Chapter 147
သတင်းမျိုးစုံက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ လဝက်အကြာပျံ့နှံပြီးမှ ရပ်တန့်သွားခဲ့သည်။ သို့သော်လည်း ဂယက်များကို ဖြစ်ပေါ်စေသော လူနှစ်ဦးက ဘာမှမဖြစ်သကဲ့သို့ ပြုမူခဲ့သည်။ထိုနောက်မှာ သူတို့သည် အွန်လိုင်းမှပဲဖြစ်စေ ကင်မရာရှေ့မှပဲဖြစ်ဖြစ်ပျောက်ကွယ်သွားပြီး လူအများရှေ့မှာ တစ်ခါမှ မတွေ့ရလုနီးပါးပါပင်။
ပိုင်ရဲ့က စတူဒီယိုဖွင့်ရန် စိတ်ပူနေသည်။နော်ရာနှင့် သူ့ စာချုပ်က အမည်ခံအဖြစ်သာ အမြဲရှိနေခဲ့သည်။ ယခု သက်တမ်းကုန်ခါနီးပြီဖြစ်ပြီး သူ သက်တမ်းတိုးတော့မှာ မဟုတ်ပေ။
နော်ရာ၏ ဥက္ကဋ္ဌချီကလည်း အလွန်သဘောတူသည်။ လက်တွေ့ဘဝတွင်၊ သူ၏idolက ပို၍လွတ်လပ်ပြီး မည်သည့်အရာနှင့်မျှ ချည်နှောင်ခြင်းမပြုရန် သူအမြဲတမ်းမျှော်လင့်ထားခဲ့သည်။ ကံမကောင်းစွာဖြင့်၊ သူက သူ့ idol ၏ စတူဒီယိုကို မမြင်ရမီတွင် ကားမတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး စာအုပ်ထဲသို့ ကူးပြောင်းသွားခဲ့သည်။ ယခု သူ့အိမ်မက်တွေ တကယ်ဖြစ်လာခဲ့ပြီဖြစ်၏။
သူကိုယ်တိုင်ကလည်း "မီးခိုးရောင်လမ်း" ဇာတ်ကားရိုက်ကူးရေးနှင့် အလုပ်ရှုပ်နေခဲ့သည်။ဇာတ်ကြောင်းက နောက်ပိုင်းအဆင့်သို့ တိုးတက်လာသည်နှင့်အမျှ လူကုန်ကူးမှုဖြစ်စဉ်၏ အမှန်တရားသည် တဖြည်းဖြည်း ထင်ရှားလာခဲ့သည်။ ရိုက်ကူးရေး၏ လေသံက ဒရာမာ၏နာမည်အတိုင်းပဲ စိတ်ပျက်စရာကောင်းသည့် မီးခိုးရောင်နှင့် ပြည့်နေသည်။နောက်ပိုင်းမှာ လျန်ရှောင်လုံ ၏ ဦးနှောက်ရောဂါ ပျောက်ကင်းသွားကာ ရာဇဝတ်ကောင်အား တရားဥပဒေလက်အောက်ပို့ခဲ့ပြီး ၎င်း၏ မိဘအရင်းများနှင့် မွေးစားမိဘများ ပြေလည်မှုရရှိခဲ့သည်။
ဝမ်းနည်းမှု၏နောက်တွင် ပျော်ရွှင်မှုကလိုက်ပါလာပြီး သူ၏ စိတ်ခံစားမှုများက အစွန်းနှစ်ဖက်ကြားတွင် မကြာခဏ စုတ်ဖြဲခံနေရသည်။ နေ့တိုင်း ရုပ်ရှင်ရိုက်သည်ကလွဲ၍ သူ သူ့ဘာသာသူ ညှိယူနေရသည့် အခြေအနေမှာရှိနေပြီး အွန်လိုင်းပေါ်တက်ရန် စိတ်ကူးမရှိခဲ့ပေ။
တစ်လခွဲကြာပြီးနောက် လမ်းဘေးနှစ်ဖက်ရှိ ဈေးဆိုင်များတွင် မီးပုံးအနီများ တစ်လုံးပြီးတစ်လုံး ချိတ်ဆွဲလာကြသည်။ စျေးဝယ်စင်တာများနှင့် စူပါမားကတ်များတွင် နှစ်သစ်ကူး ကုန်ပစ္စည်းများ သယ်ဆောင်လာသည့် အိမ်ရှင်မများကို နေရာတိုင်းတွင် တွေ့မြင်နိုင်သည်။
