အပိုင်း ၁၅၇
Viewers 29k

Chapter 157




အလုပ်ထဲတွင် ပိုင်ရဲ့မှာ ပုံမှန်အားဖြင့် ထမင်းသုံးနပ်စလုံးကိုအပြင်မှမှာစားရင်းဖြင့်သာ နေခဲ့ရသည်။ ချီရှင်းချန်အတွက် အိမ်တွင်အနားယူနိုင်မည့်အခွင့်အရေးရရန်မှာ မလွယ်ကူသော်လည်း သူပိုင်ရဲ့ကိုအပြင်စာများကိုသာ မှာမကျွေးချင်သည့်အတွက် ဆန်ခေါက်ဆွဲများပါသည့်အိတ်နှစ်အိတ်နှင့်အတူ အသားနှင့်အသီးအရွက်များပါသည့်ဘူးအနည်းငယ်ကိုထုတ်ကာ သူကိုယ်တိုင်ချက်ကျွေးရန်ပြင်ဆင်လိုက်သည်။


အိမ်သို့ပြန်ရောက်ချိန်တွင် သူမီးဖိုချောင်ထဲသို့ဝင်လိုက်သည်နှင့် ပိုင်ရဲ့သည်လည်း သူ၏နောက်သို့လိုက်ကာ ဖက်ထုပ်လုပ်နည်းကိုသင်ပြပေးရန် ခေါင်းမာမာနှင့်တောင်းဆိုနေခဲ့သည်။


တရုတ်နှစ်သစ်ကူးချိန်အခါက ပိုင်ရဲ့ သူ့ကိုဖက်ထုပ်လုပ်ကျွေးမည်ဖြစ်ကြောင်း ပြောခဲ့ဖူးသည်။ ထိုစဉ်က ချီရှင်းချန်ဤအကြောင်းနှင့်ပတ်သက်၍ များစွာမတွေးခဲ့မိသော်လည်း အနှီသခင်ငယ်လေးမှာ အမှန်တကယ်ပင်လေ့လာခဲ့ပြီး ကောင်းကောင်းလုပ်နိုင်မည်ဟု မည်သူကများထင်မိပါမည်နည်း။


မုန့်နှစ်ပြုလုပ်ခြင်းအကြောင်းမသိသည်မှလွဲ၍ အစာထည့်ခြင်းနှင့်ဖက်ရွက်လိပ်ခြင်းတို့ကိုကျွမ်းကျင်နေကာ နောက်ဆုံးရလဒ်မှာထိပ်တန်းအဆင့်ဖြစ်နေခဲ့သည်။ ဖက်ထုပ်၏အစွန်းများမှာ အလွန်တင်းကြပ်နေကာ အစာများထွက်ကျ၍မစားနိုင်သည့်အခြေအနေမျိုး မည်သို့မှရောက်လာနိုင်မည်မဟုတ်ပေ။


နေလုံးကျဆင်းသွားကာ လမင်းကြီးမြင့်တက်လာချိန်တွင် သူတို့နှစ်ဦးစလုံး ထမင်းစားစားပွဲ၏တစ်ဖက်တစ်ချက်စီ၌ ထိုင်လိုက်ကြသည်။ စားပွဲပေါ်ရှိအဓိကဟင်းပွဲမှာမူ အကောင်းဆုံးစားဖိုမှုအသစ်လေး၏ ထိပ်တန်းဟင်းပွဲဟုခေါ်ဆိုနိုင်မည့်ဖက်ထုပ်များပင်ဖြစ်လေသည်။


ဖယောင်းတိုင်များနှင့် ဝိုင်နီတို့ဖြင့်ခြံရံလျက် ပါဝင်သည့်ဟင်းလျာများမှာ အနောက်တိုင်းမဆန်သလို တရုတ်အစားအစာမျိုးလည်း အပြည့်အဝဟုတ်မနေခဲ့ပေ။ သို့တိုင်အောင် ထိုဟင်းပွဲများမှာ ဘဝတစ်ခု၏ဖြစ်စဉ်ကဲ့သို့ပင် ပုံမှန်မကျစွာ လိုက်ဖက်ညီနေခဲ့သည်။


