အပိုင်း ၁၃၅
Viewers 29k

Chapter 135



" မလုပ်ရပါဘူးနော်…" ချီရှင်းချန် ချက်ချင်းငြင်းပယ်လိုက်သည် " တကယ်လို့သာပေါ်သွားရင် ကျွန်တော်ကြောင့် ကောကောရဲ့နာမည်ကိုထိခိုက်သွားစေလိမ့်မယ်…"


ပိုင်ရဲ့ ချီရှင်းချန်ကို ကြည့်လိုက်ချိန်တွင် စိုးရိမ်နေသည့်ပုံကိုမြင်လိုက်သဖြင့် ခေါင်းကိုပွတ်ပေးလိုက်ကာ ပြောလိုက်သည် " 


ကိုယ်ပွဲဦးထွက်တုန်းက ညဉ့်ကောင်းကင်တွေကို စစခြင်းငါးနှစ်အတွင်း အချစ်ကိုမရှာဖို့ကတိပေးခဲ့တယ်…အခု ငါးနှစ်လည်းကျော်သွားပြီဆိုတော့ အခြေခံသဘောအရဆိုရင် ကိုယ့်ဘဝရဲ့လွတ်လပ်မှုကို ပြန်ရနေပါပြီ...ပြီးတော့ ကိုယ်သူတို့ကိုဆက်ပြီးဖုံးကွယ်မထားချင်ဘူး…"


" အထူးသဖြင့် ဒီခုနစ်နှစ်လုံးမှာ ကိုယ်နဲ့အတူအမြဲရှိပေးကြတဲ့ညဉ့်ကောင်းကင်အချို့ကိုပေါ့…ကိုယ်တို့ရဲ့ဆက်‌ဆံရေးက အိုင်ဒေါနဲ့ဖန်ဆိုတာထက် သူငယ်ချင်းဟောင်းတွေလိုတောင်ဖြစ်နေကြပြီလေ…ကိုယ် သူတို့ရဲ့ဆုမွန်ကောင်းတောင်းပေးတာကို ပွင့်ပွင့်လင်းလင်းခံယူချင်တယ်… ပြီးတော့ ညဉ့်ကောင်းကင်အများစုကလည်း ကိုယ်နဲ့မင်းရဲ့ရွေးချယ်မှုကို လက်ခံကြမယ်လို့ ကိုယ်ယုံကြည်တယ်…"


" ဒါပေါ့…" ပိုင်ရဲ့ စက္ကန့်အနည်းငယ်မျှ ရပ်နားလိုက်ပြီးနောက် ဆက်ပြောလိုက်သည် 


" ကိုယ်က မင်းရဲ့အမြင်ကိုပိုပြီးလေးစားပါတယ်…မင်းမဖော်ထုတ်‌ချင်သေးဘူးဆိုရင်လည်း ကိုယ်တို့စောင့်လို့ရတာပဲကို… ကိုယ်ကအခုဆိုပြောင်းလဲနေတဲ့အခြေအနေမှာပဲရှိသေးတာ… အောင်မြင်ပြီးနောက် လက်ထပ်ပြီးတဲ့အချိန်ကြရင် ဖန်တွေလည်း ဒီလိုအမြင်မျိုးရှိနိုင်ကြတော့မှာမဟုတ်ပါဘူး…"


ပွဲဦးထွက်စဉ်ကတည်းက ပိုင်ရဲ့ ဂီတနှင့်ရုပ်ရှင်ဆိုင်ရာ ဗဟုသုတများကိုလေ့လာနေခဲ့ပြီး သူ၏စွမ်းရည်မှာ သန်မာသည်ထက် သန်မာလာခဲ့သည်။ ယခင်တစ်နှစ်ကစ၍ ထုတ်သမျှအယ်ဘမ်တိုင်းတွင် သီချင်းကိုကိုယ်တိုင်ရေးသားခဲ့ပြီး ဩဂုတ်လတွင်နောက်ဆုံးထုတ်ဝေထားသည့်အယ်ဘမ်ထဲမှ သီချင်းတစ်ဝက်ခန့်မှာ သူကိုယ်တိုင်ရေးသားထားခြင်းဖြစ်သည်။


စွမ်းအားအရှိဆုံးလူအဖြစ် ပြောင်းလဲနေသည့်အချိန်မှာပင် သူ၏သရုပ်ဆောင်စွမ်းရည်ကိုလည်း ပိုင်ရဲ့ဆက်၍အရောင်တင်နေခဲ့သည်။


ပိုင်ရဲ့ သူ့ကိုယ်သူသာမက ဖန်များကိုလည်း ရှင်းပြချက်တစ်ခုပေးစွမ်းနိုင်စေရန် ကြိုးစားနေခြင်းဖြစ်သည်။


