အပိုင်း ၇၅
Viewers 16k

Chapter 75

အာကာသမျိုးနွယ်တို့၏ကြော်ငြာများ


ယောင်စစ် ခဏမျှစဉ်းစားပြီးနောက် ကွန်ပျူတာလက်ပတ်ကိုဖွင့်လိုက်သည်။နောက်ဆုံး၌အနီရောင် ဘယ်ရီသီးများကိုရှာတွေ့သွားပြီး ထိုငန်း၏ ပါးစပ်ထဲသို့ ထည့်လိုက်သည်။


ထိုငန်းကတောင်ပံကို ဖြန့်ကားလိုက်ပြီး‌နောက် ဘယ်ရီသီးများကို အလုတ်ကြီးကြီးစားလိုက်သည်။ထို့နောက် ယောင်စစ် ကိုတစ်ချက်ပြန်ကြည့်လိုက်ပြီး ပါးစပ်ကျယ်ကျယ်ဖွင့်ဟလာပြန်၏။


ပြီးနောက် သူမရင်းနှီးကျွမ်းဝင်နေသော အသံထွက်ပေါ်လာလေသည်။


 ''စိတ်မကောင်းပါဘူး ကျွန်ုပ်တို့ကပေးချေမှုကို အစားအစာများနှင့် ပေးချေမှုကိုလက်မခံပါဘူး စကြာဝဠာ ငွေ‌ကြေးဖြင့်ပေးချေပါ..."


သောက်ကျိုးနည်း...


သူကငါ့ကိုပိုက်ဆံပေးခိုင်းနေတာလား...ဒီပို့ဆောင်ရေးအတွက်ပိုက်ဆံပေးရမယ်...ဒါကပုံမှန်ရောဟုတ်ရဲ့လား..ပြီးတော့ တခြားအရာနဲ့ပေးချေခွင့်မပြုဘူးဆိုရင် ငါ့ရဲ့ဘယ်ရီသီးတွေဘာလို့စားပစ်လိုက်တာလဲ ပြန်ပေးလေ...


"ဘဏ်ကနေငွေလွှဲပေးတာမျိုးကိုရောလက်ခံလား..."


ယောင်စစ် မေးလိုက်သည်နှင့် ထိုငန်းက စကားတစ်ခွန်းမျှဘာမှပြန်မပြောဘဲ သူ့၏လက်သည်းများကို မြှောက်လိုက်သည်နှင့် ပေးချေမှုအတွက် အနီရောင်ဇယားကွက်လေးတစ်ခုပေါ်လာလေ၏။


ယောင်စစ် သူမ၏ကွန်ပျူတာလက်ပတ်ကို ထိုနေရာသို့ဖြတ်သန်းလိုက်သည်နှင့် ငွေပေးချေပြီးကြောင်းပြေစာထွက်လာလေသည်။


အာကာသငန်းက စိတ်ကျေနပ်စွာဖြင့်စတင်၍ပျံသန်းလိုက်သည် ထို့နောက် သူမ၏ခေါင်းကိုစက်ဝိုင်းပုံသဏ္ဍန် ဝှေ့၍ပြန်လှည့်လိုက်ပြီးပြောလိုက်သည်


 "လူတိုင်းအတွက် ပို့ဆောင်ရေးလုပ်ပေးရတာက အာကာသမျိူးနွယ်တွေရဲ့တာဝန်ပါပဲ...ဒါကြောင့်မို့ ဘယ်ငန်းကိုမှ အစာမကျွေးပါနဲ့..ကျေးဇူးတင်ပါတယ်..." .


လခွီးထဲမှ နင်ပြန်လာခဲ့လိုက်စမ်း...နင့်အမွှေးတွေမနှုတ်ဘူးလို့ကတိပေးတယ်...


.....


 ယောင်စစ် လေ့ကျင့်ရေးရုံးသို့ ရောက်ရှိလာခဲ့သည်။ထိုနေရာတွင် အဆင့်မြင့်လှသောလေ့ကျင့်ရေးပစ္စည်းမျိုးစုံကို တွေ့နိုင်သော်လည်း စာရင်းပေးသွင်းထားသူ အများကြီးမရှိပေ။ကြီးမားလှသော အခန်းကျယ်ကြီးအတွင်းတွင် လူငါးယောက်သာရှိပြီး အများစုကလဲ ကြံ့ခိုင်သန်မာသော စစ်သည်များဖြစ်သည်။


ဝန်ထမ်းအရေအတွက်ကလည်း တော်တော်လေးနည်းပါးလှသည်၊ထိုနေရာတွင် ယာယီရုံးငယ်လေးနှစ်ခုရှိပြီး တစ်ခု၌ပိတ်ထားသည့်ဆိုင်းဘုတ်ချိတ်ထားလေသည်။ ယောင်စစ် တန်းစီတော့မည့်အချိန်မှာပဲ တစ်ခေါင်းလုံး နှင်းကဲ့သို့ဖြူဖွေးနေသောလူကြီးတစ်ယောက် ရောက်လာလေသည်။


"မိန်းကလေး ..ဒီနေရာမှာလေ့ကျင့်ရေး ဆင်းဖို့ပါလား..." 


"ဟုတ်ပါတယ်..." 


ယောင်စစ် ခေါင်းညိမ့်လိုက်သည်။ 


"လေ့ကျင့်ရေးမဆင်းခင်မှာ ပြင်ဆင်စရာတွေအကုန်ရော ပြင်ဆင်ထားပြီးပါပြီလား..." 


ထိုသူကထပ်မေးလိုက်၏။ 


ပြင်ဆင်ရမယ်...ယောင်စစ် ငြိမ်သက်သွား၏။ 


" ဘာတွေပြင်ဆင်ဖို့လိုတာလဲ..."


