အပိုင်း ၁၃၃
Viewers 29k

Chapter 133

 (🚨)



အဝတ်ဗီရိုမှာ ရေချိုးခန်းနှင့် များစွာကွာဝေးခြင်းမရှိချေ။ တံခါးကိုဖွင့်လိုက်ချိန်တွင် ဗီရိုထဲရှိအဝတ်မျိုးစုံကို မြင်လိုက်ရသောကြောင့် ပိုင်ရဲ့ရှုပ်ထွေးသွားပြီး ချီရှင်းချန်ထံ လှမ်းမေးလိုက်မိသည်


 " ဘယ်လိုညအိပ်ဝတ်စုံဝတ်မှာလဲ…"


" နွားရုပ်လေး…" ချီရှင်းချန်မှ အော်ပြောလာသည်။


ပိုင်ရဲ့ သူတို့၏ဆင်တူနွားရုပ်ညအိပ်ဝတ်စုံကိုထုတ်လိုက်ပြီးနောက် အတွင်းခံများကိုရှာမတွေ့သည့်အတွက် ထပ်မေးလိုက်ရသည် " အတွင်းခံ‌တွေနဲ့ ခြေအိတ်တွေက ဘယ်နားမှာလဲ…"


" ဗီရိုရဲ့ ဘယ်ဘက်အောက်ဆုံးထောင့်က အပြာရောင်အိတ်နှစ်လုံးထဲမှာ…"


ပိုင်ရဲ့ ညွှန်ကြားချက်အတိုင်း ဘယ်ဘက်ထောင့်ကိုလှန်ကြည့်လိုက်ရာ ကွက်တိပင် ပစ္စည့်းထည့်သည့်အိတ်နှစ်လုံးကို မြင်လိုက်ရပြီး အိတ်ကိုလက်တစ်ဖက်ဖြင့်ကိုင်ကာ ညင်သာစွာဆွဲထုတ်လိုက်သည်။


ထိုအချိန်၌ ပဝါအလိပ်တစ်ခုမှာ ခုန်ထွက်လာခဲ့သည်။


အချို့သောလူများမှာ လက်ဝတ်ရတနာများကို အဝတ်ဗီရိုထဲတွင် ထည့်ဖွက်လေ့ရှိကြသောကြောင့် ပိုင်ရဲ့ အထဲတွင်တန်ဖိုးကြီးပစ္စည်းတစ်ခုခုပါနေမည်ကို စိုးရိမ်သည့်အတွက် ကပျာကယာလှမ်းဖမ်းလိုက်ရသည်။ ကံမကောင်းစွာဖြင့် သူဖမ်းမမိလိုက်ဘဲ မတော်တဆပဝါအလိပ်ကို ပြေသွားစေခဲ့ကာ အတွင်းမှပစ္စည်းများမှာ ကြမ်းပြင်ပေါ်တွင် ပြန့်ကြဲသွားခဲ့သည်။


ထို့နောက် သူ၏ခြေရင်းတွင် 0.02mm ပါးလွှာပြီး ရေခဲလိုအေးမြတဲ့ပရုတ်၊ အပူဒဏ်ခံနိုင် အလွှာခြားခြင်းဇီးရိုးနှင့် Hyaluronicအက်ဆစ်ပါသည့် ချောဆီ စသည့်စာသားများပါသည့် မတူညီသောဘူးများကို မြင်လိုက်ရသည်။


ထိုမျှသာမက ချောဆီဟုနာမည်တပ်ထားသော လုံးဝိုင်းသည့်ပုလင်းတစ်လုံးသည်ပင် ရှိနေသေးသည်။


သူ့ဖန်ကလေးမှ ပြုစုချင်သည်ဟူ၍ပြောထားသည့်စကားမှာ မည်ကဲ့သို့သောအပြုအစုကို ညွှန်းဆိုနေကြောင်း ပိုင်ရဲ့ ယခုအချိန်မှနားလည်သွားရသည်။ ပိုင်ရဲ့ ပစ္စည်းများကို သပ်သပ်ရပ်ရပ်ပြန်ထုတ်လိုက်ပြီး မူလရှိနေသည့်အတိုင်း ပဝါအလိပ်ကို ပြန်ထည့်ထားမည့်အချိန်တွင်….


