အပိုင်း ၁၄၂
Viewers 29k

Chapter 142



နောက်ဆုံးတွင် တောင်လမ်းနှင့် ရင်းနှီးကျွမ်းဝင်သော လျန်ကျားရွာမှ ရွာသားများကို သူတို့ မကျော်နိုင်ပေ။ ဒေါသထွက်နေသော လူအုပ်ကြီးဖြင့် ဝိုင်းရံခံလိုက်ရသည်။လျန်ရှောင်လုံက အခြေအနေမကောင်းကြောင်း မြင်သဖြင့် ဖုန်းနျို့ ရှေ့မှာ သူဝင်ရပ်လိုက်သည်။


သူ့သားက ထိုကဲ့သို့သောအရှုပ်အထွေးထဲမှာရှိနေသဖြင့် လျန်ရှောင်လုံ၏မိခင် စိတ်သောကရောက်စွာဖြင့် သူ့ကို အမြန်အော်လိုက်သည်။


"သားလေး အမေ့ဆီကို လာ... အမေ သားဖို့ မိုးကာအင်္ကျီ ယူလာတယ်"


လျန်ရှောင်လုံက သူမအသံကို ကြားပုံမပေါ်။ သူက လူအုပ်ကြီးကို သတိနှင့် စူးစူးစိုက်စိုက် ကြည့်နေသည်။


"ရှောင်လုံ" 

ရွာသူကြီးက သူ့ကို ဆွဲဆောင်ရန် ကြိုးစားလာသည်။ 

"ဒီကို မြန်မြန်လာ... ဒီမိန်းမကို မင်း ကာကွယ်စရာ မလိုဘူး"


လျန်ရှောင်လုံက မလှုပ်မယှက်ရှိနေဆဲပင်။


ညတစ်ဝက်လောက် လိုက်ဖမ်းနေရသည့် ရွာသူရွာသားတွေက ဒေါသတွေ ပြည့်နေပြီဖြစ်သည်။မကျေနပ်သံများ ထွက်ပေါ်လာကြသည်။ရွာသူကြီးလည်း သူတို့လိုပဲဒေါသထွက်နေ၏။သူက ဒေါသတကြီးပြောသည်။ 

"ရှောင်လုံ ...ဒီမိန်းမက ဘယ်သူလဲဆိုတာ မင်းသိလား...သူက ငါတို့ကို ထောင်ချောက်ဆင်ဖို့ ဒီနေရာကို ရောက်နေတာ..သူက လျန်ကျားရွာကို သားစဉ်မြေးဆက်မရှိအောင် လုပ်မယ့်သူကွ"


"မဟုတ်ဘူး" 


လျန်ရှောင်လုံက ခေါင်းခါလိုက်သည်။ "သူက လူကောင်းပါ"


"မင်းလိုအရူးက လူကောင်းနဲ့ လူဆိုးကို ဘယ်လိုလုပ် ခွဲခြားနိုင်မှာလဲ"


"ခွဲနိုင်တယ်" 

လျန်ရှောင်လုံကပြောသည်။ 

"လူကုန်ကူးသူတွေဟာ လူဆိုးတွေ... လူကုန်ကူးသူတွေနဲ့ ရောင်းဝယ်ဖောက်ကားသူတွေကလည်း လူဆိုးတွေပဲ"


သူ ယခုလိုစကားမျိုးပြောရန် ဘယ်သူမှ မမျှော်လင့်ထားကြပေ။ ရွာသားများသည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားကြသည်။ထို့နောက် ရက်စက်ကြမ်းကြုတ်သောအမူအရာဖြင့် သူ့ကိုကြည့်လိုက်ကြသည်။


လျန်ရှောင်လုံ၏ဖခင်က နောက်ဆုံးတွင် ၎င်းကို သည်းမခံနိုင်တော့ပေ။လက်ထဲက တုတ်ကိုမြှောက်ပြီး လူအုပ်အလယ်ကို ညွှန်လိုက်၏။ 


"ရှောင်လုံ အဓိပ္ပါယ်မရှိတဲ့စကားတွေ မပြောနဲ့...ဒီကိုလာပြီး ငါ့ရှေ့မှာ ဒူးထောက်စမ်း"


