အပိုင်း ၁၄၃
Viewers 29k

Chapter 143




ပိုင်ရဲ့ 10,001ကြိမ်မြောက်အနေဖြင့် ဖန်လေး၏ခေါင်းထဲမှာ ဘာတွေရှိနေသလဲဆိုသည်ကြည့်ရန် ဖွင့်ကြည့်ချင်ခဲ့သည်။


ဒီလိုနွေးထွေးတဲ့မနက်ခင်းလေးကို သူဘယ်လိုများ ရာဂစိတ်ပြင်းထန်တဲ့ပုံစံကို ပြောင်းလိုက်ရတာလဲ...


ပိုင်ရဲ့ အခြေအနေတွေကိုမူလအတိုင်းဆီ ပြန်ဆွဲခေါ်ရန် အဆင်သင့်ဖြစ်နေသည်။

[ကိုယ်တို့ ပထမဆုံးစတွေ့တဲ့နေ့ကို အိပ်မက်မက်ခဲ့တာ...အဲဒီတုန်းက မင်းက အကနဲ့ ပတ်သက်ပြီး ဘာမှ မသိခဲ့ဘူး...မင်းရဲ့လှုပ်ရှားမှုတွေကလည်း စံချိန်စံညွှန်းကို တစ်ခုမှမမှီခဲ့ဘူး]


"…"

ချီရှင်းချန် damage 10,000မှတ်တိတိ ထိသွားသည်။


သူစကားပြောနေရင်း လူကိုဘာလို့တိုက်ခိုက်ရတာလဲ...

ထိုအချိန်က သူ့တွင် မူလပိုင်ရှင်က ချန်ထားခဲ့သော အခြေခံအုတ်မြစ်သာရှိသည်။ သူဘာမှမသိခဲ့ဘူး မဟုတ်လား...


သို့ပေမဲ့ ပိုင်ရဲ့၏ အဆင့်နှင့် ယှဉ်လျှင် သူ့ လှုပ်ရှားမှုတွေက *လေးထောင့်အက ဘာမှမခြားပါချေ။ချီရှင်းချန် သူ၏ခါးသီးမှုကို မျိုချလိုက်ပြီး မနေ့ညက Baiduကနေ သူသင်ယူခဲ့သော အသိပညာကို ဂရုတစိုက် ပြန်တွေးခဲ့သည်။ သူက ခက်ခက်ခဲခဲနှင့် စာရိုက်ခဲ့သည်။

[အိုကေ...အခု ကျွန်တော်က တီရှပ်၊ အင်္ကျီ၊ ဘောင်းဘီ၊နဲ့ဖိနပ်အဖြူရောင်ကို ဝတ်လိုက်တယ်]


ပိုင်ရဲ့: "…"


သူဘာလုပ်နေတာလဲ...


သူက အခြေအနေကို ကယ်တင်ရန် ဆက်လက်ကြိုးစားခဲ့သည်။

[ဒါပေမယ့် မင်း ဒီလောက် မြန်မြန်ဆန်ဆန် တိုးတက်ဖို့ ကိုယ် မမျှော်လင့်ထားဘူး]


[⭐]: [အဲဒါ ကောကော ကျွန်တော့်ကို ကောင်းကောင်းသင်ပေးထားလို့ပါပဲ]


[🌕]:[…]


ပိုင်ရဲ့ အကူအညီမဲ့နေခဲ့သည်။

[ကျေးဇူးပြုပြီး စကားကိုကောင်းကောင်းပြောပါ]


[⭐]: [အိုကေ... ကောကော ပြောတာကို နားထောင်မယ်]


[🌕]: [ကိုယ့်ကို ကောကောလို့ မခေါ်နဲ့]


[⭐]:[ဒါဆို ကျွန်တော့်ကို ဘယ်လိုခေါ်စေချင်တာလဲ]


[⭐]: [ဒယ်ဒီ?]


ပိုင်ရဲ့ လုံးဝကို တုန်လှုပ်သွားခဲ့သည်။


သူ အစကနားမလည်ပေမဲ့ ယခု သူ နားမလည်နိုင်လောက်အောင် အနေရခက်သလို ခံစားရသည်။ပိုင်ရဲ့ သူ ယခုလိုမျိုး ဆက်မသွားနိုင်ဘူးဟု ခံစားရသည်။ အသက်ပြင်းပြင်းရှူပြီး စာသားရိုက်နေရာမှ အသံထည့်သွင်းမှုသို့ ပြောင်းလိုက်သည်။


ချီရှင်းချန်က ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး သူ တစ်ကိုယ်လုံး ပုဇွန်ပြုတ်ကဲ့သို့ နီရဲနေသည်။ သူ့ဖုန်းပေါ်ရှိ အင်တာဖေ့စ်နှစ်ခုက အပြန်ပြန်အလှန်လှန် ပြောင်းလဲနေသည်။ တစ်ခုက WeChat ဖြစ်ပြီး နောက်တစ်ခုက Baidu ဖြစ်၏။ သူက Baidu ကနေ ပရော်ဖက်ရှင်နယ် ပြင်းရှရှ စကားလုံးများကို လေ့လာရန် အမြဲအသင့်ရှိနေသည်။


ခဏအကြာတွင်၊[🌕] က အသံမက်ဆေ့ဂျ်တစ်စောင် ပေးပို့ခဲ့သည်။


ချီရှင်းချန် သူ့ခြေထောက်တွေကို ကန်ကျောက်လိုက်သည်။ပိုင်ရဲ့က စာနဲ့အားမရလို့ အသံနဲ့ လုပ်ချင်နေတာလား...


