Chapter 159
ရှေးခေတ်ဟောင်းပုံစံကို ဖတ်ရန် အချိန်မရှိသောကြောင့် ဇာတ်ကွက်ကောင်းသလားသူမသိပေ။ သူက ပိုင်ရဲ့ကို အမြန်တားလိုက်၏။
"ကျွန်တော် မှားပို့လိုက်ပြီ... အဲဒါမဟုတ်ဘူး...ခဏလေး...ကျွန်တော် ပြန်ပို့ပေးမယ်"
သို့ပေမဲ့ ပိုင်ရဲ့က ၎င်းကိုဖွင့်ပြီးနေပြီဖြစ်ပြီး တချို့သော... အနည်းငယ်ထူးဆန်းသည့်စကားလုံးများကို တွေ့လိုက်ရသည်။
"ပိုင်ရဲ့က သူ၏တပ်များကို နဂါးကိုးကောင်ဘုရားကျောင်းကို တိုက်ခိုက်ရန် ဦးဆောင်ခဲ့သည်။ ယခုအချိန်တွင် ချီရှင်းချန်က ၎င်း၏ဆွေမျိုးအားလုံးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားပြီးဖြစ်ကာ နဂါးပလ္လင်ပေါ်တွင် ထိုင်နေပြီး အဖြူရောင် ကျောက်စိမ်းနှင့်တူသော လက်ချောင်းများကို လက်ရန်းတော်တွက် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။သူ့အကြည့်တွေက ပိုင်ရဲ့ကိုဖြတ်ကျော်ပြီး ရှေ့ကို လှမ်းကြည့်လိုက်သည်။ သူ၏ လျစ်လျူရှုထားသောအပြုအမူက ပိုင်ရဲ့ကို ဒေါသထွက်သွားစေခဲ့သည်။"
'အဲဒါက ချွမ်မုန့်ဝတ္ထုဖြစ်နိုင်တယ်'
ချီရှင်းချန် တွေးလိုက်သည်။
"ပိုင်ရဲ့က သူ့ဓားကိုဆွဲပြီး ချီရှင်းချန်ဆီ တစ်ယောက်တည်း လျှောက်သွားသည်။
'ဘာကို ကြည့်တော်မူနေတာပါလဲ အရှင်မင်းကြီး... ဧကရီလျှိုကိုလား...ကိုယ်လုပ်တော်ဖန်လား' "
ဟမ်...မောင်းမဆောင်ပဲ...သွားပြီ...abuse typeကြီးပဲဖြစ်ရမယ်...
ချီရှင်းချန် အနည်းငယ် စိတ်မချမ်းမသာဖြစ်လာသည်။
"ချီရှင်းချန်က နှုတ်ဆိတ်နေဆဲဖြစ်သည်။ပိုင်ရဲ့ ဒေါသထွက်သွားပြီး ဘယ်ဘက်လက်နှင့် ဓားကိုဆွဲကာ လွှဲယမ်းလိုက်သည်။ သူ၏စစ်မှန်သောချီက အလင်းဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွားပြီး ချီရှင်းချန်၏အဝတ်အစားများကို အပိုင်းပိုင်းဆုတ်ဖြဲပစ်လ်ိုက်သည်။"
ချီရှင်းချန် ဆွံ့အသွား၏။
ကျင့်ကြံရေးဝတ္ထုပုံစံအတိုင်းသွားနေပါ့လား...
" 'အရှင်မင်းကြီး...ယနေ့ အကျွန်ုပ် ရာဇပလ္လင်ကို သိမ်းယူရတာက အရှင်မင်းကြီးကြောင့်မှန်း သိတော်မူပါ၏လော'
ပိုင်ရဲ့က ချီရှင်းချန်၏ပါးကို လက်တစ်ဖက်နှင့် ပွတ်သပ်လိုက်ပြီး ရှောင်ရှင်းရှင်းလေးကို နောက်လက်တစ်ဖက်နှင့် ကိုင်ထားသည်။
'အရှင့်ပတ်ဝန်းကျင်က အဲဒီအမျိုးသမီးတွေကို အကျွန်ုပ် မတွေ့ချင်တော့ဘူး... အခုကစပြီး အရှင်က အကျွန်ုပ်တစ်ဦးတည်းရဲ့ ဘုရင်ဖြစ်လာတော့မှာ သိတော်မူပါစ' "
!!!
ချီရှင်းချန် ရှော့ရသွားသည်။
ဒါက ဘာကြီးလဲ...ငါမှာတော့ အများကြီးမှန်းဆနေတာလေ...လက်စသတ်တော့ သောက်...အဝါစာကြီး...
