Chapter 156
အိမ်….
ချီရှင်းချန် သူ့ဘဝပထမပိုင်း၏အနှစ်နှစ်ဆယ်လုံးလုံးတွင် အိမ်ဟူသောအရာကို မည်သည့်အချိန်ကမှမကြားဖူးခဲ့ပေ။ စာအုပ်ထဲသို့ကူးပြောင်းပြီးနောက် မူလကိုယ်၏ကျေးဇူးဖြင့် သူနှင့်မသက်ဆိုင်သောပထမဆုံးအိမ်ကို ရရှိခဲ့သည်။
ယခုအချိန်တွင်လည်း ပိုင်ရဲ့မှ သူ့ကိုနောက်ထပ်အိမ်တစ်လုံးထပ်ပေးလာခဲ့သည်။
သူနှင့်အပြည့်အဝသက်ဆိုင်သော အိမ်တစ်ခု…
ချီရှင်းချန် သူ၏လည်ချောင်းများနာကျင်ကာ ခါးလာသည်အထိ စကားလုံးများကို မြိုချထားမိသည်။ ပိုင်ရဲ့မှ သူ၏မျက်လုံးများနီရဲကာ အနည်းငယ်မျက်မှောင်ကြုတ်ထားသည်ကို မြင်လိုက်ရသည့်အတွက် ရင်ခွင်ထဲသို့ ဆွဲသွင်းပေးလာကာ လမ်းလျှောက်ကြည့်ရင်းဖြင့် ရှင်းပြပေးနေခဲ့သည်။
" ဧည့်ခန်းက မြေညီထပ်မှာလေ…ဧည့်ခန်းရဲ့ဘယ်ဘက်မှာကတော့ မီးဖိုချောင်နဲ့ထမင်းစားခန်းရှိတယ်…ညာဘက်ကတော့ အိမ်ထိန်းရဲ့အခန်းပဲ…ဟိုနားကမှန်တံခါးကိုမြင်လား… အဲဒီကနေ အပြင်ကိုထွက်ကြည့်လို့ရတယ်…အပြင်ရောက်ရင် ဥယျာဉ်ငယ်လေးပါတဲ့ ခြံဝန်းလေးရှိတယ်…ခြံဝန်းအပြင်ကို ထွက်ကြည့်ရင်တော့ ပင်လယ်ကိုမြင်ရပြီပေါ့…"
" အိပ်ခန်းနဲ့စာကြည့်ခန်းတွေကတော့ ဒုတိယထပ်မှာ...လူတွေအများကြီးလည်း ရှိမှာမဟုတ်ဘူးဆိုတော့ ကိုယ် ဧည့်သည်အိပ်ခန်းနှစ်ခန်းကို သီချင်းလေ့ကျင့်ဖို့အခန်းနဲ့ အကစတူဒီယိုအဖြစ်ပြောင်းလိုက်တယ်… နောက်ကြရင် အဲဒီမှာ မင်းတီးလို့ဆိုလို့ကလို့ရပြီ…"
" မင်းက ရေချိုးကန်ကြီးကြီးကြိုက်လား သေးသေးကြိုက်လားဆိုတာမသိတော့ လောလောဆယ် ရေစိမ်ကန်အကြီးတစ်ခုတော့ထည့်ထားလိုက်တယ်… နောက်မှ မကြိုက်ရင်ထပ်ပြောင်းတာပေါ့… ရေချိုးခန်းသုံးပစ္စည်းတွေကတော့ ကိုယ်မယူလာမိဘူး ဒီညတော့ ကိုယ့်ဟာတွေပဲသုံးလိုက်တော့…မနက်ဖြန်ကြမှ စူပါမားကတ်တစ်ခုရှာပြီး လူနည်းနည်းခေါ်ပြီးတော့ အတူသွားဝယ်ကြမယ်…"
" အဝတ်လဲခန်းကတော့ ကိုယ့်မှာပစ္စည်းတွေအများကြီးရှိတာဆိုတော့ ကိုယ်က၆၀%ယူမယ် မင်းက ၄၀% ယူနော်…. ဒီစည်းကမ်းကတော့ ကန့်ကွက်လို့မရဘူးနော်…နာနာခံခံနဲ့လက်ခံမယ်ဆိုရင် ကိုယ့်ပစ္စည်းမှန်သမျှ ကြိုက်တာယူဝတ်လို့ရတယ်…"
" ပြီးတော့ ရေချိုးတာက အစဉ်လိုက်ရှိတယ်ဆိုတော့ မင်းပြီးတာနဲ့ အိပ်ရာနွေးအောင်လုပ်ပေးထားရမှာနော်… ဆုကြေးကတော့ ကိုယ်ကိုယ်တိုင်လုပ်တဲ့မနက်စာပဲ…အရင်တစ်ခေါက်စားကြည့်တုန်းက အတော်လေးကောင်းခဲ့တာနော်…"
ချီရှင်းချန်၏နာကျင်နေသောနှလုံးသားမှာ ပိုင်ရဲ့၏တတွတ်တွတ်ပြောသံကို နားထောင်ရင်းဖြင့် တဖြည်းဖြည်းသက်သာလာခဲ့ရပြီး အဆုံး၌ သူခစ်ခနဲရယ်လိုက်မိသည်။
" ဘာတွေရီနေတာလဲ.." ပိုင်ရဲ့မှ သူ၏မျက်နှာလေးကို အသာဆိတ်၍ ပြောလာသည် " ဘာလဲ ကိုယ့်အိပ်ရာနွေးအောင်မလုပ်ပေးချင်ဘူးပေါ့…"
