အပိုင်း ၁၂၈
Viewers 38k

Chapter 128



J Cityမှ မထွက်ခွာမီတွင် ချီမိသားစု၏ ယာဉ်မောင်းအား လေဆိပ်သို့ ခေါ်ဆောင်ရန် အကြောင်းကြားခဲ့သည်။ ကားရပ်နားရာသို့ ဆင်းသောအခါ ယာဉ်မောင်းက စောင့်နေပြီဖြစ်သည်။ ဆေးရုံလိပ်စာကိုပြောပြပြီး သူလောဆောလိုက်သည်။


"မြန်မြန်မောင်းပါ...ကျွန်တော် အရမ်းစိတ်တွေပူနေလို့"


ချီမိသားစု၏ရင်နှစ်သည်းချာလေးက ထိုစကားတွေပြောလာပြီဆိုကတည်းက ယာဉ်မောင်းက ချက်ချင်းသတိကပ်လိုက်သည်။ 


"ကောင်းပါပြီ... ယာဉ်ကြောပိတ်ဆို့မှုမရှိသရွေ့...ကျွန်တော်တို့အဲဒီကို မိနစ်နှစ်ဆယ်အတွင်း ရောက်မှာပါ"


ထိုသို့ဖြင့် သူက အရှိန်မြှင့်လိုက်ပြီး ကားက တစ်မိနစ် မီတာအနည်းငယ် အရှိန် ရောက်နေပြီဖြစ်သည်။ချီရှင်းချန် ထိုင်ခုံလက်တင်ကို ကိုင်လိုက်ပြီး ချီကျားကျစ် နှင့် လျန်ကျင်းကို ဆက်ခေါ်သည်။


ကံမကောင်းစွာပဲ၊ သူတို့က မကိုင်ပေ။ချီရှင်းချန် စိုးရိမ်စိတ်ဖြင့် ပူလောင်နေသည်။ အံကြိတ်ကာ ယာဉ်မောင်းကို ထပ်မံတိုက်တွန်းခဲ့သည်။ယာဉ်မောင်းသည် ကားကို တင့်ကကဲ့သို့ မောင်းနှင်ပြီး ဆယ့်သုံးမိနစ်အတွင်း ကျင်းအန်ဆေးရုံသို့ ရောက်ရှိခဲ့သည်။


ဤဆယ့်သုံးမိနစ် ဆယ့်လေးမိနစ်ခန့်က သူ့ဘဝ၏ စိတ်ဖိစီးမှုအရှိဆုံးကာလ ဖြစ်သည်။ နောက်ဆုံး ကားရပ်လိုက်သည်နှင့် ယာဥ်မောင်းကို ကျေးဇူးတင်ရန် အချိန်ပင် မရှိတော့ပေ။ တံခါးကို ဝုန်းခနဲ့ဖွင့်ပြီး ဆေးရုံကို ပြေးသွားခဲ့သည်။


အရေးပေါ်ခန်းက စတုတ္ထထပ်မှာဖြစ်၏။ချီရှင်းချန် ဓာတ်လှေကားကို မစောင့်နိုင်ဘဲ အရေးပေါ်လှေကားကနေ တက်ခဲ့သည်။


စတုတ္ထထပ်ကို နီးကပ်လာလေလေ စိုးရိမ်စိတ်များလေလေဖြစ်သည်။ယင်းက လှေကား၏ နောက်ဆုံးအထစ်ကို ခြေလှမ်းချသည့်အချိန်အထိပါပင်။


အရေးပေါ်လှေကား၏ ပလက်ဖောင်းပေါ်တွင် ချီကျားကျစ်တစ်ယောက် ဆံပင်များက ဖရိုဖရဲဖြစ်နေလျက်ရှိနေပြီ သူ့အင်္ကျီက ဖုန်တွေလူးနေသည်။ ကြမ်းပြင်ပေါ် ပစ်ချထားသလော မတော်တဆ ပြုတ်ကျထားသလောမသိရပေ။


သူ့မျက်လုံးတွေက နီရဲပြီး ရောင်နေသည်။ သွေးကြောများရဲနေသော မျက်လုံးများဖြင့် လျန်ကျင်းကို နံရံတွင် ဖိကာ အံ့သြတုန်လှုပ်နေသောလေသံဖြင့်ဆို၏။