ဘုရား ဘုရား ဒါက အရမ်းကြောက်စရာကောင်းတယ်...ဒါကို ပိုင်ရဲ့ကို ဖတ်ခွင့် ပေးလိုမဖြစ်ဘူး...
ချီရှင်းချန် အော်လိုက်သည်။
"ကျွန်တော် ပြောတာကို ကြားလား...ကျွန်တော် မှားပို့လိုက်တာ...မဖတ်တော့နဲ့ ...ကျွန်တော် ကောကို ချက်ချင်းပြန်ပို့ပေးမယ်"
ပိုင်ရဲ့က သူ့ကို လုံးဝ လျစ်လျူရှုပြီး ဆက်ဖတ်လိုက်သည်။
နောက်အကြောင်းအရာကတော့ သိသာထင်ရှားလေသည်။စစ်သူကြီးက ဧကရာဇ်မင်းမြတ်အတွက် ထီးနန်းကို သိမ်းပိုက်ခဲ့သည်။ အတင်းအကြပ် မရယူလျှင် ယုတ္တိမတန်ပေ။ချီရှင်းချန် ပိုနားထောင်လေ၊ သူ ပိုထိတ်လန့်လာလေဖြစ်သည်။
ပိုင်ရဲ့က ဘာမှခံစားရပုံမပေါ်ပေ။သူ့ပုံစံက အီလက်ထရွန်းနစ် စာဖတ်ဆော့ဖ်ဝဲတစ်ခုလိုပါပင်။ သာယာသောအသံနှင့် အရေးပါသောအခိုက်အတန့်များတွင် အသံအနိမ့်အမြင့်ပြောင်းခြင်းမှလွဲ၍ ခံစားချက်မဲ့သော စာဖတ်စက်နှင့် ဘာမှမခြားပါချေ။
ဤညှဉ်းပန်းနှိပ်စက်မှုက မိနစ် 20 တိတိကြာခဲ့သည်။မိနစ် 20 အကြာမှာတော့ စစ်သူကြီးက နောက်ဆုံးမှာ ဧကရာဇ်ကို ရရှိခဲ့သည်။သူက ဧကရာဇ်မင်းကို ကျေနပ်အားရစွာဖြင့် မောင်းမဆောင်ဆီသို့ သယ်ဆောင်သွားသည်။
ပိုင်ရဲ့က သူ၏ ရွတ်ဆိုမှုကို ရပ်လိုက်ပြီးအဓိပ္ပါယ်ပါပါနှင့် ပြောလိုက်သည်။ "လက်စသတ်တော့ မင်းကိုယ့်ကို လွမ်းတဲ့အခါ ဒါမျိုးတွေဖတ်ရတာကြိုက်တာကိုး..."
ချီရှင်းချန်:"..."
"စစ်သူကြီးကဘာအရည်အချင်းမှလည်း မရှိဘူး...ကိုယ်တော့ သူကအရမ်းခေါင်းမာပြီး ဧကရာဇ်ရဲ့ခံစားချက်ကို ထည့်မစဉ်းစားဘူးလို့ ခံစားရတယ်"
ချီရှင်းချန်:"..."
တကယ်တမ်းတွင် ပိုင်ရဲ့က သူ့ကို တမင်တကာ စနေခြင်းဖြစ်သည်။သူက ဤအရာကို အကြောင်းပြချက်တစ်ခုအဖြစ် အသုံးချပြီး သူ၏ဖန်လေးကို ကလူဤသို့မြူဤသို့ပုံစံလေး လုပ်စေလိုသည်။ ခဏကြာသည့်တိုင် သူပြန်ဖြေသံမကြားရ။ သူက မျက်မှောင်ကြုတ်ပြီး ခေါ်လိုက်သည်။ "ရှင်းရှင်း"
ဤတစ်ခါမှာ အသံထွက်လာသည်။ "ဟုတ်... ရှိပါတယ်"
"ဘာလို့ စကားမပြောတာလဲ"
"ကျွန်တော်... ကျွန်တော် ကောကို နောက်မှ ပြန်ခေါ်လိုက်မယ်နော်... သန့်စင်ခန်းသွားချင်လို့"
သန့်စင်သွားသည်နှင့် ဖုန်းခေါ်ခြင်းကြားတွင် ဘာပဋိပက္ခမရှိပေ။ပိုင်ရဲ့ တစ်ဖက်လူကို ဖုန်းချစရာမလိုကြောင်း ပြောတော့မည်အချိန်မှာ ဖြစ်နိုင်ချေတစ်ခုစဉ်းစားမိသွား၏။
"ရှင်းရှင်း"
သူ စမ်းမေးကြည့်လိုက်သည်။
"မင်း တုံ့ပြန်လာတယ်လို့တော့ ကိုယ့်ကို မပြောနဲ့နော်"
နဂိုကတည်းကမှ အလွန်ခံစားရခက်နေပြီဖြစ်သော ချီရှင်းချန်:"..."