တစ်ဖက်လူမှာ လက်ထပ်ဖို့အထိ စဉ်းစားထားပြီးပြီဖြစ်သောကြောင့် ချီရှင်းချန် မည်ကဲ့သို့ပြန်ဖြေရမည်ကို မသိတော့ဘဲ ပြောသာပြောလိုက်ရသည်


 " ကျွန်တော်က ခဏနဲ့နာမည်ထိုးတက်လာတဲ့လမ်းကြောင်းကို ယူမှာမဟုတ်ဘူး… ပြီးတော့ ကောကောကြောင့် ဝေဖန်ခံရတာကိုလည်း ကြောက်နေတာမဟုတ်ပါဘူး…ကျွန်တော်... ကျွန်တော်... ကျွန်တော် ကောကောအတွက်ဆို အန္တရာယ်ရှိလည်း စွန့်စားရဲပါတယ်…"


သူကြီးပြင်းလာရသည့်ပတ်ဝန်းကျင်အခြေအနေကြောင့် ချီရှင်းချန် သူ၏ခံစားချက်များကို ထုတ်ဖော်ပြသရာတွင် ကောင်းမွန်မနေတတ်ပေ။ ထိုအချိန်၌ ကျွန်တော် ဟူသည်ကို သုံးကြိမ်မျှပြောကာ သူ၏ကတိမှာမည်မျှလေးနက်ကြောင်း ပြသနေမိသည်။


ပိုင်ရဲ့မှာ အတွင်းရှိဇာတ်ကြောင်းကို မသိခဲ့သော်လည်း ချီရှင်းချန်၏လေးနက်မှုကိုမူ ခံစားမိနေဆဲပင်။ ထို့ကြောင့် ဝက်နံရိုးအပိုင်းတစ်ခုကို ကောက်ကာ ချီရှင်းချန်ကိုပေးရင်း ပြောလိုက်သည် 


" လောနေဖို့မလိုပါဘူး… အရင်စားကြတာပေါ့…"


သူသည်နောက်တစ်နေ့တွင် အမြန်ပြန်ရမည်ဖြစ်သောကြောင့် ပိုင်ရဲ့ ချီရှင်းချန်၏အနားယူမှုကို လေးဖင့်မနေစေချင်သည့်အတွက် ညအချိန်၌ထွက်ခွာသွားခဲ့သည်။ ချီရှင်းချန် သက်တောင့်သက်သာမဖြစ်မည်ကိုပင် စိုးရိမ်နေသည့်အတွက် သူ့ကိုလိုက်မပို့ခိုင်းဘဲ ဒါရိုက်တာကျိုးကိုသာ လေဆိပ်သို့သွားရန် ကားတစ်စီးတောင်းလိုက်သည်။


ချီရှင်းချန် ပြတင်းပေါက်တွင်ရပ်လျက် မောင်းထွက်သွားသည့်ကားကို ကြည့်နေကာ သူ၏မျက်လုံးများမှာ ပို၍ပို၍အောင့်လာခဲ့ရသည်။


မြင်ကွင်းထဲမှ ကားပျောက်သွားသည်နှင့် နှာတရှုံ့ရှုံ့ဖြင့် ကုတင်ပေါ်တွင်ပြန်လှဲချလိုက်ပြီး အာရုံပြောင်းရန်အတွက် ဖုန်းထုတ်ကာ ဝေ့ပေါ်သို့တက်ကြည့်လိုက်သည်။


ဝေ့ပေါ်ကိုဖွင့်လိုက်သည်နှင့် ပုံမှန်အတိုင်းပင် စာများစွာပေါ်လာခဲ့သည်။ ချီရှင်းချန် ၎င်းတို့ကိုအရင်ရှင်းထုတ်လိုက်ပြီးနောက် အသစ်တိုးလာသည့်followerများကြားတွင် မတူညီသောဖန်တစ်ဦးရှိနေသည်ကို ရှာတွေ့သွားသည်။


သူမှားမြင်မိသည်ကို စိုးရိမ်မိသည့်အတွက် အတည်ပြုရန် ထိုသူ၏အဓိကစာမျက်နှာကိုပင် ကမန်းကတန်းဖွင့်ကြည့်မိလိုက်သည်။


အမှန်ပဲ… ယန်းလောနန် သူ့ကိုအာရုံစိုက်လာတယ်…


ယန်းလောနန်… သူ့ကို… Follow ခဲ့တယ်….