"ငါ့အစ်ကိုက မင်းကို စောင့်ကြည့်ခိုင်းတာ မဆန်းပါဘူး... မင်းက ထောင်ရွှမ်နဲ့ ဘာမှမဆိုင်ဘူး... ဘာလို့ သူ့ကို ကူညီနေတာလဲ... မင်းက ဆေးကျောင်းသား... ကျောက်ကပ်က ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိထားသင့်တယ်မဟုတ်လား"


၎င်းကိုကြားသောအခါ ချီရှင်းချန်၏ မျက်လုံးတွေ မှေးကျဥ်းစွားခဲ့သည်။


ဇာတ်ကြောင်း သို့မဟုတ် အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်နိုင်သော်လည်း လျန်ကျင်းက သူ၏ကျောက်ကပ်ကို လှူဒါန်းချင်နေဆဲဖြစ်သည်။


သို့သော် ချီကျားကျစ်င သူ့ကို တားလိုက်ပုံရသည်။ ဤအရာက ချီရှင်းချန်ကို နှစ်သိမ့်ပေးသည့် တစ်ခုတည်းသော အရာဖြစ်သည်။ သူ သူညီလေးကို ခေါ်လိုက်သည်။

"ကျားကျစ်"


ပါးစပ်ကိုဖွင့်လိုက်သည်နှင့် သူ့အသံက အက်ကွဲ၍နေကာ သူကိုယ်သူ ကြောက်လန့်သွားစေလုနီးပါးပင်။


ခေါ်သံကိုကြားသောအခါ ချီကျားကျစ်က ခေါင်းကို လှည့်လိုက်သည်။သူ၏ တင်းမာနေသော မျက်နှာလေးက အနည်းငယ် ပြေလျော့သွားသည်။ သူ့မျက်လုံးများ ချက်ချင်းစိုစွတ်လာ၏။ 


"ကော... နောက်ဆုံးတော့ မင်းရောက်လာပြီပဲ"


"ဟုတ်တယ် ငါပြန်ရောက်ပြီ" 


ချီရှင်းချန် ကြမ်းပြင်ပေါ်ရှိ အကျီကို ကောက်ယူလိုက်ပြီး လည်ချောင်းရှင်းလိုက်သည်။

"ထောင်ရွှမ်ကို သွားအဖော်ပြုပေးလိုက်ပါ...ဒါကို ငါနဲ့ထားခဲ့လိုက်"


မူလပိုင်ရှင်နှင့် လျန်ကျင်းက အလွန်ရင်းနှီးသည်။ သူ့အစ်ကိုနှစ်ယောက်နှင့် အတူနေလေ့ရှိသည့် ချီကျားကျစ်ကလည်း ထိုထက်ပိုမလျော့ပါချေ။သးလည်း လျန်ကျင်းကိုစိတ်ပူပြီး ထွက်မသွားချင်ပေ။


သို့သော် သူ့အစ်ကိုကို ခြွင်းချက်မရှိ ယုံကြည်ခဲ့သည်။ ထို့အပြင် သူ ထောင်ရွှမ်၏ အခြေအနေကိုလည်း စိုးရိမ်နေသည်။ အဆုံးတွင် သူ အရေးပေါ်လှေကားကနေ တစ်လှမ်းချင်း ထွက်ခွာသွားခဲ့သည်။


တံခါးက ဂျိုင်းခနဲအသံနှင့်အတူ ပိတ်သွားကာ စင်္ကြံက တဖန်ပြန်ပြီး တိတ်ဆိတ်ငြိမ်သက်သွားသည်။လျန်ကျင်း စကားမပြောသည်ကိုမြင်ပြီး ချီရှင်းချန်ကမေးလိုက်သည်။ 

"ထောင်ရွှမ်အဆင်ပြေရဲ့လား


လျန်ကျင်းက နံရံကို မှီလျက် အနေအထားအတိုင်းရှိနေဆဲဖြစ်သည်။ ခဏလောက် ငြိမ်သက်သွားပြီးနောက် သူကပြန်ဖြေသည်။

"ကယ်ပြီးသွားပြီ...အခု အထူးကြပ်မတ်ကုသဆောင်မှာ ရောက်ပြီ" 


