Chapter 152
ဧပြီလ ၃ ရက်နေ့… ပိုင်ရဲ့က မျက်မှောင်ကြုတ်လိုက်သည်။
"ကိုယ်တို့က တစ်နေ့ထဲ ကူးပြောင်းလာတာပဲ"
"မှန်းစမ်း...ရဲ့ကောက စင်မတော်တဆမှုကြောင့် ကူးပြောင်းလာတာမလား"
"ဟုတ်တယ်"
ပိုင်ရဲ့ ပြန်ဖြေပြီးဆိုသည်။
"မင်းကော ဘယ်လိုလဲ"
ချီရှင်းချန် ထိုသို့ပြောရန် အနည်းငယ် ရှက်ရွံ့ခဲ့သော်လည်း တစ်ဖက်လူကိုမဆန့်ကျင့ဝံ့ပေ။ သူက ခေါင်းငုံ့ပြီးပြောလိုက်သည်။
"ခင်ဗျားရဲ့ ခုနှစ်နှစ်ပြည့်နှစ်ပတ်လည် ဖျော်ဖြေပွဲကို သွားရာလမ်းမှာ မတော်တဆမှုလေးတစ်ခုကြောင့် ကျွန်တော် ကူပြောင်းလာတာ"
"စကားမစပ်"
ချီရှင်းချန် ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။
"ခင်ဗျား စင်ပေါ်မှာ မတော်တဆမှုဖြစ်ရတဲ့အကြောင်းရင်းက ဘာလဲ...ဒဏ်ရာအပြင်းအထန်ရသွားလား...တကယ့်လက်တွေ့ဘဝမှာ… ခင်ဗျား…"
ကျန်စကားလုံးများကို သူ ပြောမထွက်နိုင်ပေ။
ပိုင်ရဲ့က စာအုပ်ထဲတွင် အသက်ရှင်နေသေးသော်လည်း သတင်းဆိုးအနည်းငယ်ကိုပင် သူလက်မခံနိုင်ဆဲဖြစ်၏။
"အဆင်ပြေလောက်ပါတယ်"
ပိုင်ရဲ့က သူ့ကို နှစ်သိမ့်လိုက်သည်။ "ဓာတ်လှေကား ပြိုကျပြီး မတော်တဆ ပြုတ်ကျသွားတာ"
အားကစားကွင်းရှိ ဓာတ်လှေကားက နှစ်မီတာမှ သုံးမီတာခန့် မြင့်သည်။လူမသေနိုင်ပေမဲ့ ခြေလက်တွေကျိုးမှုကနေပြေးမလွတ်နိုင်ပေ။
သေချာသည်ပင်၊ပိုင်ရဲ့က ၎င်းကို မပြောခဲ့ပါချေ။သူ့အမာခံဖန်လေး၏ ဒဏ်ရာကို စိတ်ပူပြီး အကြည့်နှင့် မေးလိုက်သည်။
ချီရှင်းချန်က ဝန်ခံလိုက်သည်။
"ကျွန်တော့်ကို ဝင်တိုက်တဲ့ကားက ကိုယ်ပိုင်ကား...အရှိန်ကမမြန်ဘူး... ဖုန်းပြောနေပြီး လမ်းကို ဂရုမစိုက်ခဲ့တဲ့ကျွန်တော့်ကိုယ်ကျွန်တော်ပဲ အပြစ်တင်ရမှာပဲ... နောက်ပြီး ကျွန်တော့်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ချက်ချင်းကာကွယ်ခဲ့တယ်...ပြဿနာကြီးကြီးမားမား မဖြစ်လောက်ဘူး"
သူတို့၏ချစ်သူက အစစ်အမှန်ကမ္ဘာတွင် အသက်ရှင်နေနိုင်ဖွယ်ရှိကြောင်း သိလိုက်ရသဖြင့် နှစ်ယောက်စလုံးစိတ်သက်သာရာရစွာ သက်ပြင်းချမိသွားသည်။ပိုင်ရဲ့ အဆိုးထဲကအကောင်းဟု နားမလည်နိုင်စွာ ခံစားလိုက်ရသည်။မနေနိုင်စွာပဲ သူ့ဖန်လေးကို ဆွဲပြီး နီရဲနေဆဲဖြစ်သော နှုတ်ခမ်းတွေကို နမ်းလိုက်မိသည်။
ချီရှင်းချန်၏နှလုံးသားက ကြမ်းတမ်းစွာခုန်ပေါက်လာသည်။အိုးမိုင်ဂေါ့...အိုးမိုင်ဂေါ့... ငါ့ idol က ငါ့ကိုနမ်းနေတယ်...နတ်ဘုရား ငါ့ကိုနမ်းနေတယ်...
