အပိုင်း ၁၃၁
Viewers 29k

Chapter 131




မြို့ပြကျေးရွာရှိ အကြီးဆုံးလမ်းတွင် တင့်ကားတစ်စီးနှင့် ယှဉ်နိုင်သော စစ်စိမ်းရောင် RV တစ်စီးရှိသည်။ အနီးကပ်ကြည့်လိုက်သောအခါ RV ၏အရှည်က ကုန်တင်ကားကြီးနှစ်စီးစာနှင့် အတူတူပါပင်။ ၎င်း၏ အမြင့်မှာ သုံးမီတာခန့်ရှိပြီး သေးငယ်သော အဆောက်အအုံတစ်ခု၏ အမြင့်နှင့် နှိုင်းယှဉ်နိုင်သည်။


ထိုအချိန်တွင် လမ်းသွားလမ်းလာ တစ်ဒါဇင်ကျော်က စုရုံးကာ RV ကို တအံ့တသြ လက်ညှိုးထိုးနေကြသည်။ချီရှင်းချန် လည်း လန့်သွားပြီး လူအုပ်ကြားထဲ တိုးဝင်လိုက်သည်။


"ဟေ့ ကောင်လေး"

 အမျိုးသမီးတစ်ယောက် သူ့ဆီကအတွန်းခခရ၍ဖြစ်မည်ထင်၊ ခါးထောက်၍ဆိုသည်။ 

"ဘာလို့ အတင်းတိုးနေတာလဲ... အရပ်ရှည်တာအလကားလား... မြင်ချင်ရင် အပြင်ကနေကြည့်"


"တောင်းပန်ပါတယ်...ကျွန်တော် သတိမထားမိလိုက်ဘူး" 

ချီရှင်းချန်က ဆောလျင်စွာ တောင်းပန်လိုက်သည်။


"သတိမထားမိဘူးလို့ပြောရုံနဲ့ရတယ်ပေါ့... မင်းကြောင့် ငါ့ပခုံးတွေ နာသွားပြီ... မင်းကို လျော်ကြေးပေးခိုင်းရမှာပေါ့... ဒါပေမဲ့ မင်းကြည့်ရတာ တတ်နိုင်မယ် မထင်ဘူး"

မိန်းမကြီးက ထွီခနဲ တံတွေးထွေးလိုက်သည်။


"ဟင်း...ငါကံမကောင်းဘူး"


ချီရှင်းချန်က ပစ္စည်းပို့သမားယူနီဖောင်းကို ၀တ်ဆင်ထားသောကြောင့် ကြည့်ရှုသူများက သူ့ကိုပစ္စည်းပို့သမားတစ်ဦးဟု ထင်မြင်ကြသည်။ အခြားလူတစ်ယောက်ကလည်းဆိုသည်။


"ဟုတ်တယ်...ပြီးတော့ RV ကို ဘာအတွက် လာကြည့်တာလဲ...ဟိုက သူဌေးတွေအတွက်ထုတ်ထားတာ..

တစ်ဦးကို သန်းချီကုန်တယ်...နင်သာ တတ်နိုင်ရင် ပို့ဆောင်ခ ဘယ်လောက်ပေးနေရမှာလဲ"


ချီရှင်းချန် သူတို့ကို ဂရုမစိုက်နိုင်ဘဲ မကြားချင်ယောင်ဆောင်လိုက်သည်။ ထို့နောက် RV ကားပေါ်မှ လူတစ်ယောက် ခုန်ဆင်းလာသည်။ သူက တကယ် တော်တော်လေးချောသည်ပင်။


ထိုလူက သူ၏ဘယ်လက်ကို သူ့ဝမ်းဗိုက်ပေါ်တင်ပြီး အနည်းငယ်ဦးညွှတ်ကာဆိုလာသည်။

"ဒုတိယသခင်လေး... ကျွန်တော်က ဥက္ကဋ္ဌချီရဲ့ လက်ထောက်ပါ...ဥက္ကဋ္ဌချီက ဒီ RV ကို သခင်လေးဆီ မောင်းပို့ခိုင်းလို့ပါ"


အိုး...အဲဒါ အစ်ကိုကြီးကိုး...

