အပိုင်း ၁၄၅
Viewers 29k

Chapter 145



ထိုWeibo ပို့စ်တွင် ဓာတ်ပုံအချို့ကအတူ ပါရှိသည်။ ပထမတစ်ပုံက သူတို့နှစ်ယောက် ဟိုတယ်တံခါးကနေ ဘေးချင်းကပ်ပြီး လမ်းလျှောက်ထွက်လာသည့်ပုံဖြစ်သည်။ဒုတိယတစ်ပုံက သူတို့နှစ်ယောက် ပိုင်ရဲ့။ကားထဲကို တစ်ယောက်ပြီးတစ်ယောက်ဝင်သွားသည့်ပုံဖြစ်၏။တတိယတစ်ပုံက စားသောက်ဆိုင်အနောက်တံခါးမှာ သူတို့နှစ်ယောက် ကားထဲက ဆင်းလာသည်ကိုပြထား၏။ကျန်ဓာတ်ပုံများတွင် သူတို့နှစ်ဦး စားသောက်နေသည်ကို တွေ့ရသည်။


ထိုထဲတွင် ပိုင်ရဲ့ ချီရှင်းချန်ကို ခွံ့ကျွေးနေသည့်ပုံကို အကျယ်ချဲ့ထားပြီး သူ့လှုပ်ရှားမှုများက သိသာထင်ရှားလွန်းသည်။ထင်ရှားလွန်း၍ သူရှင်းပြရန် "တူကိုင်ပြီး စကားပြောနေတာ" ဆိုသည့် အကြောင်းပြချက်ကိုပင် သုံးမရပါချေ။


သေချာသည်က၊တစ်ဖက်လူက သူတို့ကို အဆုံးထိအနိုင်ယူချင်နေသည်။


ချီရှင်းချန် အသက်ပြင်းပြင်းရှူပြီး ပိုင်ရဲ့ကို ကြည့်လိုကသည်။ပိုင်ရဲ့က ဓာတ်ပုံတွေကြည့်ပြီး ပြီးသွားပြီဖြစ်၏။သူက ဖုန်းကိုချလိုက်ပြီး ချီရှင်းချန်၏ခေါင်းထိပ်ကို ပွတ်လိုက်သည်။ "အဆင်ပြေပါတယ်...ကိုယ့်တာဝန်ထားလိုက်"


"ဒါက ကျွန်တော်တို့နှစ်ယောက်ကြားကကိစ္စလေ...ကျွန်တော်ကောကိုကူညီမယ်" 

ချီရှင်းချန်က ခေါင်းယမ်းလိုက်သည်။


 "ဓာတ်ပုံက ဗီဒီယိုတစ်ခုရဲ့ စခရင်ရှော့ပုံနဲ့ တူတယ်...ဖျော်ဖြေရေး သတင်းထောက်က ဘယ်ကရလဲဆိုတာ သိချင်မိတယ်"


ပိုင်ရဲ့လည်း သိချင်သည်။ ဖျော်ဖြေရေးနယ်ပယ်မှာ အချိန်အတော်ကြာကြာနေခဲ့ပြီးနောက် ထောက်လှမ်းရေးကင်မရာတွေနှင့် ပြတင်းပေါက်တွေမပါပါသည့် စားသောက်ဆိုင်ကို ရွေးချယ်ရမယ်ဆိုသည်ကို သူအသေအချာသိ၏။


ဤသည်က သာမာန်အသိဖြစ်၏။ ကြိုတင်မှာယူမှုမပြုလုပ်မီ စားသောက်ဆိုင်မန်နေဂျာကို မေးမြန်းထားပြီးဖြစ်သော်လည်း အဆုံးတွင် မှတ်တမ်းတင်ခံရမည်ဟု သူမမျှော်လင့်ထားခဲ့ပေ။


စားသောက်ဆိုင်က ဖျော်ဖြေရေးသတင်းထောက်၏ငွေကို လက်ခံပြီး ဗီဒီယိုကို လှည့်ဖြားရန် အသုံးပြုခဲ့ခြင်း သို့မဟုတ် သူတို့ စားသောက်ဆိုင်ကို လာမည်ဆိုသည်ကို တစ်စုံတစ်ယောက်က ကြိုသိနေသည်။