ယန်းလောနန်၏အသိအမှတ်ပြုမှုကိုရရှိရန်မှာ မလွယ်ကူသည့်အတွက် ချီရှင်းချန်၏လက်ချောင်းကို အောက်သို့ဆွဲချလိုက်ပြီး နောက်‌‌ဆုံးတင်ထားသည့်ပို့စ်ကို ဝင်ကြည့်လိုက်သည်။


ဤသည်မှာ ချီရှင်းချန်၏ကြောင်အနေသည့်မျက်နှာဖြင့် ဓာတ်ပုံဖြစ်ကာ အောက်မှစာမှာ : [ နူးညံ့ပြီးထူးချွန်တဲ့သရုပ်ဆောင်အသစ်လေးရေ ပျော်ရွှင်ဖွယ်ရာမွေးနေ့ဖြစ်ပါစေနော် (အသည်းပုံအီမိုဂျီ) ]


သူ့အပေါ်တွင် ယန်းလောနန် ထိုမျှကြီးမားသည့်အထင်အမြင်ရှိမည်ဟု မထင်ထားခဲ့သောကြောင့် ချီရှင်းချန် အပျော်လွန်သွားပြီး ကုတင်ပေါ်တွင် လှိမ့်နေလိုက်မိသည်။


ထို့နောက် လွန်ခဲ့သောအချိန်အချို့က ယန်းလောနန် သူ့ကို Followမလုပ်ထားသည့်အတွက် ဖန်များအကြားတွင် အငြင်းပွားစရာများဖြစ်ခဲ့သည်ကို သတိရမိခဲ့သည်။ ယခုအချိန်၌ မည်သို့ဖြစ်နေကြမည်ကို သိချင်မိသောကြောင့် ကွန်မန့်နေရာသို့ ဝင်ကြည့်လိုက်သည်။


[ ဟားဟားဟားဟား ငါ့မျက်နှာကိုငါ ပြန်ရိုက်မိတာလား…]


[ လော့နန်ကျဲ : ငါ ယန်းလော့နန် မတူတဲ့ဇာတ်ကောင်နှစ်ခုကို သရုပ်ဆောင်ပြီး တစ်ယောက်တည်းနဲ့တစ်ကားလုံးပြီးအောင်ရိုက်ရရင်တောင် ဒီလိုအသားလတ်လတ်ဆတ်ဆတ်လေးကို အာရုံစိုက်မှာမဟုတ်ဘူးတဲ့… ဟီးဟီး အရမ်းအရသာရှိတာပဲ…]


[ ရှင်းရှင်းကို ချီးကျူးပေးလို့ လော့နန်ကျဲကိုကျေးဇူးတင်ပါတယ်နော်…မီးခိုးရောင်လမ်းရဲ့ရလဒ်တွေကိုလည်း စောင့်မျှော်နေပါ့မယ်… ပျော်ရွှင်ဖွယ်ရာပူးပေါင်းမှုလေးဖြစ်ပါစေ…]


[ ငါက မင်းရဲ့ဒီလိုချစ်ရဲမုန်းရဲတာလေးကို သဘောကျနေရတာ…ငါတို့မင်းအတွက်ဂုဏ်ယူပါတယ်နော်…ရှောင်ချီတိတိကလည်း Followထားတာပဲ… သူကတကယ့်ရတနာတုံးလေးနော်… အရမ်းချစ်ဖို့ကောင်းတယ်…]


လူတိုင်း၏မန့်များမှာ တစ်ဖက်တည်းဖြစ်လုနီးပါးဖြစ်နေကြကာ လူတိုင်းမှာ သူနှင့်ယန်းလောနန်တို့ကို စနောက်ရင်းဖြင့် ချီးမွမ်းနေကြသည်။ ထို့ကြောင့် ချီရှင်းချန် စိတ်သက်သာရာသွားပြီး ဆက်ဖတ်ကြည့်လိုက်သည်။


ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုမှာ မတူတော့သည်ကို သူသတိပြုမိသွားသည်။


[ အယ်… ပုံအောက်က‌ဘောင်းဘီနဲ့ဖိနပ်က ရဲ့ကောနဲ့တူသလိုပဲနော် ]


[ ကျဲမေ့တို့ပြောမှပဲ ငါလည်းတူနေသလိုခံစားမိသွားပြီ…ရဲ့ကောက မနေ့တုန်းက စ‌င်နောက်ကအင်တာဗျူးမှာ တစ်ပုံစံတည်းတူတာကို ဝတ်ခဲ့တာလေ…]


[ ဖြစ်နိုင်တာက ရဲ့ကောများ ရှင်းရှင်းမွေးနေ့ကို ကျင်းပပေးဖို့ရောက်နေတာများလား… ဘုရားရေ သူကအရမ်းအလိုလိုက်တာပဲ.. ဟင့်ဟင့် ငါတော့ ထပ်စားဖို့သကြားလုံးရသွားပြီ…]


[ ဟင့်ဟင့်နဲ့ ဘာတွေဖီးတက်နေတာလဲ…သူငယ်ချင်းကောင်းတွေရဲ့မွေးနေ့ပွဲကိုကျင်းပပေးတာ ပုံမှန်ပဲမဟုတ်ဘူးလား…နင်သာထပ်ပြီးဖီးတက်နေရဲရင် ငါနင့်ကို @မျက်စိအထူးကုဌာန ကိုပို့ဖို့ကူညီပေးမယ်…]


