အပိုင်း ၄၅ ( The Star 6 )
Viewers 10k

ကျီချန်းရှိူ့လည်း ယန်ကျင်းဇီ ဘာလိုချင်မှန်း နားမလည်သဖြင့် သူ စဉ်းစားပြီး မေးလိုက်သည် : " အဖေ ကျွန်တော့်ကို မကောင်းပြောဖို့ ရေတပ်ကို ဝယ်တဲ့လူက ဘယ်သူလဲ? " ထိုအချိန်တွင် ဓာတ်ပုံများသာ ရှိခဲ့ပါက သူတို့ ဓာတ်ပုံများကို ပြန်ဝယ်နိုင်သည် သို့မဟုတ် ဖျက်ပစ်နိုင်သည်။ သို့သော် ဓာတ်ပုံများအပြင် သူ့ကို တိုက်ခိုက်နေသော ကြေးစား အင်တာနက်သုံးစွဲသူအချို့ ရှိနေခဲ့သည်။


" အဲ့ ဒါလည်း ယန်ကျင်းဇီပဲ။ " အဖေကျီက ဖြေသည်။


ကျီချန်းရှိူ့ အံ့အားသင့်သွားပြီး အနည်းငယ် တုန်လှုပ်သွားသည်။


ရေတပ်က သူ့ကို အပုပ်ချပြီး လူသစ်များနှင့် ပြောမရသော စည်းမျဉ်းများ ရှိနေသည်ဟု ဆိုကာ သူ့ကို ကြိမ်းမောင်းနေသည်။


ယန်ကျင်းဇီရဲ့စိတ်ထဲမှာ ပြောမရတဲ့ စည်းမျဉ်းတွေကြောင့် သူတို့ အတူရှိနေကြတာလား?


ဒါပေမယ့် အဲ့လိုသာဆိုရင် ဘာကြောင့် ယန်ကျင်းဇီက အခု သူ့အနားကို ရုတ်တရက်ကြီး ကပ်လာတာလဲ? သူ့ကို သနားလို့လား?


အကယ်၍ ဤသတင်းကို သူ ယခင်က သိခဲ့မည်ဆိုလျှင် ကျီချန်းရှိူ့သည် ယန်ကျင်းဇီ၏ ဆိုလိုရင်းကို နားလည်နိုင်လိမ့်မည်ဖြစ်သော်ငြား ယခု သူ လုံးဝ နားမလည်နိုင်ပေ။


" ယန်ကျင်းဇီစီမှာ လေးနက်တဲ့စိတ် ရှိတယ်။ သူက မင်းရဲ့ဓာတ်ပုံတွေကို အရင်ဖော်ထုတ်ပြီး မင်းကို တိုက်ခိုက်ဖို့ ရေတပ်ကို ခေါ်တယ်။ သူ မင်းကို ဖယ်ရှားချင်နေတယ်။ ဒါမှ မင်း သူ့ကို စာရင်းမရှင်းနိုင်တော့မှာ။ အခု သူ ရသစုံရှိုးမှာ မင်းအနား ကပ်နေတာက သူ့မှာ တခြားအစီအစဉ်တွေ ရှိနေလို့ မဟုတ်ရင် မင်းကို မြှူဆွယ်ချင်နေလို့ ဖြစ်မှာ ငါ စိုးရိမ်တယ်။ မင်း သတိထားလိုက်ဦး။ " အဖေကျီက ဆိုသည်။ ယန်ကျင်းဇီ၏ အပြုအမူက ရှုပ်ထွေးနေသော်လည်း သူ့သားအတွက် မကောင်းသော ရည်ရွယ်ချက်များ ရှိနေသည်ဟု သူ ခံစားရသည်။


ယန်ကျင်းဇီကို သူ ယခင်က မြင်ဖူးသည်။ ယန်ကျင်းဇီသည် ပြီးပြည့်စုံပုံပေါ်သော်လည်း ဤလူသည် ပြထားသလောက် တက်ကြွရွှင်လန်းပြီး ရက်ရောပုံ မပေါက်ဟု သူ အမြဲတမ်း ခံစားမိသည်။


ကျီချန်းရှိူ့က ထိုအကြောင်းကို မပြောချင်ပေ : " အဖေ ယန်ကျင်းဇီကို တစ်ယောက်ယောက် မကောင်းကြံနေတာ သိပ်မကြာသေးဘူး။ အဖေ အဲ့ကိစ္စကိုလည်း ကျွန်တော့်အတွက် စစ်ဆေးပေးပါ။ "


အဖေကျီသည် စကားထပ်မပြောခင် ခဏနှုတ်ဆိတ်သွားသည် : " ယန်ကျင်းဇီကို မကောင်းပြောခဲ့တဲ့ ရေတပ်က မင်းကို အရင်က မကောင်းပြောတဲ့ ရေတပ်နဲ့ အတူတူပဲ။ သူတို့ကို ငှားတဲ့လူကလည်း ယန်ကျင်းဇီပဲ ဖြစ်နိုင်တယ်။ "


ကျီချန်းရှိူ့ : " ... "


အဖေကျီက ဆက်ပြောသည် : " အခုတလော အနုပညာလောကထဲမှာ ဖြစ်နေတဲ့ အချို့ကိစ္စတွေကို ငါ နားမလည်ပေမယ့် ယန်ကျင်းဇီက သူ့ပရိသတ်တွေကို တမင်တကာ အနိုင်ကျင့်နေတာ ဖြစ်နိုင်တယ်။ ပြီးရင် သူက အပြစ်တွေအကုန်လုံးကို မင်းအပေါ် ပုံချလိမ့်မယ်! အခု ယန်ကျင်းဇီရဲ့ ပရိသတ်တွေက မင်း‌ကို တိုက်ခိုက်နေကြပြီ။ "


ယန်ကျင်းဇီက သူ့ကိုယ်သူ တိုက်ခိုက်ရန် ရေတပ်ကို ပိုက်ဆံပေးငှားခဲ့သည်။ ဤသည်မှာ သွေးထွက်သံယို အရှုပ်အထွေး ဖြစ်သော်ငြား သူ့ပရိသတ်အားလုံးကို ပိုပြီး စည်းလုံးစေသည်။