'ဘာလို့ အသံထွက်နေတာလဲ!!!'
ငိုချင်သော်လည်း မျက်ရည်ကမကျ။
"ရဲ့ကော...ကျေးဇူးပြုပြီး ကျွန်တော့်ကို ဖုန်းလေးအရင်ချခွင့်ပေးပါ"
သူ တိုးတိုးလေး တောင်းပန်လိုက်သည်။
ချစ်ရသူ၏ သည်းမခံနိုင်ဖြစ်နေသော အသံကိုကြားသောအခါ ပိုင်ရဲ့လည်း မသက်မသာ ခံစားလိုက်ရပြီး အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်။
"နားထောင်...နားကြပ်တပ်ပြီး အိပ်ခန်းထဲမှာ ဖုန်းကိုထားခဲ့... ရေချိုးခန်းထဲကိုသွား"
ချီရှင်းချန် သူဘာလုပ်ချင်နေမှန်း မသိပေ။တတ်နိုင်သမျှ အမြန်ဆုံးလွတ်မြောက်စေရန်အတွက် သူ့စကားကို နာခံခဲ့သည်။
သူ ရေချိုးခန်းထဲရောက်သောအခါ ပိုင်ရဲ့က သူ့ကို တံခါးပိတ်ခိုင်းပြီး တိုးတိုးလေး မေးသည်။
"ပြီးခဲ့တဲ့လက ကိုယ့်ဘာကိုယ်လုပ်ခဲ့သေးလား"
"ဟင့်အင်း...မလုပ်ဘူး"
သူတို့ နှစ်ယောက် ဝေးနေသည်မှာ ကြာပြီ ဆိုပေမဲ့ တစ်ကြိမ်မျှပင် မလုပ်ဖြစ်ခဲ့ပေ။ဆိုသည့်အခါ တစ်ဖက်လူဤမျှထိဆတ်ဆတ်ထိမခံတုံ့ပြန်သည်က အရမ်းကြီး အံ့သြစရာ မရှိပါချေ။ပိုင်ရဲ့ ဆက်မေးလိုက်၏။
"ဒါဆို ကိုယ်ဘာကိုယ်လုပ်နည်းသိလား"
ရိုးရိုးသားသားပြောရလျှင် ချီရှင်းချန် ၎င်းကို မည်သို့လုပ်ရမည်ကို အမှန်တကယ် မသိပေ။အရင်တုန်းက ဆပ်ကပ်အဖွဲ့ အိပ်ဆောင်ပဲဖြစ်ပါစေ၊ ကျောင်းအိပ်ဆောင်ပဲဖြစ်ပါစေ၊ အားလုံးအတူတကွ နေထိုင်ကြသည်။ထိုသို့လုပ်ရန် မဖြစ်နိုင်ခဲ့ပေ။
နောက်ပိုင်းတွင် သူ စာအုပ်ထဲသို့ ကူးပြောင်းလာသောအခါ တစ်မျိုးပြီး တစ်မျိုး ဖြစ်ပျက်ခဲ့သည်။ သူ့မှာ တခြားဘာမှ လုပ်ချင်စိတ်မရှိတော့ပေ။ တွေးကြည့်လျှင် ငယ်ငယ်ကတည်းက အကြိမ်ရေ များများစားစားပင် မလုပ်ဖူးပေ။
ဖုန်း၏အခြားတစ်ဖက်တွင် ခဏတာတိတ်ဆိတ်သွားသည်။ပိုင်ရဲ့ နားလည်လိုက်ပြီး ညွှန်ကြားလိုက်သည်။
"ပေါင်ပေ့...လက်ကို အရင်ဆေးလိုက်"
ချီရှင်းချန်က သူ့လက်ကို နာခံစွာ ဆေးလိုက်သည်။
"မင်းကို ကိုယ်အရင်တစ်ခေါက် လုပ်ပေးတုန်းကလို ကိုင်ထားပြီး မျက်လုံးကိုမှိတ်ထား... ကိုယ့်အသံကို မင်းကြားရလား...ကိုယ် အခု မင်းဘေးမှာရှိနေတယ်.. မင်းရဲ့မျက်နှာချင်းဆိုင်မှာ..."
.....
