အပိုင်း ၇၉
Viewers 12k

သို့သော်လည်း ဝမ်မင်ယီက သူမကိုမားမားဖန်
တစ်ယောက်ဟု ပြောထားပြီးသားဖြစ်၍ ပြုံးပြရုံသာရှိပြီး ပြောလိုက်၏။
"ကျွန်မအရင်က မလိုက်ဘူးပေမဲ့ မင်မင်ကိုမြင်လိုက်တာနဲ့ လိုက်ဖမ်းတော့တာပဲ...မတတ်နိုင်ဘူးလေ...ကျွန်မတို့မိသားစုဝင်လေးက အရမ်းချစ်စရာကောင်းလွန်းနေတယ်...နတ်သားလေးလိုပဲ!"
အန်နာ : …ဒီကြယ်ပွင့်တွေနောက်လိုက်တဲ့သူမှာ တကယ်ခံစားချက်တွေရှိနေတာပဲ ။ နတ်သားလေး...ကျွန်မတို့မိသားစုဝင်နဲ့တောင်ဖြစ်နေပြီ။
ဆူဇန် အချိန်တိုလေးအတွင်း အမြန်
ပြေးလာသည်။ သူမ၏ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ပြီး ဝမ်ဝေ့အား ခေါင်းညိတ်ပြကာပြောလိုက်သည်။
"ကျွန်မ ဝမ်မင်ယီကို မိတ်ကပ်လိမ်းပေးပါ့မယ်"
"ဟုတ်တယ်...မင်း သူ့ကို ပိုပြီး သဘာဝဆန်ဆန် လေးပြင်ပေးလိုက်နော်...အရမ်းကြီးမထူစေနဲ့... သူက အငယ်လေးရှိသေးတယ်...ရင့်ကျက်တဲ့အပြင်အဆင်နဲ့မလိုက်ဖက်ဘူး"
"ဟုတ်ကဲ့"
ဝမ်မင်ယီကို ခုနကမိတ်ကပ်လိမ်းပေးသည့် မိတ်ကပ်ပညာရှင်က ဒါကိုကြားပြီး ချက်ချင်းပင် မျက်နှာအနည်းငယ်ပူသလို ခံစားလိုက်ရ၏။
ဆူဇန်မှာ ကိုယ်ပိုင် လက်ထောက်ရှိတာကြောင့် သူမဟာ အသုံးမဝင်တော့သည်အတွက် သူမဘာသာသူမ အရင်ထွက်လာလိုက်တော့သည်။
"TOP" မဂ္ဂဇင်းရုံးခန်းဧရိယာတဝိုက်သည် ယခုအချိန်တွင် ဗုံးပစ်ချလိုက်ကဲ့သို့ ပေါက်ကွဲထွက်သွားပြီး လူများစွာက "အယ်ဒီတာချုပ် ဘာလို့ရုတ်တရက်ရောက်လာတာလဲ" ဟု အသံတိုးတိုးဖြင့် ဆွေးနွေးနေကြသည်။
"ပြီးတော့ ဆူဇန်...ဒီနေ့ သူ့ရဲ့အားလပ်ရက် မဟုတ်ဘူးလား"
"ဟုတ်တယ်...လင်းဝေ့ မဂ္ဂဇင်းလာမရိုက်ခင်ထိ ဆူဇန်လည်းမိတ်ကပ်လာမပြင်ပေးဘူးလေ... သူက အားလပ်ရက်မှာ အလုပ်လုပ်မှာမဟုတ်ဘူး...မယ်ရီကိုပဲ တာဝန်ယူခိုင်းမယ်လို့ပြောသေးတယ်လေ"
"အခု အဝတ်လဲခန်းထဲမှာ ဘယ်သူရှိနေတာလဲ...လင်းဝေ့ထက် နာမည်ကြီးတဲ့သူလား"
"မဖြစ်နိုင်ဘူး မဟုတ်လား...လင်းဝေ့က ဧကရာဇ်လိုပဲလေ"
"ဒါပေမဲ့ ဆူဇန် နဲ့ အယ်ဒီတာချုပ်တို့ နှစ်ယောက်လုံး ဝင်သွားကြတယ်...ပြီးတော့ လင်းဝေ့ ရိုက်ကူးတဲ့နေ့မှာ အယ်ဒီတာချုပ်က မသွားခဲ့ဘူးလေ"
"ဒါက ဝမ်မင်ယီ ဖြစ်ပုံရတယ်"ဟု တစ်ယောက်ယောက်က ထပြောလာသည်။
"ငါ ခုနက ဖြတ်သွားတော့ တံခါးပိတ်မထားဘူး...
မသဲမကွဲမြင်ရတာတော့ သူလိုပဲ"
"ဝမ်မင်ယီမှာ ဒီလောက်ကြီးတဲ့ ပွဲတော့မရှိလောက်ဘူးလေ"
"အဲ့ဒါ ဝမ်မင်ယီပဲ...ငါအခုလေးတင် အမ်မာရေးနေ တဲ့ စာမူကြမ်းကို မြင်ခဲ့တာ...အဲ့ဒါဝမ်မင်ယီအကြောင်း ပဲ"
"အမ်မာက ဝမ်မင်ယီအတွက် စာမူရေးနေတယ်!! ဒါဆို ဒီissueရဲ့ ကာဗာမှာ လင်းဝေ့ကိုမထားဘူးပေါ့?"