ငါပြန်သွားပြီးရင် ဒီပါးစပ်ကို ရွှေချထားရမယ်...
နမ်းပြီးနောက် ပိုင်ရဲ့ အရေးကြီးဆုံးမေးခွန်းကို တွေးလိုက်မိသည်။
"ကိုယ်တို့နေထိုင်တဲ့ကမ္ဘာကို မင်းနားလည်လား"
ချီရှင်းချန်က ပါးစပ်ကိုဖွင့်ပြီး "ည၏မက်မွန်" ပါ အကြောင်းအရာများကို အတိုချုံးရှင်းပြခဲ့သည်။ပိုင်ရဲ့လို သန်မာသူတစ်ယောက်ပင် ကြားပြီးနောက်နှလုံးရောဂါရသွားသည်။ အချိန်အတော်ကြာအောင် စကားမပြောဖြစ်။
ခဏအကြာတွင် သူ ဝန်လေးစွာဖြင့် လက်ခံလိုက်ပြီးဆက်မေးသည်။ "ဘယ်လိုထွက်ရမလဲဆိုတာ မင်းမှာ သဲလွန်စတွေရှိလား"
ချီရှင်းချန် ခေါင်းယမ်းလိုက်သည်။ "ကျွန်တော်ရထားတဲ့ အချက်အလက်တွေအရတော့ ကျွန်တော်တို့ ထွက်နိုင်မလားဆိုတာ သိရဖို့ ဇာတ်လမ်းရဲ့ အဆုံးအထိ စောင့်ရလိမ့်မယ်...ကောကရော"
"ကိုယ်စဝင်လာတုန်းကတော့ နားကြပ်ကို ရှာချင်တဲ့စိတ်ပြင်းပြပြဖြစ်ခဲ့တာ... နောက်တော့ အချိန်တွေကြာလာတာနဲ့အမျှ ဒါက စာအုပ်တစ်အုပ်ဆိုတာ တဖြည်းဖြည်း သတိရလာတယ်...တစ်ခါကဆို 'ငါ ထောင်ထောင်နဲ့ပေါင်းဖက်သင့်တာ' ဆိုတဲ့ အတွေးတစ်ခု ရုတ်တရက် ဝင်လာခဲ့တယ်... သူ့ဇာတ်ကြောင်းအတိုင်းကို မလိုက်ဘူးဆိုရင် မင်းကို ထိခိုက်စေမှာလားလို့တောင် တွေးခဲ့ဖူးတယ်... အဲဒါကဘာနဲ့တူလဲဆိုရင်…"
ပိုင်ရဲ့က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
"ဒါတွေအားလုံးကို ကြုံဖူးပေမဲ့ မတော်တဆ မေ့သွားသလိုမျိုး"
"ဒါတွေအားလုံးကို ကြုံဖူးပေမဲ့ မတော်တဆ မေ့သွားတာ"
၎င်းကိုကြားတော့ ချီရှင်းချန် တစ်ခုခုကို ဆုပ်ကိုင်လိုက်မိပုံရပေမဲ့ သူ နောက်ကွယ်ကအကြောင်းအရာကို သူ မခန့်မှန်းနိုင်ခဲ့ပါချေ။ သူက မေးစေ့ကို လက်နှင့်ပွတ်ပြီးတစ်ခုချင်း ဆင်ခြင်သုံးသပ်လိုက်၏။
"ကျွန်တော်တို့စတွေ့တဲ့နေ့မှာ ဇာတ်လမ်းဇာတ်ကြောင်းအရဆို ကောက ကုမ္ပဏီကို မပြန်သင့်ဘူး...ဒါပေမဲ့ ခင်ဗျားပြန်ခဲ့တယ်...အဲဒါက နားကြပ်ကို ရှာတာလား"
"ဟုတ်တယ်"
"ခင်ဗျား ညသန်းခေါင်အထိ လိုက်ရှာအနေလို့ ကျွန်တော် လေ့ကျင့်နေတာကိုတွေ့တာလား"