နှစ်ကုန်ပိုင်းကလည်း တဖြည်းဖြည်းနီးလာလေပြီ။
အဖွဲ့ထဲက သရုပ်ဆောင်တွေနှင့် ဒါရိုက်တာတွေက အကောင်ကြီးကြီးတွေမဟုတ်မပေမဲ့ သားတွေနှင့် ခင်ပွန်းသည်တွေဖြစ်နေတုန်းပါပင်။ ဒါရိုက်တာကျိုးက တိုးတက်မှုကောင်းကြောင်း မြင်ပြီး လူတိုင်းအား နှစ်သစ်ကူးအကြိုမှ ဆဋ္ဌမနေ့အထိ နှစ်စဉ်ခွင့်ခုနစ်ရက် ပေးခဲ့သည်။ နှစ်သစ်ကူးအကြိုညတွင် ချီရှင်းချန် သူ၏ ခရီးဆောင်အိတ်ကွဆွဲကာ လေယာဉ်ပေါ်မှ ဆင်းလာသည်။ လေဆိပ်မှာ သူ့ကိုလာကြိုသည့် ဖန်တွေနှင့်မီဒီယာတွေကို ကိုင်တွယ်ရသည်က မလွယ်ပါချေ။
သူ့ကို လာကြိုသည့် မိသားစုတစ်အုပ်တမကြီးကို တွေ့သောအခါ သူ့နှာခေါင်းတွေ ကျိမ်းစပ်လာလေသည်။
ချီယွီကျီး သူ့လည်ပင်းမှာ ပဝါတစ်ထည်ကို အလျင်စလိုပတ်ပေးရင် မကျေမနပ်ဆိုသည်။
"ဒါက ဘယ်လိုတောင် ဆိုးဝါးတဲ့ ရိုက်ကူးရေးအဖွဲ့လဲ... ဟင်းကောင်းကောင်းမချက်နိုင်ဘူးလား... မင်းဘယ်လောက်ပိန်သွားသလဲကြည့်...ပါးရိုးတွေကိုထောင်တော့မယ်"
"မှန်တယ်"
အဖေချီက မျက်မှောင်ကြုတ်လိုက်သည်။
"ယွမ်ရှောင် နှစ်သစ်ကူးပြီးရင် ရှင်းရှင်းရဲ့ရိုက်ကူးရေးအဖွဲ့ဆံမှာ ပိုက်ဆံနည်းနည်းလောက် ရင်းနှီးမြှုပ်နှံလိုက်"
ချီယွမ်ရှောင်က ယာဉ်မောင်းကို မောင်းခိုင်းပြီးနောက်ဆိုသည်။
"အဖေ... ရိုက်ကူးရေး စကတည်းက သန်း 20 ကျော် ရင်းနှီးမြှုပ်နှံထားတယ်"
ချီရှင်းချန်:"..."
ဒါရိုက်တာကျိုးက သူ့ကို ဘယ်တုန်းကမှ မကြိမ်းမောင်းသည်မှာ မဆန်းတော့ပေ။
"ယွမ် သန်း 20က ရှင်းရှင်းရဲ့အသားအောင်စနည်းနည်းလောက်တောင် တိုးတာမတွေ့ဘူး... ပိုက်ဆံမလောက်လို့ ဖြစ်ရမယ်...အချိန်တန်ရင် သူ့ကို ဆက်သွယ်ဖို့ တစ်ယောက်ယောက် ပို့လိုက်"
အဖေချီက ညွှန်ကြားသည်။
ချီမိသားစု၏ နိယာမမှာ ငွေဖြင့် ဖြေရှင်း၍မရသောအရာဟူ၍ ကမ္ဘာပေါ်တွင် မည်သည့်အရာမှ မရှိခြင်းပင်ဖြစ်သည်။ ရှိလျှင် ပိုက်ဆံမလောက်၍ဖြစ်၏။
ချီရှင်းချန် ခဏတာ စကားမပြောနိုင်ဖြစ်နေသည်။နောက်ဆုံးတွင် ဖခင်ဖြစ်သူအား ချွဲကာ ဖြောင့်ဖြလိုက်ရ၏။
