Chapter 29
Viewers 14k

Chapter 29 : ဖူးယောင်နေအောင် ပါးရိုက်ခံရခြင်း


ကျင်းယွင်းကျောင်းက သူမ၏လက်များကို ဖမ်းချုပ်ထားလိုက်သောအခါ လုကျားသည်် ကျင်းယွင်ကျောင်းအား ခြေထောက်ဖြင့် လှမ်းကန်လိုက်သည်။


ဒုန်း ...


ထိုကန်ချက် မြေပေါ်သို့ပြန်မကျသေးမီမှာပင် လုကျား၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မြေကြီးပေါ်သို့ ကိုင်ပေါက်ခံလိုက်ရ၏။


သူတို့ကြားရှိရန်ပွဲက သိပ်မကြီးကျယ်သော်လည်း မနက်ခင်းစောစောဖြစ်ရာ ကျောင်းသို့ စောစောလာသော ကျောင်းသားများအားလုံး ထိုနေရာ၌ စုံရုံးနေကြသည်။ သူတို့အားလုံးသည် ၄င်းတို့ရှေ့တွင် ထင်ထင်ရှားရှား မြင်လိုက်ရသော မြင်ကွင်းကြောင့် ကြက်သေသေသွားရ၏။


သူတို့သည် ကျင်းယွင်ကျောင်းက လုကျားအပေါ်၌ တက်ခွထိုင်လိုက်သည်အား မြင်လိုက်ကြရသည်။ ထို့နောက် သူမက လက်ကိုလွှဲ၍ လုကျား၏ မျက်နှာပေါ်သို့ နှစ်ချက်ဆင့်၍ ဖြန်းခနဲ့ အသံမြည်အောင် ရိုက်ပစ်လိုက်၏။


ဖြန်း ... ဖြန်း ...


“တောင်းပန်စမ်း”


ကျင်းယွင်ကျောင်းက ပါးနှစ်ချက်ရိုက်ပြီး ကြိမ်းဝါးလိုက်သည်။


လုကျားသည် ခပ်ပြင်းပြင်း အရိုက်ခံထားရ၏။ သူမသည် သူမ၏ဘဝ၌ တစ်ကျောင်းလုံး၏ရှေ့တွင် ပါးရိုက်ခံရမည့်နေ့ ရှိလာလိမ့်မည်ဟု မယုံကြည်ခဲ့။


“နင်က အောက်တန်းစားမ။ အကြင်နာတရားမရှိ၊ အရှက်မရှိတဲ့ အောက်တန်းစားမ။ နင်က အခြားသူတွေနဲ့ ပတ်အိပ်ခဲ့ပြီးတော့များ”


လုကျားက ရန်လိုသော မျက်လုံးများဖြင့် မျက်တောင်မခတ်တမ်း ကြည့်နေသည်။ သူမသည် အရှုံးကို သေချာပေါက် ဝန်ခံမည် မဟုတ်ပေ။


ထိုအချိန်တွင် ကျင်းယွင်ကျောင်း၏ အကြည့်များက ပို၍အေးစက်လာသည်။ သူမက အေးအေးစက်စက် ပြုံးလိုက်ပြီး ပြန်ဖြေ၏။


“မဟုတ်မမှန် စွပ်စွဲတာက ရာဇဝတ်မှုမြောက်တယ်ဆိုတာ နင်သိလား။ နင် အနာဂတ်မှာ လမ်းမှားမရောက်အောင် ငါ နင့်ကို ဒီနေ့ ရှင်းရှင်းလင်းလင်း မှတ်မိသွားအောင် လုပ်ပေးလိုက်မယ်”


သူမ၏ စကားဆုံးသည်နှင့် ကျင်းယွင်ကျောင်းသည် လုကျားအား အညှာအတာ ကင်းမဲ့စွာဖြင့် ထပ်ခါထပ်ခါ ရိုက်ပစ်လိုက်တော့သည်။


