အပိုင်း ၇၂
Viewers 16k

Chapter 72

ငါ့ရှေ့မှာလာချစ်ပြတာမျိုးကိုပိတ်ပင်တယ်


အဆုံးသတ်၌...

 မူချန် သူမလိုက်နာရမည့်စည်းကမ်းသုံးချက်ထုတ်ပြီး ခွင်ပြုပေးလိုက်သည်။


ပထမတစ်ချက် သူမ စွမ်းရည်၏ လျို့ဝှက်ချက်ကိုဖုံးကွယ်ထားရန်နှင့် သူမမည်သူမည်ဝါဖြစ်ကြောင်းအထောက်အထားမဖော်ထုတ်ရန်။


အင်း.....အဲဒါလိုအပ်တာပဲ..ယောင်စစ် သူဘာသာသူတွေးတောနေမိသည်။

သူမ၏ ဗီဒီယိုဖော်ထုတ်ခံရပြီးနောက်သူမတွင် နောက်လိုက်အနည်းငယ်ရရှိခဲ့သောကြောင့် သူမ၏ပုံရိပ်ကိုထိနိးသိမ်းထားရန်လိုအပ်ပေသည်။


ဒုတိယအချက် သူကိုအနည်းဆုံးနာရီဝက်တစ်ခါနေ့စဉ်သတင်းပို့ရမယ်။ပြီးရင် နှစ်လကုန်တာနဲ့ ချက်ချင်းပြန်လာရမယ်။


ဟမ်...ဒါကြီးကတော့ နည်းနည်း...


တတိယတစ်ချက် သူမ အိမ်မှာ ပြန်လာစားရမယ်။


"လုံးဝ...လုံးဝမဖြစ်နိုင်ဘူး..."


သူမပြင်းပြင်းထန်ထန်ပင် ဆန့်ကျင်လိုက်သည်။သူမက စကြာဝဠာ ထဲတွင် မှတ်တမ်းတင်ထားခြင်းမရှိသော ဂြိုလ်တစ်ခုသို့ဝင်ရောက်မည်ဖြစ်သောကြောင့်အဘယ်မျှပေါ်တယ်ရှိပါမည်နည်း။


ဘယ်လိုလုပ်ပြီး နေ့တိုင်း ထမင်းပြန်စားလို့ရမှာတုန်း...


မူချန်လည်း ထိုအချက်ကိုစဉ်းစားမိသွားပြီး စည်းမျဉ်းကိုပြန်ပြောင်းလိုက်သည်။


သူမ အချိန်မှန်အစားစားရမယ်။


သူမသွားတော့မည့်နေ့တွင် မူချန်က အိတ်ထဲသို့ပစ္စည်းများထည့်ရင်းနှစ်နာရီကြာအောင် မှာတမ်းခြွေနေလေသည်။

အဓိကအားဖြင့် အချိန်မှန်အစားစားဖို့ဖြစ်သည်။ယောင်စစ် ယာဉ်ပျံချိန်လွဲချော်သွားပြီးသည့်နောက်မှာမှ သူစိတ်ကျေနပ်သွားလေသည်။ 


ချောမောလှပသည့်မိန်းကလေးတစ်ယောက်နှင့်အတူ ယန်ရွှမ်လည်းထိုနေရာ၌ရှိနေသည်။သူက သူမဆီသို့ကျောက်စိမ်းကဲ့သို့အရာတစ်ခုကိုကမ်းပေးလာလေသည်။


"သခင်မလေး ဒါလေးကိုယူသွားပါ...ဒါသူငယ်ချင်းတစ်ယောက်ဆီကရထားခဲ့တာ အရေးပေါ်အခြေနေတွေမှာ အသုံးဝင်ပါလိမ့်မည်..."


"ကျေးဇူးတင်ပါတယ်..."


ယောင်စစ် ထိုပစ္စည်းလေးကိုယူ၍ သူမရဲ့ ကွန်ပျူတာလတ်ပတ်ထဲထည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်နေသောမူချန်ဘက်သို့လှည့်လိုက်သည်။


"ဖေဖေ... "


"မူရွှမ်..."


"ငါသွားတော့မယ်..."


"အင်း..."


"စိတ်မပူပါနဲ့ စည်းကမ်းတွေကိုမှတ်မိပါတယ်... "


"အင်း..."


"အားလပ်ရက်ရတာနဲ့ပြန်လာပါ့မယ်..."


"အင်း..."


"ဒါက နှစ်လလောက်ပါပဲ အားလုံးအဆင်ပြေသွားပါလိမ့်မယ်..."


"အင်း..."


"အာ...ဒါဆို အခု ကျွန်မလက်ကိုလွှတ်ပေးလို့ရမလား..."


ဒီလိုဆုပ်ကိုင်ထားတာ နှစ်နာရီလောက်ရှိနေပြီ ဒီပုံစံနဲ့ဘယ်လိုလုပ်ပြီး သင်္ဘောပေါ်တက်လို့ရမလဲ...