ချီရှင်းချန် ရုတ်တရက် သဘောပေါက်သွားပြီး ထိုသူနှင့်လက်ဆွဲနှုတ်ဆက်လိုက်သည်။


ထိုစကားကို ကြားသောအခါ အမျိုးသမီး၏ မျက်နှာက သိသိသာသာ ပြောင်းလဲသွားသည်။ သူမက ခေါင်းငုံ့ကာ ခုနလူနှင့် တိတ်တဆိတ် ထွက်ပြေးသွားခဲ့သည်။


ကျန်လူများကလည်း အချင်းချင်း စိတ်လှုပ်ရှားစွာ စကားစပြောကြလေသည်။


ချီရှင်းချန် သူတို့ပြောသည်ကို နားထောင်ရန် စိတ်မ၀င်စားပေ။သူ့အစ်ကိုကြီး၏ ရက်ရောမှုကြောင့် သူ ထိတ်လန့်နေဆဲဖြစ်သည်။ 

"ဒါက ဘာမော်ဒယ်လဲ...တီဗီမှာ တစ်ခါမှ မမြင်ဖူးဘူးz


"Mercedes-Benz RV Zetros 6X6... ကမ္ဘာပေါ်မှာ ကိုးယူနစ်ပဲရှိပါတယ်"


"!!!" 

ချီရှင်းချန်၏ပုံစံက စိတ်ဝိညာဥ်နှိပ်စက်ခြင်းခံလိုက်ရသလိုပင်။ 

"အရမ်းစျေးကြီးမှာပဲနော်"


"သိပ်မကြီးပါဘူးခင်ဗျ... တစ်ယူနစ်ဈေးက ဆယ်သန်းကျော်ပေမဲ့ —" လက်ထောက်က "ကိုး"ဟု အမူအရာနှင့် လုပ်ပြသည်။ 

"ဥက္ကဋ္ဌချီက သခင်လေးအတွက်Mercedes-Benz RV Zetros 6X6ရဖို့ ကိုးခုလုံးကို ၀ယ်လိုက်တယ်... ဒါကြောင့် သူ့တန်ဖိုးက တိုးသွားတယ်"


"..." 

ချီရှင်းချန် ကြက်သေသေသွားသည်။


သန်းတစ်ရာကျော်။ သန်းတစ်ရာကျော်ရှိသည်။ အစ်ကိုကြီးရဲ့ နှလုံးသား မနာကျင်ဘူးလား...


သူတိတ်ဆိတ်နေသည်ကိုတွေ့လိုက်ရသောအခါ လက်ထောက်က နောက်တံခါးကိုဖွင့်ပြီး ရှင်းပြသည်။

"ဒီကားက တော်တော်လေးကို ကောင်းကောင်း တပ်ဆင်ထားတယ်... အိပ်ခန်းတစ်ခန်း၊ မီးဖိုချောင်၊ ဧည့်ခန်းအသေးစား၊ စာကြည့်ခန်းအသေး၊ ရေချိုးခန်း၊သန့်စင်ခန်း ပါတယ်...ဥက္ကဋ္ဌချီက မီးဖိုချောင်သုံးပစ္စည်း၊ အိပ်ယာနဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေကို လူတွေလွှတ်ပြီးပြောင်းခိုင်းလိုက်တယ်...သူတို့အားလုံးက ပထမတန်းစားဘရန်းတွေမို့ သခင်လေးစိတ်မပူဘဲ သုံးလို့ရပါတယ်"


"... ကောင်းပြီ၊ ကောင်းပြီ" 

ချီရှင်းချန် ဘယ်လိုဖြေရမှန်းမသိတော့ပေ။


"ဒါဆို ကျွန်တော့်တာဝန်ပြီးပြီဆိုတော့ ကျွန်တော် အရင်ပြန်နှင့်လိုက်ပါမယ်... ပျော်ရွှင်စရာ မွေးနေ့လေးဖြစ်ပါစေ ဒုတိယသခင်လေး"


"ခဏလေး"

ချီရှင်းချန်က သူ့ကို တာလိုက်သည်။

"ခင်ဗျား အရင်ပြန်မောင်းသွားလို့ရမလား...ကျွန်တော် ဒါကို ရုပ်ရှင်ရိုက်ဖို့အတွက် မလိုဘူး"