"ထောင်ရွှမ်ကို ကုသချင်ရင် ကျောက်ကပ် အစားထိုး ကုသတာပဲ လုပ်လို့ရတာလား"


"... ဟုတ်တယ်" 

လျန်ကျင်းက ခါးခါးသီးသီး ပြုံးပြီးဆို၏။

"ကံမကောင်းစွာပဲ အခုအချိန်အထိ သင့်တော်တဲ့ ကျောက်ကပ်အရင်းအမြစ်ကို ငါတို့ ရှာမတွေ့သေးဘူး"


တကယ်တမ်းတွင် 'သမုဒ္ဒရာနှလုံးသား' ရိုက်ကူးတုန်းက ဒါရိုက်တာရှန့်ယွီလျန်က သင့်တော်သည့် ကျောက်ကပ်အရင်းအမြစ်ကို ရှာဖွေရန် ဆိုရှယ်မီဒီယာကို အသုံးပြုခဲ့သည်။။


သူနှင့် ထောင်ထောင် နှစ်ဦးစလုံးသည် အများပြည်သူသိ ပုဂ္ဂိုလ်များဖြစ်သည်။ သူတို့မှာ ငွေကြေးနှင့် အဆက်အသွယ် ချို့တဲ့မှု မရှိခဲ့ပါချေ။ ယုတ္တိဗေဒအရပြောရလျှင် သူတို့အနေဖြင့် ကျောက်ကပ်အရင်းအမြစ်ကို နှစ်ဝက်ကျော်ကြာအောင် မရှာဖွေနိုင်ခဲ့သည်ကမဖြစ်သင့်ပေ။


ထို့အပြင် 'မီးခိုးရောင်လမ်း' တွင် မပါဝင်မီ ချီရှင်းချန် ချီမိသားစု၏ အဆက်အသွယ်မှတစ်ဆင့် ဆေးရုံအသီးသီးမှ ၎င်းအကြောင်းကို မေးမြန်းခဲ့သည်။


သူ မည်သည့် အသုံးဝင်သော အချက်အလက်ကိုမျှ မရရှိခဲ့ပါချေ။


ဇာတ်ကြောင်းကြောင့် ဖြစ်နိုင်သည်။


ချီရှင်းချန် နောက်ပြန်လှည့်ကြည့်ကာ ဘယ်ဘက်သို့ ခြေလှမ်းနှစ်လှမ်းကို အမြန်ရွှေ့လိုက်ပြီး အရေးပေါ်လမ်းကြောင်း၏အပေါက်ကိုပိတ်ဆို့လိိုက်သည်။ သူက တစ်ဖက်ကိုမေးလိုင်သည်။

"ဆိုတော့...မင်းက မင်းရဲ့ကျောက်ကပ်က်ိုပဲ လှူလိုက်ချင်တယ်ပေါ့"


"... မင်းကြားခဲ့တာလား"


လျန်ကျင်းက မျက်လွှာ ပင့်လိုက်သည်။ သူက ချီရှင်းချနိကို ကြည့်ချင်ပေမဲ့ တစ်ဖက်လူ၏အကြည့်နှင့် ဆုံသည်နှင့် ချက်ချင်း အဝေးကို လှမ်းကြည့်၏။ သူက ခေတ္တရပ်လိုက်ပြီး ပြောသည်။


 "ထောင်ရွှမ် နဲ့ ငါက ကိုက်ညီဖို့ အခွင့်အလမ်းပိုများတယ်" 


သူကိုယ်တိုင်၏ အဖြေအတိအကျကို ကြားလိုက်ရသောအခါ တင်းမာနေသော အာရုံတွေ ချက်ချင်းကျိုးပျက်သွားခဲ့သည်။ သူ့အသက်ရှူသံက ပိုမြန်လာပြီး သူ့ခံစားချက်တွေ ပြိုလဲလုနီးနီး ဖြစ်နေပြီဖြစ်၏။


သူ သည်းမခံနိုင်တော့ပေ။ ရှေ့တစ်လှမ်းတိုးပြီး နွမ်းရိနေသော လျန်ကျင်းကိုကြည့်ကာဆိုလိုက်တော့သည်။

