အပိုင်း ၁၄၄
Viewers 29k

Chapter 144




ပိုင်ရဲ့က မစောင့်နိုင်ဘူးဟု ပြောသည့်အခါ ချီရှင်းချန် သူ့ကို တကယ် စောင့်မနေခိုင်းခဲ့။သူက ပိုင်ရဲ့လည်ပင်းကို တွဲခိုပြီး ခြေဖျားထောက် ရပ်ကာ ပိုင်ရဲ့ကို နမ်းလိုက်သည်။


သူတို့၏ နှုတ်ခမ်းများ ထိကပ်လိုက်သည့်အခါမှာ သူတို့၏တောင့်တမှုတွေက ကမ္ဘာမြေပေါ်ကို အင်္ဂါဂြိုလ် ပျက်ကျသလိုမျိုး တောက်လောင်လာခဲ့သည်။ပိုင်ရဲ့က လူကြီးလူကောင်းဖြစ်ရန် မေ့သွားခဲ့၏။ ဘာအတားအဆီးမှမရှိပဲ တစ်ဖက်လူဓနှုတ်ခမ်းနှင့်သွားများကိုကလော်ဖွင့်ပြီး တန်းတန်းမတ်မတ်တိုးဝင်သွားခဲ့၏။ သူ၏ လျှာဖျားက ချီရှင်းချန်၏ ပျော့ပျောင်းသော ခံတွင်းနံရံများထဲတွင်လူးလွန့်လျှောက်သွာနေခဲ့ပြီး ၎င်းနောက် ချီရှင်းချန်၏ အနည်းငယ် ကျုံ့နေသော လျှာတစ်ဝိုက်တွင် ရစ်ပတ်ကာ ချိတ်လိုက်သည်။ထို့နောက် ၎င်းကို သူ့နှုတ်ခမ်းများကြားတွင်ညှပ်ကာ စုပ်လိုက်လျက်လိုက်၊ ညင်ညင်သာသာလေးကိုက်လိုက်ဖြင့် နူးညံ့ပြီးနီရဲနေသော တစ်လက်မချင်းစီတိုင်းကို အပိုင်သိမ်းနေလေသည်။


ချီရှင်းချန် သူ့အနမ်းကြောင့် မူးဝေနေပြီး သူ့ခန္ဓာကိုယ်က ထိန်းမနိုင်သိမ်းမရ လျှောကျသွားသည်။ သူ့လျှာကို ပြန်သိမ်းချင်ပေမဲ့ ပိုင်ရဲ့က သူ့ကို ခွင့်မပြုပေ။သူ့လက်များကို တင်းကြပ်၍ တစ်လက်လူကို ပိုပြီးတင်းတင်းကြပ်ကြပ် ဖက်ထားကာ ပိုင်ရဲ့၏ ခန္ဓာကိုယ်ပေါ်မှ ပြုတ်မကျအောင် ကြိုးစားရုံသာတတ်နိုင်လေသည်။


သူ မည်မျှကြာအောင် သူတို့ နမ်းကြသည်ကိုမသိ။မိနစ် 30လောက် ကြာလောက်မည်ထင်သည်။ နောက်ဆုံးမှာ လတ်ဆတ်သောလေကိုရှူလိုက်ရပြီး ပိုင်ရဲ့က သူ့ကို လွှတ်ပေးလိုက်သည်။


သူ့ပါးစပ်ကို အကြာကြီးဖွင့်ထားရသဖြင့် သူ့နှုတ်ခမ်းထောင့်မှာ စိုစွတ်နေသည့် အစွန်းအထင်းလေးတစ်ခုရှိသည်။ချီရှင်းချန် ၎င်းကိုဂရုမစိုက်ပေ။ သူက ပိုင်ရဲ့၏ ပခုံးပေါ်တွင် ညင်သာစွာ လှဲချလိုက်သည်။


ပိုင်ရဲ့က ချီရှင်းချန်ကို ဘယ်လက်နှင့် ပွေ့ဖက်ထားရင်း ညာလက်က ချီရှင်းချန်၏ ကုပ်ပိုးလေးညစ်လိုက်ကာ ၎င်းနောက် ပျော့ပျောင်းနူးညံ့သောဆံပင်တွေကို လိမ်ရစ်လိုက်သည်။သူ့မှာ အချိန်အတော်ကြာတောင့်တခဲ့ရသည့် ကြောင်လေးတစ်ကောင် ရှိသွားသလိုပါပင်။ သူ့ပျော်ရွှင်မှုကို ဘယ်လိုဖော်ပြရမှန်းမသိပေ။


သူ ကြောင်လေး၏နားရွက်ကို နှာသီးဖျားဖြင့် ပွတ်လိုက်သည်။ 

"မတွေ့တာ ဘယ်လောက်ကြာပြီလဲ... တစ်လလောက်ရှိပြီနော်"


"သုံးဆယ့်ကိုးရက် ဆယ့်ခုနှစ်နာရီ"


"ဒီလောက်ထိ တိကျတာလား"


"ဟုတ်" 

ချီရှင်းချန်၏ အသံက ကျယ်သွားသည်။ 

"ကျွန်တော် နေ့တိုင်း ရေတွက်နေတာ"