"ဥက္ကဋ္ဌချီက သခင်လေးရဲ့ရိုက်ကူးရေးကို ထိခိုက်မှာစိုးတဲ့အတွက် ဒါရိုက်တာကို ကြိုပြီး အကြောင်းကြားထားပြီးသားပါ... ကားကို ဒီမှာ ရပ်ထားမှာ... သခင်လေး နားချိန်မှာ တစ်ရေးတစ်မော အိပ်လို့ရတယ်...သခင်လေးရဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း အပြင်ထွက်ဖို့ ဖိတ်ခေါ်လို့ရတယ်လေ..."


ထိုသို့ဖြင့် လက်ထောက်က တခြားကားပေါ်တက်ပြီး မောင်းထွက်သွားသည်။


ချီရှင်းချန် မိနစ်အနည်းငယ်ကြာ ကြောင်နေပြီးနောက် ချီယွမ်ရှောင်ကို ကျေးဇူးတင်စကားပြောရန် ဖုန်းခေါ်လိုက်ပြီး လောင်ချင်ကို မပြန်ခင် ကားကို ဂရုစိုက်ဖို့ စီစဉ်ပေးလိုက်သည်။


သို့သော် ပထမဇာတ်ဝင်ခန်းပြီးသည်နှင့်အမျှ ကောင်းကင်ယံ၌ ရုတ်တရတ်မြည်သံတစ်ခုထွက်ပေါ်လာသည်။မော့ကြည့်လိုက်သောအခါ ရဟတ်ယာဉ်တစ်စီး ခပ်နိမ့်နိမ့်အမြင့်မှာ ပျံဝဲနေသည်ကို တွေ့လိုက်ရ၏။


ရဟတ်ယာဉ်ပေါ်ရှိလူများက ဆင်းသက်ရန် နေရာရှာမတွေ့၍ဖြစ်မည်၊လော်စပီကာဖြင့် အော်ရုံသာတတ်နိုင်ခဲ့ကြသည်။


"ဒုတိယသခင်လေး... ကျွန်တော်တို့က လူကြီးမင်းချီအတွက် လေယာဉ်ကို ကူညီပို့ဆောင်ဖို့ ဒီကိုရောက်နေကြတာပါ... ဒီနေရာမှာ ဆင်းစရာနေရာမရှိလို့ ရှီဟမ်အဆောက်အဦးရဲ့ ခေါင်မိုးပေါ်မှာ လေယာဉ်ကို အရင်ရပ်လိုက်ပါမယ်ဗျ... ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ


ချီရှင်းချန်: "... ဟေး ကျွန်တော်က လေယာဉ်မောင်းလိုင်စင် မရသေးဘူးလေ"


"ရပါတယ်...ကျွန်တော်တို့က J City ရဲ့ လေယာဉ်မှူးတွေပါ...မင်းရဲ့ ညွှန်ကြားချက်ကို 24/7 စောင့်နေပါ့မယ်"


"ဝုန်း ဝုန်း ဝုန်း" 

လေပြင်းတစ်သုတ်နှင့်အတူ လေယာဉ်က ပြန်ထွက်သွား၏။


ရိုက်ကူးအဖွဲ့သားများနှင့်ဝန်ထမ်းအားလုံး:"F*ck...လေယာဉ်နဲ့ RV...ရှင်းရှင်း မင်းမိသားစုက အရမ်းချမ်းသာတာပဲဖြစ်မယ်... နောက်ကျရင် ပင်လယ်ထဲက တစ်ခုခု ပို့ပေးမှာလားမသိ"


ချီရှင်းချန် သူ့ကိုယ်သူ တွေးလိုက်သည်။

"မဖြစ်နိုင်ဘူး...သူ့မှာ ရွက်လှေရှိပြီးသား"


"သွား သွား သွား...ပွဲကြည့်မနေနဲ့... လေယာဉ်ရဲ့ အနေအထားကို ဆက်ပြီး ချိန်ညှိ" 