"ငါအခုလေးတင်ကြားတာတော့ လင်းဝေ့ဟုတ်ပုံမရဘူး...လင်းဝေ့ကို နောက်issueကိုရွေ့လိုက်ပြီတဲ့
...ဒီissueက ဝမ်မင်ယီ "
"Fuck! ဒါကမဖြစ်နိုင်ဘူး! ဝမ်မင်ယီက ပွဲဦးထွက်ခါစလေ... ၊ သူ့မှာ အခုထိ လေးစားလောက်တဲ့
လက်ရာ တစ်ခုမှမရှိသေးဘူး...ပြီးတော့ သူက အသက် 19 နှစ်ပဲရှိသေးတာ... ငါတို့က ပထမအဆင့် အမျိူးသားမဂ္ဂဇင်းလေ !"
"ဘယ်သူသိမလဲ... ဒါပေမဲ့ ငါအခုလေးတင် ကြားတဲ့သတင်းအရတော့ ဝမ်မင်ယီက ဒီissueအဖြစ်ပြောင်းသွားပြီတဲ့"
“တခြားမဂ္ဂဇင်းတွေက ငါတို့ကို သေအောင် ရယ်နေလိမ့်မယ်"
တစ်စုံတစ်ယောက်က စောဒကတက်လာသည်။
"နည်းလမ်းမရှိဘူး... ထားလိုက်ပါ...ငါတို့ဒီကိစ္စကို မတတ်နိုင်ဘူး... အယ်ဒီတာချုပ်ပြောတာကိုပဲ နားထောင်လိုက်”
တစ်ချိန်တည်းမှာပင် "TOP" မဂ္ဂဇင်း၏တရားဝင် Weibo မှလည်း Weibo အပ်ဒိတ်အသစ်ကိုတင်ခဲ့သည်- အကောင်ကြီးကြီးလာနေပြီ ! ဒီisuueမှာsurpriseတွေပါတယ်နော!!!
မင်းဘယ်တော့မှ မခန့်မှန်းနိုင်တဲ့ အကောင်ကြီးကြီး !
အောက်တွင် တစ်ယောက်ယောက်က မှတ်ချက်ပေးပြီး မေးလာသည်- လင်းဝေ့ကို ဆိုလိုတာလား။
အယ်ဒီတာ၏အကြောင်းပြန်စာ - လင်းဝေ့ရဲ့coffee position ထက် အများကြီး ပိုကြီးတယ်~
လင်းဝေ့ ဖန်တွေက ပဟေဠိဖြစ်သွားပြီး ဖန်Groupထဲတွင်း ဆွေးနွေးနေကြသည်–မကြာသေးခင်က ငါတို့အစ်ကိုထက်ပို နာမည်ကြီးတဲ့လူ တစ်ယောက်ယောက်များ TOPမှာရှိလာသေး လား"
"မရှိဘူး"
"သတင်းမကြားမိသေးဘူး"
"ဒါပေမဲ့ အယ်ဒီတာက ငါတို့အစ်ကိုမဟုတ်ဘူးလို့ ပြန်ဖြေတယ်... သူကလျှောက်မပြောလောက်ဘူးလေ"
"ဘယ်သူဖြစ်နိုင်မလဲ?"
ဤWeiboသည် အလျင်အမြန်ပင် screenshot တစ်ခုဖြင့်ဖိုရမ်သို့ရောက်သွားပြီး ဖရဲသီးစားနေသူများက တစ်ယောက်ပြီးတစ်ယောက် ထိုအကြောင်းကို ပြောနေကြသည်။
"လင်းဝေ့ မဟုတ်ဘူးဆိုရင် ...အဲဒါကဘယ်သူလဲ"
"လင်းဝေ့က ဧကရာဇ်တစ်ယောက်လေ... သူက သူနာမည်ကြီးတာထက်တောင် အများကြီးပိုကြီးနေတုန်းပဲ...ဒါရိုက်တာ ဒါမှမဟုတ် မင်းသားပဲဖြစ်ရမယ်"
" "Top" ရိုက်မဲ့ ဒါရိုက်တာတို့... ရုပ်ရှင်မင်းသားတို့တော့ ငါမကြားမိပါဘူး"
"ဝမ်မင်ယီ အကြောင်းပြောရရင်ရော ဒါက TOP issueပဲလား"
"အပေါ်ထပ်ကလူ ဟာသမလုပ်ပါနဲ့... ဝမ်မင်ယီကအခုဘယ်အဆင့်မို့လို့လဲ.... လင်းဝေနဲ့ အတူတူနီးပါးလား....ဝမ်မင်ယီ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ဝမ်မင်ယီ၏ဖန်တွေကလည်း အမြန်ဝင်ပြောကြ၏။
"ဝမ်မင်ယီကို ဘေးဖယ်ထားပါ ...ဝမ်မင်ယီ မဖြစ်နိုင်ပါဘူး... ဝမ်မင်ယီက လူသစ်တစ်ယောက်ပဲရှိသေးတာ...နာမည်ကြီးမဟုတ်လို့ သူ့ကိုဖယ်ထားပေးပါ"
ထိုသို့ပြောနေစဉ်အတွင်း တစ်စုံတစ်ယောက်က
ပို့စ်အသစ်တစ်ခုတင်လိုက်သည်။
[အတွင်းသတင်း... ဒီလထဲမှာ TOP ရဲ့ကာဗာက လင်းဝေ့ မဟုတ်လောက်ဘူး...အတိအကျနော်!]