 "ဒါဆိုရင်တော့ ဒီနေရာကိုရောက်ဖူးတာက မင်းရဲ့ပထမဦးဆုံးအကြိမ်ပဲဖြစ်ရမယ်..." 


ထိုလူကြီးကခေါင်းတငြိမ့်ငြိမ့်ဖြင့်ဆက်လက် ရှင်းပြလိုက်သည်။ 


"လေ့ကျင့်ရေးဆင်းတယ်ဆိုတာက ရှေးကျတဲ့ဂြိုလ်တွေကို ပို့ဆောင်ပေးလိုက်တာပါ...အဲ့ဒီကဒေသခံတွေက စကြာဝဠာကြီးရဲ့စည်းမျည်းတွေကိုမသိတဲ့အတွက် ပြင်ဆင်မှုတွေမရှိပဲ အဲ့ဒီ့ကိုသွားလို့မရဘူး..." 


"ဒါဆိုရင် ဘာတွေပြင်ဆင်ဖို့လိုတာလဲ ..."


 သူမစာရင်းမသွင်းသေးခင် အရင်ဆုံးမေးမြန်းလိုက်သည်။


 "လာ ..လာ...ဒီကိုကြည့်လိုက်" 


ထိုလူကရေတံခွန်ကဲ့သို့ ပစ္စည်းများစီးမျောနသောနေရာတစ်ခုသို့ ညွှန်ပြလိုက်သည်။


 "အဲ့နေရာက အာကာသနယ်ပယ်ရဲ့အကျော်ကြားဆုံး ဖြည့်စွက်စာတွေရောင်းတဲ့ဆိုင်ပါ...လေ့ကျင့်ရေးဆင်းနေစဉ်အတွင်းဘေးကင်းစေဖို့အတွက် လိုအပ်တဲ့အဆောင်တွေနဲ့ အခြားသောအရာတွေလဲ ရှိပါတယ်...ဒီမှာ...ကိုယ်ခံအားစနစ်ကိုဖြည့်တင်းပေးတဲ့ဆေးတွေ...ဒါကတော့..မီးဘေးအန္တာရာယ် ကာကွယ်ပေးမဲ့အဆောင်တွေ...ဒါကတော့ ဆင့်ခေါ်အဆောင်...ဒါကတော့...အကောင်းဆုံးပိုင်ကုဆေးလုံး...ဒါတွေအားလုံးသာ ရှိနေမယ်ဆိုရင် အန္တာရာယ်နဲ့ ကြုံမှာမစိုးရိမ်ရတော့ဘူး...ပြီးတော့ ဇိမ်ခံပစ္စည်းတွေလဲရနိုင်တယ်..." 


သူကအရောင်းမြှင့်တင်ရေးသမားပဲဖြစ်ရမယ်.. သူ့ရဲ့စကားတွေကိုယုံလို့မဖြစ်ဘူး...


 "ကျွန်မ အဲ့တာတွေမလိုအပ်ဘူး ကျေးဇူးတင်ပါတယ်..."


 ငါကဒီနေရာကိုလေ့ကျင့်ရေးဆင်းဖို့လာတာလေ...အလည်အပတ်လာတာမဟုတ်ဘူး...ပြီးတော့လဲ စိတ်စွမ်းအားကိုလေ့ကျင့်ဖို့လာတာ...အဲ့တာတွေနဲ့ငါက ဘာလုပ်ရမှာလဲ...


 ဘာလို့ မလိုအပ်တာလဲ...ဒီဖောက်သည်ကသူ့ရဲ့ စိတ်ရှည်မှုနဲ့ စိတ်ဓာတ်ခွန်အားကို စမ်းသပ်ချင်နေတာလား...

သူစိတ်ဓာတ် တက်ကြွစွာဖြင့်ထပ်မံပြောဆိုလိုက်သည်။


 "မစိုးရိမ်ပါနဲ့...မစိုးရိမ်ပါနဲ့ ကျွန်တော့်ရဲ့ပစ္စည်းတွေကအရမ်းကို အရည်အသွေးမြင့်ပါတယ်...လေ့ကျင့်တဲ့နေရာမှာလဲ အရမ်းဂရုစိုက်နေစရာမလိုတော့ဘူး...ပြီးတော့ ကြိုမမြင်နိုင်တဲ့အန္တာရာယ်တွေကိုလဲ ကာကွယ်ပြီးသားဖြစ်တာပေါ့..." 


"ကျွန်မ တကယ်ကိုပဲ ဘာမှမလိုအပ်ဘူး..."


 သူမက ဒီနေရာကိုစိတ်စွမ်းအားလေ့ကျင့်ရန်သက်သက်သာ ရောက်နေခြင်းဖြစ်သည်။ သူမစကြာဝဠာ စကြဝဠာကွန်ရက်၌ စစ်ဆေးပြီးနောက် လေ့ကျင့်ရေးဆင်းရန်နေရာကို အရိပ်ဂြိုလ်၏်တတိယမြောက်ဒေသကိုရွေးချယ်ထားခဲ့သည်။


ဝက်ဘ်ဆိုဒ်တွင်ဖော်ပြထားခဲ့သော အချက်အလက်များအရ ထိုဒေသရှိမျိုးနွယ်များသည် အဆင့် (B) အောက်တွင်သာရှိသေးသည်။ 3S အဆင့်ရှိသော သွေးစုပ်ဖုတ်ကောင်မျိုးနွယ်အနေဖြင့် ထိုဒေသတွင် သူမအန္တာရာယ်ကင်းပေလိမ့်မည်။