"ထောင်ထောင်ကိုလိုက်နိုင်ဖို့ အထင်အမြင်ကောင်းရဖို့ မင်းရဲ့ကျောက်ကပ်လှူချင်နေတာ ငါနားလည်တယ်...ဒါပေမဲ့ ထောင်ထောင်က အဲဒါကြောင့် မင်းကို ကြိုက်မယ်ဆိုတာ သေချာလာ... မင်းနောက်ဘာဆက်ဖြစ်မယ်ဆိုတာ မင်းသိလားဟမ်"


"ထောင်ထောင်က မင်းကို မကြိုက်ဘူးဆိုတာ ငါရှင်းရှင်းလင်းလင်းပြောနိုင်တယ်...အေးပြီးတော့ နောက်တစ်ခုလည်း ငါမင်းကို ရှင်းရှင်းလင်းလင်းပြောနိုင်သေးတယ် ...သိပ်မကြာခင်မှာဘဲ မင်းတစ်ယောက်တည်း ....."


ချီရှင်းချန် "ဆေးရုံကုတင်ပေါ်မှာ သေသွားရမှာ" ဟူသော စကားကို ပြောမထွက်နိုင်ပေ။ သူ့အောက်နှုတ်ခမ်းကို ကိုက်ပြီး ခဏလောက်ရပ်လိုက်ကာဆက်ပြောလိုက်သည်။

"အတိုချုပ်ပြောရရင် ဒါက ကောင်းတဲ့အဆုံးသတ်မဟုတ်ဘူး...ဒါကြောင့် မင်းသေချာရွေးချယ်မယ်လို့ ငါမျှော်လင့်တယ်...ထောင်ရွှမ်ကိုကယ်ချင်လား... ဒီနေ့ကစပြီး ကျောက်ကပ်အရင်းအမြစ်ကို ရှာဖွေရာမှာ ပိုအားစိုက်ဖို့ ငါ့အစ်ကို့ကို တောင်းဆိုလိုက်မယ်...မင်းလည်း အန်ကယ်လျန်ကို တောင်းဆိုသင့်တယ်"


စိတ်ကလောနေသဖြင့် ချီရှင်းချန်၏ ခန္ဓာကိုယ်သည် သူစကားတစ်ခွန်းပြောတိုင်းကို အလိုအလျောက် ရှေ့သို့ ခြေတစ်လှမ်းတိုးသွားသည်။ အဆုံးတွင် သူက လျန်ကျင်း၏ ရှေ့သို့ လျှောက်သွားပြီး သူ့ကို စိုက်ကြည့်နေသည်။

"ငါတို့ ထောင်ရွှမ်ကို သေချာပေါက်ကယ်နိုင်မယ်လို့ ငါယုံကြည်တယ်... ခဏလောက်စောင့်ပေး အိုကေ..."


သူ တရုတ်ပြည်ကို ပြန်ရောက်ပြီးကတည်းက ရှောင်ရှင်းရှင်းက သူ့ကိုဤမျှလောက်လေးလေးနက်နက် မကြည့်ဖူးသလို နူးညံ့စွတ်စိုသည့် လေသံနှင့်လည်း သူ့ကို စကားမပြောဖူးပေ။လျန်ကျင်း စက္ကန့်အနည်းငယ်မျှ ငေးမောမိနေပြီး မသိစိတ်က သဘောတူလုနီးပါးဖြစ်သည်။


သို့သော် နောက်တစက္ကန့်တွင် သူ့အသိများ ပြန်ဝင်လာသည်။ သူက လက်ဆန့်ပြီး ချီရှင်းချန်၏ ဆံပင်တွေကို ပွတ်သပ်ရင်းဆိုလိုက်သည်။

"မင်း ဒီအချက်အလက်တွေကို ဘယ်ကရလဲတော့ ငါမသိဘူး... အခု အဲဒါက မင်းအတွက် ထူးခြားတာ ဖြစ်ကောင်းဖြစ်မယ်... ဘယ်လိုပြောရမှန်း မသိဘူး...အနာဂတ်ကို ကြိုမြင်နိုင်တဲ့ အထူးစွမ်းရည်တစ်ခုလား...ဒါပေမဲ့ ငါပြောပြချင်တာက ထောင်ရွှမ်ကို ထောင်ထောင်အတွက် ကယ်တင်ဖို့ ရွေးချယ်ခဲ့တာဖြစ်ပေမဲ့ ငါ သူ့ကိုမကြိုက်ဘူး"