ယနေ့ခေတ်တွင် ကိုယ့်ကိုယ်ကို အပုပ်ချပြီး ကိစ္စများ နာမည်ပိုကြီးစေရန် သနားစရာကောင်းအောင် ဟန်ဆောင်ခြင်း ဟူသော ကိစ္စမျိုး မရှိတော့တာ မဟုတ်... ထို့ပြင် အချို့သော ပရိသတ်များအတွက် သူတို့သည် သူတို့ ယုံကြည်သော လူများက မမှားယွင်းဘဲ ကျီချန်းရှိူ့ကဲ့သို့သော အခြားသူများတွင်သာ အပြစ်ရှိသည်ဟု ထင်ကြသည်။


ယခု ရေတပ်က ကျီချန်းရှိူ့ကို မတိုက်ခိုက်တော့သော်လည်း ယန်ကျင်းဇီ၏ ပရိသတ်များစွာက ကျီချန်းရှိူ့ကို တကယ်တိုက်ခိုက်နေကြသည်။


" သူ မလုပ်ပါဘူး။ " ကျီချန်းရှိူ့က ငြင်းဆိုခဲ့သည်။ ယန်ကျင်းဇီ ထိုသို့လုပ်လိမ့်မည်ဟု သူ မယုံကြည်ပေ။


" သူ မလုပ်ဘူး ဆိုတာ မင်း ဘယ်လိုသိလဲ? ဒီနှစ်တွေမှာ သူ မင်းကို တစ်ခါမှ စိတ်သက်သာရာ မရစေခဲ့ဘူး။ သူ ဒီရက်တွေထဲ သရုပ်ဆောင်နေတာ ရည်ရွယ်ချက်တစ်ခုခုကြောင့်ဖြစ်မှာကို ငါ စိုးရိမ်တယ်။ " အဖေကျီက ဆိုသည်။


" သူ ဟန်ဆောင်‌နေတာ မဟုတ်ပါဘူး။ " ကျီချန်းရှိူ့ ပြန်မဖြေခင် ခဏရပ်သွားသေးသည်။


ကျီချန်းရှိူ့နှင့် အဖေကျီတို့ ဖုန်းပြောနေစဉ် ယန်ကျင်းဇီသည်လည်း သူ၏အေးဂျင့်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။


ဤတစ်ခါ သူ့အေးဂျင့် သူ့ကို ဖုန်းဆက်သည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့ပေ။ လွန်ခဲ့သော ရက်အနည်းငယ်က သူ့အေးဂျင့် သူ့ကို ဖုန်းခေါ်ပြီး သူ ဘာလို့ ရှိုးမှာ ထိုသို့ပြုမူခဲ့တာလဲဟု မေးမြန်းခဲ့သည်။


ယန်ကျင်းဇီသည် နောက်ဆုံးတစ်ခေါက်တွင် ဖြေခဲ့သည့်အတိုင်း ပြန်‌ဖြေခဲ့သည် : " ကျွန်တော် ဘယ်လို တိုင်းတာရမလဲ သိပါတယ်။ "


" မင်း ဒီလိုဆက်သွားနေရင် မင်း ကောင်းကောင်းအ ဆုံးသတ်မှာ မဟုတ်ဘူး။ ငါ မင်းကို ကျီချန်းရှိူ့နဲ့ လမ်းခွဲခိုင်းခဲ့တယ်မလား? " အေးဂျင့်က မကျေနပ်ပေ။


" ကျွန်တော် လမ်းမခွဲချင်ဘူး။ " ယန်ကျင်းဇီက ပြောသည်။


အေးဂျင့်၏အသံက ရုတ်တရက် ပိုမိုကျယ်လောင်လာသည် : " ယန်ကျင်းဇီ မင်း ရူးနေလား?! "


ယန်ကျင်းဇီ ဖုန်းချလိုက်သည်။


မူလပိုင်ရှင်သည် အေးဂျင့်ကို မပြောင်းခဲ့ပေ။ ဤအေးဂျင့်သည် မူလပိုင်ရှင် နာမည်မရသေးဘဲ လူမသိခင်ကတည်းက မူလပိုင်ရှင်နောက် လိုက်ခဲ့သူ ဖြစ်သည်။


မူလပိုင်ရှင် နာမည်မကြီးခင်အချိန်က ဤအေးဂျင့်သည် အမြဲတမ်း မူလပိုင်ရှင်အား ရွှေသခင်တစ်ယောက် သွားရှာစေချင်ခဲ့သည်။ သို့သော် မူလပိုင်ရှင်၏ ရည်မှန်းချက်မှာ 'မြင့်မား'ပြီး ထိုအဆင့်နိမ့်ရွှေသခင်များနှင့် အတူရှိရန် သဘောမတူခဲ့ပေ။ နောက်ပိုင်းတွင် သူသည် ကျီချန်းရှိူ့ မူလပိုင်ရှင်အား စိတ်ဝင်စားပုံပေါ်သည်ကို တွေ့သွားသည်။ သူသည် မူလပိုင်ရှင်ကို အခန်းကဒ် ပေးပြီး မူလပိုင်ရှင်ကို အိပ်ရာပေါ် တက်ခိုင်းခဲ့သူ ဖြစ်သည်။


လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သူသည် ကျီချန်းရှိူ့ စိတ်ကျေနပ်အောင် ပြုမူရန် မူလပိုင်ရှင်အား တိုက်ပင်တိုက်တွန်းခဲ့ပြီး မူလပိုင်ရှင်အား ကျီချန်းရှိူ့အပေါ် ပိုမိုကြီးမားသော ထင်မြင်ချက်များ ရှိလာစေခဲ့သည်။ သူ မူလပိုင်ရှင်အား ကျီချန်းရှိူ့နှင့် လမ်းခွဲခိုင်းထားသည်မှာ သိပ်မကြာသေးပေ။


