အပိုင်း ၁၂၅
Viewers 38k

Chapter 125



ဒီဇင်ဘာလ ၅ရက်နေ့တွင် မီးခိုးရောင်လမ်း၏ဖွင့်ပွဲကို တရားဝင်စတင်လိုက်ပြီဖြစ်သည်။


အခမ်းအနားအစီအစဉ်များအပြီး၌ သမုဒ္ဒရာနှလုံးသားမှ ထောင်ထောင်နှင့်ဖုန့်ချင်းယွမ်ကဲ့သို့ ချီရှင်းချန်နှင့်ယန်းလောနန်မှာတို့မှာ ဒါရိုက်တာကျိုးနှင့်အတူ မီဒီယာများ၏ဝန်းရံခြင်းကို ခံနေရသည်။


အဆုံး၌ ကင်မရာများဖြင့် တိုက်ရိုက်အချိန်ခံထားရသည့်အပြင် နေရာတွင် တိုက်ရိုက်ထုတ်လွှင့်နေသည့်ပလက်ဖောင်းနှစ်ခုလည်း ရှိနေသည့်အတွက် ယန်းလောနန် သူမ၏အေးစက်စက်အမူအယာများကို ခဏဖယ်ထုတ်ကာ သူမ၏အေးဂျင့်နှင့်ဒါရိုက်တာကျိုးတို့၏အပြိုင်တိုက်ခိုက်မှုအောက်တွင် ပွဲစဉ်တစ်လျောက်လုံး၌ တောင့်တင်းစွာ ပြုံးနေခဲ့ရသည်။


သူမ၏ရှေ့သို့ မိုက်ခရိုဖုန်းမရောက်လာခင်အထိ ယန်းလောနန် ထိုအတိုင်းသာ ရှိနေခဲ့သည်


 " လောနန်ကျဲ ရှင်းချန်နဲ့ပတ်သက်ပြီး ဘယ်လိုခံစားရပါလဲ …"


ယန်းလောနန်၏အေးဂျင့်မှ ယမန့်နေတွင် မေးလာနိုင်သောအရာများအားလုံးကို ကြိုတင်ရေးသားပေးခဲ့သည်ဖြစ်ရာ ထိုဇာတ်ညွှန်းအတိုင်း ယန်းလောနန်ပြန်ဖြေပေးလိုက်သည် " ရှင်းချန်ကိုတွေ့တုန်းက ကျွန်မပထမဆုံးတွေးလိုက်မိတာ ဒီကားထဲမှာ တကယ်ကြီး ဒီလိုငယ်ရွယ်ချောမောတဲ့ကောင်လေးကို ချစ်ကျွမ်းဝင်မိတော့မှာလားပေါ့…ပြီးမှသိလိုက်ရတာ ကျွန်မတို့က အစ်မကြီးနဲ့မောင်ငယ်လေးဆက်ဆံရေးတောင်မဟုတ်ဘဲ မျိုးဆက်နှစ်ဆက်ကြားကဆက်ဆံရေးဖြစ်လုမတတ်ပဲလေ… ဟားဟား.."


သူမ၏အဖြေကြောင့် သတင်းထောက်များမှာ ခဏမျှရယ်လိုက်မိကြသည်။ သို့သော်လည်း ကံမကောင်းစွာဖြင့် သူမကိုထိုအတိုင်းလွှတ်ပေးခဲ့ခြင်းမရှိဘဲ ဆက်မေးလာသည်


 " ကျွန်တော်တော့ ဇာတ်ကားကအဖွဲ့သားတွေရဲ့ဆက်ဆံရေးက အလွန်ကောင်းတယ်လို့တွေးမိပါတယ်… မနေ့တုန်းကဆို ဝေ့ပေါ်မှာ အချင်းချင်းFollowလိုက်ကြ‌တယ်နော်…ဒါပေမယ့် မင်းတစ်ယောက်တည်းကသာ ရှင်းချန်ကို Follow မလုပ်ထားဘူးပဲ… မေ့များသွားတာလား…"


