Chapter 126
သူ နားစွင့်နေလိုက်သည်။ပိုင်ရဲ့က ဆက်ပြောလေ၏။
"ကိုယ့်ကို ဒေါသထွက်လွယ်တယ်လို့ မင်းထင်နေတာလား"
"...မဟုတ်ဘူး"
ချီရှင်းချန်က ဆိုသည်။
"မထင်ပါဘူး"
"ဒါဆို မင်းဘာဖြစ်နေတာလဲ ကိုယ့်ကိုပြော"
ချီရှင်းချန်က သူ့အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူ မလိမ်ဝံ့ပေ။ အမှန်အတိုင်းသာပြောနိုင်၏။
"ကျွန်တော်က အရမ်းဆိုးတယ်လေ"
အားလွင် မျက်တောင်ခတ်လိုက်သည်။ အိုး လက်စသတ်တော့ ဗီဒီယိုထဲက တစ်ဖက်လူက ရှင်းရှင်းကိုး...
ဖန်လေးကို ဘာမှကိုပြောစရာမလိုပေ။ သူဘာတွေတွေးနေလဲ ပိုင်ရဲ့ ချက်ချင်းပဲ ရိပ်မိသွားသည်။ သူ ခိုးနားထောင်နေသည့် အားလွင်ကို ကြည့်လိုက်၏။အားလွင်က မလှုပ်မယက်ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ပိုင်ရဲ့ ၎င်းကို ဘေးဖယ်ထားလိုက်ပြီး သူ့ကိုဆက်နားထောင်ခွင့်ပြုထားလိုက်သည်။
သူ့လက်ထောက်က သူ ရည်းစားရနေမှန်းသိသွားသည်ထက် ဖန်လေးက ပိုအရေးကြီး၏။
သူ့အမာခံဖန်လေးကို သူ မခြောက်ချင်ပေမဲ့ ယခု သူရဲဘောကြောင်သည်ကို မပြောင်းလဲဘူးဆိုလျှင် နောင်မှာ ပိုခက်လာလိမ့်မည်။ပိုင်ရဲ့က တင်းမာသည့် မျက်နှာထားနှင့် အေးစက်စွာပြောလိုက်၏။
"ဟုတ်တယ်...မင်းက ရှုထောင့်တစ်ခုကနေကြည့်ရင် တကယ်ကိုဆိုးတယ်"
မျှော်လင့်ထားသည့်အတိုင်းပင်၊ချီရှင်းချန် သူ့ကိုယ်သူ တွေးလိုက်သည်။ သူ ပိုင်ရဲ့ကို စိတ်ပျက်အောင်လုပ်မိခဲ့သည်။
မမြင်မကန်း မှန်းဆချက်တွေ လုပ်စဥ်က အစဥ်ပြေသည်။ သူ့မှာ မျှော်လင့်ချက်ရေးရေး ရှိသေးသည်မဟုတ်ပါလော။ယခု တစ်ဖက်သား၏ ပါးစပ်ကနေ ကြားလိုက်ရသောအခါ သူ့အနေဖြင့် စိတ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာပြင်ဆင်ပြီးသားဖြစ်ပေငြား..