မြို့တော် G၏အပူချိန်မှာ အိပ်ရာနွေးရန်အထိ မလိုအပ်ပေ။ ချီရှင်းချန် ပိုင်ရဲ့မှာဆုချလာစေရန်အတွက် လှည့်ပတ်၍ပြောဆိုနေကြောင်းကို သိနေသောကြောင့် ခေါင်းကိုယမ်းပြလိုက်သည်။
" ဒါဆို ဘာကိုစိတ်တိုင်းမကျတာလဲ…" ပိုင်ရဲ့မှ မေးလာသည်။
" အိမ်မှာပြင်ထားတာရှိလား…" ချီရှင်းချန်မှ ပြောလိုက်သည် " လုပ်ကြရအောင်…"
ပိုင်ရဲ့မှာ နားလည်ပုံမရချေ။ စက္ကန့်အနည်းငယ်ကြာအောင် ကြောင်အနေသည့်အတွက် ချီရှင်းချန် ပိုင်ရဲ့ကိုဖက်ကာ ရင်ဘတ်ပေါ်သို့ ခေါင်းမှီ၍ ပြောလိုက်သည်
" ရဲ့ကောကော ပွဲဦးထွက်ရှစ်နှစ်ပြည့်အတွက်ရယ် အိမ်တစ်လုံးရလာတာအတွက်ရယ် ဂုဏ်ပြုဖို့လုပ်ရအောင်လို့…"
သူ့ဖန်ကလေး၏အသံမှာ အလွန်ဖြူစင်နေပေရာ ပိုင်ရဲ့၏မျက်လုံးများမှောင်မိုက်သွားရသည်။ ထို့နောက် သူမနေနိုင်ဘဲ ငုံ့ကိုင်းကာ ချီရှင်းချန်၏နှုတ်ခမ်းများကို ကိုက်ခဲလိုက်လေသည်။
အချိန်မရွေးအန္တရာယ်များနိုင်သောဟိုတယ်နှင့်မတူဘဲ သူတို့၏ကိုယ်ပိုင်အိမ်တွင်ရှိနေရခြင်းကြောင့် ချီရှင်းချန်နှင့်ပိုင်ရဲ့တို့၏အနမ်းများမှာ ပို၍နက်ရှိုင်းကာပြင်းပြလာကြသည်။
နမ်းနေရင်းဖြင့် ပိုင်ရဲ့ ချီရှင်းချန်ကိုဆိုဖာပေါ်သို့ချကာ အုပ်မိုးလိုက်သည်။ သူ၏ခြေသလုံးမှာ ဆိုဖာအစွန်းတွင်ထွက်နေသဖြင့် ပိုင်ရဲ့မှာ အပေါ်သို့အနည်းငယ်ငြင်သာစွာ တွန်းတင်လိုက်သည်။
ချီရှင်းချန် ဆိုဖာခေါင်းရင်းသို့ လှဲချခံလိုက်ရသည်။
မည်သို့ပင်ဆိုစေကာမူ ချီရှင်းချန် လုံလောက်သည်ဟု မခံစားရသောကြောင့် သူ၏တစွန်းတစထွက်ပေါ်နေသောအပေါ်ပိုင်းနှင့် မသိစိတ်မှ တစ်ဖက်လူ၏နှုတ်ခမ်းကိုလိုက်ရှာနေမိသည်။ သူ၏နီရဲသောလျှာဖျားလေးမှာမူ အပြင်သို့ထွက်နေကာ သူ၏မျက်လုံးများတွင် ရမက်များဖြင့် ပြည့်နှက်နေသည်။
ပိုင်ရဲ့မှာ ချီရှင်းချန်၏တောင်းဆိုမှုများကို မည်သည့်အချိန်ကမှ ငြင်းပယ်ဖူးသူမဟုတ်ပေ။ ကြမ်းပေါ်တွင် ဒူးတစ်ဖက်ထောက်ရင်းဖြင့် သူ၏လျှာလေးကို ဆက်လက်ရစ်တွယ်လိုက်သည်။ ချီရှင်းချန်၏ဖောင်းကားနူးညံ့နေသောနှုတ်ခမ်းများမှာ သူ့အတွက်ကမ္ဘာပေါ်တွင် အရသာရှိဆုံးသကြားလုံးတစ်ခုဖြစ်နေပြီး တစ်ချက်ကိုက်လိုက်သည်နှင့်ပင် ချိုမြိုန်သောအရည်များလျှံထွက်လာသည်။ ပိုင်ရဲ့ ချီရှင်းချန်၏ပါးစပ်တွင်းသို့ ဆက်လက်၍သိမ်းကျုံးတိုးဝင်ကာ ဂရုတစိုက်အရသာခံနေခဲ့သည်။ ထို့နောက် အချိုရည်များဆက်ထွက်လာသည်အထိ ဆက်လက်ကိုက်ခဲနေလိုက်လေသည်။
ချီရှင်းချန်၏ဝိညာဉ်မှာမူ ထိုအနမ်းတစ်ခုဖြင့် စုပ်ယူခံလိုက်ရပုံပေါ်နေခဲ့သည်။ သူ၏ခန္ဓာကိုယ်တစ်လုံးမှာ ဗလာဖြစ်နေကာ ယားယံနေပြီး မသိစိတ်မှ ပိုင်ရဲ့ကိုမှီ၍ ပြောလိုက်မိသည် " ကျွန်တော့်ကိုပြန်ပေးဦး…."