"ကျွန်တော် အဓိပ္ပါယိမရှိတဲ့စကားပြောနေတာမဟုတ်ဘူး... ကျွန်တော် သူမကို ဝယ်ခဲ့တာ ကျွန်တော် သိတယ်"


"မင်းသူ့ကိုဝယ်တော့ရောဘာဖြစ်လဲ" 


လျန်ရှောင်လုံ၏ဖခင်က ဒေါသတကြီး ဖြစ်နေသည်။ 

"မင်းရဲ့ အသိစိတ်ကို ထိန်းစမ်း... မင်းအမေနဲ့ ငါ မင်းကို ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့ခဲ့ဘူးလားပြော"


"ခင်ဗျား ကျွန်တော့်ကို ကောင်းကောင်းဆက်ဆံသည်ဖြစ်စေ မဆက်ဆံသည်ဖြစ်စေ ရာဇ၀တ်မှုကျူးလွန်ခဲ့တယ် ဆိုတဲ့အချက်ကို ဖုံးကွယ်ထားလို့မရဘူး"


တစ်ဖက်က သူ့ကို ပြုစုပျိုးထောင်ပေးသော မိဘများနှင့် ရင်ဆိုင်နေရပြီး တခြား တစ်ဖက်တွင်မူ လူကုန်ကူးမှု ဖြစ်စဉ်များကို ဆယ်စုနှစ်များစွာ စုံစမ်းစစ်ဆေးနေသည့် ရာဇ၀တ်ရဲအရာရှိများဖြစ်သည်။ တစ်ဖက်တွင် ချစ်ခြင်းမေတ္တာကို ရင်ဆိုင်နေရပြီး တခြားတစ်ဖက်တွင်လည်း တရားဥပဒေကို ရင်ဆိုင်နေရသည်။လျန်ရှောင်လုံ ကိုယ်တိုင်ကသာ သူ့နှလုံးသားထဲက နာကျင်မှုကို သိလေသည်။


သူ့မျက်လုံးများသည် ချက်ချင်းပင် နီရဲလာပြီး နှုတ်ခမ်းများ အနည်းငယ် တုန်ယင်သွားသည်။ 


"ခင်ဗျား ကျွန်တော့်ကို ခင်ဗျားသားအရင်းလိုမျိုး ချစ်တယ်ဆိုတာ ကျွန်တော်သိပါတယ်...ဒါပေမဲ့ ကျွန်တော်က လူသားတစ်ယောက်ပါ၊ ကုန်ပစ္စည်းတစ်ခုမဟုတ်ဘူး... ခင်ဗျားဝယ်တဲ့လူတွေအားလုံးကလည်း လူသားတွေပါပဲ၊ သူတို့တွေကလည်း သူတို့မိဘတွေရဲ့ခန္ဓာကိုယ်ကနေ ဖြစ်တည်လာတဲ့သွေးသားတွေပဲလေ"


သူ့မျက်နှာပေါ်မှာ မျက်ရည်များ စီးကျလာပြီး ပါးစပ်ထဲသို့ မိုးရေများနှင့်အတူစီးဝင်လာသည်။ သူက ညှာတာမှုကင်းမဲ့စွာဖြင့် ဟိန်းဟောက်လိုက်သည်။


"ခင်ဗျား..မိဘတွေကိုဆိုရင်ရောလို့ တွေးကြည့်ဖူးလား...ကိုယ့်သားသမီး ပြန်ပေးဆွဲခံရပြီး အမည်မသိနေရာတစ်ခုဆီ ရောင်းစားခံရမယ်... အသက်ရှင်နေသလား၊ သေသလားတောင် မသိရဘူး၊ ဘယ်လောက်တောင် နာကျင်ခံစားခဲ့ရသလဲမငိရဘူးဆိုရင် ကြောက်စရာကြီး မဟုတ်ဘူးလား"


