Chapter 160
မွန်းတည့်နေက အရမ်းပြင်းသည်။ စစ်မြေပြင်ဆေးရုံ၏ ပျက်စီးယိုယွင်းနေသော ပြတင်းပေါက်များမှတစ်ဆင့် နေရောင်က ဝင်ရောက်လာပြီး သတိလစ်နေသော ဝူကျင်းထုံး၏ မျက်နှာကို လာထိုးသည်။ဝုကျင်းထုံ၏ မျက်တောင်များ တဖျပ်ဖျပ်ခတ်လာသည်။ ခြေထောက်ရှိ နာကျင်ကိုက်ခဲမှုနှင့် ကြီးမားသော သွေးဆုံးရှုံးမှုများက သူ့မျက်ခွံပေါ်တွင် ကျောက်တုံးတစ်ခု ဖိထားသလို ခံစားရစေသည်။ သူ မျက်ခွံများကို ဖွင့်၍မရခဲ့။
ခဏအကြာတွင် သူ နောက်ဆုံးတွင် မျက်လုံးဖွင့်ရန် ရုန်းကန်ပြီး ပတ်ပတ်လည်ကို ကြောင်တောင်တောင်ဖြင့် ကြည့်လိုက်သည်။
——— ငါဘယ်ရောက်နေတာလဲ
"တပ်ကြပ်ကြီးဝူ ရှင်နိုးပြီလား"
ထိုအချိန်တွင် သူနာပြုတစ်ဦးက ဆေးဗန်းနှင့်အတူ ဝင်လာသည်။
"ကျွန်မ ရှင့်ကိုပတ်တီးလဲပေးလို့... နည်းနည်းနာလောက်တယ်... သည်းခံပေးပါ"
သူမက စကားပြောနေရင်း သူ့ခြေထောက်ပေါ် ပိတ်စကို ဖြည်ပြီး ဒဏ်ရာကို သုတ်ပေးကာ ရောင်ရမ်းမှု သက်သာစေသော ဆေးဖြန်းသည်။ ရောင်ရမ်းမှုဆန့်ကျင်ဆေးသးက အလွန်နာကျင်သည်။ဝူကျင်းထုံ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
"ရဲဘော်... ငါ ဆေးရုံမှာလား"
"ဟုတ်တယ်...မနေ့ညက ရှင့်ခြေထောက်ကို သေနတ်နဲ့အပစ်ခံရလို့ ရှင့်ရဲ့ရဲဘော်တွေက ဆေးရုံကို ပို့လိုက်တာ"
"ရှေ့တန်းက အခြေအနေ ဘယ်လိုလဲ"
ဝူကျင်းထုန်က မေးသည်။
"မနေ့ညကတိုက်ပွဲမှာ သူတို့ နိုင်လား"
"အသေးစိတ်တော့ မသိဘူး...ရန်သူက စစ်ကူပို့တယ်လို့တော့ ကြားတယ်... တိုက်ပွဲက မပြီးသေးဘူးထင်တယ်"
၎င်းကိုကြားသောအခါ ဝူကျင်းထုံက ထထိုင်လိုက်ပြီး ကုတင်ပေါ်ကနေ ခြေဗလာနှင့် ဆင်းမည်ပြုသည်။သူက ဆေးဗန်းကို မတော်တဆ တိုက်မိလိုက်ရာ ဆေးပုလင်းများ ကြမ်းပြင်ပေါ် ပြုတ်ကျကာ တချွမ်ချွမ်မြည်လျက် လှိမ့်သွားသည်။
သူနာပြုက အမြန်တားလိုက်သည်။ "တပ်ကြပ်ကြီးဝူ လှဲအိပ်နေပါ...ရှင့်ခြေထောက်က လှုပ်လို့မရဘူး"
"မဟုတ်ဘူး... တပ်ခွဲနှစ်နဲ့တပ်ခွဲငါးက ညီအစ်ကိုတွေက ငါ့ကို လိုအပ်တယ်"
သူနာပြုဆရာမက စေတနာဒေါသတို့ဖြစ်လာ၏။
"ဒါပေမဲ့ ရှင့်ခြေထောက်က ဒဏ်ရာရထားတာ... ရှင်သွားရင်တောင် အသုံးမဝင်ဘူး"
