Chapter 140
ဘုရားသခင်ထံ အပ်နှံထားခဲ့သော သူ၏ မာနက ချက်ချင်းပင် မူလနေရာသို့ ပြန်ရောက်လာခဲ့သည်။
"ကျွန်တော့်ကို ဒီလိုမချီနဲ့"
သူ အသံတိုးတိုးနှင့် သတိပေးလိုက်သည်။
ပိုင်ရဲ့က ညှိနှိုင်းရအလွန်လွယ်သည်။ "ဒါဆို မင်းကိုယ့်ကို ဘယ်လိုချီစေချင်တာလဲ"
ချီရှင်းချန်: "ဘယ်လိုမှ မချီစေချင်ဘူး"
ပိုင်ရဲ့က ခဏလောက် တွေးပြီး သူ့ကို စင်တီမီတာတစ်ဒါဇင်လောက်သာကျယ်သည့် ပြတင်းပေါက်ဘောင်ပေါ်မှာ ချလိုက်သည်။
ထို့နောက် တစ်ဖက်လူ၏ခြေထောက်ကြားကို တိုးဝင်လိုက်သည်။
ပြတင်းပေါက်ဘောင်က ကျဉ်းလွန်းသည်။ချီရှင်းချန်၏ တင်ပါးက အစွန်းကို ထိရုံမျှသာထိသညခ။ ပြုတ်မကျစေရန်အတွက် ခြေထောက်များကို တစ်ဖက်လူ၏ခါးတွင် ချိတ်ထားရုံသာတတ်နိုင်သည်။
... မင်းသမီးလေးလို ကောင်းကောင်းအဆက်ဆံမခံရ၍ ချီရှင်းချန်အခဲမကြေ ဖြစ်နေသည်။
သို့ပေမဲ့ အပြစ်တင် စွပ်စွဲရန်က အတော်လေးနောက်ကျသွားပြီဖြစ်၏။သူတို့နှစ်ယောက် တိုက်ပွဲဖြစ်နေကြစဉ် နာရီက စတင်ရေတွက်နေပြီဖြစ်သည်။
"တစ်ဆယ်၊ ကိုး၊ ရှစ်၊ ခုနစ်—"
ဘေးခန်းက မိန်းကလေးက စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
ချီရှင်းချန် သူမဆီက ဦးဆောင်ခံလိုက်ရပြီး သူ့ယ၏လက်ရှိအခြေအနေကို ခဏမေ့သွားခဲ့သည်။ သူက ပြတင်းပေါက်ကို လှမ်းကြည့်ရင်း အော်လိုက်သည်။
"ခြောက်၊ ငါး၊ လေး၊ သုံး…"
သုံးကို ရေတွက်လိုက်ချိန်မှာ သူက ရုတ်တရက် နောက်ပြန်လှည့်လိုက်သည်။ ထို့နောက် ချက်ချင်းဆက်ရေသည်။
"နှစ် တစ်"
"ရွှီး"
"ဖောင်း"
"ဒိုင်း"
ပြိုးပြိုးပြက်ပြက် အလင်းတန်းများက လေထဲ၌ ပွင့်လန်းနေပြီး မီးရှူးမီးပန်းများက မှောင်မဲနေသော ညကိုအလင်းရောင် ထွန်းညှိပေးသည်။ မီးရှူးမီးပန်းကြည့်ရန် တကျီကျီလုပ်နေသော ချီရှင်းချန်က မီးရှူးမီးပန်းများကို မကြည့်ခဲ့ပေ။ သူနှင့် မျက်နှာချင်းဆိုကလူကိုသာ တည့်တည့်ကြည့်၍နေသည်။
"ကော ရှင်းညန်ခွိုက်လာ့"
"ရှင်းညန်ခွိုက်လာ့"
ပိုင်ရဲ့က သူ့နဖူးကို နမ်းလိုက်သည်။ သူ့မျက်လုံးများနှင့် နှလုံးသားသည် နူးညံ့မှုအပြည့်ရှိနေသည်။
"နောင်နှစ်တွေတိုင်း ပျော်ရွှင်ပါစေလို့ ကိုယ်ဆုတောင်းပေးပါတယ်"
နာရီရေသံက ရပ်သွားသော်လည်း မီးရှူးမီးပန်းများက တစ်ခုပြီးတစ်ခု ပွင့်လန်းနေသည်မှာ ငါးမိနစ်တိုင်တိုင်ဖြစ်လေသည်။