ပိုင်ရဲ့ ဝိုင်နီကိုလောင်းထည့်လိုက်ချိန်၌ ချီရှင်းချန် သိချင်လာသောကြောင့် မေးလိုက်မိသည် " အိမ်သစ်တက်ပွဲအတွက်လား…"


ပိုင်ရဲ့ သူ့ကိုကြည့်ကာပြန်ဖြေလာသည် " ဟင့်အင်း ဒီနေ့ကအရေးကြီးတဲ့နေ့လေ…"


ဘာအရေးကြီးတဲ့နေ့လဲ…သူဘာလို့မမှတ်မိနေရတာလဲ… ချီရှင်းချန် လက်ချောင်းများဖြင့် ရေတွက်ကြည့်လိုက်မိသည် " ကောရဲ့ပွဲဦးထွက်အထိမ်းအမှတ်က မနေ့ကပါ… မွေးနေ့ကလဲလာဖို့ရက်နည်းနည်းလောက်လိုသေးတယ်… ကျွန်တော်ပွဲဦးထွက်အထိမ်းအမှတ်ဆိုရင် ဒုတိယနှစ်‌ဝက်လောက်မှာကို…"


ယနေ့‌တွင် မည်သည့်အရေးကြီးနေ့မှမရှိသည့်ပုံပင်။


" ရပြီ ရပြီ ထပ်ပြီးရေကြည့်မနေနဲ့တော့.." ပိုင်ရဲ့ ချီရှင်းချန်ထံ ဝိုင်ခွက်ကိုလှမ်းပေးလိုက်သည် " မနှစ်ကဒီနေ့မှာ ကိုယ်ကုမ္ပဏီမှာ ပစ္စည်းတစ်ခုရှာဖို့ပြန်လာရင်းနဲ့ မင်းအကလေ့ကျင့်နေတာကိုတွေ့ခဲ့တာလေ…"


" ဒီနေ့က ကိုယ်တို့ဆုံတွေ့ခြင်းရဲ့ပထမဆုံးအထိမ်းအမှတ်နေ့ပဲ.."


ထိုစဉ်အခါက သူတို့နှစ်ဦးစလုံးတွင် အတူရှိသွားကြမည်ဟူသော အတွေးမျိုးမည်သည့်အခါကမှ မရှိခဲ့ဖူးပေ။ ကံကြမ္မာဆိုသည်မှာ အလွန်ပင်ဆန်းကြယ်သောအရာဖြစ်သည်။


" ဒီကမ္ဘာပေါ်မှာ လူပေါင်း ၇.၆သန်းရှိပေမယ့် အဲဒီလူတွေထဲကမှ ကိုယ့်ရဲ့လူဖြစ်လာပေးလို့ ကျေးဇူးတင်ပါတယ်နော်…"


ပိုင်ရဲ့ ခွက်ချင်းတိုက်ကာ ပြောလာသည် " ကိုယ်မင်းကိုချစ်တယ်…"


ဧပြီလ၈ရက်နေ့မှာ ပိုင်ရဲ့၏မွေးနေ့ဖြစ်ပြီး ယခင်အချိန်များတွင် အလုပ်မှအသိမိတ်ဆွေများဖြင့်သာ ကျင်းပလိမ့်မည်ဖြစ်သည်။ ယခုနှစ်တွင်မူ ဖိတ်ကြားလာသည်များအားလုံးကို ငြင်းပယ်ထားပြီး မည်သည့်နေရာကိုမှ မသွားချင်နေပေ။ သူ၏အိမ်တွင်သာ ချီရှင်းချန်နှင့်အတူ အချိန်ဖြုန်းချင်နေသည်။


