အပိုင်း ၁၅၃
Viewers 29k

Chapter 153



ယခင်အချိန်များတွင် ပိုင်ရဲ့မှာ ဤစာအုပ်၏အဓိကဇာတ်လိုက်အဖြစ်ရှိစဉ်အခါက ထိုကဲ့သို့တွယ်ကပ်တတ်ပြီး ကလေးဆန်မှုမျိုးကို ထူးဆန်းသည်ဟုမခံစားခဲ့ရသော်လည်း ယခုအချိန်၌ သူ၏ပိုင်ရဲ့မှာ လက်တွေ့ကမ္ဘာမှပိုင်ရဲ့ဖြစ်ကြောင်း သိလိုက်ရချိန်တွင် ချီရှင်းချန်၌ သောက်ကျိုးနည်းဟူသောခံစားချက်မျိုးကို ရရှိနေသည်။


ဘယ်လိုလုပ်ပြီး မိမိုက်စတိုင်ကျနေသောလူတစ်ယောက်တည်းမှာ တစ်ချိန်တည်းမှာပင် ဤမျှချစ်စရာကောင်းနိုင်ပါမည်နည်း။


နော်ရာမှဝန်‌ထမ်းခေါ်စဉ်အခါက သူ၏မျက်လုံးများကို ဖွင့်မိထားခြင်းကော ဖြစ်နိုင်ပါတော့မည်လား…


ချီရှင်းချန် သူ၏နှလုံးသားလေးကို ဖုံးဖိကာ တိတ်တဆိတ်အဝတ်လဲလိုက်ပြီး အောက်ထပ်သို့ဆင်းသွားလိုက်သည်။ ပိုင်ရဲ့ ပြောခဲ့သလိုပင် ပိုင်ရဲ့၏မိဘများမှာ မမြင်ချင်ယောင်ဆောင်ပေးနေကြသည်။ သူတို့မှ သူ့ကို‌နွေးထွေးစွာမနက်စာစားရန် ဖိတ်ခေါ်ပေးကြကာ ပါးစပ်မှအနာကိုမပြဲသွားစေရန်အတွက် ကလေးစားသည့်ဇွန်းနှင့်ပင် လဲပေးခဲ့သည်။


ချီရှင်းချန် ရှက်သွားရသော်လည်း တစ်ချိန်တည်းမှာပင် သူ၏စိတ်ထဲ၌နွေးထွေးသွားရသည်။


အနှီလူငယ်စုံတွဲအတွက် အတူရှိရချိန်မှာ ရှားပါးလှသောကြောင့် ပိုင်ရဲ့၏မိခင်မှာ မနက်စာစားပြီးချိန်တွင် သူတို့၏ရှားရှားပါးပါးဒိတ်နိုင်မည့်အခွင့်အရေးကို မယူတော့ဘဲ သူတို့နှစ်ဦးတည်းကိုသာ ပျော်‌ခွင့်ပေးလိုက်သည်။


တိုင်းသိပြည်သိပုဂ္ဂိုလ်များအနေဖြင့် သူတို့အတွက် အပြင်သို့ထွက်မလည်နိုင်ဘဲ အိမ်ထဲတွင်သာ ပျော်ပါးနိုင်ကြမည်ဖြစ်သည်။ ယမန်နေ့ညတွင် ရေချိုးခန်းမှာ အလွန်ဆူညံ့နေခဲ့‌ကြသောကြောင့် ရေကောင်းစွာမချိုးခဲ့ရသည့်အတွက် ပိုင်ရဲ့မှပြောလာသည် " ကိုယ်ရေသွားချိုးလိုက်ဦးမယ်… မုန့်စားရင်းပဲဖြစ်ဖြစ် ဖုန်းဆော့နေရင်းပဲဖြစ်ဖြစ် ကိုယ့်ကိုခဏစောင့်ပေးဦးနော်…"


သဘာဝကျစွာပင် ချီရှင်းချန် သဘောတူခဲ့သည်။ ပိုင်ရဲ့ ရေချိုးခန်းထဲသို့ ဝင်သွားသည်ကိုကြည့်ကာ စားပွဲတွင်ထိုင်၍ နာနာခံခံဖြင့် ဖုန်းသုံးနေလိုက်သည်။


