Chapter 150
သူ၏အနာဂတ်ပျော်ရွှင်မှုအတွက် ချီရှင်းချန်တစ်ယောက် အသက်ကိုစွန့်စားရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
ဟိုဟိုသည်သည်ကြည့်လိုက်သောအခါ အစေခံတွေက ကြမ်းပြင်မှာ ငုတ်တုတ်ထိုင်ပြီး ပန်းအိုးထဲကပင်တွေ၏ အရွက်သေတွေကို ဖြတ်နေကြသည်ကို မြင်လိုက်ရသည်။ချီရှင်းချန် တိတ်တဆိတ်ထလိုက်ပြီး ဆိုဖာပေါ် ခြေထောက်တစ်ဖက် တင်လိုက်သည်။ပိုင်ရဲ့ သူ့ကို မနမ်းခင် ခါတိုင်းလိုလုပ်သလိုမျိုး တစ်ဖက်လူ၏ မျက်နှာကို ကိုင်ထားလိုက်သည်။
သူ့လျှာဖျားကို ထုတ်ပြီး တင်းတင်းစေ့ထားသော တစ်ဖက်လူ၏နှုတ်ခမ်းကို လျက်လိုက်သည်။
ချီရှင်းချန်က ဤကဲ့သို့သော အစပြုမှုမျိုးကို ရှားရှားပါးပါး ပြုလုပ်ခဲ့ချိန်တိုင်း ပိုင်ရဲ့ ၎င်းကို ခံနိုင်ရည်မရှိပေ။ အကြိမ်အနည်းငယ် အလျက်ခံပြီးနောက် ပိုင်ရဲ့တိုက်စစ်အနေအထားကိုပြောင်းကာ တစ်ဖက်လူ၏လျှာကို သူ့ပါးစပ်ထဲသို့ တိုက်ရိုက်ဆွဲစုပ်လိုက်သည်။
"ဘုန်း-"
အနမ်းက မနက်ရှိုင်းခင်မှာ အနောက်ကနေ ကြမ်းပြင်ပေါ် တစ်ခုခု ပြုတ်ကျလာသည့် အသံတစ်ခု ထွက်လာသည်။
ချီရှင်းချန် အတော်လေး ကြောက်သွားပြီး အမြန်ပြန်ထိုင်လိုက်သည်။ပိုင်ရဲ လှည့်ကြည့်လိုက်သောအခါ အိမ်အကူက ကတ်ကြေးကုန်းကောက်နေသည်ကို တွေ့လိုက်ရသည်။
"ဘာမှ မတွေ့လိုက်ပါဘူး...ဆက်လုပ်ကြပါရှင့်"
ချီရှင်းချန်မည်သို ဆက်လုပ်ရဲမည်နည်း။သူသည်မှာ တစ်စက္ကန့်ပင် မနေချင်တော့ပေ။
"ဒေါ်လေးကို ထမင်းဟင်းကူချက်ပေးလိုက်ဦးမယ်"ဟု ကမန်းကတန်းပြောပြီး ထွက်ပြေးသွားခဲ့သည်။
သူ မီးဖိုချောင်ထဲ ပြေးသွားပေမဲ့ အမေပိုင်က သူ့ကို ဘာတစ်ခုမှ ထိခွင့်မပေးပေ။ကိုယ့်ကိုကိုယ် မထိခိုက်စေရဘူးဟု ထပ်ခါတလဲလဲ ကတိပေးပြီးသည့်နောက်မှာ အဖေပိုင်နှင့်အမေပိုင်တို့၏ စိုးရိမ်သောကအကြည့်တွေအောက်မှာ အရသာရှိသည့် ဟင်းသုံးမျိုးကို ချက်ခဲ့သည်။
အမေပိုင်၏ မူလသားကို မလိုချင်တော့ဘူးဟူသောယုံကြည်မှုက ပိုခိုင်မာလာသည်။
တကယ်တမ်းတွင် ချီရှင်းချန်မရောက်ခင်မှာ ပိုင်ရဲ့က သူ့မိဘတွေကို ချီရှင်းချန်က အကဲဆတ်ပြီး သိမ်ငယ်စိတ်ရှိသည်ဟု ပြောထားသည်။ထို့ကြောင့် ပိုင်ရဲ့၏မိဘများက သူတို့ အချင်းချင်းပြောဆိုဆက်ဆံပုံကို အာရုံစိုက်ခဲ့ကြသည်။ သူတို့၏ စကားဝိုင်းများသည် အဓိကအားဖြင့် မေးခွန်းများဖြစ်ပြီး အပြန်ပြန်အလှန်လှန် ပြောဆိုကြသည်။ သူတို့သည် အကြောင်းအရာကို ရုတ်တရက်အဆုံးသတ်မည်မဟုတ်ဘဲ သူ့ကို သူတစ်ခုခုမှားနေသလားဟု သံသယဝင်ရန် အခွင့်အရေးမပေးကြပေ။