… စာနဲ့တင် တော်တော်ခက်နေပြီ...ပြီးတော့ သူက အချိန်တိုအတွင်း အသံအနေအသံထားကို သေချာပေါက် သင်ယူနိုင်မှာ မဟုတ်ဘူး... ဝူးဝူး သူဘာလုပ်သင့်လဲ...


သူက အိပ်ယာခင်းများကို အစွမ်းကုန် ပွတ်သပ်ရင်း လုပ်ရမလားမလုပ်ရမလားစဥ်းစားနေခဲ့သည်။သိ့ပေမဲ့ ပိုင်ရဲ့၏အသံကိုလည်း သူတကယ်ကြားချင်သည်။ အဆုံးတွင် သူ ခေါင်းဖြတ်စက်ဆီသို့သွားနေသကဲ့သို့သောအရှိန်ဖြင့် အသံမက်ဆေ့ခ်ျကို ဖွင့်လိုက်သည်။


ပိုင်ရဲ့ : [ကိုယ်က မင်းကို လေးလေးနက်နက် ချီးကျူးနေတာလေ... မင်းကိုယ့်ကို ဘယ်လိုလူစားမျိုးလို့ အထင်လွဲနေတာလဲ]


… ဟင်


ချီရှင်းချန် စိတ်ရှုပ်ထွေးနေသည်။ [မြင်ကွင်းကို သေချာ မဖော်ပြဘဲ ကျွန်တော့်ကို ဒီအတိုင်းပြောစေချင်တာလား]


"မဟုတ်ဘူး" 

ပိုင်ရဲ့က အသံမက်ဆေ့ခ်ျပို့လာသည်။ "ကိုယ်မက်တာက သာမာန်အိပ်မက်...နွေဦးအိပ်မက်မဟုတ်ဘူး"


[ဒါဆို ကောပြောချင်တာက ကျွန်တော်ခြေတုံးလုံးဖြစ်နေတာကို အိပ်မက်မက်တာလို့လား...]


ယခု အဓိကချက်ကိုတွေ့ပြီဖြစ်၍ ပိုင်ရဲ့က စိတ်ရှည်ရှည်နှင့်ရှင်းပြလိုက်သည်။

"ကိုယ့်အိပ်မက်ထဲ မင်းပါလာတာကိုကိုယ်အရမ်းကျေနပ်တယ်...ကိုယ်က မင်းကိုဖက်ထားချင်ရုံ...တခြားအရာတွေအများကြီးမပါဘူး"


ချီရှင်းချန် ပိုင်ရဲ့၏စကားကြောင့် ရင်ထဲထိသွားသော်လည်း တစ်ချိန်တည်းမှာပင် သူ ရှက်လွန်း၍ ကုတင်ပေါ်၌ လဲကျသွားကာ ဘုရားသခင်က သူ့ကို ခေါ်ဆောင်သွားမည်ကို စောင့်ဆိုင်းနေမိတော့သည်။


သို့သော် လိုင်းကောင်းရန်က မလွယ်ပေ။ပိုင်ရဲ့နှင့် စကားဝိုင်းကို သူတကယ် ယခုလိုကြီးရပ်မပစ်နိုင်။သူ အကြောင်းအရာကို အဆင်မပြေစွာ ပြောင်းလိုက်၏။ 

[မနေ့ညက ပြန်ရောက်တာ အရမ်းနောက်ကျနေတော့ အီးမေးလ်ကို မစစ်မိဘူး...အခု ရွှေလင်းယုန်က ဖိတ်ထားတာရှိမရှိ သွားစစ်လိုက်ဦးမယ်]


[🌕]: [အမ်းး...ကိုယ်လည်း အဲလိုပဲ ထင်တယ်]


ချီရှင်းချန်မှာ မျှော်လင့်ချက်များစွာ မရှိပါချေ။နောက်ဆုံးတွင်၊ ၎င်းက သူ၏ လူသစ်တစ်ဦးအနေဖြင့် ပထမဆုံးအရေးကြီးသောဇာတ်ပို့နေရာ ဖြစ်သည်။ သူ၏ သရုပ်ဆောင်စွမ်းရည်က နုသေးပြီး အတွေ့အကြုံမရှိသေးပါချေ။ဖိတ်ကြားခြင်းမခံရလျှင်ပင် သူစိတ်ပျက်မည်မဟုတ်ပေ။


သို့သော် နောက်အခိုက်အတန့်တွင် ရွှေလင်းယုန်ဆုပေးပွဲစီစဉ်သူထံမှ ဖိတ်စာတစ်စောင်ကို သူ၏မဖတ်ရသေးသောအီးမေးလ်များကြားတွင် တိတ်ဆိတ်စွာ လဲလျောင်းနေသည်ကို သူတွေ့လိုက်ရသည်။


ဖိတ်စာက အခုလေးတင်မှ ပို့ထားခြကးင်းဖြစ်သည်။ ဒါဆို ... ရွှေလင်းယုန်ဆုပေးပွဲက သူ့ကို တကယ်ဖိတ်နေတာလား...