ရေချိုးခန်းထဲရှိလူမှ ရုတ်တရက်အော်ခေါ်လာသည် " ကောကော…"


" ကိုယ်ဒီမှာ…" ပိုင်ရဲ့ အလျင်အမြန်ပြန်ဖြေလိုက်သည်။


" အယ်… ကောကော တကယ်ကြီးဒီမှာရှိနေတာပဲ… ကျွန်တော်က အိမ်မက်မက်နေတယ်ထင်‌တာ…"


" တကယ်ပါ…" တစ်ဖက်လူကို လုံခြုံစိတ်ချရသည့်ခံစားချက်ပေးနိုင်ရန်အတွက် ပိုင်ရဲ့ဦးဆုံးပစ္စည်းများကို ကုတင်ပေါ်သို့ပစ်ချလိုက်ပြီး ရေချိုးခန်းတံခါးကိုအနည်းငယ်ဟကာ သူ၏လက်ကိုထည့်၍ ပြောလိုက်သည် " ကိုယ့်လက်ကိုတွေ့လား… ကိုယ်ဒီမှာရှိတယ်နော်…"


သရုပ်ပြပြီးသည့်နောက် လက်ကိုပြန်ရုတ်လိုက်မည့်အချိန်၌ ရုတ်တရက်ဆိုသလို ပိုင်ရဲ့၏လက်မှာ ရေစိုနေပြီးနွေးထွေးနေသည့်လက်သေးသေးမှ ဆွဲယူခြင်းကိုခံလိုက်ရကာ လက်ကလေး၏ပိုင်ရှင်မှ ရေရွတ်လာသည် " ကောကောကိုမိပြီ မပြေးနဲ့တော့…"


ပိုင်ရဲ့ ချီရှင်းချန် အခြားတောင်းဆိုချင်သည့်အရာရှိဦးမည်လားဟု မေးလိုက်ချင်မိသော်လည်း အမူအကျင့်ဟူသည်မှာ အချိန်တိုအတွင်းပြောင်းလဲသွားမည့်အရာမျိုး မဟုတ်ပေ။ သူ၏ဖန်ကလေးမှာ သူ့ထံတောင်းဆိုခဲလှပြီး ဤကဲ့သို့ မူးနေသည့်အချိန်မှသာ တစ်ဖက်လူမှစ၍ပြောလာခဲ့သည်။ သေချာပေါက်ပင် ပိုင်ရဲ့ ငြင်းပယ်မည်မဟုတ်ချေ။ နံရံကိုမှီကာ ချီရှင်းချန်၏လက်ကိုလက်ကို ဆက်ကိုင်ထားလိုက်ပြီး ပြောလိုက်သည်


 " ကောင်းပြီ ကိုယ်မပြေးပါဘူး…"


ချီရှင်းချန် ကျေနပ်သွားခဲ့သည်။


အရက်မူးနေသည့်လူများ၏အသိဉာဏ်မှာ အကန့်အသတ်ရှိသောကြောင့် ဤကဲ့သို့ကိုင်ထားပါက တစ်ဖက်လူ၏လက်မောင်းကို တောင့်သွားစေနိုင်ကြောင်းကို သူသိမနေပါချေ။ မိနစ်နှစ်ဆယ်ခန့်အကြာတွင် ပိုင်ရဲ့ သူ၏လက်မောင်းကိုပင် မခံစားနိုင်သကဲ့သို့ ဖြစ်သွားရပြီး ရေအေးသွားသည့်အချိန်ကို ခန့်မှန်းပြီးနောက်မှသာ တံခါးကိုဖွင့်၍ အထဲသို့ဝင်သွားလိုက်သည်။


လက်ကိုင်ထားရာတွင် ပို၍လွယ်ကူစေရန် သူ၏ချီမျိုးရိုးဖန်ကလေးမှာ ရေချိုးဇလုံထဲတွင် ငုတ်တုတ်ထိုင်ကာ အရှေ့သို့တည့်တည့်စိုက်ကြည့်နေပြီး တစ်စုံတစ်ရာကို တွေးတောနေဟန်ရှိသည်။


ပိုင်ရဲ့ ချီရှင်းချန်၏ပုခုံးကိုထိလိုက်ချိန်၌ ၎င်းတို့မှာ အေးစက်နေခဲ့သောကြောင့် " တစ်ချိန်လုံးဒီလိုပဲထိုင်နေတာလား…" ဟုမေးလိုက်မိသည်။


" ဟင့်အင်း ကျွန်တော်အခုပဲရပ်ပြီး ရှူးပေါက်နေတာ…"


"...." အသိစိတ်မရှိသည့်လူနှင့် ဆက်သွယ်ရန်မှာ အလွန်ခက်ခဲလှသောကြောင့် ပိုင်ရဲ့ လက်လျော့ကာ အခြားအရာကိုမေးလိုက်ရသည် " ခေါင်းမလျှော်ရသေးဘူးမလား…"


ချီရှင်းချန်မှ ပြန်ဖြေလာသည် 


" အင်း လက်တွေမရှိတော့ မလျှော်နိုင်ဘူးလေ…"