သူ့လည်ချောင်းထဲမှာ ဆို့နင်လာမိဆဲဖြစ်သည်။သူ့လက်ချောင်းတွေက အိပ်ယာခင်းတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်မိ၏။သူ စိတ်ပျက်အားငယ်မှုရပ်ဝန်းထဲ ကျဆင်းသွားလေပြီ။
ဖန်လေး ငိုတော့မည်ကို မြင်လိုက်ရသောအခါ ပိုင်ရဲ့ သူ့ထက် ပို၍ပင် စိတ်သောကရောက်သွားရသည်။သူက ဆက်ပြောလိုက်၏။
"အဆိုးဆုံးကတော့ မင်းမှာ ယုံကြည်ချက်မရှိဘူး"
အိပ်ယာပေါ်ရှိ အရေးအကြောင်းများက တဖြည်းဖြည်း ပြေလျော့လာသည်။ချီရှင်းချန် အံ့အားသင့်သွားသည်။
"မင်းက ကိုယ့်ကိုကိုယ် နှိမ့်ချလွန်းတယ်...မင်းက မင်းကိုယ်မင်း ကိုယ့်ကို စိတ်ကျေနပ်စေမဲ့ အရာတွေကို အမြဲဖိအားပေး လုပ်ခိုင်းတယ်...အဲဒီနောက် ကိုယ့်စကားတွေကြောင့် အတွေးတွေလွန်ပြီး ကိုယ့်ကို ကြောက်သွားတယ်"
ပိုင်ရဲ့က ခေတ္တရပ်ပြီး အမိန့်ပေးသည်။ "ချီရှင်းချန်...ခေါင်းကို မော့"
ချီရှင်းချန်က ခေါင်းကို ဖြည်းညှင်းစွာမော့လိုက်သည်။ပိုင်ရဲ့၏မျက်လုံးများသည် ထူးထူးခြားခြားလေးနက်နေ၏။ သူက သူ့ကို စိုက်ကြည့်ရင်း စကားတစ်လုံးချင်းစီကိုပြောလေသည်။
"မင်းဒီလို မဖြစ်သင့်ဘူးလေ... မင်းက မင်းရဲ့ ကိုယ်ပိုင်စိတ်ခံစားမှုနဲ့ သက်ရှိလူတစ်ယောက်ပဲ...မင်းက တစ်စုံတစ်ယောက်ရဲ့ အသုံးအဆောင် မဟုတ်ဘူး... မင်းလုပ်ချင်တာလုပ်လို့ရတယ်...တစ်ခုခု မလုပ်ချင်ရင် ကိုယ့်ကိုကိုယ် အတင်းမတိုက်တွန်းနဲ့...မင်းလိုချင်သမျှကို တောင့်တလို့ရတယ်... မင်းကို ကျေနပ်စေနိုင်သရွေ့ ကိုယ် မင်းကို ကျေနပ်နေမှာပဲ"
"မင်းကို စိတ်ကျေနပ်အောင် ကိုယ်အတတ်နိုင်ဆုံးလုပ်ရဖို့ ဘယ်အပိုင်းက ထိုက်တန်လဲလို့ မေးကောင်း မေးနိုင်တယ်...အဲဒီအခါကျ ကိုယ်ပြောချင်တာက မင်းက ရဲရင့်တယ်၊ ကြင်နာတယ်၊ အရှုံးကို ဝန်ခံချင်စိတ်မရှိဘူး... မင်းက ထက်မြက်တယ်၊ ဉာဏ်ကောင်းတယ်၊ကိစ္စတွေကိုရှင်းရှင်းလင်းလင်းကိုင်တွယ်နိုင်တယ်၊ သီချင်းတွေကို မြန်မြန်ဆန်ဆန် သင်ယူနိုင်တယ်၊ ကောင်းကောင်း ကတတ်တယ်၊ မင်းရဲ့ သရုပ်ဆောင်မှုစွမ်းရည်တွေ တိုးတက်လာတယ်... အတိုချုပ်ပြောရရင် မင်းမှာ ကောင်းကွက်တွေ ပြည့်နေတယ်"
"ဒါပေါ့... အရေးကြီးဆုံးက မင်းက အရမ်း ချစ်စရာကောင်းပြီး ချစ်ချင်စရာလေးမလို့ပဲ"
ပိုင်ရဲ့၏အသံက သူ ဆက်ပြောလေလေ နူးညံ့သိမ်မွေ့လာလေလေ ဖြစ်ပြီး နောက်ဆုံးမှာ ချစ်သဲလေးကို ချော့မော့နေသည့်အသံနီးနီးဖြစ်သွား၏။
"မဟုတ်ရင် ကိုယ် မင်းကို ချစ်မိမှာ မဟုတ်ဘူးသိရဲ့လားဟင်"
"မင်းက အရမ်းကောင်းတာကို မယုံဘူးဆိုရင်...ကိုယ့်ရဲ့အကြိုက်(အမြင်)ကိုတောင် မယုံဘူးလား"
ချီရှင်းချန်၏ မျက်လုံးများ မြူဆိုင်းလာပြီး သူဘယ်လိုဖြေရမှန်းမသိခဲ့။
ပိုင်ရဲ့က သူ့ကို လွှတ်မပေးပေ။
"ဟင်..."
