Chapter 146
နောက်ဆုံး နှစ်သစ်ကူးအကြို ဖျော်ဖြေပွဲကိုပင် ဟိုတယ်ကနေပဲ တိုက်ရိုက်လွှင့်သည်ကို ကြည့်ရှုခဲ့ရသည်။
သူ လွန်စွာမှ မှုန်ကုပ်သွားသည်။
ပိုင်ရဲ့က သူ့ကို ကြည့်ပြီး ပြုံးလိုက်၏။
"နောင်မှာ မင်းဒါကို နားထောင်ချင်ရင် ကိုယ် မင်းအတွက် အချိန်မရွေး နေရာမရွေး ဆိုပေးမယ်လေ...လောင်ရှန်နဲ့ တခြားသူတွေက မင်းကို ခေါ်နေကြပြီ... သွားနှင့်ချေ"
"… ကောင်းပြီ"
ချီရှင်းချန် တုံ့ဆိုင်းစွာဖြင့် ကားထဲမှ ထွက်လာခဲ့သည်။
အကောင်းဆုံးဇာတ်ဆောင်နှင့် အမျိုးသမီးဇာတ်ဆောင်၊ အကောင်းဆုံးဒါရိုက်တာနှင့် ယခုနှစ်တွင် အကောင်းဆုံးလူသစ်စာရင်းဝင် တီဗီဒရာမာတစ်ခုအနေဖြင့် 'သမုဒ္ဒရာနှလုံသား' ၏ ဝင်ရောက်ကြည့်မှုက အတော်လေးနောက်ကျခဲ့သည်။ တစ်ယောက်နှင့် တစ်ယောက် မတွေ့ရသည်မှာ နှစ်ဝက်လောက်ကြာပြီဖြစ်၍ အဖွဲ့သားတွေက တစ်ယောက်နှင့်တစ်ယောက် အတိတ်ဟောင်းတွေကိုစားမြုံ့ပြန်နေကြပြီး သူတို့၏ လတ်တလော အခြေအနေတွေကို ဆွေးနွေးကြသည်။ အချိန်တွေကုန်သည်က မြန်၏။
မိနစ်လေးဆယ်လောက်ကြာသောအခါ အစီအစဥ်မှူးက သူတို့ကို ရှာတွေ့ခဲ့သည်။ လူတိုင်းက မိတ်ကပ်အမြန်ဖို့ကြသည်။ထောင်ထောင်က ဖုန့်ကျင်းယွမ်၏လက်ကိုချိတ်၍နှင့် အခြား အမျိုးသမီး ဇာတ်ပို့သရုပ်ဆောင်က ရှန့်ယွီလျန်၏လက်ကိုချိတ်၍ ခန်းမထဲသို့ ဝင်သွားခဲ့သည်။
ကော်ဇောနီပေါ် ပထမဆုံး အကြိမ်လျှောက်ရချိန်မှာ ကြောက်နေလိမ့်မည်ဟု သူ တွေးခဲ့မိသော်လည်း မထင်မှတ်ပဲ၊ သူ လုံးဝ ဝန်ထုပ်ဝန်ပိုးကိုမခံစားခဲ့ရပါချေ။သူက လက်မှတ်ဘုတ်၌ သဘာဝကျကျ ရေးထိုးပြီး မီဒီယာတွေ ဓာတ်ပုံရိုက်ရအောင် လှည့်ပတ်ပို့စ့်ပေးခဲ့သည် ထို့နောက် အင်တာဗျူးဖြေရန် နေရာသို့ လျှောက်သွားသည်။
အစီအစဥ်တင်ဆက်သူက ပြုံး၏။
"ဝိုး...ဒီနေ့ 'သမုဒ္ဒရာနှလုံးသား' ရဲ့ နေရာယူပုံက အရမ်းအင်အားတောင့်တာပဲ...ထောင်ထောင်နဲ့ စလိုက်ရအောင်...ထောင်ထောင်အနေနဲ့ ကျိယန်နေရာမှာ ကောင်းကောင်းသရုပ်ဆောင်ဖို့ 75 ပေါင်အထိဝိတ်ချခဲ့တယ်... အများကြီး ခံစားရမှာဘဲ နော်"
"တော်တော်လေး ခက်ခဲတယ်"
ထောင်ထောင်က လျှာထုတ်လိုက်သည်။
"ကံမကောင်းစွာပဲ ကျွန်မ အဲဒါကို ထိန်းမထားနိုင်ခဲ့ဘူး... ရုပ်ရှင်ရိုက်ပြီးတာနဲ့ အကုန်ပြန်စားတယ်"
အစီအစဥ်တင်ဆက်သူက ပါးစပ်ကို အုပ်ပြီး ရယ်လိုက်သည်။ ထို့နောက် သူမက ဖုန့်ကျင်းယွမ်ကို မေးခွန်းတစ်ခုမေးသည်။ဖုန့်ကျင်းယွမ်က ဖြေကြားပြီးနောက်၊ သူက ချီရှင်းချန်ဆီသို့သွားခဲ့သည်။