အိမ်ပြန်ရောက်သောအခါ ညကိုးနာရီ ထိုးနေပြီဖြစ်၏။ သူ့မိသားစုနှင့် ခဏတာ စကားစမြည်ပြောပြီးနောက်၊ ချီရှင်းချန် သူ့ကိုယ်သူ သန့်ရှင်းစွာ ဆေးကြောကာ တခြားကမ္ဘာပေါ်ရှိ သူ၏ ပထမဆုံး နွေဦးပွဲတော်အတွက် ပြင်ဆင်လိုက်သည်။
ထိုညက သူ အိပ်မက်ငါးခုမက်ခဲ့သည်။
နှစ်သစ်ကူးအကြိုနေ့နံနက်တွင် သူသည် နံနက်နေရောင်အောက်တွင် နိုးလာပြီး မိသားစုတစ်ခုစီတိုင်း၏ အငယ်ဆုံးကလေး၏တာဝန်ဖြစ်သော နွေဦးပွဲတော် နှစ်ကြောင်းရေးကဗျာများကပ်ရသည့်တာဝန်ကို ပြီးမြောက်အောင်လုပ်ရန် စိတ်လှုပ်ရှားစွာ ပြေးထွက်လာခဲ့သည်။
ချီအိမ်တော်၏ အပြင်ဘက်တွင် တံခါးသုံးပေါက်ရှိသည်။ ဗီလာ၏ရှေ့နှင့်နောက်တွင် လျှပ်စစ်တံခါးနှစ်ပေါက်ရှိသည်။မြင်းဇောင်း၊ ဥယျာဉ်နှင့် မှန်ခန်းမျယးအပြင် တံခါးဆယ်ပေါက်ကျော်လည်း ရှိသည်။ တံခါးတွေ ကပ်ပြီးသည်နှင့် ချွေးတွေကို သုတ်ပြီး အန်တီကျန်းနှင့် ချီယွီကျီးတို့နှင့် ပန်းကန်တွေ ပြင်ဆင်သည်။
ချီမိသားစု၏ စားဖိုမှူးနှင့်အစေခံများသည် နှစ်သစ်ကူးအတွက် ၎င်းတို့၏ မွေးရပ်မြေသို့ ပြန်သွားခဲ့ကြပြီး ကလေးမရှိသော အန်တီကျန်းတစ်ဦးတည်းသာ ချီမိသားစုနှင့်အတူ နေခဲ့သည်။အန်တီကျန်းက အသက်ကြီးပြီး သူ့ဘာသာသူ အများကြီး မလုပ်နိုင်ပေ။ အရင်နှစ်တွေတုန်းက ချီယွမ်ရှောင်က ဟိုတယ်ကို ဟင်းပွဲတွေ ပို့ခိုင်းတတ်သည်။ဤနှစ်မှာ ချီရှင်းချန်က သူ့အစ်ကိုကို တားလိုက်သည်။
သူ့မိသားစုအတွက် နှစ်သစ်ကူး ထမင်းတစ်နပ်ကို သူ့လက်နှင့် ကိုယ်တိုင် ချက်ချင်ခဲ့သည်။
အိမ်တွင် ပါဝင်ပစ္စည်းများ ပြတ်လပ်မှုမရှိပါချေ။အန်တီကျန်း နှင့် ချီယွီကျီးက သူ့ကို ကူညီပေးသည့်အတွက် အတော်လေး မြန်မြန်ချက်နိုင်ခဲ့သည်။ သို့သော် ပြီးသွားသည့်အခါ နေ့လယ်ပင် ဖြစ်နေပြီဖြစ်၏။
တစ်နှစ်တာ၏ အရေးကြီးဆုံးပွဲတော်က သေချာပေါက် အရက်သောက်ရန်လိုအပ်သည်ပင်။အဖေချီက သားသမီးတွေကို လွတ်လွတ်လပ်လပ် သောက်ရန် ပြောသည့်အတွက် ညနေပိုင်းမှာ နှစ်သစ်ကူး နှုတ်ခွန်းဆက်ရမည့် အချိန်ရောက်သည့်အထိ စားသောက်ပြီး စကားစမြည်ပြောကာ ရယ်မောခဲ့သည်။