"အဲလိုဆိုရင်တောင် ငါသွားချင်နေတုန်းပဲ... ရန်သူက ငါတို့နဲ့ ယှဉ်ရင် လူအရေအတွက် နှစ်ဆရှိတယ်...သူတို့က စစ်ကူရှိရင် ပိုတောင်သာသွားဦးမယ်...သေနတ်တစ်လက်ပိုလာတာ နောက်ထပ် အင်အားတစ်ခုရှိလာတာပဲ"
ဝူကျင်းထုံက သူ့ခြေထောက်ကို တရွတ်ဆွဲပြီး ထွက်သွားသည်။ ရုန်းကန်နေရင်း မတော်တဆ စုတ်ပြဲသွားသော ဒဏ်ရာက သွေးထွက်လာပြန်သည်။ သူနာပြုဆရာမက ချက်ချင်းလိုက်လာပြီး စိုးရိမ်တကြီး ဆိုသည
"တပ်ကြပ်ကြီး ဝူ...ရှင့်ဒဏ်ရာကို ဂရုမစိုက်ရင် ရှင့်ခြေထောက်က မသန်မစွမ်းဖြစ်သွားမှာရှင့်"
ငါ့ခြေထောက် မသန်မစွမ်းဖြစ်သွားမှာလား...
ဝူကျင်းထုံက ရုတ်တရက် လှည့်ကြည့်ပြီး ရယ်မောလိုက်သည်။
"ငါ့ခြေထောက် မသန်မစွမ်းဖြစ်သွားတော့ရော ဘာဖြစ်လဲ"
သူ သူ့ခြေထောက်ကို တရွတ်ပြန်ဆွဲလာကာ သူနာပြုဆရာမရှေ့မှာ ရပ်လိုက်သည်။ သွေးကြောများရဲရဲထနေသော မျက်လုံးများဖြင့် သူက တစ်လုံးချင်းဆိုလိုက်၏။
"တပ်ခွဲနှစ်နဲ့ တပ်ခွဲငါးမှာ လူဘယ်နှစ်ယောက်ရှိတယ်ဆိုတာ မင်းသိလား"
"စုစုပေါင်း စစ်သား ၃၂၆ ယောက်ရှိတယ်"
"မြစ်ကိုဖြတ်ဖို့ လူဘယ်နှစ်ယောက်ကျန်ခဲ့လဲ သိလား"
"လူ ၁၁၄ ယောက် ကျန်ခဲ့တယ်... ကျန်တဲ့ ၂၁၂ ယောက် စလုံးက မြေကြီးနဲ့ မြစ်ထဲမှာ အနားယူနေကြပြီ"
"အဲဒါက အသက်ပေါင်း ၂၁၂သက်... ငါက ခြေထောက်တစ်ဖက်ပဲဆုံးရှုံးရမှာ...ဘာအရေးလဲ"
ဝူကျင်းထုံ၏ နှုတ်ခမ်းများမှာ အံကြိတ်ထားမှုကြောင့် တုန်နေသည်။
"ငါ့မှာ လက်တစ်ဖက်ပဲကျန်တော့ရင်တောင် ငါ ဆက်တိုက်နိုင်သေးတယ်"
ထောင်ထောင် : "... "
"ကဒ်"
ထောင်ထောင်က ယခုလိုအမှားမျိုး လုပ်မိလိမ့်မည်ဟု မမျှော်လင့်ထားသော ဒါရိုက်တာကျန့်က ရပ်ခိုင်းပြီးဆိုသည်။
"အယ်...ထောင်ထောင် လိုင်းတွေကို မေ့သွားတာလား...အရင်ဆုံး ၁၀ မိနစ်လောက် အနားယူလိုက်... ခဏနေရင် တခြားဇာတ်ကွက်တွေ လုပ်မယ်... စိတ်မလှုပ်ရှားနဲ့"
"…"
ထောင်ထောင်က ခေါင်းငုံ့ကာ ယာယီနားနေခန်းဆီသို့ အရုပ်ဆိုးသောအမူအရာဖြင့် လျှောက်သွားသည်။
ဇာတ်ဝင်ခန်းထဲတွင် နှစ်မြှုပ်နေဆဲဖြစ်သော ချီရှင်းချန်က အသက်ပြင်းပြင်းရှူကာ မျက်လုံးများကို သုတ်လိုက်သည်။ မိတ်ကပ်ပြန်ဖို့ပြီး အခြားဇာတ်ဝင်ခန်းအတွက် ပြင်ဆင်ရန် ကျန်းကျန်းကိုရှာရန် နားနေခန်းသို့ပြန်ခဲ့သည်။