လင်းဝေ့ရဲ့ဖန်တွေနဲ့black fan တွေက ပို့စ်ကို ချက်ချင်းဝင်ပြီး ဘာတွေဖြစ်နေတာလဲဟု မေးနေကြသည်။
ပို့စ်တင်သူ-[ "ကျွန်တော် အခုလေးတင်ရရှိတဲ့သတင်းအရ ယာယီပြောင်းသွားပါတယ်... မူလက လင်းဝေ့လို့သတ်မှတ်ထားပေမဲ့ ရုတ်တရက်ကြီး တခြားသူဆီ ပြောင်းသွားတယ်... မကြာခင်ရက်ပိုင်းအတွင်း မဂ္ဂဇင်းထွက်လာရင် သိလာပါလိမ့်မယ်"]
"(ဒါဆို လင်းဝေ့ထက် အကောင် ပိုကြီးတဲ့သူ တကယ်ရှိနေတာပေါ့)
(Fuck...**** က ဘယ်သူလဲ! အခုတလော တခြားသူတွေဆီကလည်း TOPရိုက်မယ်လို့ ငါမကြားမိဘူးထင်တယ်)
(မယုံဘူး... လင်းဝေ့နဲ့ပတ်သက်တဲ့ သတင်းတွေက လအတော်ကြာအောင် ပျံ့နေတာ...အဲဒါက ဖေဖေါ်ဝါရီလထုတ် ကာဗာလို့ ပြောနေကြတာ... အထူးသဖြင့် လင်းဝေ့က တမြန်မနေ့ကတည်းက ရိုက်ကူးရေးပြီးသွားတာကို ခုချိန်မှဘာလို့ပြောင်းသွားတာလဲ...ငါမယုံဘူး)
(ဒါက အတုလို့ ထင်တာပဲ....မဖြစ်နိုင်ဘူး)
မူရင်းပိုစ်တင်သူ- ("ဘာပဲဖြစ်ဖြစ် မဂ္ဂဇင်းက လကုန်ရင် ထွက်တော့မှာမို့လို့ အဲ့ကျဖတ်ကြည့်ကြတာပေါ့")
အွန်လိုင်းပေါ်တွင် ဆွေးနွေးမှုတွေ အများကြီးရှိခဲ့ကြ၏။ အော့ဖ်လိုင်းလေးဝမ်မင်ယီသည် သူ၏မိတ်ကပ်ကို လိမ်းခြယ်ထားပြီးသားဖြစ်ပြီး ဝမ်ဝေ့က ရိုက်ကူးရေးအတွက် ပြင်ဆင်ရန် သူ့အတွက် အဝတ်အစားများကို ရွေးချယ်ပေး ခဲ့သည်။
ဝမ်ဝေ့ သူမ၏ အိတ်ထဲမှ ကင်မရာကို ထုတ်ယူလိုက်ပြီး ဝမ်မင်ယီကို ကြည့်ကာ
"သွားစို့...စတူဒီယို အဆင်သင့်ဖြစ်နေပြီ"
ဝမ်မင်ယီ သူမနောက်ကို လိုက်သွားခဲ့သည်။
အန်နာက သူ့နှင့် တစ်လမ်းလုံးအတူ လိုက်သွားပြီး ဝမ်မင်ယီကို ချီးကျူးရန်လည်း မမေ့ခဲ့ချေ။
"သိသိသာသာပဲ... သူက တကယ်ကို ကြည့်ကောင်းတယ်...ကျွန်မ ဒီမှာ သူနဲ့အသက်တူတဲ့ နာမည်ကြီး တချို့ကို တွေ့ဖူးပေမဲ့... သူ့ထက် ပိုချောတဲ့သူ တစ်ခါမှ မတွေ့ဖူးဘူး ."
ဝမ်ဝေ့က ဂုဏ်ယူနေပြီး
"ဒါပေါ့...မင်မင်က သူ့အလိုလိုကို ကြည့်ကောင်းနေတာပဲ"
ဝမ်မင်ယီ ":..." သူ့ကို.မမေးနဲ့ ...ပြောရတာ ရှက်စရာကြီး။
သူ့ရဲ့ လက်ရှိဝတ်စားဆင်ယင်မှုက အရမ်းကိုရိုးရှင်းလေသည်။ ကိုယ်ထည်အပေါ်ပိုင်းသည် အထူးကောင်မွန်ပြီး ကျွမ်းကျင်စွာချူပ်လုပ်ထားသည့် လက်ရာမြောက်သော ခေတ်ဟောင်းအင်္ကျီအဖြူရောင်တစ်ထည် ဖြစ်သည်။ ကော်လာနှင့် လက်ပတ်များကို အဖြူရောင်ဇာဖြင့် ဖြည့်စွက်ထားသည်။ လက်ကြယ်သီးများသည် နီလာရောင်ဖြစ်သည်။ အလွန်တန်ဖိုးကြီးသည့်ဟန်ပေါ်ပြီး ဥရောပရုံးတော်စတိုင်ဖြစ်လေ သည်။ ခန္ဓာကိုယ်အောက်ပိုင်းကတော့ ရိုးရှင်းပါသည်။ အနက်ရောင်ပန့်တစ်ထည်ဖြစ်၏။
ဝမ်ဝေ့က သူနှင့်အတူ ပထမ စတူဒီယိုသို့ သွားခဲ့သည်။ ဝန်ထမ်းတွေက သူ့ကိုကူ၍ စတူဒီယိုထဲရှိ မီးများအားလုံး ဖွင့်ပေးကြသည်။
ဝမ်မင်ယီ စတူဒီယိုအလယ်သို့ လျှောက်သွားလိုက်၏။ဝမ်ဝေ့က ကင်မရာကို ထုတ်လိုက်ပြီး အလင်းကို ချိန်ညှိကာ စတင်ရိုက်ကူးပါတော့သည်။
ဒီတစ်ခါ theme ကလည်း အရမ်းပင်ရိုးရှင်းပါ၏ ။အလင်းရောင်နှင့် အရိပ်ပင်။
