Chapter 148
ငြင်းခုံခြင်းမှာ နောက်ဆုံးတွင် လုံးဝ အဆုံးသတ်သွားခဲ့သည်။
ရွှေအဆင့် ဖျန်ဖြေသူ ချီရှင်းချန်က ပဋိပက္ခကို ပြေလည်အောင် ဆောင်ရွက်ပေးပြီးနောက်၊ သူ့အင်္ကျီလက်များကို လှန်တင်ကာ ဖက်ထုပ်ပြုတ်ရန် မီးဖိုချောင်သို့ သွားခဲ့သည်။ လမ်းမှာ သူ့ဖုန်းက နှစ်ခါတုန်ခါသံကြားလိုက်ရသည်။ အော်ပရေတာထံမှ နှစ်သစ်ဆုတောင်းစကားဟု သူထင်ပြီး ၎င်းကို စိတ်ထဲမထည့်ခဲ့ပေ။
ဖက်ထုပ်တွေအကုန်လုံး အိုးထဲရောက်ပြီး ပထမရေအေးတစ်ရေကိုထပ်ဖြည့်မည်ကို စောင့်နေချိန်မှာ ချီရှင်းချန် မှတ်ချက်တွေကို ကြည့်ဖို့ အချိန်မရှိသည်ကို သတိရပြီစ Weibo ကိုပြန်ဖွင့်လိုက်သည်။
ပိုင်ရဲ့က လွန်ခဲ့သည့်သုံးမိနစ်က နှစ်သစ်နှုတ်ခွန်းဆက်စာတင်ထားသည်ကို တွေ့ရသောအခါ သူ အံ့သြသွားသည်။
— — ပိုင်ရဲ့: ညဥ့်ကောင်းကင် နဲ့ ကြယ်အလင်းတန်း အားလုံး ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူး ဖြစ်ပါစေ၊ ငြိမ်းချမ်းပြီး အောင်မြင်ပါစေ [အသဲ]
… ထပ်လောင်းစကားလုံးတစ်လုံးရှိရုံမှလွဲ၍ ဖော်မတ်နှင့် နောက်ဆက်တွဲကအစ သူနှင့် အတိအကျတူညီလေ သည်။
သူ့အချစ်ကို လူသိရှင်ကြား ကပ်တိုးလေးကြွားရသည်က ပထမဆုံးအကြိမ်ဖြစ်သဖြင့် ချီရှင်းချန် မနေနိုင်ဘဲ ရှက်သွေးဖြားသွား၏။
နှုတ်ခမ်းကို စုဝိုင်းရင်း အောက်က မှတ်ချက်ကဏ္ဍကို ဖွင့်လိုက်သည်။
[အိုး...ရဲ့ကောက သူ့မိသားစုဝင်ကို ဒီလောက်အစောကြီး မျက်နှာချိုသွေးဖို့ ကြိုးစားနေတာလား]
[ကျယ်မေ့တို့ အနံ့ရကြလား...ချစ်ခြင်းမေတ္တာရဲ့ အနံ့လေ]
[နှစ်သစ်ကြီးကို မင်းက စင်ဂယ်ခွေးတွေကို နှိပ်စက်တုန်း... မင်းမှာ အသိတရားမရှိဘူး!]