နောက်ဆုံးမှာ ဖန်လေးက ဘောင်းဘီမဝတ်ထားသဖြင့် ပိုင်ရဲ့ သူအအေးမိမှာစိုး၏။ပြတင်းပေါက်ရှေ့မှာ သူ့ကို ရှက်သွေးဖြာသည်အထိ အနိုင်ကျင့်ပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီး အိပ်ရာထဲပြန်ပို့ကာ ရေချိုးရန် ရေချိုးခန်းထဲ ဝင်သွားခဲ့သည်။
သူရေချိုးခန်းမှ ထွက်လာပြီးနောက် ကုတင်ပေါ်ရှိလူ၏ မျက်လုံးများ ပွင့်လာပြီး ပြန်ပိတ်သွားသည်။ သေချာသည်မှာ သူသည် နေ့ခင်းဘက် ကားမောင်းထားမှုကြောင့် ပင်ပန်းနွမ်းနယ်နေပြီး ဆက်မထိန်းနိုင်တော့ပေ။ သူ အိပ်ပျော်ခါနီးနေပြီဖြစ်၏။
ပိုင်ရဲ့ တစ်ဖက်လူအိပ်ရေးပျက်မှာစိုး၍ သူ့ဖုန်းကို အသံတိတ်မုဒ်ပြောင်းပြီး ကုတင်ဘေးမှာ ထားလိုက်သည်။အသံမထွက်အောင် အိပ်ရာထဲဝင်ပြီး မီးကိုပိတ်လိုက်ကာ ညမီးအိမ်ငယ်လေးသာ ထွန်းထားလိုက်သည်။
ချီရှင်းချန်က ဆွယ်တာအင်္ကျီဝတ်ထားသောကြောင့် ပူလာသည်။ ရေချိုးပြီးခါစ ပိုင်ရဲ့က အေးစက်နေသဖြင့် မသိစိတ်ကနေ တစ်ဖက်လူနား တိုးကပ်သွားသည်။တစ်ဖက်လူ၏ဖက်လိုက်ပြီးနောက် ကျေနပ်သွားပြီး တစ်စုံတစ်ခုကို တီးတိုးရေရွတ်လိုက်သည်။
ပိုင်ရဲ့ သူ့ကို ရှင်းရှင်းလင်းလင်း မကြားလိုက်ပေ။ သူက "ဘာပြောတာလဲ" ဟု အသံတိုးတိုးဖြင့် မေးသည်။
"နှစ်သစ်ကူးနေ့ကို ကြိုက်တယ်"
ချီရှင်းချန်၏ မျက်လုံးများက မှိတ်ထားဆဲပင်။
ပိုင်ရဲ့ ချစ်သူများနေ့နှင့် ချီရှီးပွဲတော်ကို နှစ်သက်သည့်လူများအကြောင်း ကြားဖူးသော်လည်း နှစ်သစ်ကူးနေ့ကို နှစ်သက်သည်ဟု မည်သူဆီကမှ မကြားခဲ့ဖူးပါချေ။ "ဘာလို့လဲ" ဟု အံ့သြစွာမေးလိုက်သည်။
“ဘာလို့လဲဆိုတော့ နှစ်သစ်ကူးနေ့က နှစ်သစ်ရဲ့ ပထမဆုံးနေ့မို့လို့ မသိတဲ့၊ စိန်ခေါ်မှုနဲ့ မျှော်လင့်ချက်တွေကို ကိုယ်စားပြုတယ်...ကျွန်တော့် မွေးနေ့နဲ့မတူဘူး...တနှစ်တာလုံး နာကြည်းမှု၊ နာကျင်မှု၊ စိတ်ပျက်မှုတွေက အချိန်နဲ့အမျှ တိုးလာတယ်...ပိုပိုပင်ပန်းလာတယ်…"
"ဘဝက ပိုပို မည်းမှောင်လာပြီး ပိုပိုလေးလာတယ်"
ချီရှင်းချန်က နှာခေါင်းရှုံ့လိုက်ပြီး အဆုံးသတ်မှတ်ချက်ပြုလိုက်သည်။
"ကောင်းတဲ့နေ့မဟုတ်ဘူး"
ဤစကားလုံးတွေကို သူက မျက်လုံးမှိတ်ပြီး ပြောနေပေမဲ့ တစ်ဝက်တစ်ပျက် အိပ်ပျော်နေသည့် အနေအထားမှာ ပြောနေပုံပါပင်။သို့ပေမဲ့ သူ့လေသံကနေ ပိုင်ရဲ့ ကိုယ့်ကိုယ်ကို ရွံရှာသည့် ခံစားချက်ကို ပြင်းပြင်းထန်ထန် ကြားနေရသည်။ သူ့မျက်ခုံးတွေက ချက်ချင်းကြုံ့သွားသည်။
