အပိုင်း ၇၁
Viewers 16k

Chapter 71

ငါ့ကလေးလေးက တကိုယ်တော်စွန့်စားချင်နေပြီ


"အင်း.... ငါနားလည်ပြီ"


ယောင်စစ်ခေါင်းညိတ်ပြလိုက်သည်။လွန်ခဲ့သော လအနည်းငယ်ကတည်းက သူမအိမ်မှထွက်ခွာခြင်းမရှိသော်လည်း အချိန်များကိုအကျိုးမရှိမကုန်ဆုံးစေခဲ့ပေ။


သူမ၏ကျောင်းစာများကိုလည်း စကြဝဠာကွန်ရက်မှ တစ်ဆင့်သင်ယူခဲ့ပြီး သူမတွင်မရှိသော ဗဟုသုတမြောက်များစွာကိုလည်းဖြည့်တင်းနိုင်ခဲ့သည်။


"ဒါဘာလေးဘာလဲ..."


ယောင်စစ် စာရွက်စာတမ်းများ၏အလယ်၌ရှိနေသော အနည်းငယ်ထူးခြားသည့်တစ်စုံတစ်ခုကို ညွှန်ပြလိုက်သည်။၄င်းက တစ်ခြားအရာများနှင့်မတူပေ။ထိပ်ဆုံး၌ ဓာတ်ပုံသုံးခုပါရှိပြီး တစ်ခုခြင်းဆီ၌လည်း သတ္တုတံဆိပ်တစ်ခုဆီပါသည်။


"အော်....အဲဒါက ပထမကျောင်းတော်ကြီးနဲ့ ကျိုးဖုန်ကျောင်းတော်တို့ကြားက ချစ်ကြည်ရေးပြိုင်ပွဲလေ...အဲဒီပွဲကို နတ်ဆိုးဂြိုလ်ရဲ့ နယ်မြေ ၃၁ မှာကျင်းပတယ်...ဒီထိပ်ဆုံးသုံးယောက်ကတော့ အဖွဲ့ဝင်တွေရဲ့လုံခြုံမှုကိုကာကွယ်ပေးနိုင်ပြီး တစ်ချိန်ထဲမှာ သူတို့ရဲ့စိတ်စွမ်းအင်ကိုလည်း မြင့်တင်နိုင်ခဲ့တဲ့သူတွေလေ..."


"စိတ်စွမ်းအား...ဟုတ်လား..."


ယောင်စစ် အဓိကအချက်ကို အလျင်အမြန်ဖမ်းဆုပ်မိလိုက်သည်။


"အဲဒါက စွမ်းရည်တစ်ခုပဲ မဟုတ်ဘူးလား...မိုးကြိုး အတန်းက တတိယကျောင်းသားက ဘာကြောင့်ဒီနေရာမှာရောက်နေတာလဲ..."


"တိတိကျကျပြောရမယ်ဆိုရင်တော့ စိတ်စွမ်းအားဆိုတာက စွမ်းရည်တစ်မျိုးမဟုတ်ဘူး...ဒါက ဘယ်မျိုးနွယ်မဆိုပိုင်ဆိုင်နိုင်တယ်..."


တူလေးကုက ဆက်လက်ရှင်းပြလိုက်သည်။


"ကွာခြားတာဆိုလို့ တစ်ခုနဲ့တစ်ခုပြင်းထန်အားချင်းတော့ကွာမယ်...စွမ်းအားတွေက တစ်ယောက်ယောက်ရဲ့ထိုးထွင်းသိမြင်နိုင်မှုတွေကိုလိုက်ပြီးတော့ ပြောင်းလဲနိုင်တယ်။သူမှာသိမြင်နိုင်မှုပိုပြီးတော့များလေလေစိတ်စွမ်းအားကလည်း ပိုပြီးသန်မာလေလေပဲ..."


"နင်ပြောတဲ့ အဓိပ္ပါယ်အရဆိုရင် အဲဒီစိတ်စွမ်းအားဆိုတာက ငါတို့ရဲ့စွမ်းရည်တွေနဲ့ဘာမှမပတ်သက်ဘူးပေါ့ ဟုတ်လား..."


"အင်း....အဲ့လိုလဲပြောလို့ရတယ်..."


ယောင်စစ် ငြိမ်သက်စွာဖြင့်တွေးနေမိသည်။သူမ Euphoria ကို သတိရမိသွားသည်။၄င်းတို့က လေထဲတွင် ပျောက်ကွယ်သွားသလိုမျိုးပျောက်ကွယ်သွားလေသည်။


၄င်းက ပုံမှန်အားဖြင့်အချက်နှစ်ချက်ကိုဦးတည်နေပေသည်။ပထမအချက်က သူမတွေးထားသကဲ့သို့ ထိုအဖွဲ့စည်းသည် ကြီးကြီးမားမားမဟုတ်သောကြောင့် သူတို့အားလုံးသေဆုံးသွားကြခြင်းဖြစ်နိုင်ပေသည်။ထိုသို့ဆိုလျှင်ကောင်းသည့်အချက်သာဖြစ်သည်။နောက်တစ်ချက်သာဖြစ်မည်ဆိုလျှင် အခြေနေဆိုးရွားပေသည်။ ထို Euphoria အဖွဲ့က စကြာဝဠာ မဟာမိတ်များနှင့်သွေးစုပ်ဖုတ်ကောင်းများပင်သတိထားမိခြင်းမရှိနိုင်အောင် လျို့ဝှက်လုပ်ဆောင်သည့်အထိကြီးမားသည့်အဖွဲ့စည်းဖြစ်နိုင်သည်။