ညစာကိုလည်း လိုက်လျောညီထွေရှိသော လေထုထဲတွင် ပြီးမြောက်ခဲ့သည်။
အမေ့အကြိုက် အိမ်ချက်လက်ရာကို စားသောက်ပြီးနောက် အမေပိုင်က မိဘ-သားသမီး လှုပ်ရှားမှုအသစ်ကို ဖန်တီးခဲ့သည်။ အစာမကြေခြင်းကို အကြောင်းပြချက်တစ်ခုအနေဖြင့် သုံးကာ သူမက ချီရှင်းချန်ကို လမ်းလျှောက်ရန် ခေါ်ခဲ့သည်။
ပိုင်မိသားစု၏အိမ်ကို လှည့်ပတ်သွားလာပြီးနောက် လူလတ်ပိုင်းအရွယ် များ အိပ်ရာဝင်ခါနီးအချိန်ကိုရောက်လာသည်။အမေပိုင်ကဆိုသည်။ "ရှင်းရှင်း ပိုင်ရဲ့ရဲ့အခန်းကို သားမမြင်ဖူးသေးဘူး...သားကိုပြမယ်"
ပိုင်ရဲ့က တိတ်ဆိတ်ငြိမ်သက်ခြင်းကို နှစ်သက်သောကြောင့် တတိယထပ်တွင် သူတစ်ယောက်တည်း နေထိုင်ခဲ့သည်။ သူ့ idol၏ အခန်းကို သွားကြည့်မည်ဟု ကြားသောအခါ ချီရှင်းချန် ရင်ခုန်နေခဲ့၏။
(T/N—ခုနကနှစ်ထပ််အိမ်လို့ရေးထားပေမဲ့ သူသုံးထားတဲ့နှစ်ထပ်အိမ်က နှစ်လွှာ (သို့) နှစ်လွှာထပ်ပိုပါနိုင်ပါတယ်)
စင်စစ်အားဖြင့် ထိုနေရာက လှပသည့် ဂီတသံစဉ်တွေ စတင်ပေါက်ဖွားလာရာ နေရာဖြစ်ပြီး သူ့ကို ပစ္စုပ္ပန်ကို လမ်းပြပေးခဲ့သည့် အလင်းရောင် မွေးဖွားရာနေရာလည်း ဖြစ်၏။ ၎င်း၏တည်ရှိမှုသည် သာမန်နေထိုင်ရာနေရာမျှသာမဟုတ်ပေ။
ချီရှင်းချန်အတွက်၊၎င်းက ဘုရားကျောင်းတစ်ခုနှင့် ပိုတူသည်။
ဤအချိန်မှာ ဘုရားဖူးသွားရတော့မည်။
ဖြူစင်သောနှလုံးသားဖြင့် သူ အမေပိုင်နောက်ကနေ တတိယထပ်သို့ လိုက်သွားခဲ့သည်။ အမေပိုင်က တံခါးကို တွန်းဖွင့်လိုက်သည်။ သူ အထဲကိုကိုယ်အပေါ်ပိုင်းကိုင်းကာ အတွင်းထဲကို ဂရုတစိုက်ကြည့်လိုက်သည်။
အခန်း၏အလင်းရောင်နှင့် နံရံအလှဆင်ခြင်းများမှာ အဓိကအားဖြင့် အနက်ရောင်၊ အဖြူရောင်နှင့် မီးခိုးရောင်တို့ဖြစ်သည်။စတိုင်တစ်ခုလုံးက ပိုင်ရဲ့၏ကိုယ်ရည်ကိုယ်သွေးနှင့် အလွန်လိုက်လျောညီထွေရှိသော ခေတ်မီပြီး ရိုးရှင်းသောပုံစံဖြစ်သည်။