ထို့ပြင် မူလပိုင်ရှင် နောက်ပိုင်း၌ မူးယစ်ဆေး စွဲသွားသော ဖြစ်ရပ်တွင်လည်း ဤအေးဂျင့်နှင့် သက်ဆိုင်သည်။ မူလပိုင်ရှင်သည် ကြီးမားသော ရည်မှန်းချက်ပန်းတိုင်များနှင့် အမျိုးသားတစ်ဦး ဖြစ်သည်။ သို့သော် ဤအေးဂျင့်တွင် အရည်အချင်းကောင်းကောင်း မရှိသဖြင့် မူလပိုင်ရှင်သည် ကုမ္ပဏီနှင့် သူ၏ စာချုပ်သက်တမ်းပြည့်ခြင်းကို အခွင့်ကောင်းယူပြီး သူ့ကို မောင်းထုတ်ချင်ခဲ့တယ်!


ကံမကောင်းစွာဖြင့် ထိုလူသည် မမိုက်မဲဘဲ မူလပိုင်ရှင်အား မူးယစ်ဆေးအချို့ မကျွေးခင်ကပင် အခြားသူများနှင့် ကြိုတင်ပူးပေါင်းပြီးပြီဖြစ်သည်။


ယန်ကျင်းဇီသည် ဖုန်းချပြီးနောက် သူသည် ဂရုမထားဘဲ သူ့အေးဂျင့်ကို ဘလော့လိုက်သည်။ ထို့နောက် မိုဘိုင်းလ်ဖုန်းကို ယူပြီး မိုဘိုင်းလ်ဖုန်းထဲတွင် သိမ်းထားသော ဇာတ်ညွှန်းအချို့အပြင် ရသစုံရှိုးပရောဂျက်များကိုပါ စတင်ဖတ်ရှူခဲ့သည်။


မူလပိုင်ရှင်ကဲ့သို့သော ပုံရိပ်မျိုးနှင့်ဆိုလျှင် လူအများက သူ့ကို ဇာတ်ညွှန်းများ ပေးကြလိမ့်မည်။ သူသည် စတူဒီယိုတစ်ခု ဖွင့်ချင်ပြီး သူ့အေးဂျင့်ကို ဖြုတ်ပစ်ချင်သည်။ သူသည် သူ၏သူငယ်ချင်းအချို့ထံ သတင်းအချို့ ပေါက်ကြားစေခဲ့ပြီး ထိုအကြောင်းကို လူအများ သိရှိသွားကြသည်။


ဤဇာတ်ညွှန်းများ၊ မူလပိုင် ရှင်သည် ၎င်းတို့ကို ရံဖန်ရံခါမျှသာ ဖတ်သည်။


မူလပိုင်ရှင်၏အမြင်တွင် ဇာတ်ညွှန်းသည် အချိန်မရွေး ပြောင်းလဲခံရနိုင်ပြီး ဤအရာများတွင် ရင်းနှီးမြှုပ်နှံထားသော ဒါရိုက်တာကသာ အဓိကသော့ချက် ဖြစ်သည်။ သို့သော် ယန်ကျင်းဇီသည် ဤဇာတ်ညွှန်းများကို တစ်ခုပြီးတစ်ခု ဂရုတစိုက် သေချာဖတ်ကြည့်သည်။


သူ့တွင် ယခင်က ကိုယ်ပိုင်မှတ်ဉာဏ်များ မရှိဘဲ မူလပိုင်ရှင်၏ မှတ်ဉာဏ်များသာ ရှိသည်။ မူလပိုင်ရှင်သည် ကြယ်ပွင့်တစ်ပွင့် ဖြစ်ချင်ပြီး စာမကျက်ခဲ့ပေ။ သူ့အမှတ်များက တကယ် နည်းပါးသည်။ ဒါပေမယ့် ယန်ကျင်းဇီ...သူက ဉာဏ်ကြီးရှင်တစ်ယောက်များလား?


သူက ဘယ်တော့မှ မမေ့သွားဘူး။


ဤသို့တွေးမိသောအခါ ယန်ကျင်းဇီသည် အနည်းငယ် ဝမ်းသာသွားသော်လည်း ယခု ဖရိုဖရဲဖြစ်နေသည့် အခြေအနေကို တွေးမိသောအခါ သူ စိတ်ရှုပ်သွားပြန်သည်။


ယန်ကျင်းဇီ စိတ်ရှုပ်နေစဉ် သူ့အေးဂျင့်က မျက်မှောင်ကြုံ့ပြီး သူ့ကို သင်ခန်းစာ ပေးချင်နေခဲ့သည်။


သို့သော် သူ ယန်ကျင်းဇီကို သင်ခန်းစာပေးရန် လုပ်နိုင်သမျှမှာ ယန်ကျင်းဇီ၏ black material အချို့ကို အင်တာနက်ပေါ်တွင် ဖော်ထုတ်ရန် ဖြစ်သည်... ပြီးတော့ အခု ယန်ကျင်းဇီမှာ နေရာတကာ ပျံသန်းနေတဲ့ black material ရှိနေပြီ!


ယန်ကျင်းဇီ အတိအကျ လုပ်ချင်နေတာ ဘာလဲ? သူက အလုပ်မလုပ်ချင်တော့ဘူးလား?