"ခင်ဗျားတို့ အတင်းအကြပ်မွေးခိုင်းထားတဲ့ ကလေးတွေက သူတို့အမေတွေ ဒီလိုဆက်ဆံခံရတယ်ဆိုတာ သူတို့သိရင် ဘယ်လိုထင်မလဲ...ခင်ဗျားတို့ သူတို့ကို ဘယ်လို ဆုံးမသင်ကြားမလဲ...နောင်မှာ ဇနီးမယားကို ရှာမတွေ့ရင် မိဘတွေလိုလုပ်သလိုမျိုး မိသားစုမျိုးဆက်မပြတ်အောင် တစ်ယောက်ယောက်ကို ဝယ်လို့ရတယ်လို့လား"


သူ့စကားအဆုံးမှာ သူ့ခံစားချက်တွေ ပြိုလဲလုနီးပါးဖြစ်ကာ ဆောက်တည်မရဖြစ်နေပြီဖြစ်၏။ 


"ရပ်လိုက်ပါတော့...ခင်ဗျားတို့ ဥပဒေကို ချိုးဖောက်ပြီးပြီ၊ မရေမတွက်နိုင်တဲ့ မိသားစုတွေကို ဖျက်ဆီးပြီးပြီအမှားတွေ ထပ်မလုပ်ပါနဲ့တော့"


"ကဒ်-"


မော်နီတာကို စိုက်ကြည့်နေသော ဒါရိုက်တာကျိုးက သက်ပြင်းချကာ လက်မထောင်ပြသည်။ 

"အရမ်းတော်တယ်ရှောင်ချီ...နွေးသွားအောင် ရေနွေးနည်းနည်းသောက်လိုက်"


အဓိဇာတ်ဝင်ခန်းကို ကျော်ဖြတ်နိုင်သွားသည့်အတွက် ချီရှင်းချန် အများကြီး စိတ်သက်သာရာရသွားသည်။ သူက ယန်လောနန် နှင့်အတူ အမိုးအောက်သို့ ပြန်သွားခဲ့သည်။


ရိုက်ကူးပြီးခါစဖြစ်၍ ဇာတ်ဝင်ခန်းထဲတွင် နစ်မြုပ်လွန်းနေသဖြင့် သူဘာကိုမှ မခံစားနိုင်။ ထိုအချိန်တွင် သူ၏ အတွေးများက တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာသည်။ချီရှင်းချန် ဒေါသထွက်လွန်း၍ သူ့တစ်ကိုယ်လုံး ခေါင်းမှ ခြေဖျားထိ တဆတ်ဆတ်တုန် တွေ့လိုက်ရသည်။


ရိုက်ကွင်းမန်နေဂျာက ရေနွေး ယူလာပေးသည်။ သူ အလျင်အမြန် နှစ်ခွက်ငှဲ့လိုက်သည်။ ယန်လောနန်အတွက် တစ်ခွက် သု့အတွက်တစ်ခွက်ဖြစ်သည်။ထို့နောက်သူ သူ့ခွက်ကိုကောက်ကိုင်ပြီး ဖြည်းဖြည်းချင်း မှုတ်သောက်နေလိုက်သည်။ ယန်လောနန်က သူမ၏ဆံပင်ကို ရေသုတ်ရင်းဆိုသည်။

"ငါ အကြိမ်ပေါင်းများစွာ ပြန်ရိုက်ဖို့ အဆင်သင့်ဖြစ်နေတာ... မင်းက ဒီလောက်မယ်လို့ မမျှော်လင့်ထားဘူး"


"ဒါပေါ့" 

ချီရှင်းချန်က နောက်လိုက်သည်။ 

"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က ခင်ဗျားအတွက် မျိုးဆက်သစ်သရပြ်ဆောင်မင်းသားတွေရဲ့ နမိတ်လေ... ခငိဗျားကို အရှက်ရစေလို့ဘယ်ဖြစ်မလဲ"



"မင်းနောက်နေတာလား... ဒါပေမဲ့ မရိုက်ခင်တုန်းက မင်းစာကြောင်းတွေကို အလွတ်မကျက်နိုင်မှာ၊ မင်းရဲ့စိတ်ခံစားချက်တွေကို တိတိကျကျမဖော်ပြနိုင်မှာ ငါတကယ်ကြောက်ခဲ့တယ်"