ဒါရိုက်တာကျိုးက သူတို့ကို တွန်းဖယ်ပြီး ချီရှင်းချန်ကိုဆိုသည်။

"ဖြစ်ချင်တော့ တောင်တန်းတွေပေါ်မှာ ရှာဖွေရေး အခန်းတစ်ခုရှိတယ်...ရှင်းရှင်း အချိန်ကျရင် မင်းရဲ့လေယာဉ်ကို ငှားပါဦး...ငါမင်းကို လောင်စာဆီပြန်ပေးပါ့မယ် "


"ပြဿနာမရှိပါဘူး" 

ချီရှင်းချန်က ထုံထိုင်းစွာပြောလိုက်သည်။


ထို့နောက် ချီမိသားစုက ခဏလောက်ငြိမ်သွားသည်။ တစ်မနက်လုံး ကုန်လွန်သွားသည်။အဖေချီက ခုနခရမ်းရောင်လေယာဥ်ကို ကြိုက်လားဟု မေးသည်ကလွဲ၍ ဘာမှထပ်မဖြစ်ပါချေ။


သည်နေ့အတွက် သည်လောက်ပဲဟု သူထင်ခဲ့သည်။ သို့သော် နေ့လည်ပိုင်းတွင် ဇာတ်ဝင်ခန်းနှစ်ခုကို ရိုက်ကူးပြီးနောက် SF Express မှ လူငယ်တစ်ဦး သုံးဘီးဆိုင်ကယ်စီး၍ရောက်လာခဲ့သည်။ "တစ်ဆိတ်လောက်... မင်းကမစ္စတာချီ လား...မင်းအတွက် ပါဆယ်ထုပ်ရှိတယ်...ကျေးဇူးပြုပြီး လက်မှတ်ထိုးပေးပါ"


ချီရှင်းချန် ခေါင်းညိတ်သဘောတူလိုက်သည်။ SF Express မှ လူငယ်က ကားပေါ်မှ ဆင်းကာ အနောက်မှ သံလှည်းကို ဖွင့်လိုက်သည်။


ဖိုင်အိတ်များဖြင့်ထုပ်ပိုးထားသော ပါဆယ်ထုပ်များ အများအပြားကို သယ်၍ သူက ဆင်းလာခဲ့သည်။


ချီရှင်းချန် ၏လက်များ လက်မှတ်မထိုးမီ နာကျင်နေခဲ့သည်။SF Express မှလူငယ် ထွက်သွား ပြီးနောက် ပထမ ဖိုင်အိတ်ကို ဖွင့်လိုက်သည်။


အထဲမှာ ပုံသေပိုင်ဆိုင်မှုလက်မှတ်တစ်ခုရှိ၏။


ဒုတိယတစ်ခုကို သူဖွင့်လိုက်သည်။ ၎င်းသည် ပုံသေပိုင်ဆိုင်မှုလက်မှတ်တစ်ခု ဖြစ်နေဆဲဖြစ်သည်။


တတိယမြောက်ကိုဖွင့်… ထားလိုက်ပါတော့ ...


ချီယွီကျီး၏ မြို့တစ်မြို့စီတွင် သူ့အတွက် အိမ်နှစ်လုံးဝယ်ပေးခြင်း ရည်မှန်းချက်မှာ အောင်မြင်နေပြီဖြစ်သည်။


သာ့ကျွမ်း အံ့အားသင့်သွားသည်။ "ရှင်းရှင်း... ငါဒါကိုမပြောချင်ပေမဲ့ မင်းဘာလို့ဒီကို ဇာတ်ကားလာရိုက်ပြီးဒီလိုဒုက္ခခံနေတာလဲ...အိမ်ပြန်ပြီး အုံနာလုပ်ငှားစားပါလား"


နောက်ထပ် ဇာတ်ပို့မင်းသားတစ်ယောက်ကလည်း သာ့ကျွမ်းကို အတုခိုးကာဆိုလာသည်။

"မှန်တယ်"


ချီရှင်းချန် သူက သရုပ်ဆောင်ရသည်ကို ကြိုက်၍ဖြစ်ကြောင်း ရှင်းပြလိုက်သည်။ လူတိုင်းက သူ့ကို တကယ်ယုံကြည်ကြသည်။ သူတကယ်မကြိုက်ရင် ဘယ်ဒုတိယမျိုးဆက် သူဌေးသားလေးက ဒီလိုမျိုး အပြစ်တင်ခံရိုက်ကူးဖို့ထွက်လာမှာလဲ...


