Chapter 139
ချီရှင်းချန် ထိုင်ခုံပေါ်တွင် တောင့်တောင့်ကြီး ထိုင်လိုက်သည်။ သူ့လက်ချောင်းများက ထိုင်ခုံလက်ရန်းများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ ခြေချောင်းများက ကွေး၍နေသည်။သူ့အမူအရာက စိတ်လျှော့မည့်အစား ပို၍ပင် စိတ်လှုပ်ရှားနေပုံရလေသည်။
ပိုင်ရဲ့က သူ့ကို စိုက်ကြည့်နေ၏။
"ဘာတွေ စိတ်ပူနေတာလဲ...ကိုယ့်ရဲ့အရည်အချင်းကို မကျေနပ်ဘူးလား"
"ကျေနပ်တယ်...ကျေနပ်တယ်"
ချီရှင်းချန်က ထအော်သည်။
"မင်းကျေနပ်ရင် ကိုယ့်ကို ဘာဆုပေးမှာလဲ"
ပိုင်ရဲ့သူ့ကို မစဘဲမနေနိုင်ပေ။
"Footjobလား"
ချီရှင်းချန်: "…"
လက်ရှိအချိန်တွင် သူ မျက်မမြင်နားမကြား ဖြစ်ချင်နေသည်။
"ကောင်းပြီ"
ပိုင်ရဲ့ အချိန်တန်နေပြီဆိုသည်ကိုတွေ့သဖြင့် ခြေထောက်ကိုအောက်ချပြီး မတ်တပ်ရပ်လိုက်သည်။
"အရင်ဆုံး စိတ်လျှော့လိုက်ပါ... ပြန်သွားပြီး ရေချိုးရင် ပိုကောင်းလာလိမ့်မယ်...နောင်မှာ ဒီလို မိုက်မဲတဲ့အရာတွေ မလုပ်နဲ့တော့"
ချီရှင်းချန်: "…"
ပိုင်ရဲ့က အဝတ်လဲခန်းထဲက မျက်နှာသုတ်ပုဝါကို ဆွဲယူလိုက်ပြီး သူ့လက်တွေကို သုတ်ရင်းထပ်ပြောလာသည်။
"နောင်ကျရင် ကိုယ့်ကို တွေ့ဖို့ ဒီလောက်အကြာကြီး ကားမောင်းလာတာမျိုးမလုပ်နဲ့...မင်းလုပ်နိုင်လား"
ချီရှင်းချန် သူ့ကို မလှည့်စားနိုင်သည်ကိုမြင်ပြီး ခေါင်းယမ်းလိုက်သည်။
"မရဘူး...ကျွန်တော် မလုပ်နိုင်ဘူး"
ပိုင်ရဲ့ ခဏလောက်မှင်တက်သွားသာ်။ဤသည်က သူ့အတွက် သူ့ချစ်သူ၏ ငြင်းပယ်ခြင်းကိုခံရသည့် ပထမဆုံး အကြိမ်ဖြစ်သည်။
ကံမကောင်းစွာဖြင့်၊ချီရှင်းချန်က သူ့စိတ်ကိုပြောင်းရန် ရည်ရွယ်ချက်မရှိပေ။ သူက အလွန်ခေါင်းမာသော လူစားမျိုးဖြစ်သည်။ သူနှင့် စကားပြောရသည်က လွယ်ပေမဲ့ တစ်ခုခုကို ဆုံးဖြတ်ပြီးသည်နှင့် သူ စိတ်ပြောင်းသွားသည်မျိုး မရှိပါချေ။
သူ့အမူအရာကနေ ပိုင်ရဲ့လည်း သူ့မျက်နှာမှာ "ကျွန်တော့်ကို ဖြောင့်ဖြဖို့ မကြိုးစားနဲ့" ဟုရေးထားသည်ကို မြင်နေရသည်။ သူ့အနေဖြင့် တခြားနည်းလမ်းပြောင််းရုံသာတတ်နိုင်ခဲ့သည်။