" ဘာပြန်ပေးရမှာလဲ…" ပိုင်ရဲ့မှမေးလာသည်။
ချီရှင်းချန်မှာ အနည်းငယ်အသိဝင်လာပုံပင် " ဘာမှမဟုတ်တော့ဘူး…"
" မင်းရဲ့ဘယ်အရာကိုပြန်လိုချင်တာလဲလို့…" ပိုင်ရဲ့မှာ အလျော့ပေးမည့်ပုံမပေါ်ပေ " ဒါမှမဟုတ် ကိုယ့်ရဲ့ဘယ်အရာကိုလိုချင်တာလဲ…"
ချီရှင်းချန် သူ၏မျက်လုံးများကို ရှောင်တိမ်းနေကာ ပြန်မဖြေလာခဲ့ပေ။ ထို့ကြောင့် ပိုင်ရဲ့ ချီရှင်းချန်၏စိုစွတ်နေသောနှုတ်ခမ်းထောင့်ကို တစ်ချက်ယက်လိုက်ကာ သူ၏လက်ချောင်းများကို အောက်သို့ဆင်းသွားလိုက်သည်။
ပြင်းထန်သောလုပ်ငန်းစဉ်အပြီးတွင် ပိုင်ရဲ့ ချီရှင်းချန်၏နောက်ကျောတွင်လှဲကာ သူ့ခန္ဓာကိုယ်၏အစိတ်အပိုင်းတိုင်းကို နမ်းရှုံ့နေရင်းဖြင့် မေးလာသည် " အခုကော ကိုယ့်စီကဘာလိုချင်သေးလဲ.."
ချီရှင်းချန်ထိန်းချုပ်နိုင်စွမ်းမရှိတော့ချေ။ သူအလွန်အရှက်သည်းနေသည့်အတွက် သူ၏အသံမှာ ကြောင်ပေါင်ကလေးတစ်ကောင်၏မြောင်မြောင်အော်သံထက်ပင် ပို၍တိုးရှနေသည် " ကျွန်တော့်ဝိညာဉ်ပြန်ပေးလို့… ကောကောယူသွားတာလေ…"
" ဒါဆိုပြန်ယူလေ…ကိုယ့်ရဲ့ဝိညာဉ်ပါပြန်ယူသွားချည်…" ပိုင်ရဲ့မှပြောလာသည် " မင်းလိုချင်တာ ဘာဖြစ်ဖြစ်ယူသာသွားချည်… အကုန်မင်းလေးရဲ့အပိုင်တွေကြီးပဲ…"
ဘာဖြစ်ဖြစ်ယူသွား… အကုန်မင်းရဲ့အပိုင်ကြီးပဲ…
ချီရှင်းချန်၏ခန္ဓာကိုယ်မှာ တုန်ယင်သွားရသည်။ ခဏမျှတုန့်ဆိုင်းနေပြီးနောက် သူ၏ခေါင်းကိုမော့ကာ ပိုင်ရဲ့ကိုလှမ်းနမ်းလိုက်သည်။
နမ်းနေရင်းဖြင့် ချီရှင်းချန် တီးတိုးပြောလိုက်သည် " ရပါတယ် ကျွန်တော်က ကောကောရဲ့အပိုင်ပဲဟာ…"
ထိုနေ့ညတွင် ပိုင်ရဲ့ ရမက်ကန်ကြီးထဲသို့ လုံးလုံးသက်ဆင်းသွားရပြီး တစ်ဖက်လူ၏ခန္ဓာကိုယ်ရှိအရည်များကို စုပ်ယူရန်လိုအပ်နေသည့် အပူကြွနေသောသားရဲတစ်ကောင်ကဲ့သို့ ဆက်တိုက်လိုလိုတောင်းဆိုနေခဲ့သည်။
ဧည့်ခန်းမှသည် ရေချိုးခန်းရောက်သည်အထိ အကြိမ်မရေတွက်အောင် လုပ်ဆောင်ခဲ့ကြပြီးနောက် အိပ်ခန်းစီသို့ရွှေ့ပြောင်းလာကြသည်။ ချီရှင်းချန် မည်သို့မှဆက်မသွားနိုင်သည့်အချိန်မှသာ ပိုင်ရဲ့အဆုံးတွင် သူ့ကိုလွှတ်ပေးခဲ့သည်။ ဤသို့ဖြင့် သူ့ကိုဖက်ကာ အနမ်းများဆက်ပေးနေရင်းဖြင့် အိပ်မောကျသွားခဲ့ကြသည်။
ရလဒ်အနေဖြင့် နောက်တစ်နေ့နေ့လည်ခင်းအချိန်မှသာ သူတို့နှစ်ဦး၏မျက်လုံးများပွင့်လာကြသည်။ သူ၏လက်မောင်းမှ စတော်ဘယ်ရီခင်းငယ်လေးများကိုကြည့်ကာ ချီရှင်းချန် အသံတိုးတိုးဖြင့် မကျေမနပ်ပြောလိုက်မိသည် " ကံကောင်းလို့ ဒီရက်ပိုင်းအလုပ်မရှိလို့ပေါ့…မဟုတ်ရင်တော့ ကျွန်တော်တို့ရေပန်းစားမှုစာရင်းထဲ ထပ်ပါလာရဦးမယ်…"