ဒါရိုက်တာကျိုး စိတ်ပျက်အားငယ်မှုအပြည့်ဖြင့် သူတို့ကို တတိယအကြိမ် မောင်းထုတ်ခဲ့သည်။ 

"ကြည့်မနေနဲ့...မင်းတို့အားလုံး ငါ့ကို ရိုက်ကူးရေးလုပ်ခွင့်လေးပေးစမ်းပါကွာ"


ကံကောင်းထောက်မစွာ၊ နေ့ခင်းဘက်တွင် လုပ်စရာအများကြီးမရှိပေ။ချီကျားကျစ်က ထောင်ရွှမ်အတွက်အဖော်ပြုပေးနေပြီး ကြီးကြီးမားမားအရာများကို ကိုင်တွယ်ဖြေရှင်းရန် အချိန်များစွာ မရှိပါချေ။ သူက ချီရှင်းချန်အတွက် ချစ်စရာအကဗီဒီယိုကို ရိုးရိုးရှင်းရှင်းရိုက်ကူးခဲ့ပြီး သူ့ကိုအားပေးရန်အတွက် J City နှင့် H City ရှိ အီလက်ထရွန်းနစ်ကြော်ငြာစခရင်အားလုံးကို ကြိုတင်စာရင်းသွင်းခဲ့သည်။


ဤကိစ္စနဲ့ ပတ်သက်၍ ချီရှင်းချန်ပြောစရာရှိသည်က: "QAQ နေရာတိုင်းမှာ သူ့ကိုယ်သူ မြင်ရတာ အဆင်ပြေမနေဘူး"


ညနေပိုင်းမှာ ဒါရိုက်တာကျိုးက တစ်နာရီလောက်စောပြီးအလုပ်နားကာ ပြောသည်။

"ရှောင်ချီရဲ့မိသားစုက အရမ်းချမ်းသာတယ်...ငါကသူတို့နဲ့မယှဉ်နိုင်ပေမဲ့ ရှောင်ချီရဲ့မွေးနေ့ကိုတော့ ကျင်းပပေးချင်ပါသေးတယ်...KTV မှာ သီးသန့်အခန်းကို ကြိုပြီး ပြင်ထားတယ်...သွားကြစို့၊ ဒီည ကောင်းကောင်းသောက်ပြီး အနားယူကြရအောင်"


"ရေး..." 

အဖွဲ့သားအားလုံးက ရွှင်မြူးသွားကြသည်။ 

"ကျေးဇူးတင်ပါတယ် ဒါရိုက်တာကျိုး... ကျေးဇူးတင်ပါတယ်ရှောင်ချီရေ"


"ဒါရိုက်တာကျိုး" 

ချီရှင်းချန် အတော်လေးရှက်သွားသည်။ 

"ကျွန်တော် အအေးမိလို့ ရိုက်ကူးရေးက ရက်အနည်းငယ် ရွှေ့ဆိုင်းထားရတာပါ... နောက်ကျရင် အဆင်မပြေဘူး...မသွားပါနဲ့"


"ရပါတယ်...မင်းငါ့ကို သိပ်ယဉ်ကျေးနေစရာ မလိုပါဘူး...မင်းရဲ့မိတ်ကပ်ကို မြန်မြန်ဖျက်ချေ... အဝတ်အစားလဲပြီး ထွက်လာခဲ့...ပြီးတော့ KTV မှာ မင်းကို 

ဧည့်သည်တစ်ယောက်က စောင့်နေတယ်... မင်းမသွားရင် ငါမရှင်းနိုင်ဘူးဟေ့"


ဧည့်သည်လား...ဘယ်ကဧည့်သည်လဲ...


