အပိုင်း ၇၆
Viewers 15k

Chapter 76

လေ့ကျင့်ရေးဂြိုလ်


" တစ်ခေါက်လောက် ထပ်ကြည့်ကြည့်ပါဦး...ဒါတွေကတကယ်ကိုပဲအရမ်း အသုံးဝင်ပါတယ်...ဒါလေးဆိုရင်ရော...ဒါကိုယူမယ်ဆိုရင်မီးအကာကွယ် ရေးအဆောင်တစ်ခုအလကားပေးမယ်လေ ဘယ်လိုသဘောရလဲ..."


"ကျွန်မတကယ်ကို မလိုအပ်ဘူး..."


ယောင်စစ် နောက်တစ်ခါထပ်ငြင်းလိုက်သည်။ ထိုသူကမကျေမနပ်ဖြစ်သွားပြီး သူလက်ထဲမှအဆောင်ကို ရမ်းခါလိုက်သည်။


ထို့နောက်ယောင်စစ် ကိုလှောင်ပြောင်အထင်သေးဟန်ဖြင့် ခြေဆုံးခေါင်းဆုံးတစ်ချက်အကဲခတ်လိုက်ပြီး ဆိုင်းဘုတ်ချိတ်ထားသောအခန်းငယ်လေးကိုညွှန်ပြလိုက်သည်။


" အဲဒါဆိုလည်း သွားပြန်ပြီးတော့တန်းစီလိုက်တော...မကြာခင်ပဲအဲ့နေရာကဖွင့်တော့မှာ..."


ယောင်စစ် ထိုသူ၏ အပြုအမှုကိုဗွေမယူနေတော့ချေ။သူမလှည့်ကြည့်လိုက်လေရာ အခန်းငယ်၏အရှေ့တွင်တားဆီးထားသောတိမ်များက တဖြေးဖြေးချင်းလွင့်ပြယ်နေသည်ကို တွေ့လိုက်ရသည်။


ထို့ကြောင့် ထိုသူကိုအလျင်အမြန်ကျေးဇူးတင်လိုက်ပြီး သွားရောက်တန်းစီလိုက်၏။

စာရင်းပေးသွင်းပြီးနောက်ထိုနေရာမှ အဝါရောင်အဆောင်ပြားလေးတစ်ခုရလာလေသည်။ ၄င်းတွင် မထွက်ခွာမှီပြုလုပ်ရမည့် လုပ်ဆောင်မှုများကို ရိုးရှင်းစွာညွှန်ပြထားလေသည်။


ယောင်စစ်က သူမလက်ထဲမှ ပို့ဆောင်ရေးလက်မှတ်ကိုကြည့်လိုက်ပြီး ထွက်ခွာသွားလိုက်သည်။


သူမနောက်တွင်ကျန်ခဲ့သော ထိုသက်ကြီးပိုင်းလူကြီး၏မျက်နှာပေါ်ရှိလှောင်ပြောင်ကောက်ကျစ်သောမူအရာကိုပင်သတိမထားမိခဲ့ပေ။


ငါ့ပစ္စည်းတွေမဝယ်ချင်ဘူးဟုတ်လား...

နင်အဆုံးကျရင် ငိုရအောင်လုပ်ပစ်မယ်...


ဤပို့ဆောင်ရေးနေရာဆိုသည်ကားမြေပြင်ပေါ်တွင်ပုံဆွဲထားသောနေရာတစ်ခုမျှသာဖြစ်သည်။


ယောင်စစ် သူမလက်ထဲမှ အဆောင်များကိုင်၍ ထိုနေရာသို့လျှောက်ဝင်လိုက်သည်။သူမထိုနေရာတွင်ရပ်လိုက်သည့်ခဏ၌ လက်ထဲမှ အဆောင်ပြားကအလင်းများတောက်လာပြီးပျောက်ကွယ်သွားလေသည်။

နောက်ခဏတွင် မြေပြင်ပေါ်တွင်ဆွဲထားသောလိုင်းများမှအလင်းများတောက်ပလာသည်။ 


ယောင်စစ် ထိုအာကာသမျိုးနွယ်များ၏မှော်ပညာကိုပင်သဘောကျမိသွားလေသည်။သူမ၏ ရှေ့တွင် ငွေဖြူရောင်အလင်းတန်းတစ်ခု တောက်ပသထက်တောက်ပလာပြီးနောက် သူမကို တစ်ခြားတစ်နေရာသို့ရွေ့ပြောင်းပို့ဆောင်ပေးလိုက်လေသည်။


.....