ချီရှင်းချန်တစ်ယောက် သူ့ကိုယ်သူထင်သည်ထက်ပင် ပို၍ အသုံးမကျလှပေ။ကိုယ့်လက်ကိုယ်သုံးလျှင် အနည်းငယ် ပိုကြာလိမ့်မည်ဟု သူထင်ခဲ့သည်။ သို့သော်လည်း တစ်ဖက်သား၏ အသံ၏ လွှမ်းမိုးမှုအောက်တွင် လက်ဆေးပြီး ရေချိုးခန်းမှ ထွက်သွားရန် ဖုန်းဘေလ်တစ်ယွမ်ပင် မသုံးလိုက်ရပေ။
ပိုင်ရဲ့က ရေကျသံကို နားထောင်ပြီး မနေနိုင်ဘဲ စလိုက်သည်။
"ကောင်းရဲ့လား"
ချီရှင်းချန်: "... ဟုတ်ကဲ့"
"ခုနက ညည်းတာလေး အရမ်းနားထောင်ကောင်းတယ်...နောက်တစ်ခါကျ အသံ ပိုကျယ်...ကိုယ်မင်းကို အလကားတော့ သင်ပေးလို့မရဘူးလေ ဟုတ်တယ်ဟုတ်"
"… နားလည်ပါပြီ"
ချီရှင်းချန်၏မျက်နှာသည် နီရဲနေပြီး သွေးထွက်တော့မတတ်ပင်။
နောက်ကျသွားနေပြီဖြစ်၍ ပိုင်ရဲ့ သူ့ကို မနှောင့်ယှက်ချင်သဖြင့် ပြောလိုက်သည်။
"ကောင်းပြီ အိပ်တော့...နောက်တစ်ခါ မင်းကိုယ့်ကို လိုအပ်ရင် ချုပ်တည်းမထားနဲ့"
ချီရှင်းချန်:"ဒါပေမဲ့...ဒါပေမဲ့ ခင်ဗျားမှာလုပ်စရာတွေ အများကြီးရှိတယ်လေ...ကျွန်တော် နှောင့်နှေးအောင်လုပ်လို့မဖြစ်..."
"ကိစ္စမရှိပါဘူး"
ပိုင်ရဲ့က သူ့ကိုဖြတ်ပြောလိုက်၏။
"ဒါ ကိုယ့်အမှားပါ...ကိုယ်အချိန်ကို ကောင်းကောင်းမစီမံခဲ့ဘူး...ရက်ပိုင်းအတွင်း မင်းဆီကို ကိုယ်လာလည်မယ်...အဲဒီအချိန်ထိ လိမ်လိမ်မာမာနေနော် ဟုတ်ပြီလား"
"… ဟုတ်ကဲ့"
"ကိုယ့်ကိုလွမ်းဖို့လည်း သတိရ"
နောက်ဆုံးမှာ ချီရှင်းချန်အမှန်အတိုင်းပြောလိုက်သည်။
"တကယ်တော့ ကျွန်တော် ကောကို မလွမ်းတဲ့ အချိန်ရယ်လို့မရှိဘူး"
........
တစ်လကျော်ကြာ စုံစမ်းစစ်ဆေးပြီးနောက် မေလနှောင်းပိုင်းတွင် ငွေများနှင့်အတူ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ဥက္ကဋ္ဌ တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခံခဲ့ရသည်။ သူနှင့်လူချင်းတွေ့ဆုံရန်အတွက် ချီရှင်းချန် အိမ်ပြန်ရန် အထူးတလည်ခွင့်ယူခဲ့သည်။
အများသိပုဂ္ဂိုလ်တစ်ယောက်အနေဖြင့် ပြည်သူ့လုံခြုံရေးဗျူရိုမှာ ပေါ်လာသည်က မကောင်းပေမဲ့ ချီရှင်းချန်က သိပ်ဂရုမစိုက်ပါချေ။ သူ့ကိုယ်သူ ဖုံးကွယ်ရန်ပျင်းလွန်း၍ ပွင့်ပွင့်လင်းလင်း လျှောက်သွားခဲ့သည်။ ပိုပြီး စိတ်မသက်မသာဖြစ်စေသည်က ရာဇဝတ်သားကို ဖမ်းမိသည့်သတင်းကို သူရထားပေမဲ့ ပိုက်ဆံကပြန်မပေးရသေးပါချေ။
တစ်နည်းဆိုရသော် ချီမိသားစု၏ ဤတစ်သုတ် ကုန်ပစ္စည်းများ ပျက်စီးသွားခဲ့သည်။