"... ယုံတယ်"
ချီရှင်းချန်ကဆိုလိုက်၏။
"ကျွန်တော် ကောကို အယုံကြည်ဆုံးပါပဲ"
ဘုတ်ခနဲသံနှင့်အတူ အားလွင်၏ လက်ထဲမှ အသားမုန့်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ပုံမှန်မဟုတ်သည့် တစ်ခုခုကို သူသိလိုက်ရပုံရသည်။
ငလူး… ဒါက စိတ်လှုပ်ရှားစရာ ကောင်းလွန်းတယ်...
ပိုင်ရဲ့ နောက်မှ အားလွင်ကို သင်ခန်းစာတစ်ခုပေးမည်ဟု ကြံလိုက်သည်။ သူက ကင်မရာကနေတဆင့် ဖန်လေး၏ နှာခေါင်းကို လက်ချောင်းထိပ်ဖြင့် ကုတ်ခြစ်လိုက်သည်။
"ဒီလိုမှပေါ့... မင်းက ကိုယ့်ရည်းစားမဖြစ်ခင် မင်းကိုယ်တိုင် အရင်ဖြစ်ရမယ်"
"အနာဂတ်မှာ မင်းစကားပြောတဲ့အခါ မတွန့်ဆုတ်ပါနဲ့...မင်းတစ်ခုခုလိုချင်ရင် ကိုယ့်ကိုပြောပါ... လက်ဆောင်ပဲဖြစ်ဖြစ် မင်းကိုယ့်ကိုလွမ်းရင်ပဲဖြစ်ဖြစ် ဗီဒီယိုကောလ်ခေါ်ချင်ရင်ပဲဖြစ်ဖြစ် သတိထားနေစရာမလိုဘူး...ကိုယ့်မှာ အရင်းအနှီးတွေ ငွေကြေးတွေ ချို့တဲ့မနေဘူး...ကိုယ့် နှလုံးသားထဲမှာ မင်းက ပထမဦးစားပေးပဲ...ကိုယ့်မှာ အချိန်ပိူရှိသရွေ့ သေချာပေါက်မင်းကို အရင်ဆုံး အဖော်ပြုပေးမှာ"
ပထမဝါကျအနည်းငယ်က ရှုပ်ထွေးပြီး ချေဖျက်ရန် အချိန်လိုအပ်သည်ဟုဆိုရလျှင် နောက်ဆုံးဝါကျများသည်က ရုပ်ဖျက်ထားသော သဲသဲလှုပ်ချစ်မြတ်နိုးမှုများနှင့်ညီလေသည်။
ချီရှင်းချန် သူကတကယ်ကောင်းသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ အနည်းဆုံး ပိုင်ရဲ့၏ နှလုံးသားထဲမှာ သူကောင်း၏။ မဟုတ်လျှင် သူက နံပါတ်တစ် ဦးစားပေး ဖြစ်မှာ မဟုတ်ပေ။
သူ အထက်ဆီးဆန်အောင် ကြိုးစားလိုက်သည်။
"ဒါဆို နေ့တိုင်း ဗီဒီယိုကောလ်ပြောချိန်ကို တိုးပေးဖို့ လျှောက်ထားလို့ရလား"
ပိုင်ရဲ့က ခေါင်းညိတ်လိုက်၏။
"အိုကေ"
ချီရှင်းချန်က လက်ငါးချောင်းကို ဆန့်ထုတ်လိုက်သည်။
"ငါးမိနစ်..."
"ရတယ်"
သူ့လက်ညိုးနှစ်ချောင်းကို ကန့်လန့်ဖြတ်ထားလိုက်သည်။
"ဆယ်မိနစ်..."
"ရတယ်"
"နာရီဝက်...ကျွန်တော်နဲ့ တစ်ချိန်လုံး စကားပြောနေဖို့ မလိုပါဘူး...ဒီအတိုင်း ကောကို ကြည့်နေခွင့်ပေးရင်ရတယ်"
"…အိုကေ"
ပိုင်ရဲ့ ရယ်ရမလား ငိုရမလားမသိဖြစ်နေသည်။
"ဒါပေမဲ့ မအိပ်ဘူးလား"
ချီရှင်းချန် သူ့ကိုယ်သူ တွေးနေမိသည်။ ကောကို တစ်ညလုံးကြည့်ရရင် အိပ်ရတာထက် ပိုအဆင်ပြေတယ်...