သို့သော်၊ ဤအရာအားလုံးသည် သူ၏အထောက်အထားကို ဖော်ထုတ်ခံရသည့် အချက်များကို အခြေခံထားသည်။အားလွင် ကြိုတင်စာရင်းသွင်းရန် ဖုန်းခေါ်ဆိုခဲ့သူဖြစ်ပြီး အားလွင်ကပဲ သူ၏ အထောက်အထား အချက်အလက်များကို ချန်ထားခဲ့သူတစ်ဦးဖြစ်သည်။ ဗီဒီယိုရိုက်ရန်ကိုတောင်းဆိုသူက စားသောက်ဆိုင်ဘယ်မှာရှိသည် (သို့)အားလွင်ကိုညွှန်ကြားသူကမည်သူဖြစ်သည်ကို မည်သို့သိသနည်း။


ထိုလူက အားလွင်ကိုသိပြီး အားလွင်၏ကိုယ်ရေးကိုယ်တာအကောင့်ကို သိ၍သာမဟုတ်လျှင်...


ယခုအရေးကြီးဆုံးက အကြောင်းပြချက်ရှာရန်မဟုတ်ဘဲ သူတို့ရှေ့က အခက်အခဲတွေကို အရင်ဖြတ်ကျော်ရန်ပါပင်။ပိုင်ရဲ့က သူ့နားထင်တွေကို ပွတ်သပ်ရင်း ချီရှင်းချန်ကိုမေးသည်။


"မင်းဘယ်လိုထင်လဲ"


"ဝန်မခံချင်ရင် PRအကောင်းဆုံး လုပ်ကြည့်ပေါ့"

ချီရှင်းချန်က ပြန်ဖြေသည်။


"ကိုယ့်ကြောင့်လား"


"ဟုတ်"


လွန်ခဲ့သည့် နှစ်လလောက်က သူတို့ လူသိရှင်ကြား ဝန်ခံရန် စဉ်းစားခဲ့သေးသည်။ ထိုအချိန်က ချီရှင်းချန်က ပိုင်ရဲ့၏ အသက်မွေးဝမ်းကြောင်းကို ထိခိုက်မည်ကို စိုးရိမ်ခဲ့သည်။ပိုင်ရဲ့ကလည်း ချီရှင်းချန်၏၏ အခြေခံအုတ်မြစ် မတည်မငြိမ်ဖြစ်ပြီိ anti-fanများ၏ တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိမည်ကို စိုးရိမ်ခဲ့သည်။


ယခု သူ့တွင် ထုတ်လွှင့်ပြီးတော့မည့် "သမုဒ္ဒရာ" နှင့် ရိုက်ကူးနေဆဲဖြစ်"မီခိုးရောင်လမ်း"ဟူ၍ဘအလုပ်နှစ်ခုရှိပြီ သောကြောင့် ချီရှင်းချန် ပိုမိုယုံကြည်မှုရှိလာခဲ့သည်။


ပိုင်ရဲ့က ဆက်မေး၏။

"မင်းမှာ တခြားစိုးရိမ်စရာရှိလား... ဥပမာအားဖြင့် မင်းမိသားစု၊သူငယ်ချင်းတွေက သဘောမတူတာ ဒါမှမဟုတ် ချစ်သူရှိတဲ့အကြောင်း အခြားသူတွေကို မသိစေချင်တာ..."