နှစ်နာရီက စောင့်ရခက်သည်ဟု ခံစားရသူက သူ တစ်ဦးတည်း မဟုတ်မှန်း ပေါ်လွင်လာသည်။ဖန်လေးက သူ့ထက်ပင် ပိုလောနေခဲ့သည်။ပိုင်ရဲ့၏ နှလုံးသားသည် သွားမရှိသော တိရစ္ဆာန်တစ်ကောင်ဆီ အကိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူ ခေါင်းငုံ့ပြီး ဖန်လေး၏ ခေါင်းကို နမ်းလိုက်သည်။


သူပြန်ဆုတ်လိုက်သောအခါ ဖန်လေး၏ဆံပင်က အလွန်ပြောင်လက်နေသည်ကို တွေ့ရသဖြင့် အံ့အားသင့်သွားသည်။သူ သိချင်သွား၏။

"ဆံပင်ကို တစ်ခုခုလိမ်းထားတာလား"


ချီရှင်းချန်: "အင်း... ခေါင်းလိမ်ဆီလိမ်းထားတယ်"


"ဘာလို့ လိမ်းတာလဲ...ဖုန်တွေတင်မှာကို မကြောက်ဘူးလား"


ချီရှင်းချန်: "…"


ကျိန်ဆဲချင်လာသည်။


သူပြန်မဖြေသည်ကို မြင်လိုက်ရသောအခါ ပိုင်ရဲ့ လျန်ရှောင်လုံ၏ကာရိုက်တာက စရိုက်က ကြမ်းတမ်းနိုင်သလောက် ကြမ်းရသည့်အတွက် သူ့ဆံပင်ကို ထိန်းသိမ်းရန် မလိုအပ်ကြောင်း ပြီးမှသတိရသွားသည်။


သူတို့ ယနေ့ ဆုံမည်ကို သိထားသောကြောင့် ဖန်လေးက ဆံပင်ကို ပြင်ခဲ့သည်။သူက သူ့အတွက် အထူးတလည်ပြင်ဆင်ထားခြင်းဖြစ်၏။


အကြောင်းပြချက်မရှိဘဲ သူ့စိတ်တွေပျော်ရွှင်လာပြီး ပိုင်ရဲ့၏အပြုံးက ပိုပို နက်ရှိုင်းလာသည်။ 


"မင်းရဲ့ဆံပင်အပြင်ကို တခြားဘယ်တွေမှာ ပြင်ဆင်ထားသေးလဲ ကိုယ့်ကိုပြ"

ပိုင်ရဲ့ကဘချီရှင်းချန်၏နားထဲကို တိုးတိုးလေး ပြောလိုက်ပြီး သူ့စကားတွေက စည်းဘောင်တွေကိုကျော်လာသည်။


ချီရှင်းချန်က ခေါင်းငုံ့လိုက်သည်။


"ပြောလေ"


သူဘယ်လိုလုပ်ပြောနိုင်မလဲ...


"ကောင်းပြီ... ကိုယ်ဘာကိုယ် လိုက်ရှာရမှာပေါ့လေ"


ပိုင်ရဲ့က သူ့ဆံပင်တွေကို လက်ဖြင့်ဖြီးလိုက်ပြီး နားနောက်မှာကပ်၍ နှာတရှုပ်ရှုပ်လုပ်လေသည်။ 

"ရေမွှေးဆွတ်ထားတာလား"


"…ဟုတ်"


ပိုင်ရဲ့ နားရွက်နောက်က နူးညံ့သည့်အရေပြားကို နမ်းလိုက်သည်။ ထို့နောက် သူ၏ နှာသီးဖျားက မေ့ကြောတစ်လျှောက် လျှောဆင်းသွားကာ တစ်ဖက်လူ၏ပခုံးပေါ်တွင် ရပ်လိုက်သည်။ 

"ဒီနားမှာ အနံ့က မတူဘူး...အဲဒါက ဘာလဲ"


"Bo...Body Lotion"


ဖန်လေးက ယနေ့ ရေပြာရောင် ဂျင်းအင်္ကျီကို ၀တ်ထားသည်။ ဤအရောင်က အသားဖြူသူများကို ပိုကြည့်ကောင်းစေပြီး အသားမည်းသူများကို ပိုညစ်ပုံပေါ်စေသည်။


ချီရှင်းချန်က သေချာပေါက်ရှေ့ကတစ်ခုဖြစ်၏။တစ်ဖက်လူ၏လည်ပင်းကို ကြည့်ရင်း ပိုင်ရဲ့၏ အသက်ရှူသံက ရုတ်တရက် မြန်လာသည်။

"ကိုယ် body lotion အနံ့ခံချင်လို့ မင်းရဲ့ အင်္ကျီကို ချွတ်လို့ရမလား"


 သူ့လေသံကသာ မေးခွန်းတစ်ခုလိုဖြစ်နေသော်လည်း တစ်ဖက်လူဖြေသည်ကို မစောင့်ပေ။ သူက အင်္ကျီ၏ အပေါ်ဆုံး ကြယ်သီးနှစ်လုံးကို တိုက်ရိုက် ဖြုတ်လိုက်သည်။