"ကိုယ်တို့ တစ်လှမ်းစီ နောက်ပြန်ဆုတ်ကြရအောင်...ကိုယ် မင်းကိုလာတွေ့ခွင့်ပေးမယ...ဒါပေမဲ့ မိုးရွာရင် နှင်းတွေကျရင် ကားမောင်းခွင့်မရှိဘူး...လေးနာရီထက် ပိုမောင်းခွင့်မပြုဘူး... အဲဒါကို လက်ခံနိုင်မလား"
ချီရှင်းချန် စဉ်းစားလိုက်သည်။ ပွဲတော်မမှီ၍ လေယာဉ်လက်မှတ်မဝယ်နိုင်၍သာမဟုတ်လျှင် သူ ဟိုးအရင်ကတည်းက လေယာဥ်ဖြင့်လာပြီးနေပြီဖြစ်သည်။ကားမောင်းရန် လိုအပ်သည့် အခြေအနေများ အလွန်နည်းပါးသောကြောင့် သူ သဘောမတူချင် တူချင်ဖြင့်သဘောတူ ခဲ့သည်။
ပိုင်ရဲ့က သက်ပြင်းချကာ သူ့ခေါင်းထိပ်ကို နမ်းလိုက်သည်။
"ဒီတခေါက်ကတော့ ကိုယ့်အမှားပါ...ကိုယ် ချစ်သူကောင်လေးတစ်ယောက်ရဲ့ အခန်းကဏ္ဍကို အပြည့်အ၀တာဝန်မထမ်းဆောင်နိုင်ခဲ့ဘူး... အနာဂတ်မှာ အဓိက အားလပ်ရက်တွေကို အလုပ်တွေရွှေ့ဆိုင်းပြီး မင်းနှင့်အတူ ဖြတ်သန်းသွားနိုင်ဖို့ အကောင်းဆုံးကြိုးစားပါ့မယ်... ဒီတစ်ခါတော့ ခွင့်လွှတ်ပေးနော်"
"... ခွင့်လွှတ်စရာ ဘာလိုလို့လဲ"
ချီရှင်းချန်က ရေရွတ်လိုက်သည်။
"ကော ဘာအမှားမှ မလုပ်ခဲ့ပါဘူး...လူတိုင်းက ပိုက်ဆံရှာဖို့ အလုပ်လုပ်ရမယ်လေ"
သူ့လေသံကို နားထောင်ရင်း ပိုင်ရဲ့က နားမလည်နိုင်စွာ ရယ်မောမိသွားသည်။ "ရပါတယ်...ကိုယ့်မှာ ပိုက်ဆံရှိတယ်...ကိုယ် မင်းကို ထောက်ပံ့နိုင်တယ်"
"ဘော့စ်...ဘော့စ်"
ထိုအခိုက်အတန့်မှာ ပိုင်ရဲ့က အဝတ်လဲခန်းထဲရှိနေသည်မှာ အကြာကြီးရှိနေပြီသောကြောင့် ရှောင်မန်က အပြင်ဘက်ကနေ လှမ်းခေါ်လာသည်။
"အဝတ်အစားလဲပြီးပြီလား"
"ပြီးတော့မယ်"
ပိုင်ရဲ့ သူ့ကိုယ်သူလှည့်စားကာတီးတိုးဆိုလိုက်သည်။
"ကိုယ် အဝတ်အစားလဲရမယ်...ကူပေးဦး"
ထို့နောက် ပြောရင်းဆိုရင်း သူ့အင်္ကျီကို ချွတ်လိုက်သည်။ချီရှင်းချန်က သူ့ကို "ကူညီ" ရန် ရည်ရွယ်ချက်ဖြင့် ရှေ့ကို တိုးလာပြီး သူ့ခါးပတ်ကို ဖြုတ်လိုက်သည်။
ပိုင်ရဲ့ ပြောစရာစကားမဲ့သွား၏။
အအေးဒဏ်နဲ့ အချိန်မရှိလို့သာမဟုတ်ရင် သူတကယ် တစ်ခုခု လုပ်ချင်တယ်...
.......