"ညသန်းခေါင် မဟုတ်ဘူး၊ ညနေ ခုနစ်နာရီလောက်မှာ တွေ့တာ... အဲဒီအခါမှာ ကိုယ့်ရဲ့ အေးဂျင့်က ကိုယ့်ကို ရသစုံရှိုးရှိတယ်ဆိုပြီး ပြောပြီး ဇာတ်ညွှန်းဖတ်ဖို့ အိမ်ပြန်ခိုင်းတယ်...အဲဒီတုန်းက ကိုယ်မသွားချင်ခဲ့ဘူး...မပြီးဆုံးသေးတဲ့ အရာတစ်ခုရှိနေတယ်လို့ ခံစားရလို့ ကုမ္ပဏီအစည်းအဝေးခန်းထဲမှာ ဆက်နေပြီး ဇာတ်ညွှန်းဖတ်ဖို့ ဆုံးဖြတ်ခဲ့တယ်...ပြီးခါနီးတော့ ပြန်ဖို့ အဆင်သင့်ဖြစ်နေပြီ...အဲဒီနောက် လေ့ကျင့်ရေးအခန်းဆီ လျှောက်လာတော့ မတော်တဆ မင်းကို တွေ့လိုက်ရတယ်"
ပိုင်ရဲ့က ခဏလောက်စဉ်းစားလိုက်သည်။
"ထူးဆန်းလိုက်တာ...ကိုယ်က တခြားသူတွေရဲ့ ကိစ္စမှာ ဝင်စွက်ဖက်ရတာ ဒါမှမဟုတ် သူစိမ်းတွေနဲ့ စကားပြောရတာမျိုး မကြိုက်ဖူး... ဒါပေမဲ့ မင်းကိုသင်ပေးတုန်းကတော့ မင်းကိုသူစိမ်းတစ်ယောက်လို မခံစားရဘူး..."
"ကျွန်တော်တို့အရင်က သိဖူးကြပုံပဲ"
ချီရှင်းချန်က ဆက်ပြောသည်။
"ဟုတ်တယ်...ကိုယ်တို့တစ်ယောက်နဲ့တစ်ယောက် အကြာကြီးသိနေခဲ့သလိုပဲ"
ချီရှင်းချန်၏ ဦးနှောက်က အရှိန်ပြင်းပြင်းနှင့် အလုပ်လုပ်နေသည်။ အရှုပ်အထွေးတွေက တဖြည်းဖြည်း ရှင်းလာသည်။ သူ့သွေးခုန်သံကိုပင် ပြန်ကြားနေရသည်။
သူ၏စိတ်လှုပ်ရှားမှုကြောင့် idolနှင့်ဖန် အကြား အကွာအဝေးကို မေ့သွားခဲ့သည်။ သူက ပိုင်ရဲ့၏ လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။
"'ဘက်ဂျက်ခရီးသွားကြမယ်'ရိုက်တုန်းက ခင်ဗျားက ကျွန်တော့်အပေါ် အရမ်းကောင်းခဲ့တယ်...အဲဒါက မရည်ရွယ်ဘဲနဲ့လား"
ပိုင်ရဲ့ အံ့သြသွားသည်။ သူ့ဖန်လေးက ဘာမှ မပြောလျှင် သူသတိထားမိမှာမဟုတ်ပေ။
"ဟုတ်တယ်...အဲဒါက မရည်ရွယ်ဘဲနဲ့ဖြစ်ခဲ့တာ...ကိုယ်မင်းအပေါ်ကောင်းပေးချင်စိတ်ကိုမထိန်းနိုင်ခဲ့ဘူး... ဒီလိုကြင်နာမှုမျိုးက ဖန်တစ်ယောက်ဖြစ်ခြင်းထက် ကျော်လွန်သွားတယ်ဆိုတာ သိလိုက်ရတဲ့အခါမှာ မင်းကို ကိုယ် ချစ်မိနေပြီ"
ဤကမ္ဘာပေါ်တွင် အကြောင်းပြချက်မရှိသော အချစ် သို့မဟုတ် မုန်းတီးမှုဟူ၍ မရှိခဲ့ပါချေ။လူတစ်ယောက်၏ နောက်ခံကို မသိဘဲ ကောင်းကောင်း ဆက်ဆံပေးလိုစိတ် ရှိမှာ မဟုတ်ပေ။
သူ့ကော်ဖီမဝယ်ပေးလျှင် အတော်လေး မနာလိုဖြစ်မိသည်အထိ။
ဆယ်ပေါင်တန်ရေခဲမုန့်အတွက် ကာတီယာလက်စွပ်နှင့် လဲလှယ်နိုင်ခဲ့သည်အထိ။