ပရိဘောဂတွေ သိပ်မရှိပေ။ လိုအပ်သော ဗီရို၊ စားပွဲခုံ၊ တီဗီ၊ ရေချိုးခန်း အစရှိသည်တို့အပြင်၊ စန္ဒယားတစ်လုံး၊ ဂစ်တာနှစ်လုံး၊ ဘေ့စ်ဂီတာတစ်လုံးနှင့် တယောတစ်လုံးတို့ကို အခန်းထောင့်စွန်းက ကြမ်းပြင်ပေါ်တွင် စုပုံထားပြီး နေရာအများစုကို နေရာယူထားသည်။ စားပွဲပေါ်တွင် PS4၊ Switch နှင့် အခြားသော ဂိမ်းစက်များနှင့် ဖလင်လိပ်များ ရှိသည်။သီးခြားဆန်မှုနှင့်အတူ သဟဇာတဖြစ်နေခဲ့သည်။
အရင်တုန်းကတော့ ချီရှင်းချန် သူ့idol က ဘယ်လိုနေရာမျိုးမှာနေမလဲဆိုသည်ကို စိတ်ကူးယဉ်ခဲ့ဖူး၏။ သူ့စိတ်ကူးထဲမှာ ထိုနေရာက နွေးထွေးတောက်ပပြီး နူးညံ့သည့်အလင်းရောင်၊ စိုစွတ်သည့်လေနှင့် လတ်ဆတ်အေးမြသောလေထုတို့အပြည့်ရှိနေရမည်ဖြစ်သည်။
သူ့မျက်လုံးရှေ့က မြင်ကွင်းက သူ့စိတ်ကူးနှင့် ထပ်တူကျနေသည့်အခါ နားမလည်နိုင်သော ရင်ခုန်သံကို ခံစားလိုက်ရသည်။ သူ့နှလုံးသားကို လက်ဖြင့်ညှစ်ကာ ညှစ်ထုတ်လိုက်သလို ခံစားလိုက်ရသည်။ယင်းက ပြင်းထန်စွာ ကျုံ့သွားကာ သူ့နားရွက်များတွင်အပူများတဟုန်းဟုန်းတောက်သည်အထိ သွေးများ တဟုန်ထိုး ထိုးတက်လာသည်။
ဤအခိုက်အတန့်တွင် သူ ပိုင်ရဲ့နှင့် အတူရှိရခြင်း၏ ခံစားချက်အစစ်အမှန်ကို ခံစားလိုက်ရသည်။
သူ ပိုင်ရဲ့၏ကမ္ဘာထဲကို ဝင်ရောက်လာခဲ့သလိုပင်။
"ရှောင်ရှင်းရှင်း"
သူ မလှုပ်မရှားဖြစ်နေသည်ကိုမြင်သောအခါ အမေပိုင်က သူ့ကို သတိပေးသည်။
"လာအထဲဝင်ထိုင်...လွတ်လွတ်လပ်လပ်နေ"
ချီရှင်းချန်က မကြားလိုက်ပေ။
အမေပိုင်က သူရှက်နေသည်ဟု ထင်ပြီး အောက်ထပ်ကနေ တမျှော်မျှော်လုပ်နေသည့် သူမသားကို လှမ်းအော်လိုက်သည်။
"ကျိုက်ကျိုက် အပေါ်တက်လာပြီး ရှင်းရှင်းကို အခန်းပြလှည့်..."
…ကျိုက်...ကျိုက်ကျိုက်လား
ချီရှင်းချန် ရုတ်တရက် နိုးလာသည်။
အေးစက်ပြီး တစ်သီးတစ်သန့်ဆန်တဲ့ပိုင်ရဲ့ ရဲ့ ငယ်နာမည်က ကျိုက်ကျိုက်လား...
ယုံရခက်သည်။
ပိုင်ရဲ့၏ မျက်နှာမှာ ရှက်ရွံ့မှုတစ်ခုဖြတ်ပြေးသွားသည်။အပေါ်ထပ်သို့တက်ကာ သူ့ငယ်နာမည်ကို ဖော်လိုက်သော အမျိုးသမီးကို မကျေမနပ်ဖြင့် လှမ်းကြည့်လိုက်သည်။
အမေပိုင်က မမြင်လိုက်သလို ပြုမူပြီး ပစ္စည်းတွေ ဆက်စီစဉ်နေသည်။
"ကျိုက်ကျိုက်...သူ့ကို မင်းအခန်းထဲမှာ လိုက်ပြပေး...ပြီးရင် အိပ်ဖို့အဝတ်အစား ကူရှာပေးလိုက်...အန်တီလျှိုကို ဘေးအခန်းကို သန့်ရှင်းရေးလုပ်ခိုင်းထားတယ်...အိမ်သာသုံးတာလိုမျိုး အိမ်သုံးပစ္စည်းတွေ ဘယ်လိုသုံးရမလဲသူ့ကိုသင်ပေးလိုက်"
ပိုင်ရဲ့: "..."