ယန်ကျင်းဇီ၏ကုမ္ပဏီမှ လူများလည်း ယခုချိန်တွင် စိတ်ရှုပ်နေကြသည်။


ယန်ကျင်းဇီသည် သူ့ကိုယ်ပိုင်စတူဒီယို ဖွင့်ချင်သည်။ ကုမ္ပဏီလည်း ဤအကြောင်းကို သိပြီး သူတို့ဟာ အလွန်‌ရက်ရောပြီး ဤကိစ္စကို သဘောတူခဲ့သည်။ သူတို့သည် ယန်ကျင်းဇီအား တောင်းဆိုချက်တစ်ခုကိုသာ တောင်းဆိုခဲ့သည်။ ‌ထိုတောင်းဆိုချက်မှာ ယန်ကျင်းဇီ ဤရသစုံရှိုးတွင် ပါဝင်ကာ လော့ချန်ကို လူသိများအောင် ပြုလုပ်ပေးရန် ဖြစ်သည်။


တစ်ဖက်လူ ယန်ကျင်းဇီကတော့ ရသစုံရှိုးတွင် လော့ချန်ကို လူသိများအောင် မပြုလုပ်ပေးရုံသာမက သူ့ကိုယ်သူ black material များနှင့် ဖုံးလွှမ်းစေခဲ့သည်။


ဒါက သူတို့လိုချင်တဲ့ရလဒ် လုံးဝ မဟုတ်ဘူး!


အမှန်ဆိုလျှင် သူတို့ သူ့ကို လုံးဝ ထွက်မသွားစေချင်ပေ။


ယန်ကျင်းဇီက ကုမ္ပဏီရဲ့ ငွေရှာနွားပဲ!


ဒုတိယမြောက်နေ့တွင် တိုက်ရိုက်ထုတ်လွှင့်မှုက ဆက်လက်ထုတ်လွှင့်သည်။


အစီအစဉ်တင်ဆက်သူသည် ရိုးစင်းပြီး ရိုင်းစိုင်းသော ကြော်ငြာအခန်းကဏ္ဍကို ဦးစွာဆောင်ရွက်ပြီးမှ ဧည့်သည်များကို အမဲလိုက်ခိုင်းသည်။


သားကောင်ဖမ်းမိသည်နှင့် ဧည့်သည်များသည် အသားဟင်းပွဲများကို ထည့်နိုင်သည်— နောက်ဆုံးမှာ‌တော့ ပရိုဂရမ်အသင်းက ဧည့်သည်တွေကို အသားစားခွင့်ပြုပြီလေ!


သားကောင်က ဘာလဲဆိုတော့... ဧည့်သည်များသည် အလုံပိတ်ခံထားရသော ကြက်များနှင့် ဘဲများကို တွေ့လိုက်ရသည်။


" ဒီမှာ သားကောင်တွေအားလုံးကို အလွတ် တန်းမွေးထားတယ်! တိုက်ခိုက်ရေးစွမ်းအားက ပြင်းထန်လို့ သတိထားကြ! " အစီအစဉ်တင်ဆက်သူက သတိပေးသည်။


" ကြက်တွေဘဲတွေကို သတိထားရတဲ့အထိ ဘယ်လောက်တောင် အားနည်းကြတာလဲ? " မာဟုန်ရှင်းက လှောင်ကာ ဖမ်းရန် အရင်ထွက်သွားသည်။


ရလဒ်မှာ‌တော့ အလွတ် တန်း မွေးမြူ‌ထားသော ကြက်များနှင့် ဘဲများတွင် သာလွန်သော တိုက်ခိုက်စွမ်းရည်များ ရှိကြသည်။ ထိုကြက်များသည် သူတို့၏အတောင်များနှင့် ပျံသန်းနိုင်ပြီး အလွန်လျင်မြန်စွာ ပြေးနိုင်သည်။ ဘဲများဆိုလျှင် သူတို့သည် အမြန်ပြေးနိုင်ရုံသာမပဲ သူတို့ကို ဖမ်းရန် ကြိုးစားသူများကိုလည်း တိုက်ခိုက်ရဲကြသည်။


" ငါတို့ အတူတူလုပ်တာ ပိုအဆင်‌ပြေလိမ့်မယ်။ " ယန်ကျင်းဇီက အဆိုပြုသည်။


ဧည့်သည်များသည် ကြက်များနှင့် ဘဲများကို ဖမ်းရန်၊ မဟုတ်သေးဘူး၊ အမဲလိုက်ရန် စတင်ပူးပေါင်းဆောင်ရွက်လာကြသည်။


ယန်ကျင်းဇီသည် ဤသို့တစ်ခါမှမပြုလုပ်ဖူးလေရာ သားကောင်ကို မည်သို့ဖမ်းရမည်ကိုလည်း မသိ‌ပေ။ သူ အာရုံမစိုက်မိနေစဉ် ဘဲတစ်ကောင်က ထွက်လာပြီး သူ့မျက်နှာကို ထိုးဆိတ်သည်။


ယန်ကျင်းဇီ မတုံ့ပြန်နိုင်ခင် ကျီချန်းရှိူ့သည် ထိုဘဲကို လည်ပင်းမှ ဆွဲဖမ်းလိုက်သည်။


အင်တာနက်ပေါ်တွင် သူ့ကို မကောင်းပြောသူမှာ ယန်ကျင်းဇီဖြစ်မှန်း သိလိုက်ရ‌၍ ကျီချန်းရှိူ့၏ စိတ်အခြေအနေမှာ အထူးရှုပ်ထွေးနေသော်လည်း ယန်ကျင်းဇီကို ထိုးဆိတ်တော့မည့် ဘဲတစ်ကောင်ကို မြင်လိုက်ရသောအခါ သူ သူ့ကိုယ်သူ မထိန်းနိုင်တော့ချေ။


သူ ယန်ကျင်းဇီ ဒဏ်ရာရမည်ကို မမြင်ချင်ပေ။


" ဆရာကျီက တကယ် တော်တယ်။ " ယန်ကျင်းဇီက ကျီချန်းရှိူ့ကို ကြည့်သည်။


" ဒါက ကံကောင်းသွားတာပါ။ " ကျီချန်းရှိူ့သည် သူ့လက်ထဲက ဘဲကို ကြည့်ရင်း ပြောလိုက်သည်။ သနားစရာကောင်းသော ဘဲသည် ၎င်း၏လည်ပင်းမှ အဆွဲခံထားရပြီး သေလောက်အောင် ရုန်းကန်နေသည်။ သူ ထိုသို့သောဘဲမျိုးကို မြင်လိုက်ရသောအခါ သူ့ကိုယ်သူ ပြန်မြင်နေရသလို ခံစားလိုက်ရသည်။


