အပိုင်း ၁၂၇
Viewers 29k

Chapter 127



စကူတာအား ပြင်ပြီးနောက် မျက်နှာကို အင်္ကျီလက်ဖြင့် သုတ်လိုက်သည်။ သူ့မျက်နှာက ကြောင်တစ်ကောင်လို ညစ်ပတ်နေသည်။သူက စကူတာစက်ကို စက်နှိုးပြီး သူ့ဇာတိမြို့က ရိုးရာသီချင်းတစ်ပုဒ်ကို စတင်ရွတ်ဆိုခဲ့သည်။ သူ့ဖုန်းထဲက တည်နေရာကို ကြည့်လိုက်ပြီးနောက် အစားအသောက် ပို့ဆောင်ရမည့် နေရာဆီ အပြေးသွားခဲ့၏။


"ရှေ့ကစကူတာ...ရှေ့က စကူတာ... ကျေးဇူးပြုပြီး အရှိန်လျှော့ပြီး ဘေးနားမှာ ရပ်လိုက်ပါ"


၎င်းကိုကြားသောအခါ လျန်ရှောင်လုံ တစ်ကိုယ်လုံး တုန်ယင်သွားသည်။ စကူတာတွေက ယခုအချိန်မှာ အလွန် တင်းကြပ်စွာ ထိန်းချုပ်ခံနေရသည်။သူ ကုမ္ပဏီ၏စကူတာကို မဆုံးရှုံးချင်ပေ။


ယင်းက သူ့အလုပ်ပြုတ်သည်နှင့် အတူတူပင်ဖြစ်သဖြင့် သူချက်ချင်း အရှိန်မြှင့်လိုက်သည်။


ကံမကောင်းစွာဖြင့်၊ နှစ်ဘီးတပ်စကူတာက လေးဘီးတပ်ကားကို မည်သို့ကျော်နိုင်မည်နည်း။ သုံးမိနစ်လောက်ကြာသောအခါ ရဲမီးရောင်ပါသည့် ဂျစ်ကားက ရုတ်တရက် သူ့ကိုဖြတ်ကျော်သွားပြီး လမ်းဘေးမှာ ရပ်သွားသားည်။


ဖုန်းနျို့က အခင်းဖြစ်ပွားရာမှ ထွက်လာပြီး ပေါ့ပေါ့ပါးပါး အဝတ်အစားများဖြင့် ကားပေါ်မှ ဆင်းလားခဲ့သည်။ သူမက လက်ကို အိတ်ကပ်ထဲထည့်ထားကာ အနက်ရောင် ရဲဖိနပ်ကို ၀တ်ထားသည်။ သူမက ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာပြီး လျန်ရှောင်လုံကို လှမ်းကြည့်လိုက်သည်။ 


"အသက်ဘယ်လောက်ရှိပြီလဲ"


"ဆယ်...ဆယ့်ကိုး" 

ဖုန်းနျို့က ခက်ထန်စွာကြည့်နေသဖြင့် လျန်ရှောင်လုံက သူမကို မကြည့်ဝံ့ဘဲ အထစ်ထစ်အအအပြန်ဖြေလိုက်သည်။


ဖုန်းနျို့က ဒေါသတကြီးဆို၏။

 "အမှန်အတိုင်းပြော"


လျန်ရှောင်လုံ ပို၍ပင် ကြောက်သွားသည်။ 

"...ဆယ့်ကိုး"


"ကောင်းပြီ... မင်းကအမှန်အတိုင်းမပြောချင်ဘူးပေါ့လေ" 


ဖုန်းနျို့က စကူတာဆီသို့ လျှောက်လာပြီး အပူကာသတ္တာကိုဖြုတ်ကာ ဂျစ်ကားထဲသို့ ထည့်လိုက်သည်။ 

"ငါ မင်းကို အစားအသောက် ကူပို့ပေးမယ်...ပြီးရင် မင်း ငါနဲ့အတူတူ ရဲစခန်းကို လိုက်ခဲ့"


"ကဒ်-"


ဒါရိုက်တာကျိုးက လက်မထောင်ပြသည်။ 

"မင်းတို့နှစ်ယောက် သရုပ်ဆောင်တာ အရမ်းကောင်းတယ်ဟေ့... ဒီအခန်း ပြီးသွားပြီ...ရှောင်ချီ မင်းက စကူတာတော်တော်လေးစီးတတ်တာပဲ...ငါမင်းတကယ် စားစရာတွေ ပို့ပေးနိုင်မယ်လို့ ထင်လုနီးပါးပဲ... ဆယ်မိနစ်လောက် အနားယူပါ"


