အပိုင်း ၉၃
Viewers 16k

Chapter 93



ကျောက်ရုပ်ထုအကြောင်းကို စိတ်ပူနေကြသော အွန်လိုင်း ကောလဟာလများက မီဒီယာများ၏ အတင်းအဖျင်းများအောက်တွင် အလျင်အမြန်ပင် နစ်မြုပ်သွားလေသည်။ ဒေသခံ မိုးလေဝသ ဗျုရိုက ဝေ့ပေါ်တွင် အင်တာနက် အသုံးပြုသူများ၏ ထပ်မံ ဆဲဆိုခြင်းကို ခံလိုက်ရပေသည်။ 

ရွာသား ခွေးကြီး ဝမ့် : မိုးလေဝသဗျူရိုက နည်းနည်းလေး ပိုပြီး  ယုံကြည်စရာကောင်းလို့ မရတော့ဘူးလား... မင်းက ရေကြီးမယ်လို့ပြောပြီး ညလယ်ကြီး ငါတို့ မိသားစုတွေကို အိမ်ထဲက ဆွဲထုတ်ခိုင်းတယ်... ဒါပေမဲ့ အဆုံးကျတော့ ၂ရက် ၃ရက်ထိစောင့်တာတောင် ဘာရေမှမကြီးပဲ နေတောင်ထွက်လာသေးတယ်... အဲ့သူတောင်းစားတွေက ရေကြီးမှုသတိပေးချက်က အဆုံးသတ်သွားပြီး လူတိုင်းက အိမ်ကို ပျော်ပျော်ရွှင်ရွှင် ပြန်လို့ရပြီလို့ ထပ်ပြောလာတယ်... ဒီလို ရှေ့နောက်နှိပ်စက်မှုတွေ အားလုံးကနေ ဘယ်သူက ပျော်နေမှာလဲ...

ဒေသခံ မိုးလေဝသဗျူရိုတွင် ဝေ့‌ပေါ်မရှိသည်က ကံကောင်းပေသည်။ အင်တာနက်အသုံးပြုသူများက မည်မျှ ဆဲဆိုပါစေ သူတို့က မြင်ရမည် မဟုတ်ပါပေ။ သူတို့မြင်ရလျှင်ပင် လျစ်လျူရှုကာ ပြန်မဖြေ၍ ရပေသည်။ 

ရာသီဥတုအပြောင်းအလဲများဖြင့် အမှားကင်းသော မိုးလေဝသ ဗျုရိုက ဝေဖန်မှု အဆုံးသတ်ကို ရောက်ရှိကာ ကောင်းမွန်ပြီး ယုံကြည်ရသည့် မိုးလေဝသ ဗျူရို ဖြစ်လာမည် မဟုတ်ပါပေ။ 

ကုန်းဖု၏ ရောက်ရှိလာမှုကို စီမံခန့်ခွဲရေး ဗျူရို၏ အမျိုးသမီးများ အားလုံးက ကြိုဆိုကြသည်။ အမျိုးသားများက ကုန်းဖုမှာ ဝါးပလွေမှုတ်ကာ လက်ရေးအလှများ ရေးသောအခါ အပိုလုပ်သည်ဟု ခံစားရသော်လည်း အမျိုးသမီးများအတွက်မူ ၄င်းက စာပေနှင့် အနုပညာ၏ အလှတရားဖြစ်ပေသည်။ အမျိုးသားများက ကုန်းဖု၏ ဖြောင့်မတ်ကာ၊ စည်းကမ်းလိုက်နာသော အပြုအမူက ဟန်ဆောင်နေသည်ဟု ခံစားရပြီး အမျိုးသမီးများအတွက်မူ ကျက်သရေရှိခြင်းဖြစ်သည်။ 