မည်သို့ပင်ဖြစ်စေ ပိုင်ရဲ့က ဗီဒီယိုကောလ်ပြောချိန် မည်မျှကြာသည်ကို ဂရုမစိုက်ပါချေ။သူ ယခင်က သူ့အမာခံဖန်လေးကို တစ်ညလုံး ကြည့်မနေခဲ့ဖူးသည်မျိုး မဟုတ်ပေ။သူ ထပ်ပြီး ခေါင်းညိတ်သည်။ ကံကောင်းထောက်မစွာဖြင့် ဖန်လေးက မည်သည့်အချိန်တွင် ရပ်ရမည်ကို သိခဲ့ပြီး နောက်ထပ်မတောင်းဆိုခဲ့ပေ။
သို့သော်… ပိုင်ရဲ့က သူ့အသံကို အားလွင်မကြားနိုင်သော အသံအဆင့်သို့ လျှော့ချလိုက်သည်။
"မင်းကို ကိုယ်သတိပေးစရာတစ်ခုရှိသေးတယ်... နောက်တစ်ခါ မင်းအဝတ်တွေမချွတ်ခင် ကိုယ်ဘယ်ကိုရောက်နေတာလဲ အရင်မေးကွာ...ကိုယ်ဟိုတယ်မှာရှိတဲ့အချိန် မင်းချွတ်ထားရင် အကောင်းဆုံးပဲ...ကိုယ့်ကိုရေအေးနဲ့ချိုးဖိုနေရာလေးတော့ပေး... အဲဒါကို မင်းလုပ်နိုင်လား"
ရေအေး…
ချီရှင်းချန်၏ ဦးနှောက် ပေါက်ကွဲလုမတတ်ဖြစ်သွား၏။ပိုင်ရဲ့က ဘာကြောင့် ရေအးနှင့် ချိုးချင်ရသည်လဲ ဆိုသည်ကို သူ ရုတ်တရက် သဘောပေါက်သွားသည်။
နောက်ဆုံးမှာ ဖန်လေး ပြောင်းလဲသွားပြီဖြစ်သည်။ပိုင်ရဲ့ စိတ်ကောင်းဝင်နေပြီး သူ့ကို ကျီစယ်ချင်သည့်စိတ်နှင့် သူ့စကားတွေက ပိုပိုပြီး တရားလွန်လာသည်။
"ဒါမှမဟုတ် ကိုယ်မင်းကိုတွေ့ဖို့လာတဲ့အခါကျမှ အဲဒီနေရာမှာတင် ကိုယ့်ကိုချွတ်ပြီးပြလို့ရတယ်"
… နေရာမှာတင်လား ...
ချီရှင်းချန်၏ နားရွက်များ နီရဲသွားသည်။
သို့ပေမဲ့ ပိုင်ရဲ့က သူ့ကို ဘယ်လိုပဲ လမ်းညွှန်ခဲ့ပါစေ၊သူက ဘယ်လောက်မာနကြီးအထက်စီးဆန်နေပါစေ ဘယ်တော့မှ မပြောင်းလဲသည့် အရာတစ်ခုကားရှိလေ၏။
သူက ပိုင်ရဲ့ကို ပျော်ရွှင်စေချင်သည်။
ချီရှင်းချန် အံကြိတ်ကာ သဘောတူလိုက်သည်။
"ကောင်းပြီ...ကောလာတဲ့အခါ ကျွန်တော် ကောကို နေရာမှာတင် ချွတ်ပြမယ်... ဒါပေမဲ့ ကော ရေအေးနဲ့ချိုးဖို့ မလိုဘူး...အဲဒါက ကျန်းမာရေးအတွက် မကောင်းဘူး"
"ကျွန်...ကျွန်တော့်မှာ ကွန်ဒုံးနဲ့ ချောဆီ ရှိတယ်...ကျွန်တော် ကောကို ဖြည့်ဆည်းပေးမယ်"
ပိုင်ရဲ့: "…"
ချစ်သူထံမှ ထိုကဲ့သို့သော စကားမျိုးကို မည်သူမျှ မခံနိုင်ကြပေ။ ကံကောင်းထောက်မစွာ၊ သူ ယနေ့တွင် ကုတ်အင်္ကျီရှည်ကို ၀တ်ထားသည်။ပိုင်ရဲ့ ကုတ်အင်္ကျီအနားကို ဆွဲယူလိုက်ပြီး သူ့ခါးနှင့် ခြေထောက်တွေကို ဖုံးလိုက်သည်။
"ဘုတ်"
အားလွင်၏ ပုလဲနို့လက်ဖက်ရည်က အသားမုန့်နှင့်အတူ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူ့အမူအရာက ဖြူလိုက်ပြာလိုက်နီလိုက်ဝါလိုက်ဖြင့် အရောင်အသွေးစုံနေသည်။