"မရှိဘူး" 

ချီရှင်းချန်က ထအော်သည်။ 

"ဘယ်လိုလုပ်အဲဒီလိုရှိမှာလဲ"


ထူးချွန်ပြောင်မြောက်သော ပိုင်ရဲ့က သူနှင့် ဆက်ဆံရေးရှိကြောင်း သူ တစ်ကမ္ဘာလုံးကိုပင် သိစေလိုသည်။


"ကောင်းပြီ" 

ပိုင်ရဲ့က သူ့ပါးလေးကို ညစ်လိုက်၏။ 

"ကိုယ်နားလည်ပါတယ်"


"ကျစ် ကျစ် ကျစ် —"


ထိုအချိန်တွင် ရှေ့တန်းမှ တစ်စုံတစ်ယောက်၏ စုတ်သပ်သံ ထွက်ပေါ်လာသည်။ပိုင်ရဲ့ သူ့လက်ကို ချလိုက်ပြီး အားလွင်ကို ကြည့်လိုက်သည်။ 

"ဘာလုပ်နေတာလဲ"


"ဘော့စ် ...ဘယ်အချိန်မှ ကျွန်တော့်အပေါ် အဲသလောက် နူးညံ့မှာလဲ"


ချီရှင်းချန် ဖျော်ရည်ပုလင်းကို ကောက်ယူပြီး သူ့ကို ပစ်လိုက်သည်။ 


"ဘာလဲ...ကျွန်တော်ကောင်လေးကို ခိုးဖို့ကြိုးစားနေတာလား"


"အောင်မလေးဗျာ ကယ်ကြပါဦး... မင်းငါ့ကို သတ်နေတာလား"


......


တစ်နာရီကြာပြီးနောက် #ပိုင်ရဲ့၏အချစ်ရေး ဖော်ထုတ်ခံရ #က ခေတ်စားနေသောစာရင်း၏ ထိပ်ဆုံးသို့ တွန်းပို့ခံခဲ့ရသည်။


ချီရှင်းချန် နှင့် ပိုင်ရဲ့၏ဖုန်းများ ဆက်တိုက်မြည်လာပြီး ဖုန်းသံများ ဆက်လက်ထွက်ပေါ်လာသည်။အန်းရန်နှင့်ပိုင်ရဲ့၏ အေးဂျင့်တို့ ပြိုလဲလုနီးနီးဖြစ်နေပြီဖြစ်သည်။ ၎င်းတို့ ယင်ကောင်များကဲ့သို့ ဝိုင်းအုံနေသော မီဒီယာများကိူ ကိုင်တွယ်ဖြေရှင်းရန်၊ရေပန်းစားနေသောရှာဖွေမှုကို ဖယ်ရှားရန် Sina Weibo သို့ ဆက်သွယ်ရန်နှင့် ၎င်းတို့၏ အနုပညာရှင်များနှင့် ဘာလုပ်ရမည်ကို ဆွေးနွေးရန်အလုပ်များနေသည်။


ယခုလိုအခြေအနေမျိုးမှာ နှစ်ယောက်သား ပွတ်သီးပွတ်သပ်နေရန်စိတ်ကူးမရှိပါချေ။ပိုင်ရဲ့က ချီရှင်းချန်ကိုဖုန်းပိတ်ခိုင်းပြီး ဖုန်းခေါ်ရန်အပြင်ထွက်သွားသည်။ ထို့နောက် သူက ဖုန်းကို ပိတ်လိုက်ပြီး ချီရှင်းချန်၏လက်ကို ကိုင်ကာ တစ်ညလုံး အိပ်ခဲ့သည်။


နောက်နေ့မနက်မှာ စောစောထပြီး သူ့အခန်းထဲကို မိတ်ကပ်လိမ်းရန်ပြန်သွားခဲ့သည်။ကျန်းကျန်းက ချီရှင်းချန် အခြေအနေမကောင်းကြောင်း သိသောကြောင့် သူမက သူ့အတွက် ရှေးဦးသူနာပြုမျက်နှာဖုံးကိုကပ်ပေးကာ နှစ်သိမ့်ပေးခဲ့သည်။ 