ခုနက ထောင်ထောင်က သူမလိုင်းတွေကို မေ့နေခြင်းမဟုတ်မှန်းသူပြောနိုင်၏။သူ့ သရုပ်ဆောင်မှုကို သူမ လိုက်မမှီနိုင်ခြင်းသာဖြစ်၏။
ထောင်ထောင်က အမြန်ချိန်ညှိလိုက်သည်။ နောက်ထပ် NG နှစ်ခုပြီးနောက်၊ စတုတ္ထမြောက်အကြိမ်မှာ နောက်ဆုံးတွင် ပြီးသွားသည်။
သူမက သူမ၏ကိုယ်ပိုင်ရိုက်ကူးရေးမှာ ရိုက်ကူးနေဆဲတန်းလန်းကြီးဖြစ်သည်ဒါရိုက်တာကျန့်ကို ဧည့်သည်သရုပ်ဆောင်အဖြစ် ကူညီရန် မနက်က ခွင့်ယူခဲ့သည်။ရိုက်ကူးပြီးနောက် သူမက ဒါရိုက်တာကျန့် နှင့် ပျော်ရွှင်စရာအချို့ကိုဖလှယ်ကာ ချီရှင်းချန်အား အတိုချုပ်နှုတ်ဆက်ပြီး အနီးနားက ရိုက်ကွင်းသို့အမြန်ပြန်သွားခဲ့သည်။
ထောင်ထောင်နှင့် ပထမဆုံးတွဲရိုက်တုန်းက ထောင်ထောင်က အမျိုးသမီးဇာတ်လိုက်ဖြစ်ပြီး ချီရှင်းချန်က တတိယအမျိုးသားဇာတ်ဆောင်ဖြစ်၏။ သူ၏သရုပ်ဆောင်မှုစွမ်းရည်က အတွေ့အကြုံ နည်းပါးပြီး ဇာတ်ဝင်ခန်းတစ်ခု ပြီးရန်အတွက် မနက်ခင်းအထိ မအိပ်မနေ မှန်ရှေ့မှာ လေ့ကျင့်ခဲ့ရသည်။
ယခုမူ ထောင်ထောင်က သူ့သရုပ်ဆောင်ချက်များကို လိုက်မမှီနိုင်တော့ပေ။ ဆိုလိုသည်မှာ သူ၏ ကြိုးစားအားထုတ်မှုမှာ အချည်းနှီးမဟုတ်ပေ။ သူဘာမှ ပြန်မရလျှင် လုံလောက်အောင် အလုပ်မကြိုးစားဘူးဟု ဆိုလိုခြင်းဖြစ်၏။
နေ့လည်ပိုင်းဇာတ်ဝင်ခန်းက ဒိုင်ယာလော့အခန်း ဖြစ်သည်။အချိန်ကာလက ဝူကျင်းထုံ ဒဏ်ရာမရခင်ကာလဖြစ်ပြီး ချီရှင်းချန်က သန့်ရှင်းသော စစ်ယူနီဖောင်းကို လဲဝတ်ကာ နေ့လယ်ခင်းတစ်ခုလုံး ဇာတ်လိုက်မင်းသမီးနှင့် စကားစမြည်ပြောဆိုခဲ့သည်။ဤသည်ကဆွတ်ပျံ့လွမ်းမောဖွယ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပင်။
အနမ်းခန်းပြီးနောက် ဒါရိုက်တာကျန့်က သူ့ကို ကျေနပ်စွာ လက်မထောင်ပြပြီး ချီရှင်းချန်ကို မေးငေါ့ ပြသည်။
"ရှောင်ချီ ...သူက မင်းကို ရှာနေတာထင်တယ်"
ကျန်အဖွဲ့သားများက သူ့ကို မသင်္ကာဖွယ်ကောင်းလောက်အောင် ကြည့်နေကြသည်။
"ကျစ် ကျစ် ကျစ်"
သူ့ကိုဘယ်သူရှာနေတာလဲ... လူတိုင်းမှာ ဘာကြောင့် ဒီလို တုံ့ပြန်မှုတွေ ရှိနေတာလဲ...