ဇာတ်ဝင်တစ်ခုလုံးသည် ရှည်လျားသော စာကြောင်းများဖြင့် ပြည့်နေပြီး ရစ်သမ်ကို ရှာဖွေရန် အလွန်ခက်ခဲသည်။ယခုလို ရှုပ်ထွေးသည့် အခြေအနေမှာ လျန်ရှောင်လုံ၏ ဝိရောဓိဖြစ်နေသောစိတိကို ဖော်ပြရန်က ပိုခက်၏။


တစ်ဖက်တွင် ချီရှင်းချန်က တစ်ကြိမ်တည်းဖြင့် ဇာတ်ဝင်ခန်းကို ကျော်ဖြတ်နိုင်ခဲ့သည်။


တိုးတက်မှုက မြန်လွန်းသည်၊အလွန်ကို မြန်သည်။


ပရော်ဖက်ရှင်နယ် နောက်ခံမရှိဘဲ ဤအဆင့်ကို ရောက်နိုင်သည်က သူဘယ်လောက် အရည်အချင်းရှိသည်ဆိုခြင်းကို ပြသရန် လုံလောက်၏။သူ မည်မျှ ကြိုးစားအားထုတ်ခဲ့သည်ကိုလည်း ပြသနေသည်။


ယန်လောနန် ထိုအကြောင်းကို များများတွေးလေ၊ စိတ်ခံစားမှုတွေ ပိုတိုးလာလေလေပါပင်။ သူမက သူ့ဖုန်းကိုထုတ်ပြီး ချီရှင်းချန် ရေနွေးသောက်နေပုံကို ခိုးပြီး ဓာတ်ပုံရိုက်ခဲ့သည်။ထို့နောက် သူမ၏ Weibo မှာတင်လိုက်သည်။


——— ယန်လောနန်:ယန့်ကျီမြစ်မှာ နောက်ကလှိုင်းတွေက ရှေ့ကလှိုင်းတွေကို တွန်းကြတယ်...နောက်ကလှိုင်းတွေက မှီနေပါပြီလေ [ရုပ်ပုံ]


.


ဝမ်းနည်းစရာကောင်းသည်က ရုပ်ရှင်ရိုက်ပြီးသည်နှင့် ချက်ချင်းဆိုသလို *ရွှမ်းဟွမ်လျန်ကို သောက်ခဲ့ပေမဲ့ ချီရှင်းချန် အအေးဒဏ်၏ ချည်နှောင်မှုကနေ မလွတ်မြောက်နိုင်သေးပါချေ။


မနက်မိုးလင်းသောအခါ လည်ချောင်းမှာ ယားယံလျက် နိုးလာသည်။ ရေသောက်ရန် ရေတွင်းဆီကို တွားသွားခဲ့သည်။အန်းရန်က သူ့ကို ဆွဲပြီး အပူချိန်တိုင်းသည်။39 ဒီဂရီနီးပါးဖြစ်နေသည်။


အမျိုးသားဇာတ်ဆောင် အအေးမိပြီးသေသွားမှာစိုးသည့်အတွက် ဒါရိုက်တာကျိုးက သူ့ကို မြို့ထဲကဆေးရုံသို့ အမြန်ပို့လိုက်သည်။


တကယ်တမ်းကျ လက်တွေ့ဘဝတွင်၊ ချီရှင်းချန်၏ခန္ဓာကိုယ်က အလွန်ခံနိုင်ရည်ရှိသည်။ မူလပိုင်ရှင်၏ ကျိုးပဲ့လွယ်သည့်ခန္ဓာကိုယ်နှင့် မနေ့ညက သူကောင်းကောင်းအိပ်မပျော်သညွအတွက်သာမဟုတ်လျှင် သူ ဖျားမှာ မဟုတ်ပေ။



ရိုက်ကူရေး၏တိုးတက်မှုနှောင့်နှေးစေမိခြင်းအတွက် သူ့ကိုယ်သူ လျှို့ဝှက်စွာ အပြစ်တင်ရင်း ချီရှင်းချန် ဆေးရုံခန်းထဲတွင် လဲလျောင်းကာ တစ်နေကုန် အိပ်ပျော်သွားခဲ့သည်။