"ပြီးရင် ငါ့ကိုလာရှာ"
"ဟုတ်ကဲ့"
ပိုင်ရဲ့က ခေါင်းညိတ်လိုက်သည်။
သူ့သားက သဘောတူသည်ကို မြင်သောအခါ အမေပိုင်က မထွက်ချင်ထွက်ချင်ဖြင့် အခန်းထဲက ထွက်သွားသည်။ပိုင်ရဲ့က သူ့အမေ၏ တောင်းဆိုမှုကို လိုက်နာပြီး ချီရှင်းချန်ကို သူ့အခန်းထဲမှာလိုက်ပြလိုက်သည်။၎င်းနေုက် သူကမေးသည်။
"ရှင်းရှင်း ဘေးခန်းမှာ အနားယူချင်လား ဒါမှမဟုတ် ဒီမှာ ကစားချင်လား"
ရှင်းရှင်း ဤနေရာတွင် ကစားချင်သော်လည်း အခြားတစ်ယောက်၏အခန်းတွင် တစ်ယောက်တည်းနေရန် အဆင်မပြေလှပေ။ သူကပြောလိုက်သည
"ဘေးခန်းမှာ အနားယူမယ်"
"ကောင်းပြီ ...ကိုယ်မင်းကို ညအိပ်ဝတ်စုံ ရှာပေးမယ်"
"မလိုပါဘူး"
ချီရှင်းချန် ငြင်းလိုက်သည်။
"ကျွန်တော့်ညအိပ်ဝတ်စုံတွေ ယူလာခဲ့တယ်"
ပိုင်ရဲ့က အဝတ်အစားရှာသည်ကို မရပ်ပေ။သူက "ကိုယ့်ဟာကို ဝတ်ပါ" ဟု တွန်းအားပေးသံတစ်ဝက်ပါသော လေသံဖြင့်ပြောသည်။
ချီရှင်းချန်: "... ကောင်းပြီ"
"နောက်ထပ်ရှိသေးတယ်"
ပိုင်ရဲ့က ရိုးရိုးတီရှပ်နှင့် ဘောင်းဘီကို လက်ထဲထည့်ပေးလိုက်၏။
ထိုနောက် သူ့နားထဲမှာ တိုးတိုးလေး ပြောလိုက်သည်။
"မင်းရဲ့သက်သေပြချက်က တစ်ဝက်ပဲရှိသေးတယ်နော်...မမေ့နဲ့"
"ကောင်းပြီ...ကျွန်တော်မှတ်ထားလိုက်မယ်"
ချီရှင်းချန်ကို ဘေးက အခန်းကို ပို့ပြီး ရေချိုးခန်းထဲဝင်သွားသည့်ကို ကြည့်ပြီးနောက် ပိုင်ရဲ့က အမေပိုင်နှင့်ရန်ဖြစ်ရန် အောက်ထပ်ကို ဆင်းသွားခဲ့သည်။
မာစတာအိပ်ခန်းထဲသို့ သူဝင်သွားသောအခါ အမေပိုင်၏ပထမဆုံးစကားများသည်ကားဤသို့ဖြစ်၏။ "မင်းရဲ့ ငယ်နာမည်ကို အနှေးနဲ့အမြန် သူသိသွားမှာပဲ...မြန်မြန်သိတာပဲဖြစ်ဖြစ် နောက်ပိုင်းမှသိတာပဲဖြစ်ဖြစ် ဘာမှ ထူးခြားသွားမှာ မဟုတ်ဘူး"
ပိုင်ရ : "ဪ"
"ဒီအကြောင်း မပြောရအောင်... သား လာထိုင်ပြီး ရှင်းရှင်းအကြောင်း ပြောပြ"
"အမေက နောက်ထပ် ဘာထပ်ကြားချင်သေးတာလဲ"
ပိုင်ရဲ့က ထိုင်ခုံတစ်လုံးကို မကျေမနပ် ဆွဲချလိုက်သည်။
"ကျွန်တော်အမေ့ကို အကုန်ပြောပြထားတယ်မဟုတ်လား"
ထိုမျှတင်မကဘဲ အမေပိုင်က ချီရှင်းချန်အကြောင်းကို အင်တာနက်မှာလည်း ဖတ်ဖူးသည်။ အင်တာနက်သုံးစွဲသူတွေက သူ့ကို "သခင်လေး"၊ "လူကြိုက်မများရင် မိသားစုအမွေကိုဆက်ခံရမယ်"၊ "ဘဝအတွေ့အကြုံအတွက် ဖျော်ဖြေရေးလောကထဲကို ဝင်လာတယ်" စသည်ဖြင့်လှောင်ပြောင်ကြသည်ကို သူမသိသည်။ သူက အလိုလိုက်ခံရပြီး ပျက်စီးနေသော ဒုတိယမျိုးဆက်ဖြစ်ပုံရသည်။
သို့သော် သူပြသခဲ့သည့်အရာက သူ့မိသားစုနောက်ခံနှင့် လုံးဝကွဲလွဲနေသည်။
"သူ့မိသားစုက သူ့ကို နှိပ်စက်ခဲ့တာလား..."
