Chapter 151
သို့သော် သူ မအံ့သြပါချေ။ဖန်လေး၏ အဖြေကို သူမျှော်လင့်ထားပြီးသားဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ယင်းက ပေါင်းသင်းဆက်ဆံရေးတွင် တစ်ဖက်သား၏ အပြစ်တင်ခြင်းကို ခံရသော အလေ့အထကြောင့်ဖြစ်သည်။ဖန်လေးက သူ၏လမ်းညွှန်မှုအောက်တွင် အများကြီး ပို၍မာနကြီးလာသော်လည်း သူ၏ သိမ်ငယ်စိတ် အခြေခံအုတ်မြစ်မှာ ရှိနေဆဲဖြစ်သည်။
ပိုင်ရဲ့ တကယ်ကို ပိုပိုပြီး သိချင်လာသည်။
ဖန်လေး၏ သိမ်ငယ်စိတ်ကို အဘယ်အရာက ဖြစ်လာစေသနည်း။ သူဌေးသားတစ်ယောက်၏ အလေ့အထအားလုံးကို အဘယ်အရာက ဆုံးရှုံးစေသနည်း။
တစ်ဖက်သား၏ ဒဏ်ရာကို စွမိမှာကြောက်၍ သူ အရင်က မမေးချင်ခဲ့ပေ။ယခု ပိုင်ရဲ့ သူမမေးလျှင် သူတို့ကြားက မမျှတသည့် ဆက်ဆံရေးက ဘယ်တော့မှ ပြေလည်သွားမှာ မဟုတ်ဘူးဆိုသည့် အကြောင်းပြချက်တစ်ခုရှိနေသည်။
ယခု လေထုကအခြေအနေကောင်းနေသဖြင့် ပိုင်ရဲ့ ၎င်းကိုအခွင့်ကောင်းယူကာ တမင်မရည်ရွယ်မသိလိုမျိုးမေးလိုက်သည်။
"ရှင်းရှင်း...ကိုယ့်အမေပြောတာကို သိဖို့ ကိုယ့်ဆီလာခဲ့တာ ဟုတ်တယ်ဟုတ်"
ဖော်ထုတ်ခံရပြီးနောက်၊ ချီရှင်းချန် မုသားကိုရပ်လိုက်ပြီး ဆိုလိုက်သည်။
"အင်း"
"စိတ်မပူပါနဲ့...သူက မင်းကို အရမ်းသဘောကျတယ်"
ပိုင်ရဲ့က ခဏရပ်လိုက်သည်။
"သူက မင်းကို မင်းရဲ့မိသားစုနောက်ခံနဲ့ပတ်သတ်ပြီး မေးခိုင်းတယ်...မင်းဘာလို့ အိမ်အလုပ်တွေ အများကြီးလုပ်ရတာလဲတဲ့"
၎င်းကိုကြားသောအခါ ချီရှင်းချန် ကြောက်မသွားပေ။ထိုအစား သူ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
ဤမေးခွန်းကို အမေးခံရမည်ဆိုသည်ကို သူသိသည်။
၎င်းသည် နောက်ခံသတ်မှတ်ထားချက်နှင့် မကိုက်ညီပါက၊လျှို့ဝှက်ချက်က အနှေးနှင့်အမြန် ဖော်ထုတ်ခံရမည်ဖြစ်သည်။
ဤမေးခွန်းနှင့်ပတ်သက်ပြီး သူ ပိုင်ရဲ့ကို မလိမ်ချင်ပေ။ဖြစ်နိုင်လျှင် သူက သံသယတွေမပါဘဲ သူ့ကိုယ်သူ တစ်ဖက်လူကို ပေးပစ်ချင်သည်။