[ရဲ့ကောက ရှောင်ချီကို ဘယ်လောက်ကြိုက်လဲကြည့်...ကြိုက်လွန်းလို့ အနီရောင် အသဲအီမိုဂျီလေးကို ပို့စ်တင်ဖို့အတွက် သူ့ရဲ့ မာနကို ဘေးဖယ်ထားလိုက်တယ်]
ချီရှင်းချန် နောက်ဆုံးစာကြောင်းကို မြင်သောအခါ သူ မရယ်ဘဲမနေနိုင်ပေ။
ပိုင်ရဲ့က ယခုလို နူးညံ့ပြီး ချစ်စရာကောင်းသည့် အီမိုဂျီကို တစ်ခါမှ မတင်ဖူးပါချေ။
ပိုင်ရဲ့၏မှတ်ချက်အပိုင်းကို ရွှေ့ပြီးနောက်၊ ချီရှင်းချန် သူ၏ကိုယ်ပိုင်မှတ်ချက်ကဏ္ဍသို့ ပြန်သွားခဲ့သည်။ညဥ့်ကောင်းကင် နှင့် ကြယ်အလင်းတန်း တို့ ရောထွေးပြိး ရှုပ်ယှက်ခတ်နေသည်ကို သူမြင်လိုက်ရပြီး မည်သူက မည်သူဖြစ်သည်ကို မပြောနိုင်ပေ။
[ နွေဦးလေညင်းက ငါ့အိပ်မက်ထဲမှာလာပြောတယ်...သူကမ္ဘာပေါ်ကို ရောက်တဲ့အချိနိမှာ ပထမဆုံးလုပ်ခဲ့တာက မင်းရဲ့မျက်နှာလေးကို နမ်းဖို့ပဲတဲ့... ဒုတိယက အကိုင်းအခက်နဲ့ အရွက်တွေကို အစိမ်းရောင်ဆေးခြယ်ဖို့တဲ့...ပိုင်ရဲ့ဂလက်စီစတေရှင်မှ ချီရှင်းချန်ကို ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။]
[ ကမ္ဘာကြီးက ကမောက်ကမနဲ့ ပရမ်းပတာ ဖြစ်နေတယ်...မင်းလေးကသာ နှစ်ရှည်လများ ခံနိုင်ရည်ရှိတဲ့သူပါပဲ...ပိုင်ရဲ့တောမီးစတေရှင်မှ ချီရှင်းချန်ကို ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။]
[ဖာ့ခ် ငါ့မိသားစုက အမြှောက်အပင့် တော်လွန်းတယ် ..သူတို့ရဲ့ ဂုဏ်ပြုစာလွှာကို မြင်လိုက်ရလို့ ရုတ်တရက် အရမ်းဂုဏ်ယူမိတယ်]
ပိုင်ရဲ့ ၏ဖန်ဆိုဒ်များက စုစုပေါင်း ဆိုဒ်ပေါင်း တစ်ထောင်ကျော်ရှိသည်။ မှတ်ချက်ကဏ္ဍရှိ ဂလက်ဆီစတေရှင်နှင့် တောမီးစတေရှင်က အကြီးဆုံးနှစ်ခုဖြစ်သည်။ချီရှင်းချန် သူ့ကိုယ်သူတွေးလိုက်သည်။
'မအံ့သြနဲ့ ...မြှောက်ပင့်ခြင်းက ညဥ့်ကောင်းကင်တိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ ကျွမ်းကျင်မှုတစ်ခုပဲ'
ဥပမာအားဖြင့် သူကိုယ်တိုင်က မြှောက်ပင့်ခြင်းအနုပညာကို တစ်ဖက်ကမ်းခပ်တတ်မြောက် ထားပြီးသားဖြစ်၏။
သူက ဂုဏ်ယူစွာဖြင့် မှတ်ချက်များကို ဆက်လက်ကြည့်ရှုခဲ့သည်။
[ကျယ်မေ့တို့...ရဲ့ကောရဲ့ Weibo ကို မြင်ပြီးပြီလား... သူက အရမ်းတွေးပေးတတ်တာပဲ... ငါမားမားဖန်လေးက ဒီအိမ်ထောင်ရေးကို သဘောတူချင်လာပြီ]
[မားမားဖန်တွေက အလားအလာရှိပြီး စန်းစန်တင့်ကြတယ်... သူက မားမားဖန်တွေကို စာတစ်ကြောင်းတည်းနဲ့ လာဘ်ထိုးလိုက်နိုင်တယ်... နှစ်သစ်ကူးမှာ ရဲ့ကောက ရှင်းရှင်းကို ဟုန်ပေါင် ဘယ်လောက်ပေးလဲသိချင်တယ်...နည်းရင် ငါတို့ကျဲကျဲဖန်တွေက သဘောမတူဘူး]
[ဒီမှာလဲတူတူပဲ အပေါ်ထပ်ရေ... ပါးစပ်လေး အဖွင့်အပိတ်လုပ်ရုံနဲ့ ငါတို့ကြယ်အလင်းတန်းတွေကို သိမ်းသွင်းလို့မရဘူးနော်... လက်တွေ့လုပ်ဆောင်ချက်တချို့လောက် ပြမှရမယ်]
[အင်း...ရဲ့ကောရဲ့ အေးစက်တဲ့ အကျင့်စရိုက်အတိုင်းဆို နှစ်သစ်ကူးဟုန်ပေါင်း မပေးခဲ့တာ ဖြစ်နိုင်တယ်]
ပိုင်ရဲ့ဆီက နှစ်သစ်ကူး ဟုန်ပေါင်း…
ချီရှင်းချန် အံ့ဩသွားသည်။သူတကယ် ဂရုမစိုက်မိခဲ့ဘူး...