အမေပိုင်၏နှလုံးသား နာကျင်သွားသည်။
"သူ ဘယ်လောက်မြန်မြန် ချက်ပြုတ်၊ ပန်းကန်ဆေး၊ အိမ်မှုကိစ္စတွေကို လုပ်နိုင်တာကို ကြည့်ပါ...နှစ်အနည်းငယ်ကြာအောင် မလေ့ကျင့်ဘဲနဲ့ သူဒီလိုလုပ်နိုင်ဖို့ မဖြစ်နိုင်ဘူး... မိသားစုအမွေအတွက် တိုက်ခိုက်ရာမှာရှုံးနိမ့်သွားပြီး မောင်နှမတွေဆီက ဝိုင်းပယ်ခံရတာလား"
သူမ ဒရာမာဇာတ်လမ်းတွဲအများကြီး ကြည့်ထားခြင်းဖြစ်ရမည်။ပိုင်ရဲ့တစ်ခဏလောက် စကားမပြောနိုင်ဖြစ်သွား၏။သူ့အမေကို နှစ်သိမ့်ပြီးနောက် သူ့အခန်းကို ပြန်သွားခဲ့သည်။
သို့သော်၊ အမေပိုင်၏စကားများက သူ သူ့ဖန်လေး၏ ဘဝစွမ်းရည်များ ဘယ်ကလာသည်ကို တစ်ကြိမ်ထက်မက သိချင်နေခဲ့ကြောင်း သူ့ကိုသတိရစေသည်။
သူ့မိသားစုဆီက ဝိုင်းပယ်ခံရသည်ကလည်းမဖြစ်နိုင်ပေ။သူ ချီမိသားစု၏ အကြီးဆုံးအစ်ကိုကို မြင်ဖူးသည်။ တခြားအရာတွေကို မပြောနှင့်၊ သူ၏ညီလေးအပေါ် သူပြသည့် ချစ်ခြင်းမေတ္တာက မျက်လုံးထဲကလျှံကျလုနီးပါးပါပင်။
တခြားဘာအကြောင်းပြချက်ရှိနိုင်မလဲ...
ပိုင်ရဲ့ ထိုအကြောင်းကို ပိုတွေးလေလေ၊ ပိုစိတ်ဆင်းရဲလေလေပါပင်။ သူ့ဘေးတစောင်း လှဲချလိုက်ချိန်မှာ ဖုန်းကမြည်လာသည်။
[⭐]: [အိပ်နေပြီလား]
ပိုင်ရဲ့ မရယ်ဘဲမနေနိုင်။
[🌕]:[မအိပ်ပါဘူး...လာခဲ့လေ]
ချီရှင်းချန်က အကြောင်းပြန်စာကိုကြည့်ပြီး ပြောစရာစကားမဲ့သွားသည်။
ပိုင်ရဲ့က ဘယ်လိုလုပ် သူဘာတွေတွေးနေလဲဆိုတာ အမြဲတမ်း ခန့်မှန်းနိုင်ရတာလဲ...