သို့ပေမဲ့ လက်တွေ့မှာ မဖြစ်နိုင်ပေ။ပိုင်ရဲ့ကို စာအုပ်ထဲကိုကူးပြောင်းလာသူဟူသော သူ၏အထောက်အထားကို မပြောနိုင်ပေ။တစ်ဖက်လူကို သူ့ကိုယ်သူ အပြစ်မတင်စေချင်သလို စိတ်လည်းမပျက်စေချင်ပေ။
ခဏလောက်စဉ်းစားပြီးနောက်၊ ချီရှင်းချန် အမှန်တစ်ဝက်အမှားတစ်ဝက်ပြောလိုက်သည်။
"ကျွန်တော်တို့မဆုံခင်က အကြောင်းတစ်ခုခုကြောင့် ကျွန်တော် ချီမိသားစုထဲမှာ မနေခဲ့ဘူး...တော်တော်ဆိုးတဲ့ ပတ်ဝန်းကျင်မှာ နေခဲ့ရတာ...ဘယ်အတိုင်းအတာအထိလဲဆိုရင်…"
သူက နှစ်စက္ကန့်လောက် ခေတ္တရပ်လိုက်ပြီး ကိုယ့်ကိုယ်ကို နှိမ့်ချစွာ ရယ်မောလိုက်သည်။
"အမှောင်ထုနဲ့ဝိုင်းရံနေပြီး နေကို မမြင်နိုင်တဲ့ အသူရာချောက်ထဲရောက်နေသလိုပဲ"
သူ၏ပူပန်မှုတွေကို အကြာကြီး မျိုသိပ်ထားခဲ့ရသဖြင့် စတင်ပြီးနောက် သူ မရပ်နိုင်လောက်အောင်ပါပင်။ ခေါင်းကို မော့ပြီး သူ့ရှေ့က မျက်နှာကို မော့ကြည့်လိုက်သည်။
"အမှန်တိုင်းပြောရရင် အဲဒီအဆင့်ကို ကျော်ဖြတ်ဖို့ ကောက ကျွန်တော့်ကို ကူညီ ပေးခဲ့တာ...တရုတ်နှစ်သစ်ကူးရဲ့ ဒုတိယမြောက်နေ့မှာ ကျွန်တော် ပထမဆုံးအကြိမ် စျေးဝယ်ထွက်ခဲ့တယ်...အဲဒီအချိန်မှာ ကောရဲ့ သီချင်းဗီဒီယိုက ဖန်သားပြင်ပေါ်မှာ ဖွင့်ထားတယ် ...ကော စန္ဒယားတီးပြီး သီချင်းဆိုနေတဲ့ပုံရိပ်က ကမ္ဘာပေါ်မှာ လွတ်လပ်ပြီး တောက်ပတဲ့ လူတစ်မျိုးရှိပါလားဆိုတာ ကျွန်တော့်ကို သိစေတယ်...ကောရဲ့တည်ရှိမှုက ရုတ်တရက် ကျွန်တော်ကို အသက်နည်းနည်းဆက်ရှင်ချင်လာစေတယ်"
"ဒီလိုပြောရတာ ဟန်ဆောင်နေတယ်လို့ထင်ကောင်းထင်နိုင်ပေမဲ့ ကောက တကယ်ကိုပဲ ကျွန်တော့်ရဲ့အလင်းရောင်ပါ... ပြီးတော့ ကျွန်တော် ကောကို အသူရာချောက်နက်ထဲကနေ မျှော်ကြည့်နေခဲ့တာ"
ငါ မင်းကို အသူရာချောက်ထဲကနေ မျှော်ကြည့်နေတာ...
ငါ မင်းကို အသူရာချောက်နက်ထဲကနေမျှော်ကြည့်နေတာ...
နားမော်နီတာမှာ(နားကြပ်) ရေးထွင်းထားတဲ့ စကားလုံးတွေ မဟုတ်ဘူးလား...
ပိုင်ရဲ့ခေါင်းထဲမှာ ဝုန်းခနဲဖြစ်သွားပြီး သူ့ဘေးနားကလူကို ထိတ်လန့်စွာ ကြည့်နေလိုက်သည်။
.......