ချီရှင်းချန်၏ကျော်ကြားမှုက ယခင်ကကဲ့သို့မဟုတ်တော့ပေ။တုန်ချင်ဂီတပွဲတော်မှာ ယခင်က သူလုပ်သလိုမျိုး ပြောင်ပြောင်တင်းတင်း သွားကြည့်၍မဖြစ်တော့ပေ။စင်နောက်မှာ စောင့်ဆိုင်းရတာ ပျင်းစရာကောင်းပြီး အန္တရာယ်များ၏။ပိုင်ရဲ့က အားလွင်ကို သူ့ကိုဟိုတယ်ကို အရင်ပြန်ပို့ခိုင်းလိုက်သည်။
အားလွင်က ချီရှင်းချန်ကို ပိုင်ရဲ့၏အခန်းကို ပို့ပြီး စားသောက်ဆိုင်ကနေ သူ့အတွက် စားစရာတစ်ချို့ကို မှာပေးခဲ့၏။ ခဏလောက် စကားစမြည်ပြောပြီးသည့် နောက်မှာ အားလွင်က အခန်းအပြင်အဆင်ကို မိတ်ဆက်ပြီး ထွက်သွားခဲ့သည်။
ရုတ်တရက် အခန်းထဲမှာ သူတစ်ယောက်တည်း ကျန်ခဲ့သည်။ချီရှင်းချန် အကြောင်းပြချက်မရှိ အပြစ်ရှိသလို ခံစားခဲ့ရသည်။ သူများ၏အိမ်ကို ဖောက်ထွင်းဝင်ရောက်လာမိသလို ခံစားရသည်။ ဧည့်ခန်းထဲတွင် ခဏရပ်ပြီးနောက် အိပ်ခန်းထဲကိုသွားသင့်မသွားသင့်သူမသိသလို ဘယ်အိပ်ခန်းကိုသွားရမလဲလည်း သူမသိဖြစ်နေသည်။ နောက်ဆုံးမှာ သူအရင်ရေချိုးရန် ဆုံးဖြတ်လိုက်သည်။
သူငယ်ငယ်က ဆက်ကပ်အဖွဲ့မှာ ကလေးတွေအများကြီးရှိသဖြင့် အပြေးအလွှားရေးချိုးရသည်။ ရေချိုးခန်းမှထွက်လာပြီးသည်နှင့် နောက်တစ်ခေါက်ပြန်မဝင်နိုင်တော့ပေ။ ထို့ကြောင့် ရေချိုးပြီးနောက် အဝတ်လျှော်သည့် အလေ့အထကို သူရလာခဲ့သည်။ ယခုလည်း အတူတူပါပင်။ သူ့တစ်ကိုယ်လုံးကို ရေခြောက်အောင်သုတ်ပြီးနောက် တီရှပ်နှင့် ဂျင်းဘောင်းဘီကို ဇလုံထဲသို့ ပစ်ချလိုက်သည်။
အခြောက်ခံစင်ပေါ်မှာ အဝတ်များကို တင်ပြီးနောက်၊ သူ ရိုက်ကွင်းကနေ လောလော လောလောနှင့် ထွက်လာခဲ့ဖြင့် ညအိပ်ဝတ်စုံရော အဝတ်အစားတွေပါ တစ်ခုမှပါမလာကြောင်း သတိရလိုက်သည်။
ကိုယ်လုံးတီးချီရှင်းချန်တစ်ယောက် သူ၏ ရေစိုအဝတ်အစားများကို ကြည့်ပြီး လေးလေးနက်နက် တွေးတောလိုက်သည်။
သို့ပေမဲ့ သူ့မှာ ဝတ်စရာ ဘာတစ်ခုမှ မရှိခဲ့သည်ကား မဟုတ်ပါချေ။ ဟိုတယ်မှပေးသော ရေချိုးဝတ်ရုံက အရည်အသွေးကောင်းသည်။ သို့သော် သူက အနည်းငယ် အသန့်ကြိုက်တတ်သူဖြစ်ပြီး အပြင်ကအဝတ်အစားတွေကိုဝတ်ရသည်အား လုံးဝမကြိုက်ပေ။