[ ရှောင်ရှင်းပေါင်လေးကြည့်နေတဲ့ဘက်ကို ကြည့်ကြစမ်းပါ… ဒါကရဲ့ကောရှိနေတဲ့ဘက်ဖြစ်မယ်…ငါတော့ မွေးနေ့ကိတ်ကရဲ့ကောလုပ်ပေးတယ်လို့တောင် ခန့်မှန်းနေမိပြီဟေ့…]


[ ဘုရားရေ ငါတောင်အတွေးတစ်ခုဝင်လာပြီ : ရဲ့ကောက ကိတ်မုန့်လုပ်ပြီးတာနဲ့ ရှောင်ရှင်းပေါင်လေးကို ထောင့်ကိုဆွဲခေါ်ပြီး နည်းနည်းစီလျက်ပေးမယ်… သူစားပြီးတာနဲ့ သန့်ရှင်းပေးလိုက်မှာမျိုးလေ…အားးးး ဒါရေးခဲ့တဲ့မဒမ်များရှိသေးလားဟင်…]


ချီရှင်းချန် ရှော့ရသွားပြီး ပတ်ပတ်လည်ကိုပင် လိုက်ကြည့်မိသွားသည်။ ဘုရားရေ ကျိုရဲ့ရှင်းချန်းတွေက မနေ့ညတုန်းက သူ့နားမှစီစီတီဗီများ တပ်ထားခဲ့ကြတာလား… သူတို့ရဲ့အတွေးတွေက ဘယ်လိုတောင်ကွက်တိကျနေရတာလဲ…


ချီရှင်းချန် ခေါင်းထဲတွင် မေးခွန်းသင်္ကေတများအပြည့်နှင့် အိပ်ရာဝင်လိုက်ရသည်။ ထို့နောက် ဖန်အဖြစ်သုံးသောအကောင့်ကိုဖွင့်ရန်ဆုံးဖြတ်လိုက်ကာ ယက်၍သန့်ရှင်းအောင်သုတ်ပေးလိုက်သည်ဟူသော Fanficမျိုး နောက်အနာဂတ်တွင် ပေါ်လာနိုင်ခြေရှိမရှိကို တိတ်တဆိတ်ရှာဖွေလိုက်သည်။


ညတစ်ညမှာ ထိုအတိုင်းသာကုန်ဆုံးသွားခဲ့သည်။ နောက်တစ်နေ့အရုဏ်မတက်မီအချိန်တွင် ချီရှင်းချန် အိပ်ရာထကာ ရိုက်ကူးရေးအတွက်ပြင်ဆင်ရန် ရိုက်ကွင်းသို့သွားလိုက်သည်။ လုံလောက်သောပြင်ဆင်မှုများနှင့်အတူ မနက်ခင်းရလဒ်များမှာ အလွန်ကျေနပ်စရာကောင်းလှသည်။


နေ့လည်စာစားပြီးချိန်တွင် သီးသန့်အလွတ်စုံထောက်မှ သူ့ထံဖုန်းခေါ်လာသည် " ချီလူကြီးမင်း ကျွန်တော် မင်းလိုချင်နေတဲ့အရာကို ရှာတွေ့ပါပြီ…"


ချီရှင်းချန် ထိုသူကို အလုပ်အပ်ခဲ့သည်မှာ ခုနစ်ရက်ခန့်ရှိနေပြီဖြစ်သည်။ ဤကဲ့သို့ ပရော်ဖက်ရှင်နယ်အဆင့်ကျွမ်းကျင်အလွတ်စုံထောက်သည်ပင် တာဝန်ပြီးမြောက်ရန် တစ်ပတ်ခန့်အချိန်ယူခဲ့ရလေရာ ၎င်းမှာမည်မျှခက်ခဲမည်ဖြစ်ကြောင်း ပြောနိုင်နေသည်။


ဖုန်းထဲတွင်အသေးစိတ်ရှင်းပြရန် ခက်ခဲသောကြောင့် ချီရှင်းချန် ပြန်သွားရန်ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း ယခုချက်ချင်းထွက်သွားဖို့တောင်းဆိုရမည်ကို အလွန်ရှက်ရွံ့နေမိသည့်အတွက် တစ်နေ့စာရိုက်ကူးရမည့်အရာအားလုံးပြီးဆုံးချိန်မှသာ ဒါရိုက်တာကျိုးထံ တစ်ရက်နားရန်ခွင့်တောင်း၍ ညတွင်းချင်း Hမြို့သို့ပြန်လာလိုက်သည်။


လေယာဉ်ဆိုက်ချိန်တွင် ညမှာအတော်နက်နေပြီဖြစ်သည်။ ချီမိသားစု၏ဒါရိုင်ဘာမှာ ထိုင်ခုံပေါ်တွင် အိပ်ချင်မူးတူးဖြင့်ငိုက်နေခဲ့ပြီး သူ့ကိုမြင်ချိန်မှသာ ကပျာကယာ ကားထဲမှထွက်၍ သူ့အတွက်တံခါးဖွင့်ပေးလာသည် " ဒုတိယသခင်လေး…"


