတိုင်း လွှတ်ထားခဲ့ဝာာလား...


တစ်ခုခုကို ရုတ်တရက်တွေးမိသွားပြီး လင်းလော့ချင်း၏မျက်လုံးများ ပြူးကျယ်လာလေသည်။


ကျိယွီရှောင်...


ဟုတ်တယ် ကျိယွီရှောင်...


ကျိယွီရှောင်က နောက်ကွယ်က တကယ့်လက်သည်အစစ်ကို ရှာတွေ့ခဲ့ပြီး လက်စားချေခဲ့တာလား...ကျိလဲ့ယွီက ငယ်သေးလို့ အဲ့လိုကိစ္စကို မပြောပြခဲ့တာလား...


သူ သေသွားပေမဲ့ နောက်ကွယ်က လူသတ်သမားကို ဖြေရှင်းပြီးသွားတာလား...


ဒါ့ကြောင့် ကျိလဲ့ယွီက ဘာမှမသိဘဲ လုံလုံခြုံခြုံ ကြီးပြင်းလာတာလား...


ကျိယွီရှောင် သေသွားပြီးနောက်ပိုင်း ကျိလဲ့ယွီက ကောင်းကောင်းမနေခဲ့ရပေမဲ့ ဘေးကင်းကင်းနဲ့ကြီးပြင်းလာခဲ့တယ်...


ဒီလိုဆို ကျိယွီရှောင်က တစ်နှစ်အကြာမှာ သေသွားရတာက နောက်ကွယ်က လူသတ်သမားနဲ့ ပတ်သတ်နေလား...


လင်းလော့ချင်းက စာအုပ်ထဲမှ ကျိလဲ့ယွီနှင့် ကျိယွီရှောင်အကြောင်းကို ထပ်ခါထပ်ခါ ပြန်တွေး

နေသော်လည်း လူသတ်သမားနှင့် ပတ်သတ်သည့် အချက်အလက် ရှာမတွေ့ပေ။


ဒါက ဖြစ်သင့်ပါတယ်...ကျိယွီရှောင်က မသေခင် လူသတ်သမားကို ဖြေရှင်းခဲ့ပြီး အဲ့အကြောင်း ကျိလဲ့ယွီကို မပြောပြခဲ့ရင် ကျိလဲ့ယွီက အဲ့အကြောင်း ဘယ်တော့မှ သိမှာမဟုတ်ဘူး...ဒီလိုဆို ကျိလဲ့ယွီရဲ့ရှုထောင့်ထဲမှာ သက်ဆိုင်တဲ့အချက်အလက်တွေ ရှိမှာမဟုတ်ဘူး...