သူ့ အံကြိတ်ပြီး လျှိုရန်ကြိုးစားလိုက်သည်။သို့သော် သူ့လက်ဖြင့် ကိုင်လိုက်သည်နှင့်ပင် သည်းမခံနိုင်တော့ပေ။
ကြိုးစားမှုများစွာ မအောင်မြင်ပြီးနောက် ရေချိုးဝတ်ရုံကို စွန့်လွှတ်ရန် ရွေးချယ်ပြီး ပိုင်ရဲ့ကို အကူအညီတောင်းရန် ဖုန်းကို ကောက်ကိုင်လိုက်သည်။
⭐: [ကောအလှည့်ရောက်ပြီးလား]
⭐: [Crying cat.jpg]
[🌕]- [မရောက်သေးဘူး...ဘာဖြစ်လို့လဲ]
⭐: [ကျွန်တော်က အရမ်းတုံးတယ်]
⭐ : [အဝတ်လျှော်ပြီးမှ ညအိပ်ဝတ်စုံယူမလာဘူးဆိုတာ သတိရတယ်]
ပိုင်ရဲ့ ဘယ်လောက်ကြီးကြီးများကိစ္စလဲဟု စဉ်းစားနေတုန်းဖြစ်၏။ သူက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
[ကိုယ့်ရဲ့ ခရီးဆောင်အိတ်ထဲမှာ အဝတ်တွေ ရှိတယ်...ယူဝတ်လို့ရတယ်]
⭐: [ကောရဲ့ ခရီးဆောင်အိတ်ကို ထိလို့ရလား]
[🌕]- [မင်းလိုချင်ရင် ခရီးဆောင်အိတ်တင်မကဘူး ... အရာအားလုံးကို ကိုယ်ပေးနိုင်တယ်]
ပိုင်ရဲ့၏ခွင့်ပြုချက်ရပြီးနောက်၊ ချီရှင်းချန် သတ္တိမွေးပြီး ပဝါတစ်ထည်ပတ်ကာဖြင့် အိပ်ခန်းထဲသို့ ခြေဖျားထောက်ကာလျှောက်လာလေသည်။ မျှော်လင့်ထားသည့်အတိုင်း အခန်းအလယ်တွင် ခရီးဆောင်အိတ်နှစ်လုံးကို သူတွေ့လိုက်ရသည်။
သူ ၎င်းတို့ထဲမှ တစ်ခုကိုဖွင့်ကာ အတွင်းထဲကို မရဲတရဲချောင်း ကြည့်လိုက်သည်။မမြင်သင့်မမြင်အပ်သည့်အရာကို သူမတွေ့ပေ။ပိုင်ရဲ့က သူ့ကို ရိုင်းစိုင်းသည်ဟု ထင်မှာ ကြောက်သဖြင့် သူ အားအများကြီး မသုံးဝံ့ပေဓ အဝါနုရောင်ထိုးဆွယ်တာအင်္ကျီကိုသာ ကောက်ကိုင်လိုက်သည်။
ပိုင်ရဲ့က အရပ်ရှည်ပြီး လက်တံနှင့် ခြေတံရှည်ရှိသည်။ ထို့အပြင်၊ ဤဆွယ်တာအင်္ကျီက အရွယ်အစားကြီးမားသောကြောင့် သူ၏တင်ပါးနှင့် ပေါင်များကိုပါ ဖုံးအုပ်ထားနိုင်သည်။ ဆွယ်တာအင်္ကျီ၏အနားစွန်းက သူ့ပေါင်အလယ်လောက်ထိရောက်သည်။
ချောင်ချောင်ချိချိရှိမှုနှင့်ပတ်သတ်ပြီး သူ အတော်လေးကျေနပ်သွားသည်။ ခရီးဆောင်အိတ်ကို နာခံစွာပိတ်ကာ တီဗီဖွင့်ရန် ဧည့်ခန်းသို့ ပြန်သွားခဲ့သည်။ စားသောက်နေရင်း ပွဲတော် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုခဲ့သည်။