ထို့နောက် ကော်လာကို ကိုင်ကာ အပြင်ဘက်ဆွဲလိုက်သည်။


ပါးလွှာသောပခုံးများက လေထုနှင့် ထိတွေ့လိုက်ရသည်။


ရနံ့သင်းသင်းလေးက နှစ်ယောက်ကြားရှိ လေထုကို လွှမ်းခြုံသွားသည်။


ရှပ်အင်္ကျီက ချီရှင်းချန်၏တံတောင်ဆစ်ပေါ်တွင် တင်းတင်းကြပ်ကြပ် ချိတ်ဆွဲထားသည်။ပိုင်ရဲ့က အနံ့ခံဟန်ဆောင်ပြီး ၎င်းကို မသိသလိုမျိုး တစ်ဖက်လူ၏ပုခုံးရိုးကို နမ်းလိုက်သည်။ 


"ဘာအနံ့လဲ"


"လိီမွန် ပင်စိမ်း"


"ချဉ်ရမှာမဟုတ်ဘူးလား...ဘာလို့ ဒီလောက် ချိုနေတာလဲ"


ချီရှင်းချန် ငိုတော့မည်။ 

"ကျွန်...ကျွန်တော်လည်း မသိဘူး"


"ဒီနေရာမှာ မတူတာဖြစ်မယ်... တခြားနေရာမှာ စမ်းကြည့်မယ်" 


စိုစွတ်သော အထိအတွေ့က သူ့ရင်ဘတ်ဆီသို့ တရွေ့ရွေ့ရွေ့သွားနေသည်။


ချီရှင်းချန် လေးအေးတစ်သုတ်ကို စုပ်ယူလိုက်မိသည်။


ပိုင်ရဲ့၏ပေါင်က တစ်ခုခုကို ဖိမိသွားသည်။


ပိုင်ရဲ့ ခဏလောက် အံ့အားသင့်သွားသည်။ဖန်လေးက ဤမျှ အကဲဆတ်သည်မှာ စိတ်ကူးရခက်သည်။ သူ စရုံပဲစပြီး ဘာမှမလုပ်ခဲ့ဘူးလေ... ဘာလို့လဲ…


သို့ပေမယ့် မီးစမွှေးသူကသူဖြစ်၏။သူ့မှာ မီးသတ်သမားတစ်ဦး၏ အသိစိတ်ရှိရပေမည်။ သူ ရယ်ရမလား ငိုရမလား မသိဖြစ်စွာဖြင့် ဖန်လေးကို ဆိုဖာပေါ် ခေါ်လာလိုက်သည်။


"ထိုင်...ကိုယ် လိုက်ကာတွေပိတ်လိုက်ဦးမယ်"


ပိုင်ရဲ့က သတိမထားမိဘူးဟု ချီရှင်းချန်ထင်သွားသည်။ သူ နဂိုက ဘောင်းဘီထဲထိုးထည့်ထားသော အင်္ကျီကို ဆွဲထုတ်လိုက်သည်။ ရှပ်အင်္ကျီအကြီးကြီးက သူ့အရှက်ကို ဖုံးကွယ်ထားသည်။သူ ထိုင်ရမလားထရမလားမသိဖြစ်နေ၏။


ရလဒ်အနေဖြင့် ပိုင်ရဲ့တစ်ယောက် ပတ်ဝန်းကျင်ကို စစ်ဆေးပြီးနောက် ပြန်လာသောအခါတွင် နေရာတွင် ကိုးရိုးကားယားရပ်နေပြီး အနက်ရောင်မျက်လုံးများဖြင့် ဟိုဟိုသည်သည် လှည့်ပတ်ကြည့်နေသော ဖန်လေးကို သူတွေ့လိုက်ရသည်။


"မတ်တပ်ရပ်ရတာကြိုက်တာလား" 

သူက စိတ်ဝင်တစား မေးလိုက်၏။


ချီရှင်းချန်: "ဟင်"


ပိုင်ရဲ့က သူ့နာရီကို ကြည့်လိုက်ရာ ည ခုနစ်နာရီရှိပြီဖြစ်၏။

"ညစာစားပြီးပြီလား"


ချီရှင်းချန်: "မစားရသေးဘူး"


"ဟုတ်ပြီ...ဒါဆို မြန်မြန်ပြီးအောင်လုပ်ပြီး ညစာစားကြရအောင်"


မြန်မြန်ပြီးအောင်လုပ်မှာလား...

အမြန်တိုက်ပွဲလား...


ချီရှင်းချန် စိတ်ရှုပ်ထွေးသွားသည်။ သူသည် တစ်ဖက်သား၏ စကားလုံးများ၏ ပကတိအဓိပ္ပါယ်ကို အသေအချာ တွေးတောနေမိသည်။


သို့သော်လည်း သူ မသိလိုက်မီတွင် သူ၏ဇစ်ကို ရုတ်တရက် ဆွဲဖွင့်ခြင်း ခံလိုက်ရသည်။ပိုင်ရဲ့က သူ့ရှေ့မှာ ဒူးထောက်ပြီး ပါးစပ်ကို ဖွင့်လိုက်သည်။


!!!