ချီရှင်းချန် ဒါရိုက်တာကျန့် ညွှန်ပြနေသည့် လမ်းကြောင်းအတိုင်း ကြည့်လိုက်သည်။
ထို့နောက် နေကာမျက်မှန်နှင့် တံငါဦးထုပ်ကို ဝတ်ဆင်ထားသည့် ပိုင်ရဲ့ကို ရိုက်ကွင်း၏ဘေးတွင် တွေ့လိုက်ရသည်။
ချီရှင်းချန်၏ မျက်လုံးများတွင် စကားလုံးနှစ်လုံး တောက်ပလာသည်။
"ဖာ့ခ်"
ဖာ့ခ်...ပိုင်ရဲ့က သူ့အနမ်းခန်းကို မမြင်သွားလောက်ပါဘူးနော်...
ဖာ့ခ်... သူဘာလို့ ဒီလိုတိုက်တိုက်ဆိုင်ဆိုင် လာရတာလဲ...
လွန်ခဲ့သည့် ရက်အနည်းငယ်က ပိုင်ရဲ့က သူ့ဆီကို အလည်လာမည်ဟု ကတိပေးခဲ့တသည်။ချီရှင်းခန်က ခဏလောက်စောင့်ရမည်ဟု ထင်ထားပေမဲ့ ဤမျှလောက်စောပြီးရောက်လာရန် မမျှော်လင့်ထားပါချေ။သူ့အဝတ်အစားကို လဲရန် အချိန်မရှိတော့ပေ။ ပြေးသွားပြီး "အခုမှ ရောက်တာလား"ဟု အသံတိုးတိုးဖြင့် မေးလိုက်သည်။
"မဟုတ်ဘူး...ရောက်နေတာ နည်းနည်းကြာပြီ"
"ဘာလို့မခေါ်တာလဲ"
"မင်းက အနမ်းခန်းကို အရမ်းအလေးအနက်ထားနေမှန်း ကိုယ်မြင်တယ်"
ပိုင်ရဲ့က ပေါ့ပေါ့ပါးပါး ပြောသည်။
"မင်းသရုပ်ဆောင်တာကို မထိခိုက်စေချင်ဘူး"
ချီရှင်းချန် ငိုချင်သော်လည်း မျက်ရည်ကမကျ။သူက အနမ်းခန်းများကို လုပ်နိုင်မည်မဟုတ်ကြောင်း ဒါရိုက်တာအား အထူးတလည်ပြောထားပြီး ဖြစ်သောကြောင့် အနမ်းခန်းနှင့် အိပ်ရာပေါ်ကအခန်းအားလုံးကို ကင်မရာရှုထောင့်အတုများဖြင့် လုပ်ဆောင်ရမည်ဖြစ်သည်။သို့တိုင် နောက်ဆုံးမှာ သူ လူအမိခံလိုက်တုန်းပင်။
သူ၏ညှိုးငယ်နေသော မျက်နှာလေးကို ကြည့်ပြီး ပိုင်ရဲ့က ခေါင်းလှည့်ကာဆိုသည်။
"အားလွင်... အဖွဲ့သားတွေအတွက် ကျောက်ပုစွန်နဲ့ ကဏန်းတချို့ သွားဝယ်ပြီး ဟင်းပွဲတချို့ပါဝယ်ခဲ့... ကိုယ့်ဘာကိုယ်ကြည့်ဝယ်လိုက်"
သူ့လမ်းညွှန်ချက်ပေးပြီးနောက် ပိုင်ရဲ့က ဒါရိုက်တာကျန်းနှင့် ခဏတာ စကားပြောရန် သွားခဲ့သည်။ ထို့နောက် သူက ချီရှင်းချန်ကို ပြန်လာခေါ်သည်။ သူက မျက်ခုံးပင့်ပြီးဆိုသည်။