"ရှင်းချန်" သူမက ဆက်ပြီး ပြုံးပြသည်။
" 'သမုဒ္ဒရာနှလုံးသား' ဇာတ်ကားရိုက်ကူးနေချိန်က ပိုင်ရဲ့က ရိုက်ကွင်းကို လာလည်တယ်လို့ကြားတယ်...ဟုတ်လား"
ချီရှင်းချန်၏ မျက်တောင်များ အနည်းငယ် တုန်သွားသည်။သူ မဖြေချင်။ သူနှင့် ပိုင်ရဲ့တို့က မုန်တိုင်းဗဟိုချက်တွင် ရှိနေကြသည်။သူတို့ဆက်ဆံရေးကိုလူသိရှင်ကြားမဝန်ခံခင်ဘာမှမပြောခြင်းသည် အကောင်းဆုံးဖြစ်သည်။
သူ အစီအစဥ်တင်ဆက်သူထံမှ မိုက်ကို ယူကာ ခဏလောက် စဉ်းစားလိုက်သည်။
"ရဲ့ကော ရိုက်ကွင်းကို လာလည်တယ်... ဒါပေမဲ့ သူက ကျွန်တော့်ဆီ လာတာမဟုတ်ဘူး...ဒါရိုက်တာရှန်ကို လာတွေ့တာပါ"
"ဟုတ်တယ်"
ရှန့်ယွီလျန်က ပြောသည်။
"ပြီးတော့ထောင်ထောင်ဆီ"
အစီအစဥ်တင်ဆက်သူကပြော၏။
"ကျွန်မ မှတ်မိတာမှန်ရင် ရှင်းချန်နဲ့ထောင်ထောင်တို့က 'ဘက်ဂျက်ခရီးသွားကြမယ်' မှာ အတူပါဝင်ခဲ့တယ်... 'သမုဒ္ဒရာနှလုံသား' မှာ ပြန်ဆုံခွင့်ရတာက ရှင်တို့နှစ်ယောက်က အတော် ရေစက်ပါလို့ပဲ"
"ဟုတ်ကဲ့"
ထောင်ထောင်က ရွှတ်နောက်နောက် ပြုံးလိုက်သည်။
"ရှင်းရှင်းရယ် ကျွန်မနဲ့ ရဲ့ကောရယ်က တွေ့ဖို့ ကံကိုပိုပါသေးတယ်... မနေ့ညက ညစာစားတုန်းကတောင် သူတို့နဲ့ဝင်တိုးသေးတယ်"
"မနေ့ညကညစာ"က ပိုင်ရဲ့နှင့် ချီရှင်းချန်တို့ကြား အရှုပ်တော်ပုံကို ပေါ်ပေါက်စေခဲ့သည့်အရာဖြစ်၏။၎င်းကိုကြားသောအခါ အစီအစဥ်တင်ဆက်သူ၏အမူအရာက အနည်းငယ်ပြောင်းသွာ၏။ သူမသည် အရှုပ်တော်ပုံဆီသို့ ရောက် အတတ်နိုင်ဆုံးကြိုးစားခဲ့ရပြီး မမျှော်လင့်ဘဲ နောက်ဆုံးမှာ ထောင်ထောင်က သူမကို ကူညီခဲ့သည်။
မိုက်ကို ကိုင်ထားသည့် ချီရှင်းချန်၏လက်က ခဏလောက် အေးခဲသွား၏။
သူဘယ်ညာ ရှောင်နေပေမဲ့ နောက်ဆုံးမှာ ရှောင်၍မရပါတော့ပါချေ။ သို့သော်လည်း ထောင်ထောင်က အမှန်အတိုင်းပြောနေသောကြောင့် သူမကို အပြစ်တင်၍မရပေ။
ကံကောင်းထောက်မစွာ၊ နောက်မှာ ဧည့်သည်တွေက စောင့်နေခဲ့သည်။ အဖွဲ့သားသားတစ်ဦးစီအတွက် အချိန်အကန့်အသတ်ရှိသောကြောင့် အစီအစဥ်တင်ဆက်သူက အနက်ကြီးထိ မတူးဘဲ "သမုဒ္ဒရာနှလုံးသား" အဖွဲ့သားများကို လွှတ်ပေးလိုက်သည်။
ပိုင်ရဲ့က ကော်ဇောနီပေါ်မှာ သူ့နောက် အုပ်စုမြောက်မှာရှိသည်။သူတို့၏ လိုက်ဖက်သော ဝတ်စုံတွေက သတင်းထောက်တွေ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။ ထိုအချိန်တွင်၊ချီရှင်းချန်က ပင်မခန်းမထဲသို့ဝင်ပြီး ထိုင်နေပြီဖြစ်သောကြောင့် ရူးချင်စရာမြင်ကွင်းကို မတွေ့ခဲ့ရပေ။
.............