"မလုပ်နဲ့" 


ချီရှင်းချန် ထိတ်လန့်သွားပြီး မသိစိတ်က နောက်ပြန်ဆုတ်သွားသည်။ 

"အဲဒီနေရာက ညစ်ပတ်တယ်"


ပိုင်ရဲ့က သူ့ဒူးတွေကို လက်နှစ်ဖက်နှင့် ချုပ်ထားပြီး လှုပ်ရှားခွင့်မပေးပေ။သူ့ရှေ့သို့ အနည်းငယ်ပင် ဆွဲလိုက်သေးသည်။


ထိပ်ဖျားက အနက်ရှိုင်းဆုံး နေရာကို တွန်းပို့ခံလိုက်ရပြီးနော် ပိုင်ရဲ့ သီးသွားပြီး မျက်မှောင်ကြုတ်လိုက်မိ၏။


......


တကယ့်ကို အမြန်တိုက်ပွဲဖြစ်ခဲ့သည်။ သုံးလေးမိနစ်လောက်ကြာသောအခါ ပိုင်ရဲ့ထလာသည်။


ချီရှင်းချန်၏ သူငယ်အိမ်များင အာရုံစူးစိုက်မှု ပျက်ပြားနေကြသည်။ သူ့မျက်လုံးထောင့်များက နီရဲနေပြီး သူ့အသံက ငိုတော့မလိုပင်။ 

"ထွေးထုတ်ပစ်လိုက်"


"မျိုချလိုက်ပြီ"

ပိုင်ရဲ့က သူ့နှုတ်ခမ်းထောင့်ကို သုတ်လိုက်သည်။ 

"ကိုယ် ထွေးမထုတ်နိုင်ဘူး"


"ဒါဆို ပါးစပ်ကိုပလုတ်ကျင်းလိုက်" 

ချီရှင်းချန်က ကပျာကယာရေသွားခပ်သည်။


"ကောင်းပြီ" 

ပိုင်ရဲ့က ခွက်ကိုယူကာ တစ်ငုံသောက်လိုက်သည်။သူ မော့ကြည့်လိုက်သောအခါ ဖန်လေး၏ မျက်ရည်တွေက နှင်းဖြူရောင် မေးစေ့တလျောက်ဆွ စမ်းချောင်းတစ်ခုလို စီးကျနေသည်ကို တွေ့လိုက်ရသည်။


ပိုင်ရဲ့: "…"


သူဘာလို့ ငိုတာလဲ...


သူတို့စတွေ့ကတည်းက F Class ဖယ်ထုတ်ခံရသည့်အချိန်ကပဲ ဖန်လေး ငိုသည်ကို သူမြင်ဖူးသည်။ ထိုအချိန်တွင် သူသည် အလွန်အမင်း ချုပ်တည်းထားခဲ့ပြီး သူ့မျက်နှာကို အုပ်ထားကာ မမြင်စေချင်ခဲ့ပေ။


ယခုမူကား သူ ငိုနေလေပြီ။ သေချာသည်မှာ သူ မထိန်းနိုင်တော့၍ပေ။


ပိုင်ရဲ့ စိုးရိမ်စိတ်နှင့် မေးလိုက်သည်။

"မကောင်းလို့လား


 ချီရှင်းချန်: "ရွှတ်...ကောင်းပါတယ်


"ဒါဆို မင်းဘာလို့ငိုနေတာလဲ"


"ကော ပါးစပ်က သီချင်းဆိုဖို့" 

ချီရှင်းချန်က ငိုချလိုက်သည်။ 

"ဒီလိုမျိုး မလုပ်သင့်ဘူး"


ပိုင်ရဲ့က သူကိုးကွယ်သည့်နတ်ဘုရားဖြစ်၏။အရင်တစ်ခေါက် ပိုင်ရဲ့ကိုယ်အပေါ်ကို ပက်ဖြန်းမိလိုက်သည်နှင့်ပင် အတော်လေး ရှက်နေပြီဖြစ်၏။ယခု သူက သူ၏ညစ်ပတ်သည့်အရာတွေဖြင့် တစ်ဖက်လူကို စွန်းထင်းစေခဲ့သည်။


ဤသည်မှာ နတ်ဘုရားကိုစော်ကားမှုဖြစ်သည်။


ခွင့်မလွှတ်နိုင်သော ရာဇ၀တ်မှုတစ်ခုပင်။


ပိုင်ရဲ့ ယခုလို ကွေ့ကောက်နေသော ယုတ္တိဗေဒကို တစ်ခါမှ မကြားဖူးပေ။သူက စိတ်ရှည်ရှည်နှင့်ချော့ပေးသည်။ "ကိုယ်ပါးစပ်က ကိုယ်ပိုင်တာ...ကိုယ်လုပ်ချင်တာလုပ်လို့ရတယ်လေကွာ"


ချီရှင်းချန်က တိတ်ဆိတ်နေမြဲဖြစ်သည်။


"ပြီးတော့ ကိုယ်က သီချင်းကိုလည်းကြိုက်တယ်၊ မင်းကိုလည်းကြိုက်တယ်...ရွေးစရာလည်း မလိုဘူး"


ချီရှင်းချန်က တိတ်ဆိတ်နေဆဲဖြစ်သည်။


ဖန်မှ ချစ်သူအဖြစ်သို့ပြောင်းခဲ့ခြင်းဖြစ်၍ သူ့တွင် အကျင့်ဟောင်းအချို့ ရှိကောင်းရှိနိုင်သည်။ဤသည်က နေ့ချင်းညချင်း ချိန်ညှိ၍ရသည့် အရာမဟုတ်ပါချေ။ သူ နောင်တွင် ဖြည်းဖြည်းချင်းသာ ကျင့်သားရလာမည်ကို စောင်ရုံသာတတ်နိုင်သည်။ပိုင်ရဲ့က အကြောင်းအရာကို ပြောင်းချင်ခဲ့သည်။ သူက သူ့လက်ညိုးကို ဆန့်ထုတ်လိုက်ပြီး ချီရှင်းချန်၏ မေးစေ့ကို လကိညှိုးအကွေးလေးဖြင့်ဆွဲမော့လိုက်သည်။


"မင်း ကိုယ့်အရသာကိုယ် မြည်းစမ်းချင်လား"


.......