"ဗိုလ်ကြီး...ကိုယ့်ကို မင်းရဲ့နေရာကို ခေါ်သွားပေးပါဦး"
…ဖာ့ခ်
ချီရှင်းချန် ကြီးကြီးမားမား အကျပ်အတည်းရောက်နေသလို ခံစားခဲ့ရသည်။ ခေါင်းငိုက်စိုက်ချကာ ပိုင်ရဲ့ကို သူ့နာနီကားဆီ ခေါ်သွားခဲ့သည်။
ဟိုတယ်က ရုပ်ရှင်ရိုက်ကူးရာမြို့နှင့် မဝေးပေ။လမ်းတစ်လျှောက်တွင် ချီရှင်းချန် ပိုင်ရဲ့၏မျက်နှာကိုကြည့်ကာ ခါတိုင်းထက်နိမ့်သောအသံဖြင့်ပြောခဲ့သည်။ ဟိုတယ်ထဲသို့ဝင်ပြီးနောက် ပိုင်ရဲ့အတွက် ရေရှာရန် မီးဖိုချောင်သို့ အမြန်သွားခဲ့သည်။ သူထွက်လာသောအခါတွင် ပိုင်ရဲက ဦးထုပ်နှင့် နေကာမျက်မှန်ကို ချွတ်လိုက်ပြီး သူကော်ဖီစားပွဲပေါ်၌ သာမန်ကာလျှံကာ ထားခဲ့သော ဇာတ်ညွှန်းကို ဆိုဖာပေါ်တွင် ထိုင်ကာ ဖတ်နေသည်ကို တွေ့လိုက်ရသည်။
"ဟိုဟာ..."
ချီရှင်းချန် သူ့ကိုယ်သူ မနေနိုင်ဘဲရှင်းပြလိုက်သည်။
"ခုနက အနမ်းခန်းက ကင်မရာထောင့်အတုတွေ... အဲဒါက အစစ်မဟုတ်ဘူး"
ပိုင်ရဲ့က "အင်း"ဟု အသံပြုသည်။
"ကျွန်တော့်မှာ ရည်းစားရှိလို့ အနမ်းခန်းနဲ့ အိပ်ပေါ်က အခန်းတွေ ရိုက်ရတာ အဆင်မပြေဘူးလို့ဒါရိုက်တာကို ပြောခဲ့ပြီးသား ...ဒါရိုက်တာက ကျွန်တော့်ကို ကောင်းကောင်း ဂရုစိုက်ပြီး သဘောတူတယ်"
ပိုင်ရဲ့က အင်းပြုပြန်သည်။
ချီရှင်းချန် တစ်ဖက်သား၏ ဒေါသမပြေသေးသောအခါ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ ၎င်းကို တွေးကြည့်ပြီးနောက် သူ့အနေဖြင့် ပုံမှန်မဟုတ်သော နည်းလမ်းများကို သုံးရုံသာတတ်နိုင်ခဲ့သည်။
သူ လမ်းလျှောက်လာပြီး ပိုင်ရဲ့၏ဘေးမှာ ဝင်ထိုင်လိုက်သည်။ သူက ပိုင်ရဲ့၏လက်ကိုဆွဲကာပြောလိုက်သည်။
"စိတ်မဆိုးပါနဲ့နော်...ကျွန်တော်မှားပါတယ်"
ပိုင်ရဲ့က ခေါင်းယမ်းလိုက်သည်။ "မဟုတ်ဘူး... မင်းမမှားဘူး...မှားတဲ့သူကိုယ်ပါ"
ချီရှင်းချန် အံ့ဩသွားသည်။
"ခင်ဗျားက ဘာအမှားလုပ်မိလို့လဲ"