"ရှင်းရှင်း...ဒီကောလဟာလက ရယ်စရာကောင်းလွန်းတယ်...ပိုင်ရဲ့က သူ့ကိုယ်ပိုင်ဘဝမှာ အမြဲတမ်း လူကြီးလူကောင်းတစ်ယောက်ဖြစ်ခဲ့တာ...ယောက်ျားမပြောနဲ့ မိန်းမတွေကိုတောင် တစ်ခါမှ မကြိုက်ဖူးဘူး...သူက ဖြောင့်သည်မှန်း လူတိုင်းသိတယ်...ယူလည်း အတူတူပဲ... ယူက အရမ်း သဘောထားကြီးတယ်၊ ယူကဂေး မဟုတ်တာ သေချာတယ်...ပရိသတ်တွေကလည်း ဒီကိစ္စက မှန်သလား၊ မမှန်ဘူးလားဆိုတာ သိသွားမှာပါ... ရက်အနည်းငယ်အတွင်း အားလုံးအဆင်ပြေသွားမှ...စိတ်မပူနဲ့"


ချီရှင်းချန် တစ်စက္ကန့်မျှ စကားမပြောနိုင်။ သူက ဒီလောက်မျက်စိမှောက်စေတတ်တာလား...


သူပြန်မဖြေသည်ကိုမြင်ရာတွင် ကျန်းကျန်း သူ့ကို ဆက်လက်နှစ်သိမ့်ပေးသည်။ချီရှင်းချန် ကြားလေလေ ရှက်လေလေဖြစ်သည်။ ဖုန်းကို ထုတ်လိုက်ပြီး ပရိသတ်တွေ၏ ထင်မြင်ယူဆချက်တွေကို ဖတ်ကြည့်တော့မည်ပြုလိုက်သည်။


သို့ပေမဲ့ သူ Weibo ကိုဖွင့်လိုက်ချိန်မှာ အင်တာဖေ့စ်မှာ သီးသန့်မက်ဆေ့ချ်တွေ၊ မှတ်ချက်တွေနှင့် tags တွေဖြင့် ပြည့်လျှံနေခဲ့သည်။ ဖုန်းကို ခဏလောက် အနားပေးပြီး သူပြန်ဖွင့်လိုက်သည်။


# ပိုင်ရဲ့၏အချစ်ရေးဖော်ထုတ်ခံ#က "ရေပန်းစားသည့်" စာရင်း၏ထိပ်ဆုံးမှာ ရှိနေဆဲပင်။


ကိုယ်ရေးကိုယ်တာ မက်ဆေ့ချ်တွေက ဘာတွေလဲဆိုသည်ကို သူ စိတ်ကူးထားပြီးသားဖြစ်၏။သူ ကိုယ်ရေးကိုယ်တာ မက်ဆေ့ချ်များကို ဂရုမစိုက်ဘဲ Weibo ပို့စ်ကို နှိပ်ခဲ့သည်။ လက်ရှိအချိန်အထိ၊ ပြန်လည်မျှဝေသူ 122,000 နှင့် မှတ်ချက်ပေါင်း 450,000 ရှိခဲ့ပြီး လမ်းကြောင်းသည် မြင့်တက်နေဆဲဖြစ်သည်။


ပထမစာမျက်နှာတွင် စာရင်း၏ထိပ်ဆုံးတွင်ရှိနေသည့်မှတ်ချက်များအားလုံးမှာ "ပိုင်ရဲ့၏အယ်လ်ဘမ်သစ်ကိုပိုအာရုံစိုက်ပါ" နှင့် "ရှောင်လင်းရှောင်နဲ့ မနက်ကိုးနာရီတိုင်းတွေ့ကြမယ်" ကဲ့သို့သော အဆိုးမြင်မှတ်ချက်များကို ထိန်းချုပ်နေသည့်မှတ်ချက်များဖြစ်ကြသည်။ချီရှင်းချန် ကြယ်အလင်းတန်များ၏ မှတ်ချက်များကို ထိန်းစင်စွမ်းကို ကောင်းကောင်းနားလည်ခဲ့ပြီး အောက်သို့ ဆက်လက်ရွေ့လျားခဲ့သည်။


ဖျော်ဖြေရေးနယ်ပယ်မှာ တစ်နှစ်ခွဲလောက်နေခဲ့ပြီးနောက်မှာ သူ၏သည်းခံနိုင်ရည်က လုံလောက်သည်ဟု ခံစားခဲ့ရ၏။ သို့သော် ဒုတိယစာမျက်နှာ၏ အဆုံးရှိ မှတ်ချက်များကို မြင်လိုက်ရသောအခါ သူ့နှလုံးသားသည် ရုတ်တရက် တဆတ်ဆတ်တုန်လာသည်။