ဒါရိုက်တာ၏ခွင့်ပြုချက်ကိုကြားသောအခါ အချိန်အကြာကြီး ရိုက်ကူးရေး မလုပ်ခဲ့သည့် ချီရှင်းချန် သက်ပြင်းတစ်ချက်ချလိုက်သည်။အန်းရန်က စောင်တစ်ထည်နှင့် ချက်ချင်းရောက်လာသည်။ သူက စောင်ခြုံကာ ယန်လော့နန်ကို ခေါင်းညိတ်ပြပြီး မိတ်ကပ်ပြန်ဖို့ရန် ဦးဆောင်ထွက်လာခဲ့သည်။


ယန်လောနန်က ရှုပ်ထွေးသောအမူအရာဖြင့် သူ့နောက်ကျောကို ကြည့်လိုက်သည်။


အတော်လေးခက်ခဲသည့် ပထမဇာတ်ဝင်ခန်းကို တစ်ဖက်လူက တစ်ကြိမ်တည်းနှင့် ကျော်ဖြတ်နိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။


ဒါရိုက်တာကျိုး သူ့အလုပ်နှင့် သရုပ်ဆောင်တွေအပေါ် အလွန်စည်းကမ်းတင်းကြပ်သည်။ ကြမ်းတမ်းရက်စက်သည်ဟုပင် ခေါ်နိုင်သည်။


အခန်းတစ်ခန်းကို တစ်ခါတည်းနဲပြီးသွားတာက ဘာကို ဆိုလိုတာလဲ...ချီရှင်းချန်ရဲ့သရုပ်ဆောင်မှုက လုံးဝပြစ်ချက်မရှိဘူးလို့ဆိုလိုတာလေ...


အမှန်တွင် သူမ တကယ်လည်း အပြစ်ရှာ၍ မရခဲ့ပါချေ။ကနဦးရှိ ရေခဲပန်းဆွဲကြောင့်ထိတ်လန့်အံ့ဩသွားသည့် သူ၏အသေးစိတ်အမူအရာကနေ စကူတာအား စစ်ဆေးသောအခါတွင် သူ၏နဖူးပေါ်ရှိ ချွေးသီးချွေးပေါက်များအထိ၊ဖုန်းနျို့ကိုမြင်သောအခါ ထိတ်လန့်ခြင်းမှ အကူအညီမဲ့ခြင်းသို့ ပြောင်းလဲသွားခြင်းအထိ၊ ထို့နောက်တွင် မတရားခံရသလိုမကျေမနပ်ခံစားရသည့် ခံစားချက်အထိ...


ချီရှင်းချန်က အခြေအနေကို ကောင်းမွန်စွာ ဆုပ်ကိုင်ထားခဲ့သည်။ပစ္စည်းပို့သမားက လျှပ်စစ်စကူတာကို မည်မျှ လွယ်လွယ်ကူကူစီးသည်ကိုပင် ပြသခဲ့သည်။


ထိုကဲ့သို့ဖြစ်ရန် ကြိုတင်လေ့ကျင့်ထားပြီး ကြိုးကြိုးစားစားလုပ်မှမည်ပင်။


ယန်လောနန် ရုတ်တရက် အနည်းငယ်ရှက်သွားသည်။


ချီရှင်းချန်ကို သူမပထမဆုံးမြင်လိုက်ရသောအခါတွင် သူမ သူ့ကို သူမ၏ဂုဏ်သတင်းအတွက် အလှပန်းအိုးတစ်ခုအဖြစ် အမှန်တကယ်ဆက်ဆံခဲ့သည်ကို ဝန်ခံရမည်ပင်။ သူ့အပေါ်ထားရှိသည့် သဘောထားကလည်း အတော်လေးမဖော်မရွေဖြစ်ခဲ့သည်။