ဆယ်မိနစ်ခန့်ကြာပြီးနောက် VIP ဧည့်ခန်းထဲတွင် လူတစ်စု စကားပြောဆိုနေကြသည်။


"သခင်မလေးဘာလို့မရောက်သေးတာလဲ..."


"သူငါတို့ထက် နည်းနေတာများဖြစ်နိုင်လား..."


"ဒါပေမဲ့ ဟိုဝန်ထမ်းကငါတို့အရင်ဆုံးရောက်တဲ့လူလို့မပြောလိုက်ဘူးလေ..."


"ဟေ့ သတင်းဆိုးပဲဟေ့...ထွက်ခွာရာနေရာကဝန်ထမ်းပြောလိုက်တာကတော့VIPဧည့်သည် ပထမအသုတ်ကိုကြိုဆိုတဲ့ မှော်သားရဲကဒဏ်ရာရသွားတယ်တဲ့...

ဒီတော့သခင်မလေးက သာမန်လူတွေသွားတဲ့ ပို့ဆောင်ရေးအစီရင်နဲ့သွားမှာဖြစ်လောက်တယ်...သူအခုလောက်ဆိုရင် လေ့ကျင့်ရေးဂြိုလ်ပေါ်ကိုရောက်နေလောက်ပြီ..."


"လုပ်ကြလေ...မြန်မြန်လုပ်ကြလေ..."


"ငါတို့သူကိုချက်ချင်းမှီဖို့လိုတယ်..."


နှစ်မိနစ်ခန့်ကြာပြီးနောက် လေ့ကျင့်ရေးဂြိုလ်ပေါ်သို့ရောက်သွားကြသောလူအုပ်ကြီး...


"တစ်ခြားသူတွေလဲရောက်နေကြပြီလို့သူတို့မပြောလိုက်ဘူးလား...ဘယ်ရောက်ကုန်ကြတာလဲ..."


"ငါတို့ဒီပုံအတိုင်းသာဆိုရင်တော့အနီရောင်ဂြိုလ်ကိုမပြန်နိုင်တော့ဘူး...ငါတို့အနီရောင်ဂြိုလ်ကိုပြန်ရင်သေအောင်ရိုက်သတ်ခံရတော့မယ်..."


သုံးယောက်သားတစ်ယောက်ကိုတစ်ယောက်ကြည့်၍ ထိန်းမနိုင်သိမ်းမနိုင်တုန်လှုပ်ကြောက်ရွံနေကြသည်။


...


ထိုအချိန်တွင်ယောင်စစ်တစ်ယောက်...


" ဟင် မှောင်နေပြီလား..."


ယောင်စစ် သူမ၏ပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်လိုက်သည်။ ပိန်းပိတ်အောင်မှောင်နေပြီး မည့်သည့်နေရာကမှ အလင်းတစ်စမျှထွက်လာသည်ကိုမတွေ့ရပေ။


အရာရာအားလုံးဆိတ်ငြိမ်နေပြီးလေတိုးသံခပ်ဝါးဝါးကိုသာခံစားမိလေသည်။လေတိုက်ခိုက်နှုန်းက မပြင်းထန်သော်လည်း အဆက်မပြတ်တိုက်ခိုက်နေပြီးသူမကိုအရှေ့သို့တွန်းပို့နေသကဲ့ပေ။


ပတ်ဝန်းကျင်၌လည်းမြေပေါ်တွင်ဖုံးနေသော သဲများမှ လွဲ၍မည်သည့်အရာမှမရှိပေ။ သူမ၏ပါးစပ်ကိုအနည်းငယ်ဖွင့်လိုက်သည်နှင့်လေနှင့်အတူပါလာသောသဲ၏အရသာကိုခံစားမိမည်မှာအသေချာပင်။