ပထမGroupက အလင်းရောင် ။ ဝမ်မင်ယီ ၏ မျက်လုံးများသည် နွေးထွေးပြီး အပြုံးရိပ်ပါးပါးလေးရှိနေ၏။ ဝမ်ဝေ့ သူ့ကို ကြည့်ကာ သူမလက်ထဲက ကင်မရာကို မြှောက်လိုက်သည်။
သူမက ဝမ်မင်ယီအား ပြတင်းပေါက်ကို မှီခိုင်းလိုက်ပြီး နေရောင်များဖြင့် လွမ်းခြုံနေစေ၏။ဝမ်မင်ယီ သူ၏မျက်လုံးများကိုမှိတ်ကာ
ခေါင်းကို အနည်းငယ်မော့ထားလိုက်သည်။ ဝမ်ဝေ့ ဓာတ်ပုံတစ်ချိူ့ ရိုက်ပြီးနောက် သူ့အား သူမကိုပြန်ကြည့်ပြီး ပြုံးပြခိုင်းလိုက်သည်။ ဝမ်မင်ယီ ခဏလောက်စဉ်းစားပြီး သူ၏မျက်လုံးကို ဖြည်းညှင်းစွာမှိတ်လိုက်သည်။ထို့နောက် သူမသူ့နာမည်ကိုခေါ်လိုက်သောအခါ ရုတ်တရက် သူ၏မျက်လုံးများပွင့်လာပြီး နှုတ်ခမ်းထောင့်ရှိချိတ်ဆွဲထားသော အပြုံးတစ်ခုနှင့်အတူ သူမအားမျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။
ဝမ်ဝေ့ ထိုအချိန်တွင် သူမမှင်စာတစ်ကောင်ကို မြင်လိုက်ရသလိုမျိုး ခံစားလိုက်ရသည်။
အရမ်းစမတ်ကျလွန်းတယ်! အံ့ဩစရာပဲ!
သူမသည် ထိုမြင်ကွင်းကို အမြန်ရိုက်ပြီးနောက် ဝမ်မင်ယီကို မဂ္ဂဇင်းတိုက်၏လသာဆောင် သို့ သွားခိုင်းပြီး အပြင်ထွက်ခဲ့လိုက်သည်။
လသာဆောင်သည် သေးငယ်သော ဥယျာဉ်တစ်ခုဖြစ်ပြီး ဝမ်မင်ယီသည် ဒဏ္ဍာရီလောကရှိ မင်းသားငယ်တစ်ဦးကဲ့သို့ ဥယျာဉ်ထဲတွင် ထိုင်နေလျက်ရှိသည်။ ဝမ်ဝေ့ ဓာတ်ပုံအနည်းငယ်ရိုက်ပြီးနောက် ရိုက်ကူးရေး၏ themeအတွက်ပြင်ဆင်ရန် သူ့ကိုယ်ပေါ်ရှိ အဖြူရောင်ရှပ်အင်္ကျီကို စီးရီးတူသည့် အနက်ရောင်ရှပ်အင်္ကျီဖြင့် အစားထိုးခိုင်းလိုက်သည်။
ဤgroupရှိ ဝမ်မင်ယီ ၏အမူအရာများသည် ရင့်ကျက်ပြီး လွမ်းဆွေးစရာဖြစ်လာသည်။ သူ့မိတ်ကပ်နှင့် ဆံပင်က မပြောင်းလဲသေးဘဲ အဝတ်တစ်ထည်သာ ပြောင်းသွားသော်လည်းခံစားမှုသည်ကား ယခင်ကနှင့် လုံးဝကွဲပြားသွားခဲ့လေသည်။
သူက အရာအားလုံးကို စိတ်မဝင်စားသလိုမျိူး သူ၏မျက်လွှာများကို ဖြည်းညှင်းစွာ ပင့်လိုက်၏။ထို့နောက် လောကကြီးကို ငြီးငွေ့နေသလိုမျိူး သူ၏မျက်လုံးကိုမှိတ်ထားလိုက်သည်။
ဝမ်ဝေ့က ပြတင်းပေါက်နားရှိ သူ၏ပုံများကို ရိုက်ကူးနေဆဲဖြစ်သော်လည်း
သူ ပြတင်းပေါက်ကနေ လွမ်းဆွေးနေဟန်ဖြင့် လှမ်းကြည့်လိုက်ချိန်တွင်မူ ခိုဖြူလေးတစ်ကောင်ကိုသူ၏ တံတောင်ဆစ်ပေါ်တွင် တင်ထားရန် ဝန်ထမ်းကို ခိုင်းလိုက်သည်။ ဝမ်မင်ယီ သူ့တံတောင်ဆစ်ပေါ်ရှိခိုဖြူလေးအား ကြည့်လိုက်သည်။ ပင်လယ်ကဲ့သို့ နက်ရှိုင်းသော သူ၏ မျက်လုံးများထဲတွင်ကား နှုးညံ့သိမ်မွေ့မှုအရိပ်အယောင်လေးတစ်ခု ခပ်ဖျော့ဖျော့တည်ရှိနေ၏။
ဝမ်ဝေ့ အလင်းရောင် နှင့် အရိပ် Groupနှစ်ခုကိုရိုက်ကူးပြီးသောအခါတွင် သူမရိုက်ကူးခြင်းကို ရပ်နားလိုက်သည်။သူမ ဤကဲ့သို့မျိူး လူတစ်ယောက်ကို ဓာတ်ပုံမရိုက်ရတာ အတော်ကြာခဲ့လေပြီ။ ဝမ်မင်ယီသည် သူမ အလွန်လေးနက်စွာဖြင့် လူတစ်ယောက်၏ပုံတစ်ပုံကို ရိုက်ကူးရန် နာရီအနည်းငယ်အချိန်ယူသည့် တစ်ဦးတည်းသောသူဖြစ်လေသည်။