အဓိက အကြောင်းအရင်းမှာ သူမကလတ်ဆတ်သော အသားလေးတွေ လက်ထဲမှာ အများကြီး ဆုံးရှုံးမှုများတွေ့ကြုံခံစားခဲ့ရသောကြောင့်ဖြစ်၏။ သူတို့က သရုပ်ဆောင်စွမ်းရည် ညံ့ဖျင်းပြီး ပရော်ဖက်ရှင်နယ် မဆန်ပေ။ ဒရာမာဇာတ်ကားထဲက လတ်လတ်ဆတ်ဆတ် အသားလေးဆိုလျှင် သူ၏ ဟော့ဟော့ရမ်းရမ်းနေတတ်သော ကိုယ်ပိုင်ဘဝကြောင့် ဖော်ထုတ်ခံလိုက်ရသည်။ယင်းက နှစ်ဝက်ကျော်ကြာအောင် ကြိုးကြိုးစားစားလုပ်ခဲ့သည့် ဒရာမာဇာတ်ကားကိုဆုံးခန်းတိုင်သွားစေခဲ့၏။ အဆုံးတွင် ၎င်းကို ပိတ်ပင်ခဲ့ပြီး ဘယ်သောအခါမှ ထုတ်လွှင့်ခြင်းမရှိခဲ့ပေ။


ယင်းက သူမအလွန်ကြိုက်ရသော ဒရာမာတစ်ကားဖြစ်၏။ ၎င်းသည် သူမ အသက် 30 မတိုင်မီ နောက်တစ်ဆင့်တက်ရန် မျှော်လင့်ထားသည့် ဒရာမာတစ်ခုလည်းဖြစ်သည်။


ယင်းက အတော်လေးနှောင့်နှေးကြန့်ကြာသွားခဲ့သည်။


သို့သော် ဇာတ်ကွက်တစ်ခု သရုပ်ကောင်းသောကြောင့်နှင့် ဇာတ်ကွက်တိုင်း ကောင်းမည်ဟု မဆိုလိုပေ။ယန်လောနန် သူမ၏အကြည့်ကိုပြန်ရုတ်သိမ်းလိုက်ပြီး မိတ်ကပ်ပြန်မွမ်းမံရန် နားနေခန်းသို့ပြန်သွားခဲ့သည်။


ယန်လောနန်တွင် လေးလအတွင်း ရိုက်ကူးရမည့်ဒရာမာတစ်ခုရှိသေးသောကြောင့် အချိန်ရစေရန်အတွက်၊ "မီးခိုးရောင်လမ်း" ၏အစောပိုင်းအပိုင်းအများစုမှာ သူတို့နှစ်ဦးကြားရှိ ဇာတ်ဝင်ခန်းများဖြစ်သည်။


အထူးသဖြင့် ယနေ့ပင်၊ သူတို့နှစ်ဦး ရင်းနှီးကျွမ်းဝင်စေရန်နှင့် အနာဂတ်စိတ်ခံစားမှုပြကွက်များအတွက် အုတ်မြစ်ချရန်ဖြစ်ကောင်းဖြစ်နိုင်သလို ဒါရိုက်တာကျိုးက တစ်ယောက်နှင့်တစ်ယောက် အပြိုင်ဇာတ်ဝင်ခန်များကို တစ်နေကုန်နီးပါး စီစဉ်ပေးခဲ့သည်။


ထိုနေ့မှာပဲ ချီရှင်းချန် အမှားတွေ အများကြီးလုပ်ခဲ့သည်။သို့ပေမဲ့ သူအမှားလုပ်မိသည့်အခါ ဒါရိုက်တာကျိုးက စကားအနည်းငယ်ဖြင့် ရှင်းပြလိုက်ရုံနှင့် သူ့အမှားတွေကို ခပ်မြန်မြန်နားလည်နိုင်၊ ချေဖျက်နိုင်ပြီး ပြင်ပေးနိုင်လေသည်။


ကျန်သည့်အခက်အခဲကမူ သရုပ်ဆောင်ပိုင်းပါပင်။ယန်လောနန်၏သရုပ်ဆောင်စွမ်းရည်ကြောင့် သူ တစ်ခါတစ်ရံတွင် ယန်လောနန်၏ဇာတ်ကွက်များကို မကိုင်တွယ်နိုင်ပေ။


သူဘာလုပ်သင့်လဲ...


အံကြိတ်ပြီး ကြိုးစားအမှီလိုက်ရတာပေါ့...