အဖျားမြင့်ရာမှ အဖျားနည်းခြင်းသို့ တဖြည်းဖြည်း ပြောင်းလဲသွားသည့် ညနေအထိပင်။ တစ်ခုခုစားရန် သူထလာသောအခါ ချက်ချင်းကြီးပဲ ကောင်းသည့်အရာတစ်ခုကို တွေ့လိုက်ရသည် — မြို့ထဲမှာ လိုင်းမိတယ်...


4G လည်းရတယ်...


အား မလွယ်ဘူးပဲ....


ငိုသံကြီးဖြင့် ထကာ စစ်အင်္ကျီကို ခြုံ၍ သူ ပြေးထွက်လာခဲ့သည်။


"ရှင်းရှင်း" 

အန်းရန်က အမြန်တားလိုက်သည်။

"ဘယ်သွားမလို့လဲ"


"ဖုန်းဆက်မလို့"


အန်းရန် ကူကယ်ရာမဲ့ဖြစ်သွား၏။

"နင်က အဖျားမသက်သာသေးဘူး... အအေးမမိစေနဲ့"


ချီရှင်းချန် "စိတ်မပူပါနဲ့" ဟု ပြောပြီး နောက်ဆုံးမှာ လူသူကင်းမဲ့သည့် ထောင့်ကို ရှာတွေ့သည်အထိ ဆေးရုံကို လှည့်ပတ်သွားခဲ့သည်။



သူက ပိုင်ရဲ့၏ နံပါတ်ကို ခေါ်ပြီး ဖုန်းဝင်သွားသံကို နားထောင်နေလိုက်သည်။ သူ့နှလုံးတွေ တဒိန်းဒိန်းခုန်နေပြီး တကယ်ကို အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။


"ဟဲလို" 

ပိုင်ရဲ့က ဖုန်းဝင်သံလေးခါမြည်ပြီးနောက် ပြန်ဖြေလာသည်။

"ကြားရလား"


"ကြားတယ်... ဒီမှာ လိုင်းကောင်းတယ်"


"အဲဒီမှာ အခုတလော မိုးရွာနေတာတွေ့တယ်...ဘာလို့ လိုင်းပိုကောင်းလာတာလဲ"


"...ကျွန်တော်လည်း မသိဘူး" 

ချီရှင်းချန်က မရေမရာပြန်ဖြေလိုက်သည်။

"တာဝါတိုင်ကို မိုးကြိုးပစ်သွားတာ ဖြစ်နိုင်တယ်"


ပိုင်ရဲ့: "…"


ထိုသို့သော ဆန်းသစ်သောသီအိုရီကို သူ ပထမဆုံးအကြိမ်ကြားလိုက်ရခြင်းပင်။


စကားပြောရင်း ချီရှင်းချန် လမ်းဘေးရှိ အုတ်နံရံကို မှီလိုက်ပြီး သူ့လက်က အုတ်အက်ကွဲကြောင်းများကြားရှိ အင်္ဂတေထဲသို့ မသိစိတ်က တူးနေသည် ။

"ဟိုဟာ..."


"ဘာလဲ"


"ရဲ့ကော ကောကို လွမ်းတယ်"


"အင်း" 

ပိုင်ရဲ့က ခပ်ဟဟ ရယ်ပြီးဆို၏။

"ကိုယ်လည်း မင်းကိုလွမ်းတယ်"


ချီရှင်းချန် ဆယ်ရက်ကျော်အတွင်း ပထမဆုံးအကြိမ် ဖုန်းပြောရခြင်းဖြစ်၍ အရာအားလုံးကို ပြောရန် မစောင့်နိုင်တော့ပေ။ သူက အုတ်ခဲတွေ၏ အက်ကွဲကြောင်းတွေကို မကြာခဏ ပို၍ မကြာမကြာ တူးရင်းဆိုသည်။ 