ဧည့်သည်များအားလုံး ကော်ဇောနီလျှောက်ပြီးသည့်နောက် ဆုပေးပွဲအခမ်းအနားကျင်းပရန် အချိန်တန်ပြီဖြစ်သည်။ရုပ်မြင်သံကြားပွဲတော် နှင့် ရုပ်ရှင်ပွဲတော်များတွင် ဆုပေးပွဲများ၏ အစီအစဉ်သည် အများအားဖြင့် ၎င်းတို့ရရှိသည့် ဆုများကိုအခြေခံ၍ သေးရာနှမှကြီးရာအတိုင်းသွားသည်။ရွှေလင်းယုန်ပွဲတော်မှာလည်း အလားတူပါပင်။ အစပိုင်းတွင် အနုပညာလက်ရာ၊ ဇာတ်ညွှန်း၊ တေးသီချင်းနှင့် အခြားဆုများ အသီးသီး ချီးမြင့်ခဲ့သည်။
နောက်ပိုင်းတွင် သရုပ်ဆောင်များနှင့် ဒါရိုက်တာများကို ရွေးချယ်ခဲ့သည်။
ထိုကြားထဲမှာ သီဆိုကပြဖျော်ဖြေသဘ်တွေ ရှိခဲ့သည်။ အချို့ကို ဝန်ထမ်းများက သူတို့ဘာသူတို့ ပြင်ဆင်ကြပြီး အချို့မှာ ဧည့်သည်ဖျော့်ဖြေသူများ ဖြစ်သည်။ပိုင်ရဲ့၏ ဖျော်ဖြေမှုက အကောင်းဆုံး ဇာတ်ဆောင်ဆုပေးမှုအပြီးမှာ နောက်ဆုံးမှလာမည်ဖြစ်၏။
ဆုပေးပွဲအခမ်းအနားကို တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။ မီဒီယာများနှင့် ပရိသတ်များကို မဆွဲဆောင်မိစေရန်အတွက် ချီရှင်းချန် တစ်ချိန်လုံး မတ်မတ်ထိုင်နေလိုက်သည်။ စကားစမြည်လည်းမပြော၊ သူ့ဖုန်းကိုလည်း မကြည့်သလို ငေးလည်းငေးငိုင်မနေခဲ့ပေ။သူသည် ပြီးပြည့်စုံသော ရုပ်တစ်ခုကဲ့သို့ သရုပ်ဆောင်ခဲ့သည်။
ပိုင်ရဲ့က သူ့နောက်မှာ ထိုင်နေသည်။ သူ့ဖန်လေးကို ဤရှုထောင့်ကနေ မြင်နေရသည်။ ဖုန်းကိုထုတ်လိုက်ပြီး ခေါင်းလုံးလုံးလေးကို ခိုးပြီးဓာတ်ပုံ ရိုက်ယူလိုက်၏။
နောက်ဆုံးတွင်၊ တစ်နာရီကျော်ကြာပြီးနောက်၊ အကောင်းဆုံးလူသစ်ဆုအတွက် အချိန်ကျရောက်လာခဲ့သည်။ ဆန်ခါတင်စာရင်းကို အစီအစဥ်တင်ဆက်သူက ဖတ်ပြသည်။ချီရှင်းချန် နှင့် အခြားသရုပ်ဆောင်နှစ်ဦး၏ မျက်နှာများက ဖန်သားပြင်ကြီးပေါ်တွင် ပေါ်လာလေသည်။
"ဒါဆို"
တင်ဆက်သူက ဆိုသည်။
"ဒီနှစ် ရွှေလင်းယုန်ဆုပေးပွဲမှာ ဘယ်သူက အကောင်းဆုံးလူသစ်ဖြစ်လာမလဲ"
ချီရှင်းချန် ရုပ်တုတစ်ခုလို အကြာကြီးနေခဲ့သော်ဘည်း ရုတ်တရက် သူဆက် မဟန်ဆောင်နိုင်တော့ပေ။