ငါးမိနစ်ကြာပြီးနောက် အားလွင်တစ်ယောက် အသက် ၂၇ နှစ်တွင် ကွယ်လွန်အနိစ္စရောက်ခဲ့လေသည်။
"မီးခိုးရောင်လမ်း" ကို ဒီဇင်ဘာ ၆ ရက်တွင် တရားဝင် စတင်ရိုက်ကူးခဲ့သည်။
ပထမဆုံးအခန်းက လျန်ရှောင်လုံ အစားအသောက်လိုက်ပို့သည့်အခန်းဖြစ်၏။ အမျိုးသမီးခေါင်းဆောင် ဖုန်းနျို့ ဆီကနေ ကလေးအလုပ်သမားအဖြစ် ဆက်ဆံခံရပြီး ရဲစခန်းသို့ အတင်းအကြပ် ခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။
တကယ်တမ်းတွင် ပထမဆုံး ဇာတ်ဝင်ခန်းကို မူလက လျန်ရှောင်လုံ၏ တစ်ကိုယ်တော် ဇာတ်ဝင်ခန်းအဖြစ် စီစဉ်ခဲ့သည်။ သို့သော်လည်း ယန်လောနန်အား ချီရှင်းချန်ကို ဦးဆောင်လမ်းပြခွင့်ပေးရန်အတွက် ဒါရိုက်တာကျိုးက ၎င်းအား ဤအခန်းသို့ တမင်တကာ ပြောင်းလဲခဲ့သည်။
ဤသည်က ဒါရိုက်တာကျိုးက ချီရှင်းချန်အပေါ် ယုံကြည်မှုသိပ်မရှိဘူးဆိုသည်ကိုလည်း ပြသနေ၏။
မနက်ခြောက်နာရီတွင် ချီရှင်းချန် မိတ်ကပ်လိမ်းရန် နားနေခန်းသို့သွားခဲ့သည်။ သူ့အသားအရည်ကို ပိုမည်းစေရန်အတွက် ဖောင်ဒေးရှင်းကို မင်းသမီးတွေထက် ပိုကြာအောင် လိမ်းရသည်။
သူ့ ၀တ်စုံကို ၀တ်ဆင်ပြီး ထွက်လာချိန်မှာ ကွမ်သိုက်(မီးလူစားထိုး)က နေရာယူနေသည်။ သူက ကင်မရာအနေအထားချိန်ညှိနေချိန်မှာ ကွမ်သိုက်၏ ပခုံးကို ဖက်ရန် အခွင့်အရေးယူခဲ့သည်။
"မင်းရဲ့ ကြိုးစားမှု အတွက် ကျေးဇူးတင်ပါတယ်...ငါ နောက်က လိုက်ခဲ့မယ်"
အပြင်ဇာတ်ဝင်ခန်းများအတွက် မှန်ကန်သောအလင်းရောင်နှင့် ထောင့်များလိုအပ်ပြီး အချို့သောရိုက်ချက်များကို ကရိန်းစင်ပေါ်ရှိ ကင်မရာဖြင့် အမြင့်မှရိုက်ကူးရန် လိုအပ်သည်။ကင်မရာ အနေအထားကို ချိန်ညှိခြင်းက အချိန်ကုန်လွန်းသည်။ မည်သည့်မင်းသားကမှ ကင်မရာနှင့် ပူးပေါင်းဆောင်ရွက်ရန် လတ်ယားလတ်ယား လျှောက်သွားရန် ဆန္ဒမရှိသလို အလင်းရောင်ရရှိရန် မလှုပ်မယက်ဖြင့် အလင်းရောင်ကို စောင့်ဆိုင်းရန် ဆန္ဒရှိသည့် မင်းသားလည်း မရှိပေ။ ထို့ကြောင့် မီးထိုးအမှုထမ်းအများစုက မင်းသားနေရာကို အစားထိုးရန် လူစားထိုးတစ်ယောက်ငှားရပြီး မင်းသားအား ပြင်ဆင်ရန် အချိန်ပိုပေးရသည်။
ကွမ်သိုက် အံ့သြသွားသည်။သူ့အား "အလုပ်ကြိုးစားသည်" ဟုပြောသော ကင်မရာသမားများနှင့် သူတွေ့ဖူးသော်လည်း သူ့အား "အလုပ်ကြိုးစားသည်" ဟုပြောသော ဇာတ်လိုက်မင်းသားကို သူမတွေ့ခဲ့ဖူးပေ။