ဘဲသည် ၎င်း ဘာဆက်ကြုံတွေ့ရမည်ကို မသိသကဲ့သို့ အလားတူပင် သူလည်း မသိ။


ဘယ်သူမှ ကျီချန်းရှိူ့၏အတွေးများကို မသိကြပါ‌ ချေ။ သူသည် ထုံးစံအတိုင်း ယန်ကျင်းဇီကို ဂရုစိုက်နေဆဲဖြစ်ပြီး လူတိုင်းအတွက် ဘဲစွတ်ပြုတ်ကို ချက်ပေးသည်။


အွန်လိုင်းပေါ်တွင် ရေတပ်သည် လူများကို အဆက်မပြတ် တိုက်ခိုက်နေပြီး အကျိုးသက်ရောက်မှုမှာ ပိုပိုပြီးကောင်းမွန်လာသည်။


ရေတပ်က ယန်ကျင်းဇီကို စတင်မကောင်းပြောသောအခါ ယန်ကျင်းဇီ၏ပရိသတ်များက ယန်ကျင်းဇီဘက်မှ ဝိုင်းပြောကြပြီး နှစ်ဖက်စလုံးက အပြန်အလှန် တိုက်ခိုက်ခဲ့ကြသော်လည်း နောက်ပိုင်း ယန်ကျင်းဇီက ရှင်းပြချက်တစ်ခုတစ်လေပင် မပေးခဲ့ပေ။ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ကျီချန်းရှိူ့နှင့် အပြန်အလှန် ဆက်ဆံ‌ပြောဆိုမှုမှာလည်း လုံးဝ မလျော့သွားသဖြင့် ပရိသတ်များစွာက ထပ်ပြီး သည်းမခံနိုင်ကြတော့ဘဲ သူတို့က နှုတ်ထွက်လိုသော သူတို့၏ဆန္ဒကို ဖော်ပြခဲ့ကြသည်။


သို့သော် ပရိသတ်အဖြစ်မှနှုတ်ထွက်ခြင်း ဖြစ်ရပ်မှာ နှစ်ရက်သာ ကြာမြင့်ခဲ့သည်။


ရသစုံရှိုးပြီးသည့်နေ့တွင် အတင်းအဖျင်းတစ်ခု ပျံ့နှံ့လာသည်။


ပရိသတ်တစ်ယောက်သည် ယန်ကျင်းဇီ၏အေးဂျင့်အား ယန်ကျင်းဇီ ဘာကြောင့် ဒီလိုလုပ်ရသလဲ မေးခဲ့သည်။ ထွက်ပေါ်လာသည်မှာ ယန်ကျင်းဇီသည် သူ့ကို လူကြိုက်မများစဉ်အချိန်က သူသည် ကျီချန်းရှိူ့၏ကုမ္ပဏီနှင့် လက်မှတ်ရေးထိုးခဲ့ပြီး ကျီချန်းရှိူ့က အသာစီးရကာ သူ့ကို ခြိမ်းခြောက်ခဲ့၍ သူသည် ကျီချန်းရှိူ့နှင့် အတူရှိရန် ဖိအားပေးခံခဲ့ရသည် ဟူ၍ ဖြစ်သည်။


ယန်ကျင်းဇီသည် "ပျိုးထောင်မခံချင်"သောကြောင့်ပင် ကျီချန်းရှိူ့၏ကုမ္ပဏီမှ ထွက်လာရခြင်းဖြစ်သည်ဟု ဆိုလေသည်။


ရှင်းပြချက်ထွက်‌ပေါ်လာသည်နှင့် တပြိုင်နက် ပရိသတ်များက ယုံကြည်ပြီး မှတ်ချက်များကို အရူးအမူး ရေးကြတော့သည်။ ယန်ကျင်းဇီ၏အေးဂျင့်ကလည်း သဘောကျသည်။


ပရိသတ်များသည် ရုတ်တရက် ပိုမိုခံစားလွယ်လာကြသည်။


ရသစုံရှိုးမှာ ယန်ကျင်းဇီရဲ့အပြုအမူက အရမ်းထူးဆန်းခဲ့တယ်!


သူတို့ကိုကို ခြိမ်းခြောက်ခံခဲ့ရတာ ဖြစ်မယ်!


လက်ရှိတွင် ပရိသတ်များသည် ရေတပ်နှင့် ရန်ဖြစ်ခြင်းကို ရပ်စဲလိုက်ပြီး ကျီချန်းရှိူ့ကိုသာ ကြိမ်းမောင်းကြတော့သည်။


ထို့ကြောင့် နာရီအနည်းငယ်ဟူသောကြာချိန်လေးအတွင်း ကျီချန်းရှိူ့ ကြိမ်းမောင်းခံရသော ခေါင်းစဉ်မှာ ရှာဖွေမှုများပြားသော ‌သတင်း ဖြစ်လာသည်။


တစ်ချိန်တည်းမှာပင် ရသစုံရှိုး၏ တိုက်ရိုက်ထုတ်လွှင့်မှုများနှင့် ရိုက်ကူးမှုများအားလုံး ပြီးဆုံးသွားခဲ့သည်။


ရသစုံရှိုးရိုက်ကူးနေစဉ် ဧည့်သည်များတွင် သူတို့လက်ထဲ ဖုန်းများ မရှိကြသော်လည်း ရိုက်ကူးရေးပြီးပြီးချင်း ယန်ကျင်းဇီနှင့် အခြားသူများသည် အွန်လိုင်းသတင်းများကို စစ်ဆေးရန် သူတို့ဖုန်းများကို ပြန်ယူလိုက်ကြသည်။


ယခုတလော သူသည် ကြိမ်းမောင်းခံနေရပြီး သူလည်း အရမ်းစိတ်ရှုပ်ထွေးနေသည်။ ကံကောင်းစွာဖြင့် ဤကိစ္စသည် မကြာခင် ပြီးဆုံးသွားလိမ့်မည်။