မူရင်းစာအုပ်တွင် အမြောက်စာမိသားစုအနေဖြင့် ချီမိသားစု၏ဆွေမျိုးကွန်ယက်က မရှုပ်ထွေးပါချေ။နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားများကို လူကိုယ်တိုင် ပေးဆောင်ရမည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်မှာ မူလပိုင်ရှင် ဦးလေးဖြစ်သူ ချီကျားကျစ်၏ ဖခင်ဖြစ်သည်။
ရိုးရိုးရှင်းရှင်းဖုန်းခေါ်ဆိုမှုအပြီးတွင် ယခင်က သူနှင့်တွဲအလုပ်လုပ်ခဲ့ဖူးသည့် ဒါရိုက်တာများနှင့် သရုပ်ဆောင်များထံ စာတိုပေးပို့ခဲ့သည်။ နောက်ဆုံးမှာ သူ့ချစ်သူနှင့် ဆက်သွယ်ရမည့် အချိန်ကို ရှာတွေ့ခဲ့သည်။
⭐: [တစ်နေကုန်အလုပ်များနေတာ နောက်ဆုံးတော့ အားပြီ...နှစ်သစ်ကူးညစာ ပြီးပြီလား]
[🌕]: [စားပြီးပြီ...အမေနဲ့ ဖက်ထုပ်လုပ်နေတာ]
⭐: [ထိတ်လန့်စရာ] [ထိတ်လန့်စရာ] ဖက်ထုပ်လုပ်တတ်တာလား]
[🌕]: [သူလုပ်နေတာလေ...ကိုယ်က သူနဲ့စကားပြောနေတာ]
ချီရှင်းချန်: "…"
သူသိသည်။ ထိုကဲ့သို့ လေးနက်သော အတတ်ပညာကို သခင်လေးပိုင် တတ်မြောက်ရန် မဖြစ်နိုင်ပေ။
[🌕]- [ဖက်ထုပ် ကြိုက်လား]
⭐: [တရုတ်နံနံထည့်တာကလွဲရင် အားလုံးက အရသာရှိတယ်]
အနှီဖန်လေးက အစားအသောက်ကို ဘယ်တုန်းကမှ ဇီဇာမကြောင်ဖူးပေ။ဂျင်းမှလွဲ၍ ပိုင်ရဲ့ သူ အစားအသောက်အချို့ကို မကြိုက်ကြောင်းပြောသည်ကို ပထမဆုံးအကြိမ်ကြားလိုက်ခြင်းပင်။ သူ တိတ်တိတ်လေး မှတ်ထားပြီး စာဆက်ရိုက်ခဲ့သည်။
[ဒါဆို ဖက်ထုပ်လုပ်နည်း ကိုယ်သင်လိုက်မယ်]
⭐: [မလိုပါဘူး မလိုပါဘူး!ကျွန်တော် ဖက်ထုပ်လုပ်တတ်တယ်...နောင်ကျရင် ကျွန်တော် လုပ်ပေးမယ်!]
ဤစာကြောင်းကို ပေးပို့ပြီးနောက်၊ချီရှင်းချန် သူ့အသုံးအနှုန်းတွင် ပြဿနာတစ်ခုရှိနေကြောင်း ရုတ်တရက် သတိထားမိလိုက်သည်။
ယခုအချိန်မှာ သူနှင့်ပိုင်ရဲ့ကို အတူတူ အချိန်ကုန်ခဲသည်။ ဆုံကြလျှင်ပင် ဟိုတယ်ကို သွားကြလေ့ရှိသည်။ ဖက်ထုပ်လုပ်ခြင်းသည် လိုအပ်သောကိရိယာများအစုံအလင်ရှိသော အိမ်အတွက်သာ သင့်လျော်သည်။
ဤစကားကိုပြောလိုက်သည်က သူပိုင်ရဲ့နှင့် အတူနေနိုင်သလိုမျိုးပင်။
ချီရှင်းချန် မြန်မြန်ဆန်ဆန် ပြင်လိုက်သည်။
[ပြီးတော့ ဟိုတယ်မှာ ဂျုံမှုန့်နဲ့ အသားတွေ ဝယ်တာက ပုံမှန်မဟုတ်ဘူးဗျ... စားချင်ရင် မှာစားရုံပဲရှိတယ်]
[🌕]: [ဝယ်စရာမလိုပါဘူး... အိမ်မှာအသားနဲ့ ဂျုံမှုန့် ရှိတယ်]
… အိမ်လား
အဲဒါ ဘာကို ဆိုလိုတာလဲ...