ပိုင်ရဲ့ အဝတ်အစားများကို စင်ပေါ်သို့တင်ကာ ချီရှင်းချန်ကို ကိုင်ထားသည့်ပုံစံအတိုင်း ဆက်လက်ထိန်းထားလိုက်ပြီးနောက် လက်တစ်ဖက်မှ ရေဘုံပိုင်ခေါင်းကို လှမ်းဖွင့်လိုက်သည်။ ထို့နောက် တစ်ဖက်လူ၏ဆံပင်များကို ရေစိုသွားစေပြီး ခေါင်းလျှော်ရည်နှစ်ခါစာခန့် ညှစ်ထုတ်လိုက်သည်။


သူ့ဖန်ကလေးမှာ အလွန်ခေါင်းမာလှပေရာ သူ၏ဆံပင်သည်လည်း ထိုကဲ့သို့မာကြောနေမည်ဟု ထင်ထားခဲ့သည်။ သို့သော်လည်း ချီရှင်းချန်၏ဆံပင်မှာ မယုံနိုင်လောက်အောင် ပျော့ပြောင်းနေခဲ့သည်။ ပိုင်ရဲ့ အမြုပ်ထလာသည်အထိ ဆံပင်များကို တဖြည်းဖြည်းပွတ်ပေးလိုက်ပြီး သူ့ဖန်ကလေး၏နားရွက်များကိုမှာလည်း ဤသို့နူးညံ့နေရသည်လားဟူ၍ စူးစမ်းနေမိသည်။


ဇာတ်ကောင်နှင့်လိုက်ဖက်စေရန် ချီရှင်းချန်မှာ လတ်ဆတ်သောကျောင်းသားဆံပင်ပုံစံညှပ်ထားသည့်အတွက် လျှော်ရန်အလွန်လွယ်ကူနေခဲ့သည်။ ပိုင်ရဲ့ လုံလောက်ပြီဟုခံစားလိုက်ရချိန်တွင် ချီရှင်းချန်ကို အမိန့်ပေးလိုက်သည် " အနောက်ကိုလှည့်ဦး…"


ချီရှင်းချန် နာနာခံခံဖြင့် လှည့်ကြည့်လိုက်ချိန်တွင် ပိုင်ရဲ့၏မျက်လုံးများနှင့်ဆုံတွေ့သွားခဲ့သည်။ သူ ခဏမျှမိန်းမောသွားပြီးနောက် နုံအစွာပြုံးလျက် ပြောလိုက်လေသည် " ကောကောက အရမ်းကြည့်ကောင်းတာပဲ…"


ပိုင်ရဲ့ မနေနိုင်ဘဲ ချီရှင်းချန်၏နားရွက်များကို ထိကြည့်မိသွားသည် " မင်းလည်းကြည့်ကောင်းပါတယ်…"


" ကျွန်တော်ကကြည့်ကောင်းတယ်လား… ကျွန်တော်ကကြည့်ကောင်းတယ်ဆိုရင် ဘာလို့ကူညီပေးပြီးတော့မှ ကိတ်မုန့်နဲ့သုတ်ရတာလဲ…"


ချီရှင်းချန် ယခုအချိန်ထိ ထိုအကြောင်းကိုတွေးနေမည်ကို ပိုင်ရဲ့မမျှော်လင့်ထားခဲ့ပေ။ ဆံပင်များကိုရေဆေးချနေရင်းမှ သူပြန်ပြောလိုက်သည် " ကိုယ့်ရဲ့လူကို ကိုယ်ပဲအနိုင်ကျင့်နိုင်လို့လေ…"


" ကျွန်တော့်ကို ဘာလို့အနိုင်ကျင့်ရတာလဲ…"


" မင်းမကြိုက်ဘူးလား…ဒါဆို နောက်ကြရင် ကိုယ့်ကိုကိုယ်ထိန်းထားပါ့မယ်ကွာ…"


" ဟင့်အင်း ကြိုက်ပါတယ်…" ချီရှင်းချန် ခေါင်းကိုယမ်းလိုက်သည့်အတွက် ရေစက်များမှာ နေရာအနှံ့သို့ ပြန့်ကြဲသွားခဲ့သည်။ ထို့နောက် ချီရှင်းချန် စိုးရိမ်တကြီးဖြင့် ပြောလာသည်


 " ကောကော ကိုယ့်ကိုကိုယ်ချုပ်ထိန်းထားဖို့မလိုပါဘူး…"