သုံးရက်အတွင်းမှာပင် ကုန်းဖုက အမျိုးသားများ၏ ဘုံရန်သူဖြစ်ကာ အမျိုးသမီးများ၏ 'အချစ်စစ်'ဟူသော ခေါင်းစဉ် ပေးအပ်ခြင်း ခံလိုက်ရသည်။ ယခုအချိန်တွင်မူ မည်သူကမှ သူ့ကို အစားမထိုးနိုင်ပါပေ။

ကုန်းဖုက သူ့ကိုယ်သူ ဖူခုန်းဟူသော လူသားအမည်တစ်ခုပေးလိုက်သည်။ အပြင်လူများအား သူက ဖူလီ၏ အမျိုးဝေးသော ဝမ်းကွဲဟု ပြောထားသော်လည်း မည်သူကမှ မယုံကြပါပေ။ သူက ဖူလီနှင့် အတူနေရန်ပင် အကြံပြုသော်လည်း ကျွမ်းချင်က ငြင်းပယ်လိုက်သည်။ သူ့အခန်းကို ဖူလီ၏ အပေါ်ထပ်တွင် စီစဉ်ပေးလိုက်သည်။

"ဖူလီလေး... ဝမ်းကွဲ အစ်ကိုနဲ့ tetris လာကစားပါဦး..."

ကုန်းဖုက တံခါးကို ဖွင့်လိုက်ရာ ဖူလီ၏ ဧည့်ခန်းထဲတွင် ခွန်းဖမ်ထိုင်နေသည်ကို တွေ့လိုက်သည်။ ခွန်းဖမ်သည်လည်း သူ့ကို လှည့်ကြည့်လိုက်သည်။

"ခွန်းဖမ်..."

ကုန်းဖုက မျက်နှာထက်တွင် အံ့အားသင့်မှု အပြည့်ဖြင့် တံခါး ပိတ်လိုက်သည်။

"မင်းက တကယ် မသေဘူးလား..."

"တစ်ကိုယ်ကောင်းဆန်တဲ့ လိပ်ကောင်..."

ခွန်းဖမ်က ကုန်းဖုထက်ပင် အံ့အားသင့်နေပေသည်။ သူက ကုန်းဖုကဲ့သို့ နတ်ဘုရားသားရဲများက ပျောက်ကွယ်သွားသည်မှာ ကြာပြီဟု ထင်နေခြင်းပင်။ 

"သွားစမ်းပါ... ငါးလဲမဟုတ် ငှက်လဲမဟုတ်တဲ့ အထူးအဆန်းကောင်... ငါက နဂါးကွ..."

ကုန်းဖုက ခွန်းဖမ်ကို ထိုင်ခုံပေါ်မှ ကန်ချလိုက်သည်။ 

"မင်းက အရမ်းလေးတာကို ထိုင်ခုံပေါ်မှာ ထိုင်ချင်နေသေးတယ်... မင်းကြောင့် ပျက်စီးသွားမှာ မကြောက်ဘူးလား..."

"မင်း ခုဏက ဘယ်လိုခေါ်လိုက်တယ်... ဝမ်းကွဲဟုတ်လား..."

ခွန်းဖမ်က ကုန်းဖုကို မျက်လုံးစွေကြည့်လိုက်သည်။

"မင်းမှာ အရှက်နည်းနည်းတော့ ရှိသင့်တယ်မလား... မင်းက နှစ်ထောင်ပေါင်းများစွာ ရှင်သန်ပြီးတာကို အသက်လေးထောင်ပဲရှိသေးတဲ့ လူကို ဝမ်းကွဲခေါ်နေတာ... မင်းက မရှက်တတ်ဘူးလား... ငါတောင် နားထောင်ရတာနဲ့တင် ထူးဆန်းတယ်..."

"ဖြေရှင်းရခက်တဲ့ အချက်က မျက်နှာပဲ..."