သို့သော် ယန်ကျင်းဇီ သတင်းဖတ်ရန် အချိန်မရသေးမီ သူ့အေးဂျင့်က သူ့စီ ရောက်လာသည် : " ယန်ကျင်းဇီ ငါ မင်းနဲ့ စကားပြောချင်တယ်။ "


ယန်ကျင်းဇီသည် သူ့ဖုန်းကို သိမ်းလိုက်ပြီး သူ့အေးဂျင့်နောက် လိုက်သွားရာ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူ နေထိုင်‌ခဲ့သည့် တဲစီသို့ ရောက်သွားသည် : " ဘာပြောချင်လို့လဲ? "


" ယန်ကျင်းဇီ မင်း ဘာလုပ်ခဲ့လဲ မင်း သိလား? " အေးဂျင့်၏ပုံစံက အကျည်းတန် လှသည်။


" ကျွန်တော် သိတယ်။ " ယန်ကျင်းဇီသည် အတော်လေး တည်ငြိမ်သည်။


" အခု လူတိုင်းက မင်းကို ကျိန်ဆဲနေကြပြီ။ " အေးဂျင့်က ဆိုသည် : " ‌ခဏနေရင် မီဒီယာတွေ ရောက်လာလိမ့်မယ်။ မင်း သေသေချာချာ ရှင်းပြလိုက် မဟုတ်ရင် မင်းရဲ့အသက်မွေးဝမ်းကြောင်း ပျက်စီးသွားလိမ့်မယ်။ "


" ရှင်းပြလိုက်ပါ့မယ်။ " ယန်ကျင်းဇီက ခေါင်းညိတ်သည်။


အေးဂျင့်က သူ့အသံကို နှိမ့်လိုက်သည် : " မင်း ကျီချန်းရှိူ့အတွက် စိတ်မကောင်းဖြစ်မှန်း ငါ သိတယ်။ ဒါပေမယ့် မင်းနဲ့ကျီချန်းရှိူ့တို့က ပေါင်းလို့မရဘူး! ကျီချန်းရှိူ့မှာ မင်းရဲ့နိုင်ကွက် ရှိလို့ ရှိုးမှာ သူနဲ့ ဆက်ဆံပြောဆိုဖို့ မင်း အကြပ်ကိုင်ခံရတယ်လို့ မင်း ပြောနိုင်တယ်... ကျီချန်းရှိူ့က သရုပ်မဆောင်နိုင်တော့ဘူး ဆိုရင်တောင်မှ သူက တခြားဟာတွေ လုပ်နိုင်သေးတယ်။ မင်းရဲ့ အသက်မွေး‌ဝမ်းကြောင်း ပျက်စီးသွားရင်တော့ ဘာမှ ကျန်ခဲ့မှာ မဟုတ်ဘူး။ " အေးဂျင့်သည် ယန်ကျင်းဇီအား အများကြီးပြောသွားခဲ့သည်။


ယန်ကျင်းဇီ မူလပိုင်ရှင်ကို မလေးစားဘဲ မနေနိုင်။ မူလပိုင်ရှင်သည် သရုပ်ဆောင်ကောင်းလွန်းသည်။ သူ့အေးဂျင့်ရှေ့တွင်ပင် မူလပိုင်ရှင်သည် သရုပ်ဆောင်ခြင်းကို နှစ်သက်ပြီး အရာအားလုံးကို ပေးဆပ်လိုစိတ်ရှိသူတစ်ယောက်အဖြစ် ပြီးပြည့်စုံစွာ ကောင်းကောင်းမွန်မွန် သရုပ်ဆောင်ထားသည်။


သေချာတာပေါ့၊ အဓိကအကြောင်းမှာ ဤအေးဂျင့်က မိုက်မဲတုံးအ၍ဖြစ်သည်။


အကျဉ်းချုပ်ပြောရလျှင် ဤအချိန်တွင် မူလပိုင်ရှင်၏အေးဂျင့်သည် မူလပိုင်ရှင် ကျီချန်းရှိူ့ကို တိတ်တဆိတ် ကိုင်တွယ်ဖြေရှင်းနေမှန်း လုံးဝ မသိခဲ့ပေ။


သူသည် ယန်ကျင်းဇီ ရုတ်တရက်ကြီး ကျီချန်းရှိူ့အား ‌အလွန်ကောင်းမွန်စွာ ဆက်ဆံနေခြင်းမှာ အပြစ်ရှိစိတ်ကြောင့်ဟုသာ ထင်နေသည်။


" ဒါဆို ကျီချန်းရှိူ့က ဖျက်ဆီးခံရမယ့်သူ ဖြစ်သွားမှာမလား? " ယန်ကျင်းဇီက မေးသည်။


" ကျီချန်းရှိူ့အတွက် မင်း ဘာတွေစိတ်ပူနေတာလဲ? အဲ့လူမှာ ပိုက်ဆံနဲ့ အရင်းအမြစ်တွေ ရှိတယ်။ သရုပ်ဆောင်တာက သူ့ရဲ့ ဝါသနာသက်သက်ပဲ။ သူ အခု ဒါရိုက်တာ လုပ်နေပြီမလား? " အေးဂျင့်က ဆက်ပြောသည်။


ယခုအချိန်တွင် ရသစုံရှိုး၌ ပါဝင်နေသော အခြားဧည့်သည်များမှာ သူတို့၏ဖုန်းများကို ပြန်ရ၍ အင်တာနက်မှ သတင်းများကို ဖတ်နေကြပြီဖြစ်သည်။


အင်တာနက်ပေါ်မှ လူများ ယခု ပြောနေကြသည်မှာ ကျီချန်းရှိူ့သည် ယန်ကျင်းဇီကို ခြိမ်းခြောက်ပြီး နှောင့်ယှက်ဖိနှိပ်နေကြောင်း ဖြစ်ပြီး လူအချို့က ကျီချန်းရှိူ့၏နောက်ခံကို တူးဆွလာကြသည်။


ကျီချန်းရှိူ့၏မိဘများသည် ရုပ်ရှင်နှင့် ရုပ်မြင်သံကြားကုမ္ပဏီတစ်ခုတွင် ရှယ်ယာများ ရှိကြပြီး မျိုးဆက်ဟောင်းများ၏ သရုပ်ဆောင်များ ဖြစ်သည်။ သူသည် မကောင်းသတင်းများ၏ ကာယကံရှင် ဖြစ်နေသည်မှာ ထင်ရှားပါလျက် သူသည် ရသစုံရှိုးများတွင် ပါဝင်နိုင်သေးသည်...