သူ WeChat သို့ပြောင်းလိုက်သည်။ နောက်ဆုံးမက်ဆေ့ချ်က ပိုင်ရက သူ့ဆီပို့လိုက်တသည့် "Happy New Year" အီမိုဂျီတစ်ခုဖြစ်၏။ထို့နောက် ဘာမှမရှိတော့ပေ။စာအိတ်နီများရှိမနေသလို သို့မဟုတ် WeChatငွေလွှဲပြောင်းမှုများကိုလည်း သူမတွေ့ရပေ။
... ပိုင်ရဲ့က သူ့ကို တကယ် မပေးမည့်ပုံပင်။
၎င်းကို အစက သူ ဂရုမစိုက်ပေမဲ့ ဖန်တစ်ယောက်က ထိုအကြောင်းကိုပြောပြီးသည့်နောက်မှာ ဗလာဖြစ်နေသည့် chat history ကို ကြည့်ပြီး အနည်းငယ် စိတ်ပျက်သွားရသည်။
ဖက်ထုပ်ရေကို ပထမအကြိမ် ကြည့်လိုက်သည်။ သူစိတ်ပျက်လက်ပျက်ဖြင့် ရေအေးတစ်သုတ် လောင်းထည့်လိုက်သည်။ အိုးတစ်အိုးလောင်းထည့်ပြီးနောက် သူ ခုနလေးက လျစ်လျူရှုထားသည့် စာတိုပေးပို့ချက်ကို ရုတ်တရက် သတိရသွားသည်။
မျှော်လင့်ချက်ရေးရေးလေးဖြင့် စာသားမက်ဆေ့ခ်ျကို သူဖွင့်လိုက်သည်။
[00: 00: 01၊ ပိုင်ရဲ့က သင့်အား ဘဏ်ကနေတစ်ဆင့် ငွေလွှဲပြောင်းပေးခဲ့သည် 5...]
ချီရှင်းချန်: "!!!"
အား...ပိုင်ရဲ့က သူ့ကို နှစ်သစ်ကူး ဟုန်ပေါင်းပေးတယ်...ပိုင်ရဲ့က သူ့ကို နှစ်သစ်ကူးဟုန်ပေါင်းပေးတယ်...