စာအုပ်ထဲကို ပထမဆုံး ကူးပြောင်းလာချိန်မှာ တခြားကမ္ဘာ၏ နေရာလွတ်ကို စွန့်ခွာရန် တစ်ခုခုကို ရှာရမည်ဟူ၍ စိတ်ထဲက မရေမတွက်နိုင်တဲ့ ခံစားချက်က သူ့ကို ပြောပြနေသည်။
ထိုသို့ဖြင့် ကုမ္ပဏီကို အမြန်ပြန်သွားပြီး လက်တွေ့ဘဝမှာလည်း ရှိနေသည့် နားကြပ်ကို ရှာခဲ့သည်။ သူ့ကို ဤနားမော်နီတာ ပေးသည့်သူက ဤနေရာကို ထွက်သွားနိုင်သို့မဟုတ် သူ့ကို တိုက်ရိုက်ခေါ်သွားနိုင်သည့် တစ်စုံတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်သည်ဟု သူ ခန့်မှန်းခဲ့သည်။
သို့ပေမဲ့ သူရှာနေသည့်လူက သူ့အနားမှာ ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
ပိုင်ရဲ့ သူ့ရဲ့စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ပြီး ချီရှင်းချန်နှင့် တစ်စုံတစ်ခုကို အတည်ပြုရန်မေးလိုက်သည်။
"မင်းကိုယ့်ကို တစ်ခုခုပေးခဲ့တာလား"
၎င်းကို သူကပြောလာပြီဆိုကတည်းက ချီရှင်းချန် ၎င်းကို မဖုံးကွယ်ထားတော့ပေ။
"ကောရဲ့ ပရိုဖိုင်ပုံပေါ်က နားကြပ်ကို ကျွန်တော် ပေးထားတာ...ကောရဲ့ ပွဲဦးထွက် ငါးနှစ်မြောက် အထိမ်းအမှတ် လက်ဆောင်ပါ"
... တကယ် သူပဲ...
ပိုင်ရဲ့ အလွန်စိတ်လှုပ်ရှားနေသဖြင့် ချီရှင်းချန်၏ခါးကို ဆုပ်ကိုင်ထားသည့်လက်ကို တင်းကြပ်လိုက်မိသည်။ချီရှင်းချန် သူ့ကြောင့်သီးပြီး ချောင်းဆိုးသွားသည်။ တစ်ဖက်ဖက်က ဘာကြောင့် ဤမျှလောက်ပြင်းထန်သည့် တုံ့ပြန်မှုမျိုး လုပ်ရသည်လဲဟု သူမေးချင်ခဲ့သည်။သူအရင်တစ်ခေါင် နားကြပ်အကြောင်းကိုပြောတုန်းက တစ်ဖက်က သူအရမ်းကြိုက်လို့ဟုပဲ ပြောခဲ့သည်။
သို့သော်လည်း တစ်ဖက်သား၏နောက်ထပ်စကားက သူမေးမည့်မေးခွန်းကို မျိုချမိစေခဲ့သည်။
ပိုင်ရဲ့: "ကိုယ်က ပြင်ပကမ္ဘာ ကနေ လာတာ"
နားလည်မှုလွဲမှားခြင်းများကို ရှောင်ရှားရန် ပိုင်ရဲ့ ၎င်းကို တမင်တကာ ရှင်းရှင်းလင်းလင်း ထုတ်ပြခဲ့သည်။ဖန်လေးက သူနှင့်တကယ်တူပြီး ဤလောကထဲကို ကူးပြောင်းလာခဲ့သူဆိုလျှင် သူဘာကိုဆိုလိုသည်ကို သေချာပေါက်နားလည်မှာပင်။
အကယ်၍ သူနားလည်မှုလွဲနေပြီး ဖန်လေးက စာအုပ်ထဲက ဇာတ်ကောင်တစ်ဦးသာဖြစ်ပါက၊ အမှားတစ်ခုခုကိုပြောပြီး လိမ်ညာပြောဆိုခြင်း၏ အကြောင်းပြချက်အနေဖြင့် အသုံးပြုနိုင်သည်။
သူပြောပြီးသည်နှင့် သူ ချီရှင်းချန်ကို စိုက်ကြည့်နေခဲ့သည်။
ပိုင်ရဲ့သေချာ စောင့်ကြည့်နေစရာပင် မလိုပေ။ချီရှင်းချန်၏ ထိတ်လန့်တုန်လှုပ်သွားသော အမူအရာနှင့် ကြမ်းတမ်းစွာ ပြန့်ကားသွားသောသူငယ်အိမ်များက သူ့ကို အဖြေကို တိုက်ရိုက် ပြောပြသည်။
"ကျွန်တော် ကျွန်တော်လည်း"
ချီရှင်းချန်၏ အသံပြောင်းသွားသည်။ "ကျွန်တော်လည်း ပြင်ပကမ္ဘာက လာခဲ့တာ... ကျွန်တော်က ကူးပြောင်းလာခဲ့တာ... နွေဦးရာသီမှာ ကူပြောင်းလာခဲ့တာ... ကျွန်တော်လည်း ခင်ဗျားနဲ့အတူတူပဲ...ကျွန်တော်လည်း..."