" ဒါက…." ယန်းလောနန် ခဏမျှတုန့်ဆိုင်းသွားရသည်။ ထိုစဉ် သူမ၏အေးဂျင့်မှ အကြည့်တစ်ချက်ပေးလာသည့်အတွက် သူဆိုလိုချင်သည့်အရာကို နားလည်သွားသောကြောင့် သူမပြန်ဖြေလိုက်သည်


 " ရိုက်ကူးရေးကို မသက်ရောက်စေဖို့အတွက် ကျွန်မရဲ့ဝေ့ပေါ်ကို အေးဂျင့်ကပဲစီမံပေးနေခဲ့တာလေ…သူတစ်ခုခုလွတ်သွားမိတယ်လို့တော့ထင်တာပဲ… ပြန်ရောက်တဲ့အခါကြ စစ်ကြည့်လိုက်ပါ့မယ်…"


အပြစ်တင်မှုကို အခြားတစ်ယောက်စီသို့ပို့လိုက်ပြီဖြစ်သောကြောင့် သတင်းထောက်မှာ ဆက်မေးနေစရာမရှိတော့ပေ။ သို့သော်လည်း ယန်းလောနန်၏တုန့်ဆိုင်းနေမှုကပင် သူတို့နှစ်ဦးကြားအခြေအနေအတွက် ရေးရန်သတင်းတစ်ခုဖြစ်နေပြီဖြစ်သည်။


သတင်းထောက်များမှ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ချီရှင်းချန်ဘက်သို့လှည့်၍ မေးလိုက်ကြသည် " ရှင်းချန် မနေ့ကလောနန်ကျဲက မင်းကိုfollowမလုပ်မိတော့ ဝမ်းနည်းနေပြီလား…"


" လော့နန်ကျဲ ကျွန်တော့်ကိုfollowမလုပ်လည်းရပါတယ်…" ချီရှင်းချန် နောက်ပြောလိုက်သည်


 " ဒါပေမယ့် ဖုန်းနျို့က လျန်ရှောင်လုံကို follow မလုပ်ရင်တော့ လျန်ရှောင်လုံ တကယ်ကြီးငိုမိလိမ့်မယ်…"


ဖုန်းနျို့မှာ ဇာတ်ကားထဲရှိ ယန်းလောနန်၏အမည်ဖြစ်ပြီး လျန်ရှောင်လုံမှာမူ ချီရှင်းချန်သရုပ်ဆောင်ရမည့်ဇာတ်ကောင်ဖြစ်သည်။


ချီရှင်းချန်မှ စကားအနည်းဖြင့် ခေါင်းစဉ်ကို မီးခိုးရောင်လမ်းစီပြန်လှည့်လိုက်သည်ကို မြင်လိုက်ရသည့်အတွက် သတင်းထောက်များမှာ မနေနိုင်ဘဲ စိတ်ထဲတွင်သာကြိတ်၍ မျက်လုံးလှန်မိသွားကြသည်။ မည်သို့ပင်ဆိုစေကာမူ ဤအခြေ‌အနေတွင် သူတို့မေးခွန်းများဆက်မေးရန်သာ တတ်နိုင်ကြလေသည်။


တာအိုဆရာကြီးမှ မနက်ဖြန်ရိုက်ကူးရေးစမည့်အချိန်မှာ နေ့လယ် တစ်နာရီခွဲအချိန်တွင်ဖြစ်မည်ဟု တွက်ချက်ပေးလိုက်သည်။ သတင်းထောက်များပြန်သွားကြပြီးနောက် အချိန်မှာ ညနေလေးနာရီထိုးနေပြီဖြစ်သည်။


ဤနေရာ၏ဆောင်းရာသီမှာ စောစီးစွာမှောင်တတ်သောကြောင့် ကောင်းကင်တွင် ကြယ်အချို့ပင် ထွက်ပေါ်နေပြီဖြစ်သည်။ တရားဝင်ရိုက်ကူးရေးမှာ မနက်ဖြန်မနက်တွင် စတင်မည်ဖြစ်ရာ ဒါရိုက်တာကျိုးမှ ယနေ့တွင် ညဘက်ရိုက်ကူးရန်များကို မစီစဉ်တော့ပေ။