လွန်ခဲ့သောရက်များအတွင်း သူတို့၏နေထိုင်ပုံမှာ အတော်လေးကိုဆိုးရွားနေခဲ့သည်။နေ့အချိန်များတွင် နေ့လည်ခင်းရောက်သည်အထိအိပ်စက်ကြပြီး ညအချိန်များတွင်မူ အလွန်တက်ကြွနေမိကြသည်။ ချီရှင်းချန် အဘယ့်ကြောင့်ညအချိန်၌တက်ကြွနေမိကြောင်းမှာ သူနှင့်လားလားပင်မသက်ဆိုင်ပေ။ သူသည်အမြဲလိုကျန်းမာသူတစ်ဦးဖြစ်သောကြောင့် အချိန်မှန်အိပ်ချင်မိသော်လည်း အဓိအားဖြင့် သူ့ကိုလုံးဝပေးမအိပ်သည့်တစ်စုံတစ်ယောက်ကြောင့်သာဖြစ်သည်။


၎င်းဖြစ်စဉ်မှာ ဧပြီလ၈ရက်နေ့၏ကြယ်စင်စုကို မြင်‌မတွေ့ရခင်အထိ ဖြစ်ပျက်နေခဲ့သည်။


အေးရီးစ် ကြယ်စင်စု…


ထို့နောက် သူကြယ်စင်စုကိုကြည့်ကာ အေးရီးစ်ရာသီခွင်၏စိတ်နေစိတ်ထားကို သွားကြည့်မိသည်။


သူယခုတော့နားလည်သွားလေပြီ…


ချီရှင်းချန် ငိုသာငိုလိုက်ချင်မိတော့သည် …


မွေးနေ့ပွဲမကျင်းပသည်မှာအဆင်ပြေသော်လည်း မွေးနေ့ကိတ်မရှိလျှင်တော့ မဖြစ်ပေ။ ချီရှင်းချန် မျက်ရည်များကိုသုတ်လိုက်ပြီးနောက် အက်ပလီကေးရှင်းထဲမှ ကိတ်မုန့်ပြုလုပ်ပုံများကို လိုက်ကြည့်နေမိသည်။ ထို့နောက် အိပ်ရာထဲမှထွက်ကာ ကိတ်မုန့်အောက်ခံကိုဖုတ်လိုက်ပြီး ခရင်သုတ် သစ်သီးများလှီး၍ ယိုနှင့်ရောလိုက်သည်။ ချီရှင်းချန် သူ၏ရှားရှားပါးပါးအနားယူချိန်လေးကို မီးဖိုချောင်ထဲတွင် အချိန်ဖြုန်းနေမိသည်။


ကံမကောင်းစွာဖြင့် သူများစွာအချိန်မရခဲ့ဘဲ နတ်ဆိုးကြီးတစ်ကောင်မှ သူ၏ခြေထောက်ကိုလာဆွဲကိုင်လာသည်။ ထိုသူ၏တီရှပ်မှာ လျော့တိလျော့ရွဲဖြစ်နေကာ အိမ်နေရင်းဘောင်းဘီ၏ခါးပတ်ကို မကြပ်ထားရသေးချေ။ သိသိသာသာပင် အနှီလူသားမှာအိပ်ရာနိုးနိုးခြင်း သူ့ကိုလာရှာရန်လောဆော်နေရခြင်းကြောင့် ကိုယ့်ကိုကိုယ်ဂရုမစိုက်နိုင်ခြင်းဖြစ်ပေမည်။


ချီရှင်းချန် သတိကြီးကြီးဖြင့်ပြောလိုက်မိသည် " ကျွန်တော်ဟင်းချက်ချင်တယ်…"


" ဘာတွေချက်နေတာလဲ ကိတ်မုန့်လား…" ပိုင်ရဲ့ ခရင်များကိုကြည့်ကာ ပြောလာသည် " မင်း‌လောက်အရသာမရှိပါဘူးကွာ…"


ထိုစကားကိုကြားလိုက်ရချိန်တွင် ချီရှင်းချန်၏ဆံပင်များမှာ အရင်းနားထိထောင်ထသွားရပြီး ၃၀%သတိထားကာ ၇၀% မြှောက်ပင့်ဟန်ဖြင့် ပြောလိုက်မိသည် 


" အခုကမပြီးသေးဘူးလေ… လုပ်လို့ပြီးမှပဲ မြည်းကြည့်ကြည့်ပေါ့…ကျွန်တော်သကြားအများကြီးမထည့်ထားတော့ အီတော့မအီလောက်ပါဘူး…"