"အဝတ်အစားသွားလဲချေ... ပြီးသွားပြီ"
ဝမ်မင်ယီ ခေါင်းညိတ်လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။ အချိန်အတော်ကြာ ရိုက်ပြီးနောက် သူမောပန်းနွမ်းနယ်နေလေပြီ။
ဝမ်ဝေ့က ဝမ်မင်ယီ အဝတ်အစားလဲနေသည် ကို အခွင့်ကောင်းယူပြီး ကွန်ပြူတာထဲတွင် ဓာတ်ပုံများကို ကူးယူလိုက်၏။ ကော်ပီကူးပြီးနောက်မှ တခြားလူများကို ဝင်ခွင့်ပြုလိုက်သည်။
အန်နာ သူမကိုမေးလိုက်သည်။
"ရှင်တို့ ညစာအတူတူစားချင်လား...ကျွန်မရှင့်ကို ညစာစားဖို့အတွက် ဖိတ်ချင်လို့ "
"မလိုပါဘူး"
ဝမ်ဝေ့ကပြောလာသည်။
"ကျွန်မ အိမ်ပြန်စားမှာ... ဓာတ်ပုံက ဒီမှာပါ"
အန်နာ တစ်ချက်နှိပ်ကြည့်လိုက်ရာတွင် ကြောင်,အ သွားခဲ့သည်။ ဤကဲ့သို့သော စိတ်ခံစားမှုပါသည့် ဓာတ်ပုံတစ်ပုံကို သူမ မမြင်ရသည်မှာ အချိန်အတော်ကြာပြီဖြစ်၏။ ဓာတ်ပုံထဲက ဝမ်မင်ယီကို သူမ ကြည့်လိုက်ချိန်တွင် တစ်ခုချင်းစီတိုင်းက သူမကို အံ့အားသင့်စေသည်။
ဝမ်မင်ယီက တကယ်ကြည့်ကောင်းသည်ဟုဆို၍ရသော်လည်း ဓာတ်ပုံထဲရှိဝမ်မင်ယီက သူ့ကိုယ်သူထက်ပင် ပိုကြည့်ကောင်းနေ၏။
သူ၏အသွင်အပြင်သာမက သူ၏အမူအရာတိုင်းနှင့် လှုပ်ရှားမှုတိုင်းသည် ဓာတ်ပုံများမှတစ်ဆင့် မတူညီသောခံစားချက်များသာမက ပျော်ရွှင်မှုသို့မဟုတ် နူးညံ့သိမ်မွေ့မှု၊ လွမ်းဆွေးမှု သို့မဟုတ် လျှို့ဝှက်ထားသော မျှော်လင့်ချက်တို့ကိုလည်း ဖော်ပြလျက်ရှိသည်။
ဆရာကြီး ဆိုတာဘာလဲ။ ဒါမျိူးကို ဆရာကြီးလို့ခေါ်တယ်။
အန်နာက မေးလိုက်၏။
"ဒီဓာတ်ပုံတွေထဲကဘယ်ပုံကို ဘယ်မဂ္ဂဇင်းကာဗာထားချင်လဲ"
ဝမ်ဝေ့ ဝမ်မင်ယီမျက်လုံးမှိတ်ပြနေသည့်ပုံနှင့် ခိုဖြူလေး ကိုကြည့်သည့်ပုံတို့ကို ထောက်ပြကာ "ဒီနှစ်ပုံ... ကျွန်မအတော်လေးလည်းကြိုက်တယ်"
"အိုခေ... ကျွန်မတို့ ဒီပုံတွေကို ပြင်မှာမဟုတ်ဘူး။"
"ဒါပေါ့... ဓာတ်ပုံကောင်းတွေက တည်းဖြတ်စရာ မလိုပါဘူး...ပြန်ပြင်တယ်ဆိုတာက ဇာတ်ကောင်တွေကို တင့်တယ်ဖို့ပဲ ဆိုပေမဲ့ ဇာတ်ကောင်တွေရဲ့ အလှအပနဲ့ ရုပ်ဆိုးမှုကိုပဲ ပြသတဲ့ ဓါတ်ပုံတွေက အတွေ့ရဆုံးနဲ့ အခြေခံဓာတ်ပုံတွေပါ...တကယ်အသက်ဝင်တာက contentပါတဲ့ ဓာတ်ပုံတွေ ဒါမှမဟုတ် ခံစားချက်တွေပါတဲ့ဓာတ်ပုံတွေပဲ"
(T/N-content photoဆိုတာက အကြောင်းအရာ၊ကုန်ပစ္စည်း၊ဝန်ဆောင်မှုစတာတွေကို ဓာတ်ပုံနဲဖော်ပြတာပါ)
အန်နာ ခေါင်းညိတ်ပြကာ
"ဟုတ်တယ်"
"ကျွန်မသွားတော့မယ် ...အခွင့်အရေးရှိရင် နောက်တစ်ကြိမ်တွေ့ကြတာပေါ့"
"အိုခေ"
အန်နာက ဆက်ပြောလာသည်။
"ဒါပေမဲ့ ဝမ်မင်ယီက နောက်ကျလောက်တယ်... သူ့မှာ အင်တာဗျူးတစ်ခုလုပ်စရာရှိသေးတယ်... ရှင်ကသူ့ရဲ့ဓာတ်ပုံတွေကိုအထူးတလည် ရိုက်ပေးခဲ့တာလေ...ရှင်ရဲ့အထောက်အထားနဲ့ ဓာတ်ပုံက ကာဗာမှာ ရှိကိုရှိရမှာ... ပြီးတော့ issueတစ်ခုစီတိုင်းရဲ့ မဂ္ဂဇင်းကာဗာကလူက အထူးအင်တာဗျူးတစ်ခုရှိနေမှာလေ...ဒါကြောင့်ကျွန်မတို့ သူ့ကို အင်တာဗျူးဖို့ လိုတယ်"
"ဒီလိုကိုး..."