သူ့ဖန်တွေကို သက်သေပြချင်နေသည့် အရေးတကြီးခံစားချက်က တခြားအရာတွေထက် သာလွန်နေသည်။ သူ ကိန်းဂဏန်းအရေအတွက်ကို ဂရုမစိုက်ပေ။ အခြားအချက်အလက်များဖြတ်ထုတ်ရန် Meitu ကို အမြန်အသုံးပြုခဲ့သည်။ သူက ဓာတ်ပုံကို တင်၊ကပ်ပရှင်တပ်ပြီး ဖန်တွေမြင်အောင် တစ်ခါတည်း ဝေမျှလိုက်သည်။
— — ချီရှင်းချန်:နှစ်သစ်ကူးဟုန်ပေါင်းအတွက် ကျေးဇူးတင်ပါတယ် ရဲ့ကော [ပုံ]
သူတို့လိုချင်သည့် "ရိုးသားမှု" က သည်မှာရှိနေသည်။ကြယ်အလင်းတန်းများင ပုံကို လျင်မြန်စွာ နှိပ်လိုက်ကြပြီး လက်ချောင်းများဖြင့် ဂဏန်းများကိုတစ်ခုချင်းထောက်ကာ နောက်ဆုံးကနေရှေ့ဆိုရေတွက်လိုက်သည်။
ခု၊ ဆယ်၊ ရာ ၊ထောင်၊ သောင်း၊သိန်း…
နှစ်သစ်ကူးဟုန်ပေါင်း ၅၂၀၁၃၁၄
ကြယ်အလင်းတန်များ: အိုး...အရမ်းကောင်းတယ်...ဒီအိမ်ထောင်ရေးကိုငါတို့လည်း သဘောတူတယ် [အပြုံး]
........
နှစ်သစ်ကူးပထမနေ့နံနက်ခင်းတွင် ကျယ်လောင်သောတံခါးခေါက်သံကြောင့် ချီရှင်းချန် နိုးလာသည်။
အိမ်မှာ စိတ်မရှည်သည့်လူမရှိသောကြောင့် ချီရှင်းချန် မျက်လုံးအောက်မှာ အမဲကွင်းနှစ်ကွင်းနှင့် အိပ်ရာကထလိုက်သည်။ တံခါးကိုဖွင့်လိုက်ရာတွင် အကျီအနီဝတ်ထားပြီး ဆံပင်အနီဆိုးထားသည့် ချီကျားကျစ်ကိုတွေ့လိုက်ရသည်။
"ကော... နှစ်သစ်မှာ ပျော်ရွှင်ပါစေ"
ချီကျားကျစ်က သူ၏ ၁.၈၅ မီတာရှည်သောအရပ်ကိုမှအားမနာဘဲ လက်များနှင့် ခြေထောက်များကို ဆန့်ကာ လူသားကိုအာလာကဲ့သို့ ချီရှင်းချန် ပေါ်သို့ ခုန်တက်လိုက်သည်။
ချီရှင်းချန် ခြေလှမ်းအနည်းငယ်ကို နောက်ပြန်ဆုတ်သွားပြီး စားပွဲခုံသို့ရောက်သောအခါတွင်သာ ရပ်တန့်နိုင်ခဲ့သည်။
ချီကျားကျစ် အံ့သြသွားသည်။
"ကော... မင်းဘာလို့ရုတ်တရက်ကြီး ဒီလောက် အားနည်းသွားတာလဲ"
မေးပြီးနောက် သူ့ဘာသာသူ အဖြေကို ရှာတွေ့ပြီး တုန်လှုပ်သွားခဲ့သည်။
"ဘုရားရေ...ကော မင်းစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အာရုံစိုက်ရမယ်...ပိုင်ရဲ့က ဆွဲဆောင်မှုရှိမှန်းသိပေမဲ့ မင်းရဲ့ကျောက်ကပ်ကိုတော့ မထိခိုက်စေနဲ့လေ မတန်ဘူး"
ချီကျားကျစ်:"..."
ဒီကောင်လေး အများကြိီးသိနေတာပဲ...