သရုပ်ဆောင်များ ဟိုတယ်သို့မပြန်မီ ဒါရိုက်တာကျိုးမှ စိတ်ဓာတ်မြင့်တင်ရေးစည်းဝေးပွဲအသေးတစ်ခုကို လုပ်ဆောင်လိုက်သည်။


" ဆောင်းတွင်းမှာရိုက်ကူးရေးလုပ်ရတာ ခက်ခဲပြီးတော့ ရွာအခြေအနေကလည်း မကောင်းတော့ မနက်ဖြန်ကစပြီး အားလုံးအတွက် ကြမ်းတမ်းတဲ့တိုက်ပွဲတစ်ခု ဖြစ်လာလိမ့်မယ်…" ဒါရိုက်တာကျိုးမှ ပွင့်ပွင့်လင်းလင်းပြောလာသည် " ကျွန်တော်ကတော့ လူတိုင်းကို အရည်အသွေးအပြည့်နဲ့အချိန်မီရိုက်ကူးနိုင်အောင် အကောင်းဆုံး‌ကြိုးစားပေးကြမယ်လို့ မျှော်လင့်မိပါတယ်…လောနန် ရှောင်ချီ မင်းတို့ရဲ့အခန်းတွေက မနက်ဖြန်ကြရင် အပြင်ဘက်မှာရိုက်ရမှာဆိုတော့ နွေးနွေးထွေးထွေးနေကြဖို့ သတိရပါ…"


ယန်းလောနန် : " ဟုတ်ကဲ့ နားလည်ပါပြီ…"


" လောနန် ဒီအတော်အတွင်း ရှောင်ချီကို ဂရုစိုက်ပေးပါဦး…" ဒါရိုက်တာကျိုးမှ ဆက်ပြောလာသည် " ရှောင်ချီက မင်းလိုအတွေ့အကြုံမရှိသေးဘူးဆိုတော့ စီနီယာတစ်ယောက်အနေနဲ့ သူနဲ့အတူသရုပ်ဆောင်ရတဲ့အခါကြရင် ပိုပြီးအာရုံစိုက်ပေးဖို့လိုလိမ့်မယ်…ရှောင်ချီကို ဇာတ်ကောင်ထဲမြန်မြန်ဝင်နိုင်အောင် ကူပေးလိုက်ပါဦးနော်…"


သရုပ်ဆောင်နှစ်ဦးအကြားတွင် ဇာတ်ကောင်တွင်းသို့ ဝင်ရောက်ခြင်းမှာလည်း မတူညီသောသရုပ်ဆောင်စွမ်းရည်မျိုးပင်ဖြစ်သည်။ အကယ်၍ ကွာဟမှုမှာ လွန်စွာကြီးမားနေပါက တစ်ယောက်မှာ အခြားတစ်ယောက်၏ရိုက်ကွက်အပေါ် ကိုင်တွယ်နိုင်မည်မဟုတ်ပေ။


မည်သို့ပင်ဆိုစေကာမူ ရိုက်ကူးရေးတွင် ပါဝင်လိုက်ပြီဆိုကတည်းက လူတိုင်းမှာ ပိုကောင်းသည့်အလုပ်ကို ချပြနိုင်ရန်ဟူသောရည်မှန်းချက်တစ်ခုကိုသာ ထားရှိကြပြီးဖြစ်သည်။ ထို့ကြောင့် ချီရှင်းချန်ကို ဖိအားများစွာမပေးမိစေရန်အတွက် မနက်ဖြန်ရိုက်ကူးရေးတွင် များစွာဝင်မပါတော့ပါဟု ယန်းလောနန် တိတ်တဆိတ်ဆုံးဖြတ်လိုက်မိသည်။


ဘယ်လိုပဲဖြစ်ဖြစ် သူရဲ့ပထမဆုံးအခန်းကို ခဏခဏပြန်ရိုက်နေရခြင်းမှာ ကောင်းမွန်သည့်အရာတစ်ခုတော့ မဟုတ်နေခဲ့ဘူးလေ…