ချီမိသားစုက လက်ဆောင်တစ်ခုစီ ပို့ထားပြီးပြီဖြစ်သောကြောင့် ချီမိသားစုမဟုတ်သည်မှာ သေချာသည်။ သူ့သူငယ်ချင်းတစ်ယောက်ဖြစ်နိုင်သည်။ချီရှင်းချန် တစ်လမ်းလုံး ခန့်မှန်းခဲ့ပေမဲ့ ယခုထိ မဖြေမရှာနိုင်သေးပေ။ နောက်ဆုံးတွင် လူတစ်စုက သူ့ကို KTV သီးသန့်ခန်း တံခါးဆီသို့ တွန်းပို့ခဲ့သည်။


ဒါရိုက်တာကျိုးက ကိုယ်ပိုင်ကလပ်တစ်ခုနှင့် ဆင်တူသည့် KTV ကို ကြိုတင်မှာထားသည်။ အလွန်သီးသန့်ဆန်ပြီး ဧည့်သည်နည်းပါးသည်။ယခုအချိန်မှာ စင်္ကြံမှာ ဘယ်သူမှ မရှိပေ။ အားလုံးက ဝိုင်းအော်ကြသည်။

 "ရှင်းရှင်း တံခါးမြန်မြန်ဖွင့်"


ချီရှင်းချန်၏ စိတ်လည်း သူတို့ဆွက လှုံ့ဆော်ခံလိုက်သည်။သူ တံခါးကိုတွန်းဖွင့်ပြီး ပြုံးကာဆိုလိုက်သည်။ 

"ကောင်းပြီ...တစ်၊ နှစ်၊ သုံး၊ ပွင့်...."


"ပွင့်စေ" ဆိုသည့် စကားလုံးနှစ်လုံးကို မပြောခင်မှာ သူ့အသံက ရုတ်တရက် တိတ်သွားသည်။


အခန်းထဲတွင် မွေးနေ့သီချင်းသံ လွင့်မျောနေပြီး ပိုင်ရဲ့က ငါးလွှာကိတ်မုန့်ရှေ့တွင် ရပ်နေကာ သူ့ကို မြတ်နိုးမှုတို့ဖြင့်ပြည့်လျှမ်းနေသောအကြည့်တို့ဖြင့် နူးညံ့စွာ ကြည့်လျက် နှုတ်ကဆိုသည်။ 


"ပျော်ရွှင်စရာ မွေးနေ့ပါ ပေါင်ပေ့"


ပိုင်ရဲ့ကို မြင်လိုက်ရချိန်တွင် ချီရှင်းချန်၏ ပထမဦးတုံ့ပြန်မှုမှာ " သူဘာလို့ဒီကိုရောက်နေရတာလဲ…" ဟုပင်ဖြစ်သည်။


ဒုတိယတုံ့ပြန်မှုမှာမူ " ပိုင်ရဲ့က ငါ့ကိုပေါင်ပေ့လို့ခေါ်ခဲ့တာပဲ…အနောက်မှာလည်း လူတွေအများကြီးရှိနေသေးတာ… သူတို့သာ သူနဲ့ပိုင်ရဲ့တို့ရဲ့ဆက်ဆံရေးကို သိသွားကြရင် ဘယ်လိုလုပ်မလဲ…" ဟူ၍ တွေးမိသွားသည်။


အမြီးတက်နင်းခံလိုက်ရသည့် ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ ချီရှင်းချန်၏ဆံပင်မွှေးများ ထောင်ထလာရသည်။ သူ၏နောက်မှလူအုပ်ကြီးကို သတိအပြည့်ဖြင့် လှမ်းကြည့်လိုက်မိပြီး အကယ်၍သာ တစ်စုံတစ်ယောက်မှထို‌အကြောင်းကို ရှာတွေ့သွားပါက နေရာတွင်ပင် သွေးများပက်ဖြန်းမိတော့မလို ဖြစ်နေခဲ့သည်။


ကံကောင်းစွာဖြင့် ကေတီဗီ၏တံခါးမှာ ကျဉ်းမြောင်းသည့်အတွက် ပိုင်ရဲ့၏နှုတ်ခမ်းလှုပ်ရှားမှုကို အနောက်မှလူများ မမြင်နိုင်ကြပေ။ ထို့ကြောင့် ထိုလူများမှ ရယ်လျက် ပြောလာကြသည် 


" ရှင်းရှင်း ဘာတွေကြောင်ကြည့်နေတာလဲ…ဟားဟားဟား…"


" ဝင်လာလေ ဖယောင်းတိုင်တွေတောင် အရည်ပျော်ကုန်တော့မယ်…"


" ရှောင်ချီကိုကျေးဇူးတင်ရမယ်… ငါတော့ဒီနေ့ ထိပ်တန်းအဆင့်ဗီအိုင်ပီပွဲကြည့်လိုက်ရတယ်…"


" ဒါက ပထမဆုံးပိုင်ရဲ့ကို အပြင်မှာမြင်ဖူးတာပဲ… သူက‌တီဗီထဲမှာထက်တောင် ပိုချောနေသေးတယ်.."