ချီရှင်းချန် စက္ကန့်အနည်းငယ်မျှ ထိတ်လန့်သွားသည်။ သူက ပိုင်ရဲ့ကို သတင်းကောင်း အမြန်ပြန်ကြားခဲ့သည်။

[ဖိတ်စာတစ်ခု ရခဲ့တယ်!!!!!]


[🌕]: [ဘယ်ဆုလဲ]


ဟုတ်တယ်၊ သူ ဆုကိုမကြည့်ရသေးဘူး...

သူ အီးမေးလ်ကိုဖွင့်လိုက်သည်။ [အကောင်းဆုံးလူသစ်ဆု!!!!!]


အာမေဋိတ်အတန်းလိုက်ကို ကြည့်ပြီး ပိုင်ရဲ့ ရုတ်တရက်ကြီး စိတ်ကောင်းဝင်လာသည်။


သူ သူ၏ အေးဂျင့်ထံသို့ စာတစ်စောင်ပေးပို့ပြီး ရွှေလင်းယုန်ဆုပေးပွဲကိုပါဝင်နိုင်သည့်ကြောင်း ပြောကြားခဲ့သည်။ သူ၏အေးဂျင့်က "အိုကေ" အီမိုဂျီဖြင့် စာပြန်ခဲ့သည်။ပိုင်ရဲ့က သူ့ဖန်လေးနှင့် စကားပြောခန်းကို ပြန်ပြောင်းပြီး သူလည်း တက်မည့်အကြောင်းပြောခဲ့သည်။


တကယ်တမ်းတွင် ချီရှင်းချန် ဤမျှ ပျော်ရသည့်အကြောင်းရင်းတွေထဲက တစ်ခုမှာ ပိုင်ရဲ့နှင့် တရားဝင်တွေ့ရန် အခွင့်အရေးကို ရှာတွေ့ခဲ့၍ပါပင်။ယခု သူ့မှာ စောင့်မျှော်စရာ တစ်ခုခုရှိနေပြီဖြစ်၍ မိုးအုံ့သည့်နေများကပင် သိပ်စိတ်ညစ်စရာမကောင်းတော့ပေ။


အစီအစဉ်တစ်ခုလုပ်ရန် သူ မစောင့်နိုင်တော့ပေ။

[ကျွန်တော်က တစ်ရက်စောပြီး သွားမှာ...ရဲ့ကောကရော?]


[🌕]: [ကိုယ်လည်း စောသွားလိုက်မယ်။]


[ရှင်းရှင်း]:[ဒါဆို ဟိုတယ်အတူတူဘွတ်ကင်တင်ကြမလား?]


[🌕]: [ကောင်းပြီ...စိတ်မပူနဲ့...အားလွင်လုပ်လိမ့်မယ်]



ချီရှင်းချန် ကုတင်ပေါ်မှ တွားဆင်းကာ လတ်ဆတ်သောလေကို ရှုရှိုက်လိုက်သည်။သူက လျှို့ဝှက်စွာပြောလိုက်သည်။

[ဒါဆို ကျွန်တော်တို့ အခန်းနှစ်ခန်းကို တစ်ခန်းနဲ့တစ်ခန်းဘေးချင်ကပ် ယူလို့ရမလား]


အဲဒါ အသိသာကြီး မဟုတ်ဘူးလား...

ပိုင်ရဲ့ကပြောလိုက်သည်။

[ဒါပေါ့]


[⭐]: [ဒါဆို... ညဘက် ကောအခန်းထဲကိုလာပြီး ကောကို ရှာလို့ရလား]


ပိုင်ရဲ့ ပျင်းရိစွာ သမ်းဝေလိုက်ပြီး စလိုက်သည်။

[ မင်းက ကိုယ့်ကို ဘာလို့ လာရှာမှာလဲ...ဒယ်ဒီလို့ခေါ်ဖို့လား]


ထို့နောက်တွင် ပိုင်ရဲ့ ထိုဝါကျက အနည်းငယ် များလွန်းသွားပြီး သူ့ဖန်လေး၏ ရှက်စရာကောင်းသော အမှတ်တရများကို အလွယ်တကူ ပြန်ဖော်နိုင်သည်ကို တွေ့လိုက်၏။ 


သူချက်ချင်း ဖိချလိုက်ပြီး အထောက်အထားတွေကို ဖျက်စီးပစ်တော့မည်ပြုလိုက်၏။ သို့သော် နောက်အခိုက်အတန့်တွင် စခရင်ပေါ်တွင် စာကြောင်းတစ်ကြောင်း ပေါ်လာသည်။


[⭐]: [ကောင်းပြီ ...ကျွန်တော် လေ့ကျင့်ထားလိုက်မယ်...အချိန်ကျရင် ဖုန်းဆက်လိုက်မယ်]


ပိုင်ရဲ့: "…"


မင်း ကိုယ့်အသက်ကိုလိုချင်နေတာတော့မဟုတ်ပါဘူးနော်...