တိုက်တိုက်ဆိုင်ဆိုင်ပင် သူဤ‌ရက်များအတွက် မူးနောက်နေခဲ့ရသောကြောင့် စီးပွားရေးလုပ်ရန် စိတ်မပါနေခဲ့ချေ။ ချီရှင်းချန် ဝေ့ပေါ်တွင် ပုံတစ်ပုံတင်၍ သူအဆင်ပြေကြောင်း ဖန်များကိုအသိပေးရန်လုပ်လိုက်သည်။


သို့သော်လည်း ဝေ့ပေါ်သို့ဖွင့်လိုက်သည်နှင့် အဓိကစာမျက်နှာအောက်တွင် သူ၏ဖန်များ၏အော်ဟစ်နေသံများကို တွေ့လိုက်ရသည်။


[ တရုတ်နှစ်သစ်ကူးအတွင်းမှာ အရမ်းကိုပျင်းနေရတာ ငါ့ကလေးလေးကို တွေ့ချင်လိုက်တာနော်…]


[ ရှင်းရှင်းလေးက ဘဲရသွားတာနဲ့ ဖန်တွေကိုမေ့သွားပြီ ဟင့်…]


[ လက်ထပ်သွားတဲ့ကလေးက ဖိတ်စင်သွားတဲ့ရေလိုပဲ… ဒီတစ်သက်ငါ့ကလေးလေးကို ပြန်ကောတွေ့ရပါ့မလားဟင်…]


[ ရှင်းရှင်းရဲ့ နောက်ဆုံးliveလွှင့်ထားတာက ငါးလခွဲတောင်ရှိနေပြီ… ပြန်မလာရင် မင်းရဲ့ Live streaming ကပြုတ်ကျတော့မယ်နော်…]


ငါးလခွဲတောင်လား…


ချီရှင်းချန် လက်ချိုးကာ ရေတွက်လိုက်မိသည်။ နောက်ဆုံးအကြိမ်Liveလွှင့်ခဲ့သည်မှာ my time ပြိုင်ပွဲအတွင်းဖြစ်လေရာ ယခုအချိန်ထိဆိုလျှင် အမှန်တကယ် ငါးလခွဲရှိနေပြီဖြစ်သည်။


သူ၏ဖန်များအတွက် ချီရှင်းချန် အားနာမိသွားသည်။


ယခုအချိန်တွင်လည်း သူ့ထံတွင်အခြားလုပ်ရန်မရှိနေသောကြောင့် ဆယ်မိနစ် သို့မဟုတ် မိနစ်နှစ်ဆယ်ခန့် Liveလွှင့်ပေးနိုင်မည်ဖြစ်ရာ ချီရှင်းချန် အခန်းတွင်းပြင်ဆင်ထားမှုများ မပါသွားစေရန်အတွက် နံရံဘက်သို့သွားကာ ကင်မရာရှုထောင့်ကို အသေအချာလှည့်၍ နားကြပ်ကိုတပ်၍ Livestream ကိုဖွင့်လိုက်သည်။


ရုံးပိတ်ရက်များအတွင်း အိမ်တွင်အနားယူနေကြသည့် ကြယ်အလင်းတန်းများနှင့်ညဉ့်ကောင်းကင်များ ချက်ချင်းဆိုသလို ပြေးဝင်လာကြသောကြောင့် မျက်နှာပြင်တစ်ခုလုံးမှာ တခဏအတွင်း ကွန်မန့်များနှင့်ပြည့်နှက်သွားရသည်။


ချီရှင်းချန် ကြောင်အသွားရသောကြောင့် စကားအနည်းငယ်ဖြင့်သာ ပြန်ဖြေလိုက်သည်။


" ကျွန်တော်ရိုက်ကွင်းမှာမဟုတ်ဘူး… နှစ်သစ်ကူးအတွက် အိမ်မှာပါ…"


" ကျွန်တော်ဝိတ်တက်လာတာလား… မနောက်ပါနဲ့ဗျာ…ကျွန်တော်တော့ရိုက်ကွင်းကိုပြန်သွားပြီး ဝိတ်ချရတော့မယ်ထင်တယ်…"


" နှစ်သစ်ကူးအကြိုညစာစားပွဲမှာ ဟင်းတစ်ဆယ့်ခြောက်ပွဲတောင်ပါတာ တစ်ဝက်ကျော် 

လောက်က ကျွန်တော်ချက်ထားတာလေ ‌ယေ့ ယေ့…."


