အပိုင်း ၇၄
Viewers 16k

Chapter 74

သယ်ယူပို့ဆောင်မှုနည်းလမ်းများ


အကူဝန်ထမ်းလေးက ခဏမျှငြိမ်သက်သွားပြီးနောက် ယောင်စစ် ဤနေရာကိုလေ့ကျင့်ရေးအတွက် ရောက်လာကြောင်းပြန်သတိရသွားသည်။ 


သူမ ရှက်ရွံ့အနေခက်စွာဖြင့် ပြုံးလိုက်ပြီး...


"ဟီးဟီး ...အားလုံးကို အတူတူပဲဦးစားပေးပါတယ်...ဒါပေမဲ့ မစ်စ် ဒီနေရာမှာလေ့ကျင့်ရေးဆင်းပြီးသွားလို့ အလည်အပတ်ထွက်ချင်သေးတယ်ဆိုရင်တေ့ာ...ကျွန်မကိုလာရှာလိုက်နော်...ကျွန်မရဲ့ နံပါတ်က '233'  'မစ်စ်' သာလာရှာမယ်ဆိုရင် ကျွန်မက အထူးပရိုမိုးရှင်းပေးမှာပါ..." 


ထိုဝန်ထမ်းက စာရွက်စာတမ်းများကိုပြင်ဆင်ပြီးနောက် သူမ၏လေ့ကျင့်ရေးအကြောင်း စတင်ဆက်လက်ပြောပြတော့မည့် အချိန်မှာပင် ဘေးနားဆီမှ ကျယ်လောင်စူးရှသောအသံတစ်ခုထွက်ပေါ်လာလေသည်။


ထိုသူကစာရွက်စာတမ်းများကိုဘေး၌ချထားလိုက်ပြီးနောက် အဆောင်စာရွက်တစ်ခုကိုဆွဲယူကာ လက်ဟန်တစ်ချို့ပြုလုပ်လိုက်သည်။အဖြူရောင်အမှုန်အမွှားလေးများ ထိုအဆောင်ထဲကျရောက်လာပြီးနောက် ထိုအမျိုးသမီးမျက်နှာပျက်သွား‌လေသည်။


 "ဘာလဲ..ကားအက်စီးဒန့်ဖြစ်တာလား...ဒီမှာ ကာစတမ်မာတစ်ယောက်ရှိနေတယ်လေ..." 


ထိုအမျိုးသမီးက မျက်မှောင်ကြုတ်၍ပြောလိုက်သည်။ 


"ကောင်းပြီ ကောင်းပြီ...နင်ဆေးဆိုင်ကိုသာမြန်မြန်သွားလိုက်...ငါ့ဘာငါ‌ဖြေရှင်းဖို့ နည်းလမ်းရှာလိုက်မယ်..." 


ထို့နောက်သူမက '‌ယောင်စစ်' ဆီသို့ တောင်းပန်သည့်မျက်နှာထားလေးဖြင့်ပြန်လည်ရောက်လာသည်။


"မစ်စ်... ကျွန်မအရမ်းပဲတောင်းပန်ပါတယ်...အခုလေးတင်ပဲ 'VIP' ပို့ဆောင်ရေးမှာ မတော်တဆမှုလေးတစ်ခုဖြစ်သွားတယ်လို့ အကြောင်းကြားချက်ရလာတယ်...အဲ့တော့ ကျွန်မတို့ဘက်ကနေပြီးတော့ အများပြည်သူသုံးပို့ဆောင်ရေးနဲ့ပဲ စီစဉ်ပေးမယ်ဆိုရင်ကော အဆင်ပြေနိုင်မလားရှင်..."


"ကိစ္စမရှိပါဘူး..ရပါတယ် ..." 


ယောင်စစ် ကထိုကဲ့သို့ဖြစ်ရပ်များအပေါ် နားလည်မှုရှိလေသည်။


 "အိုး..ကောင်းလိုက်တာ ကျေးဇူးအများကြီးတင်ပါတယ်..." 


ထိုဝန်ထမ်းလေးကစိတ်သက်သာရာ ရသွားစွာဖြင့် ယောင်စစ် ကိုထပ်ခါထပ်ခါကျေးဇူးတင်စကားပြောလိုက်သည်။ 


"ဒါဆိုရင် အခုပဲပို့ဆောင်ဖို့စီစဉ်ပေးပါမယ်နော်..." 


ပြောပြီးသည်နှင့် ခရမ်းရောင် အဆောင် စာရွက်တစ်ခုကိုထုတ်ယူလိုက်သည်။ထို့နောက် လက်ဟန်တစ်ချို့ပြုလုပ်လိုက်သည်နှင့် ထိုနေရာမှ အလင်းတန်းများထွက်ပေါ်လာလေ၏။ဆယ်စက္ကန့်တောင်မကြာလိုက်ခင်မှာပင် တိမ်ထူထူတစ်ခုထဲမှအာကာသ နတ်ဘုရားမျိုးနွယ် ငန်းတစ်ကောင်ထွက်ပေါ်လာလေသည်။ 


ခဏလေး... ခဏလေးနေကြပါဦး...ဒါကြီးက ပို့ဆောင်ရေးပစ္စည်းလား...ဟီးဟီးဟီး...ဒီအာကာသမျိုးနွယ်တွေကတော့ တော်တော်လေးစိတ်ဝင်စားစရာကောင်းတာပဲ...


  "ကြိုဆိုပါတယ်..." 