ထိုအခြေနေဆိုလျှင် စကြာဝဠာ အတွင်းရှိမျိုးနွယ်များအားလုံးနှင့်အနီရောင် ဂြိုလ်မှ သွေးစုပ်ဖုတ်ကောင်အားလုံး အတူတကွရင်ဆ်ိုင်ရမည့်အခြေနေမျိုးပင် သူတို့ကြားထဲ၌ ကွာခြားမှုမရှိပဲ နှလုံးသားခြင်းနီးစပ်နေသလိုတစ်ပေါင်းတစ်စည်းတည်း စုစည်းနေရမည်ဖြစ်သည်။


အကယ်၍ ဤခန့်မှန်းချက်သာအမှန်ဖြစ်မည်ဆိုပါက ၄င်းတို့မျိုးနွယ်များပျောက်ဆုံးမှုသည် အမှောင်ထဲမှ လက်တစ်ဖက် ပေါ်လာပြီး ဆွဲသွင်းခံရမည့် အန္တရာယ်ကြီးကိုစောင့်မျှော်နေသကဲ့သို့ဖြစ်နေပေသည်။ 


ထို Euphoria အဖွဲ့သည်သာ ထိုမျှထိအင်အားကြီးမားနေပါက သူမ၏ ပဉ္စမမြောက်သွေးမျိုးဆက်ဖော်ထုတ်မိခဲ့သော ယောင်စစ်လည်းအန္တရာယ်ရှိနေပေသည်။ 


ဒါကြောင့် မူချန်က သူမကို လအနည်းငယ်လောက် အပြင်မထွက်ခိုင်းတာဖြစ်နိုင်သည်။အခြေဆိုက်စခန်းတွင်ဖြစ်ခဲ့သော အနိုင်ရခဲ့သည်ဆိုသော်လည်း၄င်းက သူမ၏ကံတရားနှင့်လည်းဆက်စပ်နေလေသည်။


သူမသာ အချိန်ကိုက်စွမ်းရည်များကို ဆင့်ခေါ်နိုင်ခြင်းမရှိခဲ့ပါက...သူမသာသွေးစုပ်ဖုတ်ကောင်မျိုးနွယ်များနှင့်မတွေ့ခဲ့ပါက... သူမသာ သွေးကြောထဲရှိစွမ်းအားများအားလုံးကိုဖော်ထုတ်နိုင်ခဲ့ခြင်းမရှိပါက...ထိုကဲ့သို့ အလွယ်တကူအနိုင်ရလာလိမ့်မည်မဟုတ်ပေ။


ပြောရမည်ဆိုလျှင် သူမ၏ စွမ်းရည်က မတည်ငြိမ်ပဲ သူမသည်လည်း အလွန်အားနည်းနေပေသည်။ထိုကိစ္စများပြီးနောက် သူမသေသေချာချာလေ့ကျင့်ရန် စိတ်ကိုပြင်ဆင်ထားခဲ့သည်။


.....


"မရဘူး..."


သို့သော်လည်း မူချန်က သူမ၏ စိတ်ကူးကိုကြားပြီးနောက် ဗီတို အာဏာဖြင့်ဖယ်ချခဲ့လေသည်။


"ဘာဖြစ်လို့လဲ..."


ယောင်စစ်ကြောင်အအဖြင့်မေးလိုက်သည်။


"ကျွန်မ ကြားခဲ့တာတော့ အဲဒါက အကောင်းဆုံးလေ့ကျင့်ရေးနေရာတစ်ခုဆို..."


"အဲဒါကအရမ်း အန္တရယ် များတယ်..."


သူမက အခြေစိုက် စခန်းတွင်ဖြစ်ခဲ့သော အန္တရာယ်များထဲမှ ပြန်လာတာမှမကြာသေးဘူးနောက်ထပ် စွန့်စားချင်နေပြီလား..

ပြီးတော့ လည်းသူရွေးချယ်ထားတဲ့နေရာက အရမ်းအန္တရာယ်များလွန်းတယ်...


ထို့အပြင်သူမက ကလေးလေးသာဖြစ်လေရာ သူဘယ်လိုများခွင့်ပြုနိုင်မှာမည်နည်း။


"ရှင်..."


ယောင်စစ် သက်ပြင်းတစ်ချက်ချလိုက်သည်။


"ကျွန်မ အစွမ်းအစကိုလည်း ရှင်သိတယ်..ကိုယ့်ကိုကိုယ်ကာကွယ်ဖို့နည်းလမ်းတွေ ရှာထားသင့်တယ်လေ..."


"ငါရှိတယ်လေ...ဘယ်သူကများ ငါရဲ့ကလေးလေးကိုအနိုင်ကျင့်ရဲလည်းကြည့်ဦးမယ်..."


"ဒါပေမဲလည်း ရှင်က ကျွန်မဘေးနားမှာ အမြဲတမ်းမရှိနိုင်ဘူးလေ..."


သူတိတ်ဆိတ်ငြိမ်သက်သွားလေသည်။သူကလေးလေးပြောသည်က မှန်ပေသည်။

ကာကွယ်မှုများထဲတွင် ကိုယ်ကိုယ့်ကိုကာကွယ်မှုကသာအကောင်းဆုံးဖြစ်၏။

သူလည်း ထိုအချက်ကိုရှင်းရှင်းလင်းလင်းသိထားသော်လည်း သူနှလုံးသားထဲမှ မြင့်တက်လာသောဝမ်းနည်းမှုများကို မထိန်းချုပ်ထားနိုင်ပေ။


ငါ့ကလေးလေးကအရွယ်ရောက်လာပြီ။သူမက ထွက်ခွာဖို့တောင် အသင့်ဖြစ်နေပြီ။ 


မူရွှမ် ...

အရေးပေါ်အခြေနေပါ...ငါဘယ်လိုလုပ်သင့်လဲ... အွန်လိုင်းပေါ်ကစောင့်နေမယ်