"ဒါက ခက်တဲ့အလုပ်မဟုတ်ပါဘူး"
သူအေးခဲနေသောလက်များကို ပွတ်သပ်လိုက်သည်။
"ဒါဆို ကျွန်တော် ဘေးနားကိုသွားပြီး နောက်တစ်ခန်းကို စောင့်နေမယ်"
ပြောပြီးသည်နှင့် သူထွက်သွားတော့မည်ပြုလိုက်၏။ချီရှင်းချန်က သူ့ကို အမြန်တားလိုက်သည်။
"ခဏလေး... ဒါကို ယူလိုက်"
ချီရှင်းချန် သူ့အား အပူပေးလက်အိတ်နှင့် အနွေးထုပ် နှစ်ထုပ် ပေးလိုက်သည်။
"အနွေးထုပ်တွေက ဖိနပ်ထဲမှာ ထည့်ထားလို့ရတယ်... အကြာကြီးရပ်ပြီးရင် ခြေထောက်တွေ ထုံနေမှာပေါ့"
"… အဆင်ပြေပါတယ်"
နောက်ဆုံးတွင်၊ သူက ဝမ်းရေးအတွက် အစားထိုးတစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်းပြုခြင်းဖြစ်၍ အေးခဲနေရန်တန်ပါသည်။ တစ်ယောက်ယောက်ဆီက ဂရုစိုက်ခြင်းမခံရသည်က ဘယ်လောက်ကြာပြီလဲဆိုသည်ကို သူ မမှတ်မိတော့ပေ။သူ စိတ်ထဲအအတော်လေးထိသွားပြီး နှာရှုပ်လိုက်သည်။
"ကျေးဇူးတင်ပါတယ် ချီလောင်ရှီး"
"မလိုပါဘူး... မင်းကိုယ်မင်း နွေးနွေးထွေးထွေးသွားနေချေပါ"
ချီရှင်းချန် လူစားထိုးသမားကို သွားခိုင်းလိုက်ပြီး ကင်မရာခြောက်လုံး၏ အလယ်မှာ ရပ်နေလိုက်သည်။ကရိန်းလက်တံကြီးက ကင်မရာနှင့်အတူ အပေါ်ကို တက်နေသည်။ဒါရိုက်တာကျိုးက သူ့ကိုမြင်သောအခါ အံ့အားသင့်သွားပြီး ဝေါ်ကီတော်ကီကို ထုတ်လိုက်သည်။
"ရှောင်ချီ မင်းဘာလို့ဒီကို တစ်ယောက်တည်းလာတာလဲ... အရမ်းအေးတယ်...နားနေခန်းထဲပြန် ဇာတ်ညွှန်းဖတ်ချေ...ဒါမှမဟုတ် အစ်မလောနန်ဆီသွားလေ"
"ကျွန်တော် ကင်မရာကို ခံစားချင်တယ်"
ချီရှင်းချန်က ဝန်ခံခဲ့သည်။
"လေးငါးလလောက်ကြာအောင် မရိုက်ဖြစ်တော့ သံချေးတက်သွားမှာ ကြောက်တယ်"
ဒါရိုက်တာကျိုး : "ကောင်းပြီ...အခု ကင်မရာက လမ်းတစ်ဝက်မှာ ရောက်နေပြီ...အမှတ်နည်းနည်းတော့ ပြင်ရမယ်... ငါ့ရဲ့ ညွှန်ကြားချက်ကို နားထောင်... အအေးမမိစေနဲ့"
ချီရှင်းချန် သူနားလည်ကြောင်းပြသရန် ခေါင်းညိတ်လိုက်သည်။ ဘေးနားမှာ ဇာတ်ညွှန်း ဖတ်နေသည့် ယန်လောနန်က သူပြောသည်ကို ကြားပြီး နောက်ရိုက်မည့် ဇာတ်ကွက်အတွက် ပို၍ပင် စိုးရိမ်လာ၏။
မိနစ်နှစ်ဆယ်လောက်ကြာသောအခါ ဝေါ်ကီတော်ကီကနေ ဆူညံသံတစ်ခုထွက်လာသည်။
"ယူနစ် 3 နေရာယူထားပြီးပါပြီ... ယူနစ် 5 နေရာယူထားပြီးပါပြီ ...ယူနစ်6 နေရာယူထားပြီးပါပြီ..."
