အပိုင်း ၁၃၀
Viewers 29k

Chapter 130




ကံကောင်းထောက်မစွာ၊ အန္တရာယ်ကို ထောင်ရွှမ်က ဖြေရှင်းပေးခဲ့သည်။ ယခု သူလုပ်ရမည့်အရာမှာ လျန်ကျင်း၏ဖြူစင်မှုကို သက်သေပြရန်ဖြစ်သည်။


တစ်ချိန်တည်းမှာပင် သူ စိတ်ဖိစီးလွန်ပြီး ထောင်ထောင်ကို မှားယွင်းစွာ အပြစ်တင်ခြင်း ရှိ၊ မရှိ၊နှင့် ထောင်ထောင်မှာ ကိုယ်ပိုင် အသိစိတ်ရှိခြင်း ရှိမရှိ သိလိုသည်။


ထောင်ရွှမ် နောက်ဆုံးအကြိမ်ပြောခဲ့သည့်စကားပြီးနောက်တွင် ထောင်ထောင့်မှာ ကိုယ်ပိုင်အသိစိတ်ရှိနေသည်ဟု သံသယရှိခဲ့သော်လည်း ခိုင်လုံသောသက်သေကိုမတွေ့နိုင်ခဲ့ပေ။ အကယ်၍ ထောင်ထောင်က လျန်ကျင်းကို လိမ်ညာနေကြောင်း အတည်ပြုနိုင်ခဲ့ပါက၊ ထောင်ထောင်က ရိုးရှင်းသော စက္ကူလူသားမဟုတ်တော့ဟု ဆိုလိုခြင်းဖြစ်သည်။


ချီရှင်းချန် ဘေးတစောင်း လှဲနေပြီး ဖြစ်နိုင်ခြေတိုင်း၏ နောက်ကွယ်က အဖြေကို သေချာစဉ်းစားသည်။ သူ့အကြည့်တွေက ဦးတည်ရာမဲ့ လွင့်မျောသွားပြီး စာအုပ်စင်၏ ထောင့်တစ်နေရာကို ရုတ်တရက် ရောက်သွားခဲ့သည်။


ထိုနေရာ၌ ပိုင်ရဲ့ ပေးခဲ့သည့် အယ်လ်ဘမ်ရှိနေသည်။


အယ်လ်ဘမ်ကို လက်ခံရရှိသောအခါတွင် သူက "My Time" တွင် ပါဝင်သင့်မပါဝင်သင့် စဥ်းစားနေဆဲဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ လအနည်းငယ်ကြာသွားပြီး သူ ပိုင်ရဲ့နှင့် အတူရှိနေပြီဖြစ်၏။


သို့ပေမဲ့ အယ်လ်ဘမ်ကို မဖွင့်ရသေးပေ။


သူ့နားထင်တွေကိုက်နေသဖြင့် သက်သာရာရစေရန် သီချင်းနားထောင်ချင်သည်။ပိုင်ရဲ့က ယခုအခါ သူ၏ မိုဘိုင်းသိုလှောင်ရေးစက်ဖြစ်သည်။ သူလိုချင်သည့် အယ်လ်ဘမ်ကို ရနိုင်၏။ပိုင်ရဲ့ကို သူ့အတွက် သီချင်းဆိုပေးရန်ပင် တောင်းဆိုနိုင်သည်။ဤအခွေမျိုးဆိုလျှင် ချို့တဲ့မနေပေ။


ထို့ကြောင့် သူအိပ်ရာမှထကာ အယ်လ်ဘမ်ကိုဖွင့်ကာ Multi-function ဓာတ်ပြားဖွင့်စက်ကိုဖွင့်ကာ စီဒီပြားကိုထည့်လိုက်သည်။


ပိုင်ရဲ့၏ သီချင်းတွေက တကယ်ကို အကောင်းဆုံး အပန်းဖြေဆေးပါပင်။ သူအလွန်ကိုကြိုက်သည်။ နားထောင်လေ သူ့စိတ်တွေ ပိုရှုပ်ထွေးလေ...