ဝမ်ဝေ့က ခေါင်းညိတ်ပြီး
"ဒါဆို ကျွန်မသွားကြည့်လို့ရမလား"
"ရပါတယ်"
ဝမ်ဝေ့ စိတ်ဝင်တစားဖြင့် အင်တာဗျူးခန်းထဲကို အန်နာနှင့်အတူ လိုက်သွားခဲ့သည်။
ဝမ်မင်ယီ သူ့ရဲ့မိတ်ကပ်ကို ဖျက်၍ အဝတ်အစားလဲပြီးနောက် ဒီကိုရောက်လာခြင်းဖြစ်လေသည်။ အင်တာဗျူးခန်းထဲဝင်ပြီး မကြာမီပင် ဝမ်ဝေ့ကို တွေ့လိုက်ရပြီး သူချက်ချင်းလှည့်ထွက်ချင်လာ၏။ အကုန်လုံးပြီးပြီမဟုတ်ဘူးလား! သူ့အင်တာဗျူးကို ဘာလို့ လာနားထောင်တာလဲ!
အင်တာဗျူးနေတုန်း မင်းအမေရဲ့ ဘေးမှာ ထိုင်ရတာ ဘယ်လိုခံစားရလဲ။
အဖြေ- လူမြင်ကွင်းမှာ ကွပ်မျက်ခံရသလိုပဲ!
ဝမ်မင်ယီ အင်တာဗျူးဖြေဆိုသူ ဆိုဖာပေါ်တွင် စိတ်ပျက်လက်ပျက်ထိုင်ကာ သူ့မားဖြစ်သူကို
ဖြောင့်ဖြရန်ကြိုးစားကြည့်လိုက်သည်။
“မစ္စဗီဗီယန် ... ခင်ဗျားက ဘာလို့ ဒီမှာရှိနေတာလဲ”
သူ ဝမ်ဝေ့ကို အသဲအသန် မျက်စိမှိတ်ပြရင်း ပြောလိုက်သည် ။
သို့သော်လည်း ဝမ်ဝေ့က ထိုသည်ကို မမြင်နိုင်ခဲ့။
"မင်းအင်တာဗျူးတစ်ခုရှိတယ်ဆိုတာ ငါကြားတော့ နားထောင်ဖို့လာခဲ့တာ"
"နားထောင်လို့ မကောင်းပါဘူး"
ဝမ်မင်ယီက သူမကို ဖြောင့်ဖြလိုက်သည်။
ဝမ်ဝေ့က ထိုဟာကို မယုံပေ။
"ငါ နားထောင်ရုံနားထောင်မှာပါ"
အမ်မာက သူတို့ကို ကြည့်ရင်း နှောက်ယှက်သင့်သလား၊ မနှောက်ယှက်သင့်ဘူးလားလို့ တွေးပြီး သူမရဲ့ သူဌေးကို မကြည့်ဘဲ မနေနိုင်ခဲ့။
အဆုံးတွင် ဝမ်မင်ယီ ရှုံးနိမ့်သွားခဲ့သည်။ သူတကယ်ကြီး ဝမ်ဝေ့အား တခြားလူများရှေ့တွင် မောင်းမထုတ်နိုင်ပါချေ ။ သူက အရမ်းစွမ်းအားကြီးတယ်! နိုင်ငံတကာနာမည်ကြီး ဓာတ်ပုံဆရာ ဗီဗီယန်ကို ပွင့်ပွင့်လင်းလင်း မောင်းထုတ်လိုက်တာ! "TOP" ရဲ့ အယ်ဒီတာချုပ်က သေလုအောင်ကြောက်လန့်သွားပုံရတယ်!