ရုပ်မြင်သံကြားဌာနက ပိုင်ရဲ့၏ရှိုးပွဲကို ညဆယ့်တစ်နာရီတွင် စီစဉ်ထားသည်။ ဆယ့်တစ်နာရီမထိုးခင်မှာ ချီရှင်းချန်က သာမန်လူတစ်ယောက်လိုပါပင်။
ဆယ့်တစ် တစ်ဆယ်မှာ ပိုင်ရဲ့ နောက်ဆုံးတော့ ပေါ်လာသည်။ သူ သူ့တူများကို ပစ်ချလိုက်ပြီး ခြေလှမ်းအကျဲကြီးများဖြင့် ဆိုဖာပေါ်သို့ ခုန်တက်လိုက်သည်။
ညာလက်ဖြင့် ဖုန်းမီးကို ဖွင့်က ရီမုကို ထိန်းချုပ်ရန် ဘယ်လက်ကို အသုံးပြုကာ ဂီတအတိုင်း စတင် လိုက်ပါယိမ်းထိုးတော့သည်။
အကျိုးသက်ရောက်မှုက ပွဲမှာ ကသည်ထက်ပင် ပိုကောင်းသေး၏။
ပျော်ရွှင်စွာယိမ်းထိုး လွှဲယမ်းရင်း ပိုင်ရဲ့နှင့်အတူ အကြာကြီး ကခဲ့သည်။ လက်တွေ့ဘ၀မှာ သူဘယ်လိုကခုန်ရမှန်းမသိပေမဲ့ ယခုအချိန်မှာ သူကတတ်နေပြီဖြစ်သည်။အားလပ်ချိန်များတွင် သူအနှစ်သက်ဆုံး ဖျော်ဖြေရေး လှုပ်ရှားမှုမှာ သူ့idol ၏ အကကို သင်ယူရန် ဖြစ်သည်။
ပိုင်ရဲ့က သီချင်းလေးပုဒ်ဆက်တိုက် ဖျော်ဖြေခဲ့ပြီး သူက သီချင်းလေးပုဒ်ကို ဆက်တိုက်ကခဲ့သည်။ပိုင်ရဲ့ ပရိသတ်နှင့် ထိတွေ့ဆက်ဆံမှု ပြီးသွားသည့်အခါ နောက်ဆုံးမှာ သူ့အသက်ဝိညာဥ်ကို ဆုံးရှုံးသွားပြီး အ၀တ်စုတ်အရုပ်လေးလို ဆိုဖာပေါ်မှာ ပြန်လှဲနေခဲ့သည်။
သူတွေးလိုက်၏။
"ဝူးဝူးဝူး...နတ်ဘုရားက ကောင်းကင်ဘုံကို ပြန်တက်သွားပြီ...ငါ့ကောသီချင်းဆိုတာကို ဘယ်တော့မှ ပြန်ကြားနိုင်မှာလဲ...သီချင်းလေးပုဒ်လောက်က မလုံလောက်ဘူး...ဟင့်ရွှတ် ရွှတ်…"
သူ ထိုအကြောင်းကို ပိုတွေးလေ၊ ပိုသိချင်လေလေဖြစ်သည်။သူက ရိုးရိုးလေး လှန်လိုက်ပြီး လဲလျောင်းသည့် အနေအထားကို ပြောင်းလိုက်သည်။ Weibo ကိုဖွင့်ပြီး အချိန်အတော်ကြာ ဘေးဖယ်ထားခဲ့သော အရန်အကောင့်"တစ်ညလုံးတမ်းတမိတယ်"သို့ ပြောင်းလိုက်သည်။
သေချာသည်က ပိုင်ရဲ့၏Super Talk Square က ဗီဒီယိုတွေနှင့်ဓာတ်ပုံတွေက နေရာအနှံ့မှာ ရှိနေခဲ့သည်။သူ လှပသော ဓါတ်ပုံသမုဒ္ဓရာကြီးထဲမှာ ရေထဲက ငါးတစ်ကောင်လို ကူးခတ်နေခဲ့သည်။ သူသည် ပုံများနှင့် ဗီဒီယိုများကို အရူးအမူး ပြန်လည်ပို့စ်တင်ကာ အဆုံးမဲ့ မြှောက်ပင့်ပြောဆိုမှုများ ပေးပို့နေခဲ့သည်။