အကောင်းဆုံးလူသစ်ဆုကို နှစ်နှစ်နီးပါးကြာအောင်ပွဲဦးထွက်ပြီးသူ၊ အရေးကြီးသော ဇာတ်ပို့အခန်းကဏ္ဍ သို့မဟုတ် ဇာတ်ဆောင်အခန်းကဏ္ဍကနေသရုပ်ဆောင်ခဲ့သူများကိုသာ ပေးအပ်ခဲ့သည်။ထိုသို့ဖြစ်ရာ သူ့ကို လူသစ်အဖြစ် သတ်မှတ်မှာ မဟုတ်ပေ။သူက အမည်စာရင်းတင်သွင်းရန်ပင် အခွင့်အရေးမရှိခဲ့ပါချေ။
ညလုံးပေါက် သရုအ်ဆောင်ကျက်ခဲ့ရသည့် မြင်ကွင်းက သူ့စိတ်ထဲမှာ ကွက်ကွက်ကွင်းကွင်း ရှိနေဆဲဖြစ်ဓ။ ပွင့်ပွင့်လင်းလင်းပြောရလျှင် သူ ဤဆုကို အလွန်လိုချင်သည်။
"သူကတော့…"
တင်ဆက်သူက ပြော၏။
"ဒုတ် ဒုတ် ဒုတ်..."
ချီရှင်းချန်၏နှလုံးက ပြင်းထန်စွာခုန်နေသည်။
"သူကတော့ 'သမုဒ္ဒရာနှလုံးသား' မှာ လင်းရှောင်နေရာကနေ သရုပ်ဆောင်တဲ့ မင်းသား ချီရှင်းချန်"
တင်ဆက်သူက အော်ဟစ်ခိုက်သည်။ "ချီရှင်းချန်ကို ဂုဏ်ပြုလိုက်ကြရအောင်"
... တကယ်က သူပဲ...
ခန်းမထဲတွင် စိတ်အားထက်သန်သော လက်ခုပ်သံများဖြင့် ပြည့်နေသည်။ချီရှင်းချန် စက္ကန့်အနည်းငယ်လောက် မှင်တက်နေပြီးမှ မတ်တပ်ရပ်လိုက်သည်။ သူက လူတိုင်းကို ဦးညွှတ်ပြီး စင်မြင့်ပေါ်ကို တက်သွားသည်။
မလာခင်က ဆုရရန်မမျှော်လင့်ထားသောကြောင့် မိန့်ခွန်းမပြင်ဆင်ခဲ့ပါချေ။ နိုင်ငံတကာအလေ့အကျင့်အတိုင်း ဒါရိုက်တာ၊ ကုမ္ပဏီ၊ သူ့မိသားစုနှင့်သူ့ပရိသတ်တွေကို ကျေးဇူးတင်ခဲ့သည်။ နောက်ဆုံးတွင် သူ ပိုင်ရဲ့ကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။
ပိုင်ရဲ့ကိုသာ မချစ်မိခဲ့ဘူးဆိုလျှင် စိတ်ခံစားမှုဇာတ်ဝင်ခန်းမှာ ဘယ်လိုသရုပ်ဆောင်ရမည်ဆိုသည်ကို ဘယ်တော့မှ နားလည်မှာမဟုတ်ပေ။
သူ့အား စိတ်ခံစားမှု ခုနစ်ခုနှင့် ဆန္ဒခြောက်ခုပါသော ပြီးပြည့်စုံသော လူတစ်ယောက်ဖြစ်လာစေခြင်းအတွက် ပိုင်ရဲ့ကို ကျေးဇူးတင်ရပေမည်။
တစ်ဖန် လေးနက်စွာ ဦးညွှတ်ပြီး ထိုင်ရာသို့ ပြန်သွားခဲ့၏။ အချိန်အကြာကြီး သူ ငြိမ်ငြိမ်မနေနိုင်ခဲ့။ သူက တကယ်ပဲ ဆုရသူဆိုသည်ကို မယုံနိုင်ပေ။တီဗီစီးရီးအတွက် အကောင်းဆုံး မျက်နှာသစ်ဆုကိုသာ ရရှိခဲ့ခြင်းဖြစ်ပြီး အကောင်းဆုံး ဇာတ်ပို့ဆု သို့မဟုတ် အကောင်းဆုံး ဇာတ်ဆောင်ဆုတို့ကဲ့သို့ တန်ဖိုးမရှိသော်လည်း သူ့အပေါ် အသိအမှတ်ပြုမှုတစ်ခု ရှိနေဆဲပင်။