[လာပြန်ပြီ...လစဉ်သွေးစုပ်တဲ့အပိုင်း...သူတို့အားလုံးက ရာသီလာနေတာလား... စိတ်မဆိုးဘူးလား]


[ဒီတစ်ခါတော့ မတူဘူး... သူတို့အရေပြားက ကောင်းကင်နဲ့တူတယ်... လူကြိုက်များလာစေဖို့အတွက် သူတို့ရဲ့သောက်လိင်အမျိုုးအစားကို လျူရှုထားကြတယ်လေ... ဒါမျိုး မြင်မတာကြာပြီ]


[ဒီလူက တော်တော်ချစ်ဖို့ကောင်းတယ်လို့ ငါထင်ခဲ့ပေမဲ့ အခုတော့ အမ်းးးး တကယ်ကို ချစ်ဖို့ကောင်းတဲ့ ခွေးမတစ်ကောင်ဖြစ်ပုံရတယ်...သွားတော့မယ်]


[လူတိုင်းသိတယ်...ရဲ့ကောက ဘယ်သူနဲ့သွားစကားပြောပြော တစ်ဖက်လူက နက်ဖြန်နေ့မှာ မြေအောက်အချစ်ဒရာမာဇာတ်ကားကို သေချာပေါက် ရိုက်လိမ့်မယ်...အခုတလော သူ ဒီလူအပေါ် အရမ်းကောင်းပေးနေတာလည်းထည့်ပြောဦး... အခွင့်ကောင်းမယူရင် ထူးဆန်းလိမ့်မယ်]


[ရဲ့ကောက သူ့ကိုယ်သူ ရှင်းပြရတာ မကြိုက်ဘူးဆိုတာ သူသေချာပေါက်သိတယ်...အရမ်းကောင်းတယ်...ချီရှင်းချန်ဆီသွားတဲ့လမ်းကတော့ မည်းသွားပြီဟေ့]


ယင်းတို့သည် အလွန်ထောက်ခံမှုရထားသော မှတ်ချက်များပင် ဖြစ်သည်။ လူများစွာက ၎င်းတို့နှင့် တူညီသော အတွေးအမြင်များ ရှိကြသည်ကို တွေ့မြင်နိုင်သည်။ကြယ်အလင်းတန်များက ဘယ်လောက်ပဲ ခက်ခက်ခဲခဲ ရှင်းပြနေပါစေ အသုံးမဝင်ပေ။


ပိုင်ရဲ့က အလွန်နာမည်ကြီးပြီး မကြာခဏ ဝေဖန်ခံရလေ့ရှိသည်။ ထို့အပြင် သူက အရှုပ်တော်ပုံများကို ရှင်းလင်းရန် မကြိုက်ပါချေ။ ထပ်ခါထပ်ခါ နှောက်ယှက်မှုတွေ ကြုံလာရပြီးနောက်မှာ ပရိသတ်တွေက ပိုပိုပြီး ဒေါသတွ ထွက်ခဲ့ကြသည်။ ထုံးစံအတိုင်း၊ သူတို့က ပြဿနာကို ဓမ္မဓိဌာန်ကျကျအမြင်ဖြင့် ကြည့်လိုစိတ် ပိုပိုနည်းလာသည်။


ချီရှင်းချန် ဆက် မကြည့်ချင်တော့ပေ။ ဖုန်းကိုလော့ချပြီး ရှားရှားပါးပါး မကျေနပ်သည့်မျက်နှာကို ပြသလေသည်။


သို့သော် သူက ထိုအမူအရာကို ချက်ချင်းပြန်သိမ်းလိုက်သည်။ပိုင်ရဲ့အပါအဝင် ဘယ်သူ့ကိုမှ သူစိတ်မချမ်းသာဘူးဆိုသည်ကို သိခွင့်မပြုနိုင်ပေ။


အားလုံးက ဤကိစ္စကို စိတ်ပူနေနေသဖြင့် သူက စိတ်ပူသည်ကိုလျော့ရပေမည်။


....