" ညဘက်ကြီးအလုပ်များစေမိလို့ တောင်းပန်ပါတယ်နော်…" ချီရှင်းချန် အားနာနေမိသည် " ကောင်းကောင်းလုပ်ခဲ့ပါတယ်…"


" မဟုတ်တာ ကျွန်တော်လုပ်ရမဲ့တာဝန်ပါ… သခင်လေးဘယ်ကိုသွားမလဲ‌ဗျ…"


" အရင်တစ်ခေါက်ကသွားခဲ့တဲ့ဆေးရုံကိုပဲ…"


" သိပါပြီ…" ဒါရိုင်ဘာမှ ပြန်ဖြေလိုက်ပြီးနောက် ချက်ချင်းဆိုသလို ဆေးရုံစီသို့ မောင်းသွားလိုက်သည်။


အချိန်မှာအကန့်အသတ်ရှိနေပြီး ထောင်ရွှမ်ကိုလည်း ဝင်တွေ့ချင်သည့်အပြင် အချက်အလက်များရသည်နှင့် လျန်ကျင်းနှင့်လည်းဆုံချင်သောကြောင့် ချီရှင်းချန် အလွတ်စုံထောက်ကို ဆေးရုံတွင်ချိန်းဆိုလိုက်ခြင်းဖြစ်သည်။ သူ ဆေးရုံဝန်းထဲသို့ရောက်ချိန်တွင် ထောင်ရွှမ်းမှာ အိပ်ပျော်နေသည့်အတွက် အပြင်ဘက်မှသာ ခဏမျှကြည့်လိုက်ပြီး ထောင်ရွှမ်း၏အခြေအနေမှာ ယခင်တစ်ကြိမ်ထက်ပို၍ကောင်းမွန်လာသည်ဟု ခံစားမိလိုက်သည်။ ထို့နောက် သူအလွတ်စုံထောက်ကို ဘေးရှိနားနေခန်းထဲသို့ ခေါ်သွားခဲ့သည်။


နားနေခန်းမှာ ဗီအိုင်ပီဆောင်ဖြစ်သည့်အတွက် စောင့်ကြည့်ကင်မရာများ သို့မဟုတ် အပြင်လူများဝင်ရောက်နေခြင်းမရှိဘဲ ပို၍သီးသန့်ဆန်သည်။ ချီရှင်းချန် ညဘက်ဝာာဝန်ကျသည့်သူနာပြုထံ သော့တောင်းကာ သူတို့ဝင်ပြီးသည်နှင့်အခန်းကိုသော့ခတ်လိုက်သည်။


အလွတ်စုံထောက်မှ ချက်ချင်းဆိုသလို သူ့ထံဖိုင်တွဲနှစ်ခုပေးလာသည်။


" ချီလူကြီးမင်း ဘယ်ဘက်ကဖိုင်ကတော့ မင်းလိုချင်တဲ့ကိုယ်ဝန်စစ်ဆေးထားတဲ့စာရွက်နဲ့ပတ်သက်တဲ့ဟာပဲ…ညာဘက်ကဟာကတော့ မစ်ထောင်ရဲ့ဆေးကုသမှုမှတ်တမ်းနဲ့ ပြည်နယ်ဆေးဘက်ဆိုင်ရာစနစ်ကရတဲ့ ဆေးမှတ်တမ်းတွေပါ… အချက်အလက်တွေအရ မစ်ထောင်ရဲ့အိုင်ဒီကဒ်က လွန်ခဲ့တဲ့သုံးလကဆေးရုံတစ်ခုမှာ စာရင်းသွင်းခဲ့ပါတယ်… လူကြီးမင်း တစ်ချက်ကြည့်လိုက်ပါ…"


ချီရှင်းချန် စမ်းသပ်မှုအ‌ဖြေလွှာ ကို အသိချင်ဆုံးသောကြောင့် ဘယ်ဘက်ရှိဖိုင်တွဲကိုဖွင့်ကြည့်လိုက်ချိန်တွင် အနံ့ဆိုးတစ်ခုမှာ ချက်ချင်းဆိုသလိုခုန်ထွက်လာသည်။