အခြားသရုပ်ဆောင်များက မနက်ဖြန်ရိုက်ကူးရန်ပြင်ဆင်ရန် ဟိုတယ်သို့ပြန်သွားသော်လည်း ချီရှင်းချန်က မပြန်ပေ။ သူက အန်းရန်ကို လျှပ်စစ်စကူတာငှားရန် အကူအညီတောင်းလိုက်သည်။မနေ့က သူ မြို့ထဲကလမ်းတွေကို သူ ခြေထောက်ကို သုံး၍ဖြတ်ကူးခဲ့ပြီးယနေ့ စကူတာကို သုံးခဲ့သည်။


ပထမတုန်းက စကူတာစီးရသည်က ပင်ပန်းသည်ဟု မထင်မိပေ။သို့ပေမဲ့ ဓားသွားကဲ့သို့သော မြောက်လေက မျက်နှာနှင့် လက်များကို နာကျင်လာစေသည့်အခါနှင့်ရေခဲပြင်ပေါ် ချော်လဲပြီး အကြိမ်အနည်းငယ် ပြုတ်ကျလုနီးပါး ဖြစ်သည့်အခါ ပစ္စည်းပို့သမားများ၏ နာကျင်မှုကို သူ နားလည်လာခဲ့သည်။ဟိုတယ်ပြန်ရောက်သောအခါ ရေနွေး ရေချိုးကန်ထဲမှာ နာရီဝက်နီးပါး စိမ်ထားသည်။၎င်းနောက် မျက်နှာသုတ်ပုဝါတစ်ထည်ကို ကိုင်ကာ တစ်ကိုယ်လုံးကို သုတ်လိုက်သည်။ ရုတ်တရက် သူသတိရသွားသည်။


မနေ့က ပိုင်ရဲ့က သူ့ကို ကြည့်ရသည်ကို ကြိုက်သည်ဟု ပြော၏...


ဓာတ်ပုံရိုက်သည်ကိုခွင့်မပြုပေမဲ့ ဗီဒီယိုကောလ်အတွင်းမှာ အဝတ်အစားချွတ်၍ သူ့ကိုပြ၍ရသည်ဟုလည်း ဆိုခဲ့သည်။


ချီရှင်းချန်၏ လှုပ်ရှားမှုများ တဖြည်းဖြည်း နှေးကွေးလာသည်။ထိုသို့ပြောတုန်းက ပိုင်ရဲ့၏ လေသံကို သူ့စိတ်က မတွေးမိဘဲ မနေနိုင်။


သူက တကယ် တကယ်ကို ပိုင်ရဲ့ကိုပျော်စေချင်သည်၊ပျော်အောင်လုပ်ပေးချင်သည်။


သူ့စိတ်ပိုင်းဖြတ်လိုက်သကဲ့သို့ ရေက သုတ်ပြီးသွားသည်။ မနေ့ညကလိုပဲ သူညဝတ်ဘောင်းဘီတစ်ထည်သာဝတ်ပြီး အပေါ်ပိုင်းဗလာဖြင့် အိပ်ရာထဲဝင်လိုက်သည်။ထို့နောက် ပိုင်ရဲ့ထံ စာတစ်စောင် ပို့လိုက်သည်။


ပိုင်ရဲ့က ဟမ်တျန်းတွင် ဧည့်သည်သရုပ်ဆောင်အခန်းကဏ္ဍအသေးလေးတွင် ပါဝင်ပြီးထားသောကြောင့် ရုပ်ရှင်ဒါရိုက်တာက သူ့ကို သဘာဝအတိုင်း တစ်ဝိုင်းကျွေးချင်နေသည်။ပိုင်ရဲ့ ငြင်းဆန်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါချေ။ သူ ရုပ်ရှင်စတူဒီယိုအနီးရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် အမျိုးသားဇာတ်ဆောင်၊ လက်ထောက်ဒါရိုက်တာနှင့် အခြားလူခုနစ်ဦး သို့မဟုတ် ရှစ်ဦးခန့်နှင့်အတူ ဝင်ရောက်လာခဲ့သည်။


ထိုင်ပြီး အစားအသောက် မှာယူကြပြီးနောက် အားလုံးက နိုင်ငံတကာ အလေ့အကျင့်အတိုင်း အချင်းချင်းမြှောက်ပင့် ကြသည်။ပိုင်ရဲ့ ခဏလောက် ငြိမ်သက်စွာ နားထောင်နေခဲ့သည်။ ရုတ်တရက် သူ့ဖုန်းက တုန်ခါသွားသည်။သူ တစ်ချက်ကြည့်လိုက်ရာ ဖန်လေးဆီမှ မက်ဆေ့ချ်တစ်ခုဖြစ်နေသည်။