"မင်းမွေးနေ့က ကောင်းတဲ့နေ့မဟုတ်ဘူးလို့ ဘယ်သူပြောလဲ"
ချီရှင်းချန် တစ်ဖက်လူက ယခုလိုရိုးရှင်းသည့်ဝါကျကို ဂရုစိုက်ရန် မမျှော်လင့်ထားပေ။သူကမျက်လုံးကို တစ်ဝက်ဖွင့်ပြီး သမ်းဝေလိုက်သည်။ "မဟုတ်လို့လား"
"ဘယ်ဟုတ်မလဲ"
ပိုင်ရဲ့၏ အသံက လေးနက်နေသည်။ "အဆိုးမြင်စိတ်တွေ စုပုံလာမယ်၊ အပြုသဘောဆောင်တဲ့ဘက်ကလည်း တိုးလာမယ်...အခြေခံအုတ်မြစ်အနေနဲ့ ဒီနှစ်ရဲ့ ကြိုးစားအားထုတ်မှုကနေ ရိတ်သိမ်းစရာမရှိရင် ဘယ်လိုလုပ်မျှော်လင့်ချက်ရှိနိုင်မလဲ"
ချီရှင်းချန် ၎င်းကို သေသေချာချာ စဉ်းစားကြည့်လိုက်သည်။ပိုင်ရဲ့ ပြောသည်က မှန်၏။ယင်းက တကယ့်ကို အမှန်ပါပင်။သို့ပေမဲ့ သူက ၎င်းကို ပေါ့ပေါ့ပါးပါးပဲ ပြောနေသည်။ နှစ်သစ်ကူးနေ့ကို သူ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ယင်းက သာမညဖြစ်သည်။
အဓိကက သူက သူမွေးသည့်နေ့ကို မကြိုက်ခြင်းဖြစ်သည်။ထို့နေ့က မည့်သည့်နေပဲဖြစ်ပါစေဖြစ်၏။
တစ်နည်းဆိုရသော် သူက မိမိ၏မွေးဖွားမှုကို မကြိုက်။သူ မမွေးလာသင့်ပေ။ထို့ကြောင့်ပင် သူ့မိဘအရင်းတွေက သူ့ကို စွန့်ပစ်ပြီး မိဘမဲ့ဂေဟာမှာ ထားခဲ့ခြင်းဖြစ်မည်။ထို့ကြောင့်ပင် သူ့ကို မွေးစားပြီးနောက်တွင် သူ၏မွေးစားမိဘများက သူ့ကိုစွန့်ပစ်ပြီး ဆက်ကပ်အဖွဲ့ထဲသို့ ပစ်ထည့်ခဲ့ခြင်းဖြစ်မည်။
မည်သူမဆိုအတွက် သူက ရှင်းရှင်းလင်းလင်းပင် ဘေးရောက်နေပြီး အရေးမပါပေ။
… အကယ်၍ သူသာ မတော်တဆ ရွှေ့ပြောင်းမလာခဲ့ပါက၊ သူလို အသူရာချောက်နက်ကြီးထဲတွင် ကြီးပြင်းလာသူကို မည်သူမျှ နှစ်သက်လိမ့်မည် မဟုတ်ပေ။
ပြီးလျှင် ပိုင်ရဲ့နှင့် သူ ယခုလို ရင်းနှီးစွာ ပေါင်းသင်းရန်ဆိုသည်က မဖြစ်ရေးချမဖြစ်နိုင်ပါချေ။
ချီရှင်းချန် တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ သူ့စကားကြောင့် ပိုင်ရဲ့စိတ်မချမ်းသာကြောင်း သူသိသည်။ သူက ရှေ့ကို တိုးပြီး သူ့အမှားကို အမြန်ဝန်ခံလိုက်၏။
"ခင်ဗျားပြောတာ မှန်တယ်...ကျွန်တော် မှားပါတယ်...နောင်ကျရင် အဓိပ္ပါယ်မရှိတဲ့စကားတွေ မပြောတော့ဘူးနော်"
ပိုင်ရဲ့က သူ၏ဝတ်ကျေတမ်းကျေလေသံကို မည်သို့မကြားဘဲနေမည်နည်း။သူစိတ်တိုတိုနှင့် အကူအညီမဲ့စွာ နဖူးလေးကို တောက်လိုက်သည်။သူကြွယ်မိသားစုမှာ မွေးဖွားလာပေမဲ့ လူချမ်းသာတစ်ယောက်ရဲ့အကျင့် မရှိတဲ့ ဒီဖန်လေးကို သူဘာကြောင့် သံသယစိတ်တွေ ပိုဖြစ်လာတာလဲ...