[အလှတရားက လူသတ်နိုင်ရင် ပိုင်ရဲ့ရဲ့ အပြစ်က ခွင့်မလွှတ်နိုင်စရာပဲ]
[အစအဦးပိုင်းမှာ ဘုရားသခင်က ကောင်းကင်နဲ့မြေကြီးကို ဖန်ဆင်းစဥ်အခါက ကမ္ဘာကြီးက ဖရိုဖရဲဖြစ်ပြီး ဗလာဖြစ်နေတယ်... အလင်းရှိမှရမယ်လို့ဘုရားသခင်က မိန့်တော်မူပြီး သူ့ကို ဖန်ဆင်းလိုက်တယ်]
[မင်းဘဝမှာ ဝမ်းနည်းစရာအကောင်းဆုံးက မင်းမျက်နှာကို(ကိုယ့်မျက်နှာကိုယ်) နမ်းလို့မရတာပဲ]
[ငါ တွေ့ဖူးတဲ့ တောင်တွေ မြစ်တွေအားလုံးကို မင်းက ကျော်သွားပြီ]
ရလဒ်အနေဖြင့် ပိုင်ရဲ့ တံခါးဖွင့်ရန် ကတ်ကို ပွတ်ဆွဲပြီး အိမ်ထဲသို့ ဝင်လိုက်သောအခါ သူ့ဆွယ်တာအင်္ကျီနှင့် ဘောင်းဘီမပါသော တစ်စုံတစ်ဦးကို တွေ့လိုက်ရသည်။ သူ၏ မေးစေ့က ကူရှင်ပေါ်တွင် ရှိနေပြီး သူ၏ ခြေထောက်များက ယိမ်းနွဲ့နေသည်။ ဘာလုပ်နေလဲကား မသိ။
ဧည့်ခန်းရှိ မီးများက ဖွင့်မထားပေ။ မှိန်ဖျော့အလင်းဆရာက်အောက်တွင် ထိုဖြောင့်စင်းနေသောခြေထောက်နှစ်ချောင်းသည် အလွန်ဖြူဖွေးတောက်ပနေ၏။
ပိုင်ရဲ့၏ မျက်လုံးများ မည်းနက်သွားသည်။သူက အထဲဝင်လာရင်းမေးလိုက်သည်။
"ဘာတွေ ကြည့်နေတာလဲ"
ချီရှင်းချန်က သူ၏ မြှောက်ပင့်ပြောဆိုမှုထဲတွင် အလွန်အမင်း နစ်မြုပ်နေခဲ့သည်။ ထိုအသံကိုကြားလိုက်ရသောအခါ လန့်သွားပြီး ခြေထောက်နှစ်ဖက်ကို မသိစိတ်ကနေ ယှက်လိုက်မိသည်။ သူက စခရင်ကို အမြန်လော့ချလိုက်သည်။
"Weiboပွတ်နေတာ... ပြန်လာတာ မြန်လိုက်တာ"
"နှစ်သစ်အကြို မမှီမှာစိုးလို့"
ပိုင်ရဲ့က သူ့အကျီကို ချွတ်လိုက်ပြီး ချီရှင်းချန်ဘေးမှာ ဝင်ထိုင်လိုက်သည်။
ချီရှင်းချန် အချိန်ကိုကြည့်လိုက်သောအခါ 23:50 ဖြစ်နေပြီဆိုသည်ကို သိလိုက်ရ၏။
သန်းခေါင်ယံရောက်ရန် ဆယ်မိနစ်ပဲကျန်တော့သည်။
သူထပြီး ပိုင်ရဲ့ရှေ့မှာ ဒူးထောက်ထိုင်လိုက်သည်။
"မီးရှူးမီးပန်းတွေက ခနနေ ခဏပိတ်တော့မှာ... အဲဒါကို ဒီကနေ လှမ်းမြင်ရလားမသိ"
"ကိုယ်က 19 ထပ်မှာနေတာလေ... မြင်ရလောက်တယ်"
"ဒါဆို ပြတင်းပေါက်မှာ စောင့်နေရအောင်"
ချီရှင်းချန် ကူရှင်ကို ပစ်ချလိုက်ပြီး ဆိုဖာပေါ်မှ ဆင်းရန် ပြင်ဆင်လိုက်သည်။