" ကျွန်တော့်ဟင်းချက်စကေးက ပုံမှန်ပါပဲ…နောက်ကြရင် မင်းတို့ကြည့်ရအောင် ဟင်းချက်ရင်း Liveလွှင့်ပေးမယ်လေ…"


Livestream လာကြည့်ကြသည့် ကြယ်အလင်းတန်းများမှာ ချီရှင်းချန်၏အခြေအနေကို စိတ်ပူနေကြသည်။ ညဉ့်ကောင်းကင်များမှာမူ ပိုင်ရဲ့အကြောင်းကို သိချင်နေကြသဖြင့် ချီရှင်းချန် ခဏမျှမမြင်ဟန်ဆောင်နေမိသော်လည်း အချိန်အတော်ကြာပြီးနောက် သူမရှောင်နိုင်ကြောင်းကို နားလည်သွားခဲ့သည်။


ထို့ကြောင့် သူသတိထား၍ ပြောလိုက်သည် " သူလည်း နှစ်သစ်ကူးအတွက်အိမ်မှာလေ .."


" စတူဒီယိုကိုတော့ မကြာခင်ပြန်သွားမှာပါ… အသေးစိတ်ကိုတော့ ကျွန်တော်လည်း ‌မမေးထားမိဘူး…"


" ဟုတ်ကဲ့ပါ သူ့ကိုယ်သူလည်း ဂရုစိုက်ဖို့ ကျွန်တော်ပြောလိုက်ပါ့မယ်နော်…"


ညဉ့်ကောင်းကင်များမှာ သူတို့နှစ်ဦး နှစ်သစ်ကူးအတွင်း တွေ့မိကြသည်လားဟု မေးလာကြသောကြောင့် ချီရှင်းချန် လိမ်ပြောရန်စဉ်းစားလိုက်သည်။ သူပြောလိုက်တော့မည့်အချိန်တွင်….


လက်တစ်စုံမှာ သူ၏နောက်မှသိုင်းဖက်ကာပြောလာသည် " ဘာတွေ တိုးတိုး တိုးတိုးလုပ်နေတာလဲ…"


အသံမှာ ပျင်းရိနေပုံရပြီး အနည်းငယ်အက်ရှနေသည်။ ချီရှင်းချန် အလွန်ထိတ်လန့်သွားသောကြောင့် ဖုန်းကိုစားပွဲပေါ်ပစ်တင်မိလိုက်သည်။


ကံမကောင်းစွာဖြင့် အလွန်နောက်ကျသွားလေပြီ။


[ ဟင့်အင်း… မြင်လိုက်ရတယ်နော်… မဟုတ်သေးဘူး… အာ အမှန်ပဲဟ…]


[ အားးး ရဲ့ကော… အားးးး သူတို့အတူတူနေနေကြတာပဲ…]


[ ဘုရားရေ ငါ့ကိုသာ အဝတ်ဗလာနဲ့အနောက်ကသိုင်းဖက်လာတဲ့ ကောင်ချောလေးတစ်ယောက်လောက် ရှိမယ်ဆိုရင် ငါတော့နောင်ဝမရဘဲသေလို့ရပြီ…]


[ ရဲ့ကောကအရမ်းချောတာပဲ… သူ့ဘော်ဒီကလည်း အရမ်းမိုက်တယ်… ဝူး ဝူး ဘာလို့သူများကောင်လေးတွေက အရမ်းချောနေရတာလဲ…. ဟင့် နှုတ်ဆက်လိုက်ပါတယ် လောကကြီးရေ…]


ထိတ်လန့်နေရသေးသည့်အတွက် ချီရှင်းချန် အသက်တစ်ချက်ရှိုက်ကာ လှည့်၍မေးလိုက်သည် " ဘာလို့ဒီလောက်မြန်နေရတာလဲ…"