ပိုင်ရဲ့ တခဏအတွင်း စိုရွှဲသွားခဲ့ပြီး ရုတ်တရက်ဆိုသလို ဆံပင်ညှပ်ဆိုင်မှ တိုနီအတွက် မည်မျှခက်ခဲမည်ဖြစ်ကြောင်းကို နားလည်သွားခဲ့သည်။ ထို့အပြင် သူ၏သူငယ်ချင်းတစ်ယောက်မှ ခွေးအကြီးများကို ရေချိုးပေးချိန်တွင် အဘယ့်ကြောင့် မကြာခဏညည်းညူနေခဲ့ရသည်ကိုလည်း နားလည်သွားခဲ့သည်။ ကံကောင်းစွာဖြင့် ဆပ်ပြာအမြုပ်များမှာ သန့်စင်သွားပြီဖြစ်သောကြောင့် ပိုင်ရဲ့ သူ၏လက်အနောက်ဘက်ဖြင့် မျက်နှာကိုသုတ်ကာ သဘက်ကိုလှမ်းယူရင်း ပြောလိုက်သည် " ထတော့…"


ချီရှင်းချန်မှာ စိတ်လောနေသည့်အတွက် များစွာမတွေးမိဘဲ အမြန်ထရပ်လာကာ မေးလိုက်မိသည် " ကျွန်တော် ဘာပြောခဲ့လဲဆိုတာ ကြားလိုက်ရလား…"


ဤတစ်ကြိမ်တွင်မူ ပိုင်ရဲ့ မမြင်သင့်သည့်အရာကော မြင်သင့်သည်အရာကောကို မြင်တွေ့လိုက်ရပြီဖြစ်သည်။ သူသက်ပြင်းတစ်ချက်ချလိုက်ရကာ အနားမှရေချိုးသဘက်ဖြင့် ချီရှင်းချန်ကို ပတ်ပေးလိုက်ပြီး ပြောလိုက်သည် " ကိုယ်ကြားပါတယ်… မင်းပြောတဲ့အတိုင်း လုပ်ပေးမှာပါ…"


လိုချင်သည့်အဖြေရပြီးနောက် ချီရှင်းချန် အတော်လေးကျေနပ်သွားခဲ့သည်။ ရေချိုးဇလုံထဲက ထွက်လာပြီးချိန်မှသာ မည်သည့်အရာကိုရှက်ရမည်အား သတိရသွားခဲ့ပြီး ခေါင်းမာမာဖြင့် ပိုင်ရဲ့ကို မျက်လုံးပိတ်ထားရန်နှင့် သူ့ကိုအဝတ်အစားမလဲပေးရန် အခိုင်အမာပြောဆိုနေသည်။


ပိုင်ရဲ့ သူ၏စကားအတိုင်း နာနာခံခံဖြင့် မျက်လုံးများကို ပိတ်ထားပေးခဲ့သည်။ ချီရှင်းချန် လက်တစ်ဖက်ဖြင့် ညအိပ်ဝတ်စုံကို အောင်အောင်မြင်မြင် လဲပြီးသည့်နောက်မှ ပိုင်ရဲ့၏လက်ကိုကိုင်၍ ကိုယ်ချင်းဆက်အမြွှာများကဲ့သို့ ရေချိုးခန်းထဲမှ ထွက်လာလိုက်ကြသည်။


သို့သော်လည်း ကုတင်ရှေ့သို့ရောက်သည်နှင့် ကုတင်အပေါ်တွင် ထုတ်ပိုးထားသောပဝါကိုကြည့်ကာ ချီရှင်းချန်၏ခြေလှမ်းများ ရပ်တန့်သွားရသည်။


၎င်းကိုသိမ်းဆည်းခဲ့သူမှာ သူကိုယ်တိုင်ဖြစ်လေရာ သေချာပေါက်ပင် အထဲတွင်မည်သည့်အရာရှိသည်ကို ချီရှင်းချန်သိနေခဲ့သည်။


ကြောက်စရာအကောင်းဆုံးအရာသည်ကား ထိုပဝါမှာသူထုတ်ထားခဲ့သည့်ပုံစံနှင့်မတူဘဲ ကွဲပြားနေခြင်းပင်။


ဆိုလိုသည်မှာ….တစ်ဖက်လူမှာ အထဲရှိအရာများကို မြင်သွားလေပြီ။


တခဏအတွင်း ချိုမြိန်သောပူဖောင်းလေးများ ပေါက်ကွဲသွားကာ ချီရှင်းချန် လန့်နိုးလာကာ သူ၏မျက်နှာပေါ်တွင် ထိတ်လန့်မှုနှင့် ရှက်ရွံ့နေမှုများသာ ကျန်ရစ်ခဲ့လေသည်။