ဤသည်င သူ့အတွက် ပထမဆုံး ကော်ဇောနီပေါ်လျှာက်ရခြင်းဖြစ်၏။ကျန်းကျန်းက မူလက သူ့အတွက် ဝိုင်နီရောင် ကတ္တီပါဝတ်စုံကို ရွေးချယ်ခဲ့သည်။ ယခုမူ သူက အရှုပ်တော်ပုံများတွင် ပါ၀င်နေသောကြောင့် အလွန်အမင်းပေါ်လွင်နေခြင်းသည် မကောင်းပေ။ နောက်ဆုံးတွင် အနက်ရောင် နောက်ခံဖြင့် မီးခိုးရောင်အစင်းကျားဝတ်စုံသို့ ပြောင်းသွားသည်။နက်ကတိုင်မပါဘဲ တော်ဝင်စိမ်းကျောက်စိမ်းကော်လာကလစ်ကို


ကော်လာတွင် ချိတ်ထားသောကြောင့် အနည်းငယ်မှိုင်းသောပုံစံကို ခေတ်နောက်ပြန်ဆွဲသောပုံဖြစ်အောင် ဖန်တီးထားသည်။


သူ့ဆံပင်ကို 30-70 ခွဲခွဲထားသည်။ သူ၏ဆံမြိတ်များက ပုံစံမကျဘဲ သူ့နဖူးရှေ့တွင် သဘာဝအတိုင်း ချထားသည်။ ဘေးနှစ်ဘက်ရှိ ဆံပင်များ လွင့်သွားသည်က မျက်နှာသွယ်သွယ်လေးကို ပိုပေါ်လွင်စေသည်။


ဖိနပ်များက အရိုးရှင်းဆုံး အမျိုးသားဝတ်သားရေဖိနပ်များဖြစ်ပြီး လက်ပတ်နာရီက Royal Oak စီးရီးမှဖြစ်သည်။ကျန်းကျန်က သူမ၏ ခါးထောက်လိုက်သည်။ 

"ဒီဝတ်စုံက တတ်နိုင်သမျှ နိမ့်ထားပေမဲ့ မင်းမျက်နှာက နိမ့်လို့မရဘူး...ငါ အကောင်းဆုံး ကြိုးစားထားတယ်"


"တော်တော်လေးကောင်းပါတယ်" 

ချီရှင်းချန်က သူ့ရှေ့ဆံပင်ကို ပွတ်လိုက်သည်။ 

"ရဲ့ကောရော ပြီးပြီလား"


"မသိဘူး... ဒါပေမဲ့ မြန်မြန် ပြီးလောက်မယ်ထင်တယ်"


"ကျွန်တော် သွားကြည့်လိုက်မယ်"


ထို့နောက် ချီရှင်းချန် တံခါးကို တွန်းဖွင့်ပြီး ထွက်လာသည်။ ဘေးသို့ ခြေလှမ်းနှစ်လှမ်းလှမ်းလိုက်စဉ်တွင် ပိုင်ရဲ့ နှင့် အားလွင်တစ်ယောက်ပြီးတစ်ယောက် ထွက်လာသည်ကို တွေ့လိုက်ရသည်။


ချီရှင်းချန် အံ့အားသင့်သွားသည်။


ပိုင်ရဲ့၏ဝတ်စုံက အနက်ရောင်အစင်းကြောင်းများဖြင့် မီးခိုးရောင်နောက်ခံဖြစ်ပြီး သူ၏အနက်ရောင်နောက်ခံ မီးခိုးရောင်အစင်းကြောင်းများဖြင့် လုံးဝကိုလိုက်ဖက်နေသည်။


ပိုင်ရဲ့က သူ့ခြေလှမ်းကို ရပ်လိုက်သည်။ 

"ပြီးပြီလား...ပြီးရင် ကိုယ့်အခန်းထဲကိုလာခဲ့"


"…မဟုတ်ဘူး" 