သူက လူအများ၏ ထင်မြင်ယူဆချက် လှိုင်းလုံးကြီး အလယ်တွင် ရှိနေသည်ကို သူသိသည်။အမှားလုပ်မိလျှင် လျှော်ပစ်၍မရသည့် အစွန်းအထင်းတစ်ခု ဖြစ်သွားလိမ့်မည်။ထိုသို့သိပါလျက်သားနှင့် တစ်ဖက်လူ သူအေးဂျင့်နှင့် တိုက်ခိုက်နေချိန်မှာ Weibo မှာတင်ပြီး အားပေးရန် ရွေးချယ်ခဲ့သည်အထိ။
WeChat တွင် အဆုံးမရှိသော စကားစမြည်ပြောဆိုမှုများ၊ အသံမက်ဆေ့ချ်များ ပေးပို့ခြင်းနှင့် ဗီဒီယိုကောလ်များကို မုန်းတီးသည့်သူက ဖုန်းကိုလက်ကမချခဲ့ဘဲ တဖြည်းဖြည်း ယခုလိုလူဖြစ်လာသည်အထိ။
ပိုင်ရဲ့၏ရင်ဘက်ထဲမှာ ဒိန်းခနဲဖြစ်သွညးပြီး ရှေ့ကို့ကိုင်းညွှတ်လိုက်သည်။ "ကိုယ်တို့အရင်က အတူရှိနေဖူးတာလား"
ချီရှင်းချန် စိတ်ထဲတွင် ကြိတ် သက်ပြင်းချလိုက်သည်။ သူ့ idol က မျှော်လင့်ထားသလိုပါပင်၊ ဉာဏ်အလွန်ပြီးထက်မြက်သည်။သူ့ကို ပိုလို့တောင် သဘောကျသွားရင် ဘယ်လိုလုပ်မလဲ...
အချိန်နည်းငယ်လောက် ဂုဏ်ဆာနေပြီးမှ သူအလေးအနက်ပြောလိုက်သည်။ "ကျွန်တော်ပြောရင် မရယ်နဲ့နော်...ကျွန်တော် 'ည၏မက်မွန်' ထဲကို ကူးပြောင်းလာလာချင်း စိတ်ပိုင်းဆိုင်ရာပြင်ဆင်ပြီး အရင်ဆုံးလုပ်တာက Weibo မှာ ရဲ့ကောကို followတာပဲ... ဒုတိယမြောက်လုပ်တာက ကုမ္ပဏီကို သွားတာ"
"နော်ရာရဲ့ ဧည့်ခန်းထဲမှာ ခင်ဗျားကို ပထမဆုံးတွေ့တုန်းက ကျွန်တော်...ကျွန်တော် မြင်မြင်ချင်း အသိစိတ်လွတ်အောင်ဆွဲဆောင်ခံလိုက်ရတာ...ခင်ဗျားထွက်သွားပြီးတဲ့နောက် ကျွန်တော် လေ့ကျင့်ခဲ့တယ်...ရှောင်ချင်းက ကျွန်တော့်ကို ဘာလို့ သရုပ်ဆောင်ဆက်မလုပ်ဘဲ အဆို၊ အက သင်ယူဖို့ ခေါင်းမာနေတာလဲလို့မေးတယ်...ကျွန်တော့်မှာ အဖြေမရှိခဲ့ဘူး"
"အခုစဉ်းစားကြည့်တော့ ကောကြောင့်ဖြစ်နိုင်တယ်"
"စာအုပ်ဇာတ်ကြောင်း တိုးတက်လာတာနဲ့အမျှ ကျွန်တော့်မိသားစုဝင်တွေ တစ်ယောက်ပြီးတစ်ယောက် အကျပ်အတည်းဖြစ်တယ်၊ဒုက္ခရောက်တယ်... အကျပ်အတည်းတိုင်းလိုလိုက ထောင်ထောင်နဲ့ သက်ဆိုင်တယ်...ထောင်ထောင်နဲ့ဆက်ဆံရတဲ့တလျှောက်မှာ သူက ရိုးရှင်းတဲ့ ဇာတ်ကောင်တစ်ကောင်မဟုတ်တာကို တွေ့ရှိခဲ့ရတယ်... သူက ကျွန်တော်တို့လိုပဲ သူ့ကိုယ်ပိုင်အသိစိတ်ရှိတယ်...ရွှေလင်းယုန်ကော်ဇောနီအင်တာဗျူးကနေ တစ်ခုခုကို ရဲ့ကော သတိပြုမိလောက်တယ်"