သူ့မွေးဖွားလာမှုကို မုန်းတယ်လို့တောင် သူကပြောသေးတယ်...
လျှို့ဝှက်ဇာတ်လမ်းတွေများ ရှိလေမလား...
နှစ်သစ်ကူးနေ့၏မနက်ခင်းတွင်၊ချီရှင်းချန် နောက်ဆုံးတွင် အားလပ်ရက်တစ်ရက်ရှိလာသော်လည်း သူသိပ်ပြီးအိပ်ချင်စိတ်ရှိမနေ။
သူ့ခြေထောက်ပေါ်မှ အလေးချိန်ကြောင့် နိုးလာခဲ့ပြီး ပိုင်ရဲ့က သူ့ကို ဖက်လုံးအဖြစ် အသုံးပြုပြီး နောက်ကနေ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားကြောင်း သိလိုက်ရသည်။
တင်းကျပ်လွန်း၍ သူ လှည့်ပင်မလှည့်နိုင်ပေ။
သို့ပေမယ့် သူက လူသားဖက်လုံးဖြစ်ရန် ဆန္ဒမရှိသောကြောင့် ပိုင်ရဲ့ကို မနှိုးဘဲ နောက်ပြန်လှည့်ရန် ကြိုးစားခဲ့သည်။
သို့ပေမဲ့ သူလှုပ်ရှားလိုက်သည်နှင့် သူ့ခါးကနေလာသည့် ခုခံမှုကို ခံစားလိုက်ရပြီး လုံးဝမလှုပ်ရှားနိုင်တော့ပေါ
"..."
ချီရှင်းချန်: "နိုးပြီလား"
ပိုင်ရဲ့က သူ့လည်ချောင်းထဲကနေ အသ့တစ်ခု ညှစ်ထုတ်လိုက်သည်။
"အင်း"
"မနေ့ညက ထမင်းမစားဘူးလား...ဗိုက်ဆာနေလား"
ချီရှင်းချန် နောက်တစ်ကြိမ် ထပ်လှည့်ချင်လာသည်။
သူ ပိုင်ရဲ့နှင့်မျက်နှာချင်းဆိုင် စကားပြောချင်သည်။
သို့ပေမဲ့ ပိုင်ရဲ့က လုံးဝမလှုပ်ပေ။ သူ့လက်တွေက သူလှည့်မရအောင် တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားသည်။
ဤခရီးစဉ်ပြီးလျှင် ဘယ်အချိန်ပြန်ဆုံကြမလဲဆိုသည်ကို မသိရသည့်အတွက် ချီရှင်းချန် သူတို့နှစ်ယောက်အတူရှိစဉ်မှာ ပိုင်ရဲ့ကို ပိုပြီးကြည့်ချင်ခဲ့သည်။ နောက်ဆုံးမှာ သိပ္ပံပညာက ကောင်ချောလေးတွေကို ကြည့်သည်က ခန္ဓာကိုယ်နှင့် စိတ်အတွက် ကောင်ူသည် သက်သေပြထားသည်မဟုတ်ပါလော။
သူရှုံးသည်ကို ဝန်မခံချင်ဘဲ ဆက်လှည့်နေခဲ့သည်။
ပိုင်ရဲ့ သူ့နောက်စေ့လုံးလုံးလေးကို နမ်းလိုက်သည်။
"မလှုပ်နဲ့"
"ဘာလို့လဲ"
"…"
သူ ခဏမျှ ပြောစရာစကားမဲ့နေသည်။
"မင်းက ကိုယ့်ကို မာအောင်လုပ်နေတယ်"
ထိုစကားကိုကြားသောအခါ ချီရှင်းချန် အနည်းငယ် လန့်သွားသလို ခံစားလိုက်ရသည်။ သူတို့နှစ်ယောက်လုံးက ယောက်ျားတွေဖြစ်သဖြင့် မနက်ခင်းမှာ လူတိုင်းမှာ သဘာဝအတိုင်း တုံ့ပြန်မှုရှိမည်ဆိုသည်ကို သူသိ၏။သို့ပေမဲ့ သူက တစ်ယောက်တည်း အိပ်လေ့ရှိသောကြောင့် ထိုအကြောင်းကို လုံးဝမတွေးမိခဲ့ပေ။
"အဆင်မပြေဘူးလား"
သူ လျှာသပ်လိုက်သည်။
ပိုင်ရဲ့: "မင်းဘယ်လိုထင်လဲ"
"ဒါဆို ကျွန်တော်... ကူညီရမလား"
ပိုင်ရဲ့ :"..."