သူအစ ပိုင်ရဲ့ကို မက်ဆေ့ချ်ပို့ရန် ရည်ရွယ်ချက်မရှိပေ။မည်သို့ပင်ဖြစ်စေ သူက တခြားတစ်ယောက်၏အိမ်မှာရောက်နေခြင်းဖြစ်သည်။ညနက်သန်းခေါင်မှာ သူများသား၏အခန်းကို သွားသည်က မရိုးမသားပုံရလေသည်။
သို့သော် အမေပိုင်ကပိုင်ရဲ့ကို ဘာပြောသည်ကို သူသိချင်သည်။
ဒရာမာဇာတ်လမ်းတွဲတွေကြည့်ထားသည့် သူ၏အတိတ်အတွေ့အကြုံကိုအခြေခံပြီးဆိုရလျှင် အမေပိုင်က သဘောတူ၏ မတူ၏ သူမသားကို ပြောလောက်မှာဖြစ်သည်။အဖြေမရလျှင် သူ အိပ်နိုင်မှာမဟုတ်ပေ။
တံခါးကို ဖြည်းညှင်းစွာဖွင့်ရင်း ချီရှင်းချန် ခေါင်းပြူကြည့်လိုက်သည်။ အောက်ထပ်က မီးတွေပိတ်သွားသည်ကို မြင်သောအခါ သူပိုင်ရဲ့၏အခန်းထဲကို အမြန်ပြေးသွားခဲ့သည်။
ပိုင်ရဲ့က တံခါးဖွင့်ထားပြီး သူ့ကိုစောင့်နေသည်။ ထို့ကြောင့် ရှောင်ရှင်းရှင်းတစ်ယောက် အခန်းထဲ အနည်းငယ်ခြေချလိုက်သည်နှင့် တပြိုင်နက် သူ့လက်ကို တစ်စုံတစ်ယောက်က ဆွဲခေါ်သွားသည်။
ပိုင်ရဲ့က သူ့လက်ဖဝါးကို ညှစ်လိုက်သည်။
"အိပ်လို့မရဘူးလား"
ချီရှင်းချန် သူ့ရည်ရွယ်ချက်ကို ပြောပြရန် ရှက်လွန်း၍ "ဟုတ်တယ်" ဟု ဝတ်ကျေတမ်းကျေ ပြောလိုက်သည်။
"ဒါဆို သက်သေကို အရင်ပြ"
ပိုင်ရဲ့က သူ့ကို နောက်လိုက်သည်။
ချီရှင်းချန်က သိပ်တွေး မနေဘဲ သူ့ကို အမှတ်တမဲ့ နမ်းလိုက်သည်။
ပိုင်ရဲ့ မူလက သူ့ကို ကျီစားချင်ခဲ့ပေမဲ့ လွယ်လွယ်နှင့် ဖမ်းမိရန် မမျှော်လင့်ထားပါချေ။နူးညံ့သော နှုတ်ခမ်းများက သူ့ဆီသို့ ရောက်ရှိလာပြီး သူ့နှာခေါင်းဖျားတွင် ရေချိုးဂျယ်ရနံ့များဖြင့် ပြည့်နေသည်။ သူ့မျက်လုံးတွေ ချက်ချင်း မည်းမှောင်သွားပြီး ချက်ချင်းပဲ ငုံ့ကိုင်းကာ အနမ်းကို နက်ရှိုင်းစေလိုက်သည်။
သူတို့နှစ်ယောက်လုံးက အချစ်စိတ်ပြင်းထန်သောလူငယ်တွေဖြစ်သည်။ချီရှင်းချန် ၎င်းကို မထိန်းနိုင်ခဲ့ဘဲ ထိုအစား သူ့ကိုယ်သူရှုံးနိမ့်သွားခဲ့သည်။ နမ်းလေလေ၊ မထိန်းနိုင်တော့ဘဲ သူ့စိတ်ဆန္ဒတို့ နိုးကြားလာလေလေဖြစ်သည်။
အနမ်း၏အဆုံးတွင် နှုတ်ခမ်းအချင်းအချင်း ဆက်သွယ်ခြင်းတစ်ခုတည်းက စိတ်အားထက်သန်မှုလှိုင်းကို ဖြေရှင်းရန် မလုံလောက်တော့ပေ။ပိုင်ရဲ့က သက်ပြင်းတစ်ချက်ချလိုက်ပြီးမေးသည်။
"ကိုယ်နဲ့အတူတူရေချိုး... အိုကေ"
ထို့နောက် အဖြေကို မစောင့်ဘဲ ရေချိုးခန်းထဲသို့ ခေါ်သွားရန် စတင်လုပ်ဆောင်ခဲ့သည်။
ချီရှင်းချန် သူ့ဦးနှောက်အောက်ဆီဂျင်ပြတ်တောက်သွားသည်အထိ အနမ်းခံရပြီး မိန်းမောနေလေသည်။ သူအသိဝင်လာသောအခါတွင် သူ့တစ်ကိုယ်လုံး ရေပန်းက ရေများဖြင့် စိုရွှဲနေပေပြီ။
....