ချီရှင်းချန် ခက်ခက်ခဲခဲနှင့်ဆိုလိုက်သည်။
"ငါ့ကို အရင်လွှတ်"
"အိုး"
ချီကျားကျစ်က သူ့ကို မကျေမနပ်နှင့် လွှတ်လိုက်၏။
"တောင်ပေါ်မှာ တစ်လခွဲလောက် ရုပ်ရှင်ရိုက်နေတာ...ကြံ့ခိုင်ရေးကို ဂရုမစိုက်ဖြစ်တော့ အရင်ကထက် ခန္ဓာကိုယ်က အားနည်းလာတယ်"
"မင်းရှင်းပြစရာ မလိုဘူး"
ချီကျားကျစ်က သူ့ကို"ငါ အကုန်သိတယ်"ဟူသော အကြည့်မျိုးပေးလာသည်။
"ငါ မင်းကို သတိပေးရုံ... သူက မင်းကို အရမ်းဂရုစိုက်တယ်လို့ငါထင်တယ်... ဒါကြောင့် သူကတော့ အလွန်အကျွံကြီး တောင်းဆိုလောက်ပါဘူး"
"အဟွတ် အဟွတ်"
ချီရှင်းချန် သီးလုနီးပါပင်။
စိတ်တည်ငြိမ်သွားပြီးနောက် သူအေးစက်စွာပြောလိုက်သည်။
"ထောင်ရွှမ်က မင်းကို ကောင်းကောင်း သင်ပေးပုံရတယ်...'အလွန်အကျွံ' လို စကားလုံးတွေကိုတောင် ဘယ်လိုသုံးရမှန်းသိနေပြီ"
"ဒါပေါ့...ငါက အလွန်အကျွံတောင်းဆိုရုံတင်မကဘဲ ငါ့ကိုယ့်ငါ လောင်မြိုက်ပြီးလည်း နေ့ခင်းကြောင်တောင် လုပ်…"
"ကောင်းပြီ...ရပြီ"
ချီရှင်းချန် မနေ့က သူထုပ်ထားသည့် စာအိတ်နီကို အမြန်ပေးလိုက်သည်။ "နှစ်သစ်မှာ ပျော်ရွှင်ပါစေ...ယူပြီး သစ်ကြားသီးဝယ်စား"
"ဟီးဟီး ကျေးဇူးတင်ပါတယ် ကော... မင်းငါ့ကို တကယ်ဂရုစိုက်တာပဲ"
ချီရှင်းချန် ခဏတာ စကားမပြောနိုင်။ သူ့ညီကို ဘာပြောရမှန်းပင် မသိတော့ပေ။
သူ့ညီငယ်၏ ပျော့အိနေသော ဆံပင်များကို ပွတ်သပ်ကာ မျက်မှောင်မကြုတ်ဘဲ မနေနိုင်လိုက့။
"နောင်ကျရင် မင်းဆံပင်ကို အမြဲတမ်း လျှောက်လုပ်မနေနဲ့... မင်းကျန်းမာရေးအတွက် မကောင်းဘူး...ဒီနေ့ဘယ်တွေကို သွားဦးမှာလဲ
"ကောအိမ်ပဲ။"
"ဒါဆို အဖေ့ကို နှစ်သစ် နှုတ်ဆက်ပြီးတဲ့အထိစောင့်...ပြီးရင် ငါနဲ့ ဆေးရုံကို လိုက်ခဲ့"
ချီရှင်းချန် တရုတ်နှစ်သစ်ကူးကာလတွင် ဆေးရုံတွင် တစ်ယောက်တည်းနေရသည့် ထောင်ရွှမ်ကို တွေးကာ အဆင်မပြေဖြစ်ခဲ့ရသည်။
"အိုကေ...ကျွန်တော်လည်းသွားမလို့ပဲ"
ချီမိသားစုတစ်ခုလုံးတွင်၊ ချီကျားကျစ်တစ်ယောက်တည်းကသာ သူ့ရှေ့တွင် ဂုဏ်ယူဝံ့ကြွားရဲသည်။အဖေချီ နှင့် သူ၏အစ်ကိုအစ်မများကို ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေကြောင်း ဆုတောင်းပြီးနောက် ချီကျားကျစ်က ချီရှင်းချန် နှင့်အတူ ပျော်ရွှင်စွာ ဆေးရုံသို့ သွားခဲ့သည်။