သူ ဗလုံးဗထွေးဖြင့် အကြိမ်များစွာ ထပ်ခါတလဲလဲ ပြောခဲ့သည်။ သူပြောလိုက်တိုင်း သူ့မျက်လုံးတွေ နီရဲလာသည်။ နောက်ဆုံးမှာ သူ မထိန်းနိုင်တော့ပေ။ မျက်လုံးကိုအုပ်ပြီး ငိုတော့သည်။
သူ ငိုနေရင်းနှင့် ချီရှင်းချန် တစ်ခုခုမှားနေပြီဆိုသည် သတိထားမိလိုက်သည်။
အကယ်၍ အမျိုးသားဇာတ်လိုက်က အပြင်လောကမှ ကူးပြောင်းလာခဲ့ပါက လက်တွေ့ဘဝတွင် "ပိုင်ရဲ့" ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသူမှာ မည်သူနည်း။
သူကြိုက်သည်က သူ့ရှေ့ကလူ၏ ပင်ကိုယ်စရိုက်ဖြစ်ပြီး သူ့idolနှင့်တူသည့် မျက်နှာမဟုတ်သလို တခြားဘာမှလည်း မဟုတ်ပေ။သို့သော် သူက(သူ့ရှေ့ကလူ) သီဆိုကခုန်ခြင်းတွင် ကျွမ်းကျင်ပြီး ဂီတတူရိယာများစွာကို အလွယ်တကူ တီးခတ်နိုင်သည်။ သရုပ်ဆောင်ပိုင်းမှာလည်း တော်တော်လေး အတွေ့အကြုံရှိသည်။ ထိုအရည်အချင်းများသည် သာမန်လူများ တတ်နိုင်သော အရာမဟုတ်ပေ။
အစက သင်တန်းသားများလား...
ချီရှင်းချန် နှာတရှုံ့ရှုံ့ဖြင့်ရှိုက်ရင်းမေးလိုက်သည်။
"ဒါဆို ခင်ဗျားရဲ့ မူရင်းနာမည်က ဘာလဲ"
သူက ပိုင်ရဲ့ မဟုတ်တော့သဖြင့် သူ့ကို ရဲ့ကောဟု ဆက်ခေါ်သည်က မလေးစားရာကျသည်။သူ သူ့ချစ်သူ၏ မူရင်းနာမည်ကို သိချင်နေသည်။
ပိုင်ရဲ့က မျက်မှောင်ကြုတ်လိုက်သည်။ "ကိုယ်ကပိုင်ရဲ့"
"မဟုတ်ဘူး...ကျွန်တောမေးနေလက်တွေ့ဘဝက ခင်ဗျားရဲ့နာမည်အရင်း... 'ည၏မက်မွန်'ထဲကမဟုတ်ဘူး"
ပိုင်ရဲ့ ပို၍ပင် မျက်မှောင်ကြုတ်သွားသည်။
"တကယ့်လက်တွေ့ဘဝမှာ ကိုယ်ကပိုင်ရဲ့လေ"
"အင်း ...ဒါဆို ခင်ဗျားက ကျွန်တော်နဲ့ အတူတူပဲ...ကျွန်တော်လည်း စာအုပ်ထဲက မူရင်းဇာတ်ကောင်နဲ့ နာမည်တူတဲ့အတွက်ကြောင့် ကူးပြောင်းလာတာပဲ…"
ခေတ္တနားပြီးနောက်၊ချီရှင်းချန် သက်ပြင်းမချဘဲမနေနိုင်ပေ။
"ပိုင်ဆိုတဲ့ မျိုးရိုးနာမည်နဲ့လူက နည်းနည်းပဲ ရှိတာ...ခင်ဗျားက ကျွန်တော့်idolနဲ့ နာမည်ပါ တူလိုက်သေးတယ်... ဘယ်လောက်မှော်ဆန်လိုက်သလဲ"
ပိုင်ရဲ့: "…"
သူ့ချစ်သူက ဘာလို့ ဒီလောက် ဉာဏ်ကောင်းတဲ့ပုံပေါ်ပေမဲ့ အရေးကြီးတဲ့အခိုက်အတန့်တွေရောက်လာတဲ့အခါ သူ့ဦးနှောက်က အမြဲတမ်း အရမ်းနှေးကွေးနေရတာလဲ...