" ရေချိုးတာက ဘယ်လောက်ကြာရမှာမလို့လဲ…" ပိုင်ရဲ့မှ ပြန်ဖြေလာသည်။


"...." ထိုအချိန်မှသာ တစ်ဖက်လူမှာ အင်္ကျီမဝတ်ထားဘဲ ခါးတွင်ရေချိုးပဝါကိုပတ်ထားကြောင်းကို သိလိုက်ရသည်။ ချီရှင်းချန်မှာ ပို၍ထိတ်လန့်လာရသည် " အင်္ကျီဝတ်လေ အခုကLiveလွှင့်နေတာကို…"


ပိုင်ရဲ့မှ အိုးးး ဟူသောအသံရှည်တစ်ချက်ထုတ်ကာ ပြောလာသည် " ဖုန်းနဲ့ဒီလောက်ပျော်ပျော်ရွှင်ရွှင်စကားပြောနေတာ အံ့ဩစရာမရှိတော့ဘူးပဲ .."


ဤသို့ဖြင့် ပိုင်ရဲ့လေးတိလေကန်ဖြင့် အဝတ်ဗီရိုစီသို့ လျှောက်သွားခဲ့သည်။ သူမည်မျှအလျင်မလိုသည်ကို မြင်ရချိန်တွင် ချီရှင်းချန် သူ့အတွက်လောဆော်ပေးမိသည် " မြန်မြန်ဝတ်လေ အခုပဲကျွန်တော်တို့ကို လူမြင်ကုန်ပြီ…"


ပိုင်ရဲ့မှာ " အရေးကြီးအစိတ်အပိုင်းတွေကို မမြင်သွားသရွေ့ အဆင်ပြေပါတယ်…" ဟုပြောချင်မိသော်လည်း တစ်ဖက်လူ၏အာရုံစိုက်မှုမှာ သူအဝတ်ထားခြင်း ဟုတ်မဟုတ်ကို မဟုတ်ဘဲ သူများမြင်သွားခြင်းကိုသာ အာရုံစိုက်နေကြောင်းကို နားလည်သွားခဲ့သည်။


ပိုင်ရဲ့၏ နှုတ်ခမ်းတစ်ချက်တွ့န့်သွားပြီး အမြန်ပြောလိုက်သည် " ကောင်းပြီ နောက်ကြရင် ကိုယ်မင်းကိုပဲ ပြမယ်…"


ချီရှင်းချန် ဆွံ့အသွားရသည်။


Liveမှ ကွန်မန့်များ : [ ဘုရားရေ အားးးးး မင်းကသူ့ကိုအရမ်းအလိုလိုက်နေတာပဲ…အားးးး ]


နောက်ထပ် Livestream တစ်ခုကျဆုံးပြန်ပြီပဲ… ချီရှင်းချန် အနည်းငယ်အသားကျနေပြီဖြစ်သောကြောင့် တည်ငြိမ်ဟန်ဆောင်ကာ ဖုန်းပြန်ကိုင်လိုက်သည်။ သူ၏ဖန်များကို တောင်းပန်ရန်စီစဉ်လိုက်ကာ ယနေ့Liveအတွက် သူအိမ်ပြန်ရောက်လျှင်အချိန်ပြန်ရှာပေးရန် စဉ်းစားနေမိသည်။


သူ၏စကားပင်ဆုံးရန် မစောင့်လိုက်ရပေ။ ပိုင်ရဲ့မှ အင်္ကျီကပျာကယာဝတ်ကာ ခုံတစ်ခုံဆွဲ၍ သူ၏ဘေးတွင် ထိုင်ချလာသည် " ဘာလို့လဲ…ကိုယ့်မျက်နှာကိုမပြချင်လို့လား…"


ချီရှင်းချန် : "...."


Liveမှ ကွန်မန့်များ : [ လမ်းဖယ်ကြ လမ်း‌ဖယ်ကြဟေ့ ..]


ပိုင်ရဲ့မှ ပြောလာသည် " ကိုယ့်ကြောင့် အရှက်မရမိစေဘူးမလား… ဟုတ်တယ်မလားဟင်…"


Liveမှ ကွန်မန့်များ : [ သေချာပေါက်မရဘူးဟေ့..  အားးးး ရဲ့‌ကောရေ မြန်မြန်လာပါတော့..]