ချီရှင်းချန် မျက်မှောင်ကြုတ်လိုက်သည်။ 

"မင်း သူ့ကို မကြိုက်ဘူးလား...ဒါဆို ဘာကြောင့်လဲ"


"ငါမပြောနိုင်ဘူး…ပြောလို့မရဘူး...ပြောဖို့ခက်တယ်"


မကြာသေးမီက တွေ့ကြုံခဲ့ရသမျှကို ပြန်တွေးရင်း လျန်ကျင်း၏ ချောမောသော မျက်နှာက တဖြည်းဖြည်း ရှုံ့မဲ့သွားသည်။ချီရှင်းချန်၏နှလုံး ရုတ်တရက် နစ်မြုပ်သွားသည်။ သူ၏ အာရုံကြောများ လောင်ကျွမ်းကာ စိုးရိမ်ထိတ်လန့်ကာ နာကျင်နေခဲ့သည်။


သာမာန်အားဖြင့် သူသည် တစ်စုံတစ်ဦး၏ ဒဏ်ရာဟောင်းများကို ဘယ်သောအခါမှ ထုတ်ဖော်လေ့မရှိပေ။ သို့သော် အခြေအနေက အရေးတကြီး ဖြစ်နေသည်။လျန်ကျင်းကို နာကျင်စေမလားဆိုသည်ကို သူ ဂရုမစိုက်နိုင်ပေ။သူ အသံကို နှိမ့်ကာ စကားကိုတစ်လုံးချင်းပြောလိုက်သည်။


 "မင်းက ငါ့ကို အပြင်ကလူတစ်ယောက်မှန်း သိတဲ့အတွက် အဲဒါကို မင်းဆီက သိုဝှက်မထားတော့ဘူး...အခု ငါက မင်းရဲ့အသက်ကို ကယ်နိုင်တဲ့ တစ်ဦးတည်းသောသူပဲ... ငါ့ကိုပြောပါ ဘာလို့လဲ"


လျန်ကျင်းက ခေါင်းခါနေတုန်းပင်။


သူ့သဘောထားကြောင့် ချီရှင်းချန် ၏လက်များ တုန်ရီလာ၏။ ဒေါသတအားထွက်ပြီး သူ့ကိုယ်သူ မထိန်းနိုင်တော့ပေ။ သူက လက်သီးကို မြှောက်လိုက်ပြီး လျန်ကျင်း၏ မျက်နှာကို ထိုးလိုက်သည်။


"ငါ့ကိုပြောလို့"


ချီရှင်းချန်၏ အင်အားက မနည်းပါပေ။ လျန်ကျင်း အထိုးခံရပြီးနောက် ခြေလှမ်းနှစ်လှမ်း ဆုတ်သွားသည်။ သူ့ပခုံးက နံရံကို ပြင်းပြင်းထန်ထန် ဆောင့်မိသွားပြီး ဒုန်းခနဲမြည်၏။


သူက မယုံကြည်နိုင်ဖြစ်နေပုံရသည်။ သူ့မျက်နှာကို အချိန်အတော်ကြာအောင် အုပ်ထားသည်။ထိုစဥ် အသံဖြင့်ထိန်းချုပ်ရသော မီးကပိတ်သွားပြီး ချီရှင်းချန် တစ်ဖက်လူ၏ရေရွတ်သံကိုကြားလိုက်သည်။ 

"မင်းငါ့ကိုထိုးလိုက်တာလား...ဒီကိစ္စကြောင့် မင်းငါ့ကိုထိုးလိုက်တယ်ပေါ့"


"ကောင်းပြီ ဟုတ်ပြီ" 

လျန်ကျင်းက သူ့လက်ကို ချလိုက်ပြီး ရယ်မောလိုက်သည်။ 

"မင်းအရမ်းသိချင်နေရင် ငါပြောပြမယ်"


"လွန်ခဲ့တဲ့တစ်လကျော်လောက်က ငါ အရက်မူးပြီး အမှားကြီးတစ်ခုလုပ်ခဲ့တယ်...ထောင်ထောင်ရဲ့ဖြူစင်မှုကို ဖျက်ဆီးပစ်လိုက်မိတယ်...အဲဒီအချိန်တုန်းက ငါထောင်ထောင်ကို လျော်ကြေးအဖြစ်နဲ့ လက်ထပ်ဖို့ ကမ်းလှမ်းခဲ့တယ်"