စင်ပေါ်မှာ အစီအစဥ်တင်ဆက်သူက ပိုင်ရဲ့၏ထွက်ပေါ်လာမှုကို ကြေညာပြီးချိန်မှသာ သူပုံမှန်အခြေအနေကိုပြန်လည်ရောက်ရှိလာခဲ့သည်။သူ ဆုကို ပေါင်ပေါ်တင်ကာ ဂီတသံနှင့်အတူ သူ့ခန္ဓာကိုယ်ကို လှုပ်ရှားစေခဲ့သည်။ ရံဖန်ရံခါ သူက တိတ်တိတ်လေး စကားအနည်းငယ်ပြောတတ်သည်။
ဆူညံသံတွေ အများကြီး မပြဝံ့ပေ။ ပထမအချက် သူ မီဒီယာကို ကြောက်သည်။ နောက်တစ်ချက်က ထောင်ထောင်ကို သက်ရောက်မှာစိုးသည်။ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုနှင့် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုအတွက် တိုက်ပွဲတွင် ဖုန့်ကျင်းယွမ်က အကောင်းဆုံးဇာတ်ဆောင်ဆုကို ဒုတိယအကြိမ်မြောက် ခဲ့ရသော်လည်း ထောင်ထောင်က အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို လွဲချော်ခဲ့သည်။
ဤအခိုက်အတန့်တွင် သူမပုံစံက တည်ငြိမ်နေဆဲဖြစ်သော်လည်း သေချာပေါက်စိတ်အခြေအနေမကောင်းနိုင်လောက်။
မဟုတ်လျှင် သူမလက်သီးတွေကိုဤမျှလောက်တင်းတင်းဆုပ်ထားမှာ မဟုတ်ပေ။
ပိုင်ရဲ့က ယနေ့ သီချင်းနှစ်ပုဒ် ဖျော်ဖြေမှာ ဖြစ်၏။ ပထမသီချင်းမှာ နှစ်သစ်ကူးအကြိုပါတီတွင် ဖျော်ဖြေပြီးသော အယ်လ်ဘမ်၏အဓိကသီချင်းအသစ်ဖြစ်သည်။ ဒုတိယသီချင်းက ပိုအံဩစရာကောင်းသည်။နည်းပြငါးဦး အတူတကွ ရေးစပ်ထားသည့် "My Time" ၏ မူရင်းသီချင်းဖြစ်သည်။
သို့ပေမဲ့ သေသေချာချာ နားထောင်ပါက ပထမဗားရှင်းနှင့် မတူပေ။ပိုင်ရဲ့က သူနှင့် ချီရှင်းချန် ရေးထားသည့်အပိုင်းကလွဲ၍ ကျန်သီချင်းစာသားများကို ပြန်ရေးထားပုံရပြီး သူမသိသေးသည့် စာသားတွေချည်းဖြစ်၏။
သီချင်းကို ငြိမ်ငြိမ်အေးအေးလေး သီဆိုနေသည့်ပိုင်ရဲ့က သူ့နားများကို ကယ်တင်ခဲ့သော နတ်သားတစ်ပါးနှင့် မခြားပါချေ။သီချင်းဆိုအပြီးမှာ အစီအစဥ်တင်ဆက်သူက ပြုံးရွှင်နေသည့်မျက်နှာနှင့် သူ့ဘေးနားကို လျှောက်သွားသည်။
"ကောင်းလိုက်တာ...အချိန်မရှိလို့သာရယ် မဟုတ်ရင် ကျွန်မရှင့်နောက်ကို လိုက်ပြီး ဝမ်းစမိုးတူးစမိုး အော်မိမှာ"
"သဘောကျပေးလို့ ကျေးဇူးတင်ပါတယ်"