.


နေ့ရောညပါ ရုပ်ရှင်ရိုက်ရင်း အလုပ်ရှုပ်နေသောကြောင့် တစ်ပတ်က ခပ်မြန်မြန်ကုန်သွားသည်။သောကြာနေ့ နံနက် ကိုးနာရီတွင် "သမုဒ္ဒရာနှလုံးသား"ကို အချိန်ဇယားအတိုင်း ထုတ်လွှင့်ပြသခဲ့သည်။


ယနေ့ ရိုက်ကူးရေးက မလွယ်ပေ။ချီရှင်းချန် သူ့ဖုန်းဖြင့် ဇာတ်ကားကြည့်ရန် အချိန်မရှိခဲ့ချေ။ သူ နေ့လည်စာစားချိန်အတွင်း Weibo ကိုဖွင့်ပြီး "သမုဒ္ဒရာနှလုံးသား" နှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှာဖွေခဲ့သည်။


နေ့ခင်းဘက်တွင် ပရိသတ်က ညနေခင်းအချိန်လောက် မများပါချေ။ သို့သော် ကျောင်းသားများက ဆောင်းရာသီအားလပ်ချိန်တွင် အိမ်၌သာနေထိုင်ကြပြီး သူမျှော်လင့်ထားသည်ထက် ပိုမိုတက်ကြွကြသည်။ တုံ့ပြန်ချက်မှာလည်း သူမျှော်လင့်ထားသည်ထက် ပိုကောင်းခဲ့သည်။


[ကမ္ဘာ့အကောင်းဆုံးထောင်ထောင်ကို ကာကွယ်ကြပါ...လုပ်စမ်းပါ ထောင်ကျဲ ငါတို့မင်းကို ထာဝရချစ်နေမယ်]


[ချင်းယွမ်ကောရဲ့ သရုပ်ဆောင်ချက်က အမြဲတမ်းကောင်းတယ် ...ချီးမွမ်း ချီးမွမ်း ချီးမွမ်း]


[အဲဒီလို နက်နဲတဲ့ အပြင်အဆင်ကို ကြိုက်တယ်...ရေနေတိရစ္ဆာန်များကို ကာကွယ်ခြင်းသည် သင်နှင့်ကျွန်ုပ်တို့မှ စတင်ပါသည်။]


[လင်းရှောင်အဖြစ်သရုပ်ဆောင်တဲ့ မင်းသားနာမည်က ဘယ်သူလဲ... ဒီဝံပုလွေခွေးလေးက ငါ့ကို ဆွဲဆောင်နေတာလား]


နောက်ဆုံးမှတ်ချက်မှာလိုက်ခ်တွေအများကြီးရခဲ့သည်။ယင်းကိုကြည့်ခြင်းအားဖြင့် ဇာတ်ကားထဲက လင်းရှောင်၏ အသွင်အပြင်ကို လူတိုင်း သဘောကျကြသည်ကို တွေ့နိုင်၏။ သူအနည်းငယ်စိတ်ပျက်သွားပြီး မှတ်ချက်များကို တစ်ခုပြီးတစ်ခုဖတ်ရန် (မှတ်ချက်)အဆောက်အဦးအတွင်းရှိ အလယ်ထပ်ကို နှိပ်လိုက်သည်။


[လင်းရှောင်နေရာမှာ သရုပ်ဆောင်တဲ့မင်းသားကဒီမှာ...ချီရှင်းချန်တဲ့.... အဆို၊ အက၊ ကျွမ်းဘား၊သရုပ်ဆောင် ဘက်စုံတော် ချစ်စရာလေးက သူ့ကို ရှာဖွေတွေ့ရှိမှာကို အသင့်စောင့်နေပါတယ်နော်]


[ချီရှင်းချန်က အဆိုတော်မဟုတ်လား... သူက တကယ်သရုပ်ဆောင်နေတာလား...ငါ့ရဲ့ သုံးလောကအပေါ်အမြင်က အံ့ဩစရာကောင်းစွာပဲ ကျိုးပဲ့ပျက်စီးသွားပြီး]


[ဟားဟား ...ရယ်စရာကောင်းအောင် မလုပ်နဲ့ ကျယ်မေ့တို့...ရှောင်ချီက တကယ့်မင်းသားပါ... သူ့ရဲ့ "My Time" မှာ နည်းပြတစ်ဦးအနေနဲ့ ပွဲဦးထွက်က ဟာသတစ်ခုသက်သက်ပဲ]