သူ အိပ်ပျော်ခါနီးအချိန်မှာ အပြင်အယ်လ်ဘမ်က ဒီဂျစ်တယ်အယ်လ်ဘမ်ထက် သီချင်းတစ်ပုဒ် ပိုပါနေသည်ကို သူကြားလိုက်ရသည်။ ထူးဆန်းသည်မှာ သူသည် ထိုသီချင်း၏ အပိုင်းတိုလေးကို လက်တွေ့ဘဝတွင် သူကြားဖူးသည်။


ထိုသည်က သူ့ကားမတော်တဆမဖြစ်ခင်မှာ အစ်မကျန်း ပိုင်ရဲ့၏ဖျော်ဖြေပွဲမှာ အသံသွင်းပြီး သူ့ဆီ ပို့ပေးခဲ့သည့်သီချင်းဖြစ်သည်။ပိုင်ရဲ့က သီချင်း၏ စာသားအနည်းငယ်ကို လက်တန်းဆိုခဲ့ဖူးသည်။


… သို့သော် "ည၏မက်မွန်" က လွန်ခဲ့သော တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့်က အလုပ်ဖြစ်သည်။ပိုင်ရဲ့ မရေးရသေးတဲ့ သီချင်းအသစ်တစ်ပုဒ် ဘယ်လိုလုပ်ပါလာမှာလဲ...


ချီရှင်းချန် အခြေအနေကို ဆက်လက်တွေးတောရင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့သည်။


နံနက်ခင်းတွင် အန်းရန်၏ဖုန်းခေါ်ဆိုမှုကြောင့် ချီရှင်းချန် နိုးလာလေသည်။ အိပ်ရာပေါ်ထထိုင်သောအခါ သူ့ကိုယ်ပေါ့ ထရပ်ကားတစ်စီး ဖြတ်ပြေးထားသလို ခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံး နာကျင်နေသည်။


ဘက်စုံသုံး ပလေယာ၏ အရည်အသွေးက ကောင်းမွန်သည်။ တစ်ညလုံးပြီးသည့်နောက် သီချင်းဆက်ဖွင့်နေတုန်းပင်။ယခုအချိန်တွင် ထိုသီချင်းအသစ်ကို ဖွင့်နေသည်။ သူ စောင်ကို ပွေ့ဖက်ကာ ခဏတာ ပျင်းရိစွာ နားထောင်နေခဲ့သည်။ နားထောင်လေလေ စိတ်ရှုပ်ထွေးလေလေပါပင်။


ဆက်ကပ်ဖျော်ဖြေပွဲများကို နောက်ခံတေးဂီတဖြင့် တွဲပေးလေ့ရှိသည်။သူက ငယ်ငယ်လေးကတည်းက ကျွမ်းဘားကို လေ့ကျင့်ခဲ့သူဖြစ်သောကြောင့် ဂီတကို ပိုပြီး အာရုံခံစားတတ်သူဖြစ်၏။သူ တေးသွားကို အကြိမ်ကြိမ် နားထောင်ခဲ့သည်။အစ်မကျန်း ပို့ပေးသည့်တစ်ခုနှင့် တကယ်တူသည်။


… ကားမတော်တဆမှုအပြီးတွင် သူ၏မှတ်ဉာဏ်များ လွဲချော်သွားခြင်း သို့မဟုတ် မှတ်မှိရန် အလွန်ကြာသွားခြင်းလည်း ဖြစ်နိုင်သည်။ပိုင်ရဲ့၏ပရိုဖိုင်ပုံက *နားတွင်းထည့်မော်နီတာ လည်းအတူတူပင်။တစ်ဖက်လူကို WeChat မှာ ထည့်ပြီးနောက် သူ သိချင်နေသညိမှာ ကြာပြီဖြစ်သည်။

(T/N–အဆိုတော်တွေ၊အိုင်ဒေါတွေသုံးတဲ့ နားကြပ်။တိုက်ရိုက်တင်ဆက်မှုတွေ အသံသွင်းမှုတွေမှာ သီချင်းသံ၊ညွှန်ကြားချက်တွေ စတာတွေကို နားထောင်ဖို့သုံးတာပါ)