"ချစ်ခန်းကြိုက်ခန်းတွေက ရှောင်လွှဲလို့ မရဘူးဆိုတာ ကိုယ်သိတယ်...မင်း ကိုယ်အတွက် ကင်မရာရှုထောင့်အတုတွေကို သေချာရွေးချယ်ရမယ်ဆိုတာ လည်း ကိုယ်သိတယ်"
ပိုင်ရဲ့က အသံဖွဖွလေးနှင့် ဆိုသည်။ "ဒါပေမဲ့ ကိုယ်တိုင်မြင်ရတဲ့အခါ အဆင်မပြေဖြစ်နေတုန်းပဲ"
ချီရှင်းချန် အစပိုင်းတွင် မတရားခံရသလို ခံစားရသော်လည်း ပိုင်ရဲ့၏စကားကိုကြားပြီးနောက်တွင် သူစိတ်မကောင်းဖြစ်ခဲ့ရသည်။သူ တိုးတိုးလေးပြောလိုက်သည်။
"ဒါဆို ကျွန်တော် ဘာလုပ်ရမှာလဲ”
"ရပါတယ်... ကိုယ် ခဏလောက် စိတ်အေးအေးထားလိုက်မယ်"
"မဟုတ်ဘူး"
ချီရှင်းချန် ပိုင်ရဲ့ကိုထိုအကြောင်း တစ်ယောက်တည်း မစဥ်းစားနေခိုင်းရက်ပေ။
"ကျွန်တော် ခင်ဗျားကိုချော့မယ်...ကော ဘာလိုချင်လဲ"
ဖန်လေးက ငါးစာလာဟပ်သောအခါ ပိုင်ရဲ့ မထိန်းနိုင်လုနီးပါးဖြစ်သွားသည်။ သူက ခေတ္တရပ်ပြီး သူ့ခြေထောက်ကို လက်ဖြင့်ပုတ်လိုက်သည်။
"ဒါဆို လာထိုင်ချည်...ကိုယ်မင်းကိုဖက်ထားပါရစေ"
တစ်ဖက်လူ၏တောင်းဆိုချက်ကိုကြားသောအခါ ချီရှင်းချန် လွယ်လိုက်တာဟုစိတ်ထဲမှာပြောမိသည်။သူက ပိုင်ရဲ့ကို မျက်နှာမူပြီး ပေါင်ပေါ်မှာ ထိုင်လိုက်သည်။တစ်ဖက်လူ၏နှာတံဖျား၊ နှုတ်ခမ်းထောင့်နှင့် မေးစေ့တို့ကို နမ်းရှိုက်ရင်း တောင်းပန်လိုက်သည်။ပိုင်ရဲ့က သူ့ကို ညင်သာစွာ ပြန်နမ်းလာသည်။
ပထမတုန်းက သူ့ကို ချော့ရန်ဖြစ်ပေမဲ့ နမ်းလိုက်သည့်အခါ သူတို့၏ လျှာတွေက မသိစိတ်နေ ရောထွေးသွားကြသည်။သူတို့ မတွေ့ရသည်က ကြာပြီဖြစ်သည်။ပိုင်ရဲ့၏ အနမ်းတွေက ပငယ်ငယ် ကြမ်းတမ်းသည်။ချီရှင်းချန်သည်းမခံနိုင်။ သူ့နှလုံးခုန်သံက ပိုမြန်လာပြီး သူ့စိတ်တွေ ပိုပို၍ ရှုပ်ထွေးလာသည်။
ယောင်ဝါးဝါးဖြင့် သူ့ခြေထောက်ပေါ်မှာ အေးစက်သွားသလို ခံစားလိုက်ရသည်။ အေးစက်မှုက သူ့ကို အနည်းငယ် နိုးကြားလာစေသည်။သူ အောက်ကို ငုံ့ကြည့်လိုက်သည်...
သူ့ စစ်ဘောင်းဘီ နဲ့ ဖိနပ်တွေ မရှိတော့ဘူး...