စည်ပင်သာယာပြည်သူ့လုံခြုံရေးဗျူရိုတွင် စောင့်ကြပ်နေသော ရဲအရာရှိများအား နှုတ်ဆက်ပြီးနောက် လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ကာ ဧည့်ခန်းသို့ ဝင်ရောက်ခဲ့သည်။ အသက်လေးဆယ်ကျော် အမျိုးသားတစ်ယောက် အထဲမှာ စောင့်နေနှင့်ပြီဖြစ်သည်။ချီရှင်းချန် သူ့ရှေ့မှာထိုင်ပြီး ယဥ်ယဥ်ကျေးကျေးဆိုလိုက်၏။
"တွေ့ရတာဝမ်းသာပါတယ် ဒါရိုက်တာလီ"
ဒါရိုက်တာလီ၏အမူအရာမှာ အနည်းငယ် ထုံထိုင်းနေပုံပင်။
"မင်းက ချီမိသားစုက ဟုတ်တယ်မလား"
သူမရောက်ခင် ချီယွမ်ရှောင် ရောက်လာပြီးပြီဖြစ်သည်။ညီအစ်ကိုနှစ်ယောက်က ရုပ်ချင်းဆင်ပြီး ငြင်း၍မရပါချေ။သူက ခေါင်းညိတ်လိုက်၏။
"မင်းတို့ရဲ့ ဆုံးရှုံးမှုအတွက် တောင်းပန်ပါတယ်"
ဒါရိုက်တာ လီက တောင်းပန်လိုက်သည်။
"ဘာလုပ်ရမယ်ဆိုတာ တရားရုံးက ဆုံးဖြတ်လိမ့်မယ်...အပြစ်ရှိတဲ့အကြောင်း ငါ ဝန်ခံမှာပါ"
ချီယွမ်ရှောင် လာမေးစဥ်ကလည်း သူ့မှာ အလားတူတုံ့ပြန်မှုရှိခဲ့သည်။ ကုမ္ပဏီ၏လုပ်ဆောင်ချက်က ပိုပိုဆိုးလာကာ ဆက်လက်လည်ပတ်ပါက ငွေဆုံးရှုံးနိုင်သည်ဟုသာ သူက ပြောသည်။ ထို့ကြောင့် သေချာမစဥ်းစားဘဲ ရင်းနှီးမြုပ်နှံသူများ၏ငွေကို ယူ၍ ထွက်ပြေးခဲ့သည်။
စီးပွားရေး ရာဇ၀တ်မှုတွေက လောဘကြောင့် များ၏။ချီမိသားစုနှင့် ပြည်သူ့လုံခြုံရေးဗျူရိုက ဤကိစ္စကို ဘာမှ မပြောနိုင်ခဲ့ပါချေ။ချီရှင်းချန်လည်း ဘာမှပြန်မပြောနိုင်။အညှီနံ့ တစ်ခုခု ရှိနေပြီဟု သူမှန်းဆမိခဲ့သော်လည်း ကံမကောင်းစွာဖြင့် ခိုင်မာသော အထောက်အထား တစ်စုံတစ်ရာ မပြနိုင်ခဲ့ပါချေ။
"ကောင်းပြီ...ခင်ဗျားက အဲဒီလိုပြောမှတော့ ကျွန်တော်တို့မိသားစုက အရှုံးကိုဝန်ခံရမှာပေါ့"
ချီရှင်းချန်က သူ့အသံကို လျှော့လိုက်သည်။
"အဟက်...သနားစရာကောင်းလိုက်တာ"
ဒါရိုက်တာလီက နှာခေါင်းရှုံ့သည်။ "ဘာသနားစရာလဲ...ငါ့အသက်မွေးဝမ်းကြောင်းကို သနားတာလား... ငါထောင်ထဲဝင်ရမှာကို သနားနေတာလား...မင်းအစ်ကိုကလည်း ဒီလိုပဲပြောတယ်...မင်းရဲ့ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ်"
"မဟုတ်ဘူး"
ချီရှင်းချန်က ခေါင်းယမ်းလိုက်သည်။ "ကျွန်တော်က နာမည်ကြီး သရုပ်ဆောင်တစ်ယောက်ပါ... စီးပွားရေးအကြောင်း သိပ်မသိဘူး...ခင်ဗျားမိသားစုကို သနားတာပါ...ခင်ဗျားအရွယ်နဲ့ဆို ခင်ဗျားရဲ့ကလေးက အလယ်တန်းကျောင်းတက်နေလောက်ပြီမဟုတ်လား"
ဒါရိုက်တာလီက နှုတ်ဆိတ်နေသည်။
"ကျွန်တော့်မှာ ညီလေးတစ်ယောက်လည်း ရှိတယ်...ကျွန်တော့်ညီလေးရဲ့ အတန်းဖော်က ကျွန်တော့်ရဲ့ အမာခံဖန်ပဲ...ဟိုးအရင်တုန်းက ကျွန်တော့် လက်မှတ်တောင် တောင်းသေးတယ်"