ဒါရိုက်တာက သူ့ဘေးမှာ ထိုင်နေ၍ ၎င်းကို သူကြားပြီး ကျစ်ခနဲပြုသည်။

"ရှောင်ပိုင် ငါတို့ မတွေ့တာကြာပြီ... အရေးမကြီးတဲ့ကိစ္စတွေကို ဘေးဖယ်ထားပြီး မင်းအစ်ကိုကို အချိန်ပိုပေးစမ်းပါ"


"အရေးကြီးတယ်" 

ပိုင်ရဲ့က မော့ပင်မကြည့်ဘဲ ပြောလိုက်သည်။


"အဲသလောက် အရေးကြီးလား...မင်းငါ့ကိုလာမတွေ့တာ နှစ်နှစ်ရှိပြီ"


"ကိစ္စတွေ အရေးမကြီးပါဘူး...ဒါပေမဲ့ လူက ပိုအရေးကြီးတယ်"


ပိုင်ရဲ့က ဒါရိုက်တာနှင့် စကားပြောရင်း မက်ဆေ့ကို ဖွင့်လိုက်သည်။


ရှင်းရှင်း:[ဗီဒီယိုကောလ်ပြောလို့ ရလား]


ပိုင်ရဲ့အချိန်ကို ကြည့်လိုက်သည်။ ညကိုးနာရီကျော်နေပြီဖြစ်၏။ ဒါရိုက်တာက အရက်ချိုးဖြစ်သည်၊ ညစာစားပွဲက ဘယ်အချိန်မှပြီးမလဲဆိုသည်ကို ဘယ်သူမှမသိနိုင်ပေ။ ခဏလောက်စဉ်းစားပြီး ထကာ သန့်စင်ခန်းထဲဝင်လိုက်သည်။ WeChat တွင် အကြောင်းမပြန်ဘဲ ဗီဒီယိုခေါ်ဆိုမှု တောင်းဆိုချက်ကို တိုင်ရိုက်ပေးပို့ခဲ့သည်။


ဖန်လေးက သူ့ကိုစောင့်နေခြင်းဖြစ်မည်။ဖုန်းကို ချက်ချင်းဖြေသည်။


သူပထမဆုံးမြင်လိုက်ရသည်က အပြာနုရောင်အိပ်ယာ။ ထို့နောက် ခေါင်းအုံးပေါ်မှီကာ ခပ်လျော့လျော့ထိုင်နေသော လူကို မြင်လိုက်ရသည်။ပိုင်ရဲ့ အံ့သြသွားသည်။ 

"ဒီလောက်အစောကြီးအိပ်တာလား"


"မဟုတ်ဘူး...မဟုတ်ဘူး" 

သူနှင့်မျက်နှာချင်းဆိုင်ရှိလူက သူ့အကြည့်ကို ရှောင်လိုက်သည်။ 

"ဘာမှလုပ်စရာမရှိရင် အိပ်ရာဝင်ပြီး အနားယူသင့်တယ်လေ"


"မနက်ဖြန် စပြီး ရိုက်ကူးတော့မှာ ဆိုတော့...ဒီနေ့ စောစော အိပ်ရာဝင်ပြီး အားပြည့်အောင်လုပ်မလို့"


"ကောင်းပြီ ကိုယ်သိပြီ"


ပိုင်ရဲ့ တစ်ဖက်လူ တစ်ခုခုမှားနေမှန်းပင်ကိုယ်စိတ်က သိလိုက်သည်။ သူစကားပြောသည့်အခါ စကားထစ်နေပြီး မျက်လုံးတွေက ဟိုကြည့်သည်ကြည့်ဖြစ်နေ၏။ သူထိုင်နေသည့် အနေအထားက ပေါ့ပေါ့ပါးပါးရှိပေမဲ့ လက်နှစ်ဖက်က ကြွက်သားတွေက အနည်းငယ်တင်းမာတေပြီး စိတ်လှုပ်ရှားနေသလိုမျိုး ဖြစ်နေသည်။