..


အချိန်အတော်ကြာ ပူးကပ်ပွတ်သပ်ပြီးနောက် မှောင်စပြုလာပြီဖြစ်၏။နှစ်ယောက်သား အကျီ ဝတ်ကာ အပြင်ထွက်စားရန် ပြင်ဆင်ကြသည်။


ချီရှင်းချန် နှင့် ပိုင်ရဲ့ နှစ်ဦးစလုံးက အများသိ ခရီးစဉ်တစ်ခုရှိသောကြောင့် ဟိုတယ်အပြင်ဘက်တွင် ဗင်ကားများနှင့် ပရိသတ်များရှိနေသည်ကို တွေ့ရသောအခါ အံ့သြခြင်းမရှိခဲ့ကြပေ။


အချိန်အတော်ကြာ ထိုင်စောင့်ပြီးနောက်၊ ဟိုတယ်၏ မှန်တံခါးမှာ သူတို့ idolတွေ ပေါ်လာသည်ကို တွေ့လိုက်ရသောအခါ ပရိတ်သတ်အုပ်လိုက်ကြီးက နေရာပေါင်းစုံမှ ပြေးထွက်လာကြသည်။


ထို့နောက်တွင်၊ ညဥ့်ကောင်းကင်များက ဤနေရာတွင် ရှောင်ချီတိတိအတွက် ဆိုင်းဘုတ်ကိုင်ဆောင်ထားသော ကြယ်အလင်းတန်းများပါရှိနေသည်ကို ရုတ်တရက် သတိထားမိလိုက်သည်။


ကြယ်အလင်းတန်းများကလည်း ဤနေရာတွင် ရဲ့ကောအတွက် ဆိုင်းဘုတ်ကိုင်ဆောင်ထားသော ညဥ့်ကောင်းကင်များ ရှိနေကြောင်းကို သတိထားမိလိုက်သည်။


တပ်ဖွဲ့နှစ်ဖွဲ့က တစ်ဖွဲ့ကိုတစ်ဖွဲ့ စူးစူးဝါးဝါးကြည့်နေသည်မှာ အုပ်စုလိုက်လမ်းပေါ်မှာရန်ပွဲဖြသ်တော့မည့်အလားပင်။ပိုင်ရဲ့ နှင့် ချီရှင်းချန် ဘေးချင်းကပ်လျက် ဟိုတယ်မှ ထွက်လာသောအခါ ညဥ့်ကောင်းကင်များ နှင့် ကြယ်အလင်းတန်များ တညီတညွတ်တည်း ကျိန်ဆဲမိလိုက်ကြသည်။


သေစမ်း… ဒီနှစ်ယောက်က ရုပ်မြင်သံကြားပွဲတော် ပါဝင်ဖို့ ဒီကိုလာတာမဟုတ်ဘူး...သူတို့နှစ်ယောက်ရဲ့ CPဖန်တွေအတွက် ကုန်ကြမ်းတွေ ပံ့ပိုးပေးဖို့ ဒီကိုရောက်လာတာ...


အရမ်းကို အဆင်ပြေမနေဘူး...


ဖန်တွေက သူတို့ နှစ်ယောက်ကို ဝိုင်းထားကြသည်။ တူညီသော လိင်အမျိုးအစားဖြစ်ခြင်းမှာ အကောင်းဆုံးပေါင်းစပ်မှုဖြစ်သည်။ပိုင်ရဲ့နှင့် ချီရှင်းချန်တို့က သူတို့၏ဖန်တွေနှင့် မီဒီယာတွေနှင့် ခဏလောက် ပွင့်ပွင့်လင်းလင်း စကားပြောခဲ့ကြသည်။ သူတို့ဘာကြောင့် အတူရှိနေကြသည်လဲဟု မေးသည့်အခါ ပိုင်ရဲ့က အတိတ်ကအချိန်ဟောင်းတွေကို စားမြုံ့ပြန်ရအောင် ဟိုတယ်တစ်ခုတည်းမှာ အတူတူ တမင်ဘွတ်ကင်ယူခဲ့သည်ဟု တိုက်ရိုက်ဝန်ခံခဲ့သည်။


မီဒီယာတွေက သူ့ဆီကနေ ဘာမှ မရခဲ့သလို ကြယ်အလင်းတန်းတွေလည်း ဘာမှမမေးခဲ့ပါချေ။ညဥ့်ကောင်းကင်များကသာ သူတို့၏မျက်ရည်တွေကို တိတ်တဆိတ် မျိုချလိုက်ပြီး ဤသည်က လူ့ကြိုက်များသောရှာဖွေမှုစာရင်းထဲကခေါင်းစဥ်ဖြစ်လာပြီး သူတို့ကော၏ သွေးတွေ ဘယ်လောက်အထိ စုပ်ထုတ်ခံရမလဲဆိုသည်ကို စတင်တွေးတောနေကြသည်။