ဒါရိုက်တာကျိုးက မေးလိုက်သည်။ "ပစ္စည်းတွေ ဘယ်မှာလဲ..."
"ဇာတ်ဝင်ပစ္စည်းတွေ အဆင်သင့်"
"ကောင်းပြီ...လောနန် လာ"
ဒါရိုက်တာကျိုးက ပြုံးကာဆို၏။
"ဇာတ်လိုက်နှစ်ယောက်...အခုကနေစပြီး 'မီးခိုးရောင်လမ်း' ကို တရားဝင် စတင်ရိုက်ကူးတော့မှာ ဖြစ်တယ်... ဒါက ငါတို့ ပထမဦးဆုံး အကြိမ် အတူတူ အလုပ်တွဲလုပ်တာဖြစ်တယ်... အပြင်မှာ မင်းတို့ ငါ့အကြောင်း ကြားဖူးလားတော့မသိဘူး...ငါ့ရဲ့ ပင်ကိုယ်စရိုက်က အလုပ်အပြင်မှာ စကားပြောရ အရမ်းလွယ်ပေမဲ့ အလုပ်လုပ်တဲ့အခါမှာ ခေါင်းမာပြီး အလုပ်ကို ပြီးပြည့်စုံအောင် လုပ်ရတာကို နှစ်သက်တယ်...
ဝဘ်ဒရာမာတွေက ဒီလောက် ခက်ခက်ခဲခဲလုပ်ဆောင်ဖို့ မလိုအပ်ဘူးလို့ မင်းတို့ထင်ကောင်းထင်နိုင်ပေမဲ့...ငါပြောချင်တာက ငါက အဲဒါကို သာမာန်ဖျော်ဖြေရေးဝဘ်ဒရာမာအဖြစ် ဘယ်တုန်းကမှ မခံယူဖူးဘူးဆိုတာပဲ...ငါ့စိတ်ထဲမှာတော့ သုံးသပ်ချက်တွေကို ကျော်ဖြတ်ပြီး အနာဂတ်မှာ ကြယ်ပွင့်တွေယြအဖြစ်အဆင့်သတ်မှတ်ခံရနိုင်မဲ့ ကောင်းမွန်တဲ့အလုပ်တစ်ခု...ငါ့နှလုံးသားနဲ့ သွန်းလောင်းပြီးပျိုးထောင်ထားတဲ့ ကလေးတစ်ယောက်ပဲ... မင်းတို့လည်း ငါနဲ့အတူ မြတ်နိုးနိုင်မယ်လို့ ငါမျှော်လင့်တယ်... စိတ်ဆိုးဒေါသထွက်တဲ့အခါ မင်းတို့ ငါ့ကို ခွင့်လွှတ်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်... အဆင်ပြေလား "
စိတ်ပိုင်းဆိုင်ရာအပြင်းအထန်အာရုံစိုက်ရသောအလုပ်ထဲသို့ ညဥ့်နက်နောက်ကျသည်အထိနေရမှုက နောက်ကလိုက်ပါလာသောအခါတွင် ဒါရိုက်တာ အများအပြားက စိတ်သိပ်မရှည်တတ်ကြပေ။ရှန့်ယွီလျန်လိုလူပင်လျှင် ဒေါသထွက်လာသောအခါ ကုလားထိုင်တစ်လုံးကို ကန်ပစ်လိုက်နိုင်သည်။ ထို့ကြောင့် ချီရှင်းချန် ၎င်းကို အလွန်နားလည်သဘောပေါက်ပြီး ဒါရိုက်တာကျိုးအားပြောလိုက်၏။