သူက ကားပေါ်မှ ဆင်းပြီး နောက်ထိုင်ခုံမှ အထည်အိတ်ကို ထုတ်ယူလိုက်ရာ ချီရှင်းချန် စပ်စုလိုက်သည်။
"အဲဒါဘာလဲ"
"ကျေးဇူးပြုပြီး မမေးပါနဲ့ ကော"
ချီကျားကျစ်က ကိုးရိုးကားယားဆိုလိုက်၏။
"ဘာမှမဟုတ်ပါဘူး"
ချီရှင်းချန်က သူ့ကို တစ်ချက်ကြည့်ပြီး ထောင်ရွှမ်၏လူနာဆောင်သို့ ဦးဆောင်သွားခဲ့သည်။အဆောင်ထဲကို လှမ်းကြည့်လိုက်သေယအခါ ထောင်ထောင်နှင့် သူနာပြုဆရာမပဲ အခန်းထဲမှာ ရှိနေခြင်းမဟုတ်မှန်း သိလိုက်ရသည်။
ထောင်ထောင်လည်း ရှိနေသည်။
သို့သော် သူမက လွယ်အိတ်ထဲသို့ ပစ္စည်းများကိုထည့်ကာ ထွက်သွားတော့မည့်ပုံပေါ်သည်။
ချီရှင်းချန်က "အစ်မထောင်ထောင်" ဟု အော်လိုက်သည်။ထောင်ထောင်က သူမလွယ်အိတ်ကို ကောက်ကိုင်လိုက်ပြီး အပြုံးတစ်ခုဖြင့်ဆိုသည်။
"ရဲ့ကောက မင်းနဲ့ အရမ်းရင်းနှီးနေတာ အံ့သြစရာမရှိဘူးပဲ...လက်စသတ်တော့ မင်းတို့ နှစ်ယောက်ကတွဲနေတာကို... စောစောက ငါ့ကိုဘာလို့မပြောတာလဲ... အရင်တစ်ခေါက်ညစာစာတုန်းက ငါအရမ်းတုံးအခဲ့တယ်...မင်းတို့ရဲ့ဒိတ်ကိုနှောက်ယှက်မိလို့ ဆောရီးပါ"
"ရပါတယ်"
ချီရှင်းချန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ကျဲသာ ကျွန်တော်တို့ဆီမလာဘူးဆိုရင် ရွှေလင်းယုန်ဆုပေးပွဲအင်တာဗျူးမှာ အဲဒီအကြောင်း ဘယ်လိုလုပ်ပြောနိုင်မှာလဲ"
ကော်ဇောနီပေါ်မှာ အင်တာဗျူးစဉ်မှာ အစီအစဉ်တင်ဆက်သူက သူနှင့် ပိုင်ရဲ့ကြားက အရှုပ်တော်ပုံဆီကို ခေါင်းစဉ်ကို တမင်တကာ ဦးဆောင်ခဲ့သည်။ ထိုအချိန်တွင် ရှန့်ယွီလျန်က သူ့ကို ဖုံးကွယ်ရန် ကူညီခဲ့သော်လည်း ထောင်ထောင်က သူ့ကို မကူညီခဲ့ဘဲ သီးသန့်ချိန်းတွေ့ရန် ထွက်လာသလိုမျိုး စကားအနည်းငယ်ကိုပင် အတည်ပြုပေးခဲ့သည်။
ထောင်ထောင် သူ့စကားထဲက ပုတ်ခတ်ပြောဆိုသံကို မည်သို့ မကြားနိုင်ဘဲနေမည်နည်း။သူမ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
"ရှင်းရှင်း ငါတမင်ပြောတာမဟုတ်ဘူး... အဲဒီတုန်းက မင်းနဲ့ ရဲ့ကောကြားမှာ တစ်ခုခုရှိမှန်း ငါမသိခဲ့ဘူး... သူက ယောက်ျားတွေကိုတကယ်ကြီးကြိုက်လိမ့်မယ်လို့ ငါဘယ်လိုလုပ်ခန့်မှန်းနိုင်မှာလဲ... မင်းတို့နှစ်ယောက်က သူငယ်ချင်းကောင်းတွေမလို့ ထမင်းအတူတူထွက်စားတယ်လို့ ထင်ခဲ့တာ"