“သူလုပ်ခဲ့သမျှက ဇာတ်လမ်းကို လမ်းကြောင်းမှန်ပေါ် ပြန်ဆွဲတင်ဖို့ လုပ်ခဲ့တာလို့ ကျွန်တော် စစ်ဆေးအတည်ပြုထားတယ်... ခင်ဗျားမသိလောက်ပေမဲ့ လျန်ကျင်း သူ့ကျောက်ကပ်ကိုလှူဖို့အတွက် သူ(မ)ဘာမဆိုလုပ်မှာပဲ"
ပိုင်ရဲ့၏ မျက်လုံးများတွင် ရွံရှာသောအရိပ်အယောင်များဖြတ်ပြေးသွားသည်။
"ဒါဆို … သူက ပြန်လည်မွေးဖွားလာသူ ဒါမှမဟုတ် ကူးပြောင်းသူလို့ မင်းသံသယရှိတာလား"
"ဟုတ်တယ်"
ချီရှင်းချန်က အခိုင်အမာပြောလိုက်သည်။
"ပြီးတော့ ကျွန်တော်တို့ 'ည၏မက်မွန်' ထဲကို ကူပြောင်းလာတာ ဒါပထမဆုံးအကြိမ်မဟုတ်ဘူးလို့လည်း ကျွန်တော်သံသယဖြစ်မိတယ်...နားကြပ်က အကောင်းဆုံး သက်သေပဲလေ"
"ထောင်ထောင်ရဲ့ ပြန်လည်မွေးဖွားမှုနဲ့အတူ ကျွန်တော်တို့ထပ်ပြီး ကူးပြောင်းလာတာဖြစ်မယ်"
သူတို့နှစ်ဦးမှာ အလွန်တက်ကြွနေမိခဲ့သည့်အတွက် နှစ်ဦးသားလဲချလိုက်ချိန်တွင် ညအတော်နက်နေပြီဖြစ်သည်။
သို့သော်လည်း လက်တွေ့တွင် မည်သူကမှအိပ်မပျော်နိုင်ကြပေ။ ချီရှင်းချန် ပိုင်ရဲ့မှာ အစစ်အမှန်ကမ္ဘာမှပိုင်ရဲ့ဖြစ်နေခြင်းကြောင့် ရှော့ရနေမိသေးသည်။ ဤသို့ဖြင့် ရှော့ရနေသူနှစ်ဦးမှာ စာအုပ်ထဲမှ အချက်အလက်များရလိုရငြားဖြင့် အဖြေရှာနေကြသည်။
သူ့ဖန်ကလေးပြောသည်မှာ မှန်မည့်ပုံပင်။ အကယ်၍သာ ထောင်ထောင်ပြန်လည်မွေးဖွားချိန်တွင် သူတို့နှစ်ဦးဤဝတ္ထုထဲသို့ ကူးပြောင်းလာရသည်ဆိုလျှင် အရာအားလုံးမှာ အဓိပ္ပါယ်ရှိသွားပြီဖြစ်သည်။ ဥပမာအားဖြင့် သူ ချီရှင်းချန်နှင့်ပထမဆုံးအကြိမ်ဆုံခဲ့ရစဉ်က မနေနိုင်ဘဲ သူ၏ခြေလှမ်းများကိုရပ်တ့န်မိခဲ့သည်။ သို့မဟုတ် မည်သည့်နေရာမှလာသည်မှန်းမသိသော ချီရှင်းချန်ကိုကာကွယ်ချင်သည့် ခိုင်မာသောစိတ်ဆန္ဒများထွက်ပေါ်နေခဲ့သည်။
တစ်ချိန်တည်းမှာပင် ဤသည်ကပင် သူအဘယ့်ကြောင့် စတင်ကူးပြောင်းလာစဉ်ကတည်းက ဇာတ်ကြောင်းကိုဝင်နှောင့်ယှက်မိရသည် ဟူသောအချက်ကို ရှင်းပြနေခဲ့သည်။ သူ၏မန်နေဂျာနှင့်လက်ထောက်သည်ပင် သူ့ကိုယခင်နှင့်မတူကြောင်းကို သတိမမူမိခဲ့ကြချေ။