ဒီကောင်လေးကို သူတကယ် ပါးစပ်ပိတ်ထားစေချင်တယ်...
သို့သော် ချီရှင်းချန်က သူဘာကိုဆိုလိုသည်ကို နားမလည်ဘဲ တိတ်ဆိတ်နေခြင်းမှာ ဝန်ခံခြင်းဖြစ်သည်ဟု ယူဆပြီး သူ့လက်ကို ဖြည်းညှင်းစွာ အနောက်သို့ဆန့်ထုတ်လိုက်သည်။
အလွန်တိကျစွာစွာ သူက ပိုင်ရဲ့၏ခါးကို ထိလိုက်သည်။
ဤအချိန်မှာ သူ ပိုင်ရဲ့ကို မမြင်ရသည်ကို အတော်လေး ဝမ်းသာမိသည်။အဘယ့်ကြောင့်ဆိုသော် သူတို့သာ မျက်နှာချင်းဆိုင်ရှိနေလျှင် သူ ဤသည်ကိုသေချာပေါက် လုပ်နိုင်မှာ မဟုတ်ပေ။ ဘောင်းဘီကို ကြိုးဖြည်ရန်ကြိုးစားရင်း သူ့လက်တွေက ထိန်းမရဘဲ တုန်နေသည်။
ပထမအကြိမ်က ကြိုးကိုမတွေ့ပေ။သွားပြီ...
ဒုတိယ အကြိမ်တွင် ကြိုးကို ထိမိသော်လည်း ကြိုးက သူ့အား ဆန့်ကျင်နေပုံရသည်။ကြိုးကို ကြိမ်ဖန်များစွာဆွဲသော်လည်း ဆွဲမရခဲ့ပေ။
သူ့ဘောင်းဘီ ပိုပိုတင်းကျပ်လာသည်ကို ကြည့်ရင်း ပိုင်ရဲ့၏ မျက်နှာက တဖြည်းဖြည်း မည်းမှောင်လာသည်။
တုန်နေသော လက်ကလေးကို သူ ဖမ်းဆုပ်လိုက်သည်။
"ကောင်းကောင်းနေ"
ချီရှင်းချန်က စိုးရိမ်တကြီးနှင့် ဆိုသည်။
"ဘာလို့ ရှာမတွေ့ရတာလဲ..."
"မင်းအဲဒါကို ရှာနေစရာမလိုဘူး"
ပိုင်ရဲ့က သူ့လက်ကို အတင်းဆွဲထုတ်လိုက်သည်။
"ကိုယ့်ကို မနှိပ်စက်နဲ့... လိမ်လိမ်မာမာနေ"
မနှိပ်စက်နဲ့...
လိမ်လိမ်မာမာနေတဲ့လား...