"ကျွန်တော်မဖော်ပြတတ်ပေမဲ့...ကော ပုံမှန်အတိုင်း လွမ်းနေတာမဟုတ်ဘူး...အရမ်းကို လွမ်းနေတာဗျာ"


သူ့လေသံက ချစ်စရာကောင်းနေသည်။ ပိုင်ရဲ့ သူနှင့် ပူးပေါင်းပေးလိုက်၏။

 "ဘယ်လောက်ထိ လွမ်းနေလဲ"


"မနေ့က ကောကို အိပ်မက်မက်တယ်"


"တိုက်ဆိုင်လိုက်တာကွာ" 

ပိုင်ရဲ့က ဆိုသည်။

"ကိုယ်လည်း မင်းကို အိပ်မက်မက်ခဲ့တယ်"


သူ့ကို အိပ်မက်မက်တာလား...


ချီရှင်းချန် အတော်လေး သိချင်နေသည်။

"ကောအိပ်မက်ထဲမှာ ကျွန်တော်က ဘယ်လိုပုံလဲ"


"ကိုယ့်ဆွယ်တာဝတ်ပြီး ခြေတုံးလုံးနဲ့ အိပ်ရာပေါ်မှာ အိပ်နေတာ"

ပိုင်ရဲ့က သူ့ကို စလိုက်သည်။ 


ဆွယ်တာအင်္ကျီဝတ်ပြီး ခြေတုံးလုံးနဲ့… အဲဒါက သိပ်မကြာခင်ကဖြစ်ခဲ့တာ မဟုတ်ဘူးမဟုတ်လား...


ချီရှင်းချန်၏လက်ချောင်းများ ရပ်တန့်သွားပြီး သူ့နှုတ်ခမ်းထောင့်များ အလိုအလျောက် ကွေးတက်သွားသည်။


ပိုင်ရဲ့ ကဲ့သို့ပင် သူလည်း ထိုနေ့အကြောင်းကို အခါအားလျော်စွာ တွေးနေခဲ့သည်။


ထိုနေ့တုန်းက ပိုင်ရဲ့က နားကြပ်ကိုကြိုက်သည်ဟု ပြောခဲ့သည်။ပိုင်ရဲ့ကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်အတွက် သူက ၎င်းကိုပေးခဲ့သူဖြစ်သည်ဟူသောအချက်ကို ဖုံးကွယ်ထားရသော်လည်း ပိုင်ရဲ့ ကျေနပ်နိုင်စေခဲ့သည့်အတွက် သူအလွန်ကျေနပ်နေပြီဖြစ်သည်။


ထို့အပြင် ထိုနေ့တုန်းက ပိုင်ရဲ့က သူ့နှင့် တရင်းတနှီးထိတွေ့ခဲ့သည်။သူ့ခြေထောက်များကိုပင် ထိတွေ့ခဲ့ပြီး ၎င်းသည် ပိုင်ရဲ့က သူနှင့် ရင်းနှီးလိုကြောင်း သက်သေပြခဲ့သည့် တရင်းတနှီးထိတွေ့မှုနှင့် ညီမျှသည်။


…ခဏလေး... ဤသည်ကိုတွေးပြီး သူယခုမြင်ကွင်းမျိုးကို အိပ်မက်မက်လျှင် အိပ်မက်က လေးနက်ပုံမပေါ်ဘူးဆိုသည်ကို ရုတ်တရက် သတိထားမိလိုက်သည်။


ဖြစ်နိုင်တာက… ပိုင်ရဲ့က အဲဒါကို ထပ်ပြီး လိုအပ်နေတာလား...