လောကကြီးကို လက်ပြနှုတ်တက်ခဲ့သော ဖန် "ချီရှင်းချန်" ပင် ရှိနေသည့်အတွက် စာအုပ်ထဲတွင်ဖွဲ့စည်းတည်ဆောက်ထားသည့် ကမ္ဘာကြီးက စစ်မှန်လွန်းနေခြင်းပေလော။


ချီရှင်းချန် အချိန်ကိုကြည့်ကာတွေးလိုက်သည်။

'ထားလိုက်ပါ...ပိုင်ရဲ့ကိုတွေ့မှ ငါမေးလိုက်မယ်'


သူ့မျက်လုံးတွေကို ပွတ်သပ်ဆွဲဆန့်ရင်း၊ ချီရှင်းချန် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ရေသွားချိုးလိုက်သည်။အောက်ထပ်သို့ဆင်းလာသောအခါတွင် သူ့မိသားစုကို မနှိုးဘဲ တမင်တကာ ခြေဖွနင်းကာ လမ်းလျှောက်ခဲ့သည်။


ပထမထပ်ကိုရောက်သည့်အခါ ဆေးရုံမှာရှိနေသည့် ချီကျားကျစ်ကလွဲ၍ တခြားလူတွေအားလုံးက သပ်သပ်ရပ်ရပ်ဝတ်စားထားပြီး ဆိုဖာပေါ်ထိုင်ပြီး တညီတညွတ်တည်း သူ့ကို ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။


"အဖေ...အဖေတို့တွေ..." 

ချီရှင်းချန် အံ့သြသွားသည်။

"ဘာလို့အစောကြီးထနေတာလဲ... ခြောက်နာရီတောင်မထိုးသေးဘူး"


"ငါ မင်းကို လိုက်ပို့ပေးမယ်" 

အဖေချီက ပြော၏။

"သွားကြရအောင်"


ဤသည်ကို ချီရှင်းချန် ပထမဆုံးအကြိမ်မြင်ဖူခြင်းမဟုတ်ပေမဲ့ ယနေ့ တစ်ခုခုမှားနေပြီဟု သူခံစားလိုက်ရသည်။ သူ့အဖေနှင့် အစ်ကို၏ အမူအရာတွေက ပုံမှန်ဖြစ်ပေမဲ့ သူ့အစ်မက အနည်းငယ် စိတ်ပူနေပုံရသည်။


ယာဉ်မောင်းက ခုနစ်ဦးဆံ့ လုပ်ငန်းသုံးကားကို မောင်းနှင်လာခဲ့သည်။ချီရှင်းချန် စိတ်ရှုပ်ထွေးစွာဖြင့် ကားထဲသို့ဝင်သွားသည်။ အရင်ကလိုပဲ ချီယွမ်ရှောင်က ခရီးသည်ထိုင်ခုံမှာထိုင်၊အဖေချီက နောက်ထိုင်ခုံ၏ ပထမတန်းမှာ ထိုင်ပြီး သူနှင့်ချီယွီကျီးက နောက်ဆုံးတန်းမှာ ထိုင်သည်။


ကားမောင်းထွက်ပြီး သိပ်မကြာခင်မှာပဲ ချီယွီကျီးက စကားစစီသည်။

"ရှင်းရှင်း မနေ့ညက မင်းရဲ့အသားအရေကနည်းနည်းခြောက်သွားတာ မြင်လို့ မင်းအတွက် skincare products နဲ့ masks တချို့ဝယ်ပြီး ရိုက်ကူးရေးအဖွဲ့ကို set လိုက်ပို့ပေးထားတယ် ...မနက်ဖြန်မှ ရောက်မှာ... အဆာပြေစာတွေလည်း မနက်ဖြန်ရောက်မယ်...အဲဒါတွေကို မကုန်နိုင်ရင်၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မျှလို့ရတယ်"