ထိုမှသာ ချီရှင်းချန် စိတ်သက်သာရာရသွားခဲ့သည်။ ထို့နောက် ပိုင်ရဲ့၏အနားသို့ပြေးသွားရန် မစောင့်နိုင်တော့သဖြင့် တစ်ချက်လှမ်းကြည့်လိုက်မိသည်။ လူအုပ်ကြီး၏တည်ရှိမှုကြောင့် ချီရှင်းချန် တည်ငြိမ်‌ဟန်ဆောင်လိုက်ကာ အနားသို့သွား၍ တိုးတိုးပြောလိုက်သည် " ကောကော ဒီနေ့အလုပ်မရှိဘူးလား…"


သူ ပိုင်ရဲ့၏အချိန်ဇယားကို မြင်ဖူးထားသည်။


" ထားထားလိုက်ပါ…" ပိုင်ရဲ့မှပြောလာသည် " ဒါကအရေးမကြီးပါဘူး…"


" မွေးနေ့ပွဲလေးအတွက်နဲ့တော့ အလုပ်တွေကို နောက်ပို့ထားစရာမလိုပါဘူး… ဒါကဆယ့်ခြောက်နှစ်ပြည့်တို့ ဘာတို့လို ထူးထူးခြားခြားမှမဟုတ်ဝာာကို…" ချီရှင်းချန် အထွန့်တက်လိုက်မိသည်။


" အဓိကက မွေးနေ့ပွဲလေးမဟုတ်ဘဲနဲ့ ဘယ်သူ့ရဲ့မွေးနေ့ပွဲဆိုတာပဲ…" ပိုင်ရဲ့ မွေးနေ့ကိတ်ကို မေးငေ့ပြလိုက်ပြီး ပြောလိုက်သည် " ဆုတောင်းပြီးတာနဲ့ ကိတ်ကိုခွဲပေးလိုက်တော့လေ… လူတိုင်းလည်း ဗိုက်ဆာနေလောက်ပြီ…"


ပိုင်ရဲ့၏အသံမှာ အတော်အတန်ကျယ်နေသည့်အတွက် ၎င်းကိုကြားလိုက်ပြီးနောက် လူတိုင်းမှ ဟိုဟိုဒီဒီများကို စားချင်ကြောင်း ပြောလာကြသည်။ သာ့ကျွမ်းမှ စားပွဲထိုးကို မီနူးတောင်းလိုက်ပြီးနောက် လူတိုင်းမှာဟင်းမှာရန် စုဝေးလိုက်ကြလေသည်။


ပိုင်ရဲ့မှာ ဤနေရာသို့ရောက်နေပြီးပြီဖြစ်သောကြောင့် သူ့ကိုကားမောင်းပြန်ပို့ပေးရန် နောက်ကျနေပြီဖြစ်ရာ ချီရှင်းချန် မည်သည့်စကားမျှထပ်မပြောတော့ဘဲ သူ၏ကိတ်မုန့်ကိုသာ ငုံ့ကြည့်လိုက်သည်။