" ဘာလို့ဒီလောက်အနံ့ဆိုးနေရတာလဲ…" ချီရှင်းချန် မျက်မှောင်ကြုတ်လိုက်မိသည်။


" ကျွန်တော်က ရှာဖို့လူတစ်ရာကျော်ကိုငှားခဲ့ပြီးတော့ အမှိုက်တွေပစ်ရတဲ့နေရာမှာ ရှာတွေ့ခဲ့လို့ပါ…ဒီလိုဆိုမှပဲ မင်းကကံကောင်းသွားတယ်ပဲပြောရမယ်… အမှိုက်အိတ်ကအမျိုးအစားခွဲတဲ့စီမှာပဲရှိနေသေးပြီး စုပုံထားတဲ့နေရာကိုမရောက်သေးလို့…တကယ်လို့သာ ပုံထားတဲ့နေရာကိုရောက်သွားခဲ့ရင် တူးထုတ်ရင်တောင်ရှာတွေ့ဖို့က တစ်ရာခိုင်နှုန်းပဲရှိတော့မှာ…" အလွတ်စုံထောက်မှ ခဏရပ်ကာ ပလတ်စတစ်အိတ်ကိုကောက်ယူပြီး ပြောလာသည် " ဒါကအဖြေလွှာကိုထုတ်ပိုးထားတဲ့အမှိုက်အိတ်ပါ… လူကြီးမင်းလိုချင်သေးလား… ပြီးတော့ ကျွန်တော့်မှာ မစ်ထောင်ရဲ့လက်ထောက်အမှိုက်အိတ်ကို သွားပစ်ထားတဲ့ စောင့်ကြည့်ကင်မရာမှတ်တမ်းဗီဒီယိုလည်း ရလာတယ်…"


" အမှိုက်အိတ်ကိုတော့ မလိုတော့ပါဘူး…" ချီရှင်းချန် ပြောလိုက်သည် " ဗီဒီယိုကိုပဲပေးပါ…"


ထိုဗီဒီယိုက အဖြေလွှာစာရွက်ကိုမည်သည့်နေရာမှ ရလာသည်ကိုသက်သေပြနိုင်မည်ဖြစ်သောကြောင့် အလွတ်စုံထောက်မှ သူ့ထံဗီဒီယိုပို့ပေးလာသည်။ ၎င်းကို ဒေါင်းလုတ်ဆွဲနေသည့်အချိန်‌အတွင်း ချီရှင်းချန် သူ၏ဘယ်ဘက်မှဖိုင်တွဲကိုထုတ်ယူလိုက်ချိန်တွင် တောင့်ခဲသွားရသည်။


ဘူးအဖုံးထဲတွင် ဆေးဝါးစက်ရုံ၏ပစ္စည်းအတုအပခွဲခြားနိုင်မည့်တံဆိပ်ပါသည့် အဖြေလွှာစာရွက်ရှိနေသည်။


ချီရှင်းချန် တံဆိပ်ကိုဖြုတ်ကာ ဘူးကိုဖွင့်လိုက်သည်။ ကိုယ်ဝန်ရှိကြောင်းစမ်းသပ်မှုပစ္စည်းများ ကိုယ်ဝန်ရှိမရှိကို မပြထားရုံသာမက ၎င်းတို့ကိုသုံးပင်မသုံးရသေးပေ။


မည်သည်ကိုဆိုလိုနေသည်နည်း ….


ဤသည်မှာထောင်ထောင်ကိုယ်ဝန်စစ်ဆေးမှုပစ္စည်းကို လုံးလုံးမသုံးခဲ့ကြောင်းကို ဖော်ပြနေသည်။


သူ၏ရှေ့မှအခြားဖိုင်တွဲကိုဖွင့်နေချိန်တွင် ချီရှင်းချန်၏လက်များတုန်ယင်နေခဲ့သည်။


ထင်ထားသည့်အတိုင်းပင် ထောင်ထောင် ကိုယ်ဝန်ပျက်ကျမှုအတွက် ဆေးရုံကိုမသွားခဲ့ပေ။ ထိုအစား ပုံမှန်ခန္ဓာကိုယ်စစ်ဆေးခြင်းကိုသာ တစ်ကြိမ်လုပ်ဆောင်ခဲ့ပြီး သူမတွင် သားဖွားမီးယပ်ဌာနတွင် စစ်ဆေးထားခြင်း သို့မဟုတ် စာရင်းသွင်းထားခြင်းပင် မရှိခဲ့ပါ။


သူမသေချာပေါက်လျန်ကျင်းကိုလိမ်ညာနေခြင်းပင်ဖြစ်သည်။


သူမ အားစိုက်ကာအတုလုပ်၍ လျန်ကျင်းကိုလိမ်ညာခဲ့မည်ဆိုလျှင် ချီရှင်းချန် ထိုမျှဒေါသထွက်နေမိမည်မဟုတ်ချေ။ သို့သော်လည်း သူမ ထောင်ထောင်၏လူများအပေါ်ယုံကြည်ပြီး ကြင်နာတတ်သည့်စိတ်ထားကို အခွင့်ကောင်းယူကာ အွန်လိုင်းပေါ်မှရှာတွေ့သည့်ပုံများ သို့မဟုတ် ဖိုတိုရှော့လုပ်ထားသည့်ပုံများဖြင့် လျန်ကျင်းကို အလွယ်တကူအရူးလုပ်ခဲ့သည်။