ချီရှင်းချန် : "...."


ချီရှင်းချန်မှာ တိတ်ဆိတ်နေသည့်အတွက် ပိုင်ရဲ့မှာ ဖုန်းကိုလှည့်ယူရန် လက်ဦးမှုယူကာ ယဉ်ကျေးစွာနှုတ်ဆက်လိုက်သည် " မင်္ဂလာပါ ကြယ်အလင်းတန်းတို့… အိုးး ညဉ့်ကောင်းကင်တွေ‌လည်းရှိတာပဲ…မင်္ဂလာပါ ကြယ်အလင်းတန်းတွေနဲ့ ညဉ့်ကောင်းကင်တို့ရေ ကျွန်တော်ပိုင်ရဲ့ပါ…"


ဤတစ်ကြိမ်တွင်မူ ပိုင်ရဲ့ Livestream တွင်ပါဝင်လာသည့်သတင်းကို တစ်စုံတစ်ယောက်မှ ဆိုရှယ်မီဒီယာပေါ်တွင် တင်လိုက်သည်ဖြစ်ရာ Livestream ကြည့်ရှုနေသူများမှာ အချိန်ခဏအတွင်းမှာပင် တရိပ်ရိပ်ထိုးတက်လာသည်။ ပိုင်ရဲ့မှာမူ ချီရှင်းချန်ကဲ့သို့ စိတ်မရှည်သောကြောင့် အသေးစိတ်ရှင်းပြရန် လွန်စွာပျင်းရိနေကာ မျက်လုံးထဲမြင်သည့်မန့်များကိုသာ ပြန်ဖြေပေးနေသည်။


" ကျွန်တော်ကအမြဲရေမြန်မြန်ချိုးတတ်တယ်…"


" ကျွန်တော်တို့ ဘယ်မှာလဲလား… ကျွန်တော့်အိမ်ကိုရောက်နေတာလေ…"


" ကျွန်တော့်တစ်ယောက်တည်းအိမ်မဟုတ်ဘူး… မိဘတွေအိမ်ကိုရောက်နေတာပါ…"


" အင်းး နှစ်သစ်ကူးအတွက် အိမ်ပြန်ရမယ်ဆိုတာနဲ့ သူ့ကိုပါမိဘတွေနဲ့ပေးတွေ့ပေးဖို့ခေါ်လာတာလေ…"


ချီရှင်းချန် ပိုင်ရဲ့၏မိဘများနှင့်တွေ့ရန်သွားသည်ကို သိလိုက်ရချိန်တွင် Livestream ၏မန့်များမှာ ပေါက်ကွဲထွက်လာခဲ့သည်။ လူတိုင်းမှာမူ ပိုင်ရဲ့၏မိဘများသာ သဘောတူပါက သူတို့လက်ထပ်ကြတော့မည်လားဟု မေးနေကြလေသည်။


သို့သော်လည်း ပိုင်ရဲ့မှပြောလာသည် " ကျွန်တော်အတူရှိချင်တဲ့သူအတွက် ဘယ်သူ့ရဲ့ခွင့်ပြုချက်ကိုမှ ယူဖို့မလိုပါဘူး…မိဘတွေဆုံးဖြတ်ပေးဖို့လည်း အိမ်ကိုခေါ်သွားတာမဟုတ်ဘူး…ဒီအတိုင်း သူတို့ရဲ့သားမက်ကလေးက ဘယ်သူဆိုတာမသိကြမှာစိုးလို့ ရှင်းရှင်းကိုခေါ်ပြတာပါ…လက်ထပ်ဖို့အတွက်ကတော့..  အင်းး စဉ်းစားထားပြီးပါပြီ..  ဦးဆုံးအနေနဲ့ ကျွန်တော်တို့ရဲ့တရုတ်နိုင်ငံဥပဒေအရဆိုရင် ပုံမှန်လုပ်ရိုးလုပ်စဉ်တွေအတိုင်း ခွင့်ပြုချက်မရသေးဘူးလေ… ဒုတိယအနေနဲ့ကတော့ ဒီနှစ်မှာ နှစ်ယောက်လုံးရဲ့အချိန်စာရင်းက အတော်လေးပြည့်နေပြီဆိုတော့ မင်္ဂလာပွဲကျင်းပဖို့အတွက် အချိန်မရှိဘူးဖြစ်နေတာ…ကျွန်တော်လည်း သူနဲ့အရမ်းဖုတ်ပူမီးတိုက်ကြီးမလုပ်ချင်ပါဘူး…ဒါကြောင့် မှန်းထားတဲ့အတိုင်းသာဆိုရင် နောက်နှစ်လောက်တော့ လုပ်ဖြစ်လိမ့်မယ်ထင်တယ်…."