ချီရှင်းချန် "မစားနိုင်၊ မသုံးနိုင်"(မကုန်နိုင်) ဟူသော စကားကို ကြားသောအခါတွင် သူ ခေါင်းထုံသွားသလို ခံစားလိုက်ရသည်။ သူ့အစ်မက ပစ္စည်းဝယ်သည့်အခါ အမြဲတမ်း လောဘကြီးသည်။ဤတစ်ခါ သူမ ပိုက်ဆံအတော်လေးသုံးပစ်ပုံပင်။


သို့ပေမဲ့ ဤသည်က သူ့မိသားစုဝင်တစ်ယောက်၏စေတနာဖြစ်သည်။သူပျော်ရွှင်စွာ ဆိုလိုက်၏။

"ကျေးဇူးတင်ပါတယ် ကျဲကျဲ"


"ရပါတယ်...အဲဒီဒါဇင်နဲ့ချီတဲ့ maskတွေက တော်တော်ကောင်းတယ်... မင်းစမ်းကြည့်လို့ရတယ်" 

ချီယွီကျီးက ခဏရပ်လိုက်သည်။ "ပြည်ပမှာ ဖျင်maskတွေရှိတယ်လို့ ငါကြားတယ်... မင်းလိုချင်လား...မင်းလိုချင်ရင် ငါ့အတန်းဖော်ကို မင်းအတွက် တချို့ ယူလာခိုင်းလို့ရတယ်"


ဖျင်masks…


နံမည်တွင်ဆိုသည်အတိုင်း၊ ဖျင်မှာ ကပ်ရသည့်maskဖြစ်သည်။


ဒါဆို ဘာလို့ ဖျင်ကို maskကပ်ရတာလဲ...သေချာပေါက် ဖျင်လှဖို့ပဲပေါ့...


ဒါဆို ဖျင်ကို ဘာကြောင့် လှအောင်လုပ်ဖို့လိုတာလဲ...

ထိုကဲ့သို့သော လျှို့ဝှက်နေရာကို သာမာန်အားဖြင့် ဘောင်းဘီဝတ်ထားချိန်မှာ မြင်ရမှာလည်းမဟုတ်ပေ။တစ်စုံနစ်ခုလုပ်မှသာလျှင် တစ်ဖက်လူကမြင်ရမှာဖြစ်သည်။


ခေါင်းစဉ်က ရုတ်တရက် မထင်မှတ်ထားသည့် ဦးတည်ရာကို 360° ပြောင်းသွားသည်။ချီရှင်းချန် တကယ်ကို လန့်သွားသည်။ သူ သူ့အဖေနှင့်အစ်ကိုတို့ကို မသိစိတ်မှ လှမ်းကြည့်ကာ သူတို့ကြားလိုက်သလား သိချင်လာသည်။


ကံမကောင်းစွာပဲ၊ သူတို့ထဲက တစ်ယောက်က ဘယ်ဘက်ကို စောင်းပြီး နောက်တစ်ယောက်က ညာဘက်ကို စောင်းကာ နားစွင့်လျက်ရှိသည်။သူတို့က နားထောင်ရန် သူတို့နားကို သူ့ပါးစပ်နားကပ်ထားလုနီးပါးပင်။


ချီရှင်းချန်: "…"


သူ့မိသားစုက ဘယ်လောက်ထိသိနေပြီလဲ...


"ကျဲ...ကျဲကျဲ" 

သူ ထိတ်လန့်တကြား ပြောလိုက်သည်။ "မလိုပါဘူး...ကျွန်တော် တကယ် မလိုဘူး"


"အိုး ဒါဆို မင်းလိုအပ်ရင် ငါ့ကို အကြောင်းကြားလေ... ငါ မင်းကို ပို့ပေးမယ်" 


ချီယွီကျီး နှင့် ချီယွမ်ရှောင်က အကြည့်ချင်းဖလှယ်လိုက်သည်။

"ဒါနဲ့ အရင်တစ်ခေါက်က မင်းအတွက် ငါယူလာခဲ့တဲ့ ပစ္စည်းတွေကို ဘယ်လောက်သုံးပြီးပြီလဲ"


ချီရှင်းချန်: "…"


တကယ်ကို သူမပဲဟေ့...