အကြိမ်ရေမနည်း ထပ်ခါထပ်ခါ အရိုက်ခံရပြီးသည့်နောက် လုကျားသည် ကြယ်တွေ လတွေပင် မြင်နေရပြီဖြစ်၏။ မျက်ရည်များ ဒလဟောထွက်ကျလာပြီး သူမ၏ ပါးနှစ်ဖက်သည်လည်း နာလွန်းသဖြင့် ပူလောင်နေပြီဖြစ်ကာ စကားပင် မပြောနိုင်တော့ချေ။


ကျင်းယွင်ကျောင်းသည် အကြမ်းဖက်ရန် စိတ်ကူးမရှိ။ ထို့ကြောင့် လုကျားက တောင်းပန်ရန် ဆန္ဒမရှိသည်ကိုမြင်သောအခါ သူမသည် ရိုက်နေသည်ကို ရပ်လိုက်ပြီး မတ်တပ်ထရပ်လိုက်၏။


သူမသည် ရိုက်ချက်များတွင် အားသိပ်မသုံးပဲ ခပ်မြန်မြန်သာ ရိုက်ခဲ့ခြင်းဖြစ်သည်။ ကျောင်းလုံခြုံရေးရောက်လာသောအခါ ကျင်းယွင်ကျောင်းသည် ခပ်သွက်သွက်ပင် မတ်တပ်ထရပ်နေပြီး ဖြစ်၏။ သူမ၏ ပုံစံသည် ခုနလေးက ကြောက်မက်ဖွယ်ကောင်းသည့် ပုံစံနှင့် မတူတော့ဘဲ အလွယ်တကူ အနိုင်ကျင့်၍ရသော ပုံစံအဖြစ် ပြန်ပြောင်းသွားသည်။


“မင်းတို့ကလေးတွေ ဘယ်လိုပြုမူရမယ်ဆိုတာ မသိဘူးလား။ မနက်အစောကြီး ရန်ဖြစ်နေကြတယ်။ ငါနဲ့ ရုံးခန်းကို လိုက်ခဲ့ကြ”


လုံခြုံရေးက ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။


ကျင်းယွင်းကျောင်းဆီသို့ ရောက်လာသော သူ၏ အကြည့်များက စိမ်းသက်လှ၏။


မနေ့က သူမ၏ ဖခင်ဖြစ်သူ အော်ကြီးဟစ်ကျယ် သောင်းကျန်းခဲ့သည်။ ယနေ့ သူမကိုယ်တိုင်က ပြဿနာအကြီးကြီး ထပ်ရှာပြန်ပြီဖြစ်၏။ သူသည် သူမအား ယဥ်ကျေး၍ အတော်လေး တည်ငြိမ်အေးဆေးသော ကလေးတစ်ယောက်ဟု ထင်ခဲ့သည်။ သို့သော် အခုတွင်မူ.....သူသည် လုကျား၏ အရိုက်ခံရပြီး ဖူးရောင်နေသော မျက်နှာအား ကြည့်လိုက်၏။ သနားစရာကောင်းလိုက်သည်ပင်။


“ဦးလေး၊ ကျေးဇူးပြုတော့ အခုအချိန်စတဲ့ လုံခြုံရေးမှတ်တမ်းတွေ ပြင်ထားပေးလို့ရမလား”


ကျင်းယွင်ကျောင်းက တွန့်ဆုတ်မနေဘဲ လုံခြုံရေးဆီသို့ လျှောက်သွားလိုက်သည်။


သူမသည် လူမြင်ကွင်း၌ ဤကဲ့သို့ အကြမ်းဖက် ပြုမူရဲခြင်းမှာ လုကျား၏ စကားများကြောင့် ဒေါသထွက်ပြီး စိတ်လွတ်သွားခြင်း မဟုတ်ဘဲ သူမတို့ရပ်နေသောနေရာသည် လုံခြုံရေးမှတ်တမ်းကင်မရာများအတွင်း ရှိနေသည်အား သိခြင်းကြောင့် ဖြစ်သည်။


သူမသည် အကြမ်းဖက်သောကြောင့် မှားသည်ဆိုသော်လည်း သူမ ထိုသို့လုပ်ရမည်သာဖြစ်၏။ သို့မှသာ အခြားသူများက သူမအား အလွယ်တကူ အနိုင်မကျင့်ကြမည်ဖြစ်၏။