သူက တိုးတက်မှုကို လုံးဝမနှောင့်နှေးစေခဲ့ပါချေ။သူက ဇာတ်ဝင်ခန်း သုံးခုကိုပင် စောစောစီးစီး ထိန်းချုပ်နိုင်ခဲ့သည်။


ညနေခြောက်နာရီမှာ ဒါရိုက်တာကျိုးက.အလုပ်နားပြီဖြစ်ကြောင်းပြောလာသည်။ချီရှင်းချန် ထုံးစံအတိုင်း သူ့စကူတာဆီ သွားခဲ့သည်။ ဒါရိုက်တာကျိုးက သူ့ကို တားလိုက်သည်။


"ဟေးရှင်းရှင်း...မင်း ဟိုတယ်ပြန်မှာလား"


"လောလောဆယ်တော့ မပြန်သေးဘူး"


"ဒါဆိုလည်း ထားလိုက်ပါတော့" ဒါရိုက်တာကျိုးက ယန်လောနန်ဘက်ကို လှည့်လိုက်သည်။

"လောနန် ဟိုတယ်ကိုပြန်ပါ့လား... ငါ့ကားပျက်သွားလို့... ငါ့ကိုတင်ခေါ်သွားပေးစမ်းပါ့"


ယန်လောနန်က သဘောတူလိုက်သည်။ သူမက ချီရှင်းချန်ထွက်သွားသည်ကိုကြည့်ပြီး ဒါရိုက်တာကျိုးနှင့် ကားထဲကို ဝင်သွားခဲ့သည်။


"မီးခိုးရောင်လမ်း" အဖွဲ့သားများ ကြိုတင်မှာယူထားသော ဟိုတယ်သည် မြို့တွင်းရှိ ရွာနှင့် အတော်လေးဝေးသည်။ ခရီးက မိနစ်လေးဆယ်လောက်ကြာ၏။ တစ်ဝက်တစ်ပျက်မှာပဲ ယန်လောနန်က သိချင်စိတ်ကိုမထိန်းနိုင်ဘဲမေးလိုက်သည်။


"ချီရှင်းချန်က နေ့တိုင်းဒီလိုပဲလား"


ဒါရိုက်တာကျိုးက နားမလည်။ "ဘယ်လိုမျိုးလဲ"


"ဘယ်သွားသွား လျှပ်စစ်စကူတာစီးတာ"


ဒါရိုက်တာကျိုးကဆိုသည်။

"ဪ ဒါလား"

"သူက လွန်ခဲ့တဲ့ နှစ်ရက်လုံးလုံး လျှပ်စစ်စကူတာစီးတာ...တမြန်မနေ့ကဆို လမ်းလျှောက်လာတာ... လေယာဉ်ပေါ်က ဆင်းလာတာနဲ့ အလျင်စလိုရောက်လာတာပဲ...သူက ဒုက္ခခံရဖို့ဒုန်းဆိုင်းနေတာလေ "


ဒါရိုက်တာကျိုးက ပြုံးလိုက်သည်။ “အခက်အခဲတွေကို ခံနိုင်ရည်ရှိတဲ့ မျိုးဆက်သစ် သရုပ်ဆောင်တချို့တလေ ရှိပါတယ်...ဒါပေမဲ့ သူ့လို အခက်အခဲတွေကို ခံနိုင်ရည်ရှိပြီး အလုပ်ကို ကျေကျေနပ်နပ် လုပ်နိုင်တဲ့သူ အများကြီး မရှိဘူး...သူ့ရဲ့ သရုပ်ဆောင်မှုစွမ်းရည် မကောင်းမှာကို အစက ငါကြောက်ခဲ့တာ... ဒါကြောင့် သူ့ကို လေ့ကျင့်ပေးဖို့ အများကြီး ပြင်ဆင်ထားတာ...သူ့ကို ဒီလောက်လွယ်လွယ်နဲ့သင်ပေးနိုင်ဖို့ မမျှော်လင့်ထားဘူး"


ယန်လောနန် ပိုပိုပြီး စိတ်မသက်မသာ ခံစားလာရသည်။


"သူ့မိသားစုအခြေအနေက အတော်လေးကောင်းတယ်နော် ရှင်သိလား"


ရင်းနှီးမြှုပ်နှံသူများနှင့် သရုပ်ဆောင်များ ဆုံးဖြတ်ပြီးနောက် ဒါရိုက်တာကျိုး ချီရှင်းချန်၏ မိသားစုနောက်ခံကို စစ်ဆေးခဲ့သည်။ 