"ငါတို့ လျန်မိသားစုရဲ့ ဘိုးဘေးဘီဘင်တွေက စာပေပညာရှင်တွေ...အခုနာင်ပိုင်း မျိုးဆက်တွေမှာ သူတို့က စီးပွားရေးလုပ်ကြတယ်...ငါတို့ မိသားစုက အရမ်းချမ်းသာတယ်...ငါ့မိဘတွေက စိတ်သဘောထား နူးညံ့သိမ်မွေ့ပြီး အမျိုးသမီး အနုပညာရှင် တော်တော်များများ လက်ထပ်ဝင်ချင်ကြတဲ့ချမ်းသာတဲ့ မိသားစုလို့လည်း ပြောလို့ရတယ်...ထောင်ထောင်သဘောတူမယ်လို့ ငါထင်ခဲ့တယ်"


"နောက်ဆုံးမှာ ထောင်ထောင်က သူ့ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ကို အာရုံစိုက်ချင်တာကြောင့် ငါ့ကို ငြင်းပယ်ခဲ့ပါတယ်...သူ အဲဒီနေ့ကို အိပ်မက်တစ်ခုလို သဘောထားပြီး ဘယ်တုန်းကမှ မဖြစ်သလို ဟန်ဆောင်ဖို့လည်းပြောတယ်...ငါ အပြစ်ရှိသလို ခံစားရပေမဲ့ ပိုပြီးတော့ စိတ်အေးလက်အေးဖြစ်သွားပြီး ပျော်ရွှင်မိတယ်လို့ ပြောရမယ်"


"ငါ ထောင်ထောင်ကို မကြိုက်ဘူး...သူနဲ့လက်ထပ်ပြီးရင် ခင်ပွန်းကောင်းတစ်ယောက်မဖြစ်နိုင်ဘူး...သူ့ကို ဆွဲချမိမှာကို ငါကြောက်တယ်"


ထို့အပြင် သူ့နှလုံးသားထဲတွင် သူလက်မလွှတ်နိုင်သော တစ်စုံတစ်ယောက်ရှိနေသည်။သူ ကြိုးစားကြည့်ချင်သေးသည်။


"ဒါပေမဲ့ ပုံမှန်ဘဝထဲကို ပြန်ရောက်တာနဲ့ ထောင်ထောင်က ဒီလထဲမှာ ရာသီမလာဘူးလို့ ရုတ်တရက် ဖုန်းဆက်ပြောတယ်"


"ဆေးကျောင်းသားတစ်ယောက်အနေနဲ့ ဒီစကားရဲ့ အဓိပ္ပါယ်ကို ငါ နားလည်တယ်...သူ့အတွက် ဆီးစစ်တံဝယ်ဖို့ဆေးဆိုင်ကို သွားခဲ့တယ်... နောက်နေ့မနက်မှာ သူက ငါ့ကို ဘားတန်းနှစ်ခု ရလဒ်ကို ပြတယ်... သူ့မှာ ကိုယ်ဝန်ရှိနေခဲ့တယ်"


"...ဒါက အပြစ်ကင်းတဲ့ အသက်လေးတစ်ခုပဲ...ငါ ထောင်ထောင်ကို ကလေးကို မွေးပြီး ပြုစုပျိုးထောင်စေချင်တယ်... ကလေးမွေးလို့ ဆုံးရှုံးခဲ့ရတဲ့ ဆုံးရှုံးမှုတွေအတွက်လည်း လျော်ကြေးပေးဖို့ ဆန္ဒရှိခဲ့တယ်...သူ နောင်တရပြီး လျန်မိသားစုနဲ့ လက်ထပ်ချင်ရင်လည်း ကျေကျေနပ်နပ်ကြီး လက်ခံမှာပါ"


"ကံကောင်းထောက်မစွာပဲ သူက ငါနဲ့အတွေးအတူတူပဲ... ငါတို့ ဆွေးနွေးပြီး ကလေးကိုမွေးဖို့ ဆုံးဖြတ်ခဲ့တယ်...ကံမကောင်းစွာပဲ၊ ကံမကောင်းစွာပဲ ... "