ခန္ဓာကိုယ် အပူချိန်ကိုသာ မြင်နိုင်လျှင် သူခန္ဓာကိုယ်က မီးခိုးလှိုက်နေလောက်ပြီဖြစ်သည်။သူ ချက်ချင်း ကားပေါ်ကနေ ခုန်ချချင်လာသည်။ သူ စကားတစ်ခွန်းပြောတိုင်း သူ့မျက်နှာမှာ သွေးတွေပြည့်လာသလိုပင်။

"မသုံးရသေးဘူး... အဲဒါတွေက အသုံးမဝင်ဘူး"


"တကယ် အသုံးမဝင်ဘူးလား... ငါတို့အားလုံးက အရွယ်ရောက်ပြီးသားလူတွေပါ... မင်းငါ့ကိုလိမ်စရာမလိုဘူး"


ချီရှင်းချန် ပြိုလဲလုနီးနီးဖြစ်နေပြီဖြစ်သည်။

"အသုံးမဝင်ဘူး... တကယ်ကို အသုံးမဝင်ပါဘူး"


သူ ဟန်ဆောင်နေပုံမပေါ်သည်ကိုမြင်သောအခါ တခြားချီမိသားစုဝင်နှစ်ယောက်က စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်ကြသည်။ သူတို့မိသားစုက ရွှေဂေါ်ဖီထုပ် အစားမခံလိုက်ရ၍ သူတို့ ဝမ်းသာ၏။ တစ်ချိန်တည်းမှာပင်၊ သူတို့၏ ရှင်းရှင်းက ဤမျှ ချစ်စရာကောင်းသည်ကို ဝက်က အဘယ်ကြောင့် စိတ်မဝင်စားရသနည်းဟူ၍လည်း ဒေါသထွက်ခဲ့ကြသည်။


သို့သော်လည်း သူမ၏ချစ်လှစွာသောမောင်လေး ရှက်ပြီးသေသွားမှာစိုး၍ ချီယွီးကျီးက ဆက်မမေးတော့ပါချေ။ချီရှင်းချန် ကားထဲက ဆင်းလာချိန်မှသာ သူမက တိုးတိုးလေးပြောသည်။ 


"ကွန်ဒုံးတွေကို ကုန်အောင်သုံး... ငါတို့မိသားစုက မင်အတွက် အခုရေ 30,000 ချန်ထားတာ...သေချာပေါက်လောက်တယ်


"…"

ချီရှင်းချန် ကားတံခါးကို ဝုန်းခနဲပိတ်ပြီး ထွက်ပြေးသွားခဲ့သည်။

..........


နှင်းတွေထူထပ်နေသည့် J City ကိုပြန်ရောက်ပြီး လေယာဉ်ပေါ်ကဆင်းပြီးသည့်နောက်မှာ အန်းရန်နှင့် အမျိုးသားဇာတ်ဆောင်တို့က ကားပါကင်မှာ စောင့်နေကြသည်။


နှစ်ကုန်ခါနီးဖြစ်သဖြင့် ရာသီဥတုက ပိုအေးလာ၏။ချီရှင်းချန် အအေးမိသွားမှာကို အန်းရန်က ကြောက်နေသောကြောင့် ကားထဲမှာ ကုတ်အင်္ကျီနှစ်ထည် ပြင်ဆင်ထားခဲ့သည်။


ကားထဲသို့ သူဝင်လာသည်ကိုမြင်သောအခါ အန်းရန်က သူ့အင်္ကျီကို အမြန်ခါကာ သူ့ကိုခြုံပေးလိုက်ပြီး"ဘာလို့ ပဝါမပတ်တာလဲ" ဟု ညည်းညူလိုက်သည်။


အမှန်တွင် သူမဝတ်ခဲ့ခြင်း မဟုတ်ပေ။ရိုက်ကွင်းကထွက်လာချိန်က သူ အလျင်လိုနေပြီး ယူရန် အချိန်မရှိခဲ့ခြင်းဖြစ်သည်။

"မေ့သွားတာ...ကိစ္စမရှိပါဘူး...မအေးဘူးရယ်"


"... နင့်မျက်နှာက အရမ်းနီနေတယ်" 