ချီရှင်းချန်က ပြောလိုက်သည်။

"ကျွန်တော်ပြန်ပြီးလဲလိုက်မယ်"


"ဒီဝတ်စုံက ကြည့်ကောင်းတယ်..မင်းပြောင်းစရာမလိုဘူး"


"မဟုတ်ဘူး" 

ချီရှင်းချန်က ခေါင်းယမ်းလိုက်သည်။ "ကျွန်တော်တို့ဝတ်ထားတာ စုံတွဲဝတ်စုံတွေနဲ့အရမ်းတူတယ်"


သူက အရင်တစ်ခေါက်က စုံတွဲနွားပုံစံညဝတ်အကျီကိုဝယ်ရန် အစပြုခဲ့သူဖြစ်ပြီး ယခုလည်း စုံတွဲဝတ်စုံ မဝတ်ချင်သည့် သူပဲဖြစ်နေသည်။ပိုင်ရဲ့က သက်ပြင်းချပြီး သူ့ဘေးနားကို လျှောက်သွားပြီးတိုးတိုးလေးပြောလိုက်သည်။

"ကိုယ်တို့ စုံတွဲတွေပဲ... စုံတွဲဝတ်စုံဝတ်တာက ပုံမှန်ပဲ" 


"ဒါပေမဲ့…"


"ဒါပေမဲ့မလုပ်နဲ့... မနက်စာလာစား"


သူ မရုန်းကန်ခင်မှာ ပိုင်ရဲ့က သူ့ကို ထမင်းစား စားပွဲဆီ ဆွဲခေါ်သွားသည်။


.


ရွှေလင်းယုန်ဆုပေးပွဲ၏ ကော်ဇောနီ အပိုင်းကို နေ့လည် ၂ နာရီတွင် စတင်ခဲ့သည်။ မနက်စာစားပြီးနောက်၊ချီရှင်းချန် အဝတ်အစားမလဲလိုက်ရဘဲ ပိုင်ရဲ့ ၏ နာနီကားထဲသို့ တိုက်ရိုက်ဆွဲခေါ်သွားခြင်းခံခဲ့ရသည်။


လမ်းတွင် ချီရှင်းချန် ဒါရိုက်တာကျိုးထံမှ ဖုန်းလက်ခံရရှိခဲ့သည်။


"ရှောင်ချီ မင်းကို သုံးရက်ပဲ လွှတ်ပေးလိုက်တာ...ဘယ်လိုလုပ် ဒီလောက် ပြဿနာအကြီးကြီးရှာလိုက်တာလဲ"


"တောင်းပန်ပါတယ် ဒါရိုက်တာကျိုး" 

ချီရှင်းချန်က တောင်းပန်စကားဆိုလိုက်သည်။


"ဒါက ကျွန်တော့်ရဲ့ ပေါ့ဆမှုပါ... ကျွန်တော် ဒါကို ဖြေရှင်းပြီး ရိုက်ကူးရေးကို မထိခိုက်အောင် ကြိုးစားပါ့မယ်"


"သက်ရောက်မှုကို ငါဂရုမစိုက်ပါဘူး... မင်းတကယ် ပိုင်ရဲ့နဲ့တွဲရင် ငါ ပိုတောင်ပျော်နေလိမ့်မယ်...ဟာဟား၊ ငါက ပွဲ လိုအပ်နေတာလေ... စကားမစပ် မင်း 'မီးခိုးရောင်လမ်း' ကို နောက်ပိုင်းမှာ ကြော်ငြာလို့ရတယ်နော်"


ဒါရိုက်တာကျိုး စိတ်မဆိုးကြောင်းကြားသောအခါ ချီရှင်းချန် အနည်းငယ် စိတ်သက်သာရာရသွားသည်။သူက ရင်းနှီးမြုပ်နှံသူများနှင့် စာချုပ်ချုပ်ထားသည်။ ရုပ်ရှင်ရိုက်နေစဉ်နှင့် ထုတ်လွှင့်နေစဉ်အတွင်း သရုပ်ဆောင်၏ ပုံရိပ်ကို မထိခိုက်စေရန် စာချုပ်တွင် ပြဋ္ဌာန်းထားသည်။