ချီရှင်းချန်၏အသနားခံနေသောမျက်လုံးများကိုကြည့်ကာ ပိုင်ရဲ့မနေနိုင်ဘဲရယ်လိုက်မိသည် " မင်းလေးဘယ်လောက်တောင်ကြောက်နေလဲဆိုတာ ကြည့်ပါဦး…အင်းပါ ကိုယ်ဒီနေ့မင်းကိုမထိတော့ဘူးနော်…"


ချီရှင်းချန် ပိုင်ရဲ့ သူ့ကိုမထိတော့ပါဟုပြောလာချိန်တွင် မပျော်မိသွားချေ။ ထိုအစား သူနေမထိထိုင်မသာပင်ဖြစ်လာရသည်။


ယနေ့မှာပိုင်ရဲ့၏မွေးနေ့ဖြစ်လေရာ သူ့အတွက် မည်သည့်ကိစ္စပင်ရှိပါစေ လိုချင်သည့် အရာအားလုံးမှန်သမျှ ရနိုင်ရမည့်အခွင့်အရေးရှိသင့်ပေသည်။


ထို့အပြင် သူ၏ခါးနှင့်ခြေထောက်များအနည်းငယ်အားနည်းနေခြင်း၊ နောက်တစ်နေ့တွင် သူ၏လည်ချောင်းမှာအနည်းငယ်ပို၍အက်ကွဲသွားမည်နှင့် အိပ်မရနိုင်မည်မှလွဲ၍ ပိုင်ရဲ့နှင့်လုပ်သည့်အချိန်များတွင် သူအလွန်သက်တောင့်သက်သာရှိသည်ဟု ခံစားနေရဆဲပင်။


အထူးသဖြင့် တစ်ဖက်လူမှ နတ်ပြည်ရောက်နေသကဲ့သို့အသံဖြင့် မကြာခဏသူ၏နားကိုလာရောက်စနောက်နေချိန်မျိုးတွင်ဖြစ်သည်။ ထိုကဲ့သို့နှိုးဆွမှုများမှာ ချီရှင်းချန်၏‌သွေးကြောများကို ထပ်ခါတလဲလဲခုန်ပေါက်သွားစေသည်။


" အဆင်ပြေပါတယ်…" ချီရှင်းချန် ရက်ရောစွာပြောလိုက်သည် " ဒီနေ့ကကောကောရဲ့မွေးနေ့ပဲဟာ လိုချင်တာမှန်သမျှအကုန်ရတယ်…"


ပိုင်ရဲ့မှ မျက်ခုံးတစ်ဖက်ပင့်ကာမေးလာသည် " တကယ်လား…"


" ဟုတ်ကဲ့…"


ပိုင်ရဲ့ ချီရှင်းချန်၏အနီးသို့လျှောက်လာကာ နားနားကပ်၍တစ်စုံတစ်ခုကိုပြောလိုက်ချိန်တွင် ချီရှင်းချန်၏မျက်နှာများမှာ ချက်ချင်းဆိုသလို နီမြန်းသွားရလေသည်။ ချီရှင်းချန် အသားထုတံကိုယမ်းပြကာ ပိုင်ရဲ့ကို မီးဖိုချောင်တွင်းမှ မောင်းထုတ်လိုက်မိသည်။


ချီရှင်းချန် ယခင်ကကိတ်မုန့်တစ်ခါမှမလုပ်ဖူးသည့်အတွက် အမှားလုပ်မိမည်ကို စိုးရွံ့နေသောကြောင့် အလွန်ရှုပ်ထွေးသောပုံစံများကို မလုပ်ရဲခဲ့ပေ။ အလယ်နှင့်အပြင်ဘက်တွင် ခရင်ပါသည့် ရိုးရှင်းသောနှစ်ထပ်ကိတ်ပုံမျိုးကိုသာ လုပ်ထားခဲ့သည်။ သူ၏အနည်းငယ်ပြင်းထန်သောOCDကြောင့် အပြင်ဘက်ပိုင်းတွင်သုတ်ထားသည့်ခရင်များမှာမူ အလွန်ပင်ချောမွေ့နေသည်။