အန်းရန်က သူ့ကို ခဏလောက်ကြည့်ပြီးဆိုသည်။

"အဖျားရှိနေတာလား"


ချီရှင်းချန် သူ့ပါးပြင်ကို ထိလိုက်ပေမဲ့သူ့လက်က အေးစက်နေသည့်အတွက် သူထိတွေ့လိုက်သည့်အရာတိုင်းက နွေးထွေးနေသောကြောင့် သူသေချာမသိနိုင်ပါချေ။


"မဟုတ်ပါဘူး" 

သူ ခေါင်းခါလိုက်သည်။ 

"ကျွန်တော့်အတွက် စိတ်မပူနဲ့...ရိုက်ကွင်းကိုပဲ သွားရအောင်"


အန်းရန်က သူ့စရိုက်ကို သိသည့်အတွက် တခြားဘာမှ မပြောခဲ့ပါချေ။ ရိုက်ကွင်းသို့ရောက်သောအခါ၊ ချီရှင်းချန် ဒါရိုက်တာကို ဦးစွာသွားနှုတ်ဆက်ခဲ့သည်။အန်းရန်က ဂျင်းတစ်ပိုင်းဝယ်ပြီး သူ့အတွက် ဂျင်းပြုတ်ရည်တစ်အိုးလုပ်ထားသည်။


နောက်မှသောက်မည်ဟု ချီရှင်းချန်ကပြောလိုက်းည်။ ထို့နောက် အန်းရန်ထွက်သွားသောအခါ သူ ၎င်းကို ရေချိုးခန်းထဲသို့ တိတ်တဆိတ်ယူကာ အားလုံးကို သွန်လိုက်သည်။


သူက အခုမှ ပြန်လာခါစဖြစ်၍ ဒါရိုက်တာက သူ့အတွက် ဇာတ်ကွက်တွေ အများကြီး မစီစဉ်ပေးပေ။ခြောက်နာရီမထိုးခင် ဟိုတယ်ကိုပြန်ခိုင်းခဲ့သည်။အန်းရန်က ဟိုတယ်ဓာတ်လှေကားခလုတ်ကို နှိပ်ပြီးဆိုသည်။

 "ဒီမနက် မင်းကို မေးဖို့ အချိန်မရှိိလိုက်ဘူး... မင်းအတွက် Fan Clubက ရေးပို့တဲ့ စာ ပထမအသုတ်က မနေ့က ကုမ္ပဏီကို ပို့ပြီးသွားပြီ...မင်းကြည့်ချင်တာလား"


"ဒီနေ့ ဘာနေ့လဲ" 

ချီရှင်းချန် အနည်းငယ် စိတ်ရှုပ် သည်။


"၂၃ ရက်နေ့...မနက်ဖြန် ခရစ္စမတ်အကြိုနေ့...အဲဒီနောက်က ခရစ္စမတ်နေ့...ပြီးရင် ၂၈ ရက်နေကျ နင့်မွေးနေ့... ရက်နည်းနည်းပဲကျန်တော့တယ်... တခြားဝဘ်ဆိုဒ်တွေနဲ့ တရားဝင်မဟုတ်တဲ့ ဖန်ကလပ်တွေကလည်း စာတွေကို ကုမ္ပဏီတစ်ခုပြီးတစ်ခု ပို့နေတယ်"


ထိုအချိန်တွင် အန်းရန်က ရပ်တန့်ကာ မျက်ခုံးပင့်လိုက်သည်။ 

"ရှင်းရှင်း...နင့်ကြည့်ရတာသိပ်အဆင်မပြေဘူး... ဆေးရဲ့နောက်ဆုံးအသုတ်က သက်တမ်းကုန်တော့မယ်...နင်အပေါ်ထပ်ကို အရင်သွားနှင့်...ငါ သာမိုမီတာနဲ့ အအေးမိ အဖျားပျောက်ဆေး ဆိုင်ကို သွားဝယ်လိုက်ဦးမယ်"