ပရိတ်သတ်တွေနှင့် မီဒီယာတွေကို ထမင်းသွားစားရန် နားချပြီးနောက် သူတို့နှစ်ယောက် ကားပေါ်တက်ပြီး ထွက်ခဲ့ကြသည်။ပိုင်ရဲ့က သီးသန့်အခန်းကို ကြိုတင်ဘွတ်ကင်လုပ်ထားပြီး ဤနားတစ်ဝိုက်ဧရိယာအတွင်းရှိ အကောင်းဆုံးစားသောက်ဆိုင်ကို ရွေးချယ်ခဲ့သည်။ ထူးထူးခြားခြား စားဖွာရာလေးတွေကို မြည်းစမ်းကြည့်ရန် သူ့ဖန်လေးကို ခေါ်သွားချင်ခဲ့သည်။


သို့ပေမဲ့ သူတို့ရောက်သည့်အခါ ဖန်လေးက သက်သတ်လွတ်ဟင်းကိုပဲ ချက်ခိုင်းသည်။ ထို့အပြင် ၎င်းတို့အားလုံးသည် အသီးအရွက်များ မွှေကြော်များဖြစ်သည်။ ဓာတ်ပုံတွေကို ကြည့်လိုက်လျှင် ဟင်းချိုဆို အရည်တွေကျဲတောက်နေသည်။


ပိုင်ရဲ့ မကျေနပ်ပေ။ မီနူးကိုယူကာ အသားဟင်းအချို့ကို မှာကြားလိုက်သည်။


ဟင်းပွဲများအားလုံးကို ချပြီးသောအခါ၊ ချီရှင်းချန် ကြက်သားအစပ်ကို ကြည့်ကာ အသီးအရွက်များကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။ သူက လက်တွေ့ဘဝတွင် မြောက်ပိုင်းသားတစ်ဦးဖြစ်ပြီး အငန်၊ အစပ် နှင့် လေးသောအစားအစာများကို အများဆုံးနှစ်သက်သည်။


ပိုင်ရဲ့ သူ၏ သနားစရာကောင်းသောပုံစံကို မမြင်ရက်တော့ပေ။ ကြက်သားတစ်ဖတ်ကို ကောက်ယူပြီး ပါးစပ်ထဲထည့်လိုက်သည်။


ချီရှင်းချန်.. ပိုင်ရဲ့ကခွံ့ကျွေးသည်ကို မငြင်းနိုင်သောကြောင် သူ့ပါးစပ်ထဲကို မြန်မြန်ထည့်ကာ ဝါးလိုက်သည်။ အရသာရှိလွန်း၍ သူ့မှာ ငိုလုမတတ်။


သူ နာခံစွာစားသည်ကိုမြင်သောအခါ ပိုင်ရဲ့ သူ၏တူခယများကို မြှောက်လိုက်ပြီး ကျွေးချင်ခဲ့သည်။ချီရှင်းချန်င သူ့ကို အမြန်တာလိုက်သည်။ 

"မစားတော့ဘူး...ကျွန်တော်က ဝိတ်ချဖို့ကြိုးစားနေတာ"


ပိုင်ရဲ့က မျက်မှောင်ကြုတ်လိုက်သည်။ "မင်း တော်တော်လေး ပိန်နေပြီကို"


"ကော ကျွန်တော့်ကို စိတ်ပူနေတာ သိတယ် ...ဒါပေမဲ့ ကျန်နေတဲ့ ဇာတ်ဝင်ခန်းတွေကို ကျွန်တော် စောင့်ရမယ်... တစ်လလောက်ကြာရင် လွတ်လွတ်လပ်လပ်နဲ့ စားချင်သလောက် စားလို့ရပြီ"


"… ကောင်းပြီ" 

ပိုင်ရဲ့ သဘောတူရန်ပဲ ရွေးချယ်နိုင်ခဲ့သည်။


ထမင်းစားပြီးသည်နှင့် ပိုင်ရဲ့က ငွေရှင်းပြီး ချီရှင်းချန်နှင့် ထွက်မည်ပြုလိုက်သည်။သူ သီးသန့်ခန်းတံခါးကို ဖွင့်လိုက်သည်နှင့်၊ရုတ်တရက် စင်္ကြံအဆုံးကနေ ရင်းနှီးနေသော အမျိုးသမီး အသံတစ်ခု ထွက်လာသည်။


"ရဲ့ကော...ရှင်းရှင်း"


ချီရှင်းချန်၏အမူအရာပြောင်းသွားပြီး "ထောင်ထောင်" ဟု တိုးတိုးလေးရွတ်လိုက့သည်။


ပိုင်ရဲ့လည်း ၎င်းကိုကြားပြီး သူ့ကို စိတ်အေးအေးထားရန် မျက်ရိပ်ပြလိုက်သည်။

.