ချီရှင်းချန် ဒေါသထွက်ရလွန်းသောကြောင့် မြင်ကွင်းများပင်မဲမှောင်သွားကာ ထောင်ထောင်ကို တိုက်ရိုက်သွားရှင်းရန် မစောင့်နိုင်တော့ပေ။


မည်သို့ပင်ဆိုစေကာမူ ထောင်ထောင့်ထံတွင် ကိုယ်ကို့ကိုယ်အတွက် သတိကြီးကြီးထားကာ လုံခြုံအောင်ဆောင်ရွက်ထားမည်မှာ အတိအကျပင်ဖြစ်သည်။ ထို့အပြင် အချို့သောရည်ရွယ်ချက်များဖြင့် သူမ ည၏မက်မွန်ဝတ္ထုမှ ဇာတ်ကောင်များ၏စရိုက်ကို ရှင်းရှင်းလင်းလင်းချုပ်ကိုင်ထားခဲ့သည်။


လျန်ကျင်းကိုလှည့်စားကာ ကျောက်ကပ်လှုစေခြင်းအပါအဝင် သူမလုပ်နေသမျှအရာတိုင်းမှာ မူရင်းဇာတ်ကြောင်းစီသို့ ပြန်လည်တည့်မတ်ပြီး မူရင်းဇာတ်ကြောင်းရသင့်သည့်ရလဒ်မျိုးကို ရရှိနိုင်ရန်ဖြစ်သည်။


ထို့နောက် လျန်ကျင်း၏ကျောက်ကပ်လှုဒါန်းမှုဇာတ်ကြောင်းအပြီးတွင် နောက်လာမည်မှာ ချီစီးပွားရေးအင်ပါယာ၏တခဏအတွင်း ပြိုလဲမှုဖြစ်ကာ ချီမိသားစုဖျက်ဆီးခံရပြီး အဆုံး၌ သူတို့သင်္ချိုင်းတွင် တရားဝင်မြုပ်နှံခံရမည်ဖြစ်သည်။


ထိုအကြောင်းကိုတွေးမိသည်နှင့် ချီရှင်းချန်၏မျက်နှာမှာ ပျက်ယွင်းလာကာ သူ၏အမူအယာမှာ ပို၍မသက်မသာဖြစ်လာသည်။


သူ ည၏မက်မွန်ကိုပထမဆုံးဖတ်ခဲ့ချိန်က အဓိကအကြောင်းအရင်းမှာ သူနှင့်နာမည်တူသောအမြောက်စာဇာတ်ကောင်လေးကြောင့်သာဖြစ်ပြီး ယောင်္ကျားလေးများမှာ ရိုမန့်ဆန်လွန်းသောဝတ္ထုများကို အစကတည်းက ဖတ်တတ်ကြသူများမဟုတ်ကြချေ။ လျန်ကျင်း၏ကျောက်ကပ်လှုပေးသည့်ဇာတ်ကြောင်းမှာ အလွန်ဒိတ်အောက်နေပြီဖြစ်သောကြောင့် ထိုအကြောင်းမပါလာခင်မှာပင် သူဝတ္ထုကိုဖျက်ပစ်ခဲ့သည်။


ထို့ကြောင့် ချီရှင်းချန်ထံတွင် ချီမိသားစုမည်ကဲ့သို့ဆွဲချခံရပြီး မည်သည့်နည်းလမ်းများအသုံးခံရမည်ဆိုသည့် အချက်အလက်များ ရှိမနေခဲ့ပေ။


သူခေါင်းကိုသာထုကာ ပြီးသည်အထိမဖတ်မိခဲ့သောကြောင့် မိမိကိုယ်ကို အပြစ်တင်နေမိသည်။


အလွတ်စုံထောက်ပြန်သွားပြီးနောက် မနက်နှစ်နာရီထိုးနေပြီဖြစ်သဖြင့် ချီရှင်းချန် နားနေခန်းထဲရှိခုံကိုမှီကာ ခဏမျှမှေးလိုက်မိသည်။ သို့သော်လည်း သူကောင်းစွာအိပ်မရနိုင်ဘဲ အိမ်မက်များစွာ မက်ခဲ့လေသည်။