ထိုငန်းက ယောင်စစ် အနားမရောက်ခင်ရပ်တန့်လိုက်ပြီးနောက် နှုတ်ဆက်စကားဆိုလာလေသည်။


 နေပါဦး ဒါက ငန်းလား ဒါမှမဟုတ်...ကြက်တူရွေးလား...


  ငန်းက သူမရှေ့တွင်ရပ်နေရင်းဖြင့် တောင်ပံများကိုနှိမ့်ချလိုက်သည်။


သူ့ရဲ့ကျောပေါ်တက်ဖို့ ဖိတ်ခေါ်နေတာလား...


"မစ်စ် ကျေးဇူးပြုပြီး..."


တကယ်ပဲ အဲ့မှာထိုင်စေချင်နေတာလား...


 ယောင်စစ် အံ့ဩတကြီးဖြင့် ငန်းပေါ်တက်လိုက်သည်။ 


"သာယာသောခရီးလမ်းဖြစ်ပါစေ..."


 ဝန်ထမ်းက ယောင်စစ် ကိုနှုတ်ဆက်လိုက်ပြီး ငန်းဘက်သို့ လက်တစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် ငန်းတောင်ပံများ တစ်ဖျပ်ဖျပ်ခတ်ကာ စတင်၍ပျံသန်းလိုက်သည်။


ယောင်စစ် အလွန်အံ့အားသင့်သွားသည်က တည်ငြိမ်လှသော ရွေ့လျားမှုပင်ဖြစ်သည်။တောင်ပံများ ပြင်းပြင်းထန်ထန်ခတ်နေသော်လည်းလေတိုးမှုကို မခံစားရပဲ အဆင့်မြင့်လေယာဉ်ခန်းထဲတွင် ထိုင်နေသလိုတည်ငြိမ်နေလေသည်။


သူမဘေးပတ်ဝန်းကျင်သို့ အကဲခတ်ကြည့်ရှုလိုက်သည်။ထွက်ခွာရာနေရာတွင် ရှိနေကြသော အခြားသူများကလဲ ငန်းအသီးသီးနှင့် ပျံသန်းဖို့ပြင်ဆင်နေသည်ကို‌ တွေ့လိုက်ရ၏။


 "ကြည့်ရတာတော့ ဒါသူတို့လူမျိုးတွေကြားထဲမှာ ပုံမှန်သယ်ယူပို့ဆောင်ရေးပဲနဲ့တူတယ်..."


ခရီးသွားပက်ကေ့ဂ်ျတွေအကြောင်းကြော်ငြာနေတာကလွဲရင် ကျန်တာတွေအားလုံးကတော်တော်လေးအဆင်ပြေတာပဲ...


[အာကာသမျိုးနွယ်ရဲ့အထူးဆိပ်ကမ်းမှ ကြိုဆိုပါတယ်...ကျွန်တော်တို့က မတူညီ‌သောလုပ်ငန်းနှစ်ခုကိုဝန်ဆောင်မှုပေးပါတယ်...ခရီးသွားလုပ်ငန်းနှင့်လေ့ကျင့်ရေးလုပ်ငန်းတို့ဖြစ်ပါတယ်... ခရီးသွားရောက်လည်ပတ်စရာနေရာကောင်းကလဲ ၈၁၁ခုရှိပါတယ်...]စသဖြင့်ကြော်ငြာများအဆက်မပြတ်ဝင်ရောက်နေလေသည်။


အစပိုင်းတွင် ယောင်စစ်က ထိုငန်းသည် လူအများနှင့်ပြောဆိုဆက်ဆံနိုင်သည်ဟုထင်ခဲ့မိသည်။သို့သော်လည်းမကြာခင်မှာပဲ ၎င်းကအကြောင်းအရာတစ်ခုထဲကိုသာ ထပ်တလဲလဲ ပြောဆိုနေခြင်းဖြစ်ကြောင်းသတိပြုမိသွားသည်။သို့သော်လည်း၎င်းက ကြက်တူရွေးများထက်ပင်သာလွန်စွာဖြင့် ထိုကဲ့သို့သောစာသားများကိုအမှန်တကယ်ရွတ်ဆိုနိုင်နေ‌ပေသည်။ ယောင်စစ် ကြီးမားသောနန်းတော်တစ်နေရာသို့မရောက်ခင် ခရီးစဉ်တစ်လျှောက်လုံး၎င်း၏ ကြော်ငြာမှုကို အဆက်မပြတ်သည်းခံခဲ့ရလေသည်။


နန်းတော်ကြီးတွင် ရှေးဆန်သောအငွေ့အသက်များရှိသည်၊အနီရောင်ဆေးခြယ်ထားသောနံရံများ၊ရွှေရောင်အမိုးခုံးများက ၎င်း၏ထည်ဝါမှုကိုထင်ရှားစေ‌လေသည်။အဝင်ပေါက်ဝတွင် 'အာကာသလေ့ကျင့်ရေးစခန်း' ဟုရေးထိုးထားသောရွှေရောင်ဘုတ်ပြားတစ်ခုကိုချိတ်ဆွဲထားသည်။


 ယောင်စစ် ငန်း၏ကျောပေါ်မှခုန်ချလိုက်ပြီးနောက် ရုံးထဲဝင်ရန်ပြင်လိုက်သည့်အချိန်တွင် ၎င်းကနှုတ်သီးဖြင့်တားလာလေသည်။


၎င်း၏နှုတ်သီးကို ကျယ်ကျယ်ဖွင့်ဟ၍ စူးရှသည့်အသံဖြင့်ပြောလာလေသည်။


 "ဘာ...မွေးစားလိုပါသလား..."