ချီရှင်းချန် အနည်းငယ် စိတ်ရှုပ်ထွေး သွားသည်။
ဖန်လေးက အချိန်အတော်ကြာ စာမပြန်သည်ကို မြင်ပြိး ပိုင်ရဲ့ သူ့စာတွေကို ပြန်ဖတ်ကြည့်သောအခါ အဓိပ္ပာယ်မရှင်းလင်းသည့်အရာတစ်ခုတွေ့လိုက်ရသည်။သူရှင်းပြလိုက်သည်။
[ကိုယ် "အိမ်" လို့ပြောတဲ့အချိန်က မိဘတွေရဲ့အိမ်မဟုတ်ဘဲ ကိုယ့်အိမ်လို့ဆိုလိုတာ...ကြောက်စရာမလိုပါဘူး]
[⭐]: […ခင်ဗျားရဲ့အိမ်…]
[🌕]: [ဟုတ်တယ်...ကိုယ် မြို့တော်တော်များများက အိမ်တွေကို ပြင်ဆင်ထားပြီးပြီ... အချိန်တန်ရင် ရွှေ့လို့ရတယ် ...မင်းအတွက်နေ့စဉ်လိုအပ်တာတွေကို ကိုယ်ကြိုပြင်ထားမယ်]
ဤစာကို ပို့ပြီးသည့် နောက်မှာ ဖန်လေးက အကြာကြီး စာမပြန်ဘဲနေပြန်သည်။ပိုင်ရဲ့ အတွင်းစိတ်က သက်ပြင်းတစ်ချက် ချလိုက်ပြီး: [မင်း ကိုယ်နဲ့ မနေချင်ရင် ကိုယ် ဟင်းချက်နည်းကိုအရင်သင်လိုက်မယ်... အခွင့်အရေးရရင် မင်းကိုပို့ပေးမယ်]
ချီရှင်းချန်: "!!!"
သူက ပိုင်ရဲ့နဲ့ ဘယ်လိုလုပ် မနေချင်ဘဲရှိမှာလဲ...
သူ... မယုံဝံ့ခဲ့ခြင်းသာဖြစ်၏။
ပိုင်ရဲ့က သူ သူနှင့် မနေချင်ဘူးဟု တကယ်ထင်သွားမှာကို ကြောက်ပြီး ချီရှင်းချန် TVလည်း ဆက်မကြည့်နိုင်၊ သစ်သီးဖျော်ရည်လည်း ဆက်မသောက်နိုင်၊ သူ့လက်ထဲက သကြားလုံးတွေကလည်း မချိုတော့ပေ။သူ ခေါင်းငုံ့ပြီး ကမန်းကတမ်း စာရိုက်လိုက်သည်။
[ဟုတ်!!! နေချင်တယ် ....နေချင်တယ်!!!]
အာမေဋိတ်အမှတ်အသားတွေနှင့် ပြည့်နေသည့် ဖန်သားပြင်ကို ကြည့်ပြီး ပိုင်ရဲ မရယ်ဘဲမနေနိုင်။
[ကောင်းပြီ...အိမ်ထိန်းကို သန့်ရှင်းရေးလုပ်ခိုင်းလိုက်မယ်... ပြီးသွားရင် အချိန်မရွေး လာလို့ရတယ်]
⭐: [ဒါပေမဲ့ ကျွန်တော်တို့ တကယ် အတူနေလို့ရပါ့မလား]
[🌕]:[ဒါပေါ့... ကိုယ်တို့က လူသိရှင်ကြား ထုတ်ပြပြီးလေ အရူးလေးရဲ့]
ပျော်ရွှင်မှုဆိုသည်ကလည်း ရုတ်တရက်ရောက်လာတတ်သည်။ချီရှင်းချန် စခရင်ကို စိုက်ကြည့်ကာ ဘာမှ မပြောဘဲ မိုက်မဲစွာ ပြုံးလိုက်သည်။
ထိုအချိန်တွင် ပိုင်ရဲ့က ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။
[အင်း...တရုတ်နှစ်သစ်ကူး သုံးရက်မြောက်နေ့မှာ မင်း အားလား]
[⭐]: [အားတယ်...ဘာဖြစ်လို့လဲ]
ပိုင်: [ကိုယ့်မိဘတွေက မင်းကိုတွေ့ချင်နေတာ]
ခေတ္တနားပြီးနောက် ပိုင်ရဲ့ကထပ်ဖြည့်ပြောလိုက်သည်။
[သူတို့က မကောင်းတဲ့ရည်ရွယ်ချက်မရှိပါဘူး... သူတို့ရဲ့သားနောက်တစ်ယောက်က ဘယ်လိုမျိုးလဲဆိုတာကို သိဖို စိတ်လောနေကြရုံတင်]