ကုန်းဖုက ထိုင်ခုံပေါ်တွင် ပျင်းရိစွာ မီထိုင်လိုက်သည်။

"အစ်ကိုကြီးက ချောမောတဲ့ မိစ္ဆာလားဆိုတာက အရေးမကြီးပါဘူး... ကိုယ့်ကိုကိုယ် နားလည်တယ်ဆိုတာ ရုပ်ဆိုးတဲ့ မိစ္ဆာတွေအတွက် ကျန်တဲ့ အခုတည်းသော အရာပဲ..."

ခွန်းဖမ် : "မင်း ဘယ်သူ့ကို ရုပ်ဆိုးတယ်လို့ ခေါ်နေတာလဲ..."

ကုန်းဖုက နှာမှုတ်လိုက်သည်။
"အဲ့ဒါကို တုံ့ပြန်တဲ့လူတိုင်းက ရုပ်ဆိုးတာပဲ..."

ဖူလီက ထိုသူနှစ်ဦးက တစ်ဦးနှင့်တစ်ဦး အဆင်မပြေသည်ကို အစောကြီးကတည်းက ရိပ်မိပေသည်။ ကုန်းဖု၏ မွေးဖခင်က နတ်ဘုရား နဂါးတစ်ကောင်ဖြစ်ကာ ခွန်းဖမ်က နဂါးများကို စားရသည်အား နှစ်သက်ပေသည်။

ဒီလိုအခြေအနေမှာ မကျေနပ်မှုမရှိတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...

သို့သော် သူမမျှော်လင့်ထားသည်မှာ နှစ်ပေါင်းထောင်ချီအိုမင်းနေပြီဖြစ်သော ထိုမဟာမိစ္ဆာနှစ်ဦး၏ အငြင်းအခုံက... မူကြိုအဆင့်ဖြစ်နေသည်ကိုပင်။

သူက ကော်ဇောပေါ်တွင် တင်ပုလ္လင်ခွေထိုင်လိုက်ပြီး ထိုသူနှစ်ဦးကို ရန်ဖြစ်ခွင့်ပေးထားလိုက်သည်။ သူက ဖရုံစေ့တစ်ထုတ်ဆွဲကာ သူတို့အား အားရဝမ်းသာ ထိုင်ကြည့်နေပေသည်။ 

"ထိုင်တာတွေ ရပ်တာတွေမှာ ကိုယ်နေဟန်ထားက အဲ့လို ဆိုးနေတာပဲ... ဒီနေ့ခေတ် ဂျူနီယာတွေအကုန်လုံးက ယဉ်ကျေးမှုကို မရှိကြဘူးပဲ..."

ခွန်းဖမ်နှင့် အသည်းအသန် စကားများနေသော ကုန်းဖုက ဖူလီဘက်သို့ လှည့်လာပေသည်။

"ဂျူနီယာတစ်ယောက်က စီနီယာတွေ စကားပြောနေတုန်း ဘေးမှာ အစားစားလို့ရလား..."

သူက ဖူလီဆီမှ ဖရုံစေ့ကို ဆွဲယူလိုက်သည်။

"သကြားအရသာ... ဖရုံစေ့တွေက ချိုတယ်လား..."
သူက လက်တစ်ဆုပ်ယူလိုက်ကာ ဝါးစားလိုက်သည်။

ဖူလီ : ...

အဲ့ဒါက ဘာလဲ...

ခွန်းဖမ်က ကုန်းဖုဆီမှ ဖရုံစေ့ လက်တစ်ဆုပ်ကို လှမ်းယူကာ ကျိတ်ရယ်လိုက်သည်။ သူက ကုန်းဖုကို ပြောလိုက်သည်။

"အရှက်လေး ရှိပါအုံး... ဂျူနီယာတစ်ယောက်ဆီက ဖရုံစေ့ကို ဘယ်လိုလုပ်ပြီး လုစားနိုင်ရတာလဲ..."

"မင်းအဲ့လောက် လုပ်နိုင်နေရင် မစားနဲ့လေ..."