အရေးကြီးဆုံးက စောင်ကို လည်ပင်းအထိ ဆွဲတင်ပြီး တင်းတင်းကြပ်ကြပ် အုပ်ထားခြင်းပါပင်။ ဖုန်းကိုကိုင်ရန် လက်သေးသေးလေး နှစ်ဖက်ကိုပဲ ထုတ်ထားသည်။


မြောက်ပိုင်းရှိ ဟိုတယ်များက အပူရှိန်ပြင်းလာသဖြင့် ဤအဆင့်အထိ မအေးတော့သည်မှာ သေချာသည်။ပိုင်ရဲ့ မျက်မှောင်ကြုတ်ပြီးမေးလိုက်သည်။


 "ဖျားနေတာလား"


ချီရှင်းချန်က အမြန်ရှင်းပြ၏။

"မဖျားပါဘူး"


"ဒါဆို ဘာလို့ ကိုယ်ကို့ကိုယ် ဒီလောက် ဖုံးထားတာလဲ" 

ပိုင်ရဲ့ ခန့်မှန်းလိုက်သည်။ 


"ဟိုတယ်မှာ အပူပေးစက် ပျက်နေတာလား"


"မဟုတ်ဘူး" 

ချီရှင်းချန် အံကြိတ်ကာ အခိုင်အမာပြောလိုက်သည်။ 

"ကျွန်တော် ကောကို ပြစရာတစ်ခုရှိတယ်" 


ပိုင်ရဲ့ ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိသွားသော်လည်း သူစကားမပြောမီတွင် တစ်ဖက်လူက မျက်လုံးများကို တင်းတင်းမှိတ်ကာ သူ့လက်ကို မြှောက်ပြီး စောင်ကို မလိုက်သည်။


ဓာတ်ပုံထဲတွင် ပိုင်ရဲ့ ဖန်လေး၏ နောက်ကျောကိုသာ မြင်ဖူးသည်။ ယခုအခါ တောက်ပသော ချယ်ရီပွင့်လေး နှစ်ပွင့်နှင့် ပိန်သွယ်လွန်း၍ အနည်းငယ်ထင်းထွက်နေသော နံရိုးများပါဝင်သည့်အရှေ့ပိုင်းမြင်ကွင်းက လော့ပွင့်၍လာသည်။

 

ကုတင်ပေါ်၌ ကိုယ်တစ်ပိုင်းကိုယ်လုံးတီးဖြစ်နေသောဖန်လေးကိုမြင်ရသည့်က ခံစားချက်က မနေ့က ဆိုဖာပေါ်ရှိ ခံစားချက်နှင့် လုံးဝတခြားစီဖြစ်လေသည်။ပိုင်ရဲ့၏ မျက်ခွံများ လှုပ်ယမ်းသွားပြီး သူ့အသံမှာ အနည်းငယ် အက်ရှသွားသည်။ 


"ပေါင်ပေ့ ကိုယ့်ကိုလာမစွနဲ့... ကိုယ်အပြင်မှာရောက်နေတာ"


ချီရှင်းချန် အံ့အားသင့်သွားပြီး မျက်လုံးဖွင့်လိုက်သည်။


 သူ ရှက်သောကြောင့် ပိုင်ရဲ့ကို မကြည့်ဝံ့ခဲ့ပေ။ ထုံးစံအတိုင်း သူဗီဒီယိုကောလ်ချိတ်ဆက်ပြီးသောအခါတွင် ပိုင်ရဲ့၏ပတ်ဝန်းကျင်ကို သတိမထားမိခဲ့ပေ။ပိုင်ရဲ့၏ အနောက်မှာ လက်ဆေးရည်၊ မှန်တစ်ချပ်နှင့် "ကျေးဇူးပြုပြီး သင်၏ပစ္စည်းများကို ဂရုစိုက်ပါ" ဆိုသည့် စားသောက်ဆိုင်ဆိုင်းဘုတ်တစ်ခုဖြစ်ကြောင်း အခုမှ သူ သတိထားမိသွား၏။