ချီရှင်းချန်က သက်ပြင်းချလိုက်သည်။ "အခုခေတ်ကလေးတွေက အပြိုင်အဆိုင်တွေ အရမ်းများတယ်... ခင်ဗျားထောင်ကျသွားရင် ခင်ဗျားကလေးရဲ့ အဆင့်အတန်းက ချမ်းသာတဲ့ ဒုတိယမျိုးဆက် အမွေဆက်ခံသူအဖြစ်ကနေ ကျဆင်းသွားလိမ့်မယ်... သူ့အတန်းဖော်တွေက သူ့ကို သေချာပေါက် ဝိုင်းပယ်ထားလိမ့်မယ်... သူ့အဖေက ပိုက်ဆံရှာကျွေးတဲ့သူဖြစ်ပြီး ထောင်ကျနေတယ်ဆိုတာ သူ့အတန်းဖော်တွေက သိသွားတယ်ဆိုရင် သူ့ကို ရယ်တောင် ရယ်ကြလိမ့်မယ်"
သူစကားပြောနေစဉ် ချီရှင်းချန် ဒါရိုက်တာလီ၏အမူအရာကို သေချာ သတိထားခဲ့သည်။ ကလေးကို ဝိုင်းပယ်ထားလိမ့်မည်ဟု သူပြောသောအခါတွင် တစ်ဖက်လူ၏အမူအရာက ခဏမျှ အေးခဲသွားသည်။
ချီရှင်းချန် သူ၏ ခန့်မှန်းချက်သည် အများအားဖြင့် မှန်ကြောင်း သိလိုက်သည်။
ဒါရိုက်တာလီမှာ ကလေးတစ်ယောက်ရှိပြီး သူ သူ့ကလေးကို အလွန်ချစ်သည်။
ချီရှင်းချန်က မတ်တတ်ထရပ်ပြီးပြောလိုက်၏။
"ဒါဆို တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို စောင့်ရအောင်...ကျွန်တော့်မှာ လုပ်စရာတွေ ရှိနေသေးလို့ ဆက်မနေတော့ဘူး... နှုတ်ဆက်ပါတယ်"
သူစကားပြောပြီးသည်နှင့် ဒါရိုက်တာလီ၏အဖြေကိုမစောင့်ဘဲ ဧည့်ခန်းမှထွက်လာခဲ့သည်။
ချီရှင်းချန် ထောင်ရွှမ်၏ဒဏ်ရာအစီရင်ခံစာရေးရန် ပြည်သူ့လုံခြုံရေးဗျူရိုသို့လာရောက်ခဲ့ဖူးသည်။ ပြည်သူ့လုံခြုံရေးဗျူရို၏ ဒါရိုက်တာက သူ့ကို အလွန်ကောင်းမွန်စွာ ဆက်ဆံခဲ့ပြီး သူ့ကို များစွာကူညီခဲ့သည်။ သူ သည်ကို ရောက်နေပြီး သူ့ကို မနှုတ်ဆက်လျှင် ရိုင်းရာကျလိမ့်မည်။ချီရှင်းချန် အပေါ်ဆုံးထပ်သို့ တက်သွားခဲ့သည်။ ဒါရိုက်တာရုံးခန်းထဲကို ဝင်လိုက်သည်နှင့် ဒါရိုက်တာက သူ့ကိုမြင်သွားသည်။
"ဟေ့ ငါ့တူ"
ဒါရိုက်တာက ကမန်းကတန်း နှုတ်ဆက်သည်။
"လာထိုင်...မင်း ဒီကို ဘယ်တုန်းက ရောက်နေတာလဲ"
"သိပ်မကြာသေးဘူး"
ချီရှင်းချန်က ပြုံးလိုက်သည်။
"မတွေ့တာတောင်ကြာပြီ...ဦးလေးက ပိုတောင် ကြည့်ကောင်းလာသေးတယ်"
"ဟားဟား... ငါ့ကို မဟားနဲ့... ငါက မင်းတို့လူငယ်တွေလောက် မချောပါဘူး"
ချီရှင်းချန် သူ့ကို ချီးကျူးရန်ကောင်းမွန်သည့် စကားလုံးတချို့ကို ရွေးလိုက်သည်။ ဒါရိုက်တာက အပျော်ကြီးပျော်ပြီး မရပ်မနား ရယ်မောလိုက်သည်။ပြည်သူ့လုံခြုံရေးဗျူရိုက အမြဲ အလုပ်များနေပြီး အချင်းချင်း နီးကပ်စွာ ဆက်ဆံရန် မသင့်လျော်ပါချေ။ ငါးမိနစ်ခန့် စကားစမြည်ပြောပြီးနောက် ချီရှင်းချန်က သူလုပ်စရာတစ်ခုကြောင်းပြောကာ ဒါရိုက်တာ၏ ညစာအတူစားရန် ဖိတ်ကြားချက်ကို ငြင်းဆိုခဲ့သည်။ သူက နေ့ချင်းပြန် လေယာဉ်အမှီစီးကာ ရုပ်ရှင်မြို့တော်သို့ ပြန်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