တစ်ဖက်လူ၏မျက်နှာကို ကြည့်ပြီး ပိုင်ရဲ့က စိတ်ရှည်ရှည်နှင့် ရှင်းပြလိုက်၏။ "လာ...ကိုယ်ကိုကြည့်... နားထောင်... လက်တွေ့ဘဝမှာ ကိုယ့်နာမည်က ပိုင်ရဲ့.... ဒီနှစ်က အသက် 24 နှစ်ဖြစ်ပြီး အရပ် 187 စင်တီမီတာ၊ ကိုယ်အလေးချိန်က 67.5 ကီလို... လတ်တလောမှာ အနုပညာအလုပ်တွေကို လုပ်နေတယ်...ကိုယ့် အသက် 17 နှစ်မှာ debut လုပ်ခဲ့ပြီးတော့ debut လုပ်ခဲ့တာ 7 နှစ်ရှိပြီ...နောက်လဆို ၈ နှစ်ပြည့်တော့မယ်...ကိုယ့်မိဘတွေက သက်ရှိထင်ရှားရှိနေသေးပြီး ကိုယ့်မှာ မွေးချင်းလည်း မရှိဘူး...အိမ်မှာ ချစ်စရာ တိရစ္ဆာန်လေးတွေပဲရှိတယ်... ကိုယ့်မှာဝင်ငွေ အသင့်အတင့်ရှိတယ်... မင်းလိုချင်တာမှန်သမျှ ဝယ်ပေးနိုင်တယ်... ကိုယ် မင်းကို ကမ္ဘာပတ်ပြီး ခေါ်သွားနိုင်တယ်...အရေးကြီးဆုံးကတော့ ကိုယ်မင်းကို အရမ်းချစ်တယ် မစ္စတာချီရှင်းချန်"
ပိုင်ရဲ့က လက်နှစ်ချောင်းနှင့် ချီရှင်းချန်၏မေးစေ့ကို ကိုင်ပင့်ကာ ဘယ်ညာ ယမ်းလိုက်သည်။
"ကိုယ်ရဲ့ အကြမ်းဖျင်း အခြေအနေနဲ့ ပတ်သက်ပြီး မင်းမကျေနပ်တာ တစ်ခုခုရှိလား"
ဒီနှစ်မှာ အသက် 24 နှစ်ဖြစ်ပြီး အရပ် 187 စင်တီမီတာရှိတယ်...
ကိုယ်အလေးချိန် 67.5 ကီလိုရှိတယ်... လွန်ခဲ့တဲ့ 7 နှစ်ကျော်က debut လုပ်ခဲ့ပြီး နောက်လမှာ ပွဲဦးထွက်တာ 8 နှစ်ပြည့်မှာ...
ချီရှင်းချန်အတွက် ဤနံပါတ်များနှင့် သည်ထက် ပို၍ရင်းနှီးနိုင်ခြင်းမရှိတော့။ကိုယ့် idol ၏ အရပ်နှင့် ကိုယ်အလေးချိန်ကို မပြောနိုင်သည့်ဖန်ဟူ၍မရှိပါချေ။သူ့ idol၏ အယ်လ်ဘမ်နှင့် သီချင်းတိုင်း၏ စာသားတွေကိုပင် ရွတ်ဆိုနိုင်ပါသေးသည်။
အချက်အလက်တွေအရ သူနှင့်မျက်နှာချင်းဆိုင်ရှိလူကပိုင်ရဲ့ဖြစ်၏။ သူ့idol ပိုင်ရဲ့စစ်စစ်ကြီးဖြစ်ပြီး သည်ထက်ပို၍စစ်မှန်နိုင်ခြင်းမရှိတော့ပေ။
ချီရှင်းချန် ခဏလောက် ကြက်သေသေ သွားသည်။
ထို့နောက် ရုတ်တရက် ထအော်လိုက်သည်။
"အား"
အော်ဟစ်ရင်း ကုတင်ပေါ်မှ လူးလဲထလိုက်သည်။ပိုင်ရဲ့ သူ၏အော်သံကြောင့် လန့်သွားသည်။ ချက်ချင်းထပြီး ခြေသလုံးကို ဆွဲဖမ်းထားလိုက်သည်။
"ဘယ်သွားမလို့လဲ"
ချီရှင်းချန်: "မထိနဲ့"
ပိုင်ရဲ့ အံ့သြသွားသည်။
"ကိုယ်က မညစ်ပတ်ပါဘူး"
ချီရှင်းချန်: "ဘယ်လိုလုပ်ခင်ဗျားကညစ်ပတ်မှာလဲ...ကျွန်တော်ကညစ်ပတ်တာ...ခင်ဗျားက နတ်သား...ကျွန်တော်က သေမျိုးလူသား... ကျွန်တော်က ခင်ဗျားထိဖို့ မထိုက်တန်ဘူး"