သေချာသည်ပင်၊တစ်ဖက်လူက ပိုနီးလာသည်။ တကယ့်ကို ထောင်ထောင် ပါပင်။သူမ အံ့သြစွာဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။ 

"တိုက်ဆိုင်လိုက်တာ"


"ဒါက တကယ့်ကို တိုက်ဆိုင်မှုပဲ" 

စင်္ကြံတွင် လူများစွာရှိ၍ ပိုင်ရဲ့က ဘေးဘက်သို့ လှည့်လိုက်သည်။ 

"လာ ဝင်ထိုင်ပြီး ပြောလေ"


ထောင်ထောင်က သဘာဝအတိုင်း အခန်းထဲသို့ ဝင်လာပြီး ဝင်ထိုင်လိုက်သည်။ 

"မနက်ဖြန် ရုပ်မြင်သံကြားပွဲတော်မှာ မင်းကိုတွေ့ချင်ခဲ့ပေမဲ့ မင်းကိုဒီမှာတွေ့ဖို့ မမျှော်လင့်ထားဘူး...စားပြီးပြီလား"


"ဟုတ်ကဲ့" 

ချီရှင်းချန်ကမေးလိုက်သည်။

"ကျဲရော"


"ငါကအခုမှရောက်တာ... မင်းကိုတွေ့လိုက်တာနဲ့ပဲ"


ခေတ္တနားပြီးနောက် သူမက သက်ပြင်းချလိုက်ပြီး ဆိုသည်။


"ရှင်းရှင်း...အဲဒီတုန်းက၊ ငါတို့အတူတူ ဘတ်ဂျက်ခရီးသွားကြမယ် ရိုက်တုန်းက ရဲ့ကောက ရှိုးပြီးတာနဲ့ ငါတို့ကို အဆက်အသွယ်မလုပ်ဘူး...သူက မင်းနဲ့ပဲ ရင်းနှီးတယ်...မင်းတို့နှစ်ယောက်က တကယ်ကို ဆက်ဆံရေးကောင်းတာပဲ"


ချီရှင်းချန်က ခဏလောက် စဉ်းစားလိုက်သည်။ 

"ကျွန်တော် ကုမ္ပဏီအတွက် ကျွန်တော့်ကို ဂရုစိုက်ပေးခဲ့တဲ့ ရဲ့ကောကို အရမ်းကျေးဇူးတင်ပါတယ်"


"ကုမ္ပဏီကြောင့်လား" 

ထောင်ထောင်က ချိုသာစွာ ပြုံးလိုက်သည်။ 

"မင်းတို့ကို အမှန်တိုင်းပြောရရင် မကြာသေးခင်က မင်းတို့ရဲ့CP ဗီဒီယိုကို ငါကြည့်ခဲ့တယ်...တကယ်ကို လိုက်ဖက်တယ်... ငါ ကျိုရဲ့ရှင်းချန်ရဲ့ CP ဖန်တစ်ယောက် ဖြစ်လာတော့မယ်"


"တကယ်လား ဟားဟား...ကျွန်တော်လည်း မြင်ဖူးတယ်...ရယ်စရာကောင်းလွန်းတယ်"


သူစကားပြောနေစဉ် ချီရှင်းချန် ၊ ထောင်ထောင်၏အမူအရာကို အကဲခတ်နေခဲ့သည်။ထောင်ထောင်က နောက်ပြောင်နေသကဲ့သို့ ပြုံးနေသော်လည်း တစ်ချိန်တည်းတွင် သူမက ဗီဒီယိုကို အမှန်တကယ် စိတ်ဝင်စားနေပုံရသည်။ချီရှင်းချန်၏ သံသယများ ကြီးထွားလာသည်။


အမျိုးသမီးဇာတ်လိုက်က သူမမှာကိုယ်ပိုင်လုပ်ပိုင်ခွင့်ရှိနေမှန်း သူ သိထားတာကိုသိနေတာလား...


အမျိုးသမီးဇာတ်လိုက် ၎င်းကို သိလျှင် သူမ ဤနေရာတွင် သေချာပေါက် လာဟန်ဆောင်နေမှာမဟုတ်ပေ။အမှန်တွင်၊ သူမ၏ကိုယ်ပိုင်လုပ်ပိုင်ခွင့်ရှိခြင်းသည် သူ့အား အန္တရာယ်ပြုမည်ဟု ကြိုတင်မှန်းဆခြင်းနှင့် အတူတူပင်။ သူတို့က ဆန့်ကျင်ဘက်တွေ ဖြစ်နေပြီ... သူမ ဘာကြောင့် သစ္စာရှိသလို ဟန်ဆောင်ရဦးမှာလဲ... အဲဒါက သူ့ကို ပိုသတိရှိစေလိမ့်မယ်မဟုတ်ဘူးလား...


အမျိုးသမီးဇာတ်လိုက်က မသိမှန်း ထင်ရှားသည်။


သို့သော် ချီရှင်းချန် လုံးဝကြီးသေချာရန် မဝံ့ရဲခဲ့ပေ။မည်သို့ပင်ဖြစ်စေ ထောင်ထောင်၏ အကြံအစည်ကို သူ ကြုံဖူးသည်။အပေါ်ယံတည်ငြိမ်မှုအောက်မှာ အဆိပ်စိမ်ထားသည့် နှင်းဆီနွယ်ပင်တွေ ရှိတတ်သည်။