အလွှာငါးခုမှာ တစ်ပုံစံတည်းတူညီနေပြီး အလွှာတစ်လွှာစီတွင် သူ၏ပုံစံတူချစ်စဖွယ်အရုပ်လေးများဖြင့် ပုံဖော်ထားသည်။ ၎င်းတို့မှာ ဘတ်ဂျက်ခရီးသွားကြမယ်အစီအစဉ်တွင် လမ်းပေါ်မှာဖျော်ဖြေနေသည့်ပုံ၊ ရေသူကြော်ငြာတွင် ရေပေါ်၌ရပ်နေသည့်ပုံ၊ သမုဒ္ဒနှလုံးသားရိုက်ကူးစဉ်အခါက တစ်ကိုယ်လုံးကို ပလတ်စတစ်များဖြင့် ဖုံးအုပ်ထားပြီး ရှန်းရှန်းနှင့်စကားပြောနေသည့်ပုံ နှင့် ငါ့ခေတ်တွင် ကြိုးများတွဲလောင်းဆွဲထားပြီး သရုပ်ပြနေသည့်ပုံတို့ဖြစ်ကြသည်။


အပေါ်ဆုံးအထပ်တွင်မူ သေချာပေါက်ပင် လျန်ရှောင်လုံ၏ပုံဖြစ်သည်။ ပိန်ပါးသေးသွယ်သောကောင်လေးတစ်ယောက်မှာ ပါဆယ်ပို့သည့်လုပ်ငန်းဝတ်စုံကို ဝတ်ဆင်ထားပြီး ယေးး ဟူသောအမူအယာကိုလုပ်ထားကာ ချစ်စဖွယ်ဖြစ်သလို သနားစဖွယ်လည်းဖြစ်နေသည်။


အရေးအကြီးအချက်မှာမူ ဤသည်မှာ ချီရှင်းချန် ပိုင်ရဲ့ထံပို့ထားသည့်ဆယ်ဖီ၏ပုံဖြစ်နေခဲ့လေသည်။


ကျန်သူများမှာမူ သဘာဝကျစွာပင် ၎င်း၏နောက်ကွယ်မှ အဓိပ္ပါယ်ကို မသိနေဘဲ ပိုင်ရဲ့မြေပုံပေါ်မှ သို့မဟုတ် အခြားတစ်နေရာရာမှာ ရှာတွေ့လာသည်ဟုသာ ထင်နေကြသည်။ ချီရှင်းချန် ထိတ်လန့်သွားပြီး ကပျာကယာ ကွန်ပလိန်းတက်လိုက်သည် 


" ဘာလို့ဒီလိုတုံးတုံးအအပုံကိုရွေးလိုက်တာလဲ… အရမ်းရုပ်ဆိုးတာပဲ…"


ယခင်အချိန်တုန်းက ထိုပုံမှာအလွန်ကြည့်ရဆိုးနေသည့်အတွက် ချီရှင်းချန် ပို့ပြီးပြီးချင်း ပြန်ဖျက်လိုက်မိသော်လည်း ပိုင်ရဲ့ထိုဓာတ်ပုံကို‌ သိမ်းထားမည်ကိုမူ မထင်မိလိုက်ပေ။


" ဒါကမင်းရဲ့အလုပ်ကြိုးစားထားတဲ့သက်သေပဲလေ…နောက်ကြရင် ဒါတွေကအဖိုးတန်တဲ့အမှတ်တရတွေ ဖြစ်လာမှာ.." ပိုင်ရဲ့ ပြင်းပြသောစိတ်ခံစားချက်များဖြင့် ပြောလာသည် " ပြီးတော့ ဒါကရုပ်မဆိုးပါဘူး… အတော်လေးတောင် ချစ်ဖို့ကောင်းသေးတယ်…"


" ဟုတ်ပါ့…" သာ့ကျွမ်း အမှာစာသွားယူ‌ရင်းဖြင့် သူတို့နှစ်ဦးအနားမှ ဖြတ်သွားမိသောကြောင့် လမ်းကြုံဝင်နောက်လာသည် " ဒါက ယူနီဖောင်းနဲ့ရိုက်တုန်းကမလား… ဟားဟားဟား…"



ချီရှင်းချန် : "......"


မေထွမ်းပစ္စည်းပို့ယူနီဖောင်းကိုဝတ်ထားတဲ့သူတစ်ယောက်ယောက်ကိုများ မြင်ဖူးကြလို့လားဟေ…


ပိုင်ရဲ့မှ သာ့ကျွမ်းကိုတစ်ချက်ကြည့်လာသဖြင့် သာ့ကျွမ်း ဇက်ပုသွားပြီး အမြန်ထွက်ပြေးသွားခဲ့သည်။