[ငါ အရင်က ချီရှင်းချန်ရဲ့နောက်ကို လိုက်ခဲ့ဖူးတော့ သူ့ကို ရသစုံရှိူးကြယ်ပွင့်တစ်ယောက်လို့ အမြဲထင်ခဲ့တာ...သူ့သရုပ်ဆောင်ချက်က ဒီလို လုံးဝကိုးရိုးကားယားဖြစ်မနေဖို့ မမျှော်လင့်ထားဘူး...သူက နံရံမှာ ခွရပ်ချင်နေတာပဲ]


နောက်ဆုံးမှု သူ့သရုပ်ဆောင်မှုအကြောင်း တစ်စုံတစ်ယောက်က ဆွေးနွေးနေသည်ကို သူတွေ့လိုက်ရသည်။ ချီးကျူးမှုမဟုတ်ပေမဲ့ ချီရှင်းချန်၏ စိတ်ပျက်မှုက အနည်းငယ် ပျောက်ကွယ်သွားခဲ့သည်။ သူ Weibo ကိုပိတ်ပြီး သူ၏နေ့စဥ်ဘဝကိုပြန်သွားခဲ့သည်။ရုပ်ရှင်ဆက်ရိုက်၊တခြားသရုပ်ဆောင်တွေနှင့် ရိုက်ကူးရေးတွေ ပြီးအောင်လုပ်၊ အစမ်းလေ့ကျင့်၊ အိပ်ရာက စောစောထ၊ မိတ်ကပ်လိမ်း၊ ရုပ်ရှင်ရိုက်… 


......


သူ့မိဘများနှင့် ရန်ပွဲအပြီးတွင် လျန်ရှောင်လုံ၏ စကားများသည် "မိသားစုမျိုးဆက်မပြတ်အောင် ထိန်းသိမ်းခြင်း" ဟူသော အယူအဆတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသော လျန်ကျားရွာမှ ရွာသူရွာသားများကို မနိုးထစေနိုင်ခဲ့ပေ။ ၎င်းတို့နှစ်ဦး ရွာသားများ၏ ဖမ်းဆီးခြင်းကို ခံရတော့မည့်အချိန်တွင် ခရိုင်ပြည်သူ့လုံခြုံရေးဗျူရိုမှ ရဲများရောက်ရှိလာပြီး အုပ်စုဖွဲ့တိုက်ခိုက်မှုဟု စွဲချက်တင်ကာ ရွာသားများကို လူစုခွဲခဲ့သည်။လျန်ရှောင်လုံ နှင့် ဖုန်းနျို့ကိုလည်း ကယ်တင်ခဲ့သည်။


သူတို့၏ အထောက်အထားတွေကို ထုတ်ဖော်ခံလိုက်ရသဖြင့် သူတို့နှစ်ဦးသည် အချိန်တိုအတွင်း လျန်ကျားကျေးရွာသို့ မပြန်နိုင်ခဲ့ကြပေ။ မြူနီစီပယ်ပြည်သူ့လုံခြုံရေးဗျူရို၏ ပံ့ပိုးကူညီမှုကို စောင့်ဆိုင်းရင်း အပြင်ဘက်တွင် သဲလွန်စများကိုသာ စုဆောင်းနိုင်ခဲ့သည်။


ပိုဆိုးသည်က အမေလျန်က သူမသားက သူမကို အသိအမှတ်မပြုချင်ဟုထင်ပြီး ဝမ်းနည်းမှုလွန်ကဲမှုကြောင့် ရုတ်တရက် ဖျားနာသွားခဲ့သည်။လျန် ထိုသတင်းကိုကြားသောအခါ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်သွားသည်။ဖုန်းနျို့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် နေ့တိုင်း စုံစမ်းစစ်ဆေးမှု နှင့် ပူးပေါင်းဆောင်ရွက်ရန် မိမိကိုယ်ကို အတင်းအကြပ် ခိုင်းစေခဲ့သည်။ သူက လျင်မြန်စွာ မျက်တွင်းဟောက်ပက်နှင့်ချုံးချုံးကျလာသည်။


အတွင်းပိုင်းဝေဒနာကို ခံစားနေရချိန်မှာ အပြင်ဘက်မှာ ပုံမှန်အနေအထားကို ထိန်းထားရန် ကိုယ့်ကိုယ်ကို တွန်းအားပေးနေရသည့်ခံစားချက်ကို ရရန်(ဆုပ်ကိုင်မိရရန်) မလွယ်ကူပေ။သို့သော် ဒါရိုက်တာကျိုးမှာ ဇာတ်ဝင်ခန်းများ၏ အရည်အသွေးအတွက် မြင့်မားသောစံနှုန်းများရှိလေသည်။သူက တစ်ခါတစ်ရံတွင် အကြည့်လေးတစ်ချက် သို့မဟုတ် အနည်းငယ်သော လှုပ်ရှားမှုကြောင့် သရုပ်ဆောင်အား ဇာတ်ဝင်ခန်းကို ပြန်လည်သရုပ်ဆောင်ခိုင်းတတ်သည်။ဇာတ်ဝင်ခန်းတစ်ခုတွင် NG အနည်းငယ်ရှိခြင်းသည် သာမန်ဖြစ်သည်။ ထပ်ခါတလဲလဲ စိတ်ပိုင်းဆိုင်ရာ နှောက်ယှက်မှုအောက်တွင် ချီရှင်းချန် တဖြည်းဖြည်း စိတ်ဓာတ်ကျလာသည်။