ဇာတ်ကြောင်းမှာ လမ်းကြောင်းမှန်ပေါ်မှ သွေဖယ်သွားသည့်အတွက်ကြောင့် သူတို့အစသို့ပြန်သွားလျှင်ပင် ယခင်တစ်ကြိမ်မှမှတ်ဉာဏ်များမှာပျောက်ကွယ်သွားမည်ဖြစ်သည်။ သို့တိုင်အောင် တွေ့ကြုံဖူးသည်ဆိုသောအရာများမှာတော့ ကျန်ရစ်နေဦးမည်ပင်။
သူ့ဖန်လေးသည်လည်း တစ်ပုံစံတည်းဖြစ်မည်ဟု ပိုင်ရဲ့ယုံကြည်နေမိသည်။ မဟုတ်ပါက ချီရှင်းချန်၏မိသားစုမှာ သူတို့၏အငယ်ဆုံးလေးပြောင်းသွားလဲသည်ကို မည်သို့ မသိဘဲနေကြမည်နည်း။
အကယ်၍သာ သူတို့နှစ်ကြိမ်တိုင်တိုင် ကူးပြောင်းရမည်ပါလျှင် ပထမဆုံးတစ်ကြိမ်မှာ စင်ပေါ်မှပြုတ်ကျပြီး သတိလစ်သွားသည့်အခေါက်ဖြစ်ရပေမည်။ အဘယ့်ကြောင့်ဆိုသော် သူ့အနေဖြင့် ငယ်စဉ်ကတည်းက ပြင်းပြင်းထန်ထန်နာဖျားခြင်း သို့မဟုတ် သတိလစ်သွားရခြင်းတို့နှင့် မကြုံတွေ့ခဲ့ရခြင်းကြောင့် ကူးပြောင်းနိုင်မည့်အခွင့်အရေးကို ရှာတွေ့နိုင်မည်မဟုတ်ပေ။
ထို့အတူ စာအုပ်ကမ္ဘာ၏အချိန်စီးဆင်းမှုမှာ လက်တွေ့ကမ္ဘာနှင့်ကွာခြားလှပေရာ အဆုံး၌ သူနှင့်ချီရှင်းချန်တို့၏ဒဏ်ရာရပုံမျိုးနှင့်ဆိုလျှင် တစ်နှစ်ပတ်လည်လုံးကိုမာဝင်နေမည်မဟုတ်ချေ။ သူ့ဖန်ကလေးမှာ အချိန်အနည်းပို၍ကြာမြင့်မည်ဖြစ်သော်လည်း သူ၏ဒဏ်ရာများဖြင့်ဆိုလျှင် ဆယ်ရက်ပင်မကြာဘဲ နိုးလာမည်ဖြစ်သည်။
ထို့ကြောင့် သူတို့မေ့မလဲကျသွားခင် ရက်အနည်းငယ်အတွင်းတွင် ပထမဆုံးကူးပြောင်းမိခြင်း ဖြစ်ရပေမည်။ ထို့နောက် ဇာတ်ကြောင်းမှာသွေဖယ်သွားရသည့်အတွက် ထောင်ထောင်မှပြန်လည်မွေးဖွားလာရပြီး ဇာတ်ကြောင်းအမှန်ပေါ်သို့ ပြန်လည်ရောက်ရှိရန်အတွက် သူတို့ကိုကိုမာဝင်နေခြင်းမှဆွဲခေါ်ကာ ဇာတ်ကြောင်းကိုပြန်ပြင်ဖို့ကြိုးစားနေခြင်းဖြစ်နိုင်ပေမည်။
စာအုပ်ထဲသို့ကူးပြောင်းရခြင်း၏ သက်တောင့်သက်သာမဖြစ်ရဆုံးအပိုင်းမှာ ၎င်းတို့သည်လက်တွေ့ဘဝတွင် အိမ်မက်များကဲ့သို့ဖြစ်နေကြခြင်းပင်။ အိမ်မက်ထဲမှနိုးကာ စာအုပ်ထဲမှထွက်လာသည်နှင့် သူတို့၏မရေရာသည့်ပင်ကိုယ်သိစိတ်များနှင့် ဝိညာဉ်ထဲအထိရေးထိုးထားသောအရာများမှလွဲ၍ ကျန်သည့်အရာအားလုံးကို မေ့လျော့သွားကြမည်ဖြစ်သည်။ တစ်စုံတစ်ယောက်ကို အရိုးထဲအထိချစ်မိသွားပြီးနောက်တွင် သူတို့မည်မျှပင်ကြိုးစားနေပါစေ ၎င်းတို့မှာ မပယ်ရှားနိုင်သောအလေ့အကျင့်များဖြစ်သွားကြသည်။