သူမထွက်ခင်မှာ ဒါရိုက်တာက သူ့နဖူးသူ ရိုက်ကာဆိုသည်။
"စကားမစပ် ရှင်းရှင်း...မကြာသေးခင်က တစ်ယောက်ယောက်က ရှုရှန့်ရဲ့အမှုကို မေးပြီး သူ့ဖိုင်ကိုကြည့်ချင်နေတာ... မင်းဘက်ကလူပဲလား"
... ရှုရှန့်
ဒါရိုက်တာက သူ့ကို မပြောခဲ့ဘူးဆိုလျှင် ချီရှင်းချန် ဤလူအကြောင်း မေ့နေမှာဖြစ်သည်။ သူ ခေါင်းခါလိုက်သည်။
"မဟုတ်ဘူး...ကျွန်တော့်မိသားစုက သူ့အခြေအနေကို အာရုံမစိုက်တာကြာပြီ"
"ဒါဆို သူ့အဖေရှုချန်လင်းက သူ့ကို ပြစ်ဒဏ်လျှော့ပေါ့ပေးချင်တာနဲ့ ငါနဲ့ အဆက်အသွယ်ရှာဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်... ဘယ်သူလဲဆိုတာ ငါစစ်ဆေးလိုက်မယ်... အဆင်ပြေပါတယ်... လမ်းမှာ သတိထား"
...........
ဖခင်တစ်ယောက်အနေဖြင့် သားဖြစ်သူ၏ ပြစ်ဒဏ်ကို လျှော့ချပြီး သူ့သားကို တစ်ရက်ရလျှင်တစ်ရက် စောပြီး အလင်းရောင်ကို မြင်ခွင့်ပေးချင်သည်က ပုံမှန်ပါပင်။ချီရှင်းချန် ထိုအကြောင်းကို သိပ်မစဉ်းစားဘဲ ထိုညမှာ ရုပ်ရှင်မြို့တော်သို့ အမြန်ပြန်သွားခဲ့သည်။
သူနှင့် ဇာတ်လိုက်မင်းသမီး၏ အခြေအနေ တဖြည်းဖြည်း တိုးတက်လာသည်နှင့်အမျှ "နေဝန်းနီနီ" ဇာတ်ကား ရိုက်ကူးမှုက မူလအစီအစဉ်ထက် ဆယ်ရက်နီးပါး ပိုမြန်ခဲ့သည်။ သူခွင့်တစ်ရက်ယူသည်က ရိုက်ကူးရေး၏ တိုးတက်မှုကို နှောင့်နှေးစေခြင်းမရှိပေ။ မနက်မိုးလင်း၍ မိတ်ကပ်လိမ်းသည့်အခါ ဒါရိုက်တာက သူ့ဆီရောက်လာသည်။
"ရှောင်ချီ မင်းမနေ့ညက နေ့ချင်းပြန် လေယာဉ်စီးလာတာလို့ ငါကြားတယ်... နောက်တစ်ခါ ဒီလိုလုပ်ဖို့ မလိုပါဘူး...ညကိုကောင်းကောင်း အနားယူ...နာရီနည်းနည်းလောက်ကွာသွားတာ ဘာမှ ထူးမသွားဘူး"
"အဆင်ပြေပါတယ် ဒါရိုက်တာကျန့်... တစ်ရက်ခွင့်ယူမိတဲ့အတွက်ကို အားနာနေတာ... နောက်ထပ်နေ့တစ်ဝက် ထပ် မဖြုန်းနိုင်ဘူး"
ဒါရိုက်တာကျန့်က စုပ်သပ်လိုက်သည်။
"ငါ့အရင်ဇာတ်ကားထဲက အသားလတ်လတ်လေးတွေဆို လဝက်လောက်တောင်နောက်ကျတာ... နေ့တစ်ဝက်က ဘာမှမဖြစ်ဘူး... သြော် ဒါနဲ့ ငါပြောမလို့... ဒီနေ့ရဲ့ သုံးဆယ့်ခြောက်ကြိမ်မြောက် ဇာတ်ဝင်ခန်းက ဧည့်သည်သရုပ်ဆောင်ပါတယ်... မင်းတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် သိနေတော့ အဆင်ချောလောက်မှာပါ... မြန်မြန်ပြီးအောင်လုပ်ကြစို့...ရိုက်ကူးပြီးရင် သူက ဘေးနားကရိုက်ကူးရေးကို ပြန်သွားရမှာ...အိုကေ"
တစ်ယောက်နဲ့တစ်ယောက် သိတာလား...