သို့သော်လည်း ဇာတ်ဝင်ခန်းကို ပုံဖော်လာနိုင်သည်နှင့်အမျှ၊ "သမုဒ္ဒရာနှလုံးသား" မှ တုံ့ပြန်မှုသည် ပို၍ပြင်းထန်လာသည်။ အထူးသဖြင့် ချစ်စရာရှန်းရှန်း၏ထွက်ပေါ်လာမှုအပြီးနောက် Weiboတွင် လင်းရှောင် နှင့် ရှန်းရှန်းတို့၏ အပြန်အလှန်ပြောဆိုမှုများ မကြာခဏဆိုသလို ပျံ့နှံ့ခေတ်စားသွားတတ်သည်။ ကောင်မလေးတွေက ၎င်းကို မြင်လိုက်သည်နှင့် အရူးအမူး အော်ဟစ်ကြသည်။ သူတို့အားလုံး ချီရှင်းချန်၏ပင်မစာမျက်နှာသို့ ပြေးသွားပြီး အော်ဟစ်ကြသည်။


"လင်းရှောင်ကိုလက်ထပ်မယ်!"


ရှန်းရှန်းကွယ်လွန်သွားချိန် လင်းရှောင် ၏ တစ်ကိုယ်တော်စကားပြောခန်းကြောင့် မျက်ရည်များစွာကျခဲ့ရသည်။ #ချီရှင်း၏ငိုကြွေးသည့်အခန်း # သည် အချိန်နှင့်တပြေးညီ ခေတ်စားနေသောစာရင်းသို့ တက်လာပြီး ဖြတ်သွားဖြတ်လာများထံမှ တညီတညွတ်တည်း ချီးမွမ်းခြင်းခံရသည်။


ထို့နောက် လင်းရှောင်၏ဖွင့်ဟဝန်ခံမှု အငြင်းခံရသောအခါ #လင်းရှောင်၊သူနင့်ကိုမလိုချင်ပေမဲ့ငါကနင့်ကိုချစ်တယ်#ခေါင်းစဉ်က ရေပန်းစားလာသည်။ မရေမတွက်နိုင်သော မိန်းကလေးများသည် မင်္ဂလာဆောင် ဓာတ်ပုံများကို ဖိုရမ်များတွင် တင်ခဲ့ကြသည်။ ဖြတ်သွားဖြတ်လာများက ၎င်းကို နှိပ်လိုက်သောအခါ၊ သူတို့ ကြီးမားသောဘလိုင်းဒိတ်ကွင်းကြီးထဲသို့ ဝင်လာမိသည်ဟု ထင်မှတ်လုနီးပါးပင်။ ဘယ်အနုပညာရှင်က ကိုယ်လုပ်တော် လူသိရှင်ကြား ရွေးနေလဲဟု ပတ်မေးကုန်ကြသည်။


မလွဲဧကန်ပင် #ချီရှင်းချန်က ကိုယ်လုပ်တော်လူသိရှင်ကြားရွေးချယ်ခြင်း # နှင့် # ချီရှင်းချန် ဝေဖန်ခြင်းခံရခြင်း #က ခေတ်စားလာသော ရှာဖွေမှုများ ဖြစ်လာခဲ့သည်။ချီရှင်းချန် ဘာပြောရမှန်းမသိတော့ပေ။သူ့ချစ်သူက သည်နေ့ Weibo ပေါ်မှာရှိမနေရန်ပဲ ခေါင်းငုံ့ပြီး ဆုတောင်းနေခဲ့ရသည်။


တစ်ချိန်တည်းမှာပင်၊ အဏ္ဏဝါသက်ရှိများကို ကာကွယ်ခြင်း၏ ဆောင်ပုဒ်ကို အသေးစိပ်ဖော်ပြရန်အတွက် ဒရာမာက ရေနေသတ္တဝါများ၏ လက်ရှိအခြေအနေကို ထင်ဟပ်စေသည့် အချက်အလက်များစွာကို ထုတ်လွှင့်ပြသခဲ့သည်။ ရုပ်ရှင်ထဲမှာ ဘယ်လုဂါ ဝေလငါးတွေနှင့် လင်းပိုင်တွေ အမဲလိုက်ခံရပုံ၊ လိပ်ခွံများကို ပလတ်စတစ်ကြိုးများဖြင့် ပုံပျက်စေပုံ၊ ငါးမန်းအသေကောင်များက ကျပန်းစွန့်ပစ်ထားသော ဓာတုကုန်ကြမ်းများထဲတွင် မျောပါနေပုံ... ထိတ်လန့်ဖွယ်ရာ မြင်ကွင်းများက ပရိသတ်၏ နှလုံးသားကို ရှော့ရစေသည်။