ဤအချိန်တွင် ပိုင်ရဲ့သည် ထောင်ထောင်ပြန်လည်မွေးဖွားလာပြီး သူ့ဖန်ကလေးနှင့်ဆုံတွေ့ခြင်းပေးခြင်းကို အမှန်တကယ်ကျေးဇူးတင်နေမိသည်။
ထိုအချိန်တုန်းက in-ear monitor ကိုဝတ်ရန်ရွေးချယ်မိခဲ့ခြင်းအပေါ်လည်း ကိုယ့်ကိုကိုယ်ကျေးဇူးတင်မိသွားသည်။
သို့သော်လည်း သူတို့ယခုတစ်ကြိမ်လွတ်မြောက်သွားပြီးနောက် ယခင်တစ်ခေါက်ကဲ့သို့ အချင်းချင်းအကြောင်းကို မေ့လျော့သွားမည်လားဆိုသည်ကို ပိုင်ရဲ့စိတ်ပူနေမိသည်။
ချီရှင်းချန်၏အနည်းငယ်ကွေးထားသောကိုယ်ဟန်လေးကိုကြည့်ကာ ပိုင်ရဲ့မနေနိုင်ဘဲ ထိုသူ၏နောက်ကျောကို နူးညံ့သောအနမ်းတစ်ပွင့်ပေးလိုက်မိသည်။
သူလက်ပူးလက်ကြပ်ဖမ်းမိခံလိုက်ရသည့်အချိန်၌ ချီရှင်းချန်မှာ အသံတိုးတိုးဖြင့်ပြောလာသည် " မြန်မြန် အိပ်ရာစီသွားတော့လေ… မနက်ကြရင် အရမ်းနောက်ကျမှနိုးလာလို့မရဘူးနော် မဟုတ်ရင် ဦးလေးနဲ့အန်တီတို့က ရယ်ကြလိမ့်မယ်…"
" အင်းပါ…" ပိုင်ရဲ့ ချီရှင်းချန်ကို ပွေ့ဖက်နိုင်မည့်အခွင့်အရေးကို အမိအရယူလိုက်ပြီး ပြောလိုက်သည် " ကိုယ်ရုတ်တရက်သတိရသွားတာ.. ကိုယ်သာဒီနေ့ရှာမတွေ့လိုက်ဘူးဆိုရင် မင်းအဲဒီအကြောင်းကို ကိုယ့်ကိုတစ်သက်လုံးဖုံးထားမှာမလား…"
ဤကဲ့သို့သောအခြေအနေ၌ ချီရှင်းချန် ကူကယ်ရာမဲ့စွာဖြင့် လျှာကိုသာကိုက်လိုက်မိသည်။ ထိုအချိန်တွင် ပိုင်ရဲ့မှဆက်ပြောလာသည်
" ကိုယ့်ကိုဘာလို့အမှန်အတိုင်းမပြောပြရတာလဲ…"
" အစတုန်းက ကောကောကိုအဖော်ပြုပြီး စာအုပ်ထဲမှာပဲဆက်နေသွားဖို့ စဉ်းစားထားတာလေ…ပြောပြလိုက်ရင် ကောကော အားနာနေမိမှာစိုးလို့…" ချီရှင်းချန် အမှန်အတိုင်းပြောပြလိုက်သည် " ကောကောကရော ဘယ်လိုလဲ..ကျွန်တော့်ကိုဘာလို့မပြောပြခဲ့တာလဲ…"
ပိုင်ရဲ့ ပြုံးကာ ပြောလိုက်သည် " ဘယ်လိုတောင်တိုက်ဆိုင်တာလဲ… ကိုယ်လဲမင်းလိုပဲတွေးနေတာလေ…"
ထိုစကားကိုကြားလိုက်ရချိန်တွင် ချီရှင်းချန် တစ်ညအတွင်း အကြိမ်ပေါင်းများစွာ ဝမ်းနည်းကြေကွဲသွားခဲ့ရသည်။ အပြင်လက်တွေ့ကမ္ဘာတွင် သူသည်တစ်ဦးတည်းဖြစ်သောကြောင့် မပြန်ရန်လက်လျော့လိုက်စေကာမူ သူ့အတွက်အဆင်ပြေသည်။