ပိုင်ရဲ့မှာ ချီရှင်းချန်၏ဘေးတွင်ရှိနေသောကြောင့် ခေါင်းကိုလှည့်လိုက်သည်နှင့် သူ့ဖန်ကလေးကို မျက်နှာကိုမြင်လိုက်ရသည်။ ထိုအချိန်၌ ပိုင်ရဲ့ အရေးအကြီးဆုံးအရာကို မသိမ်းခဲ့မိသည့်အတွက် သူ့ကိုယ်သူသာ တိတ်တခိုးအပြစ်တင်မိသည်။


" ဧည့်သည်တစ်ယောက်ယောက်များ ကျန်ခဲ့တာလား…" ပိုင်ရဲ့ ချီရှင်းချန်အတွက် အကြောင်းပြချက်တစ်ခု ရှာပေးလိုက်မိသည် " ဒါမှမဟုတ် ဟိုတယ်ကပဲယူလာပေးတာလား…အခုနောက်ပိုင်း ဟိုတယ်အတော်များများက ဒီလိုသားဆက်ခြားပစ္စည်းတွေ ပြင်ဆင်ပေးထားတယ်လေ…"


ချီရှင်းချန်မှာမူ တုံ့ပြန်မလာခဲ့ဘဲ အထစ်ထစ်အငေ့ါငေါ့ဖြင့် ပြောလာသည် " မ မ မဟုတ်ဘူး… ဒါ ကျ ကျွန်တော့်ဟာတွေပါ… အရင်တုန်းက ပြော ပြောဖူးတာကို မှတ် မှတ်မိတယ်…"


ပိုင်ရဲ့ သီးသွားခဲ့ပြီး မည်သို့ပြန်‌ဖြေရမည်ကို မသိတော့ပါ။ သူအခြားသောအကြောင်းပြချက်တစ်ခု ရှာပေးချင်မိသော်လည်း သူ၏လျှို့ဝှက်ချက်ကို သူ့ဘာသာဖော်လိုက်ပြီးပြီဖြစ်နေသောကြောင့် ပိုင်ရဲ့ ထိုအချိန်၌ မည်သည့်ကောင်းနိုးရာရာကိုမှ မစဉ်းစားနိုင်ခဲ့ပေ။


ပိုင်ရဲ့ သူ့ဖန်ကလေး၏ပုခုံးမှ ဆွဲလှည့်ကာ ပဝါအလိပ်ကိုကြည့်နေခြင်းမှ အဝေးသို့ရောက်သွားစေရန် အတင်းအကြပ်အားသုံးလိုက်ပြီး ပြောလိုက်သည် " တောင်းပန်ပါတယ် ကိုယ်ပေါ့ဆမိသွားတာပါ…"


ချီရှင်းချန် : " ဒါကောကောရဲ့အမှားမဟုတ်ပါဘူး…"


" မင်းရဲ့ကြင်နာမှုအတွက် ကျေးဇူးပါနော်…" ပိုင်ရဲ့ ဆက်ပြောလိုက်သည် " ကိုယ့်အတွက် အရမ်းစဉ်းစားပေးတာကိုလည်း ကိုယ်အရမ်းပျော်မိတယ်…"


ချီရှင်းချန်၏သောက်ကျိုးနည်းဦးနှောက်မှာ ရုတ်တရက်ဆိုသလို ထ၍အလုပ်လုပ်သွားခဲ့ပြီး ကိုယ့်အတွက်ထည့်စဉ်းစားပေးတယ် ဟူသည့်အဓိပ္ပါယ်ကို နားလည်သွားခဲ့သည်။ ပိုင်ရဲ့ ထိုပစ္စည်းများကို ဖွင့်ကြည့်လိုက်စဉ်က ဖြစ်နေမည့်မျက်နှာမှာ သူ၏စိတ်ထဲတွင် ပေါ်လာခဲ့ပြီး ချီရှင်းချန်၏မျက်နှာမှာ တခဏအတွင်း သွေးကဲ့သို့ နီရဲသွားရသည်။


"...." သူ ချီရှင်းချန်ကို ပို၍ရှက်သွားစေမည်ဟု မထင်ထားမိခဲ့ပေ။ ပိုင်ရဲ့ ချီရှင်းချန်ကို သူ၏လက်မောင်းများအတွင်းသို့ ဆွဲသွင်းကာ နဖူးပေါ်သို့ အနမ်းတစ်ပွင့်ပေးလိုက်ပြီး ပြောလိုက်မိသည် " ရပြီ… ဒီအကြောင်းကို မစဉ်းစားနဲ့တော့နော်…"


ချီရှင်းချန် နှုတ်ခမ်းဆူလိုက်မိသည်။ သူ ထိုအကြောင်းကို မည်သို့များ မစဉ်းစားမိဘဲ နေနိုင်မည်နည်း…