နောက်နှစ်ကို လက်ထပ်မှာလား…


သူမှတ်ဉာဏ်များပျောက်နေခဲ့တာလား…


ချီရှင်းချန် ကြောင်အသွားရသည်။ သူထိုအကြောင်းကို လုံးလုံးပင် မှတ်မိမနေခဲ့ပေ။ သူပိုင်ရဲ့ကိုပုခုံးဖြင့်တိုက်ကာ နူးညံ့စွာမေးလိုက်သည်


 " နောက်နှစ်ကြလက်ထပ်ကြမယ်လို့ ဘယ်တုန်းကပြောခဲ့လို့လဲ…"


" မပြောထားဘူးလေ … မင်းလေးကလက်မထပ်ချင်ဘူးလား… " ပိုင်ရဲ့မှပြန်မေးလာသည်။


ဘယ်လိုလုပ်ပြီး သူမလုပ်ချင်ရမှာလဲ… ချီရှင်းချန် ခေါင်းငုံ့ကာ အသံတိုးတိုးဖြင့် ဖြေလိုက်ရသည် " လက်ထပ်ချင်ပါတယ်…"


" ကောင်းပြီလေ ဒါဆိုလည်း ကိုယ်တို့တရားဝင်မှတ်ပုံတင်နိုင်ဖို့ တတ်နိုင်သမျှမြန်မြန်ကြိုးစားရမှာပေါ့.. ဒါပေါ့ ကိုယ်မင်းကိုလည်း သေသေချာချာလက်ထပ်ခွင့်တောင်းရဦးမယ်လေ… မင်းစိတ်ပျက်သွားခွင့်မပေးနိုင်ပါဘူး…"


ဤသည်ကိုကြားလိုက်ရချိန်တွင် ချီရှင်းချန်မှာ ကောင်းကင်ပေါ်သို့ ပျံတက်လုမတတ်ဖြစ်လာပြီး သူ၏မျက်နှာသည်ပင် လောင်ကျွမ်းလာရသည်။ တစ်ဖက်လူမှ သူ့ကိုပိုင်အိမ်သို့ဝင်လာရန် လှည့်စားခဲ့ခြင်းအပေါ်  လုံးလုံးသတိမပြုမိခဲ့ချေ။


ဖန်များသည်လည်း သူတို့၏မောင်ငယ်လေးရှင်းရှင်း လှည့်စားခံလိုက်ရသည်ကို သတိမပြုမိကြပေ။ ချီရှင်းချန်တို့နှစ်ဦးသား၏အချင်းချင်းချစ်ခင်မှုကိုပြသကာ တစ်ကိုယ်တော်ခွေးကလေးများကိုနှိပ်စက်နေခြင်းကိုသာ ဂရုစိုက်နေကြပြီး အချို့ဖန်များမှာမူ သူတို့ကိုအနမ်းပေးကြရန်တောင်းဆိုနေကြသည်။


ဘယ်လိုပဲဖြစ်ဖြစ် သူတို့ခွေးစာအပုံလိုက်ကြီးစားခဲ့ရပြီပဲဟာ နည်းနည်းလောက်ထပ်စားရလို့လဲ ပြသနာမရှိပါဘူးနော်….