"သူက ချမ်းသာတဲ့ ဒုတိယမျိုးဆက်ရဲ့ အကျင့်ဆိုးတွေနဲ့ ရိုက်ကူရေးအဖွဲ့ဆီ ရောက်လာပြီး စူပါစတားကြီးလိုလိုဘာလိုလို ကြီးကြီးကျယ်ကျယ် လုပ်ရင် ဘယ်လိုလုပ်မလဲဆိုပြီး ငါ သေသေချာချာ စဉ်းစားကြည့်ဖူးတယ်...တကယ်တမ်းကျတော့ ငါ့စိုးရိမ်မှုတွေကအလကားပဲ... သူက ချမ်းသာတဲ့ ဒုတိယမျိုးဆက်လိုမဟုတ်ဘဲ အရပ်သားနောက်ခံနဲ့ သရုပ်ဆောင်ပေါက်စတစ်ယောက်နဲ့ တူတယ်... ဒီနေ့ သူက မီးလူစားထိုးကိုတောင် အပူပေးလက်အိတ် ပေးခဲ့သေးတယ်...ပြီးတော့ သူဘာသူနေရာယူဖို့ ရောက်လာတယ်...ငါ အတော်လေး ကျေနပ်တယ်... ဟေး လောနန် မင်းဘာလို့ ဘာမှ မပြောတာလဲ"


"ဘာမှမဟုတ်ပါဘူး" 

ယန်လောနန်က ပြောလိုက်သည်။

"အစတုန်းက သူက တခြားအသားလတ်လတ်ဆတ်ဆတ်လေးတွေလို ထင်ခဲ့တာ... အဲဒါ ကျွန်မအမှားပါ"


ဒါရိုက်တာကျိုးက ဆိုသည

"အိုး မင်းမှားတာ မင်းသိရင် Weibo မှာ ဘာလို့ သူ့ကိုမfollowလိုက်တာလဲ"


ယန်လောနန်က ခေါင်းယမ်းလိုက်သည်။

"Weibo ကို စီးပွားရေးအတွက် ပလပ်ဖောင်းတစ်ခုအဖြစ် ဘယ်တုန်းကမှ မမှတ်ယူခဲ့ဖူးဘူး...ကျွန်မအတွက်ကတော့ Weiboက ဖန်တွေနဲ့ လုပ်ငန်းတွင်းက လူတွေနဲ့ ဆက်သွယ်ဖို့ နေရာတစ်ခုလိုပါပဲ.. ကျွန်မ followတဲ့လူတွေက အခြေခံအားဖြင့် အရည်အချင်းရှိတဲ့ သရုပ်ဆောင်တွေ...ရှောင်ချီနဲ့က တစ်ရက်ပဲ အလုပ်တွဲလုပ်ရသေးတာ... သူ့ကို ကျွန်မအသိုင်းအဝိုင်းထဲ ထည့်နိုင်မလား မသေချာဘူးလေ"


"မင်းကတော့ တကယ်ပါပဲ..."


၎င်းကိုကြားပြီး ဒါရိုက်တာကျိုး ပြောစရာစကားမဲ့သွားသည်။သို့သော်၎င်းက သူ၏ရွေးချယ်မှုဖြစ်သည်။သူမက Weibo မှာ လူမှုဆက်ဆံရေး မလုပ်ချင်ဘူးဆိုလျှင် သူဘာမှ မပြောနိုင်ပါချေ။


"ဒါပေမဲ့ ကျွန်မရှောင်ချီကို တောင်းပန်လိုက်ပါ့မယ်" 

ယန်လောနန်က ပြော၏။ 

"ဒီတစ်ခါ ကျွန်မ တကယ်ပဲ သူ့ကို အပြစ်တင်မှားခဲ့တယ်"

.......


ထိုညတွင် ချီရှင်းချန် "မီးခိုးရောင်လမ်း" အဖွဲ့လိုက်ချက်ကနေ ယန်လောနန်ထံမှ WeChat သူငယ်ချင်းတောင်းဆိုချက်ကို လက်ခံရရှိခဲ့သည်။


ယန်လောနန် ဘာလုပ်ချင်မှန်း သူမသိသဖြင့် လက်ခံရန်ရွေးချယ်လိုက််သည်။


မကြာခင်မှာပဲ ယန်လောနန်က သူ့ကို တောင်းပန်စာတစ်စောင် ပို့ခဲ့သည်။ [ရှောင်ချီ... ငါ မင်းကို တောင်းပန်ချင်တယ်... လွန်ခဲ့တဲ့ရက်အနည်းငယ်က မင်းကို ငါကောင်းကောင်းမဆက်ဆံခဲ့ဘူး...ဒီနေ့ မင်းနဲ့ တစ်နေကုန် အလုပ်လုပ်ပြီးတဲ့နောက်မှာ မင်းက ငါထင်ခဲ့သလို မဟုတ်ဘူးဆိုတာ ငါသိလိုက်ရတယ်...ကျေးဇူးပြုပြီး ငါ့ရဲ့တောင်းပန်မှုကို လက်ခံပေးပါ]