ချီရှင်းချန် မလိမ္မာချင်ပေ။သူ ရုတ်တရက် ဒေါသထွက်သွားသည်။
သူက ပိုင်ရဲ့၏ချစ်သူဖြစ်သောကြောင့် သူ့မှာ ပိုင်ရဲ့၏ပြဿနာအားလုံးကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကူညီဖြေရှင်းပေးရမည့်တာဝန်ရှိသည်။ယခုက လက်လေးတစ်ချက်နှစ်ချက် လှုပ်ရရုံပဲဖြစ်သည်၊ သူမလုပ်နိုင်စရာ ဘာမှမရှိပေ။
ထို့အပြင် ပိုင်ရဲ့က သူ့ကိုအရင်က ကူညီပေးခဲ့သည့်အတွက် ယင်းက ဘယ်လိုအရသာလဲဆိုသည်ကို သူသိ၏။
သူလည်း ပိုင်ရဲ့ကို သက်တောင့်သက်သာဖြစ်စေချင်သည်။
ချီရှင်းချန် မနာခံရုံသာမက သူ့အား တမင်တကာ ပွတ်တိုက်ခဲ့သည်။
ပိုင်ရဲ့ သူ့ကြောင့် ဒေါသတွေ ပိုပိုထွက်လာသည်။ နောက်ဆုံးမှာ သူ့ဆန္ဒကို သည်းမခံနိုင်တော့ပေ။ကိုယ်အပေါ်ပိုင်းကို ကြွပြီး တရားခံဖြစ်သူ၏ နားထဲကို တိုးတိုးလေးမေးလိုက်သည်။
"မင်းတကယ်မကြောက်ဘူးလား"
"... မကြောက်ဘူး"
ချီရှင်းချန်က ဒေါသတကြီး ပြောသည်။ "ဘာလို့ ခင်ဗျားကို ကြောက်ရမှာလဲ"
"ကောင်းပြီ မင်းပြောတာနော်"
ပိုင်ရဲ့က သူ့နောက်ကျောကို ပြင်းပြင်းထန်ထန် ဖိလိုက်သည်။ "မလှုပ်နဲ့... ခြေထောက်တွေကို ပူးထား"
သတိမထားမိဘဲ ချီရှင်းချန်၏ ဦးခေါင်းက သူ့ကြောင့် ပျော့ပျောင်းသော ခေါင်းအုံးထဲသို့ နစ်ဝင်သွားသည်။သူက သူ့ခြေထောက်တွေကို ဘာကြောင့်ပူးထားရမှာလဲဆိုသည်ကို တွေးနေတုန်းဖြစ်၏…
နောက်အခိုက်အတန့်တွင် ဖိတ်ခေါ်ထားခြင်းမရှိသော ဧည့်သည်တစ်ဦး သူ၏ခြေထောက်များကြားသို့ တိုးဝင်လာသည်။
ပေါင်ရင်းရှိ နူးညံ့သော အရေပြားသည် ချက်ချင်းနီးပါး နီရဲလာသည်။
"ဟင့်…"
သူ မထိန်းနိုင်ဘဲ တိုးတိုးလေး ညည်းလိုက်မိသည်။
သို့သော် သူ့ကို ကောင်းစွာ ဆက်ဆံလေ့ရှိပြီး သူနာကျင်ခံစားရသည်ကို နည်းနည်းလေးမှ သည်းမခံနိုင်သောသူ၊ မနေ့ညက သူ့ ခြေထောက်ကိုပင် ကိုယ်တိုင်ကိုယ်ကျ ပွတ်တိုက်ပေးခဲ့သည့်သူက မတုန်လှုပ်ပေ။ထိုအစား သူက ပိုပြင်းပြင်းထန်ထန် ထိုးသွင်း ပွတ်တိုက်လာသည်။
ချီရှင်းချန် မျက်လုံးများကိုမှိတ်ပြီး စောင်ထောင့်စွန်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရုံသာတတ်နိုင်ခဲ့သည်။
.
ဤညှဉ်းပန်းနှိပ်စက်မှုက အချိန်အတော်ကြာအောင် ကြာမြင့်ခဲ့သည်။
ချီရှင်းချန် နောက်ဆုံးမှာ ပိုင်ရဲ့က အဘယ်ကြောင့် အရင်က သဘောမတူသလဲ နှင့် သူ့ကို ကြောက်မကြောက် အဘယ်ကြောင့်မေးသလဲ သူက နားလည်သွားသည်။
ပိုင်ရဲ့က သူ့အတွက် တကယ်ပဲ စဉ်းစားပေးနေခြင်းဖြစ်၏