ခုနက ရှက်သည်ဆိုလျှင် ယခုမူ အရှက်ကွဲနေပြီဖြစ်သည်။ချီရှင်းချန် အမြန်ရှင်းပြလိုက်၏။ 


"တောင်းပန်ပါတယ်...အစားစားနေမှန်း မသိလို့"


"ရပါတယ်... အဝတ်အစားအရင်ဝတ်ဦး"


ထို့နောက်တွင် ပိုင်ရဲ့က ဗီဒီယိုကောလ်ကိုမချဘဲ ဖုန်းကို အိတ်ကပ်ထဲထည့်ကာ သီးသန့်ခန်းသို့ ပြန်သွားခဲ့သည်။


စခရင်က မည်းသွားသည်။ချီရှင်းချန် သူ့အဝတ်အစားများကို နာခံစွာဝတ်ကာ စောင်အောက်သို့ ပြန်ဝင်သွားသည်။ ငိုချင်သော်လည်း မျက်ရည်ကမကျ။


ပိုင်ရဲ့ အလုပ်များနေသလားလို့ မမေးဘဲ သူ့အဝတ်အစားတွေကို ချွတ်လိုက်ရင် ပိုင်ရဲ့ သူ့ကို မသိတတ်ဘူးလို့ ထင်မှာလား...


ပိုင်ရဲ့က သူ့ကို ဗီဒီယိုကောလ်ခေါ်ဖို့ သန့်စင်ခန်းထဲဝင်တာ ဖြစ်မယ်...တစ်ကြိမ် နှစ်ကြိမ်လောက်က အဆင်ပြေပေမဲ့ အချိန်ကြာကြာ ဆက်သွားရင် စိတ်အနှောင့်အယှက် ဖြစ်မှာ မဟုတ်လား...


ချီရှင်းချန် ထိုအကြောင်းကို ပိုတွေးလေလေ၊ သူက ကြောက်စရာကောင်းသော လူတစ်ယောက်ဟု ပိုခံစားရလေလေဖြစ်သည်။ သူ ဗီဒီယိုကောလ်ကို ချလိုက်ပြီး ပိုင်ရဲ့ကို အနှောင့်အယှက်မဆက်ပေးတာ့ဘဲနေချင်သည်။ သို့သော် ယနေ့တွင် စကားအနည်းငယ်ပဲပြောရသေးသဖြင့် သူ ဖုန်းမချချင်ပေ။


ထို့အပြင် ပိုင်ရဲ့က ဗီဒီယိုကောလ်ကို မချသောကြောင့် သူ ၎င်းကို ခွင့်ပြုချက်မရှိဘဲမချဝံ့ပေ။


ကုတင်ပေါ်တွင် လှဲလျောင်းရင်း မျက်လွှာချကာ တစ်ဖက်မှ စကားသံများကို နားထောင်လိုက်သည်။ ပထမ ဆုံး လူစိမ်းတစ်ယောက်၏အသံဖြစ်၏။ 

"ဘာလို့ ဒီလောက်ကြာနေတာလဲ...လာထိုင်ပါ...ဟင်းပွဲတွေ အကုန်ရောက်နေပြီ"


ထို့နောက် ပိုင်ရဲ့ကဆိုသည်။ "တောင်းပန်ပါတယ်...အရေးတကြီးကိစ္စရှိလို့ အရင်ပြန်သွားရမယ်"


လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ 

"ဘာအရေးကြီးကိစ္စရှိလို့လဲ...ပိုင်လောင်ရှီးက ငါတို့ကို မတူဘူးမတန်ဘူးထင်နေတာလား"


"တကယ် အဲဒီလို မဟုတ်ပါဘူး" 

ပိုင်ရဲ့က သူ့လေကာအင်္ကျီကိုဝတ်ရင်း တောင်းပန်လိုက်သည်။ 


"ကျွန်တာ့်သခင်လေး တစ်ခုခုဖြစ်နေလို့ ကျွန်တော်ပြန်သွားရမယ်...မနက်ဖြန်နေ့လည်ကျ ကျွန်တော် ဒကာခံပါ့မယ်...ကြိုက်တဲ့ စားသောက်ဆိုင်ကို ရွေးလို့ရပါတယ်...အဲ့ဒီအခါမှ ကျွန်တော် လူတိုင်းကို တောင်းပန်ပါ့မယ်"