ချီရှင်းချန်က ပြောလိုက်သည်။
"အိုး ကျွန်တော်ကျဲကို မှားအပြစ်တင်ခဲ့တာပဲ...တောင်းပန်ပါတယ်"
"ရပါတယ်...ရဲ့ကောကို နှစ်သစ်မှာ ပျော်ရွှင်ပါစေလို့ ငါ့အစားပြောပေးပါ... ငါလုပ်စရာရှိသေးလို့ အရင်သွားနှင့်မယ်"
ထိုစကားကိုပြောပြီးနောက် ထောင်ထောင်က လက်ပြနှုတ်ဆက်ကာ ထွက်ခွာသွားခဲ့သည်။ သူမက အလွန်စိုးရိမ်နေပုံရသည်။ နှစ်သစ်ကူးကာလအတွင်း ဘယ်ရုပ်ရှင်အဖွဲ့သားတွေက အချိန်ပိုအလုပ်ဆင်းနေသေးလဲမသိဟု သူ တွေးမိသည်။
သို့သော်လည်း ထောင်ရွှမ်ကိုလာတွေ့ရန် သူမအတွက် မလွယ်ကူခဲ့ပေ။ချီရှင်းချန် ချီကျားကျစ်ကို တံခါးပိတ်ရန် လက်ဟန်ပြလိုက်သည်။ သူက လှည့်ပြီး ထောင်ရွှမ်၏ အိပ်ရာဘေးမှာ ဝင်ထိုင်လိုက်၏။
"မနက်စာစားပြီးပြီလား"
"မစားရသေးဘူး"
ချီရှင်းချန်ကိုမြင်သောအခါ၊ ထောင်ရွှမ်၏ မျက်လုံးများ ချက်ချင်းတောက်ပလာသည်။
"ဘာလို့ဒီကိုရောက်လာတာလဲ"
"ဒီနေ့က တရုတ်နှစ်သစ်ကူးရဲ့ ပထမဆုံးနေ့မို့ ငါ မင်းကို တွေ့ဖို့ လာခဲ့တာ"
"ရတယ် ရတယ်"
ထောင်ရွှမ်က သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။
"နှစ်သစ်မှာ ဆေးရုံတက်ရတာက ကံမကောင်းဘူး...ရှင်းရှင်းကော မြန်မြန် ကျားကျစ်ကို ပြန်ခေါ်သွား"
"ဟေး"
ချီရှင်းချန်က မဖြေခင်မှာ တံခါးသွားပိတ်သည့် ချီကျားကျစ်က မကျေမနပ်ဖြင့်ဆိုသည်။
"ငါ့အစ်ကိုက မင်းကို နှစ်သစ်ကူး နှုတ်ခွန်းဆက်ဖို့ လူကိုယ်တိုင်လာခဲ့တာ... မင်းက သူ့ကို မောင်းထုတ်နေတယ်... ဘယ်လောက်သတ္တိရှိလိုက်သလဲ"
"မင်းတို့ ကံဆိုးမှုထဲကိုရောက်သွားမှာ ငါကြောက်တယ်"
ထောင်ရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။
ဆယ်ကျော်သက်တွေ ရန်ဖြစ်သည့်အခါ အားမာန်အပြည့်နှင့်ဖြစ်၏။ထောင်ရွှမ်မှာ ချီကျားကျစ်နှင့် ရန်ဖြစ်ရန် ခွန်အားရှိနေသည်ကို တွေ့လိုက်ရသဖြင့် ချီရှင်းချန်၏ စိတ်ခံစားချက်သည် များစွာ တိုးတက်လာသည်။ ထိုအချိန်တွင်၊ ချီကျားကျစ်က သူသယ်လာသော အဝတ်အိတ်ကိုဖွင့်ကာ ထမင်းဘူးကို ထုတ်ယူလိုက်သည်။သူက ထောင်ရွှမ်၏လက်ကို ပုတ်လိုက်သည်။
"မနက်စာ မြန်မြန်စား"
ထောင်ရွှမ်: "ဒါက..."