သို့ပေမဲ့ ပိုင်ရဲ့က သူ့ကို လွှတ်မပေးပေ။ "အလျင်မလိုပါနဲ့... ဒီကိုလာပြီး ကိုယ့်ကို ပေးဖက်ဦး"
သူက လူကြီးလူကောင်းတစ်ယောက်ဖြစ်သည်။ချီရှင်းချန် သူ့ထံမှ ဤကဲ့သို့ တည့်တိုးဆန်သော တောင်းဆိုမှုကို ကြားရခဲသောကြောင့် ခဏတာမျှ တုံ့ပြန်ခြင်း မပြုခဲ့ပေ။
သူ ကြောင်နေသည်ကို မြင်ပြီး ပိုင်ရဲ့ သည်းမခံနိုင်တော့ပေ။လှည့်ကာဖြင့် ခါးနှင့် ခြေထောက်များကနေ သိုင်းဖက်လိုက်သည်။
ကမ္ဘာကြီးက သူ့မျက်စိရှေ့မှာပဲ လှည့်ပတ်နေသည်။ နောက်တစက္ကန့်မှာပင် ချီရှင်းချန် ပိုင်ရဲ့၏ပေါင်ပေါ်တွင် ထိုင်လျက်သားဖြစ်သွားသည်။
ဘေးတိုက်ထိုင်နေသော မိန်းကလေးကဲ့သို့ အထူးရှက်စရာကောင်းသော အနေအထားတစ်ခုဖြစ်သည်။
"ခင်ဗျား လွှတ်"
ချီရှင်းချန် မနေနိုင်ဘဲ ရုန်းကန်လိုက်သည်။
"မလွှတ်ဘူးကွာ"
ပိုင်ရဲ့က သူ့မျက်နှာကို နှာသီးဖျားနှင့် ပွတ်လိုက်သည်။
"ခဏလောက် ဖက်ထားပါရစေ"
"... ကျွန်တော်က ပေါင် 120 နော်...ကောကို ဖိချေမိမယ်"
ပိုင်ရဲ့က သူ့စကားကို နားမထောင်ပေ။ သူ့ကို ပိုတင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားသည်။
"…"
ခွန်အားတိုက်ပွဲတွင် ချီရှင်းချန် ပိုင်ရဲ့ကိုကို ဘယ်တော့မှ အနိုင်ယူနိုင်မည်မဟုတ်ပေ။ နောက်ဆုံးတွင် လည်ပင်းကိုဖက်ကာ နာခံစွာထိုင်ရန်သာ ရွေးချယ်နိုင်ခဲ့သည်။
ဧည့်ခန်းက ရုတ်တရက် တိတ်ဆိတ်သွားသည်။ သူတို့၏ အသက်ရှုသံနှင့် နှလုံးခုန်သံတွေကိုသာ ကြားနေရ၏။ သူနှင့်နီးကပ်လာသည်နှင့်အမျှ ချီရှင်းချန် အနံ့သင်းသင်းလေရလိုက်သည်။
သူ့ဘေးနားကလူဆီက လာပုံရသည်။
သူက ရှေ့ကိုတိုးပြီး ပိုင်ရဲ့၏လည်ပင်းကို အနံ့ခံလိုက်သည်။ "ဘယ်ရေမွှေးသုံးနေတာလဲ...အနံ့အရမ်းကောင်းတယ်"
ပိုင်ရဲ့က သူ့လက်ကို တစ်ဖက်လူ၏ပေါင်ပေါ်တင်လိုက်သည်။ သူ့လက်ချောင်းများက လူငယ်လေး၏ အချိုးအစားကျနပြီး နူးညံ့သော ကြွက်သားများပေါ်တွင် ပြေးလွှားနေသည်။ သူ သူတို့ကို ဂရုတစိုက် မကိုင်တွယ်ဘဲ မနေနိုင်ပေ။
"ရေမွှေး မသုံးထားဘူး"
"ဒါဆို အနံ့က ဘယ်ကလာတာလဲ"
"ရေချိုးဂျယ်နံ့ ဖြစ်နိုင်တယ်"
ပိုင်ရဲ့က ခန့်မှန်းလိုက်၏။