ကိတ်မုန့်ပေါ်တွင်မူ ယိုဖြင့်တုတ်ချောင်းပုံအရုပ်နှစ်ရုပ်ကိုရေးဆွဲထားခဲ့သည်။ အရုပ်နှစ်ခုလုံးမှာ ရှည်လျားသွယ်လျကာ ဗာဒံစေ့ကိုဖက်ထားသည့်ပုံပေါ်နေခဲ့သည်။ သူတို့ထဲမှတစ်ရုပ်မှာ ဘေးတွင်ရှိနေပြီးလက်ထဲတွင်သေးငယ်သောကြယ်လေးတစ်ပွင့်ကို ကိုင်ဆောင်ထားခဲ့သည်။ ပုံဆွဲထားသည်မှာ မကောင်းလှသော်လည်း ချီရှင်းချန် ပြင်ဆင်နိုင်မည့်နည်းလမ်းရှာမတွေ့သောကြောင့် အားတုံ့အားနာဖြင့် ခပ်ယဲ့ယဲ့ပြုံးလျက်သာ ကိတ်မုန့်ကိုအရှေ့သို့ယူလာလိုက်ရသည်။


သို့သော်လည်း ပိုင်ရဲ့မှာမူ မည်သည့်ပုံမှန်မဖြစ်သောအရာကိုမှ တွေ့ပုံမရဘဲ အံ့အားသင့်စွာမေးလာသည် " ကိတ်ပေါ်မှာ ကိုယ်တို့နှစ်ယောက်ပုံဆွဲထားတာလား…"


" ဟုတ်တယ်…" ချီရှင်းချန် ဆက်၍အားတင်းပြုံးလိုက်ရသည် " ဒါကကျွန်တော်တို့နှစ်ယောက်နဲ့တူတယ်လေ…ကောကောသဘောမကျလို့လားဟင်…"


" ပုံစံတွေအရမြင်နိုင်ပေမယ့် ကိုယ်ကအပြင်မှာပိုချောသလိုပဲနော်… ကိုယ်ကအဲ့ဒီလောက်…. တွန့်မနေသလိုပဲ…" ပိုင်ရဲ့ ယဉ်ကျေးစွာပြောလိုက်မိသည်။


ချီရှင်းချန် အားမာန်အပြည့်နှင့် ခေါင်းငြိမ့်ပြကာ ပြောလာသည် " ဟုတ်တယ် ဟုတ်တယ် ကောကောကအပြင်မှာပိုချောတာ.."


ရှစ်နှစ်ကျော်မျှ မြောက်ပင့်သံများကြားတွင် နေထိုင်ခဲ့ရပြီးနောက် ပိုင်ရဲ့အတွက် ချီးကျူးသံများမှာ များစွာမထူးဆန်းသောအရာများဖြစ်နေခဲ့သည်။ ယခုတွင်မူ သူ့ဖန်ကလေး၏အလွန်ရိုးရှင်းသော အရမ်းချောသည်ဟုသည့်စကားမှာ အလွန်နားထောင်ကောင်းနေကာ ကိတ်မုန့်ပေါ်မှတုတ်ချောင်းရုပ်များသည်ပင် ပိုကြည့်ကောင်းလာကြပြီး ၎င်းတို့မှာချောမောသည်ဟု တမျိုးတမည်ခံစားလိုက်ရသည်။


ပိုင်ရဲ့ ဂုဏ်ယူစွာဖြင့် ဆက်လက်လေ့လာလိုက်သည် " ဘာလို့မင်းရဲ့လက်ထဲကကြယ်ကလေးက ကိုယ့်စီကိုစောင်းနေတာလဲ….မှားဆွဲမိထားတာလား…"


" ဒါကစောင်းနေတာမဟုတ်ဘူး…ကျွန်တော်တမင်လုပ်ခဲ့တာ…" ချီရှင်းချန် ထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်မိသည် " ကျ ကျွန်တော် ‌ကောကောကို ကြယ် ကြယ်လေးပေးချင်လို့လေ…"