တစ်စုံတစ်ယောက်ကတော့သေချာပေါက် သူမလက်ကိုမလွှတ်ပေးချင်ပေ။


 ယောင်စစ် ခြေလှမ်းကျဲကြီးများဖြင့် သင်္ဘောပေါ်တက်လိုက်ပြီး အနောက်လှည့်ကြည့်ကာ လက်ဝှေ့ရမ်းနှုတ်ဆက်လိုက်သည်။

သူမ လေယာဉ်ချိန်လွဲချော်ခဲ့ပြီးဖြစ်သောကြောင့် ယခုမှ သင်္ဘောပေါ်သို့မတက်လျှင်ကျန်ခဲ့ပေတော့မည်။


ခဏအကြာတွင် သင်္ဘောအင်ဂျင်စက်သံကြားလိုက်ရပြီးနောက် တစ်ဖြေးဖြေးမြင့်တတ်သွားပေသည်။


မူရွှမ်နေရာမှာပင်ရပ်၍ သင်္ဘောပျောက်ကွယ်သွားသည့်အထိ ကြည့်နေခဲ့သည်။နောက်ခဏမှာပင်သူပြောလိုက်သည်။


"အားလုံးပြင်ဆင်ပြီးသွားပြီလား..."


"ဟုတ်ကဲ့..."


ယန်ရွှမ်ချက်ချင်း ပြန်ဖြေလိုက်၏။


"သူတို့ နောက်ဆယ်မိနစ်ဆို ထွက်ခွာပါလိမ့်မယ်...သခင်မလေး ရောက်ပြီး မကြာခင်မှာပင် ရောက်ပါလိမ့်မယ်..."


"အင်း..."


မူရွှမ်ခေါင်းညိတ်လိုက်သည်။

သူက ထွက်သွားဖို့ရည်ရွယ်ချက်မရှိသလိုမျိုးနေရာမှာပင်ရပ်၍ သင်္ဘောပျောက်ကွယ်သွားသောနေရာကိုသာကြည့်နေလိုက်သည်။


"အဖေ..ခုနတုန်းက သခင်မလေးလား..."


ယန်ရွှမ်၏ ဘေးနားတွင် ရပ်နေသောမိန်းမချောလေးက စိတ်လှုပ်ရှားစွာဖြင့်မေးလိုက်သည်။


"အင်း...ဟုတ်တယ်..."


ယန်ရွှမ် ခေါင်းညိတ်လိုက်၏။


"သူမက ဗီဒီယိုထဲကတစ်ယောက်နဲ့မတူသလိုပဲနော်... ဒါပေမဲ့လေ သူမက အရမ်းခန့်ညားချောမောတာပဲ..."


ထိုကောင်မလေးက စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်၏။


အမျိုးသမီးတစ်ယောက်ကို ချောမောခန့်ညားတယ်လို့ပြောတယ်ပေါ့လေ။


"သူမက သခင်မလေးတစ်ယောက်ဖြစ်ကြောင်းလုံးဝ ယုံမှားသံသရရှိစရာမလိုဘူး...ဒီလို အန္တရယ် ရှိတဲ့နေရာမျိုးကို သူမကိုယ်တိုင်စွန့်စားဖို့သွားရောက်ရဲတယ်...အရမ်းမိုက်တာပဲ...တကယ်လို့ကျွန်မသာဆိုရင်တော့လေ ကျွန်မရဲ့ အုပ်ထိန်းသူကိုထားခဲ့ပြီးသွားနိုင်မှာ မဟုတ်ဘူး..."


ထိုကောင်မလေးက ယန်ရွှမ် ဘက်သို့တစ်ချက်လှည့်ကြည့်၍ပြောလိုက်သည်။


ယန်ရွှမ်၏ အကြည့်များကနူးညံညင်သာသွားသည်။ 


"ငါလည်းတူတူပါပဲ နင်ကိုထားခဲ့ပြီးတော့ တစ်စက္ကန့်လေးတောင်သွားနိုင်မှာမဟုတ်ဘူး..."


သူ့ စကားဆုံးဆုံးခြင်းမှာပင်အေးစက်သောလှသော ခံစားမှုတစ်ရပ်ဖြစ်ပေါ်လာလေသည်။


မူရွှမ်က သူတို့နှစ်ယောက်ကိုစူးစူးရဲရဲစိုက်ကြည့်နေလေ၏။


ပတ်ဝန်းကျင်လေထုက စတင်၍အေးခဲလာသလိုခံစားမိလေသည်။


ကြောက်စရာကောင်းလိုက်တာ...


"အရှင်...အရှင်မင်းကြီး ဘာများဖြစ်လို့လဲ..."


မူရွှမ်၏ အကြည့်များက စူးရှနက်မှောင်နေလေသည်။သူယန်ရွှမ်ကိုစိုက်ကြည့်ပြီးလိုက်မှ အေးစက်စွာပြောလိုက်သည်။


"သူမကြာခင်ပြန်လာမှာ..."


ဟမ်...ဘယ်သူလဲ သခင်မလေးလား...ဘာလို့အဲဒါကိုပြောနေတာလဲ ...


မူရွှမ်ပြန်လှည့်လိုက်ပြီးလက်တ

စ်ချက်ဝှေ့ရမ်းကာ လေဟာနယ်ပေါ်ထဲဝင်ရောက်ပျောက်ကွယ်သွားလေသည်။


ယန်ရွှမ်နှင့်သူ၏ဆက်ခံသူတို့တစ်ယောက်ကိုတစ်ယောက် ဇဝေဇဝါနှင့်ကြည့်လိုက်မိကြသည်။ 


ငါတို့အမှားလုပ်မိလိုက်ကြတာလားဟင်...