ချီရှင်းချန် ဘေးဘီကို လှည့်ကြည့်လိုက်သောအခါ အနီးအနားမှာ ဘယ်သူမှ မရှိသည်ကို တွေ့လိုက်ရသဖြင့် သူက အသံလျှော့ပြီး ပြောလိုက်သည်။

"အနားမှာ မနေပေးနိုင်လို့ တောင်းပန်ပါတယ်"



"အဆင်ပြေပါတယ်"


ပိုင်ရဲ့က နားလည်မှုလွဲပြီး သူ့ကိုအဖေည်မပြုနိုင်အတွက် တောင်းပန်သည်ဟု ထင်ကာ နှစ်သိမ့်လိုက်သည်။

"မင်းယူခဲ့တဲ့ဇအခန်းတွေကို အရည်အသွေးမြင့်မြင့်နဲ့ ပြီးအောင်လုပ်ရမယ်...မင်းက ကြိုးကြိုးစားစားလုပ်တော့ ကိုယ်လည်း ကိုယ့်ဘာကိုယ် ဖြေလျော့နိုင်တာပေါ့"


ကိုယ့်ဘာကိုယ် ဖြေလျော့ ...အဲဒီညက ငါ သူ့ကို လုပ်ပေးခဲ့တာနဲ့အတူတူပဲလား...


ပိုင်ရဲ့ခမျာ သူ့မှာ ရည်းစားရှိသားနှင့် သူကိုယ်တိုင် လုပ်နေရသည်။ချီရှင်းချန် ပိုပိုပြီး အပြစ်ရှိသလို ခံစားလာရပြီး ပြောလိုက်၏။

"ဒီလိုဆိုရင်ရော... နောက်တစ်ခါ ကော ကျွန်တော့်ကို အိပ်မက်မက်ရင် ဖုန်းဆက်လိုက်၊ ကျွန်တော် ကောကို ကူညီဖို့ အကောင်းဆုံး ကြိုးစားပါ့မယ်"


ပိုင်ရဲ့က နားမလည်။

"ဘယ်လိုအကူအညီလဲ"


တခြားဘာဖြစ်နိုင်မှာလဲလို့...

ချီရှင်းရှန်း ခဏတာ စကားမပြောနိုင်ဖြစ်သွားရပြီး သူ့ရည်းစား၏ဖြူစင်မှုကြောင့် အလွန်စိတ်ပျက်သွားရသည်။


သို့ပေမဲ့ လမ်းပေါ်မှာ ထိုစကားကို မပြောနိုင်သဖြင့် ယခုလိုသာ ခပ်တိုးတိုးပြောလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ကိုသာ ဖုန်းခေါ်လိုက်...ခင်ဗျားသိလိမ့်မယ်" 


"… ကောင်းပြီ" 

ပိုင်ရဲ့ အကူအညီမဲ့၍နေသည်၏


သူတို့နှစ်ယောက် ဒရာမာနှင့် ဖျော်ဖြေရေးနယ်ပယ်အကြောင်း စကားစမြည်ပြောခဲ့ကြပြီး ဖုန်ူမချခင်မှာ ပိုင်ရဲ့ကဆိုလိုက်သည်။

"နောက်လရဲ့ ရွှေလင်းယုန်ပွဲတော် အတွက် ဖိတ်ကြားချက်ကို ရပြီးပြီလား"


ရွှေလင်းယုန်ပွဲတော်က တရုတ်ရုပ်မြင်သံကြားနယ်ပယ်တွင် တရားဝင်ခွင့်ပြုထားသည့် တစ်ခုတည်းသော အမျိုးသားရုပ်မြင်သံကြားအနုပညာဆုပေးပွဲဖြစ်သည်။ ယခုနှစ် ပထမနှစ်ဝက်တွင် ချီရှင်းချန် ပါဝင်ခဲ့သည့် "သမုဒ္ဒရာနှလုံးသား" က လာမည့်အပတ် ဆောင်းရာသီအားလပ်ချိန်အတွင်း ထုတ်လွှင့်မည်ဟု အတည်ပြုခဲ့ပြီး ရွှေလင်းယုန်ပွဲတော်တွင် ပါဝင်ခွင့်ရခဲ့သည်။


" 'သမုဒ္ဒရာနှလုံးသား'အဖွဲ့သားတွေကဆော့ ဖိတ်ကြားချက်ကို ရခဲ့တယ်" 

ချီရှင်းချန်က ဖြေလိုက်သည်။

"ကျွန်တော် ရလား မသေချာဘူး၊ ဒါပေမဲ့ အန်းရန်က ကျနော့်ကို အကြောင်းကြားတာ မရှိဘူး...ဒါကြောင့် ကျွန်တော်နဲ့ ဘာမှမဆိုင်လောက်ဘူး"