ကုန်းဖုက အေးစက်စွာ နှာမှုတ်လိုက်သည်။

"ငါက မင်းဆီက ယူတာ... ဂျူနီယာလေးရဲ့ဟာမဟုတ်ဘူး..."

ခွန်းဖမ်က ရဲရင့်စွာ ဆိုလိုက်သည်။
"ငါက အခြေခံ စည်းမျဉ်းရှိတဲ့ မိစ္ဆာကွ..."

ဖူလီက ထိုသူနှစ်ဦးက ထပ်မံ စကားများလာသည်ကို တွေ့ကာ တင်ပါးများကို ရိုးရှင်းစွာပင် ခါလိုက်ပြီး ကျွမ်းချင်ကို ရှာရန် ထွက်လာလိုက်သည်။ သုံးနှစ်ခြားနားခြင်းက မျိုးဆက်တစ်ခု ကွာဟခြင်းကို ကိုယ်စားပြုလေသည်။ သူနှင့် ထိုစီနီယာများကြားမှ မျိုးဆက်ခြားနားခြင်းက အလွန်ကြီးမားပေသည်။ သူတို့၏ အတွေးနှင့် ဦးနှောက်လည်ပတ်ပုံကို သူနားလည်ရန်က မဖြစ်နိုင်ပါပေ။

လမ်းတွင် သူက ခိုးကြောင်ခိုးဝှက်လုပ်နေသော စွမ့်ယွီနှင့် ဝင်တိုက်မိလေသည်။ ဖူလီက ရယ်လိုက်သည်။

"စွမ့်ယွီ ဘာလုပ်နေတာလဲ..."

"ရှူး... သခင်ကြီးကုန်းဖု ကြားသွားမယ်..."

စုန့်ယွီက ပတ်ဝန်းကျင်သို့ အလန့်တကြား ကြည့်လိုက်သည်။

"သခင်ကြီး ကုန်းဖုက နာမည်ကြီး ရှေးဟောင်း မင်္ဂလာသားရဲပဲ... သူက ကျွန်တော်တို့လို မကောင်းဆိုးဝါးတွေနဲ့ သဘာဝ ရန်သူပဲ..."

"ငါတို့ မဟုတ်ပါဘူး... မင်းပါ..."

ဖူလီက ချက်ချင်းပင် သူတို့၏ ဆက်ဆံရေးကို ဖယ်ရှားလိုက်သည်။

"မင်းက မကောင်းတာ ဘာမှမလုပ်ထားဘူးလေ... ဘာလို့ အရမ်းကြောက်နေတာလဲ..."

"သခင်ကြီး ကုန်းဖုက ဘယ်လောက်တောင် အစွမ်းထက်လဲ အစ်ကိုမသိပါဘူး..."

စုန့်ယွီက အသံတိုးတိုးဖြင့် ဆိုလိုက်သည်။
"မဟာ နတ်ဘုရားသားရဲ လေးကောင်ကလွဲရင် ကျွန် တော်တို့ မကောင်းဆိုးဝါးတွေက နတ်ဘုရား နဂါးရဲ့သားကို အကြောက်ဆုံးပဲ..."

နတ်ဘုရား နဂါးကို ဘယ်သူက ကလေးယူတဲ့နေရာမှာဒီလောက်တော်ဖို့ ပြောလို့လဲ... 
လူသားများက နဂါး၏ သားသမီးကိုးယောက်မှာ ကောင်းမွန်သည့်အချက် အသီးသီးရှိသည်ဟု ပြောရသည်ကို ခုံမင်ကြသည်။ သို့သော် နံပတ်ကိုးမှာ လုပ်ကြံထားခြင်းပင်။ နတ်ဘုရား နဂါးတွင် ကလေးကိုးယောက်ထက် ပိုပေသည်။

စုန့်ယွီက ဤမျှကြောက်လန့်နေသည်ကို မြင်ရာ ဖူလီက သူ့ကို ပခုံးပုတ်ပေးလိုက်သည်။

"မင်း အခု စိတ်အေးအေးပြန်ထားလို့ရပါတယ်... သခင်ကြီး ကုန်းဖုက ဆင်ခြင်တုံတရားရှိတဲ့ မင်္ဂလာသားရဲတစ်ကောင်ပါ... မင်းက မကောင်းဆိုးဝါးတစ်ကောင်ဖြစ်တယ်ဆိုတာကို သူမြင်ရင်တောင် ချင်ချင်း တိုက်ခိုက်မှာ မဟုတ်ပါဘူး..."