၎င်းကို တွေးလိုက်ရုံနှင့် ချီရှင်းချန်၏ ခေါင်းက ပေါက်ကွဲတော့မလိုဖြစ်လာသည်။


ထောင်ထောင်က သူတို့နှင့် ခဏမျှ စကားစမြည်ပြောခဲ့သည်။ပိုင်ရဲ့၏ အဖြေတွေက ဟာကွက်မရှိဖြစ်နေပြီး ထိုထက်ပို၍သတိထားနေသည်မျိုးမရှိတော့ပေ။သိပ်မကြာခင်မှာပဲ သူမ နှုတ်ဆက်ပြီး ထွက်သွားသည်။ချီရှင်းချန်နောက်ဆုံးတွင် ပုံမှန်အသက်ရှူနိုင်ခဲ့သည်။


ထောင်ထောင်က စွမ်းအားကြီးလွန်းသည်။သူမဘာတွေတွေးနေလဲဆိုသည်ကို ဖော်ထုတ်ရန် ခွန်အားအများကြီးလို၏။


သူမ၏ အအနှောင့်အယှက်ကို ခံရပြီးနောက် ချီရှင်းချန်စိတ်မပါတော့ပေ။ အချိန်ကိုရေတွက်ကြည့်လိုက်ပြီး ထောင်ထောင် လုံးဝ မရှိတော့လောက်သည့်အချိန်မှ ပိုင်ရဲ့ကဆိုလိုက်သည်။

"သွားကြရအောင်...မင်း ဒီဆိုင်ရဲ့ ကြက်သားအစပ်ကို ကြိုက်ရင် မနက်ဖြန် ကိုယ်တို့ ပြန်လာမယ်"


ဤသည်က ပိုင်ရဲ့၏ ကြင်နာမှုဖြစ်၏။ချီရှင်းချန် သူ့အား ပြုံးပြပြီး သဘောတူကြောင်း အမူအရာပြလိုက်သည်။


တကယ်တမ်းတွင် ပိုင်ရဲ့လည်း စိတ်ပါမနေပေ။ဟိုတယ်ကို အပြန် လမ်းမှာ သူတို့ နှစ်ယောက် အတွေးတွေ ကိုယ်စီနှင့်ဖြစ်၏။


ပိုင်ရဲ့စိတ်ပူနေသည်က သူကထောင်ထောင်နှင့်ပေါင်းရမည်ကို သူ့ဖန်လေးနှင့် အဆုံးသတ်သွားခဲ့သည်။ထောင်ထောင်က သူ့ဖန်လေးကို ဒုက္ခပေးမပေး ဘယ်သူသိမှာလဲ...


ခဏလး... သူ ထောင်ထောင်နဲ့ပေါင်းရမယ်ဆိုတာ သူဘယ်လိုသိတာလဲ... မူရင်းဝတ္ထုကို သူ မဖတ်တာ အရှင်းကြီးကို...


ချီရှင်းချန်က အမျိုးသမီးဇာတ်လိုက်တွင် အချက်အလက်မည်မျှရှိသည်နှင့်ပတ်သက်၍ စိတ်ထဲမှာ ငြင်းခုံနေဆဲဖြစ်သည်။အရငိတစ်ခေါက် ဆေးရုံမှာ အခင်းဖြစ်ပြီးနောက်မှာ အမျိုးသမီးဇာတ်လိုက်က သူ့ကို သံသယရှိနေပြီဟု ထင်ခဲ့သည်။ယခု အမျိုးသမီးဇာတ်လိုက်က သူ့အထောက်အထားကို မသိပုံရသည်။


ယခုလို ဝိရောဓိနှင့် မရှင်းမလင်းဖြစ်နေသည်က စိတ်မသက်မသာဖြစ်ရဆုံးပါပင်။


"ဘော့စ်... Weibo ကို စစ်ကြည့်"


နှစ်ယောက်သား တိတ်တဆိတ် တွေးတောနေချိန်တွင် အားလွင်က ရုတ်တရက် အော်လိုက်သည်။ သူ၏ အရေးတကြီး လေသံကိုကြားသောအခါ ချီရှင်းချန် မကောင်းသည့်အရာတစ်ခုခု ဖြစ်လာတော့မည်ကို အလိုလို ခံစားလိုက်ရသည်။သူ့စိတ်ထဲက အရှုပ်အထွေးတွေကို ချက်ချင်းဖယ်လိုက်ပြီး Weibo အက်ပ်ကို ဖွင့်လိုက်သည်။


ပိုင်ရဲ့လည်း သူ့ဖုန်းကို ထုတ်လိုက်သည်။


ဆယ်စက္ကန့်ကြာသောအခါ၊ ချီရှင်းချန် သူ၏ ပင်ကိုယ်သိစိတ်က အလွန်တိကျကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။


ယခုအချိန်တွင် သတင်းခေါင်းစဉ်များက လွှမ်းမိုးနေသည်။ ဤသတင်းသည် စကားလုံးအနည်းငယ်သာရှိသော်လည်း စကားလုံးတိုင်းသည် ပေါက်ကွဲထွက်နိုင်သည်။


[ပိုင်ရဲ့ နဲ့ ချီရှင်းချန်က နှစ်ယောက်တည်း ဟိုတယ်ထဲဝင်ပြီး ပြန်ထွက်လာ...စားသောက်ဆိုင်မှာ အချင်းချင်း တရင်းတနှီး ခွံ့ကျွေးကြ... သူတို့ရဲ့ လိင်တူဆက်ဆံရေးကို ဖော်ထုတ်ခြင်းဖြစ်နိုင်]