၎င်းကိုမြင်သောအခါ ချီရှင်းချန် သူ မုဆိုး၏ထောင်ချောက်ထဲကို ရောက်သွားခြင်းဖြစ်နိုင်မှန်း ရုတ်တရက် သိလိုက်ရသည်။ သူ့လည်ပင်းကိုမော့လိုက်ပြီး ပိုင်ရဲ့ကို ရှုံ့ချချင်ပေမဲ့ သူ့နားတစ်ဖက် ရုတ်တရက် စုပ်ယူခြင်းခံလိုက်ရသည်။
ပိုင်ရဲ့ သူ့နားထဲကို တိုးတိုးလေး ပြောသည်။
"ကင်မရာရှိမရှိ စစ်ပြီးပြီလား"
"… ဟုတ်ကဲ့"
သူစကားပြောလိုက်သောအခါ ချီရှင်းချန်၏ ခန္ဓာကိုယ်က ပျော့ခွေသွားသည်။
"အနီအောက်ရောင်ခြည် ကိရိယာနဲ့ စစ်ဆေးထားတယ်... အရမ်းစိတ်ချရတယ်"
"မင်းမှာ တစ်ခုခုရှိလား"
"ဟုတ်...ကျွန်တော့် ဗီရိုထဲမှာရှိတယ်"
ချီရှင်းချန်က သူ့အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။
"ဘယ်ဘက်အောက်ခြေထောင့်မှာ အပြာရောင် အိတ်တစ်လုံးရှိတယ်"
ပိုင်ရဲ့က သူ့ကိုပွေ့ထားရင်း မတ်တပ်ထရပ်လိုက်သည်။ချီရှင်းချန်က သူပြုတ်ကျမှာကို ကြောက်သည့်အတွက် ပိုင်ရဲ့၏ ပါးလွှာသော ခါးမှာ သူ့ခြေထောက်တွေကို အမြန်ရစ်ပတ်လိုက်သည်။ နှစ်ယောက်သား ထိုပုံစံအတိုင်း ဗီရိုဆီသို့ လျှောက်သွားကြသည်။ချီရှင်းချန် ပွတ်တိုက်ခံရခြင်းကြောင့် အနေရခက်သဖြင့် မထိန်းနိုင်ဘဲကိုယ်ကိုလိမ်လိုက်သည်။
ပိုင်ရဲ့က သူ့နောက်ကျောကို ပုတ်လိုက်သည်။
"စိတ်မပူပါနဲ့...ကိုယ် တစ်ခုခုရှာပြီးတဲ့အထိ စောင့်... မင်းက အရမ်းကြီးအထဲရောက်အောင်ထားထားတာပဲဟမ်... စတော်ဘယ်ရီလိုချင်လား"
ချီရှင်းချန်: "…"
ဘာလို့ အကျယ်ကြီး ထုတ်ပြောတာလဲ...
"မဖြေရင် လက်ခံတယ်လို့ ယူလိုက်မယ်နော်"
"…"
ချီရှင်းချန် ရှက်လွန်း၍ စကားမပြောနိုင်။
ပိုင်ရဲ့လည်း ပွတ်တိုက်ခံရမှုကနေ အတော်လေး အဆင်မပြေဖြစ်နေပြီဖြစ်၍ သူ့ကို ဆက်ပြီးမစချင်တော့။ ဆိုဖာပေါ်ပြန်ပွှေ့လာပြီး ပုလင်းကို သူ့လက်ထဲထည့်ပေးလိုက်သည်။
"ကိုယ့်ဘာကိုယ် ပြင်
ဆင်တတ်လား"
ချီရှင်းချန်: "...ကျွန်တော်... ကျွန်တော် ကြိုးစားကြည့်မယ်... အင်္ကျီအရင်ချွတ်လိုက်မယ်"
"မချွတ်နဲ့"
ပိုင်ရဲ့က သူ့ကို တားလိုက်သည်။
"ကိုယ် မင်းဒီအင်္ကျီဝတ်ထားတာတွေ့ချင်တယ်"
"… ကောင်းပြီ"