"သမုဒ္ဒရာနှလုံးသား" ၏ဂုဏ်သတင်းသည်တဖြည်းဖြည်းတိုးလာသည်။ ဆွေးနွေးမှုအလွန်မြင့်မားခဲ့ပြီး စွန့်ပစ်မှုနှုန်း နည်းပါးခဲ့သည်။ ဒေတာ အမျိုးအစားအားလုံးက ၎င်းက အသေးစားပေါက်သည့်ဒရာမာ စံချိန်စံညွှန်းကို ရရှိထားပြီးဖြစ်ကြောင်း ပြသနေခဲ့သည်။


ထုံးစံအတိုင်း၊ ဇာတ်ကားကို အဓိကဖန်တီးသူများ၏ အာရုံစိုက်ခံရမှုလည်း တိုးလာသည်။ထောင်ထောင်က A-listမင်းသမီးဖြစ်လာပြီး ဖုန့်ချင်းယွမ် ၏ နံပါတ်တစ်ထိပ်တန်းတီဗွီမင်းသားနေရာက ပိုမိုတည်ငြိမ်လာသည်။ချီရှင်းချန်၏ ရှိရင်းစွဲ "ရသစုံရှိူးကြယ်ပွင့်" နှင့် "အဆိုတော်" အဖြစ်ပုံရိပ်က နောက်ဆုံးတွင်မှေးမှိန်သွားသည်။သူ၏ Weibo အတည်ပြုချက်က "နော်ရာအင်တာတိန်းမန့် မှ လက်မှတ်ရေးထိုးထားသော အနုပညာရှင်" မှ "လူငယ်သရုပ်ဆောင်" သို့ ပြောင်းလဲသွားခဲ့သည်။


ဤစကားလုံးအနည်းငယ်ကို ပြောင်းလဲရန် မည်မျှခက်ခဲသည်ကို ဘုရားသခင် သိတော်မူ၏။ အပြောင်းအလဲကို သူ့မျက်လုံးနှင့် ကိုယ်တိုင်မြင်လိုက်ရသည့်အခါ ချီရှင်းချန်၏နှာခေါင်းက အချိန်အတော်ကြာအောင် ကျိမ်းစပ်နေခဲ့လေသည်။


.


တောင်တန်းများပေါ်ရှိ အခန်းများ ပြီးဆုံးသွားသည်နှင့်အမျှ ရွှေလင်းယုန် ရုပ်မြင်သံကြား အနုပညာပွဲတော်ကြီးကျင်းပမည့်နေ့က နီးကပ်လာပြီဖြစ်သည်။


ပွဲတော်မှာ ပါဝင်ရသည်က ကြီးကြီးမားမားကိစ္စကြီးပါပင်။ တစ်ချိန်တည်းမှာပင်၊ သူ၏ဒရာမာအသစ် "မီးခိုးရောင်လမ်း" ကိုလည်းကြော်ငြာနိုင်သည်။ ဒါရိုက်တာကျိုးက သူ့ကို ပျော်ပျော်ကြီး အနားပေးသည်။ချီရှင်းချန် စီစဉ်ထားသည့်အတိုင်း ခန်းမသို့ တစ်ရက်စောပြီး ရောက်မလာခဲ့ပေ။ထိုအစား၊ နှစ်ရက်စောပြီး မြို့ကိုပြန်သွားခဲ့။။


—— တောင်ပေါ်၌ အချိန်အတော်ကြာ အလုပ်လုပ်ပြီးနောက် သူ့အနေဖြင့် မိမိကိုယ်ကို ဂရုစိုက်ရပေမည်။


ရေချိုးပြီးနောက်၊ ချီရှင်းချန် ရေချိုးဝတ်ရုံဝတ်ကာ မှန်ရှေ့တွင် ရပ်လိုက်သည်။ မျက်စိပသာဒ မဖြစ်လှ။

"အစ်မကျန်းကျန်း...ကျွန်တော် အများကြီး ပိုရုပ်ဆိုးသွားပြီလား"


"ယူက ရုပ်ဆိုးတာ မဟုတ်ပါဘူး...ယူ့ရဲ့ အသားအရေနဲ့ ဆံပင်ကို သိပ်ဂရုမစိုက်တာကြာသွားလို့ အရင်ကလို ရွှင်လန်းတက်ကြွနေတဲ့ပုံမပေါ်တော့တာ"


"ဒါဆို ကျွန်တော် ဘာလုပ်ရမှာလဲ" 

ချီရှင်းချန်က စိုးရိမ်တကြီးနှင့်ဆိုသည်။ "ကျွန်တော့်ကိုကူညီပါဦး"


"ယူ ဘာလို့ဒီလောက်အလျင်လိုနေတာလဲ" 