ပိုင်: [မင်း မလာချင်ရင် ဒါမှမဟုတ် မင်းအိမ်မှာ မိသားစုနဲ့နေချင်ရင်လည်း ရတယ်...ကိုယ် သူတို့ကို စောင့်ခိုင်းလိုက်မယ်]
ပိုင်: [မင်း ကြောက်သွားတာတော့မဟုတ်ပါဘူးနော်... တောင်ပန်ပါတယ် သူတို့က အမြဲတမ်း နောက်ထပ် ကလေးလိုချင်နေတာဆိုတော့...ကိုယ်ချစ်သူရမှန်း သိလိုက်ရတဲ့အခါ အရမ်းစိတ်လှုပ်ရှားသွားကြတာ... သူတို့က နေ့တိုင်း ကိုယ့်နောက်ကိုတစ်ကောက်ကောက်လိုက်ပြီး မေးခွန်းတွေ ဆက်တိုက်မေးနေတော့တာပဲ]
ပိုင်: [ဒါပေမဲ့ မင်းရဲ့အမြင်ကို ကိုယ် လေးစားပါတယ်... မင်းအဆင်ပြေသလို လုပ်မယ်]
ပိုင်ရဲ့၏မက်ဆေ့ခ်ျတွေက အမြဲတမ်းလိုရင်းတိုရှင်းဖြစ်၏။ယခုလို တစ်ခုပြီး တစ်ခု မက်ဆေ့ခ်ျပို့သည်က ရှား၏။ ခြောက်ကြိမ်ဆက်တိုက် မက်ဆေ့ချ်များကနေ၊ ချီရှင်းချန် ပိုင်ရဲ့က သူ့ကို ဘယ်လောက် ဂရုစိုက်ပြီး ဘယ်လောက် လေးစားကြောင်း ခံစားရ၏။
လွန်ခဲ့သောနှစ်လက ပိုင်ရဲ့က သူ့မိဘများနှင့်တွေ့ဆုံရန် အိမ်သို့ခေါ်ဆောင်သွားချင်ကြောင်းပြောခဲ့သည်။ ထိုအချိန်က ပိုင်ရဲ့၏မိဘများက လိင်တူဆက်ဆံရေးကို လက်မခံမည်ကို စိုးရိမ်သောကြောင့် သူသဘောမတူခဲ့ပေ။
ယခုမူ ပိုင်ရဲ့ကို သူ မည်သို့ ငြင်းဆန်နိုင်မည်နည်း။
[အိုကေ... တရုတ်နှစ်သစ်ကူး သုံးရက်မြောက်နေ့မှာ ခင်ဗျားဆီကျွန်တော်လာမယ်]
[🌕]: [ကောင်းပြီ... ကိုယ် မင်းအတွက် လေယာဉ်လက်မှတ်ကို ကြိုမှာထားလိုက်မယ်]
.......
ပိုင်ရဲ့၏ မိဘများက တစ်ဖက်ပြည်နယ်၏ မြို့တော်တွင် နေထိုင်ကြသည်။ အချိန်နှင့် အခြားကိစ္စများကို အပြီးသတ်ပြီးနောက် နွေဦးပွဲတော် ၏ တင်ဆက်သူက စက္ကန့်များကိုရေတွက်ကာ နှစ်သစ်ကို စတင်ခဲ့သည်။
သူ့အဖေ၊ အစ်ကို၊ အစ်မတွေ အကုန်လုံးက တီဗွီကကြည့်နေသည်ကို မြင်သဖြင့် ပိုင်ရဲ့ သူ့ဖုန်းကို ဘေးချထားပြီး သူ့မိသားစုနှင့်အတူ လိုက် ရေတွက်ခဲ့၏။
"ငါး၊ လေး၊ သုံး၊ နှစ်၊ တစ်…"
ဒင်ခနဲမြည်သောအခါ သူ့မိသားစုက သူ့ဘက်လှည့်ပြီးတစ်ပြိုင်တည်းဆိုလာသည်။
"ရှင်းရှင်း...ရှင်းညန်ခွိုက်လာ့"
"အဖေ၊ ကော၊ကျဲ...ရှင်းညန်ခွိုက်လာ့"
ချီရှင်းချန်၏ မျက်လုံးများသည် လခြမ်းကွေးများအဖြစ်သို့ ကွေးသွားကာ ပြုံးပြလိုက်သည်။
သူ့မိသားစုက တပြိုင်တည်းဆိုလာသည်။
"ရှင်းရှင်း... ဒီမှာထိုင်နေ မရွေ့နဲ့နော်"
ပြောပြီးနောက် အားလုံး ပြေးသွားကြသည်။
ချီရှင်းချန်: "…"
သူတို့ဘာတွေလုပ်နေတာလဲ...