အဖြူရောင်တီရှပ်က ရေစိုသွားပြီးနောက် ထွင်းဖောက်မြင်ရလုနီးပါးဖြစ်ပြီး ခန္ဓာကိုယ်တွင်ကပ်နေကာ ကောက်ကြောင်းအနားသတ်များကိုရှင်းရှင်းလင်းလင်းမြင်နေရသည်။
ပိုင်ရဲ့၏အသက်ရှူသံက တဖြည်းဖြည်းအစီအစဥ်မကျဖြစ်လာပြီး ဖန်လေး၏မက်မွန်သီးနှစ်ခြမ်းကိုဆုပ်နယ်ရင်း ဆက်လက်နမ်းရှိူက်နေခဲ့သည်။
ထိုနေရာက ဘယ်သူမှမထိတွေ့ဖူးသောနေရာဖြစ်ဖြစ်သည်၊သူကိုယ်တိုင်ပင်မထိဖူးပေ။သူ့ကိုယ်မှ ထူးဆန်းသောခံစားချက်တစ်ခု စတင်ထွင်ပေါ်လာသည်။ချီရှင်းချန်၏ ခြေထောက်များပျော့ခွေလာပြီး နံရံကိုအပြင်းအထန်မှီထားရသည်။သူ၏ဘောင်းဘီက သိသာသောပုံသဏ္ဍာန်ဖြင့်ဖောင်းလာသည်။
"ဒီလောက်ထိ ဆတ်ဆတ်ထိမခံဖြစ်တာလား"
ပိုင်ရဲ့ အံအားသင့်သွားပြီး သူ့လှုပ်ရှားမှုများက အရှိန်မြင့်လာကာ ဆုပ်နယ်ခြင်းကနေ ဆွဲနယ်ခြင်းအဖြစ်သို့ပြောင်းသွားသည်။
လှုံ့ဆော်မှုက အားကောင်းလွန်းပြီး နှစ်မိနစ်အတွင်းမှာ ချီရှင်းချန် ဖောင်းကားပြီး နာကျင်လာသည်။သူ စွန့်ထုတ်စရာထွက်ပေါက် တကယ်ကိုလိုအပ်နေသည်။ထို့ကြောင့် သူ၏ခါးသွယ်သွယ်ကို မတ်ကာရှေ့သိုကော့ကာဖြင့် တစ်ဖက်လူ၏ခြေထောက်များကိုပိုမိုဖိကပ်လိုက်သည်။
ရှက်စရာကောင်းမှန်းသိပေမဲ့ အရှက်မဲ့စွာတောင်းဆိုမိသည်။
"ရဲ့ကော...ကူညီပါနော်"
"ဘယ်လိုကူညီရမလဲ"
ပိုင်ရဲ့က အခွင့်ရေးယူကာတစ်ဖက်လူကိုအနိုင်ကျင့်လိုက်သည်။
"ထိ...ထိပေး"
"ရှင်းရှင်းလင်းလင်းပြော"
ပိုင်ရဲ့က ပြောလိုက်ပြီး သူ့အသံကအက်ရှနေသည်။
"ဘာကိုရည်ညွှန်းတာလဲ"
ချီရှင်းချန် မည်ကဲ့သို့ ၎င်းကို အကျယ်ကြီး ထုတ်ပြောနိုင်ပါမည်နည်း။
တစ်ဖက်လူက အသံတိတ်နေဆဲဖြစ်သည်ကိုမြင်လျှင် ပိုင်ရဲ့ တစ်ဖက်လူ၏အနောက်ရပ်ဝန်းတဝိုက်မှာ နယ်ဆန့်နေသောသူ့လက်များကို ဘောင်းဘီထဲထိုးထည့်လိုက်သည်။နူးညံ့သောမက်မွန်သီးနှစ်ခြမ်းကို သူ့လက်မနှင့်လက်ညှိုးကြားမှာ ဆွဲဟလိုက်ပြီး တင်းကြပ်နေသော အကွဲကြောင်းလေးကို လက်ချောင်းထိပ်များဖြင့်ဖိလိုက်သည်။
"ဒီနေရာလား"
ချီရှင်းချန် အံကြိတ်လိုက်သည်။
"အတင်းကြီးညစ်မထားနဲ့ စိတ်လျော့ထား"
ပိုင်ရဲ့က အသံနိမ့်နိမ့်ဖြင့်အမိန့်ပေးလိုက်ပြီး သူ၏စိုစွတ်နေသောလက်ချောင်းများက ပို၍နက်ရှိူင်းသွားကာ မတူညီသည့် အနည်းဖောင်းထွက်နေသောနေရာလေးကိုထိလိုက်သည်။
"ဒါမှမဟုတ် ဒီနေရာလား"
ချီရှင်းချန် မျက်ဖြူလန်သွားပြီး သူ့ခန္ဓာကိုယ်က မရပ်မနားတုန်ယင်လာသည်။