ထိုစကားကိုကြားသောအခါ ပိုင်ရဲ့ တစ်ဖက်လူက သူ့ကို ရွဲ့စောင်းနေသည်ဟု ထင်ခဲ့သည်။သို့ပေမဲ့ ဒုတိယအကြိမ် တွေးကြည့်သောအခါ ဤဖန်လေးက ရွှဲ့တတ်သည့်အကျင့် မရှိပါချေ။
သူဘာပဲပြောသည်ဖြစ်စေ သူပြောသည့်အတိုင်းတကယ်တွေး၍ဖြစ်လေသည်။
ပိုင်ရဲ့ ရယ်ရမလား ငိုရမလားမသိဖြစ်သွား၏။သူက တစ်ဖက်လူကို နောက် ပြန်ဆွဲလိုက်သည်။ချီရှင်းချန် သူ့ idolနှင့် ဤမျှလောက်နီးကပ်သည့်အကွာအဝေးမှာ စကားမပြောရဲပေ။သူ ချက်ချင်းပင် အံကြိတ်ကာ ကုတင်ပေါ်မှ တွားဆင်းရန် ခွန်အားရှိသမျှကို အသုံးပြုခဲ့သည်။
အကြိမ်အနည်းငယ်ဆွဲပြီးနောက်၊ ပိုင်ရဲ့ စိတ်မရှည်တော့ဘဲ အနောက်ကနေ ဆွဲဖိလိုက်သည်။
"ကောင်းကောင်းနေ...တစ်ယောက်ယောက် ရောက်လာလိမ့်မယ်"
"မနေဘူး...ကျွန်တော့်ကို မြန်မြန် လွှတ်လိုက်...ခင်ဗျားလက်တွေ ညစ်ပတ်သွားလိမ့်မယ်... တစ်ယောက်ယောက်က ကျွန်တော်တို့ကို ဓာတ်ပုံရိုက်လိုက်ရင် သွားပြီ"
"ဘယ်သူက ကိုယ့်ကို ဓာတ်ပုံရိုက်ဖို့ ညနက်သန်းခေါင်မှာ ကိုယ့်မိဘအိမ်ကိုလာမှာလဲ...နောက်ပြီး မင်းကို ကိုယ်ထိတာ တစ်ခါနှစ်ခါမကတော့ဘူး"
ပိုင်ရဲ့က ပြောသည်။
"ခုနက ကိုယ့်ရဲဒီလက်ချောင်းတောင်..."
သူက လက်ချောင်းတစ်ချောင်းကို ထောင်ပြလိုက်သည်။
"ဝင်သွားသေးတယ်...မင်းဆို တင်းကြပ်နေအောင် ဆွဲညစ်ထားတာလေ... မတွေ့ဘူးလား"
ချီရှင်းချန်: "…"
ချီရှင်းချန်: "မပြောနဲ့"
ပိုင်ရဲ့က သူ့စကားကိုနားမထောင်ပေ။ နားရွက်နားကို ငုံ့မိုးပြီး တိုးတိုးလေးပြောသည်။
"မင်းကို ကိုယ်လက်နဲ့ထိရုံတင်မကဘူး... ပါးစပ်နဲ့လည်း လုပ်ပေးခဲ့သေးတယ်...မင်းအဲဒီတုန်းက တော်တော်လေး သဘောကျနေတာလေ...ကိုယ်ကမကောင်းဘူးလို့ မင်းမထင်ခဲ့ဘူး...အခုမှ ဘာလို့ ကိုယ့်ကိုဆန့်ကျင်နေတာလဲ"
ချီရှင်းချန် အရှက်ကွဲရလွန်း၍ နေရာမှာတင် ပွဲချင်းပြီး သေဆုံးလုနီးပါးဖြစ်ခဲ့သည်။ သူ အံကြိတ်ပြီး ရှင်းပြလိုက်၏။
"ခင်ဗျားကို အမျိုးသားဇာတ်လိုက်လို့ ထင်ခဲ့တာ...အဲ့ဒါကြောင့် ခင်ဗျားကို မတွန်းထုတ်ခဲ့တာပဲ"
ရိုးရိုးသားသားပြောရလျှင် တစ်ဖက်လူက ပိုင်ရဲ့အစစ်အမှန်ဖြစ်ပြီး အမျိုးသားဇာတ်လိုက်မဟုတ်ကြောင်း သူသိပါက၊ သူနှင့် ချိန်းတွေ့ရန် သတ္တိရှိမည်မဟုတ်ပါချေ။