သို့သော် ရှင်းရှင်းက လိမ္မာသောကလေးတစ်ယောက်ဖြစ်သည်။ သူ့အဖေက သူ့ကို မရွေ့နဲ့ဟုပြောသဖြင့် သူ တကယ်မရွေ့ပေ။
သူစာမတင်သည်က ကြာပြီဖြစ်သဖြင့် ဘယ်လိုလုပ်ရမလဲ စဉ်းစားသည်။ သူတစ်ခုခုမပြောလျှင်လသူ့ Weiboက ရူးသွပ်သွားနိုင်သည်။ သူ့ဖုန်းကို ထုတ်လိုက်ပြီး စာမရိုက်ခင် ခဏလောက် စဉ်းစားလိုက်သည်။
— — ချီရှင်းချန်:ကြယ်အလင်းတန်း အားလုံး ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူး ဖြစ်ပါစေ၊ ငြိမ်းချမ်းပြီး အောင်မြင်ပါစေ [အသဲ]
ယခုဆို ဖန်အရေအတွက်က အရင်ကထက် အများကြီး ပိုများလာပြီး မှတ်ချက် အရေအတွက်က ချက်ချင်း ၁၀၀ ကျော်သွားခဲ့သည်။ဖန်တွေ ဘာပြောနေလဲသူကြည့်ချင်ပေမဲ့ယခုအချိန်မှာ အနီရောင်စာအိတ်ကြီးကိုင်ထားသည့် လက်သေးသေးလေးက သူ့မျက်လုံးရှေ့မှာ ဆန့်ထွက်လာပြီး သူ့မြင်ကွင်းကို ပိတ်ဆို့သွား၏။
ချီယွီကျီးက ပြုံးပြီးပြောသည်။
"ရှင်းရှင်း... မင်းရဲ့ နှစ်သစ်ကူးဟုန်ပေါင်း"
ထို့နောက် ချီယွမ်ရှောင်ရောက်လာပြီး သူ့ကို စာအိတ်နီတစ်ခုကမ်းပေးလာသည်။
"ရှင်းရှင်း...မင်းရဲ့ နှစ်သစ်ကူး ဟုန်ပေါင်း"
"မင်းတို့..."
သူ့သားနှင့်သမီးက သူ့ထက်မြန်နေသည်ကိုမြင်သောအခါ အဖေချီ အထိတ်တလန့်နှင့် အောက်ထပ်ကို တစ်ခါလှမ်းလှေကားသုံးထစ်နှုန်းဖြင့်ပြေးဆင်းသွားပြီး တစ်ခါလှေကားနှစ်ထစ်နှုန်းဖြင့်ပြန်တက်လာသည်။
"ရှင်းရှင်း မင်းရဲ့ နှစ်သစ်ကူးဟုန်ပေါင်း"
ချီရှင်းချန်: "…"
သူက အသက်နှစ်ဆယ်ကျော်နေပြီဖြစ်၏။ နှစ်သစ်ကူးဟုန်ပေါင်းကိုလက်ခံရန် သူက မည်သို့အရည်အချင်းပြည့်မီနိုင်မည်နည်း။
ချီမိသားစု၏ ပိုက်ဆံက လေတိုက်ပြီးရောက်လာသည်အဟုတ်ပေ။သူ့မိသားစုကို အမြဲတမ်း သူ့အတွက် ပိုက်ဆံမသုံးစေချင်ပေ။ကံကောင်းထောက်မစွာ၊ သူ့ရှေ့ရှိ စာအိတ်နီသုံးခုက ပါးလွှာ၏။ သူတို့က ယွမ် ၃၀၀ ကနေ ၅၀၀ လောက်သာရှိလောက်သဖြင့် သူ အားလုံးကို လက်ခံလိုက်သည်။
သို့သော် သူပထမဆုံးစာအိတ်နီကိုဖွင့်လိုက်သောအခါတွင်၊ကိစ္စများက သူစိတ်ကူးထားသည့်အရာနှင့် ကွဲပြားသွားပုံရသည်။