ချီရှင်းချန် ထိုကိစ္စကို လုံးဝ ဂရုမစိုက်ပေမဲ့ လတ်လတ်ဆတ်ဆတ် အသားလေးတွေ၏ နာမည်ကို ရှင်းပစ်ချင်သည်။ သူက စဉ်းစားပြီး ပြန်ဖြေလိုက်သည်။

[ခင်ဗျားရဲ့ တောင်းပန်မှုကို လက်ခံပါတယ်...ဒါပေမဲ့ နောက်တစ်ခါ စာအုပ်တစ်အုပ်ကို မျက်နှာဖုံးကိုကြည့်ပြီး အကဲမဖြတ်ဖို့လည်း ကျွန်တော် မျှော်လင့်ပါတယ်]


လောနန် : [မင်းတဲ့တွေ့ပြီးနောက်မှာ ငါက ဘက်လိုက်လွန်းတယ်ဆိုတာ ငါသဘောပေါက်မိပါတယ်... ငါ မြန်မြန်ချိန်ညှိမှာပါ]


ယန်လောနန်က ရိုးရိုးသားသား တောင်းပန်ပြီး သူ့စကားကြောင့် စိတ်ဆိုးမသွားသည်ကို မြင်သောအခါ ချီရှင်းချန် အတော်လေးကျေနပ်သွားသည်။ သူ့သဘောထားကို ပြောင်းပြီး ဂျူနီယာတစ်ယောက်အနေဖြင့် သူမနှင့် လာမည့် ဇာတ်ကွက်အကြောင်း ဆွေးနွေးခဲ့သည်။ ထို့နောက် ပိုင်ရဲ့နှင့် တစ်နာရီကြာ ဗီဒီယိုကောလ်ပြောပြီး ပျော်ရွှင်စွာ အိပ်ပျော်သွားခဲ့သည်။


.


ယန်လောနန် နှင့် ပြေလည်သွားသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်၊ ၎င်းတို့သည် နောက်ရိုက်ကူးရေးများ၌ အချင်းပြောဆိုဆက်ဆံရာတွင် အတားအဆီးမရှိတော့သဖြင့် ၎င်းတို့၏အခန်းများက ပိုမိုချောမွေ့စွာပြီးသွားခဲ့သည်။


တစ်ခါတစ်ရံ၊ ချီရှင်းချန် ၏သရုပ်ဆောင်မှာ သွေဖည်သွားသောအခါ ယန်လောနန်က သူမဘက်ကစ၍ သူ့အား ဇာတ်ကောင်၏ စိတ်ခံစားမှုများကို ခွဲခြားသိမြင်အောင်ကူညီပေးပြီး သူ့အား ဇာတ်ကြောင်းဆီသို့ လမ်းညွှန်ပေးတတ်သည်။


ယခုလိုသရုပ်ဆောင်မှုမျိုးနှင့် သရုပ်ဆောင်ရာတွင် ဖိအားတွေရှိခဲ့ပေမဲ့ ခံနိုင်ရည်ရှိပြီးသည့်နောက်မှာ သူ့အရည်အချင်းကပိုတိုးလာခဲ့သည်။ တဖြည်းဖြည်းနှင့် ယန်လောနန်၏ အခန်းတွေကို သူ မကိုင်တွယ်နိုင်သည့် အခြေအနေတွေ နည်းပါးလာသည်ကို သူသတိထားမိလာသည်။တစ်ကိုယ်တော်အခန်းများတွင် သူ့စကား၏အရှိန်နှင့် မျက်လုံအိမ်ရှိ သိမ်မွေ့သောပြောင်းလဲမှုများကိုလည်း ထိန်းချုပ်လာနိုင်သည်။


ဤနေ့မှာ သူ ဇာတ်ညွှန်းကိုကိုင်ပြီး သူ့လက်တွေကို နွေးထွေးစေရန် လျှပ်စစ်အပူပေးစက်ရှေ့မှာ ထိုင်နေစဥ် ဖုန်းက ရုတ်တရက်မြည်လာ၏။