ယန်ကျင်းဇီသည် လူကြိုက်များသော်လည်း သူ့မိသားစုနောက်ခံသည် သာမန်ဖြစ်ပြီး သူ၏ လက်ရှိအောင်မြင်မှုများသည် သူ၏ကိုယ်ပိုင်ကြိုးစားအားထုတ်မှုအပေါ် မူတည်သည်။ ကျီချန်းရှိူ့စီက ခြိမ်းခြောက်ခံရတာ ပုံမှန်ပါပဲ!


ယန်ကျင်းဇီ မရှိတော့သည့်အချိန်မှာပဲ မာဟုန်ရှင်းက ပြောသည် : " ကျစ် ယန်ကျင်းဇီက ဒီတစ်ခါ ကောင်းကောင်းကစားနေတာပဲ။ သူက လူသိခါစပဲ ရှိသေးတယ်။ ပရိသတ်များပေမယ့် မတည်ငြိမ်သေးဘူး။ အခု သူက အရမ်းအနိုင်ကျင့်ခံရတော့ အဲ့ကောင်မလေးတွေက သူ့ကို သနားပြီး သူ့ကို ကူညီဖို့ ဆန္ဒရှိတယ်၊ သူ့အတွက် သေဖို့တောင် ဆန္ဒရှိနေကြပြီ။ အခု သူ အရင်က အတိတ်ဆိုးကြီးကို အပြည့်အဝ ရှင်းပစ်နိုင်တော့မယ်။ "


တကယ်တော့ ဤအကြောင်းအရာမှာ ယခင်က လူသိများခဲ့သော အကြောင်းအရာတစ်ခု ဖြစ်ခဲ့သည်။ လူတိုင်း သူတို့စိတ်ထဲ သိသော်ငြား ယန်ကျင်းဇီ၏နောက်ကွယ်မှ လူကို သူတို့ မသိခဲ့ကြပေ။ သို့သော် သူတို့ အခု သိသွားကြပြီ။ ထိုလူက ကျီချန်းရှိူ့ပင်။


ဟုတ်ပါတယ်၊ သင် နာမည်ကြီးနိုင်လား နာမည်မကြီးနိုင်ဘူးလား ဆိုတာ လူအပေါ်သာ မူတည်သည်။ ကံတရားနှင့်လည်း သက်ဆိုင်သည်။ ယန်ကျင်းဇီသည် သူ၏ ရသစုံရှိုးများမှ အကောင်းဆုံးသရုပ်ဆောင်မှုကြောင့် နာမည်ကြီးနိုင်သည်။ သူ အင်တာနက်ဒရမ်မာ ရိုက်ကူးခဲ့စဉ်က ထိုအင်တာနက်ဒရမ်မာသည် ရုတ်တရက် အလွန်ရေပန်းစားလာသည်... ဖြစ်နိုင်သည်မှာ စစချင်းတွင် ကျီချန်းရှိူ့နှင့် ယန်ကျင်းဇီတို့ကိုယ်တိုင်ပင် ယန်ကျင်းဇီ ထိုမျှလောက် အလွန်နာမည်ကြီးလာလိမ့်မည်ဟု ထင်မထားခဲ့လောက်ကြချေ။


ကျီချန်းရှိူ့သည် လုံးဝ စကားဝင်မပြော။ သို့သော် သူသည် သူ့ဖုန်းထဲမှ မက်ဆေ့ကို မျက်မှောင်ကြုံ့ပြီး ကြည့်နေသည်။


ဤရက်များအတွင်း မာဟုန်ရှင်းသည် ယန်ကျင်းဇီကြောင့် ဒေါသထွက်ခဲ့ရပြီး ယန်ကျင်းဇီနှင့်ကျီချန်းရှိူ့တို့က ကင်မရာထဲမှ ပရိသတ်အာရုံကို လုယူသွားကြသည်။ သူ့ဒေါသကို မြိုသိပ်ထားရင်း သူသည် မစ္ဆရိယစိတ်ဖြင့် ဝမ်းသာစွာ ဆက်ပြောသည် : " မီဒီယာတွေ အများကြီး ရောက်လာတယ်လို့ တခြားသူတွေ ငါ့ကို ပြောတယ်။ ပြီးတော့ သူတို့ကို ဒီကိုခေါ်လာတဲ့သူက ယန်ကျင်းဇီရဲ့အေးဂျင့်တဲ့လေ... ကျစ်! "


လော့ချန်ကလည်း ပြုံးနေသည် : " ကျွန်တော် ပြောသားပဲ။ ဘာလို့ ယန်ကျင်းဇီက ကျွန်တော်နဲ့ CP အတွဲဖွဲ့ဖို့ သဘောတူပြီးမှ ရုတ်တရက်ကြီး သူ့စကားကို ဖျက်သွားတာပါလဲပေါ့။ "


ယန်ကျင်းဇီသည် ယခင်က ကျီချန်းရှိူ့နှင့် စကားပြောဖူးသည်။ ဒါက ကျီချန်းရှိူ့ကို ဖယ်ရှားပြီး ရှင်းရှင်းလင်းလင်း အပြီးဖယ်ပစ်ဖို့ အခွင့်အရေးတစ်ခု ဟုတ်တယ်မလား?