"သူက စကားနည်းနည်းပြောပြီးမှ တိုက်ခိုက်မှာလား..."

စုန့်ယွီ၏ မျက်နှာပေါ်တွင် သနားစဖွယ် သွင်ပြင်တစ်ခု ဖြစ်သွားသည်။ 

"မင်းခေါင်းထဲမှာ အရိုက်ခံရဖို့ပဲ ရှိနေတာလား..."
ဖူလီက ပြောစရာမဲ့နေလေသည်။

"အသတ်လဲ ခံရမှာလား..."

စုန့်ယွီ၏ အကြီးမားဆုံး အားနည်းချက်မှာ သရဲဘောကြောင်ခြင်း ဖြစ်သော်လည်း အကြီးမားဆုံး ခွန်အားသည်လည်း သရဲဘောကြောင်းခြင်း ဖြစ်နေပေသည်။ သတ္တိနည်းသော မိစ္ဆာတစ်ကောင်က ကျင့်ကြံခြင်း မမြင့်နိုင်သော်လည်း ပျမ်းမျှအားဖြင့် အသက်ပိုရှည်ရှည် နေနိုင်ပေသည်။ သူက မွေးလာသည့်အချိန်မှစ၍ လူသားများကို ခြောက်လန့်နိုင်သော မကောင်းဆိုးဝါးတစ်ကောင်ဖြစ်ကာ တစ်ကြိမ်မှပင် လူသားများနှင့်ရော ယောင်ကျင့်ကြံသူများနှင့်ရော အမှန်တကယ် ဆက်ဆံဖူးသည်ဟူ၍ မရှိပါပေ။ သူက စီမံခန့်ခွဲရေး ဗျူရိုထဲသို့ ဝင်လိုက်သည့် အချိန်မှသာလျှင် လူမှုဘဝတစ်ခုကို ကြုံတွေ့ရခြင်းဖြစ်သည်။ 

"အဲ့လို သတ္တိနည်းနည်းလေးနဲ့ကို မင်းကိုယ်မင်း မကောင်းဆိုးဝါးလို့ခေါ်ရဲသေးတယ်လား..."

ဖူလီက သက်ပြင်းချလိုက်သည်။

"သခင်ကြီး ကုန်းဖုက မင်းကို မင်းနေရာမင်း ပြန်ပို့ချင်တယ်ဆိုရင် ငါမင်းကိုကာကွယ်ပေးမယ်... အဲ့ဒါဆိုရင် အဆင်ပြေသွားပြီမလား..."

"ကျေးဇူးပါ ဘော့စ်..."

စုန့်ယွီက ချက်ချင်းပင် ပြုံးဖြီးသွားသည်။ ဤသည်များက သူစောင့်မျှော်နေသော စကားများ အတိအကျဖြစ်ပေသည်။ ဘော့စ်ဖူလီမှာ သခင်ကြီး ကုန်းဖုနှင့် ဆက်ဆံရေးကောင်းမွန်သည်မှာ သေချာပေသည်။ ထိုသို့ မဟုတ်ပါက ကုန်းဖုက အပြင်လူများကို သူက ဘော့စ်ဖူလီ၏ ဝမ်းကွဲဟုပြောမည် မဟုတ်ပါပေ။ သူ့၏ လူသားအမည်သည်ပင် ဖူခုန်းဖြစ်ပေသည်။ 

"အဲ့တော့ မင်းက စကားတွေအများကြီးပြောနေတာ ငါဒီလိုပြောလာအောင်ပေါ့..."