သူက ကုတင်ပေါ်တွင် လဲလျောင်းနေ၏။ သူ၏ ဆွယ်တာအင်္ကျီက ဘယ်ချိန်ကမှန်းမသိ သူ့လက်မောင်းများအထိ တွန်းပို့ခံထားရသည်။ သူ့နောက်ကျောက ကိုက်ရာများနှင့်ပွတ်တိုက်ရာများဖြင့်ပြည့်နေပြီး သူ့ခါးဘေးမှာ ပွန်းရာလေးတစ်ခုပင်ရှိသေးသည်။
သူ နောက်ပြန်လှည့်ချင်သော်လည်း အနည်းငယ်ရွေ့လိုက်သောအခါ ပူလောင်နာကျင်ခြင်းနှင့် စေးကပ်နေမှုက သူ့ကို နက်နဲသော သင်ခန်းစာတစ်ခုပေးသည်။ သူ ရွေ့လျားခြင်းကို စွန့်လွှတ်ကာ မတ်မတ်အနေအထားသို့ ပြန်သွားခဲ့သည်။ စောင်ကို တင်းတင်းကျပ်ကျပ်ကိုင်ထား၍ နီရဲနေသည့် သူ့လက်ဆစ်တွေကို ကြည့်လိုက်သည်။
သူ့အသက်ရှူသံတွေ လုံးဝငြိမ်မသွားခင်မှာ ပိုင်ရဲ့က သူ့ကို အနောက်ကနေ ပွေ့ဖက်ပြီး ခပ်စောင်းစောင်းကြည့်လာရင်း သူ့ပခုံးကို လေးတွဲ့စွာ နမ်းလိုက်သည်။
"တောင်းပန်ပါတယ် ...ခုနက ကိုယ့်ကိုယ်ကို မထိန်းနိုင်ခဲ့ဘူး"
ချီရှင်းချန် ပိုင်ရဲ့၏အသံဩဩကို ခံနိုင်ရည်မရှိအေ။အထူးသဖြင့် သူ့အသံက အက်ရှနေသည့်အခါဖြစ်၏။ယင်းက အလွန်ဆက်စီကျသည်။
"ရပါတယ်"
သူက ပြောလိုက်သည်။
"ကျွန်တော့်ကို တောင်းပန်စရာ မလိုပါဘူး"
"ကိုယ် မင်းကို နာကျင်စေခဲ့တယ်လေ"
ချီရှင်းချန်က ခေါင်းယမ်းလိုက်သည်။ "မနာပါဘူး...ခင်ဗျားကို ကျေးဇူးတောင်တင်မိသေးတယ်"
ပိုင်ရဲ့ အမာခံဖန်လေးဆီက အလွန်အမင်းအနှိုးဆွခံရပြီးနောက် အစပိုင်းတွင် သူ၏လှုပ်ရှားမှုများ၏ အတိုင်းအတာနှင့် ခွန်အားကို ထိန်းချုပ်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် သူ၏ဆွယ်တာအင်္ကျီဝတ်ထားသောသူ့ချစ်သူက ထိုနေရာတွင် လဲလျောင်းနေပြီး သွယ်လျသော အဖြူရောင်ခြေထောက်နှစ်ချောင်းကို ပူးပေးကာ သူအလိုရှိသလောက်လုပ်ဆောင်ပါရန် တောင်းဆိုနေသည်ကို တွေ့လိုက်ရသည်။
သူ့မျက်လုံးတွေ ချက်ချင်းနီရဲလာပြီး ကျိုးကြောင်းဆီလျော်မှု ပျောက်ဆုံးသွားခဲ့ရ၏။
သူ့အသိစိတ်ပြန်ဝင်လာသည့်အခါ ဖန်လေးကို သူ ဤအခြေအနေအထိ နှိပ်စက်ပြီးနေပြီဖြစ်သည်။
"ဒါ ကိုယ့်အမှားလေ... မင်းက ဘာလို့ ကိုယ့်ကို ကျေးဇူးတင်နေတာလဲ"
"ကျွန်တော့်ကို အဖြစ်မှန်ကို နားလည်ခွင့်ပေးလို့ ကျေးဇူးတင်တာ"
ချီရှင်းချန်က ခဏရပ်လိုက်သည်။
"ပြီးတော့ ကျွန်တော့်ကို အလိုအပ်ခံရတဲ့ခံစားချက်ကို ခံစားခွင့်ပေးလို့ ကျေးဇူးတင်ပါတယ်"
သူ့စကားကြားသောအခါ ပိုင်ရဲ့ စက္ကန့်အနည်းငယ်လောက် မှင်တက်သွားသည်။သူ အမှားလုပ်မိနေပုံပေါ်ကြောင်း ရုတ်တရက် သိလိုက်ရသည်။