ကျီချန်းရှိူ့ ယန်ကျင်းဇီကို အကြပ်ကိုင်ထားသည်ဟု သတင်းထွက်နေစဉ် ကျီချန်းရှိူ့က သူတို့၏အချစ်အကြောင်း သက်သေများ နောက်ထပ်ထုတ်ပြလာလျှင်တောင်မှ ဘယ်သူမှ ယုံလိမ့်မည် မဟုတ်ပေ။


ကျန်းချင်းချင်းနှင့်ဟောင်မေ့တို့နှစ်ဦးလည်း ကျီချန်းရှိူ့ကို သနားခဲ့ကြသည်။ ကျီချန်းရှိူ့သည် တကယ့်ကို အတော်လေး ကောင်းမွန်သော လူတစ်ယောက် ဖြစ်သော်လည်း စိတ်မကောင်းစရာပင်...


ကျီချန်းရှိူ့သည် စကားတစ်ခွန်းမှ မပြောဘဲ လော့ချန်က ယန်ကျင်းဇီ သူနှင့် CP အတွဲဖွဲ့ရန် သဘောတူခဲ့သည်ဟု ပြောချိန်တွင်သာ လော့ချန်ကို တစ်ချက်လှမ်းကြည့်သည်။


ဤအချိန်တွင် မီဒီယာများ ရောက်လာသည်။


စာနယ်ဇင်းအများစုကို ယန်ကျင်းဇီ၏ အေးဂျင့်မှ ခေါ်လာခဲ့သည်။ ၎င်းတို့ထဲမှ အချို့မှာ ယန်ကျင်းဇီ၏အေးဂျင့်ထံမှ အခေါ်မခံရလျှင်‌တောင်မှ သူတို့က ယန်ကျင်းဇီအတွက် ဤ‌နေရာသို့ ရောက်လာကြဆဲဖြစ်သည်။ ယခု သူတို့အားလုံး ယန်ကျင်းဇီ၏တဲအဝင်ဝစီသို့ တိုးကြိတ်နေကြပြီး တဲထဲမှ ထွက်လာသော ယန်ကျင်းဇီကို ဝန်းရံထားကြသည်။ " ယန်ကျင်းဇီ မင်း အင်တာနက်ပေါ်က သတင်းတွေကို ဘယ်လိုထင်လဲ? "


" ယန်ကျင်းဇီ မင်းနဲ့ ကျီချန်းရှိူ့တို့ရဲ့ ဆက်ဆံရေးက ဘာလဲ? "


" ယန်ကျင်းဇီ... "


ကျီချန်းရှိူ့သည် ယန်ကျင်းဇီအား အဝေးမှ ကြည့်နေသည်။


ယန်ကျင်းဇီ သူ့ကို မောင်းထုတ်ချင်လျှင် သူနှင့် လမ်းခွဲရာတွင် ဘာပြဿနာမှ မရှိနိုင်ပေ။


ဒါက ယန်ကျင်းဇီ တကယ့်ကို အတွေးလွန်နေခြင်းသာ ဖြစ်သည်။ ယန်ကျင်းဇီသာ တကယ်လမ်းခွဲချင်လျှင် ဒီလိုဇာတ်ကွက်မျိုး လုပ်ဖို့ လုံးဝ မလိုအပ်ပေ။


ကျီချန်းရှိူ့ တွေးနေရင်း ယန်ကျင်းဇီ ပြောတာကို ကြားလိုက်ရသည် : " တိတ်တိတ်နေပြီး ကျွန်တော့်ကို ပြောခွင့်ပြုကြပါ။ "


ယန်ကျင်းဇီသည် စကားပြောမိုက်တစ်ခုကို တောင်းခဲ့သည် : " ကျွန်‌တော် လက်ရှိအင်တာနက်ပေါ်က သတင်းတွေအားလုံးကို သိပါတယ်။ ကျွန်တော် အရင်ဆုံး ကျွန်တော့်ကို မှားယွင်းစွာ ချစ်မိကြတဲ့ ကျွန်တော့်ပရိသတ်တွေကို တောင်းပန်ပါတယ်လို့ ပြောချင်ပါတယ်။ မင်းတို့ထဲက တော်တော်များများ ကျွန်တော့်အတွက် ပိုက်ဆံတွေအများကြီး သုံးနေကြမှန်း ကျွန်‌တော် သိပါတယ်။ မင်းတို့ ကျွန်တော့်စီ မင်းတို့ရဲ့ ငွေတောင်းခံလွှာတွေကို ပို့ပြီး ကျွန်တော် မင်းတို့ကို ပြန်ပေးနိုင်အောင် ကျွန်တော် စာချုပ်အချက်အလက်တစ်ခုကို ထုတ်ပြန်လိုက်ပါ့မယ်။ "


ယန်ကျင်းဇီက ထိုသို့ထူးဆန်းသောစကားကို ပြောခဲ့သည်... သူ တကယ်ပဲ ပရိသတ်တွေကို ပိုက်ဆံပြန်ပေးချင်တာလား? လူတိုင်း အနည်းငယ် စိတ်ရှုပ်သွားကြသည်။ ထို့နောက် သူတို့ ယန်ကျင်းဇီ ပြောတာကို ကြားလိုက်ရပြန်သည် : " ကျွန်တော့်မှာ ‌ပြောစရာတစ်ခု တကယ်ရှိပါတယ်... ကုမ္ပဏီနဲ့ ကျွန်တော့်ရဲ့ စာချုပ်က သက်တမ်းကုန်တော့မယ်။ စာချုပ်သက်တမ်းကုန်သွားရင် ကျွန်တော် အနုပညာလောက က နှုတ်ထွက်ဖို့ စီစဉ်ထားပါတယ်။ "


ဆယ်လီဖြစ်ရတာ အရမ်းဒုက္ခများပြီး ပြဿနာတက်ဖို့လည်း လွယ်တယ်!


သူ အခက်ကြုံနေရပြီ!


အဲ့အစား သူ တခြားလူများ၏ ရုပ်ရှင်များတွင် ရင်းနှီးမြှုပ်နှံရင်း ရင်းနှီးမြှုပ်နှံသူတစ်ယောက်သာ ဖြစ်လိုက်မည်။