တကယ်တမ်းတွင် ဤအရှုပ်တော်ပုံက သူ့ပုံရိပ်ကို ပျက်စီးစေခဲ့ပြီးဖြစ်ပေမဲ့ အကျိုးသက်ရောက်မှုက အပြုသဘောဆောင်သည်။ ဝဘ်ဒရာမာတစ်ခုအနေဖြင့် 'မီးခိုးရောင်လမ်း' က ပွဲအများဆုံး လိုအပ်သည်။ မဟုတ်လျှင် သူလိုမျိုး နာမည်ကြီးရသစုံရှိူးကြယ်ပွင့်က ဇာတ်ဆောင်အဖြစ် ရွေးချယ်ခံရမှာ မဟုတ်ပါချေ။


ယင်းက သူ၏မူလရည်ရွယ်ချက်မဟုတ်သော်လည်း ပိုင်ရဲ့၏ကျော်ကြားမှုကိုခိုစီးပြီးနောက် 'မီးခိုးရောင်လမ်း' က ဝေဖန်ခံရ၍ဖြစ်စေ ချီးမွမ်းခံရ၍ဖြစ်စေ မလွဲဧကန် ပိုမိုအာရုံစိုက်ခံရလာမည်ဖြစ်သည်။


အာရုံစူးစိုက်မှုရှိနေသရွေ့ ဘာမှမဟုတ်သည်ထက် ပိုကောင်းလေသည်။ 


ဒါရိုက်တာကျိုး နှင့် ခဏကြာ စကားပြောပြီးနောက်သူ ဖုန်းချလိုက်သည်။ ပွဲကျင်းပရာနေရာ သူ့ရှေ့မှာရောက်နေလေပြီ။ပိုင်ရဲ့က ဧည့်ဖျော်ဖြေသူဖြစ်ပြီး ချီရှင်းချန်က 'သမုဒ္ဒရာနှလုံးသား' ၏ အဖွဲ့သားများနှင့်အတူ တက်ရောက်ရမည်ဖြစ်သောကြောင့် ၎င်းတို့နှစ်ဦးသည် ကော်ဇောနီကို အတူတူမလျှောက်နိုင်ကြပေ။ပိုင်ရဲ့က ကားကို စောင့်ဆိုင်းနေရာကို မောင်းခိုင်းသည်။


"လောင်ရှန့် နဲ့ တခြားသူတွေ ဒီမှာ ရောက်နေပြီလား" 

ပိုင်ရဲ့က မေးလိုက်သည်။ 


"ဟုတ်တယ်...သူတို့ ဟိုမှာ"


နှစ်ယောက်လုံးက မိတ်ကပ်လိမ်းထားသဖြင့် နမ်း၍မရပေ။ပိုင်ရဲ့က ဖန်လေး၏ လက်ဖဝါးကို နမ်းလိုက်သည်။ "ကိုယ် မင်းကို ဆုတောင်းပေးနေမယ်"


ချီရှင်းချန်က ခေါင်းညိတ်လိုက်သည်။ "ကောရဲ့ Live ကို လူသိရှင်ကြား ပထမဆုံးကြည့်ဖူးတာဘဲ...အဲဒါကို ကျွန်တော် တန်ဖိုးထားပါ့မယ်"


ဤအကြောင်းနှင့် ပတ်သက်၍ ချီရှင်းချန် ဝမ်းမနည်းဘဲမနေနိုင်ပေ။ အရင်တုန်းက ပိုင်ရဲ့၏ ဖျော်ဖြေပွဲတွေကို ပိုက်ဆံရှိသရွေ့ ကြည့်၍ရသည်။ယခု သူ ပုန်းရှောင်နေရသည်။


နောက်ဆုံး နှစ်သစ်ကူးအကြို ဖျော်ဖြေပွဲကိုပင် ဟိုတယ်ကနေပဲ တိုက်ရိုက်လွှင့်သည်ကို ကြည့်ရှုခဲ့ရသည်။


သူ လွန်စွာမှ မှုန်ကုပ်သွားသည်။