သူက အမ်မာကိုကြည့်ပြီး ပြုံးပြ ကာ တစ်ဖက်လူကို စလို့ရပြီဖြစ်ကြောင်း အချက်ပြလိုက်တော့ သည်။
အမ်မာ ပြင်ဆင်ရန် အချိန်အလုံအလောက်မရှိသော်လည်း ကံကောင်းထောက်မစွာ သူမအနေဖြင့် ဝမ်မင်ယီ ၏အကြောင်းကို ကောင်းကောင်း
သိသောကြောင့် မေးခွန်းများမေးရာတွင် ကိုးယိုးကားယားမဖြစ်သည့် အပြင် အလွန်စည်းစနစ်ကျ နေသည်။
ဝမ်ဝေ့ သေသေချာချာ နားထောင်နေပြီး အမ်မာ ဝမ်မင်ယီကို မေးလိုက်သည်ကို သူမကြားလိုက်ရ၏။
“အင်တာနက်သုံးစွဲသူ တော်တော်များများက နားမလည်ကြဘူးဖြစ်နေတယ် ...မင်းကကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ပထမရခဲ့ပြီးတော့... မင်းရဲ့ ပညာရေးစွမ်းဆောင်ရည်က အရမ်းကောင်းတယ်....ဘာလို့များ ဖျော်ဖြေရေးလောကထဲကို ဝင်လာတာလဲ... ဖျော်ဖြေရေးလောကထဲကို ဝင်တဲ့မင်းရဲ့မူလ ရည်ရွယ်ချက်က ဘာလဲ"
ဝမ်ဝေ့ ဝမ်မင်ယီ ကို ကြည့်လိုက်ရာတွင် ဝမ်မင်ယီက သူမကို ကြည့်နေသည်ဟု ခံစားလိုက်ရ၏။ သို့သော်လည်း မသေချာပေ ။ဝမ်မင်ယီက ပြုံးကာ အန်မာကိုပြောလိုက်သည် ကို သူမတွေ့လိုက်ရသည်။
"ကျွန်တော်က အရာတွေအများကြီးနဲ့အတူ ကြီးပြင်းလာခဲ့တယ်...ဒါပေမဲ့ အများကြီးလည်း ဆုံးရှုံးခဲ့ရတယ်...ကျွန်တော် ဒီထက်မကပိုရှိလာနိုင်ဖို့ မျှော်လင့်ပါတယ်"
ထို့ကြောင့် သူသည် ဝမ်ဝေ့နှင့်ကျောက်ဝမ့်ယွီတို့ ၏ရှေ့ရှိ အလင်းရောင်အောက်တွင် ရပ်နေလိုချင်ဖြစ်ပြီး သူတို့အား သူမည်သို့ကြီးပြင်းလာသလဲဆိုသည်ကိုမြင်တွေ့စေခြင်းဖြစ်လေ သည်။
ဝမ်ဝေ့က သူ့ကိုကြည့်လိုက်ရင်း ထိုခဏတွင်ပင် သူမတစ်စုံတစ်ခုကို နားလည်သွားပုံရသည်။
ဝမ်မင်ယီ TOP မဂ္ဂဇင်း၏ ရုံးခန်းမှ ထွက်လာသောအခါ ကောင်းကင်သည် တဖြည်းဖြည်း မှောင်လာခဲ့သည်။ ဝမ်ဝေ့လည်း သူနဲ့အတူ ထွက်လာခဲ့သည်။ သူမသည် ကားထဲမှာထိုင်ပြီး ဝမ်မင်ယီ ကိုကြည့်လိုက်၏။ သူမ မနေနိုင်စွာဖြင့် ဝမ်မင်ယီ ၏ မျက်နှာကို ပွတ်သပ်လိုက်ကာ
“မင်း ငါ့ကို ဒီလောက်ကြီးတဲ့ကိစ္စကို မပြောခဲ့ဘူး!”
ဝမ်မင်ယီ သူမ၏လက်ကို ရှောင်ကာ အေးစက်စွာဖြင့် နှာမှုတ်လိုက်ပြီး ခေါင်းကို လွှဲလိုက်သည်။
ဝမ်ဝေ့က သူ၏ခေါင်းကိုကိုင်ပြီး သူ့ကိုကြည့်လာကာ
"မင်းအဖေရော သိလား"
ဝမ်မင်ယီက လှောင်ပြောင်လိုက်သည်။
"ကျွန်တော့် မှာ အဖေရှိသေးတာလား"
ဝမ်ဝေ့ : ...
ဝမ်ဝေ့: "မားသိပါတယ်...ဒီနှစ်တွေမှာ မင်းအဖေနဲ့မား မင်းကို လျစ်လျူရှုခဲ့မိတယ်... မားတောင်းပန်ပါတယ်"
ဝမ်မင်ယီ : "ဟမ့်!"
ဝမ်ဝေ့ : "ဒါပေမဲ့ မင်းအဖေရော မားရော မင်းကို ချစ်ပါတယ်"
ဝမ်မင်ယီ: "အိုး...!"
ဝမ်ဝေ့ သူ့မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်လိုက်ကာ
"တကယ်ပါ...မားကို ယုံပါ"
ဝမ်မင်ယီ သူမလက်ကို ဆွဲဖယ်လိုက်ပြီး သတိပေးလိုက်၏။
"ဖျော်ဖြေရေးလောကထဲဝင်တာ အဖေ့ကို ပြောခွင့်မရှိဘူး!"
ဝမ်ဝေ့ : "ဒါက သိပ်မကောင်းဘူး..."
ဝမ်မင်ယီက အေးစက်စက်ဟန်ဖြင့် နှာမှုတ်လိုက်သည်။
"မဟုတ်ရင်... ကျွန်တော် မားကို ထပ်ပြီး လျစ်လျူရှုထားမှာ!"