ခေါ်ဆိုသူ ID က ဘေဘီကျားကျစ်ဟု ပြသနေခဲ့သည်။


ယခုအချိန်က ဆောင်းရာသီအားလပ်ချိန်ဖြစ်သဖြင့် စီနီယာအထက်တန်းကျောင်းသားများက နေ့ခင်းဘက်တွင် အတန်းအတွက်အဆင်သင့်ပြင်ဆင်ရလေသည်။ ထို့ကြောင့် အနှီကောင်စုတ်လေးက သူ့ကို အနှောင့်အယှက်ပေးရန် မက်ဆေ့ချ်များ မကြာခဏ ပို့လေ့ရှိသော်လည်း ဖုန်းမခေါ်တတ်ပေ။


ရုတ်တရက်ဖုန်းခေါ်လာသည်က အတော်အရေးကြီး၍ဖြစ်မည်။ချီရှင်းချန် အလျင်အမြန် ကောက်ကိုင်လိုက်သည်။ 

"ဟယ်လို ...ကျားကျစ် ဘာဖြစ်လို့လဲ"


"ကော" 

ချီကျားကျစ်၏ အသံက တုန်ယင်နေသည်။ 

"ထောင်ရွှမ်ရဲ့ အခြေအနေက ပိုဆိုးလာပြီ..."


ပိုဆိုးလာပြီ...


ထောင်ရွှမ်ရဲ့ အခြေအနေက ပိုဆိုးလာပြီလား...


ကျောက်ကပ်ရောဂါကိုယ်၌က ယုတ္တိမတန်ပေမဲ့ ထောင်ရွှမ်က အရင်တစ်ခေါက် သူအိမ်ပြန်ရောက်သည့်အကြိမ်မှာ အဆင်ပြေနေပုံပါပင်။ရုတ်တရက်ကြီး ဘယ်လိုလုပ် ပိုဆိုးလာရတာလဲ...


ယခု အရေးကြီးဆုံးက အကြောင်းရင်းကို ရှာရန်မဟုတ်ပေ။ချီရှင်စချန် ခေါင်းခါပြီး ချီကျားကျစ်ကိုမေးလိုက်သည်။

"ဒါက ဘယ်တုန်းက ဖြစ်တာလဲ...ထောင်ရွှမ် အခု ဘယ်လိုနေလဲ...သူအသက်အန္တရာယ်ရှိလား...ဆရာဝန်က တိုင်ပင်ဖို့ လာခဲ့လား...မင်းရဲ့လျန်ကျင်းကောရောဒီအကြောင်းကို သိလား"


မည်သို့ပင်ဖြစ်စေ သူက ငယ်ရွယ်ပြီး သူ့ပတ်ဝန်းကျင် တစ်ယောက်ယောက် အပြင်းအထန်ဖျားနာသည်ကို တွေ့ကြုံဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်၏။ချီကျားကျစ်၏ နှုတ်ခမ်းများ ဖြူဖျော့နေပြီး သူ့လက်များ တုန်ရီနေသည်။


သူ့အစ်ကိုက မေးလာသောအခါ ပို၍ပင် ထိတ်လန့်သွားတယ်။ တုံ့ပြန်ရန် အချိန်အတော်ကြာခဲ့သည်။ 


"မင်းက ငါ့ကို တတ်နိုင်သမျှ အမြန်ဆုံး အကြောင်းကြားဆိုလို့...ထောင်ရွှမ်က အရေးပေါ်ခန်းထဲကို ဝင်သွားပြီ...လျန်ကျင်းကောက ဆေးရုံက သမားတော်နဲ့ တခြားဆေးရုံက အထူးကုတွေနဲ့ အစည်းအဝေး လုပ်နေတယ်...ခုနက ဖြစ်သွားတာ...အသေးစိတ်ကိုတော့ ငါ မသိရသေးဘူး...မင်းငါ့ကိုချက်ချင်းပြောခိုင်းတော့ ငါမင်းကိုအရင်ခေါ်လိုက်တာ"


ချီရှင်းချန်သူ၏ ဗလုံးဗထွေးစကားများကိူ မိနစ်ဝက်လောက် စဉ်းစားလိုက်ရသည်။ သူနားလည်ပြီးနောက် ချီကျားကျစ်ကို နှစ်သိမ့်ပေးခဲ့သည်။ 


"အခုငါပြန်လာမယ်...မလန့်နဲ့...အခု မင်းအတွက် အရမ်းအရေးကြီးတဲ့ အလုပ်တစ်ခုရှိတယ်"