" ကြည့်ရအောင်…"
ပိုင်ရဲ့ ချီရှင်းချန်ကိုဆွဲလှန်ကာ သူကိုက်ခဲ့သောညှပ်ရိုးနှင့်လည်ပင်းတဝိုက်ကို ဂရုစိုက်စစ်ဆေးကြည့်ရင်းဖြင့် ပြောလာသည် " ဟုတ်တယ်… မင်းတကယ်ကြီးကိုအပြင်ထွက်လို့မဖြစ်တာပဲ…"
ချီရှင်းချန် : " သိရင်လည်း ဘာလို့လိုက်ကိုက်နေလဲလို့…"
" နောက်တစ်ခေါက်ကြရင် ပိုပြီးငြင်သာပါ့မယ်ကွာ…" ပိုင်ရဲ့ ချီရှင်းချန်ကို သူ၏ရင်ခွင်ထဲသို့ဆွဲသွင်းကာ ချီရှင်းချန်၏ပွယောင်းယောင်းခေါင်းလေးကို သူ၏မေးစေ့ဖြင့် ပွတ်လိုက်သည် " ဒီတစ်ခေါက်တော့ အရမ်းနောက်ကျသွားပြီဆိုတော့ ကိုယ်နဲ့ပဲရက်နည်းနည်းလောက်နေလိုက်တော့…"
ချီရှင်းချန် ရွေးချယ်စရာမရှိတော့သဖြင့် ပိုင်ရဲ့နှင့်ဆက်လက်နေထိုင်လာရသည်။ ယမန်နေ့ညတွင် သူတို့ထွက်လာချိန်က တမင်တကာဖုံးကွယ်ခဲ့ခြင်းမရှိလေရာ အပြင်ဘက်တွင် ပါပါရာဇီများ၏ တိတ်တဆိတ်ဓာတ်ပုံရိုက်ယူရန် စောင့်ဆိုင်းနေခြင်းမျိုး ရှိနိုင်ပေမည်။
သူတို့၏ဆက်ဆံရေးကို တရားဝင်ဖော်ပြပြီးဖြစ်သောကြောင့် သူတို့နှစ်ဦးအတူနေထိုင်ခြင်းမှာ ပုံမှန်ဖြစ်သော်လည်း ချီရှင်းချန် သူတို့၏ဘဝအကြောင်းကို လူများဆွေးနွေးနေခြင်းအပေါ် သဘောမကျပေ။
သူသည် ရက်ရောသော်လည်း တွန့်တိုတတ်သူဖြစ်သည်။ ပိုင်ရဲ့ကို လူပေါင်းသန်းကိုးဆယ်မှကြိုက်နှစ်သက်ကြခြင်းအပေါ် လုံလောက်အောင်ရက်ရောသော်လည်း သူတို့၏ကိုယ်ပိုင်ဘဝကိုမူ လူတိုင်းနှင့်မမျှဝေနိုင်လောက်အောင် တွန့်တိုမိသည်။
" အင်းပါ မသွားနဲ့တော့နော်…" ပိုင်ရဲ့မှ မေးလာသည် " ဟုတ်ပြီလား…"
" ဟုတ်ကဲ့ မသွားတော့ပါဘူး… ဒါပေမယ့် ကောကောကရော အလုပ်တွေဘာတွေများမရှိဘူးလား…"
ပိုင်ရဲ့၏ပျင်းတိပျင်းရွဲ့အသံမှ သူ၏အပေါ်မှထွက်ပေါ်လာသည် " ဟင့်အင်း ဒီတစ်ပတ်အတွက် အထူးတလည်အလုပ်တွေရှင်းထားတယ်လေ…"
ဤတစ်ပတ်အတွက် အထူးတလည်ရှင်းလင်းထားသည်လား…ချီရှင်းချန် တစ်စုံတစ်ရာမှာ မှားယွင်းနေသည်ဟုခံစားလိုက်သည်။ ကြည့်ရသည်မှာ သူလှည့်ဖြားခံလိုက်ရပုံပင်။
မည်သည့်အရာမှားယွင်းနေကြောင်းကို စဉ်းစားနေစဉ်မှာပင် တစ်ဖက်လူ၏လက်မှ သူ၏ခန္ဓာကိုယ်ကိုစတင်ဆုပ်နယ်လာသည်ကို ချီရှင်းချန်မြင်လိုက်ရကာ ဗိုက်အောက်ပိုင်းရှိတစ်စုံတစ်ခုမှာလည်း ပြန်လည်အသက်ဝင်လာခဲ့သည်။