ဝမ်ဝေ့ ခဏလောက်စဉ်းစားပြီး သူမ၏ခင်ပွန်းနှင့်သားကြားထဲတွင် သူမ၏သားကို ပြတ်ပြတ်သားသားရွေးချယ်လိုက်ကာ
"အင်း... မား မင်းကို ကတိပေးတယ်"
"မားကျွန်တော့်ကို မဂ္ဂဇင်းတစ်အုပ်ရိုက်ပေးတာ ဘာပြဿနာမှရှိလာမှာမဟုတ်ပါဘူးနော်... ဟုတ်တယ်မလား"
ဝမ်မင်ယီက ရုတ်တရက် ပြောလာသည်။
ဝမ်ဝေ့က သူသည်အပေါ်ယံမာကျောသော်လည်း
နှလုံးသားနှုးညံ့သည့်သူဖြစ်ကြောင်း သိသဖြင့် "မဟုတ်ဘူး...အဲဒါက တခြားမဂ္ဂဇင်းတွေလည်းမားရဲ့ကိုယ်စားလှယ်ကို ဆက်သွယ်ပြီး သူတို့ရဲ့ကာဗာကို ကူရိုက်ခိုင်းလာကြမှာလောက်ပါပဲ"
"ဘာကို..."
“မင်းလည်းသိပါတယ်... ဓာတ်ပုံပညာမှာ အမြင့်ဆုံးဆုတော်တော်များများက နိုင်ငံခြားက ရတာဆိုတော့ မားကနိုင်ငံခြားမှာပဲ နေတာများတယ်...ကိုယ့်စိတ်ကြိုက် သဘာဝတရားနဲ့ တိရိစ္ဆာန်တွေရဲ့ themeတွေကို ရိုက်ကူးတာအပြင်...သူတို့ကုမ္ပဏီရဲ့ စီးပွားဖြစ်အော်ဒါတွေ ရိုက်ပေးဖို့ အကူအညီတောင်းချင်ကြတဲ့ အုပ်စုခေါင်းဆောင်
တွေအများကြီးရှိတယ်...ဒါပေမဲ့မားက စီးပွားဖြစ်အော်ဒါတွေ လက်ခံရတာကို သိပ်မကြိုက်ဘူး...မားတို့လိုဓာတ်ပုံဆရာတွေက စီးပွားဖြစ်အော်ဒါတွေ အများကြီးလက်ခံလိုက်ရင် စီးပွားဖြစ်အော်ဒါတွေရဲ့တန်ဖိုးက သိသိသာသာကို လျော့သွားမှာမို့လို့ မားကလက်ခံခဲတယ်...ဒါပေမဲ့ဒါကသိပ်ပြီးအခက်အခဲမရှိပါဘူး... ရှေ့ဆုံးလိုင်းမှာရှိနေပြီးသားဖြစ်တဲ့ ဒီလိုမဂ္ဂဇင်းတွေရဲ့ အကြီးအကဲအကုန်လုံးကို မားသိပါတယ်"
(T/N-အော်ဒါ=အမှာစာ)
"TOP ရဲ့ ပထမဆုံးပြည်တွင်း မဂ္ဂဇင်း ကာဗာ ရိုက်ကူးဖို့ မားပဲကူညီပေးခဲ့တာ မဟုတ်လား... ဒီမဂ္ဂဇင်း ကုမ္ပဏီတွေက ယှဉ်လို့ရပါတယ်...TOP က မားကို ဖိတ်ခေါ်ချင်ပေမဲ့... အဲဒီတုန်းက ငြင်းခဲ့တာ...ဒီတစ်ခုပဲ ရိုက်မယ်...နောက်နောင် တခြားမဂ္ဂဇင်းတွေရိုက်ပေးမှာမဟုတ်ဘူးလို မားကပြောခဲ့တာ... အခုမှမားပြန်ရိုက်တာက မင်းကြောင့်လေ... အဲဒီပထမအဆင့်မဂ္ဂဇင်းတွေကို စူးစမ်းဖို့အချိန်ကျပြီ"
ဝမ်မင်ယီ : "...ကျွန်တော်က ဘာလုပ်ရမလဲ..."
ဝမ်ဝေ့ သူ့ပုခုံးကိုပုတ်လိုက်ပြီး
"မင်းကြည့်လိုက်...၊မင်း တခြား မဂ္ဂဇင်းတစ်စောင်ကို ကြိုက်သေးရင်...မားခြွင်းချက်တစ်ခုထားပြီး သူတို့ကို ကူညီပေးမယ်"
ဝမ်မင်ယီ : ...
ဝမ်ဝေ့က ပြုံးလိုက်ပြီး
"ဘယ်လိုပဲဖြစ်ဖြစ်... မားမင်းကိုပဲရိုက်ပေးမှာလေ "
ဘေးမှာထိုင်နေသည့် ချန်လုက တဆတ်ဆတ်တုန်နေမိသည်ဟု ခံစားနေရပြီး တုန်တုန်ယင်ယင်ဖြင့်ပင်မေးလိုက်သည်။
"သူတို့ထဲက ဘယ်တစ်ခုပဲဖြစ်ဖြစ်လား ”
"ဒါပေါ့"
ချန်လု : ... ဒီပေါ့ပေါ့ပါးပါး လေသံကို နားထောင်ကြည့်ပါဦး! ကြိုက်တဲ့ပထမအဆင့်မဂ္ဂဇင်းကိုရွေးလိုက်! ဒါက ဘယ်လိုဘဝမျိူးလဲဟ!