ထိုစဉ် ပိုင်ရဲ့မှ သူ၏နှုတ်ခမ်းများကို အသာအယာထိကာ ပြောလာသည် " ကိုယ်နောက်ကြရင် ဒါတွေကိုပြန်ထားလိုက်မယ်နော်… မမြင်ခဲ့သလိုပဲ နေလိုက်မယ်…"


ဒါက သိသိသာသာကြီးကို သူ့ကိုယ်သူလှည့်စားနေတာ မဟုတ်ဘူးလား…အစောပိုင်းတွင် ချီရှင်းချန်၏မျက်နှာတစ်ခုတည်းသာ ရှက်သွေးဖြာနေခဲ့သော်လည်း ယခုအချိန်တွင်မူ သူ၏လည်ပင်းတစ်ခုလုံးနှင့် လစ်ဟနေသောရင်ဘတ်တစ်ခုလုံး နီရဲသွားရသည်။


ပိုင်ရဲ့ သူမှားပြောလိုက်မိသည်ကို သတိပြုမိသွားသည်။ သို့သော်လည်း သူလုပ်နိုင်သည့်အရာဟူ၍ မရှိသောကြောင့် ရိုးရှင်းစွာဖြင့် ခေါင်းကိုငုံ့ကာ ချီရှင်းချန်ကိုသာ အနမ်းပေးလိုက်သည်။


ချီရှင်းချန်၏မြင်ကွင်းတစ်ခုလုံး နက်မှောင်သွားကာ နှုတ်ခမ်းစီမှ ထူးဆန်းသောအထိအတွေ့ကိုသာ ခံစား‌မိနေသည်။ သူ၏မျက်လုံးများ အလိုလိုမှိတ်သွားကာ ပါးစပ်ကို ဖွင့်ဟပေးမိသည်။


သူတို့နှစ်ဦးခွဲခွာနေရသည်မှာ အချိန်အတော်ကြာပြီဖြစ်သောကြောင့် ယခင်အချိန်က မရင့်ကျက်သေးသည့်အနမ်းများမှာ သိသိသာသာပင် ပျက်ယွင်းလာခဲ့သည်။ ချီရှင်းချန် ၎င်းတို့ကို အလျင်အမြန်ဖာထေးချင်မိသည့်အတွက် သူ၏လျှာထိပ်ကိုသုံးကာ ပိုင်ရဲ့၏နှုတ်ခမ်းကို လှမ်းယက်လိုက်သည်။


ချီရှင်းချန်မှာ ယခုမှရေချိုးထားသည်ဖြစ်ရာ သူ၏နှုတ်ခမ်းများမှာ နွေးထွေးနေခဲ့သည်။ ပိုင်ရဲ့၏နှုတ်ခမ်းများမှာမူ အေးစက်နေခြင်းကြောင့် သူ့ကိုပုံမှန်မကျသည့် သက်တောင့်သက်သာမဖြစ်မှုကို ဖြစ်စေသည့်အတွက် ချီရှင်းချန် အနားသို့တိုးကပ်သွားကာ ပို၍ပြင်းပြင်းထန်ထန်ပွတ်တိုက်လိုက်မိသည်။


ပိုင်ရဲ့၏မူလရည်ရွယ်ချက်မှာ သူ့ဖန်ကလေးကို ထိုပဝါအလိပ်‌အကြောင်းမေ့သွားစေရန်ဖြစ်သော်လည်း သူလေး၏အစပျိုးလာမှုမှာ မီးတောက်များကို ချက်ချင်းဆိုသလို တောက်လောင်သွားစေခဲ့သည်။ ပိုင်ရဲ့၏မျက်လုံးများ မှောင်မိုက်လာပြီး တစ်ဖက်လူ၏ခါးပေါ်ရှိ သူ၏လက်များကို တင်းကြပ်စေလိုက်သည်။


ချီရှင်းချန်မှာမူ ပိုင်ရဲ့ကြောင့် အရှေ့သို့ဆွဲယူခံလိုက်ရပြီး မသိစိတ်မှနေ၍ ပိုင်ရဲ့၏လည်ပင်းကို သူ၏လက်များဖြင့် ရစ်ပတ်မိလိုက်သည်။


ခန္ဓာကိုယ်နှစ်ခုမှာ တင်းကြပ်စွာ ဖိကပ်နေသည်။


သူတို့နှစ်ဦးမတွေ့ရသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည့်အပြင် ကေတီ‌ဗီတွင်ရှိစဉ်အခါက နမ်းရှိုက်ခဲ့ကြသော်လည်း အခြားသူများရှာတွေ့သွားမည်ကို စိုးရိမ်နေရသည့်အတွက် စိတ်ရှိတိုင်းမနမ်းနိုင်ခဲ့ကြချေ။