ယနေ့ခေတ်တွင် လူများစွာတို့သည် ၎င်းတို့၏ အိမ်မွေးတိရစ္ဆာန်များကို "သခင်" ဟုခေါ်ကြသည်။ ထို့ကြောင့် မည်သူမျှ အများကြီး မစဉ်းစားခဲ့ဘဲ စကားအနည်းငယ်ရေရွတ်ကြသည်။ 


"မင်းမှာ ကြောင်တစ်ကောင်ရှိတယ်လို့ ငါမကြားမိပါဘူး...မင်းမွေးထားတာ ဘယ်လိုကြောင်မျိုးလဲ... မနက်ဖြန် ကြည့်ရအောင် " 


" ငါတို့ ဒါရိုက်တာကျိုက်ရဲ့ ညစာစားပွဲမှာ မင်းက သတ္တိရှိရှိ မတ်တပ်ထရပ်လိုက်တယ်ဆိုတော့... မင်းရဲ့သခင်နဲ့ နက်နဲတဲ့ဆက်ဆံရေးရှိရမယ်"


"ဆက်နေဖို့မတောင်းဆိုတော့ပါဘူး"


ပိုင်ရဲ့ သူက တကယ် ကြောင်ပေါက်ကလေးပဲလေဟု သူ့ဘာသာသူတွေးလိုက်သည်။ဒါရိုက်တာကို နှုတ်ဆက်ပြီး သီးသန့်ခန်းထဲက ထွက်လာခဲ့၏။


ဒရိုင်ဘာနှင့်အားလွင်တို့က ကားထဲတွင် စောင့်နေကြသည်။သူ ကားထဲ အမြန်ဝင်ပြီး လက်ကိုင်ဖုန်းကို ထုတ်လိုက်သည်။


ခုနက သူ့ကိုယ်သူ ရဲရင့်စွာ "ပြသ" လာသည့် အမာခံဖန်လေးက ယခု ဘောလုံးတစ်လုံးကဲ့သို့ ကျုံ့ကျုံ့လေးရှိနေသည်ကို သူမြင်လိုက်ရ၏။အားနည်း၊ သနားစရာကောင်းပြီး အကူအညီမဲ့၍နေသည်။


ပိုင်ရဲ့ မတတ်နိုင်ဘဲအမိန့်ပေးလိုက်ရသည်။

"ထထိုင်"


စခရင်က တဖန်ပြန်ပြီးလင်းလာပြီး ချီရှင်းချန် ဝှစ်ခနဲ ထထိုင်လိုက်သည်။ပုဆစ်တုပ်ထိုင်ကာ သူ၏တင်ပါးက သူ၏ခြေသလုံးများပေါ်တွင် ရှိနေပြီး သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းက မတ်မတ်ရှိနေသည်။


"…" 

ပိုင်ရဲ့ ပို၍ပင်မတတ်သာသွားရသည်။ "ဘာလို့ အဆုံးမခံနေရသလိုလုပ်နေတာလဲ...ကိုယ် ဒေါသထွက်နေတယ်ထင်လို့လား"


ချီရှင်းချန်က ဘာမှပြန်မပြောပေ။သူပြောသည်ကို သဘောတူမှန်း ထင်ရှား၏။


ထိုအချိန်တွင် အားလွင်တစ်ယောက် အနောက်ခုံမှ အသံကြားလိုက်ရသဖြင့် သိချင်စိတ်ဖြင့် ခေါင်းကို လှည့်ကြည့်လိုက်သည်။ သူ့ဘော့စ်က ဗီဒီ

ယိုကောလ်ပြောရသည်ကိုမကြိုက်ပေ၊ အချိန်ဖြုန်းသည်ဟု ထင်လေသည်။ သူဖုန်းဆက်သည့်အခါတွင်ပင် ကိစ္စတွေကို စကားလုံးအနည်းငယ်နှင့် ရှင်းရှင်းလင်းလင်း ရှင်းပြတတ်သည်။ ယခုလိုစကားပြောသည်က အတော်ရှား၏။