ကြယ်ကလေးဆိုသောစကားလုံးတွင် လှပသောအဓိပ္ပါယ်များစွာရှိသည်။ ပုံမှန်အားဖြင့် ယောင်္ကျားလေးတစ်ယောက်မှ မိန်းကလေးတစ်ယောက်ကို ကတိပေးသည့်အချိန်မျိုးတွင် " မင်းကောင်းကင်ပေါ်ကကြယ်လေးလိုချင်ရင်လည်း ကိုယ်ခူးပေးမယ်…" ဟူ၍ မိန်းကလေးအတွက် သူ၏စိတ်ပိုင်းဖြတ်ထားမှုကိုဖော်ပြရန်အလို့ငှာ ပြောလေ့ရှိသည်။


သို့သော်လည်း ကြယ်ကလေးတွင် နောက်ထပ်အဓိပ္ပါယ်တစ်မျိုးရှိနေသေးသည်။


ပိုင်ရဲ့မှ မျက်ခုံးတစ်ဖက်ကိုပင့်ကာ ပြောလာသည် " မင်းကကိုယ့်စီ ကိုယ့်ကိုကိုယ်ပေးအပ်ချင်တာပဲ…"


ပိုင်ရဲ့မှာ ဖော်ပြချက်အဖြစ်သာပြောလာပြီး မေးခွန်းအသွင်မျိုးမဟုတ်ချေ။ ချီရှင်းချန် ပိုင်ရဲ့ထိုမျှတည့်တိုးဆန်စွာပြောလာမည်ဟု မထင်မိသောကြောင့် အနည်းငယ်ကပျာကသီဖြစ်သွားရသည် " ကျွန်တော်က ကောကောအပိုင်ဖြစ်နေတာ အကြာကြီးရှိနေပါပြီ…"


" ဒါဆိုလည်း ဘာတွေစောင့်နေတာလဲ… ကိုယ့်အပိုင်အဖြစ်လွှဲပြောင်းပေးမဲ့လုပ်ငန်းစဉ်တွေလုပ်ပြီးပြီလား…"


ချီရှင်းချန် : "...."


သူလုပ်ရမည်လား မလုပ်ရဘူးလား…


ချီရှင်းချန် ပြန်ဖြေမလာသည်ကို မြင်နေရသောကြောင့် ပိုင်ရဲ့ဘက်မှစ၍ ချီရှင်းချန်၏မျက်နှာလေးကိုပွတ်သပ်လိုက်ကာ လက်ကိုသူ၏နှလုံးသားရှိရာ ရင်ဘတ်ပေါ်တွင်တင်၍ လေးနက်စွာပြောလိုက်သည် " ကောင်းပြီ ကိုယ့်ရဲ့ကြယ်ကလေးကို လက်ခံရရှိပြီးပြီဆိုတော့ အခုဖွက်ထားလိုက်တော့မယ်…"


"...." ချီရှင်းချန် ပိုင်ရဲ့၏ကလေးဆန်မှုကြောင့် အနည်းငယ်ခံစားသွားရသည်။


ကလေးဆန်မှုအပြီးတွင် ပိုင်ရဲ့ဖုန်းကိုထုတ်ကာ ကိတ်မုန့်ပုံအများအပြားရိုက်ယူလိုက်ပြီး ဝေ့ပေါ်တွင် တည်းဖြတ်၍တင်လိုက်သည်။


[ ပုံ ] [ ပုံ ] [ ပုံ ]


[ ပုံ ] [ ပုံ ] [ ပုံ ]


[ ပုံ ] [ ပုံ ] [ ပုံ ]


သူတို့အိုင်ဒေါလိုင်းပေါ်တက်လာသည့်အချက်ပေးသံကိုရရှိလိုက်ကြသော ညဉ့်ကောင်းကင်များမှာ ချက်ချင်းပင်ပိုင်ရဲ့၏အဓိကစာမျက်နှာသို့ အပြေးအလွှားသွားကြည့်လိုက်ကြသည်။