ဖူလီက ရုတ်တရက် နားလည်သွားလေသည်။ စီမံခန့်ခွဲရေး ဗျူရိုထဲမှ တခြားသူများနှင့် ရောနှောပြီးနောက် စုန့်ယွီသည်ပင် လှည့်ဖြားတတ်လာပေသည်။

"ဘော့စ်... ဒီနေ့ နားရက်မဟုတ်ဘူးလား..."

စုန့်ယွီက အပေါ်ထပ်ကို ကြည့်လိုက်သည်။
"သခင်ကြီး ကုန်းဖုနဲ့ သခင်ကြီး ခွန်းဖမ်တို့ကို အပေါ်ထပ်မှာ သူတို့ကိုယ်ပိုင် ပစ္စည်းတွေနဲ့ ထားခဲ့ရင် သူတို့နှစ်ယောက်က ရန်ဖြစ်ပြီး အိမ်ကို ဖျက်ဆီးပစ်နိုင်တယ်မလား..."

"အခု သူတို့နှစ်ယောက်က ရန်ဖြစ်ချင်တဲ့ စိတ်အနေအထား မဟုတ်ဘူး..."

သူတို့က အိမ်ထဲတွင်စုကာ မုန့်စားနေကြသည်။ ထိုအရွယ် ဖြစ်ကြသော်လည်း သူတို့က ဂျူနီယာ၏ မုန့်ကို လုနေကြဆဲဖြစ်သည်။ သူတို့က မည်သည့်အပိုင်းတွင်မှ စီနီယာနှင့် မတူပါပေ။ ဖူလီ၏ နှလုံးသားထဲရှိ ဖြောင့်မတ်ကာ မြင့်မားလှပြီး အရောင်မကျသော သခင်ကြီး ကုန်းဖုက မီးခိုးငွေ့သဖွယ် ပြောင်းသွားလေသည်။ အလှအပနှင့် ပတ်သက်သည့် ခြားနားချက်ဆိုသည်မှာ ဖူလီ၏ နှလုံးသားထဲရှိ ကုန်းဖု၏ အကောင်းဆုံး ပုံရိပ်ဖြစ်ပေသည်။

"မင်းကြောက်ရင် ကျန်းခယ့်နဲ့ တခြားသူတွေနဲ့ တက္ကသိုလ်က ဝိညာဉ်ဆင့်ခေါ်ခြင်း ကိစ္စကို သွားပြီ ဖြေရှင်းရအောင်... စီမံခန့်ရေး ဗျူရိုထဲမှာပဲ တစ်နေလုံး နေမနေနဲ့... မင်းက ဗိုက်ကြီးနေတာ မဟုတ်ဘူး မီးတွင်းထဲရောက်နေတာလဲ မဟုတ်ဘူး..."

ဖူလီသည် မကြာသေးမီက စုန့်ယွီသည် အမြဲလိုလို သာမန်အားဖြင့် စီမံခန့်ခွဲရေး ဗျုရိုထဲတွင် နေထိုင်ကာ ကိစ္စကြီး မဖြစ်လျှင် အပြင်ထွက်ခဲသည်ကို သဘောပေါက်ထားပေသည်။ သူက သူ့ကိုယ်သူ အစာစားခြင်းကို တိုက်ရိုက်လွှင့်တာနှင့်ပင် ပိုက်ဆံတော်တော်လေးရသည်ဟု ကြားပေသည်။ 

"အဲ့ အသေးအဖွဲ့ကိစ္စလေးတွေက ကျွန်တော့်ကို မလိုပါဘူး... အဲ့ကို ဘာလို့ သွားရမှာလဲ..."

စုန့်ယွီက ခေါင်းကို အကြိမ်ကြိမ်ခါလိုက်သည်။ 

"ကျွန်တော် သွားတော့မယ်..."