"...." ချီရှင်းချန် ကပျာကယာလူးလွန့်ကာပြောလိုက်ရသည် " ရဲ့ကောကော ကျွန်တော့်ကိုပေးနားပါဦး… ခါးတွေရော တင်ပါးတွေရော နာနေပြီလို့…"
" အင်းပါ…" ပိုင်ရဲ့မှ စိတ်ပျက်လက်ပျက်ဖြင့် ပြောလာသည် " ကိုယ့်ကိုလောင်ကုန်းလို့ခေါ်တာလေး ထပ်ကြားပါရစေဦး…"
ချီရှင်းချန် သူယမန်နေ့ညမှလှည့်ဖြားခံရပုံကို ပြန်လည်တွေးမိသွားသည်။ ဤတစ်ကြိမ်တွင်မူ တူညီသောထောင်ချောက်တွင်းသို့ ထပ်မံကျရောက်ခံတော့မည်မဟုတ်ချေ။ ထို့ကြောင့် သူအခိုင်အမာငြင်းဆိုလိုက်သည် " မနေ့ညတုန်းကလည်း လောင်ကုန်းလို့ခေါ်ပေမယ့် ကောကောကမလွှတ်ပေးဘူးလေ…"
ပိုင်ရဲ့မှ အရှေ့သို့ငုံ့ကိုင်းလာသည် " ကိုယ့်ကိုလောင်ကုန်းလို့ခေါ်မှာလား မခေါ်ဘူးလား…"
ချီရှင်းချန် သူ၏သဘောထားကိုချက်ချင်းပြောင်းလိုက်ရသည် " လောင်ကုန်း…"
" အင်း ကိုယ်ဒီမှာရှိတယ်…" တကယ်တမ်းမှာတော့ ပိုင်ရဲ့အနည်းငယ်ရှက်သွားမိသည့်အတွက် အသံနိမ့်နိမ့်ဖြင့်ပြောလိုက်မိသည် " စောင့်ဦး ကိုယ်မင်းအတွက်ဆေးနည်းနည်းလောက်သွားယူလိုက်ဦးမယ်…"
ဤသို့ဖြင့် ပိုင်ရဲ့ကုတင်ပေါ်မှထကာ ဆေးသေတ္တာထဲမှ လိမ်းဆေးဆီကိုသွားယူလာသည်။
ချီရှင်းချန် ယမန်နေ့ညတွင် ဧည့်ခန်း၏အံဆွဲထဲမှထုတ်လာခဲ့သောပစ္စည်းများအကြောင်းကို ပြန်လည်တွေးမိသွားကာ ရုတ်တရက်ဆိုသလို နားလည်သွားရသည်။
သောက်ကျိုးနည်း… ဒါဆိုရင် ဒီဝက်ကြီးက သူ့ကိုလှည့်စားပြီး ခေါ်ချလာဖို့ ကြိုတင်ပြင်ဆင်ထားတာပေါ့…
သူ ပီကာချူးအဖြစ်ဟန်ဆောင်ကာ ကပြပေးခဲ့ပြီး ဤသို့လုပ်ကြရန်ပင် ဦးဆောင်ခဲ့မိသည်။ ယခုအချိန်မှာတော့ အရာအားလုံးမှာ ပူဖောင်းပေါက်သွားသကဲ့သို့ပင် ရှင်းလင်းသွားရလေပြီ…
သူ စိတ်တိုသွားရသော်လည်း ချီရှင်းချန်အနေဖြင့် ပင်လယ်ဓားပြသင်္ဘောပေါ်သို့ တက်မိပြီးပြီဖြစ်ကာ သင်္ဘောမှာလည်း ကမ်းမှအလျင်အမြန်ထွက်ခွာသွားပြီးပြီဖြစ်သည်။ ထို့ကြောင့် ချီရှင်းချန် နာနာခံခံဖြင့် သင်္ဘောပေါ်တွင် ဆက်လက်နေထိုင်ရန်ကိုသာ ရွေးချယ်လိုက်ရသည်။
ဆေးလိမ်းပြီးချိန်တွင် နီရဲဖောင်းတင်းနေသောအမှတ်များလျော့ပါးလာသည်အထိစောင့်ဆိုင်းကာ ပိုင်ရဲ့ သူ့ကိုပြင်ဆင်ပေးပြီးနောက် ရေသွားချိုးလိုက်ကြသည်။ သူတို့နှစ်ဦးမှာ လည်ပင်းအပိတ်အင်္ကျီလက်ရှည်များကို ဝင်ဆင်လိုက်ကြပြီး လူအနည်းငယ်ခေါ်၍ နေ့စဉ်သုံးပစ္စည်းများ၊ ဆန်၊ ခေါက်ဆွဲနှင့်ဟင်းသီးဟင်းရွက်များကိုဝယ်ယူရန်အတွက် စူပါမားကတ်ရှာရန်ပြင်ဆင်လိုက်ကြသည်။