"မနေ့က ပဲငံပြာရည်နဲ့ ခေါက်ဆွဲကြော်စားချင်နေတာ မဟုတ်ဘူးလား..."
ချီကျားကျစ်က တိုးတိုးလေးပြောသည်။
"နှစ်သစ်မှာ စားလို့ကောင်းတာတွေ အများကြီးရှိတာကို မင်းက ပဲငံပြာရည်နဲ့ ခေါက်ဆွဲကို တောင်းတယ်...ငါတကယ်နားမလည်တော့ဘူး"
ထောင်ရွှမ်က သူ့ကို မကြားချင်ယောင်ဆောင်လိုက်သည်။ ထမင်းဘူးကိုဖွင့်ကာ ခေါက်ဆွဲကြော်အချို့တူနှင့်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။
ချီရှင်းချန်တို့ညီအစ်ကိုက အိမ်မှာ မနက်စာစားပြီးပြီဖြစ်သဖြင့် သူတို့နှစ်ယောက်က ထောင်ရွှမ်ကို တိတ်တဆိတ်ကြည့်နေကြသည်။တစ်ဝက်လောက်အရောက်မှာ ချီကျားကျစ် မမေးဘဲ မနေနိုင်တော့ပေ။
"ဘယ်လိုနေလဲ"
"အရသာရှိတယ်"
ချီကျားကျစ်က မျက်ခုံးပင့်ကာ ဂုဏ်ယူစွာ နှာမှုတ်လိုက်သည်။ သူ့အမြီးက လေထဲမှာ ထောင်လုနီးပါပင်။
ချီရှင်းချန် တစ်ခုခုကို နားလည်သွားပုံရသည်။
ပဲငံပြာရည်ခေါက်ဆွဲကြော်ကို ကောင်စုတ်လေး ကိုယ်တိုင် လုပ်ထားခြင်းဖြစ်နိုင်ချေများသည်။
"ရှင်းရှင်းကော"
တစ်ယောက်တည်း စားရသည်ကို ရှက်နေသောကြောင့် ဖြစ်နိုင်သည်၊ထောင်ရွှမ်က သူ့ရှက်နေသည်ကို ဖုံးကွယ်ရန် ကြိုးစားခဲ့၏။
"ကောနဲ့ ကျွန်တော့်အစ်မကြားမှာ တစ်ခုခုဖြစ်ခဲ့တာလား"
ခုနက ထောင်ရွှမ် သူတို့ပြောသည်ကို နားထောင်နေခဲ့သည်။ချီရှင်းချန် သူ့ကို မလိမ်ချင်သောကြောင့် ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်"
တစ်ဖက်မှာ သူ့သူငယ်ချင်း၊ တစ်ဖက်က သူ့အစ်မ။ချီရှင်းချန် ထောင်ရွှမ် အလယ်မှာ ပိတ်မိသွားမှာစိုးသည့်အတွက်
သူ့ကို ညင်သာစွာ နှစ်သိမ့်လိုက်သည်။
"ဒါက ကိစ္စသေးသေးလေးပါ... စိတ်မပူပါနဲ့"
ထောင်ရွှမ်ကဆိုသည်။
"ရှင်းရှင်းကော... ကျွန်တော့်ရှေ့မှာ ကိုယ့်ကိုကိုယ် ချုပ်တည်းထားဖို့ မလိုပါဘူး...ကျွန်တော်နဲ့ကျဲရဲ့ ဆက်ဆံရေးက ကော ထင်သလောက် မကောင်းပါဘူး"