ဖူလီက သူ့ကို စက္ကန့်အတန်ကြာအောင် စိုက်ကြည့်လိုက်သည်။ စုန့်ယွီက သူ့အဝတ်များကို ပွတ်လိုက်ပြီး  သူ့အကြည့်ကို ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။ 

"တကယ်တော့ မင်းက လူသားတွေကို အိပ်မက်ဆိုးတွေ အကြောက်တရားတွေ ယူလာပေးတာကို စိုးရိမ်စရာမလိုပါဘူး... မင်း စီမံခန့်ခွဲရေးဗျုရိုကို ဝင်လာပြီးနောက် တစ်ယောက်ယောက်ကို ကြောက်အောင်လုပ်မိသေးလား..."

စုန့်ယွီက ၄င်းကို အလေးအနက်တွေးတောကာ ခေါင်းခါပြလိုက်သည်။ 

"မင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေကို ကြည့်တဲ့ အင်တာနက်အသုံးပြုသူတွေကို ကြောက်အောင်လုပ်ထားသေးလား..."

စုန့်ယွီက အင်တာနက်အသုံးပြုသူများ ချန်ထားသော မှတ်ချက်များကို ပြန်တွေးလိုက်သည်။ မှတ်ချက်အများစုမှာ တိုက်ရိုက်လွှင့်သူက မည်သို့ ပျော်ပျော်ရွှင်ရွှင် စားသောက်နေသည်နှင့် တိုက်ရိုက်ထုတ်လွှင့်သူ စားသောက်တာကို ကြည့်ရုံနှင့်ပင် မည်သို စိတ်ကျေနပ်ရသည်ဟုသာ ဖြစ်သည်။ မနေ့ကမှ အစားအသောက်ပျက်နေသော လူတစ်ဦးက သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုများကို မြင်ကာ အစားသောက်ကို စိတ်ဝင်စားသွားပြီး ဆေးမလိုပဲ အခြေအနေ ပြန်ကောင်းလာသည်ဖြစ်ရာ မုန့်ဖိုးများစွာ ရရှိထားပေသည်။ 

သူက လူသားများကို အကြောက်တရားများ မယူဆောင်လာသည်သာမကပဲ သူ့၏ စားသောက်နိုင်စွမ်းဖြင့် ပျော်ရွှင်မှုများပင် ယူဆောင်ပေးနိုင်လေသည်။ 

ယနေ့ခေတ်လူများက နားလည်ရန် ခက်ခဲလှပေသည်။ သူတို့က တစ်ခြားသူတစ်ဦး စားသောက်သည်ကို ပျော်ရွှင်စွာကြည့်နိုင် ပေသည်။ 

သူတို့က ပျင်းနေတာလား ဒါမှမဟုတ်ရင် ကမ္ဘာကြီးရဲ့ နည်းနည်းလေးကိုပဲ မြင်ရသေးတာလားဆိုတာကို ဘယ်သူကသိမှာလဲ...

"မင်းက တခြားသူတွေကို အကြောက်တရားတွေ ယူမလာပေးချင်ဘူးဆိုရင် မင်းခန္ဓာကိုယ်က အတွင်းအကျဆုံး ဆန္ဒတွေကို သည်းခံနိုင်လိမ့်မယ်..."

ဖူလီက စုန့်ယွီကို ပြုံးပြလိုက်သည်။
"မင်းက အဲ့ဒါကို နားမလည်သေးဘူးလား..."