အများစုမှာ ချီမိသားစုနှင့်ပတ်သက်နေပြီး ၎င်းတို့အားလုံးမှာ အိမ်မက်ဆိုးများသာဖြစ်သည်။ အိမ်မက်ထဲတွင် ရေကန်အလယ်ရှိ ချီမိသားစုအိမ်တော်မှာ လေလံတင်ခံလိုက်ရပြီး အဖေချီ၏ဆံပင်များမှာ တစ်ညအတွင်းဖြူဖွေးသွားကာ နှလုံးဖောက်လာသောကြောင့် ဆေးရုံတင်လိုက်ရသည်။ အစ်ကိုကြီး၏လက်များမှာမူ ဆက်တိုက်တုန်ယင်နေပြီး သူ၏ပုံစံမှာ မွဲခြောက်ခြောက်ဖြင့် ယခင်ကဲ့သို့ စီးပွားရေးလောက၏ဂုဏ်ယူဖွယ်ရာပုံစံမျိုး မဟုတ်တော့ပေ။ အစ်မဖြစ်သူမှာ သူမ၏အဖိုးတန်အဝတ်အစားများနှင့်လက်ဝတ်ရတနာများကို ရောင်းထုတ်လိုက်ရကာ ဟိုဟိုဒီဒီပြေး၍အဆက်အသွယ်များကို ရှာဖွေနေရသည်။ သူမ၏ဖခင်ဖြစ်သူနှင့်အစ်ကိုကြီးတို့ဆက်လက်ရှင်သန်နိုင်ရန်အတွက် သူမ၏အလှအပကိုပင်ရောင်းချခဲ့ရလေသည်။


‌ဟင်းး ဟင်းး … ချီရှင်းချန်၏နှလုံးသားမှာ လက်ကြီးတစ်စုံဖြင့် ဖိညှစ်ခံထားရသကဲ့သို့ အလွန်နာကျင်နေရပြီး အသက်ပင်မရှုနိုင်‌ဖြစ်နေရကာ သက်ပြင်းရှည်များချနေမိသည်။


" ချီလူကြီးမင်း ချီလူကြီးမင်း…"


သူ၏နားထဲသို့ အမျိုးသမီးသံတစ်ခုဝင်လာချိန်၌ ချီရှင်းချန် နိုးလာခဲ့သည်။ အချိန်အတော်ကြာသည်အထိ ထိုင်နေပြချိန်မှသာ အသက်ရှုကြပ်နေသည်မှာ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး သူ့ကိုခေါ်နေသည်လူဘက်သို့လှည့်ကာ မေးလိုက်သည် " အခုဘယ်အချိန်ရှိပြီလဲ…"


တာဝန်ချိန်ပြောင်းရန်လာသည့် သူနာပြုမှပြောလာသည် " မနက်ခုနစ်နာရီခွဲပါပြီ…"


" ကျေးဇူးပါ…" ချီရှင်းချန် နဖူးကိုပွတ်ကာ ဆက်မေးလိုက်သည် " ထောင်ရွှမ်ကောနိုးပြီလား…"


" ဟင့်အင်း အခုတလော သူ၏ပုံမှန်စစ်ဆေးချိန် ရှစ်နာရီမှပဲထလေ့ရှိတာ…"


" ကောင်းပါပြီ အရင်သွားနှင့်ပါ …ကျွန်တော် ပရော်ဖက်ဆာလျန်ရဲ့ရုံးခန်းကို တစ်ချက်သွားလိုက်ဦးမယ်…"


ပြောပြီးသည်နှင့် ထရပ်ကာ ထွက်သွားတော့မည့်အချိန်တွင် သူနာပြုမှ သူ့ကိုတားကာပြောလာသည် 


" ချီလူကြီးမင်း ရှင့်ပုံစံကအဆင်မပြေနေသလိုပဲ.. အဝတ်တွေကလည်းစိုနေတော့ ဆေးစစ်ဖို့အတွက် စာရင်းသွင်းပေးဖို့များလိုဦးမလားမသိဘူး…"


ချီရှင်းချန် သူ၏နောက်ကျောကိုစမ်းကြည့်လိုက်ရာ သူ၏ဆွယ်တာတွင် ချွေးများဖြင့်ရွှဲနစ်နေသည်ကို သတိပြုမိသွားသည်။ သို့သော်လည်း ခေါင်းကိုယမ်းကာ မလိုအပ်ကြောင်းညွှန်ပြလိုက်ပြီး ဘေးခန်းရှိသန့်စင်ခန်းထဲသို့ ဝင်သွားလိုက်သည်။


လျန်ကျင်း ပုံမှန်မဟုတ်သည့်မည်သို့သောအရာကိုမှ သတိမပြုမိစေရေးအတွက် ချီရှင်းချန် ဘုံပိုင်ကိုဖွင့်ကာ သူ၏မျက်နှာကိုဆေးကြောလိုက်သည်။ တစ်ရှုးကိုယူကာ မျက်နှာသုတ်လိုက်ချိန်

တွင် သူ၏မျက်နှာမှာ ဖြူလျော်နေပြီး သွေးမရှိပုံပေါ်နေသည်ကို သိလိုက်ရသည်။


၎င်းမှာ သူတစ်ညလုံးကောင်းကောင်းမအိပ်ရခြင်းနှင့် ယခုလေးတင်မက်ခဲ့သောအိမ်မက်များကြောင့် ဖြစ်နိုင်ပေမည်။