ထို့နောက်ဓာတ်ပုံများကိုမြင်လိုက်ရချိန်တွင် သူတို့အားလုံးရှော့ရသွားကြသည်။


သောက်ကျိုးနည်းဟေးးး ဘရန်းကြော်ငြာတွေကလွဲရင် ငါတို့ရဲ့အိုင်ဒေါက တကယ်ကြီးကိတ်မုန့်တစ်လုံးပုံကို ကိုးပုံတောင်ရိုက်တင်တာလား…


ထို့နောက် သူတို့ပုံတိုင်းကိုတစ်ပုံချင်းစီ ထောက်ကြည့်မိလိုက်ကြသည်။


သောက်ချီးလိုပဲ ပုံတိုင်းကကိတ်မုန့်ကိုမတူညီတဲ့ရှုထောင့်ကိုးခုက ရိုက်ထားတာကြီးပဲ…ဒါကကြွားချင်နေတာလား…တောင်လောက်တောင်ကြီးတဲ့ တစ်ဖက်သတ်အမြင်ပဲလားနော်…


လူတိုင်းမှာ ပုံတိုင်းကိုချဲ့ကာ ကိတ်မုန့်တွင်ပါဝင်သည်များကို အသေးစိတ်လိုက်ကြည့်လိုက်ကြသည်။


ညဉ့်ကောင်းကင်များ : "...."


ဒါ‌ဆို နှစ်ရှစ်ရာလောက် ဘာပုံမှမတင်ခဲ့ပဲနဲ့ အခုမှလာပြီး ပုံရှစ်ပုံနဲ့ မင်းရဲ့အချစ်ကိုဖော်ပြနေတာ‌လားဟေ….


ငါတို့လိုတစ်ကိုယ်တည်းသမားတွေရဲ့ ဘဝကိုထည့်မတွေးပေးတော့ဘူးလား… ဒါကြီးကအရမ်းလွန်တာပဲ…


ပိုင်ရဲ့မှာ အများသူငှာလုပ်နေကြအရာများကို သဘောမကျကြောင်းပြောခဲ့ဖူးသလိုပင် သူတို့တွေ့ဆုံမှု၏ပထမဆုံးအထိမ်းအမှတ်နေ့တွင် ဝိုင်နီတစ်ပုလင်းကို အထူးတလည်ဖွင့်ခဲ့သည်။ သို့သော်လည်း ၎င်းမှာတစ်ဖက်လူ၏လုပ်ထုံးလုပ်နည်းအတိုင်းဖြတ်သန်းလိုကြောင်း ပြောခဲ့ခြင်းကြောင့်သာဖြစ်ပြီး ယနေ့မွေးနေ့ပွဲမှာမူ အလွန်အမင်းကိုရိုးရှင်းနေသည်။ ရုပ်ဆိုးသည့်ကိတ်မုန့်လေးတစ်လုံး၊ ၂၅ဟုရေးထားသည့်ဖယောင်းတိုင်တစ်တိုင်၊ ချီရှင်းချန်လက်ဖြင့်ရေးဆွဲထားသောအဝါရောင်သရဖူတစ်ခု နှင့်အချင်းချင်းပွေ့ဖက်ထားသောအရုပ်များသာဖြစ်ပြီး ၎င်းတို့အားလုံးမှာ သူ့ကိုစိတ်ကျေနပ်သွားစေခဲ့ရာ ပိုင်ရဲ့၏နှုတ်ခမ်းမှာခဏအတွင်းကော့တက်သွားပြီး ပြုံးလိုက်မိသည်။


မွေးနေ့ဆုတောင်းတောင်းခြင်းနှင့်ကိတ်မုန့်စားပြီးချိန်တွင် ပိုင်ရဲ့ နေ့လည်ခင်းကပြောထားသကဲ့သို့ ချီရှင်းချန်ကို မနှိပ်စက်ခဲ့ချေ။ လက်တလောမှအသစ်ထွက်ထားသောရုပ်ရှင်တစ်ကားကိုရွေးချယ်ကာ ပရောဂျက်တာရှေ့မှကော််ဇောပေါ်တွင်ထိုင်လိုက်ကြပြီး အချင်းချင်းပွေ့ဖက်လျက် စကားပြောရင်းဖြင့် ရုပ်ရှင်ကြည့်နေမိကြသည်။