အလွန်အေးလွန်းသဖြင့် ချီရှင်းချန်မည်သို့အေးအေးချမ်းချမ်းအလုပ်လုပ်ချင်မည်။ထို့အပြင် သူက မူးဝေခြင်းသာ ခံစားရပြီး အအေးမိခြင်း သို့မဟုတ် ဖျားခြင်း၏ လက္ခဏာများ မပြပါချေ။


သူက အန်းရန်ကို တားလိုက်သည်။ "တစ်ညအိပ်ပြီးရင် ကောင်းသွားချင်ကောင်းသွားမှာ... ဆေးဝယ်ချင်ရင် မနက်ဖြန်မှဝယ်ပါ ကျဲ"


"ကောင်းပြီ…"

အန်းရန် ဓာတ်လှေကားမှ မဆင်းမီ မနေနိုင်ဘဲ ပြောလိုက်သည်။ 

"ညဘက် အဆင်မပြေရင် ချက်ချင်းဖုန်းဆက်ပါ"


"သိပါပြီ...စိတ်မပူပါနဲ့"

အန်းရန် ထွက်သွားသည်ကို သူ ကြည့်နေလိုက်သည်။


မနေ့က သူရေကောင်းကောင်းမချိုးခဲ့သလို ယနေ့မှာလည်း သူလိုင်းကားစီးခဲ့သည်။အခန်းထဲသို့ဝင်သောအခါ ချီရှင်းချန်လုပ်သည့် ပထမဆုံးအရာမှာ ရေချိုးခန်းဆီသို့ပြေးသွားပြီး ရေချိုးကန်ကို ရေနွေးဖြည့်ခြင်းဖြစ်သည်။


သူဖုန်းကိုင်ရင်း ရေချိုးကန်ထဲကို ဝင်လိုက်သည်။ သူ WeChat မှာ ပိုင်ရဲ့နှင့် စကားပြောချင်ပေမဲ့ စာရိုက်နေရင်း မတော်တဆ အိပ်ပျော်သွားသည်။


မျက်လုံးပြန်ဖွင့်လိုက်သောအခါ ရေက အေးစက်နေပြီဖြစ်၏။တုန်တုန်ယင်ယင်နှင့် ရေချိုးကန်ထဲက ခုန်ဆင်းပြီး မျက်နှာသုတ်ပုဝါနှင့် ပတ်ပြီး အိပ်ရာပေါ်တက်လိုက်သည်။


သူ့ခေါင်းအတော်လေး လေးနေသဖြင့် ပိုင်ရဲ့နှင့် ဗီဒီယိုကောလ်မပြောချင်ပေ။ သူ ကမန်းကတန်း မက်ဆေ့ချ်ပို့လိုက်သည်။

[ဒီနေ့ အရမ်းအိပ်ချင်နေတယ်... ဗီဒီယိုကောလ်မပြောတော့ဘူး] 


၎င်းနောက် သူ အိပ်ပျော်သွား၏။


.


ဤစစ်ဆင်ရေး၏ ရလဒ်က ထင်ရှားလေသည်။ နောက်နေ့မနက် အိပ်ရာက နိုးလာချိန်မှာ ရှောင်ချီတစ်ယောက် အအေးမိပါတော့သည်။


သာမာန်အအေးမိခြင်းမဟုတ်ဘဲ ပြင်းထန်သော အအေးမိခြင်းဖြစ်ပြီး နှာခေါင်းပိတ်သွားသဖြင့် သူ အသက်မရှူနိုင်ပေ။ သူ့ခန္ဓာကိုယ် အပူချိန်ကလည်း ၃၈ ဒီဂရီကိုရောက်လာသည်။အန်းရန်က သူ့ကို ဆေးရုံကို ဆွဲခေါ်သွားပြီး သူ့ခန္ဓာကိုယ်အပူချိန် ပုံမှန်ပြန်မလာခင် ဆလိုင်းသုံးပလင်းချိတ်ခဲ့ရသည်။