ယခင်အချိန်များတွင် သူတို့ကိုနာနီဗန်ကားမှ အမြဲလိုအပို့အကြိုလုပ်ပေးခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ ပထမဆုံးအကြိမ်အဖြစ် ပိုင်ရဲ့၏ကိုယ်ပိုင်ကားဖြင့် သူ့ကိုခေါ်သွားခြင်းဖြစ်ရာ ချီရှင်းချန် မယုံကြည်နိုင်ဘဲ ပြောလိုက်မိသည် " ကောကောက ပြိုင်ကားမောင်းတာပဲ…"
ပိုင်ရဲ့ ကိုယ်ကိုကိုင်းကာ ချီရှင်းချန်အတွက် ခါးပတ်ပတ်ပေးရင်းဖြင့် ပြောလာသည် " ကိုယ်ကပြိုင်ကားမောင်းလို့မရဘူးလား…"
" ဒါကြီးက အရမ်းအထက်တန်းစားဆန်လွန်းတယ်လေ…" ချီရှင်းချန် ပိုင်ရဲ့နောက်သို့လိုက်လာသည့် အွန်လိုင်းမှကီးဘုတ်ဖိုက်တာများကို တွေးမိသွားသောကြောင့် ပြောလိုက်မိသည် " ကောကောဝေဖန်ခံရမှာမကြောက်ဘူးလား…"
" ကိုယ်ရှာတဲ့ပိုက်ဆံကိုသုံးပြီး ကိုယ်ဝယ်ချင်တာဝယ်တာပဲကို သူတို့နဲ့ဘာလုပ်စရာရှိလို့လဲ… ပြီးတော့ ကိုယ်က သူတို့ပေါက်ကရပြောနေတာတွေမှလုပ်မနေတာ ဘာလို့ဂရုစိုက်ရမှာလဲ…"
ထိုစကားကိုကြားလိုက်ရချိန်၌ သူ၏အိုင်ဒေါမှာ မည်ကဲ့သို့အနုပညာနယ်ပယ်တွင် ရှစ်နှစ်တိုင်တိုင်ရပ်တည်နေပြီး ကျော်ကြားမှုစာရင်းတွင် မည်သူကမှမကျော်ဖြတ်နိုင်သောတိုင်ကြီးဖြစ်လာခဲ့ကြောင်းကို ရုတ်တရက်နားလည်သွားခဲ့သည်။
ကျော်ကြားမှုဆိုသည်မှာ အသွားနှစ်ဖက်ပါသောဓားတစ်ကြောင်းဖြစ်သည်။ ၎င်းမှာယူဆောင်လာပေးသောအောင်မြင်မှုများနှင့်ပျော်မွေ့နေစဉ်အတွင်း ၎င်းမှချန်ရစ်ထားခဲ့သောခြေချင်းများကိုလည်း တောင့်ခံထားနိုင်ရန်လိုအပ်သည်။
သို့သော်လည်း ပိုင်ရဲ့မှာမူ နောက်ကြောင်းရှင်းရှင်းနှင့် လွတ်လပ်သောဘဝမျိုးတွင် နေထိုင်နိုင်ခဲ့သည်။ အပေါ်ယံအောင်မြင်မှုများအပေါ် စိတ်နှစ်မထားခဲ့သည့်တိုင် သူ၏ကျော်ကြားမှုများမှာမူ တိုးလာနေမြဲဖြစ်သည်။
ချီရှင်းချန် ပိုင်ရဲ့ကို ပို၍ပင်လေးစားလာသည်။
ပိုင်ရဲ့ စက်နှိုးလိုက်ပြီးနောက် ကားမှာခြံဝန်းရှေ့သို့မောင်းထွက်သွားခဲ့သည်။ သူတို့ထင်ထားသည့်အတိုင်းပင် ဂိတ်ရှေ့၌ မီနီဗန်ကားသေးနှစ်စီးပါကင်ထိုးထားပြီး သိသိသာသာပင် ထိုကားများအတွင်း ပါပါရာဇီများစွာရှိနေသည်။
ပိုင်ရဲ့၏ကားမောင်းထွက်လာသည်နှင့် မီနီဗန်ကားများပွင့်လာကာ အတိုအရှည်မတူညီသည့်ကင်မရာမှန်ပြောင်းများစွာ ထွက်လာပြီး အားလုံးမှာသူတို့ထံသို့ချိန်ထားကြသည်။
ချီရှင်းချန် မသိစိတ်မှခေါင်းကိုငုံ့လိုက်မိသောကြောင့် ပိုင်ရဲ့ပြောလာခဲ့သည် " မကွယ်ထားနဲ့…."