ပိုင်ရဲ့က ခေါင်းညိတ်ပြီး အင်းဟုဆိုသည်။

"ရွှေလင်းယုန်ပွဲတော်က ကိုယ့်ကို ဧည့်ဖျော်ဖြေသူအဖြစ် ဖိတ်တယ်... မင်းမသွားရင် ကိုယ်လည်း မသွားဘူး"


ချီရှင်းချန် သူက ပိုင်ရဲ့အတွက် တစ်ခုခုလုပ်မလားလုပ်ရမလား ဆုံးဖြတ်ရသည့်အခြေအနေတစ်ခုဖြစ်လာ၍ ဝမ်းသာပီတိဖြစ်သွားသည်။ပိုင်ရဲ့နှင့် နှုတ်ဆက်ပြီးသည့် နောက်မှာ ဒါရိုက်တာကျိုး ပေးပို့သည့် ကားထဲမှာ ထိုင်နေရင်း ဖုန်းကို ချလိုက်ပြီး သီချင်းတစ်ပုဒ်ညည်းလိုက်သည်။


တောင်များထဲသို့မဝင်မီ လိုင်းမိနေသေးသည်ကို အခွင့်ကောင်းယူကာ နောက်ဆုံးတန်းတွင် ငြိမ်ငြိမ်လေးနေပြီး Baiduခေါက်နေခဲ့သည်။ 

[ချစ်သူအား စကားလုံးများနှင့် အသံဖြင့် ဖြေလျော့ပေးနည်း]


ရိုက်ရှာပြီး နှစ်စက္ကန့်အကြာတွင် မမြင်သင့်မမြင်အပ်သော ပုံရိပ်များ သူ့မျက်လုံးထဲသို့ ခုန်ဝင်လာသည်။


သူက မျက်လုံးကိုမှေးပြီး လက်ညိုးကိုဆန့်ကာ ခက်ခက်ခဲခဲထောက်လိုက်သည်။


[ကျွန်မယောက်ျားက အရက်မူးနေပြီး ယောက္ခမက အခန်းထဲဝင်လာတယ်...]


[တုန်လှုပ်စရာ! ခဲအိုက သူ့ခယ်မကို ဒီလိုလုပ်တာ]



[မင်းရဲ့ ယောက်ျားပီသမှုကို ပြန်ရသေမဲ့၂၈ရက်တာ ]


[သန်းခေါင်အမှတ်တရများ- ဆရာနှင့်ကျွန်ုပ်၏ နေ့နှင့်ညများ]


… ထူးထူးဆန်းဆန်း ဗဟုသုတတွေအပြင် jpgတွေပါသေးသည်။


ဗဟုသုတတွေက များလွန်းသောကြောင့် ဦးနှောက်လေး ပင်ပန်းနွမ်းနယ်နေသည့် ချီရှင်းချန်တစ်ယောက် သူ့နေအိမ်ကို ပြန်ရောက်သည့်အခါ စောစော အိပ်ရာဝင်ခဲ့သည်။


တိုက်ဆိုင်စွာပင်၊ ထိုညက ပိုင်ရဲ့က သူ့ကို အိပ်မက်မက်ခဲ့သဖြင့် မနက်အိပ်ရာနိုးသောအခါတွင် သူ့အမာခံဖန်းလေးကို ဖုန်းခေါ်ရန် ကြိုးစားခဲ့သည်။


ရလဒ်က လွန်ခဲ့သော ရက်အနည်းငယ်ကကဲ့သို့ပင်၊ တစ်ဖက်လူက ဝန်ဆောင်မှုဧရိယာတွင် ရှိမနေပေ။


သူ သူ၏အမာခံဖန်လေးထံသို့ WeChat မက်ဆေ့ခ်ျပို့ရန် ကြိုးစားခဲ့သည်။

[မနေ့ညက မင်းကို အိပ်မက်မက်ခဲ့တယ်]


ငါးမိနစ်လောက်ကြာသောအခါ

[⭐]: [ကောကော ပိုညင်သာပေးပါ~]