ချီရှင်းချန်က "OK" အမူအရာလုပ်ပြခဲ့သည်။
"ကောင်းပြီ ဒါဆို ကျွန်တော် ဇာတ်ညွှန်းပြန်ဖတ်လိုက်ဦးမယ်"
သုံးဆယ့်ခြောက်ခုမြောက်ဇာတ်ဝင်ခန်းသည် အမျိုးသားဇာတ်လိုက် ဝူကျင်းထုံ ဒဏ်ရာရရှိခဲ့ပြီးနောက် စစ်မြေပြင်ဆေးရုံတွင် သူနာပြုတစ်ဦးနှင့် ရှိနေသည့်အခန်း ဖြစ်သည်။ ဇာတ်ဝင်ခန်းတစ်ခုလုံးတွင် လိုင်းများစွာမရှိ၍ ခံစားချက်များစွာ လိုအပ်သည်။
ခြေထောက်ဒဏ်ရာ၏ အကျိုးသက်ရောက်မှုကို တုပရန်အတွက် ကျန်းကျန်းက သူ၏ဘောင်းဘီရှည်အတွင်းမှ အပေါက်ငယ်တစ်ခုကို ဖြတ်ထုတ်ကာ ၎င်းပေါ်တွင် သွေးအတုများဖြန်းခဲ့သည်။ အရာအားလုံးပြီးသွားပြီးနောက် ချီရှင်းချန် သူ့စိတ်ထဲတွင် သူ့ကိုယ်သူ ညှို့ယူလိုက်သည်။
"ငါ အခု ဒုက္ခိတဖြစ်နေပြီ...ငါက ဒုက္ခိတဖြစ်နေပြီ"
သူက ဒဏ်ရာရနေသော ခြေထောက်၏ လမ်းလျှောက်ဟန်ကို တတ်နိုင်သမျှ အတုခိုးခဲ့သည်။
သူ နားနေခန်းထဲမှ ထော့နဲ့ထော့နဲ့ထွက်အလာတွင်ဒါရိုက်တာကျန်းပြောသည့်"အသိမိတ်ဆွေ" ကဘယ်သူလဲဆိုသည်ကို တွေ့လိုက်ရသည်။
ထောင်ထောင်ပါပင်။
နှစ်သစ်ကူး ပထမနေ့တွင် ထောင်ရွှမ့်လူနာဆောင်ထဲမှာ နှုတ်ဆက်စကားဆိုပြီးကတည်းက သူနှင့် ထောင်ထောင် မတွေ့ရတော့ပေ။ထောင်ထောင် အနီးနားက ရိုက်ကူးရေးမှာ ရိုက်ကူးနေသည်ကို သူအခုမှ သိခြင်းဖြစ်၏။
ဒါရိုက်တာကျန့်က သူတို့ကို တစ်ယောက်နှင့်တစ်ယောက် အတော်လေး ရင်းနှီးသည်ဟု ထင်ခဲ့ပေမဲ့ တကယ်တမ်းတွင် ဤသည်က တကယ့် ပလတ်စတစ်လို(အတုအယောင်) ခင်မင်မှုပါပင်။
"ကောင်းပြီ... သရုပ်ဆောင်တွေ နေရာယူ"
ဒါရိုက်တာကျန့်၏ အသံက လော်စပီကာမှ ထွက်ပေါ်လာသည်။
"ရှောင်ချီ...ထောင်ထောင်... တစ်ကြိမ်တည်းနဲ့ ပြီးအောင်ကြိုးစားရအောင်"
ချီရှင်းချန်က ထောင်ထောင်ကို တစ်ချက်ကြည့်ကာ ဦးအောင် ကုတင်အလယ်တွင် လှဲလျောင်းနေလိုက်သည်။ထောင်ထောင်က ဘာမှပြန်မပြော။ သူမက ဇာတ်ဝင်အသုံးအဆောင် ဗန်းကို ကောက်ယူပြီး လူနာဆောင် အပြင်ဘက်တွင် ရပ်လိုက်သည်။
ဇာတ်ညွှန်းစာရေးက ဘုတ်ပြားကို ရိုက်လိုက်သည်။
"နေဝန်းနီနီ... Scene 36...take 1...action"