စုန့်ယွီက ဖူလီကို ငေးကြည့်နေသည်မှာ တစ်စုံတစ်ခုကို နားလည်သော်လည်း နားမလည်သေးသကဲ့သို့ ထင်ရပေသည်။ 

အတိတ်က သူသည် မိစ္ဆာလေးများနှင့် လူသားများကို ခြိမ်းခြောက်ရန်အတွက် မွေးရာပါ အရည်အချင်းကို မီခိုခဲ့သည်။ ၄င်းမှတစ်ဆင့် သူက လာဘပစ္စည်းများ ရရှိပေသည်။ သို့ဖြစ်၍ ထိုမိစ္ဆာများနှင့် လူသားများကို စိတ်ရောဂါနှင့် ဆိုင်သော အကြောက်တရားဖြစ်စေသည်ကို မတွေးခဲ့မိပါပေ။ ယခုတွင် သူက စီမံခန့်ခွဲ့ရေး ဗျုရိုသို့ ဝင်ရောက်လာပြီး ကျင့်ကြံခြင်းနိမ့်သည့် ဂျူနီယာများကို အထင်သေးနိုင်သော်လည်း လူတိုင်းက အတင်းတုပ်ကာ ဆော့ကစားနေသောအခါ ပျော်ပျော်ရွှင်ရွှင်ဝင်ရောက် ပူးပေါင်းနိုင်ပေသည်။

ဤသည်က 'ပါးစပ်က ဝန်မခံသော်လည်း ခန္ဓာကိုယ်က ရိုးသားနေပြီ'ဟူသော ကိစ္စတစ်ခုဖြစ်ပေသည်။ 

"အဲ့ဒါကို အချိန်ယူပြီး စဉ်းစားလိုက်ဦး... ငါက မင်းရဲ့ အကြီးအကဲကို သွားရှာလိုက်ဦးမယ်..."

သူ့ရဲ့ အကြီးအကဲက ကျွမ်းချင် မဟုတ်ဘူးလား...

ဖူလီက အောက်ထပ်သို့ ဆင်းကာ ခေါင်းသုံးလုံး ညီအစ်ကိုများကို သူ့အတွက် အေးအေးဆေးဆေး သစ်သီးနှစ်လုံးခူးပေးခိုင်းပြီး ကျွမ်းချင်ရုံးခန်းသို့လျှောက်လာလိုက်သည်။ 

သူရောက်သောအခါ ကျွမ်းချင်က မော့ကြည့်လာသည်။ 

"ကိစ္စရှိလို့လား..."

"ငါပျင်းလို့ မင်းနဲ့ စကားလာပြောတာ..."

ဖူလီက သူ့ကို ကျူးယွီသစ်သီးတစ်လုံးပစ်ပေးလိုက်ပြီး ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ 

"ငါတွေးလို့မရတာတစ်ခု ရှိလို့... အဲ့အကြောင်းကို ဘယ်သူကို ပြောရမလဲ မသိလို့..."

ကျွမ်းချင်က ဖူလီပစ်ပေးသော ကျူးယွီသစ်သီးကို ဖမ်းလိုက်သည်။ သူ့က တခြား လက်တစ်ဖက်က 'ကိစ္စတစ်ခုပေါ်လာလို့ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး  အွန်လိုင်း အလုပ်အကြောင်းဆွေးနွေးတဲ့ အစည်းအဝေးမှာပဲ ထပ်ပြီး ဆွေးနွေးကြတာပေါ့…'ဟူသည်ကို ရိုက်ကာ  စာပို့သည့် appမှထွက်ပြီးနောက် ခေါင်းမော့လိုက်သည်။

"ဘာဖြစ်လို့လဲ..."

"သခင်ကြီးကုန်းဖု အကြောင်းပါ..."

ဖူလီက ကျွမ်းချင်၏ အမူအရာကို လှမ်းကြည့်လိုက်သည်။ 

"ငါက ဒီကိစ္စကို နည်းနည်း ထူးဆန်းနေတယ်လို့ထင်လို့..."

"အမ်..."

ကျွမ်းချင်က ကျူးယွီသစ်သီးကို ချလိုက်ပြီး သူ့၏ လက်များကို စားပွဲပေါ်တင်ထားလိုက်သည်။ သူက ဖူလီကို ကျေနပ်စွာ ကြည့်လိုက်သည်။

"ဆက်ပြောလေ...."