ထို့ပြင် လုကျားက စ၍ ရန်စသူဖြစ်သည်။ သူမသည် ပထမဆုံး အကြမ်းဖက်သူလည်း ဖြစ်ပြီး မဟုတ်မမှန်စကားများဖြင့် အော်ဟစ်စော်ကားပြီး လှုံ့ဆော်ပေးသူဖြစ်၏။


အခြားတစ်ဖက်၌ ကျင်းယွင်ကျောင်းသည် မတရားခံရသူဖြစ်သည်။ သူမက သူမ၏အခွင့်အရေးအရ ပြန်မခုခံဘဲ လုကျားက သူမ၏ မျက်နှာအား ဆွဲကုတ်မည်ကို ခွင့်ပြုထားရမည်လား။


ကျင်းယွင်ကျောင်း၏ တည်တည်ငြိမ်ငြိမ်နှင့် ယုံကြည်ချက်ရှိသည့် စကားကို ကြားသောအခါ လုံခြုံရေးအစောင့်လည်း အနည်းငယ် ဇဝေဇဝါဖြစ်သွား၏။ 


ထို့နောက် သူက ထပ်မံ၍ စဥ်းစားလိုက်ပြီး လုံခြုံရေးမှတ်တမ်းကိုသာ ပြန်အကြည့်သင့်ဆုံးဖြစ်သည်ဟု ယူဆလိုက်ကာ တခြားတစ်ယောက်ကို ထိုမှတ်တမ်းများ ပြင်ဆင်ခိုင်းလိုက်သည်။


ကျင်းယွင်ကျောင်းသည် ရုံးခန်းသို့ မကြာခဏရောက်နေသူဖြစ်၏။ အခုအခါ လုံခြုံရေးအစောင့်က သူမသည် တစ်စုံတစ်ယောက်အား ရိုက်ခဲ့သည်ဟု တင်ပြလိုက်ရာ သူမသည် ထပ်မံ၍ အာရုံစိုက်ခံလိုက်ရပြန်သည်။


မကြာမီပင် သူတို့အတန်းနှစ်တန်းမှ ဆရာမများက စတင်ငြင်းခုံကြလေတော့၏။


“ဆရာမကျင်၊ ကျွန်မ ဒီလိုမပြောချင်ပေမယ့် ရှင့်အတန်းက ဒီကျောင်းသူက တကယ့်ကို သင်ယူမှုမရှိတာပဲ။ အထူးသဖြင့် သူက ပြဿနာမရှာဘဲ မနေနိုင်ဘူး။ ကျွန်မ မနေ့က အော်ကြီးဟစ်ကျယ် ဖြစ်ရပ်တွေကိုတောင် ရင်တုန်မပြေသေးဘူး၊ သူက ဒီနေ့ ထပ်ပြီး ပြဿနာရှာပြန်ပြီ။ အကယ်၍ ဒီသတင်းသာ အပြင်ရောက်သွားရင် ကျွန်မတို့ကျောင်းရဲ့ ဂုဏ်သတင်း ထိခိုက်လိမ့်မယ်”


ဘီတန်းမှ ဆရာမက အော်ကျယ်အော်ကျယ် ပြောလိုက်သည််။


သူမသည် ကျင်းယွင်ကျောင်းအား နှစ်သက်သည်ဆိုလျှင်တောင်မှ သူမ၏အတန်းမှ ကျောင်းသားများရှေ့တွင် အပြင်လူတစ်ယောက်ဘက်မှ ပြောမပေးနိုင်ပေ။


ထို့အပြင် အခြေအနေကို ကြည့်လိုက်လျှင်လည်း ဤနေရာ၌ လုကျားကသာ ခံရသူဖြစ်သည်မှာ ရှင်းရှင်းလင်းလင်းပင်။


ထိုအကြောင်းကိုပြောရလျှင် ကျင်းယွင်ကျောင်းသည် အမှန်ပင် ရက်စက်လှသည်။ လုကျား၏မျက်နှာကို ကြည့်ပါက လက်ဝါးရာများပင် ထပ်နေပြီး သူမ၏ပါးပြင်များက ဖောင်းကားနေသည်အထိ ဖူးယောင်နေ၏။