မိန်းကလေးဖန်များသည် ၎င်းတို့၏ idols များနှင့်အတူရှိခြင်းကို စိတ်ကူးယဉ်ချင်ကြသော်လည်း ယောကျာ်းလေးဖန်တစ်ဦးအနေဖြင့်မူ သူ့မှာ ထိုကဲ့သို့သော ထင်ယောင်ထင်မှားဖြစ်ခြင်းမျိုးမရှိခဲ့ပေ။
သူက ပိုင်ရဲ့ကို လေးစားပြီး ထိုလမ်းကြောင်းအတိုင်း ဆက်ပြီး ကြိုးစားနေကာ သူလည်း သူ့လိုဖြစ်ချင်ခဲ့ရုံသာဖြစ်သည်။
၎င်းကိုကြားသောအခါ ပိုင်ရဲ့ ဒေါသထွက်လွန်း၍ ရယ်လိုက်သည်။
"ဒါဆို အမျိုးသားဇာတ်လိုက်က မင်းကို ထိလို့ရပေမဲ့ ကိုယ်ကကျထိလို့မရဘူးပေါ့"
"ကျွန်တော်က အဲလိုဆိုလိုတာမဟုတ်ဘူး"
ချီရှင်းချန် ဘယ်လိုရှင်းပြရမှန်းမသိပေ။
"ကျွန်တော်က...ကျွန်တော်က ခင်ဗျားကို ညစ်ပတ်အောင်လုပ်မိမှာပဲကြောက်တာပါ... ခင်ဗျား ကောင်းလွန်းတယ်...ကျွန်တော်နဲ့မပေါင်းမိသင့်ဘူး... ခင်ဗျားက ကျွန်တော် ကိုးကွယ်ရာ နတ်ဘုရား... ကျွန်တော် မလုပ်နိုင်...ကျွန်တော် နတ်ဘုရားကို မစော်ကားနိုင်ဘူး"
"အိုး ကိုယ်က နတ်ဘုရားပဲ… ဒါဆို မင်းကိုယ့်ကို မကြောက်အောင် ကိုယ်ဘာလုပ်ရမလဲ…"
ပိုင်ရဲ့ဒေါသထွက်လွန်း၍ ပေါက်ကွဲတော့မည်။
"မင်းကိုဖာ့ခ်ရမှာလား"
"..."
ချီရှင်းချန်၏စိတ်မှာ ရှုပ်ထွေးနေလွန်း၍ ဘာပြန်ပြောရမှန်းပင် မသိတော့ပေ။
သူဘာမှပြန်မဖြေသည်ကိုမြင်သောအခါ ပိုင်ရဲ့က ဒေါသထွက်သွားပြီး သူ့ဘောင်းဘီကို ဆွဲချွတ်လိုက်သည်။
"မလုပ်နဲ့...မချွတ်ပါနဲ့"
ချီရှင်းချန် သူ့တင်ပါးကို တင်းကြပ်နေအောင် ဖိထားပြီး နောက်ဆုံးမှာ အညံ့ခံလိုက်သည်။
"ကျွန်တော် မှားပါတယ်... ထွက်မပြေးတော့ပါဘူး"
"ကောင်းပြီ"
ပိုင်ရဲ့က ရပ်လိုက်ပြီး ချီရှင်းချန်ကို နက်မှောင်သော အမူအရာဖြင့် ကြည့်လိုက်သည်။
ချီရှင်းချန် သူ့စကားနှင့် အပြုအမူများကြောင့် ထိတ်လန့်သွားပြီး ဘာမှ မပြောဝံ့ပေ။ သူ့ကို အပြစ်ရှိစိတ်ဖြင့် ကြည့်နေခဲ့သည်။
"ကျိုက်ကျိုက်... မင်း သူများကိုအနိုင်ကျင့်နေတာလား"
ထိုအချိန်တွင် တံခါးခေါက်သံနှင့်အတူ အဖေပိုင်၏ အသံထွက်ပေါ်လာသည်။
"မင်း သူ့ကို ထပ်ပြီး အနိုင်ကျင့်ရင် ငါ မင်းကို သင်ခန်းစာ ပေးမှာနော်"
ပိုင်ရဲ့က ချီရှင်းချန်ကို မျက်ခုံးပင့်ပြလိုက်သည်။
ချီရှင်းချန် အရှက်တရားတွေကို မျိုချလိုက်ပြီးပြောလိုက်ရသည်။
"မဟုတ်ဘူး ဦလေး...ကျွန်တော်တို့...ကျွန်တော်တို့က ဂိမ်းဆော့နေတာ"
ဘယ်လိုဂိမ်းမျိုးမလို့ အော်ဟယ်ဟစ်ဟယ်ဖြစ်နေတာလဲ...