ပိုင်ရဲ့မှ ပြုံးလျက် ငြင်းပယ်လိုက်သည် " သူကအရေပါးတယ်လေ.. သူ့ကိုခက်ခဲအောင် မလုပ်ကြနဲ့နော်…"


[ ကျစ်ကျစ် အချစ်ရဲ့ချဉ်စူးနေတဲ့အနံ့လေးကိုလည်း ကြည့်ကြပါဦး…]


ပိုင်ရဲ့ကဲ့သို့ စကားအနည်းငယ်သာပြောတတ်သူတစ်ဦးအတွက် ဤကဲ့သို့အချိန်ကြာကြာLiveလွှင့်ပေးနေသည်ကပင် သူ၏အကန့်အသတ်ကို ကျော်လွန်နေပြီဖြစ်သည်။ အချိန်ခဏမျှစကားပြောပြီးနောက် ဖန်များကိုနှုတ်ဆက်စကားဆိုကာ ပိုင်ရဲ့ Livestream ကိုပိတ်၍ ချီရှင်းချန်ကို လှမ်းဖက်လိုက်သည်။ ထို့နောက် ဖန်များ၏တောင်းဆိုမှုဟုဆိုကာ အနမ်းပေးရန်ပြောလိုက်သည်။


ချီရှင်းချန်မှာမူ အပျော်လွန်နေသည့် အခြေအနေအတွင်းသာ ရှိနေသေးသည့်အတွက် ထိုဖန်များ၏တောင်းဆိုမှုကို ရက်ရက်ရောရောလက်ခံလိုက်ပြီးနောက် သူတို့နှစ်ဦး ကုတင်ပေါ်သို့ ရောက်သွားကြသည်အထိ နမ်းရှိုက်နေလိုက်ကြသည်။


ငယ်ရွယ်သောကောင်ငယ်လေးများမှာ မတော်တဆမှုဖြစ်ရန် အများဆုံးဖြစ်သောကြောင့် အဆုံး၌ သူ၏လက်များမှာ မမြောက်နိုင်သည်အထိ နာကျင်လာရသည်။ ပိုင်ရဲ့ လက်များနီရဲနေသည့်ချီရှင်းချန်ကို ဂရုတစိုက်ချော့မော့ကာ သန့်ရှင်းပေးလိုက်ပြီး သူ၏ပုံမှန်နေရာဖြစ်သောရေချိုးခန်းသို့ပြန်ကာ နောက်တစ်ကြိမ်ရေထပ်ချိုးလိုက်ရသည်။


ချီရှင်းချန်မှာမူ ကူကယ်ရာမဲ့စွာဖြင့် အိပ်ရာပေါ်တွင်လှဲကာ လက်တစ်ချောင်းကိုသာဆန့်၍ ဝေ့ပေါ်ပေါ်တွင်ရှာဖွေနေမိသည်။ ဤသည်မှာ သူတို့ရဲ့ဆက်ဆံရေးကို အတည်ပြုပြီးနောက် ပထမဆုံးအကြိမ်အဖြစ် Live လွှင့်ခြင်းဖြစ်ပေရာ ရေပန်းအစားဆုံးနေရာတွင်ရောက်နေမည်ဖြစ်သောကြောင့် သူအခြေအနေအပေါ် စူးစမ်းကြည့်ရမည်ပင်။


မျှော်လင့်ထားသည့်အတိုင်းပင် ပိုင်ရဲ့နှင့်ချီရှင်းချန်တို့Liveအတူလွှင့်ကြခြင်းဟူသော Hashtag မှာ ရေပန်းစားမှုစာရင်းတွင်ရောက်နေရုံသာမက ထိပ်ဆုံးနားအထိပင် ရောက်ရှိနေခဲ့ရာ ချီရှင်းချန် ခဏမျှတိတ်တဆိတ်ပြုံးလိုက်ပြီး အောက်သို့ဆက်ကြည့်လိုက်သည်။


တစ်နေရာသို့အရောက်တွင် ချီ

ရှင်းချန်၏အပြုံးမှာ ရုတ်တရက်ဆိုသလိုတောင့်ခဲသွားရလေသည်။


#ချီအဖွဲ့အောက်ရှိထျန်ချန်းဈေးဝယ်စင်တာမီးလောင်မှုကြောင့် ခြောက်ဦးသေဆုံးကာ သုံးဆယ့်နှစ်ဦးဒဏ်ရာရခြင်း#