နောက် သာယာမှုအပြီးမှာ ချီရှင်းချန်တစ်ယောက် သူလက်ချောင်းများကြောင့်ပြိုလဲလုနီးပါးဖြစ်ခဲ့သည်ကို ဝန်ခံရန်ခက်ခဲကြောင်းတွေ့လိုက်ရသည်။
ကံမကောင်းစွာဖြင့်၊ သူ့တွင် လိုအပ်သောကိရိယာများမရှိ၍ အစုံအလင်ကို မလုပ်ဆောင်နိုင်ခဲ့ပါချေ။ဖန်လေးကို ဖြေရှင်းပေးအပြီးမှာ ပိုင်ရဲ့ အတော်လေးကိုမထိန်းနိုင်ဖြစ်နေပြီဖြစ်သည်။သူက တစ်ဖက်လူကို ချော့လိုက်ခြောက်လိုက်ဖြင့်ပင် ပါးစပ်လှုပ်တတ်အောင် သင်ပေးခဲ့သည်။
တစ်ယောက်နှင့်တစ်ယောက် သန့်ရှင်းရေးလုပ်ပေးအပြီးမှာ ရေချိုးခန်းထဲဝင်သည်က တစ်နာရီလောက်ကြာနေပြီဖြစ်၏။ပိုင်ရဲ့ ၎င်း၏ ဖြည့်စွက်စာကို ကောင်းကောင်းစားလိုက်ရသော ကြောင်ကြီးကဲ့သို့ ချီရှင်းချန် နှင့်အတူ ကုတင်ပေါ်တွင် အပျင်းတစ်ကာ လှဲအိပ်နေသည်။ သူက ပေါ့ပေါ့ပါးပါးလေသံဖြင့်မေးလေသည်။
"ပါးစပ်နဲ့ လည်ချောင်းထောင့်တွေ နာနေသေးလား"
ချီရှင်းချန် ရှက်သွားသည်။
"ဆေးလိမ်းပြီးတော့ ပိုကောင်းလာပါတယ်"
"မျက်လုံးကရော"
"(ရေ)ဆေးထုတ်လိုက်တော့ အဆင်မပြေမဖြစ်တော့ဘူး"
"အဲဒါကောင်းတယ်"
ပိုင်ရဲ့က တစ်ဖက်လူ၏ကုပ်ပိုးလေးကို ပွတ်သပ်လိုက်သည်။
"တောင်းပန်ပါတယ်... နောက်တစ်ခါ မင်းမျက်နှာပေါ်မှာ ကိုယ်မလုပ်တော့ပါဘူး"
"ရတယ်... အဆင်ပြေပါတယ်...အဲဒါ ကျွန်တော့်အမှားပါ"
ချီရှင်းချန်က သူ့အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။ ထိုမြင်ကွင်းကို တွေးလိုက်သောအခါတွင် သူ့နှလုံးသားက မထိန်းနိုင်ဘဲ ခုန်နေသည်။
"နောက်တစ်ခါ...နောက်တစ်ခါ မျက်လုံးမှိတ်ထားလိုက်မယ်"
ပိုင်ရဲ့က သက်ပြင်းချလိုက်သည်။ဖန်လေးက အောက်ဆုံးစည်းဟူ၍မထားဘဲ ဆက်ပြီးလက်ခံနေမည်ဆိုလျှင် သူ ပိုပိုပြီးဆိုးလာမှာကို သူတကယ်ကြောက်မိသည်။
"မကြိုက်ရင် ငြင်းလို့ရတယ်နော် သိလား"
ပိုင်ရဲ့က မျက်မှောင်ကြုတ်လိုက်သည်။ "အဲဒါကြောင့်နဲ့ ကိုယ်စိတ်ဆိုးမှာမဟုတ်ဘူး"
ချီရှင်းချန် ယင်းက နားလည်ရခက်ကြောင်းရှာဖွေတွေ့ရှိခဲ့သည်။
"မကြိုက်တာ မဟုတ်ဘူး ...ကျွန်တော်အရမ်းကြိုက်တယ် ...တစ်ခုပဲ... ကျွန်တော့်မှာ
အတွေ့အကြုံမရှိဘူး... ပြန်သွားတဲ့အခါ သင်ယူဖို့ သင်ထောက်ကူပစ္စည်းတွေ ရှာမယ်... နောက်တစ်ခါကျရင် ကျွန်တော်သေချာပေါက် ပိုတော်လာမှာပါ"
ပိုင်ရဲ့: "…"
အင်း... အဲဒါက အဓိပ္ပာယ်မရှိဘူး...
သို့သော် သူ မအံ့သြပါချေ။ဖန်လေး၏ အဖြေကို သူမျှော်လင့်ထားပြီးသားဖြစ်၏။