အဖေချီ စက္ကန့်အနည်းငယ်မျှ စဉ်းစားပြီး အဖြေတစ်ခုထွက်လာသည်။
"ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ဂရုစိုက်ပါ...ထိခိုက်ဒဏ်ရာမရစေနဲ့...တတ်နိုင်သမျှ စောစောအိပ်ဖို့ကြိုးစား"
ပိုင်ရဲ့: "သိပါတယ် အဖေ...အဖေ ပြန်လို့ရပြီ"
"တက်ကြွနေလိုက်တာများ"
အဖေပိုင်က ရေရွတ်ပြီး ထွက်သွားသည်။
အဖေပိုင် အနှောင့်အယှက်ပေးပြီးနောက်တွင် ပိုင်ရဲ့၏ ဒေါသများ ပြေပျောက်သွားပြီး ချီရှင်းချန်ကို လွှတ်ပေးလိုက်သည်။
သို့ပေဲ့ ချီရှင်းချန်က လုံးဝ မလှုပ်ရဲခဲ့ပါချေ။သူက ထိုနေရာမှာပဲလှဲနေပြီး သူ့ဘောင်းဘီကို သေချာဆွဲတင်လိုက်သည်။သူက တစ်ဖက်လူကို ချော့ရန် ကြိုးစားလိုက်သည်။
"စိတ်မဆိုးပါနဲ့"
ပိုင်ရဲ့က ဘာမှ မပြောပေ။
"ကျွန်တော်လက်ခံနိုင်အောင်ကြိုးစားပါ့မယ်"
"ကြိုးစားရုံပဲလား"
"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး"
ချီရှင်းချန်က သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။
"ကျွန်တော်လက်ခံကိုလက်ခံရမယ်"
"ကောင်းပြီ"
ပိုင်ရဲ့၏အမူအရာမှာ အနည်းငယ်ပျော့ပြောင်းသွားသည်။
ချီရှင်းချန် သက်ပြင်းတစ်ချက်ချကာစပ်စပ်စုစုမေးလိုက်သည်။
"ကောရဲ့ ငယ်နာမည်က ကျိုက်ကျိုက်လား"
သူ့ဒဏ်ရာကို တုတ်နှင်အထိုးခံလိုက်ရသောအခါ ပိုင်ရဲ့၏မျက်နှာ တဖန် မည်းမှောင်သွားပြန်သည်။
သို့ပေမဲ့ သူ့မှာ အမာခံဖန်လေးကို ခြောက်ရက်သည့် နှလုံးသားမရှိခဲ့ပေ။မည်သို့ပင်ဖြစ်စေ သူ့ဖန်လေးက သူ့ကို အတော်လေး ကြောက်နေပြီဖြစ်သည်။ နောက်ထပ် အကြိမ်အနည်းငယ်လောက် ထပ်ခြောက်လိုက်ပါက သူထွက်ပြေးသွားနိုင်သည်။
ပိုင်ရဲ့ ကုတင်ပေါ်ကနေ ထပြီး ရေ
နှစ်ခွက်ငှဲ့လိုက်သည်။ သူက ၎င်းတို့ထဲမှ တစ်ခွက်ကို တစ်ဖက်လူထံသို့ ပေးပြီး ကုတင်စွန်းတွင် မေးတင်လိုက်သည်။ "ဟိုဘက်တိုး"
"အိုး အိုး"
ချီရှင်းချန်က အမြန်ထလိုက်သည်။
ပိုင်ရဲ့က သူ့ဘေးမှာဝင်ထိုင်သည်။ "မင်း ဘယ်တုန်းက ကူးပြောင်းလာတာလဲ။"
"မနှစ်က ဧပြီလ ၃ ရက်"