အပိုင်း ၇၃
Viewers 16k

Chapter 73

ခရီးသွားလုပ်ငန်း...


ယောင်စစ် စကြာဝဠာ နှင့်ဂြိုလ်မြေများဆီသို့ စွန့်စားသွားလာခဲ့သည်။


ကုရှုချန်းညွှန်ပြခဲ့သော စိတ်စွမ်းအား လေ့ကျင့်ဖို့အကောင်းဆုံးနယ်မြေ... "အရိပ်ဂြိုလ်" ဆိုသည့် နေရာသို့ သူမ သွားရောက်ခဲ့သည်။


အရင်က မူရွှမ်ပြောပြခဲ့ဖူးသည်မှာ ထိုအာကာသမျိုးနွယ်များသည် သူတို့၏ စွမ်းရည်ကို  အပြည့်အဝ အသုံးချနိုင်စွမ်းရှိကြသည်။နည်းပညာများပေါ်တွင်သာ မှီခိုထားကြသော တစ်ခြားမျိုးနွယ်များနှင့်မတူဘဲ သူတို့ကကွဲပြားသောနည်းလမ်းများစွာရှိနေလေသည်။ထိုမျိုးနွယ်များက သူတို့၏ ကိုယ်ပိုင်စွမ်းရည်များကို အာကာသထဲတွင် ဓားပျံစီး၍သွားလာသည့်နေရာ၌ပင်အသုံးချနိုင်ကြသည်။


ယောင်စစ် စီးလာခဲ့သော သင်္ဘော ပင်လျှင် တစ်ကယ့် သင်္ဘောတစ်စီးသာဖြစ်သည်။၎င်းတို့၏ စွမ်းရည်ဖြင့်ပြုလုပ်ထားသောသင်္ဘောက အာကာသထဲရှိတစ်ခြားမျိုးနွယ်များ အသုံးပြုနေသော နည်းပညာမြင့် ယာဉ်ပျံ များနဲ့ယှဉ်နိုင်သည်။တစ်နာရီမပြည့်ခင်မှာပင် သူမတို့ သွားရောက်ရမည့်နေရာသို့ရောက်လာသည်။


ယောင်စစ် မူရွှမ် ပေးထားသော လည်ဆွဲလေးကို အသာပွတ်သပ်လိုက်သည်။ထိုထဲတွင် တစ်ခြားသူများအပေါ်တွင် လွမ်းမိုးနိုင်စွမ်းရှိသော ၊လွမ်းမိုးရန်အသုံးပြုနိုင်သော မူရွှမ် ၏စိတ်စွမ်းအား တစ်စွန်းတစ်စ ပါဝင်နေသည်။


ယောင်စစ် သင်္ဘော ပေါ်မှမဆင်းခင် သူမကိုယ်သူမ ပြင်ဆင်စရာရှိတာပြင်ဆင်လိုက်သည်။သူမ၏ပတ်ဝန်းကျင်မှအရာများက ယခင်ကမ္ဘာမှာတုန်းကဝတ္ထုဖတ်ရသကဲ့သို့ဖြစ်နေမှာသေချာပေသည်။


သူမ သင်္ဘောကထွက်လိုက်စဉ်တွင် ပြင်ဆင်ထားသမျှများက မလုံလောက်ကြောင်းသိလိုက်ရလေသည်။


ရှေးခေတ်ဝတ်စုံကိုဝတ်ဆင်ထားသော အမျိုးသမီး တစ်ဦးက ပျံသန်းလာပြီးနောက် သူမတို့ကိုအပြုံးတစ်စဖြင့်နှုတ်ဆက်လာလေသည်။


"မင်္ဂလာပါ...လူကြီးမင်းတို့ရဲ့ ခရီးစဉ် အတွက် ဝန်ဆောင်မှု့ပေးမယ့် ဝန်ထမ်းပါ...ကျွန်မရဲ့နံပတ်က၂၃၃ပါ လူကြီးမင်းတို့ဒီဂြိုလ်ပေါ်ကို အလည်အပတ်ထွက်လာတာလား... ဒါမှမဟုတ် အတွေ့အကြုံလာယူတာလား ဆိုတာလေးသိပြရစေ..."


ယောင်စစ်  တိတ်ဆိတ် ငြိမ်သက်နေမိသည်။ဒီနေရာက သူမမြင်နေကြ ခေတ်မှီပုံစံများနှင့်လုံးဝကွဲပြားခြားနားနေသည်။သမိုင်းဝင် ရုပ်ရှင်ကားတစ်ကားထဲ ပါဝင်နေရသလိုဖြစ်နေသည်။


"အတွေ့အကြုံလာယူတာပါ..."


ယောင်စစ် သဘာဝမကျစွာဖြေလိုက်သည်။


"ဟုတ်ကဲ့ပါ..."