နေရာတစ်ခုလုံးက ထူးထူးခြားခြားငြိမ်သက်တိတ်ဆိတ်နေသည်မှာ သံသယဖြစ်စရာကောင်းလှသည်။ဤနေရာတွက်သက်ရှိရှိမည့်ပုံမပေါ်ပေ။ 


ကြော်ငြာတွေက တကယ့်ကိုယုံစားလို့မရဘူးပဲ...ဒီအာကာသဒေသရဲ့နေရာတိုင်းက ကောင်းကင်တွေလိုလို ပတ်ဝန်းကျင်ရှူခင်းတွေကလှပပါတယ်လိုလို သူတို့တွေလွန်ခဲ့တဲ့မိနစ်ပိုင်းလေးမှ ငါ့ကို ကြော်ငြာပြလိုက်တာမဟုတ်လား...ဒါဆိုရင်ဘာလို့သူမကို ကြိုဆိုမည့်သူတစ်ယောက်တောင်မှ မရှိရတာလဲ...


ဘာလဲ...လေ့ကျင့်ရေးကစနေပြီလား...


သူမ ပြန့်ပြူးသောမြေကွက်လပ်တစ်ခုကို ရှာတွေ့လိုက်ပြီးခြေချလိုက်သည်။ 


လေ့ကျင့်ရေးစနေပြီဟုယူဆ၍ရသော်လည်းသူမမည်သို့လုပ်ဆောင်ရမည်မှန်းမသိသေးပေ။


စကြာဝဠာဝဘ်ဆိုဒ်ပေါ်တွင် အချက်လက်များကိုကန့်သတ်ထားသည်။ လေ့ကျင့်ရေးများအကြောင်းကိုအတိအကျဖော်ပြထားခြင်းမရှိသောကြောင့် ၄င်းကိုမိမိဘာသာရှာဖွေရလေသည်။


သူမမလာခင်က စိတ်ခွန်အားလေ့ကျင့်မှုအကြောင်းအရာအမျိုးမျိုးကို မူရွှမ် နှင့်ဆွေးနွေးတိုင်ပင်ခဲ့သည်။ သူ၏စကားများကိုအခြေခံ၍ပြောရလျှင်လူတစ်ယောက်၏အသိအမြင်ပေါ်မူတည်၍ စိတ်စွမ်းအင် ထုတ်လွှင့်တိုက်ခိုက်မှုကိုပြုလုပ်နိုင်ခြင်းဖြစ်သည်။ 


မူရွှမ်၏ ပြောစကားများအရ လူတစ်ယောက်၏အသိအမြင်စွမ်းအားဆိုသည်မှာအချိန်နှင့်အမျှ ပျိုးထောင်နိုင်သော အရာများဖြစ်သည်။


အချိန်အတော်ကြာအိမ်တွင်းအောင်းလေ့လာခဲ့ပြီးနောက်သူမ၏ အသိအမြင်များက တစ်ခြားသူများထက်ပို၍ အားကောင်းလာသော်လာ်း သူမ၏ အတွေ့အကြုံက ဇီးရိုးသာဖြစ်သည်။


ထို့ကြောင့် သူမ စကြဝဠာကွန်ရက်သို့ဝင်ရောက်သည့်အခါတွင် အခြေခံအကျဆုံးလုပ်ဆောင်မှုများကိုသာ လုပ်ဆောင်နိုင်ခဲ့လေသည်။


အာကာသဒေသသည် စကြဝဠာကြယ်စုများနှင့် ကွဲပြားခြားနားသောကြောင့် လူတစ်ယောက်၏ စိတ်စွမ်းအားကိုပြုပြင်ပေးရာတွင်အထောက်အကူအများကြီးဖြစ်ပေသည်။


သူမ ကွဲ ပြားခြားနားသည့်အရာရာကိုခံစားနိုင်ရန်အတွက် မျက်လုံးများ မှိတ်ထားလိုက်လေသည်။


ရုတ်တရက်ကျယ်လှောင်စူးရှသောအော်သံက သူမ၏ အတွေးကိုရိုက်ခတ် သွားလေသည်။


"ငါဇန်ဇီချန် အသက်ရှင်နေသရွေ့မင်းတို့ နတ်ဆိုးမျိုးနွယ်ကိုဘယ်တော့မှအရှုံးမပေးဘူးကွ..."