ထို့နောက် လီဗာကိုနင်းလိုက်သည်နှင့် ဝေါခနဲအသံနှင့်အတူ ကားမှာမီတာအနည်းငယ်မျှမောင်းထွက်သွားကာ အချင်းချင်းကြည့်နေကြသောပါပါရာဇီများကို နောက်တွင်ချန်ထားရစ်ခဲ့သည်။
ဘုရားရေ သူ့အိုင်ဒေါကကားမောင်းအရမ်းတော်တာပဲလား…
လူနေနည်းပါးသောမြို့တစ်ခုအနေဖြင့် မြို့တော်G၏စီးပွားရေးမှာ မြို့တော်Hလောက်ဖွံ့ဖြိုးခြင်းမရှိသောကြောင့် ဈေးဆိုင်ကြီးများစွာမရှိချေ။ ပိုင်ရဲ့ အကြီးဆုံးတစ်ခုကိုရွေးချယ်ကာ ကားပါကင်ထိုးလိုက်ပြီးနောက် ချီရှင်းချန်နှင့်အတူ နှာခေါင်းစည်းနှင့်နေကာမျက်မှန်များတပ်ဆင်လိုက်ရာ သူတို့နှစ်ဦးမှာ ဘဏ်သို့သွား၍ ဓားပြတိုက်မည့်သူများနှင့်ပင် တူညီနေသည်။
ကံကောင်းစွာဖြင့် ရုံးတက်ရက်ဖြစ်နေသည့်အပြင် ပိုင်ရဲ့ရွေးချယ်ထားသည့်အရာများမှာလည်း များစွာတန်ကြေးမရှိချေ။ သူတို့မောလ်ထဲသို့ဝင်လာချိန်တွင် ဝယ်သူနှင့်ဈေးသည်များမှာ သူတို့ကိုလှမ်းကြည့်လာကြသော်လည်း မည်သူကမှသူတို့ကိုမမှတ်မိခဲ့ပေ။ သူတို့ဈေးဝယ်စင်တာထဲသို့ ချောချောမွေ့မွေ့ဝင်ရောက်နိုင်ခဲ့ကြသည်။
ချီရှင်းချန်၏ခါးမှာ ကောင်းကောင်းမသက်သာသေးသည့်အတွက် ပိုင်ရဲ့မှလှည်းကိုတွန်းရမည့်တာဝန်ကိုယူပေးခဲ့သည်။ သူတို့စင်တစ်စင်သို့ဖြတ်သွားပြီးတိုင်း ပိုင်ရဲ့မှ " အာလူးကြော်စားမလား…" " အာတာပူစီစားမလား…" " ချောကလက်စားမလား…" " အမဲခြောက်စားမလား…" စသည်ဖြင့် မေးလာတတ်သည်။
ချီရှင်းချန်မှာမူ အတော်လေးကူကယ်ရာမဲ့နေရကာ ပြောလိုက်မိသည် " ကျွန်တော်လူကြီးတစ်ယောက်ပါနော်…"
" သွားရည်စာတွေကလည်း ကလေးတွေဖို့ပဲမဟုတ်ဘူးလေ…မင်းစားချင်ရင်စားလို့ရတယ်…"
" ကျွန်တော့်မှာသွားရည်စာစားတတ်တဲ့အကျင့်မရှိဘူး…" ချီရှင်းချန် ခဏရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည် " ကျွန်တော်ကလေးတုန်းက မိဘမဲ့ဂေဟာမှာကလေးတွေများလွန်းတော့ သွားရည်စာစားဖို့မတတ်နိုင်ခဲ့ဘူး… ဆပ်ကပ်အဖွဲ့ထဲရောက်တော့လည်း အားလုံးထဲမှာအငယ်ဆုံးဖြစ်တော့ ခွဲတမ်းမရဘူးလေ…နောက်ကြ ကောလိပ်တက်ပြီး ကိုယ့်ဘာသာဝယ်စားနိုင်တဲ့အချိန်ရောက်လာပေမယ့် သွားရည်စာမုန့်တွေစားချင်တဲ့အကြံက ပျောက်ဆုံးသွားခဲ့ပြီးပြီ…"