ဖန်လေးကို ထိခိုက်သွားမှာကိုစိုးသည့်အတွက် သူ သူ့ကို မထိခဲ့ပေ။သို့သော်လည်း သူ ဖန်လေး၏ ခံစားချက်တွေကို လစ်လျူရှုခဲ့သည်။
ဖန်လေးက သူ့ကို အလွန်သဘောကျသောကြောင့် အပြုအမူတွေကနေတစ်ဆင့် သူ့ကို ပျော်ရွှင်စေချင်မှာ သေချာပေါက်၏။ဝမ်းနည်းစရာကောင်းသည်က သူက ၎င်းကို ဖန်လေးက ကိုယ့်အတွက်ကိုယ်မရပ်တည်နိုင်၊ခုခံကာကွယ်ခြင်းငှာမစွမ်းနိုင်သူဟု ရိုးရိုးရှင်းရှင်းတွေးခဲ့သည်။ယင်းအစား၊ ၎င်းက ဖန်လေးအား စိမ်းကားပြီး မလိုချင်မှုကို ခံစားစေခဲ့သည်။
… သူသည် မိမိကိုယ်ကို တစ်ယောက်တည်း ဖြောင့်မတ်လွန်းနေသူဖြစ်သည်။
ပိုင်ရဲ့က သူ့ကိုယ်သူ တိတ်တဆိတ် ကြိမ်းမောင်းလိုက်သည်။ သူက ထထိုင်ပြီး ဖန်လေး၏ခြေထောက်တွေကို သန့်ရှင်းရေးလုပ်ပေးရင်းစကားဆိုလိုက်သည်။
"တကယ်တော့ ကိုယ်မင်းကို အရမ်းလိုအပ်နေတာ"
"... ကျွန်တော့်ကို အရမ်းလိုအပ်နေတာလား"
"ဟုတ်တယ်... အရမ်းလိုအပ်တာ... ဘယ်လောက်ထိလဲသိလား"
ပိုင်ရဲ့၏ လှုပ်ရှားမှုတွေက နူးညံ့ပြီး သူ့လေသံက ရိုးသားနေသည်။
"မင်းရဲ့မျက်နှာကိုမြင်ပြီး မင်းရဲ့အသံကို နေ့တိုင်းကြားချင်တဲ့အထိ လိုအပ်တာ... ညဘက်ဆို မင်းနဲ့အတူတူအိပ်ပြီး မနက်ခင်းအိပ်ရာအတူတူထချင်တဲ့အထိ လိုအပ်တာ...မင်းတဲ့ စက္ကန့်တိုင်းမှာအတူရှိနေချင်ပြီး တစ်လေထဲ ရှူရှိူက်ချင်တဲ့အထိ လိုအပ်တာ...
ပိုင်ရဲ့က သူ့ကို လှည့်ကြည့်ပြီး သူ့မျက်လုံးတွေကို တိုက်ရိုက်ကြည့်လာသည်။
"ရှင်းရှင်း...နှစ်သစ်မှာ အချိန်အားရင် ကိုယ့်အိမ်ကို လာလည်ပါ"
"..."
ချီရှင်းချန် စိတ်ရှုပ်ထွေးသွားသည်။
သူ့အိမ်ကို သွားလည်ရမှာလား...
ဆိုလိုတာက … သူ့မိဘတွေနဲ့ တွေ့ရမှာလား...
ဒါပေမဲ့ ငါတို့ တွဲတာ နှစ်လပဲ ရှိသေးတယ်လေ...
ချီရှင်းချန် စကားထစ်တွေပါထစ်ကုန်သည်။
"အ...အခုက ခင်ဗျားအိမ်ကို သွားဖို့ နည်းနည်းစောနေသလားလို့"
"ဘာလဲ မသွားချင်ဘူးလား"
"မဟုတ်ဘူး...သွားချင်တာပေါ့"
ချီရှင်းချန်က အမြန်ငြင်းသည်။
"ကျွန်တော်ထင်တာ... ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် သိတာ တစ်နှစ်တောင် မပြည့်သေးဘူး...တွဲ
တာလည်း သုံးလတောင် မပြည့်သေးဘူးလေ...ခင်ဗျား အိမ်ပြန်ခေါ်သွားချင်တဲ့သူက ဘယ်သူလဲဆိုတာ သေချာမသိနိုင်လောက်ဘူးလားလို့"
"မသေချာဘူးလို့ ဘယ်သူပြောလဲ...ကိုယ်သေချာသိနိုင်တယ်"
ပိုင်ရဲ့က စိတ်ရှည်ရှည်နှင့် ထပ်ခါထပ်ခါ ပြောလိုက်သည်။
"ကိုယ် အိမ်ပြန်ခေါ်ချင်တဲ့သူက မင်းပဲဆိုတာ ကိုယ်သေချာတယ်"
.