သူ့အစ်ကို ပြန်လာတော့မှာကိုကြားသောအခါ ချီကျားကျစ် ချက်ချင်း အားရှိလာသည်။ သူ့လက်တွေက ပြင်းထန်စွာ တုန်ရီနေမှု ရပ်သွားသည်။ "ပြောပါကော"


"အခုကစပြီး မင်းလျန်ကျင်းကို စောင့်ကြည့်ရမယ်...သူ့ခန္ဓာကိုယ်ကို နာကျင်အောင်လုပ်ဖို့ ကြိုးစားရင် သတိမေ့အောင်ပဲလုပ်ရလုပ်ရ ဘာပဲဖြစ်ဖြစ် သူ့ကို တားရမယ်... လုပ်နိုင်သလား"


ချီကျားကျစ် နားမလည်ပေမဲ့ သူက သူ့အစ်ကို၏ တောင်းဆိုမှုတွေကို အမြဲနားထောင်လေရာ "နားလည်ပြီ ကော"ဟုသာ ပြန်ဖြေသည်။


ထောင်ရွှမ်နှင့် လျန်ကျင်းတို့၏ဘဝက သရုပ်ဆောင်သည်ထက် ပိုအရေးကြီး၏။ ဖုန်းချပြီးနောက် ချီရှင်းချန် ဒါရိုက်တာဆီပျက်ကွက်ခွင့်သွားတောင်းခဲ့သည်။ တစ်ချိန်တည်းမှာပင် သူက အန်းရန်ကို H City သို့ အစောဆုံးပျံသန်းသည့် လေယာဉ်ကို လက်မှတ်ဝယ်ပေးရန် တောင်းဆိုခဲ့သည်။


ကံကောင်းထောက်မစွာ၊ အချိန်မှီခဲ့သည်။ မိနစ်လေးဆယ်အတွင်း ပျံသန်းမှုတစ်ခု ရှိခဲ့သည်။ သူ လေဆိပ်ကို အမြန်ပြေးပြီး နောက်ဆုံးမိနစ်မှာ လေယာဉ်ပေါ်တက်ခဲ့သည်။


လေယာဉ်ပေါ်တွင် WiFi မရှိသောကြောင့် မက်ဆေ့ချ်များ သို့မဟုတ် ဖုန်းခေါ်ဆိုမှုများကို လက်ခံရရှိခြင်း မရှိပေ။ စိတ်တွေအတော်လေးပူနေသောကြောင့် ငြိမ်ငြိမ်ထိုင်မနေနိုင်၊ မစားမသောက်နိုင်ဖြစ်နေသည်။


လေယာဉ်ပေါ်ကဆင်းပြီး သူ့ဖုန်းကိုဖွင့်ပြီးသည်နှင့် ချီကျားကျစ်ကို ချက်ချင်းဖုန်းဆက်လိုက်၏။


ပထမအကြိမ်၊ ချီကျားကျစ်က မကိုင်ပေ။


ဒုတိယအကြိမ်၊ ချီကျားကျစ် မကိုင်သေးပေ။


သူ သွယ်ဝိုက်လမ်းကို စွန့်လွတ်လိုက်ပြီး လျန်ကျင်းကို တိုက်ရိုက်ခေါ်လိုက်သည်... ကံမကောင်းစွာပဲ လျန်ကျင်း၏ ဖုန်းက ပင်လယ်ထဲသို့ နစ်မြုပ်သွားသော ကျောက်တုံးတစ်ခုလိုပင်။ဖုန်းဝင်သံကိုသာ ကြားနေရသည်။


သူ့နှလုံးသားက ရုတ်တရက် တင်းကျပ်လာသည်။ချီကျားကျစ်စရိုက်အရ သူကတိပေးထားသည့်အတိုင်း သေချာပေါက် လုပ်မှာပင်။ သူမ ဖုန်းမကိုင်လျှင် အဓိပ္ပါယ်ကတစ်ခုပဲရှိလိမ့်မည်...


လျန်ကျင်းက တကယ်မိုက်မဲသူ ဖြစ်ကောင်းဖြ

စ်နိုင်သည်။လျန်ကျင်းကို ဖြောင့်ဖြရန် ကြိုးစားနေပြီး သူ့ဖုန်းကို ကြည့်ရန် အချိန်မရှိခြင်းဖြစ်မည်။


လျန်ကျင်း နှင့် မူလပိုင်ရှင်ကြားက ဆက်ဆံရေးကြောင့် ဖုန်းမကိုင်ခြင်းက သူ့ခန့်မှန်းချက်ကို အတည်ပြုပေးခဲ့သည်။