ထိုဝန်ထမ်း၂၃၃က နွေးထွေးသော အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။


"အချိန်ခဏလောက်စောင့်ပေးပါနော် လူကြီးမင်းရဲ့ VIP ထိုင်ခုံနေရာဆီကို ခေါ်သွားပေးပါ့မယ် ဒီလမ်းပာ...လူကြီးမင်း လိုရာခရီးကိုချက်ချင်း ပို့ဆောင်ပေး ပါ့မယ်..."


ထိုအမျိုးသမီး လက်တစ်ဖက်ဝှေ့ရမ်းလိုက်သည်နှင့်ဘေးမှတိမ်စိုင်တိမ်ခဲတစ်ခု ပျံသန်း လာလေသည်။


ဟ...ဒါကြီးကတော့နည်းနည်းများသွားပြီ... ဒီနေရာက တစ်ခြားနေရာတွေနဲ့တစ်ကယ်ကိုကွာခြားနေတာပဲ...


ပတ်ဝန်းကျင်တစ်ခုလုံးက ဖြူဖွေးနေပြီး နတ်ဘုရားစွမ်းအင်များပြည့်နက်နေသလိုမျိုးထင်ရသည်။ဖြတ်သန်းရွှေ့လျားနေသော တိမ်စိုင်ခဲများကြားထဲမှတစ်ဆင့် ရှေးဟောင်းလက်ရာတစ်ချို့ကိုလည်း တစ်ခါတစ်ရံမြင်ရပေသည်။ထိုတိမ်စိုင်ဖြူဖြူများကြားထဲတွင် အခြားအရောင်တိမ်စိုင်များလည်းရှိနေပေသည်။


နံပတ်၂၃၃ ဆွဲယူလိုက်သည်က သက်တန့်ရောင်တိမ်စိုင်တစ်ခုဖြစ်သည်။


"ဒီမှာထိုင်ပါ..." 


"ကောင်းပါပြီ... "


ယောင်စစ် လှမ်းကိုင်လိုက်သည်နှင့်၄င်းကသူမ ယခင်ကထိုင်ခဲ့ဖူးသော ဖေါက်ထွင်းမြင်ရသည့်ကလေးထိုင်ခုံလိုပင် အလွန်ပျော့ပြောင်းကြောင်းသိလိုက်ရသည်။သူမထိုင်ပြီးသည်နှင့်အကူလက်ထောက်၂၃၃ကစာရွက်စာတမ်းတစ်ချို့ကို ယူဆောင်လာပြီးနောက် ဒီဒေသ၏ လူမျိုးစုများနှင့်ယဉ်ကျေးမှု့များ၊ထုံးစံများအကြောင်းကိုရှင်းပြလေသည်။


"မစ်စ်...ဒီဟာက ပထမဦးဆုံး အကြိမ်လာရောက်တာမဟုတ်လား ကျွန်မမိတ်ဆက်ပေးပြစေ။ကျွန်မတို့ရဲ့နယ်မြေက အရမ်းကို လှပတယ်။ဒီနယ်မြေတစ်ခုလုံးမှာ ဂြိုလ်ပေါင်း၈၁၈ခုရှိပြီးတော့ တစ်ခုချင်းစီတိုင်းကလည်း ကောင်းကင်ဘုံ တစ်မျှလှပလွန်းတယ်။ရှင်တစ်ခါရောက်တာနဲ့ လုံးဝမပြန်ချင်ဖြစ်သွားလိမ့်မယ်လို့ ကျွန်မကျိန်ပြောရဲတယ်..."


"ဒီတစ်ခြားတစ်ဖက်က အင်မော်တယ်ဂြိုလ်..ကိုကြည့်လိုက်ပါ...သန့်ရှင်းစင်ကြယ်တဲ့ လူသားတွေနဲ့အံ့ဩစရာကောင်းတဲ့မြင်ကွင်းအမျိုးမျိုးပြည့်နက်နေတယ်...ပြီးတော့ အဲ့ဒီမှာအခုလက်ရှိ ပရိုမိုးရှင်း လည်းရှိတယ်လေ...သူတို့က ဂရုတစ်ခုကို စကြာဝဠာ ငွေကြေး၉၈၈ကျပ်နဲ့စျေးချနေတယ်...ရှင်စိတ်ဝင်စားမယ်ဆိုရင် နောက်ထပ်လျော့စျေးတွေလည်းပေးနိုင်ပါသေးတယ်..."


ယောင်စစ် ဆွံ့အနေမိသည်။သူကဘယ်လိုလုပ်ပြီးခရီးသွား ပက်ကေ့ဂ်ျတွေကိုမိတ်ဆက်ပေးနေရတာတုန်း...


 သူကခရီးသွားလုပ်ငန်းကို ဦးစားပေးမှာလား... အတွေ့အကြုံယူတဲ့လူကိုဦးစားပေးမှာလား...