"'မီးခိုးရောင်လမ်းက ကျွန်တော့်အတွက် ပထမဆုံးအလုပ်ပါ...ဒါက ကျွန်တော့်အတွက်လည်း ထပ်တူထပ်မျှအရေးကြီးပါတယ်... ကျွန်တော်လည်း ဒါကို တန်ဖိုးထားမှာပါ"
ဒါရိုက်တာကျိုး: "ကောင်းတယ်...လာ၊ လူတိုင်းနေရာယူကြ"
"မီးခိုးရောင်လမ်း scene 6 ...take 1...action "
လေအေးက အရိုးတွေ အေးခဲသွားမတတ်တိုက်ခတ်နေပြီး မြို့ထဲက အိမ်သေးသေးလေး၏ ဒုတိယထပ် တံစက်မြိတ်မှာ ရေခဲပန်းဆွဲလေးတွေတွဲလွဲခိုနေသည်။လျန်ရှောင်လုံတစ်ယောက် လမ်းဘေးရှိ မာလာထန့်ဆိုင်တစ်ဆိုင်မှ ဟင်းပွဲယူပြီးသွားသောအခါတွင် ရေခဲပန်းဆွဲတစ်ခုက သူ့ရှေ့ တစ်လက်မခန့် အကွာတွင် ပြုတ်ကျလာ၏။
သူ အတော်လေးလန့်သွားသဖြင့် ပခုံးများတုန်ယင်သွားကာ မှင်တက်နေရင်း ရေခဲပန်းဆွဲကို အကြာကြီး စိုက်ကြည့်နေခဲ့လေသည်။
ထိုအချိန်တွင် မည်သည့်လင်မယား ရန်ဖြစ်နေသည်ကို မသိရသော်လည်း စူးရှသော အမျိုးသမီး အသံက သူ့ကို လက်တွေ့ဆီသို့ ပြန်ခေါ်လာသည်။ ကျိုးနေသည့် ရေခဲပန်းဆွဲကို ခုန်ကျော်ပြီး စကူတာရှေ့ကို အမြန်ပြေးသွားလိုက်သည်။ သူ မာလာထန့်ကို လျှပ်ကာသေတ္တာထဲသို့ ထည့်ကာ ညာဘက်ခြေထောက်ဖြင့် စကူတာပေါ်ခွတက်လိုက်သည်။
ထို့နောက် သော့ကို အကြိမ်အနည်းငယ် လှည့်လိုက်သော်လည်း စကူတာက မလှုပ်ပေ။
သူသော့ကို အကြိမ်အနည်းငယ် ထပ်လှည့်လိုက်ပေမဲ့ စကူတာက မရွေ့သေးပါချေ။
စကူတာပေါ်ကဆင်းပြီး ချွတ်ယွင်းချက်အရင်းအမြစ်ကို ရှာခဲ့သည်။ လှည့်ပတ်ကြည့်သော်လည်း မတွေ့။ သူ့အမူအရာက ပိုပိုပြီး စိုးရိမ်လာပြီး နဖူးမှာ ချွေးအလွှာပါးပါးလေး ပေါ်လာ၏။
နောက်ဆုံးတွင် ဘက်ထရီပြဿနာရှိနေကြောင်း သူတွေ့ရှိခဲ့သည်။ အချိန်အတော်ကြ
ာ ကလိပြီးနောက် စကူတာက နောက်ဆုံးတွင် ရွေ့သွားခဲ့သည်။ သူဦးထုပ်ကို ချွတ်လိုက်ရာ သူ့ခေါင်းပေါ်မှ အဖြူရောင်အငွေ့တွေ ချက်ချင်းထွက်လာသည်။ ရာသီဥတုက အေးနေသဖြင့် သူ့ချွေးဆီက အငွေ့ပူပူတွေက မြူနှင်းမှုန်တွေအဖြစ်ပြောင်းလဲသွားလေသည်။