ထိုအချိန်တွင် လျန်ကျင်းက ခေတ္တရပ်သွားပြီး သူ့အသံက အားနည်းလာသည်။ 

"ကံမကောင်းစွာပဲ သူက အလုပ်တွေရှုပ်နေခဲ့တယ်...ငါကလည်း သူ့ကို ဂရုစိုက်ဖို့ အနားမှာ မနေနိုင်ခဲ့ဘူး...သိပ်မကြာခင်မှာပဲ ကလေးက ဆုံးသွားတယ်(ပျက်ကျ)"


"ကလေးကို ဆုံးရှုံးလိုက်ရတာက သူ့အတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုပဲ... ငါ ဒီအတိုင်းထိုင်ပြီး နာကျင်မှုတွေအားလုံးကို သူတစ်ယောက်တည်းခံစားမခိုင်းရက်တော့ဘူး... အဲဒါကို ပြင်ဆင်ဖို့ နည်းလမ်းတွေ အများကြီး စဉ်းစားခဲ့ပေမဲ့ နောက်ဆုံးမှာ သူတို့ထဲက တစ်ခုကမှ အသက်တစ်ခုဆုံးရှုံးသွားတာကိုမဖာထေးနိုင်ဘူးဆိုတာ သိလိုက်ရတယ်"


"ဒါပေမဲ့ ဒီနေ့မှာ...ထောင်ရွှမ်ရဲ့ အခြေအနေက ပိုဆိုးလာတယ်...သူက လေတိုက်ဒဏ်တောင် မခံနိုင်ဘဲ မူးလဲသွားခဲ့တယ်"


"ဒါဆို…" 

လျန်ကျင်း၏ အသံက နိမ့်ဆင်းသွားသည်။ သူ့ကိုယ်သူ လှောင်ပြောင်နေသလား၊ ချီရှင်းချန်ကို လှောင်ပြောင်နေသလားမသိရ။ 

"အခုမင်းသိပြီလား"


"ကိုယ့်အောက်ပိုင်းကို မထိန်းနိုင်ဘဲ အမှားတစ်ခုလုပ်မိခဲ့တယ်... မတော်တဆ အဖေတစ်ယောက်ဖြစ်ခဲ့ပြီး မတော်တဆ ကလေးတစ်ယောက် ဆုံးရှုံးခဲ့တယ်... ရယ်စရာကောင်းတယ်မဟုတ်လား မင်းရယ်ချင်လား"


"အဲဒါက ရယ်စရာမကောင်းသေးဘူးလို့ထင်ရင် ပိုရယ်စရာကောင်းတာတစ်ခု ပြောပြမယ်... ငါ လျန်ကျင်းက ယောက်ျားတွေကိုသဘောကျတယ် — ဒါမှမဟုတ် ပိုတိတိကျကျပြောရင် ငါက ယောက်ျားတစ်ယောက်ကိုပဲ ကြိုက်တယ်"


သူက ချီရှင်းချန်၏ မေးစေ့ကို ဆွဲမော့ပြီး သူ့ကို ကြည့်ခိုင်းသည်။ 

"အဲဒါ မင်းပဲလေ"

.........


လျန်ကျင်း၏စကားကိုကြားပြီးနောက်၊ ချီရှင်းချန် သူ ပို၍အံ့သြသွားသလား သို့မဟုတ် ဒေါသထွက်သွားသလား မပြောနိုင်ပေ။


သူ့ကိုအံဩစေသည်က လျန်ကျင်းက သူ့ကိုတကယ်ကြီး သဘောကျနေ၍ဖြစ်သည်။ မူလပိုင်ရှင်က လျန်ကျင်းကို ဖွင့်ပြောခဲ့ပေမဲ့ လျန်ကျင်းငြင်းခဲ့သည်...


ရုတ်တရက်ကြီး သူ့ကို ဘာလို့ ကြိုက်သွားတာလဲ...