သူမနေနိုင်ဘဲ ရယ်လိုက်မိသည် " ဒီလိုဆိုမှပဲ ကျွန်တော်ပထမဆုံးအလေးအနက်ထားပြီးစားဖူးတဲ့ရေခဲမုန့်က ဘတ်ဂျက်ခရီးသွားကြမယ်တုန်းက ကောကောဝယ်ကျွေးတာပဲနော်…"
သူတို့ယခင်တစ်ခေါက် အချင်းချင်းဝန်ခံကြစဉ်အခါက ပိုင်ရဲ့မှာ အလွန်စိတ်လှုပ်ရှားနေမိသည့်အတွက် ချီရှင်းချန်၏နေထိုင်မှုဘဝအကြောင်းကို စေ့စေ့စပ်စပ်မမေးမိခဲ့ပေ။ ၎င်းမှာမကောင်းလှကြောင်းကိုသာ သူသိထားခဲ့ပြီး ထိုမျှဆိုးဝါးမည်ကိုမူ ပိုင်ရဲ့သိမနေခဲ့ပါချေ။
ချီရှင်းချန်၏စကားကိုကြားလိုက်ရချိန်တွင် ပိုင်ရဲ့၏နှလုံးသားမှာကိုက်ခဲလာရကာ သူ့ဖန်ကလေး၏လက်ကိုဆုပ်ကိုင်ရင်းဖြင့် ပြောလိုက်မိသည်
" နောက်ကြရင် အရာရာတိုင်းကိုကိုယ်ပဲဂရုစိုက်ပေးမယ်နော်…"
ပိုင်ရဲ့သည်လည်း သွားရည်စာစားရသည်ကို နှစ်သက်သူမဟုတ်ချေ။ မုန့်အတန်းအတွင်း ဟိုဟိုဒီဒီလှည့်ပတ်ကြည့်လိုက်ပြီးနောက် အဆုံး၌ သူတို့၏ပန်းတိုင်ဖြစ်သောနေ့စဉ်သုံးပစ္စည်းများရောင်းချသည့်နေရာသို့ရောက်ရှိလာသည်။
သွားပွတ်တံမှလွဲ၍ ပဝါနှင့်အိမ်တွင်းစီးဖိနပ်များကဲ့သို့သောအရာများကို ပိုင်ရဲ့ ချီရှင်းချန်အတွက် ပြင်မထားမိခဲ့ချေ။ ချီရှင်းချန် ပစ္စည်းများကိုဈေးဝယ်ခြင်းအတွင်းသို့ ပစ်ထည့်နေရင်းဖြင့် ပြောလိုက်သည် " တကယ်တော့ ကျွန်တော်ကအစားမရွေးပါဘူး… နောက်ကြရင် ကောကောဝယ်ပေးချင်တာ ဘာဖြစ်ဖြစ်ဝယ်ထားပေးလို့ရပါတယ်…"
ပိုင်ရဲ့မှ ငြင်းပယ်လာသည် " ဟင့်အင်း မင်းကိုယ်တိုင်ပဲဝယ်ပါ ကိုယ်မင်းနဲ့အဖော်လုပ်ပေးမယ်…"
" ဘာလို့လဲ… ကျွန်တော်တို့အတူထွက်ဖို့ဆိုတာက အန္တရာယ်များတယ်လေ…"
" ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တို့ရဲ့အိမ်ဖြစ်နေလို့ပေ့ါ.." ပိုင်ရဲ့မှ သူ၏လက်ကိုညှစ်ကာပြောလာသည် " မင်းလည်းကူပေးရမယ်လေ…"
ဤသည်မှာသူတို့၏အိမ်ဖြစ်သောကြောင့် အရာတိုင်းတွင် သူပါဝင်ရမည်ပင်။ မည်မျှပင်သေးငယ်ပါစေ ကြီးမားပါစေ သူ၏အမှတ်အသားတစ်ခုချန်ရစ်ခဲ့ရန်လိုအပ်သည်။
ထိုအချိန်၌ ဈေးဝယ်ခြင်းထဲရှိ ပစ္စည်းသေးသေးမွှားမွှားများကိုကြည့်ကာ ချီရှင်းချန်ရုတ်တရက်နိုးထလာသည်။ မှန်ပေသည် ဤဗီလာမှာ အခြားသူ၏အိမ်မဟုတ်ဘဲ သူ၏အိမ်ဖြစ်သည်။
၎င်းမှာ သူအခြေချပြီး သူ၏နှလုံးသားရှိရမည့် အိမ်တစ်အိမ်ဖြစ်လေသည်။