ယခုအချိန်၌ ညနက်နေပြီး အခန်းထဲတွင်လည်း သူတို့နှစ်ဦးတည်းသာ ရှိနေသည်ဖြစ်ရာ အဆုံး၌ သူတို့ပို၍နီးစပ်လာကြသည်။


ရေကျသံများကို ကြားနိုင်လာသည်အထိပင် သူတို့နှစ်ဦးမှာ အရှက်ကင်းမဲ့လာသည်။


ထိုအသံမှာ အလွန်ဆွဲဆောင်နိုင်လွန်းလှသည့်အတွက် ပိုင်ရဲ့၏ခန္ဓာကိုယ်မှတုံ့ပြန်မှုမှာ မလွှဲသာမရှောင်သာသောအခြေအနေတစ်ခုအထိသို့ ရောက်ရှိလာပြီဖြစ်သည်။ သူတို့နှစ်ဦးမှာ အလွန်နီးကပ်နေသောကြောင့် သဘာဝကျစွာပင် ချီရှင်းချန်သည်လည်း ၎င်းကိုခံစားမိသွားခဲ့ပြီး ပထမဦးဆုံးအနေဖြင့် သူအံ့ဩမိသွားသည်။


ပိုင်ရဲ့နှင့်နှိုင်းယှဉ်ကြည့်ပါက ၎င်းတွင်သိသာသောကွာခြားမှုကြီးတစ်ခုရှိနေပုံပင်။


ထို့နောက် ချီရှင်းချန် အံတင်းတင်းကြိတ်ထားလိုက်မိသည်။ အခြေအနေမှာလည်း ဤထိတိုင်ရောက်ရှိနေပြီဖြစ်ရာ သူတို့အဘယ့်ကြောင့် ထိုလမ်းအတိုင်းဆက်မသွားရမည်နည်း။ ချီရှင်းချန် ခက်ခက်ခဲခဲဖြင့် ပြောလိုက်မိလေသည် " ကောင်းပြီလေ.. ကျွန်တော်တို့ ဘာလို့ပဝါထဲကပစ္စည်းတွေကို မသုံးရမှာလဲ…"


သူသည်လည်း ယောင်္ကျားလေးတစ်ယောက်ဖြစ်နေသည့်အတွက် ယောင်္ကျားတစ်ယောက်နှိုးဆွခံရခြင်းမှာ မည်သို့ဖြစ်ကြောင်းကိုသိနေခဲ့ပြီး ပိုင်ရဲ့ သဘောတူမည်ဟုလည်း ‌တွေးထားမိသည်။


သို့သော်လည်း ချီရှင်းချန် ပိုင်ရဲ့ပြောသည်ကို ကြားလိုက်ရသည် " လောနေဖို့မလိုပါဘူး…"


" ကောကော သက်တောင့်သက်သာမဖြစ်နေဘူးမလား…" ချီရှင်းချန် အံ့ဩသွားခဲ့သည် " ကျ ကျွန်တော်လုပ်နိုင်ပါတယ်…"


ပိုင်ရဲ့မှာခေါင်းသာယမ်းပြလာပြီး ပြန်မဖြေခဲ့ပေ။


ပွင့်ပွင့်လင်းလင်း ဝန်ခံရမည်ဆိုပါက သူသက်တောင့်သက်သာမဖြစ်ပဲနေမလား….


သေချာပေါက် သက်တောင့်သက်သာဖြစ်မနေပေ…


သူ့ဖန်ကလေးနှင့်ဆက်ဆံရေးကိုကော အရှေ့မတိုးချင်ဘူးလား…


အရမ်းကိုရှေ့တိုးချင်တာပေါ့…


မည်သို့ပင်ဆိုစေကာမူ ချီရှင်းချန်မှာ ယနေ့တွင်မူးနေခဲ့ပြီး ယခုထိအမူးမပြေသေးသည်ဖြစ်ရာ သူ၏အကြံမှာ စိတ်မြန်လက်မြန်ဖြစ်သွားခြင်း ဟုတ်မဟုတ်ကို ပိုင်ရဲ့မသိနေပေ။


အတိုချုပ်ဆိုရမည်ဆိုလျှင် သူသဘောကျလေလေ ပို၍မြတ်နိုးတန်ဖိုးထားလေလေဖြစ်သောကြောင့် ပိုင်ရဲ့အလျင်မလိုနေ‌ပါချေ။ နောက်တစ်နေ့ နိုးထလာချိန်၌ သူ့ဖန်ကလေးနောင်တရနေခြင်းမျိူးကိုလည်း သူမမြင်ချင်ပေ။


" ခဏလောက်စိတ်ငြိမ်အောင်ထားလိုက်ရင် အဆင်ပြေမှာပါ…" ပိုင်ရဲ့ ချီရှင်းချန်၏နားရွက်ကို ကိုက်လိုက်ပြီး ပြောလာသည် " ရပါတယ်.."