သူ့ကိုဒေါသထွက်စေသည်က အမှန်အတိုင်းပြောရလျှင် ထောင်ထောင်က လျန်ကျင်းကို လိမ်နေမှန်း သေချာသောကြောင့်ဖြစ်၏။


၎င်းကိုသူဘာကြောင့်သိရသလဲဆိုလျှင် မူရင်း "ည၏မက်မွန်" ကို သူဖတ်ဖူးသောကြောင့်ဖြစ်သည်။ မူရင်းထဲမှာ ထောင်ထောင် နှင့် အမျိုးသားဇာတ်လိုက်တို့ အတူတူ ဖြတ်သန်းခဲ့သည့် ပထမဆုံးညကို ဝေ့ဝေ့ဝါးဝါး ဖေါ်ပြထားသည်။


ထိုညက ထောင်ထောင်၏ပထမဆုံးအကြိမ်ဖြစ်သည်။


တစ်နည်းဆိုရသော် လက်ရှိ ထောင်ထောင်ကသာ ဇာတ်ကြောင်းအတိုင်း တင်းတင်းကျပ်ကျပ် လိုက်နာလိုပါက လျန်ကျင်းနှင့် ဘယ်နည်းနှင့်မှ လိင်ဆက်ဆံစရာအကြောင်းမရှိပေ။


ချီရှင်းချန်က ခေါင်းယမ်းလိုက်ပြီး လျန်ကျင်း၏လက်ကို ခါချလိုက်သည်။


"လျန်ကျင်း ငါပြောတာ နားထောင်... အခုမင်းရရှိထားတဲ့ အချက်အလက်အားလုံးက ထောင်ထောင်က မင်းခေါင်းထဲကို တစ်ဖက်သတ်သွင်းပေးထားတာတွေ... တကယ်ကျ မင်းနဲ့သူ့ကြားမှာ ဘာမှမရှိဘူး... သူ့မှာ ကိုယ်ဝန်မရှိဘူး"


လျန်ကျင်း ချီရှင်းချန်ကို ဖွင့်ပြောပြီးနောက်တွင် နောင်တရသွားခဲ့သည်။ချီရှင်းချန်က သူ့ကို မကြိုက်ဘူးဆိုသည်ကို သူရှင်းရှင်းလင်းလင်း သိ၏။သူဖွင့်ပြောပြီးနောက်၊ ချီရှင်းချန်က သူနှင့် တမင်တကာ ဝေးဝေးနေပြီး သူ့ကို လျစ်လျူရှုမည်ကို သူကြောက်ရွံ့ခဲ့သည်။


ချီရှင်းချန်က ၎င်းအပေါ် အာရုံမသိုက်သည်ကို မြင်သောအခါ လျန်ကျင်းစိတ်သက်သာရာရသွားပြီး တိတ်တဆိတ် သက်ပြင်းချလိုက်ပးသည်။ 

"ဆီးစစ်တံကို ငါမြင်ခဲ့ရတယ်...အဲဒါအမှန်ပဲ... ငါ့ကိုကယ်တင်ဖို့ မင်းငါ့ကိုလိမ်ဖို့ မလိုပါဘူး"


"ငါ မင်းကို လိမ်နေတာမဟုတ်ဘူး ...ငါမြင်ဖူးတယ်—"


"ကော...လျန်ကျင်းကော" 

ချီရှင်းချန် စကား မဆုံးခင်မှာ ချီကျားကျစ်က တံခါးကို တွန်းဖွင့်လိုက်သည်။ "ထောင်ရွှမ် သတိရလာပြီ"


 သတိရလာပြီလား...


ရှိနေသူအားလုံးက ထောင်ရွှမ်၏ အခြေအနေကို စိုးရိမ်နေကြသည်။ချီကျားကျစ်က ပြောပြီးသည်နှင့် လှည့်ပြီး ပြန်ပြေးသွား၏။လျန်ကျင်း နှင့် ချီရှင်းချန်တို့ ဆက်လက်ငြင်းခုံရန် စိတ်မ၀င်စားနိုင်တော့ပေ။ချီ

ကျားကျစ်နောက်ကနေ လူနာဆောင်ထဲသို့ လိုက်သွားကြသည်။


ထောင်ရွှမ်၏လည်ပင်းက တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ ဖြည်းညှင်းစွာ လှည့်လာသည်။ချီကျားကျစ်ကိုတွေ့လိုက်သည်နှင့် မျက်လုံးများ တောက်ပလာလေသည်။