အထဲမှာရှိနေသည်က ပိုက်ဆံမဟုတ်ပေ… ဘဏ်ကတ်တစ်ခုပင်။
ဒုတိယစာအိတ်နီကို ဖွင့်ကြည့်လိုက်သောအခါတွင်လည်း ဘဏ်ကတ်တစ်ခု ဖြစ်သည်။
တတိယစာအိတ်နီကလည်း ဘဏ်ကတ်တစ်ခုပင် ဖြစ်သည်။
ဤဘဏ်ကတ်သုံးခုက အမျိုးအစားတူညီကြသည်—သီးသန့်ဘဏ်ဓနစိန်ကတ်များဖြစ်၏။တစ်ခုတည်းသော ကွာခြားချက်မှာ ၎င်းတို့သည် ဘဏ်သုံးခုမှ လာခြင်းဖြစ်သည်။
ချီရှင်းချန်၏နားလည်မှုအရ ကတ်တစ်ကတ်ကို ဓနစိန်ကတ်တစ်ခုအဖြစ် အဆင့်မြှင့်တင်ရန်က ယွမ်၁.၈သန်းဖြည့်သွင်းရခြင်းလောက်မရိုးရှင်းပါချေ။ အနည်းဆုံး ယွမ် ၃ သန်းထည့်ရမှာ ဖြစ်သည်။ဤနှစ်သစ်ကူးဟုန်ပေါင်းက များလွန်းသည်။ကတ်ကို ငွေသား ယွမ်ထောင်ဂဏန်းလောက်ဖြင့် လဲလှယ်ပေးရန် သူ့မိသားစုကို တောင်းဆိုရန် ပြင်ဆင်လိုက်သည်။
သို့သော် သူစကားပြောခါနီးတွင် အဖေချီက ချီယွီကျီးကို စိုက်ကြည့်ကာဆိုသည်။
"နင်က ဘာလို့ငါနဲ့တူနေတာလဲ"
"... အဖေ ကတ် ပေးမယ်ဆိုတာ သမီးဘယ်လို သိမှာလဲ"
ချီယွီကျီးကပျော်မနေပေ။
"အဖေ တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် သမီးတို့နဲ့ အရင်မဆွေးနွေးခဲ့တဲ့ အစ်ကိုကြီးကို အပြစ်တင်ပါ"
ချီယွမ်ရှောင် မတရားခံရသလို ခံစားလိုက်ရသည်။
"ပြီးခဲ့တဲ့လက ကျွန်တော် ရှင်းရှင်းကို ဒီနှစ်မှာ ပိုက်ဆံပိုပေးချင်တယ်လို့ ပြောခဲ့တယ်လေ... ကျွန်တော်ပေးချင်တာကိုအဖေ ခန့်မှန်းနိုင်ရမှာ မဟုတ်ဘူးလား"
အဖေချီက နှာမှုတ်လိုက်သည်။
"မင်းပြောတာကို နေ့တိုင်းနားထောင်ဖို့ ငါ့မှာ အချိန်မရှိဘူး"
ချီယွီကျီး: "မဟုတ်ဘူး...ပြီးတော့….."
ချီရှင်းချန် သူ့မိသားစု၏ ငြင်းခုံမှုများ ပိုမိုပြင်းထန်လာသည်ကို သတိပြုမိသည်။ နှစ်သစ်ကူးဟုန်ပေါက်း ပေးရာကနေ ရန်ဖြစ်
သွားသည်။ သူက ချက်ချင်းဆိုသလိုပဲ ကတ်သုံးကတ်ကို ချလိုက်ပြီး အပြုံးချိုချိုလေးနှင့်ပြောလိုက်သည်။
"နှစ်သစ်ကူးဟုန်ပေါင်းအတွက် အဖေ၊ အစ်ကိုကြီးနဲ့ အစ်မကို ကျေးဇူးတင်ပါတယ်ဗျ"
ငြင်းခုံခြင်းမှာ နောက်ဆုံးတွင် လုံးဝ အဆုံးသတ်သွားခဲ့သည်။