ကျန်းကျန်း ရယ်ရမလား ငိုရမလား မသိဖြစ်နေ၏။ 

"မနက်ဖြန် မီဒီယာနဲ့ မဆုံခင် ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ အရမ်းကြီးနောက်မကျသေးပါဘူး"


ချီရှင်းချန် မီဒီယာကို ဂရုမစိုက်ပေ။ပိုင်ရဲ့နှင့်တွေ့ရမည်ကို သူ ဂရုစိုက်ခြင်းဖြစ်၏။ကျန်းကျန်းက သူ့ကို ခေါင်းမှ ခြေဖျားအထိ အပီရွှိုင်းပေးခဲ့သည်။


တစ်မနက်ခင်းလုံးရုန်းကန်ပြီးနောက် သူ့မျက်နှာက အရင်ပုံစံအတိုင်း ပြန်ဖြစ်သွားသည်ကို သူမြင်လိုက်ရသည့်အခါမှသာ သူအိပ်ရာဝင်လိုက်သည်။


ရွှေလင်းယုန်ဆုပေးပွဲက ဤနေရာနှင့် ဝေးကွာလှသည်။ လေယာဉ်ပေါ်တွင်ရှိနေသည့် ခုနစ်နာရီအတွင်း ချီရှင်းချန် အစာမစားနိုင်၊ စာလည်းမဖတ်နိုင်ခဲ့ပေ။ သူအများဆုံးလုပ်ခဲ့သည်က သူ့နာရီကိုကြည့်ခြင်းဖြစ်၏။ ရုပ်ရှင်ရိုက်တုန်းက အချိန်တွေ အလွန်မြန်သည်ဟု အမြဲခံစားရသည်။ ယခု၊ သူ အချိန်ကို ပိုမိုမြန်ဆန်စေရန်အတွက် အချိန်ကျော်သည့်နည်းလမ်းကို သုံးနိုင်စေရန် ဆန္ဒရှိခဲ့သည်။



နောက်ဆုံး လေယာဉ်ပေါ်ကဆင်းပြီး ဟိုတယ်ကို အပြေးအလွှားသွားရင်း သူ သက်ပြင်းချလိုက်သည်။ပိုင်ရဲ့၏လေယာဥ်က သူ့ထက် နှစ်နာရီ နောက်ကျသည်။ယင်းက သူဟိုတယ်ကို ရောက်ခဲ့လျှင်ပင် နောက်ထပ် နှစ်နာရီလောက် စောင့်ရဦးမည်ဟု ဆိုလိုခြင်းပါပင်။


သို့သော် တစ်ယောက်နှင့်တစ်ယောက် မတွေ့ရသည့် တစ်လကျော်နှင့် နှိုင်းယှဉ်ပါက နှစ်နာရီ သုံးနာရီလောက်ကို သူသည်းခံနိုင်ဆဲဖြစ်သည်။အန်းရန်နှင့် ကျန်းကျန့်တို့နှင့် ချက်ကင်ဝင်ပြီးနောက် သူနှင့်ပိုင်ရဲ့ ညဘက်ဘယ်မှာ အိပ်ရမည်ကို သိလိုစိတ်ပြင်းပြခဲ့သည်။ သူ သူ့အိတ်ဆောင်အိတ်ကို ဆွဲယူပြီး အပေါ်ထပ်သို့ ပြေးကာ သော့ကတ်ကို အလောတကြီး ဆွဲထုတ်လိုက်သည်။


တံခါးကို တွန်းဖွင့်လိုက်သောအခါတွင် သူ၏ အမြင်အာရုံများ မည်းမှောင်သွားပြီး ကျယ်ပြန့်သော ရင်ခွင်တစ်ခုထဲသို့ ရုတ်တရက် လဲကျသွားခဲ့သည်။


သူ့ကိုပွေ့ဖက်ထားသူတွင် ရင်းနှီးသော "Siren" ရေမွှေးနံ့ရှိသည်။ချီရှင်းချန် ရှူရှိုက်လိုက်သည်နှင့် သူ့မျက်လုံးများ နီရဲလာလေသည်။


သူက တစ်ဖက်လူ၏ ပခုံးကို မှီကာ ကိုယ်သင်းနံ့ကို လောဘတကြီး ရှူရှိုက်လိုက်သည်။ 

"လေယာဉ်က ခုနစ်နာရီမှာ ဆင်းမှာမဟုတ်ဘူးလား...ဒီကို ဘာလို့စောရောက်နေတာလဲ"


"နှစ်နာရီက မိနစ် 120၊ စက္ကန့်ဆို 7200နဲ့ညီတယ် ... ကိုယ် ဒီအနမ်းကိုစောင့်ရတာကြာနေပြီ...ကိုယ်မစောင့်နိုင်တော့ဘူး"


ပိုင်ရဲ့က သူ့မျက်နှာကို အုပ်ကိုင်လိုက်သည်။ 

"ကိုယ် မင်းကို အခုနမ်းချင်နေပြီ"