ဆရာဝန်က သူ့ကို အဆုတ်ရောင်နေပြီး ရက်အနည်းငယ်ကြာအောင် ဆလိုင်းချိန်သင့်သည်ဟု အကြံပြုထား၏။ တတ်နိုင်သမျှအမြန်ဆုံးပြန်လည်ကောင်းမွန်လာကာ အကောင်းဆုံးအခြေအနေတွင် လျန်ရှောင်လုံအဖြစ်သရုပ်ဆောင်နိုင်ရန်၊ ချီရှင်းချန် နေ့ခင်းဘက်တွင်ရိုက်ကူးရေးနှင့် ညဘက်တွင် ဆလိုင်းချိတ်ရန် ဆေးရုံသို့သွားကာ ခါးသီးသောဘဝကို စတင်ခဲ့သည်။


ထိုအတောအတွင်းတွင် သူ ပိုင်ရဲ့ကို နေမကောင်းကြောင်း မပြောဝံ့ပေ။ညဘက်တွင် ညရှုတင်ရှိသည်ဟူသော အကြောင်းပြချက်ဖြင့် တရုတ်အက္ခရာများကိုပဲသုံး၍ ပြောဆိုဆက်ဆံခဲ့သည်။


မူလက သူ နေမကောင်းသည်ကို ဂရုမစိုက်ခဲ့ပေ။ ယခု သူ ပိုင်ရဲ့ကို မရိုးမဖြောင့်ပင် မကြည့်နိုင်တော့ပေ...ယင်းက အနည်းငယ် စိတ်မသက်မသာ ဖြစ်မိစေသည်။


သုံးရက်လောက် ဤပုံစံအတိုင်းကျော်ဖြတ်ခဲ့ရသည်။လေးရက်မြောက်နေ့တွင် ဆလိုင်းကို သုံးရန် မလိုအပ်တော့ကြောင်း ဆရာဝန်က သဘောတူခဲ့သည်။ချီရှင်းချန် အလုပ်သင်သူနာပြုထံမှထိုးဖောက်ခံထားရသော အပ်ပေါက်ရာများ ပြည့်နေသော သူ့လက်ဖမိုးကို ကြည့်ပြီး ဝမ်းသာမျက်ရည်ကျိမိသည်။


ယခု သူ အဖျားလုံးဝမရှိတော့သဖြင့် သူ့အသံက ယခင်လို အက်ကွဲမနေပေ။ သူ့နှာခေါင်းက အနည်းငယ် ပိတ်နေပေမဲ့ လိုင်းတွေဖတ်ရသည်က သူ့အတွက် ပြဿနာမဟုတ်ပါချေ။


နောက်ထပ် နှစ်ရက် သုံးရက်အတွင်း ချောချောမွေ့မွေ့ ပြန်ကောင်းလာမည်ဟု သူ ခန့်မှန်းလိုက်သည်။


စတုတ္ထမြောက်နေ့သည် ၂၈ ရက်နေ့ဖြစ်ပြီး သူနှင့် မူလပိုင်ရှင်၏ မွေးနေ့ဖြစ်သည်။ရိုက်ကွင်းထဲကိုဝင်ပြီး ထုံးစံအတိုင်းပဲ အဝတ်အစားလဲလိုက်သည်။ အစစအရာရာ ပြီးသွားပြီးနောက် ပထမဇာတ်ဝင်ခန်းမစတင်မီ၊ ဒါရိုက်တာ၏လက်ထောက် သာ့ကျွမ်းက ပြေးလာပြီး သူ့ကိုခေါ်သည်။

"ရှင်းရှင်း...အပြင်မှာ Ultimate Evolved RVမောင်းလာတဲ့ ကိုလူချောတစ်ယောက် မင်းကို စောင့်နေတယ်...သွားကြည့်လိုက်"


Ultimate Evolved RV...

ကိုလူချော...


ချန်နော်ရာက သူ့ကို မျက်နှာလုပ်ပြီး RV ပေးချင်တာများ ဖြစ်မလား...


ချီရှင်းချန် ဤနာမဝိသေသနနှစ်ခုကို အလွန်သိချင်နေခဲ့သည်။ သူက သာ့ကျွမ်း၏ ရညွှန်ကြားချက်ကို လိုက်နာပြီး ထွက်သွားခဲ့သည်။