ဤနေရာရှိနွေးထွေးသောမြင်ကွင်းနှင့်မတူဘဲ မှောင်မိုက်သောစားသောက်ဆိုင်တစ်ဆိုင်ထဲတွင် အမျိုးသမီးတစ်ဦးမှာ သူမ၏ဝိုင်ခွက်ကိုယမ်းလျက် အားနည်းနေသောအသံဖြင့်ပြောလာခဲ့သည် " အရင်တစ်ခေါက်တုန်းက မင်းကောင်းကောင်းလုပ်ခဲ့တာပဲ…ဒါပေမယ့် ထပ်ပြီးတော့ နောက်တစ်ခုလုပ်ဖို့ ငါမင်းကိုလိုအပ်နေသေးတယ်…"


သူမ၏မျက်နှာခြင်းဆိုင်တွင်ရှိနေသောအမျိုးသားမှာ မျက်မှောင်ကြုတ်သွားခဲ့သည် " မင်းပဲငါ့သားကိုချက်ချင်းထုတ်ပေးဖို့ကတိပေးထားတာမဟုတ်ဘူးလား…"


" အခုငါစိတ်ပြောင်းသွားပြီ…" အမျိုးသမီးမှ သူမ၏နှုတ်ခမ်းများကွေးသွားကာ ပြောလာသည် " မင်းငြင်းပယ်ဖို့ကို ရွေးချယ်လို့ရပါတယ်… ဒါပေမယ့် သိထားရမှာက ငါကလွဲရင် ဘယ်သူကမှမင်းသားရဲ့ဝန်ခံချက်ကို ပြန်ရုတ်သိမ်းပေးဖို့မဖြစ်နိုင်ဘူး…ငါကလွဲရင် ဘယ်သူကမှတောင်ကြီးတစ်တောင်လိုဖြစ်နေတဲ့ ချီမိသားစုကိုနောက်ကွယ်ကနေတိုက်ခိုက်နိုင်ဖို့ အဆင့်မမီဘူး…"


" မင်း…"


ထိုစကားကိုကြားလိုက်ရချိန်တွင် အမျိုးသားကြီး၏နဖူးမှသွေးကြောများပင် ထောင်ထလာရသည်။ အချိန်အတော်ကြာအောင် ၎င်းကိုမနှိပ်နယ်နိုင်ခဲ့ဘဲ ကူကယ်ရာမဲ့နေသောကြောင့် စားပွဲခုံကိုသာထုချလိုက်သည်။ စားပွဲပေါ်ရှိပစ္စည်းများမှာ ခုန်ထသွားသော်လည်း သူ၏ရှေ့မှအမျိုးသမီးမှာမူ ပြုံးနေဆဲပင်။ သူမ သူ့ကိုကြောက်ရွံ့ပုံမရချေ။


သို့မဟုတ် သူမ၏တောင်းဆိုမှုကို သူလိုက်လျောရမည်အပေါ် သေချာနေမှုရှိနေပုံပင်။


သူမ ထင်ထားသည့်အတိုင်းပင် ထိုသူမှသူ၏တုန်ယင်နေသောလက်များကို အတတ်နိုင်ဆုံးကြိုးစားထိန်းချုပ်ကာ အံကြိတ်လျက်ပြောလာသည် " မင်းငါ့ကိုဘာထပ်လုပ်ပေးစေချင်တာလဲ ပြော…"


အမျိုးသမီးမှထရပ်ကာ အမျိုးသားကြီးဘက်သို့လျှောက်လာခဲ့သည်။ သူမ ငုံ့ကိုင်းလာကာ အနားကပ်၍စကားအနည်းတီးတိုးပြောလိုက်သည်။ထို့နောက် သူ၏ပုခုံးကိုပုတ်က

ာ အားပေးနေသောအပြုံးတစ်ပွင့်ပေးလိုက်သည်။


ပြီးသွားချိန်တွင် သူမစားသောက်‌ဆိုင်ထဲမှလှည့်ထွက်သွားပြီး အနီရောင်လိုင်စင်ပြားပါသောကားတစ်စီးပေါ်သို့ တက်သွားခဲ့လေသည်။