ချီရှင်းချန် ရေချိုးနေတုန်းက တစ်စုံတစ်ယောက်၏ ရေချိုးဂျယ်ကို သုံးခဲ့သည်။ မွှေးရနံ့၏ရင်းမြစ်ကို အတည်ပြုရန် ချီရှင်းချန် သူ့လက်မောင်းကို နှာခေါင်းအောက်သို့ ခဏလောက် မြှောက်လိုက်သည်။ "နည်းနည်းတူပေမဲ့ ခင်ဗျားရဲ့အနံ့လောက် မကောင်းဘူး"
"ဟုတ်လား"
ပိုင်ရဲ့က သူ့ခေါင်းကို ကောင်ငယ်လေး၏ လည်ပင်းမှာ မြှုပ်လိုက်သည်။ "ကိုယ်မြည်းကြည့်မယ်"
သူ ပြောသည်က "ကိုယ်မြည်းကြည့်မယ်"ဖြစ်ပြီး "ကိုယ်အနံ့ခံကြည့်မယ်" မဟုတ်ပေ။ချီရှင်းချန် တစ်ခုခုမှားနေသည်ဟုထင်ပြီး ပြင်ပေးချင်ခဲ့သည်။
နောက်အခိုက်အတန့်မှာ သူ့လည်ပင်းမှာ စူးရှပြီး စိုစွတ်နေသည့် အထိအတွေ့ကို ခံစားလိုက်ရ၏။
ပိုင်ရဲ့က သူ့သွေးကြောပေါ်ကို အစွယ်နှင့် ကိုက်လိုက်ခြင်းပင်။
မနာကျင်ပေမဲ့ သွေးစုပ်ဖုတ်ကောင်တစ်ကောင်၏ သတ်ခြင်းကို ခံရသည့် ခံစားချက်က သေလောက်အောင် ပြင်းထန်လွန်းသည်။ချီရှင်းချန်၏ တစ်ကိုယ်လုံး ကိုက်ခံရမှုကြောင့် ထုံကျင်သွားသည်။ သူ၏ ဝိညာဉ်သည်ပင် တုန်ရီနေသည်။
ခေါင်းမမော့နိုင်ဘဲ သူမနေနိုင်လိုက်။
ဤလုပ်ဆောင်ချက်က ပိုင်ရဲ့ အတွက် ပိုအဆင်ပြေသွားစေသည်။ သူက သွယ်လျသောအကွေ့အဝိုက်တစ်လျှောက် ကိုက်ပြီး စုပ်သည်။ မကြာခင်မှာပဲ လူငယ်လေး၏ ညှပ်ရိုးပေါ်မှာ ကောင်းမွန်သေသပ်လှသော သွားရာ အမှတ်အသားတွေ ကျန်ရစ်ခဲ့သည်။
"လာ လာ...စတော့မယ်"
ထိုအချိန်တွင် ဘေးခန်းဝရံတာမှ မိန်းကလေးတစ်ယောက်၏ အသံထွက်လာသည်။ချီရှင်းချန်အိပ်မက်မှ နိုးလာပြီး ဖုန်းကို အမြန်ဖွင့်ကြည့်လိုက်သည်။
"... 23:59 ရှိပြီ...မြန်မြန် မီးရှူးမီးပန်းကြည့်ကြရအောင်"
ပိုင်ရဲ့လည်း ဖန်လေး၏ရည်ရွယ်ချက်ကို မှတ်မိ၏။ အသက်ပြင်းပြင်းရှူရင်း မတ်တပ်ထရပ်ပြီး သူ့ကို ပြတင်းပေါက်ဆီ သယ်သွားလိုက်သည်။
ပထမတုန်းက ချီရှင်းချန် ဘာမှ မခံစားရပါချေ။မည်သို့
ပင်ဖြစ်စေ တစ်ဖက်လူကက သူ့ကို ပွေ့ထားသည်မှာ အတော်ကြာနေပြီဖြစ်ပြီး ၎င်းကို သူ ကျင့်သားရခါနီးနေပြီဖြစ်၏။ယင်းက ပိုင်ရဲ့ပြတင်းပေါက်ရှေ့မှာ ရပ်လိုက်ပြီး ဖန်ခွက်ထဲကနေ မင်းသမီးလေးလို ပွေ့ချီခံလာရသည့်သူ့ကိုယ်သူ တွေ့လိုက်ရသည့်အထိသာပင်...