" ကျွန်တော်တကယ်လုပ်နိုင်ပါတယ်ဆို…" ချီရှင်းချန်မှာ လောလာခဲ့သည်။ သူမည်ကဲ့သို့ပိုင်ရဲ့ကို သည်းခံခိုင်းရမည်နည်း… ချီရှင်းချန် ပိုင်ရဲ့ကိုတွန်းကာ ထိုအရာကိုသူကိုယ်တိုင်ယူရန် ပြင်ဆင်လိုက်သည်။


ရုန်းရင်းကန်ရင်းဖြင့် ချီရှင်းချန် မတော်တဆပိုင်ရဲ့ကို သူ့ခြေထောက်ဖြင့် ပွတ်မိသွားသောကြောင့် ပိုင်ရဲ့သည်လည်း ချီရှင်းချန် သက်တောင့်သက်သာမဖြစ်နေသည်ကို သတိပြုမိသွားသည်။


" လိမ္မာတယ် မလှုပ်နဲ့…." ပိုင်ရဲ့ လက်လှမ်းကာ ချီရှင်းချန်၏ခေါင်းပေါ်သို့ နွားရုပ်ညအိပ်ဝတ်စုံခေါင်းဆောင်းကို အုပ်ပေးလိုက်ပြီး ပြောလာခဲ့သည် " မျက်လုံးမှိတ်ထားလိုက်… ကိုယ်မင်းကိုကူညီပေးမယ်…"


" ကိုယ်မင်းကိုကူညီပေးမယ်…" ဟူသောစကားကိုကြားလိုက်ရချိန်တွင် ချီရှင်းချန် အစပိုင်း၌ ဆိုလိုရင်းကို နားမလည်ခဲ့ပေ။


စက္ကန့်အနည်းငယ်အကြာတွင် သူ၏အသားအရေပေါ်သို့ တိုက်ခတ်လာသောလေအေးများမှ နွားရုပ်ကလေး၏ဗိုက်ကို လှစ်ဟခံလိုက်ရပြီဖြစ်ကြောင်း ပြောလာခဲ့သည်။


ထိုမျှသာမက လက်တစ်ဖက်မှာ နွားရုပ်လေး၏ဗိုက်မှ အောက်သို့ဆင်းလာပြီး တစ်နေရာသို့‌အရောက်၌ ရပ်တန့်သွားချိန်တွင် ချီရှင်းချန်၏ခြေထောက်များပျော့ခွေသွားကာ ကြမ်းပြင်ပေါ်သို့ လဲကျတော့မလိုဖြစ်သွားရသည်။


" ဟင့်အင်း… မထိနဲ့ အဲဒါကညစ်ပတ်တယ်…"


ပိုင်ရဲ့၏လက်များမှာ စန္ဒရားတီးခတ်ခြင်းနှင့် မိုက်ကိုင်ခြင်းတို့ကိုသာ လုပ်ခဲ့ရလေရာ ချီရှင်းချန် မ မည်သို့ဖြင့်ထိုအရာကို ပိုင်ရဲ့အားထိစေရမည်နည်း…


ပိုင်ရဲ့မှာမူ သူ၏စကားကိုနားမထောင်ခဲ့ဘဲ ဆုပ်ကိုင်ထားခြင်းမှာ ပို၍ပင်တင်းကြပ်လာပြီး ပြောလာသည် " မညစ်ပတ်ပါဘူး… မင်းကဘယ်နားဖြစ်ဖြစ်ချစ်ဖို့ကောင်းတယ်…"


ညအိပ်ဝတ်စုံဖြင့် ဖုံးအုပ်ခံထားရခြင်းကြောင့် ချီရှင်းချန်၏မြင်ကွင်းမှာ မှောင်မဲနေပြီး သူ၏အာရုံငါးပါးမှာ အဆုံးစွန်ထိ ရောက်ရှိနေခဲ့သည်။ တစ်ဖက်လူမှ ၎င်းကိုဖျစ်ညှစ်လာချိန်၌ ချီရှင်းချန် ဆက်

လက်၍အောင့်မထားနိုင်တော့ဘဲ ငိုကြွေးလိုက်မိလေသည်။


" လိမ္မာတယ် အသံကိုလျော့လေ…" ပိုင်ရဲ့မှ သူ၏နားထံသို့ အသံတိုးတိုးဖြင့် ပြောလာသည် " အပြင်မှာအရမ်းတိတ်နေတော့ အသံကိုအလွယ်တကူကြားနိုင်မှာပေါ့.."