ပိုင်ရဲ့က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ဒီနေ့မနက်ကျမှ ဒုတိယသီချင်းအတွက် တွဲလုံးကို တွဲပေးလိုက်တယ်လို့
တွဲလုံးလိုက်ပေးသူဆီက ကြားတယ်"
အစီအစဥ်တင်ဆက်သူက စပ်စုလိုက်သည်။
"အခုမှထွက်တဲ့သီချင်းအသစ်လား"
"မဟုတ်ဘူး"
ပိုင်ရဲ့က ငြင်းသည်။
"ဒီသီချင်းကို "My Time" မှာ ရိုက်ကူးတုန်းက ပထမဆုံး ရေးစပ်ခဲ့တာပါ...ကျွန်တော်က သံစဥ်ကို ရေးစပ်ပြီး "My Time" ရဲ့ နည်းပြအားလုံးက သီချင်းစာသားကို ရေးခဲ့တယ်...ဒုတိယအကြိမ်မြောက် ရေးစပ်ခဲ့တာ မနေ့ညကပါ... အတိအကျပြောရရင် အိပ်ပျော်နေတဲ့အချိန်မှာပေါ့... ကျွန်တော် သူရေးတဲ့ စာသားတွေကို ရွေးပြီး မှတ်စုတိုယူပြီးတော့ ကျန်တာကို ရိုက်ထည့်လိုက်တယ်"
ဆုပေးပွဲ ပြီးဆုံးခါနီးသည်နှင့်အမျှ ဧည့်သည်တော်များ ထွက်ခွာရန်တကြွကြွဖြစ်နေကြသည်။ တစ်ယောက်ပြီးတစ်ယောက် ကိုယ့်ပစ္စည်းကိုယ် ယူပြီး အပြင်ထွက်ရန် ပြင်ဆင်နေကြသည်။ပိုင်ရဲ့က ချီရှင်းချန်အကြောင်းထည့် ပြောသည်ကို ကြားသောအခါ ကုလားထိုင်မှာ ချက်ချင်း ပြန်ထိုင်လိုက်ကြသည်။
"သူရေးတဲ့ သီချင်းစာသားတွေကို ရွေးထုတ်တယ်" ဟု ကြားသည့်အခါ သူတို့ ပစ္စည်းတွေချလိုက်ကြပြီး ပရိသတ်က အသံတိတ်သွားသည်။
ပိုင်ရဲ့ရဲ့ ဒုတိယအကြိမ်ရေးစပ်မှုက ဘာကို ဆိုလိုတာလဲ...
သီချင်းကို တည်းဖြတ်ပြီးနောက်၊ သီချင်း၏ သဘောသဘာဝသည် လူအများကြား ပူးပေါင်းလုပ်ဆောင်မှုမှ ချီရှင်းချန် နှင့် ပိုင်ရဲ့ အကြား ပူးပေါင်းလုပ်ဆောင်မှုသို့ ပြောင်းလဲသွားသည်ဟု ဆိုလိုခြင်းဖြစ်သည်။
ယင်းက ချီရှင်းချန် နှင့် ပိုင်ရဲ့ တို့၏ သီးသန့်သီချင်းဖြစ်သည်။
ခေတ္တနားပြီးနောက် ပိုင်ရဲ့ကဆက်ပြောသည်။
"ကျွန်တော် ဒီသီချင်းကို ဆိုဖို့ ရွေးချယ်ရတဲ့ အကြောင်းရင်း နှစ်ခုရှိပါတယ်... ပထမအနေနဲ့ ကျွန်တော်မှာ့ချစ်သူရှိနေကြောင်း ကြေညာဖို့ ဒီအခွင့်အရေးကို သုံးချင်ပါတယ်...တစ်ဖက်လူကတော့ ချီရှင်းချန်ပါ
"
“ဒုတိယအနေနဲ့ အကောင်းဆုံး လူသစ်ဆုကို ရရှိခဲ့တဲ့ ကျွန်တော့်ရဲ့ ချစ်သူကို ဂုဏ်ပြုပါတယ်...မင်းက သိပ်ကိုတောက်ပတာပဲ...ကိုယ် အရမ်းကြိုက်တယ်"