သို့သော်လည်း ပိုင်ရဲ့မှာမူ မတူပေ။ ပိုင်ရဲ့ထံတွင် မိသားစု၊ ပန်းစည်းများ၊ ချီးမြောက်သံများ၊ လက်ခုပ်သံများနှင့် ချမ်းသာကြွယ်ဝမှုတို့ရှိသည်။
ပိုင်ရဲ့ထံတွင် တန်ဖိုးရှိသည့်အရာများစွာ ရှိနေခဲ့သော်လည်း ၎င်းတို့ကိုလက်လျော့၍ သူနှင့်ဤစာအုပ်ကမ္ဘာထဲတွင် အတူနေပေးရန် ဆန္ဒရှိနေသည်။
ချီရှင်းချန် ဘေးဘက်သို့လှည့်ကာ ပိုင်ရဲ့၏မေးစေ့ကို လှမ်းနမ်းပြီးပြောလိုက်မိသည် " ကျွန်တော် ကောကောကိုချစ်ကြောင်းပြောပြီးပြီလို့ မထင်ဘူး… အခုပြောလိုက်မယ်… ကျွန်တော်က ကောကောကို အရမ်းချစ်တယ်နော်…"
ပိုင်ရဲ့၏မိဘများမှာ အလွန်နားလည်မှုရှိကြသည်။ နောက်တစ်နေ့မနက်တွင် သူတို့ကိုလာမနှိုးရုံသာမက လူငယ်စုံတွဲကို ကိုယ်ပိုင်အချိန်ပေးရန်အတွက် တတိယထပ်သို့မသွားရန်ပင် အိမ်အကူများကိုမှာကြားထားခဲ့သည်။
ထို့ကဲ့သို့သောငြိမ်းချမ်းမှုမျိုးဖြင့် သူတို့နှစ်ဦးကောင်းမွန်စွာအိပ်စက်ခဲ့ကြရသည်။ ချီရှင်းချန် မနက်ခင်းနိုးလာချိန်တွင် မှန်ကိုကြည့်လျက်ဖြင့် နားလည်ရခက်နေသည့်အမူအယာမျိုးရှိနေကာ တစ်စုံတစ်ခုကိုပြောချင်နေသော်လည်း ပြောရန်ခက်ခဲနေသည်။
ကြောင်ကြီးပိုင်ရဲ့မှ သူ့ကိုအနောက်မှဖက်ကာမေးလာသည် " ဘာတွေကြည့်နေတာလဲ.."
" ကျွန်တော့်နှုတ်ခမ်းတွေလေ…" ချီရှင်းချန် မျက်မှောင်ကြုတ်ထားမိသည် " ကျိုက်ကျိုက် ကျွန်တော်ဘယ်လိုလုပ်ရမလဲဟင်…"
သူ၏နှုတ်ခမ်းများမှာ ဖောင်းကားနေခဲ့ရုံသာမက ပါးစပ်ထောင့်တွင်လည်း အရေခွံကွာနေသည်မှာ မပျောက်သေးပေရာ တစ်ချက်ကြည့်ရုံနှင့်ပင် ယမန်နေ့ညတွင် သူအစားခံခဲ့ရသည်ကို ပြောနိုင်ကြမည်။
ပိုင်ရဲ့ ဘေးသို့စောင်းကာ ဆေးယူရန် ထသွားခဲ့သည်။ ပြန်လာချိန်တွင် ချီရှင်းချန်၏နှုတ်ခမ်းများကို ပွတ်ပေးနေရင်းဖြင့် နှစ်သိမ့်လိုက်သည် " ကိုယ့်မိဘတွေက မမြင်ချင်ယောင်ဆောင်နေကြပါလိမ့်မယ်… စိတ်မပူပါနဲ့…"
" ကျွန်တော်အရမ်းကိုသိတာပေါ့… ဒါပေမယ့်လည်း ဘယ်လိုလုပ်မရှက်ဘဲနေရမှ
ာလဲ…"
ပိုင်ရဲ့မှ အရှက်မဲ့စွာပြောလာသည် " ဒါဆိုလည်း ကိုယ့်ကိုအဲဒီလိုပြန်လုပ်လိုက်လေ.. ဒီလိုဆို ကိုယ်တို့အတူတူရှက်လို့ရသွားပြီ…"
ချီရှင်းချန် : "...."
ဘုရားရေ.. အရမ်းကလေးဆန်တာပဲ