အပိုင်း ၇၇
Viewers 16k

Chapter 77

စကြာဝဠာ သားရဲအသေးစား


ယောင်စစ် လှည့်ကြည့်လိုက်ရာ မီတာ ၁၀၀ မရှိတရှိ အကွာအဝေးတွင် ရှေးခတ်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားသောလူတစ်ယောက်ကိုတွေ့လိုက်ရလေသည်။


ပတ်ဝန်းကျင်ကမှောင်မဲနေသောကြောင့် ရှင်းရှင်းလင်းလင်းမြင်ရခြင်းမရှိချေ။သို့သော်လည်းထိုသူ၏လက်ထဲ၌ ဓားရှည် တစ်ချောင်းကိုကိုင်ထားပြီး ပတ်ဝန်းကျင်ကိုသဲကြီးမဲကြီးတိုက်ခိုက်နေသည်ကိုတော့မြင်နိုင်ပေသည်။ 


သူက ဒဏ်ရာရထားပုံပေါ်သည်။

လေအဝေ့တွင် သွေးညီနံပါးပါး လွှင့်ပျံလာသည်ကိုခံစားမိလေသည်။ ထိုသူက ဓားရှည်ကိုအဆက်မပြတ်လွဲရင်းပါးစပ်မှလည်းမနားတမ်းအော်ဟစ်နေလေသည်။ 


"ငါ့ရဲ့အသက်က ငါ့လက်ထဲမှာပဲ..ကောင်းကင်ဘုံကလာပြီးချုပ်ကိုင်လို့မရဘူး..."


"ဒီ ပုရွတ်ဆိတ်လိုမျိုးနွယ်သေးသေးလေးက လာပြီးမော်ကြွားနေလို့မရဘူး..."


"ငါဇန်ဇီချန်သေတဲ့ထိ အရှုံးမပေးဘူး..."


အဲလိုစကားတွေကရင်းနှီးနေသလိုပဲ ဒါ ကိုယ့်ကိုကိုယ့်ကိုဂုဏ်မြင့်တင်နေတာမဟုတ်ဘူးလား။


ယောင်စစ် ထိုလူ၏ အဆင်အခြင်မဲ့အရူးအမှူးလုပ်ရပ်များကြောင့် စိတ်ပျက်လက်ပျက်ဖြစ်သွားမိသည်။သူမ ရှေ့သို့ခြေတစ်လှမ်းတိုး၍အော်ခေါ်လိုက်သည်။


"ဟေ့...လူ..."


"ဘယ်သူလဲ..."


ထိုသူက အသံလာရာဘက်သို့ချက်ချင်းလှည့်ကြည့်လာသည်။သူ၏ဓားကိုတင်းတင်းဆုပ်ကိုင်ပြီး မျက်ဝန်းအကြည့်များကလည်းဖော်ရွေရင်းနှီးဟန်တစ်စက်မျှမရှိပေ။


"ဒီမှာ..ဒီမှာ..."


ယောင်စစ်ရှေ့သို့ခြေနှစ်လှမ်းဆက်တိုးလိုက်ပြီး ထိုသူ၏ရှေ့သို့လက်ဝှေ့ယမ်းပြလိုက်သည်။


ထိုသူက သူမရှိရာဆီ  လှည့်ကြည့်လာပြီး...နောက်သို့ခြေနှစ်လှမ်းဆုတ်လိုက်ကာ သူလက်ထဲမှ ဓားက်ိုတစ်ချက်ဝှေ့ယမ်းလိုက်သည်။


ဘယ်လောက်တောင်ရဲတင်းလိုက်လဲ...


"မင်းက နတ်ဆိုးမိန်းမမဟုတ်လား..."


နတ်ဆိုးမိန်းမ...


နင်သာနတ်ဆိုးမိန်းမ ...နင်တို့တစ်မိသားစုလုံးသာ နတ်ဆိုးမိန်းမ 


"ဟေ့....မစ္စတာ ဇန်ဇီချန်မင်းရဲ့ဓားကို နဲနဲလောက်နှိမ့်ထားနိုင်မလား..."


ထိုသူ၏မျက်နှာက ချက်ချင်းပင် ပြောင်းလဲသွားပြီးသူမကိုမေးလိုက်သည်။


"မင်း..မင်းငါနာမည်ကိုဘယ်လိုလုပ်သိနေတာလဲ..."


"နင်ပဲ ခုနကအော်နေတာလေ..."


ဒီလောက်အာပြဲကြီးနဲ့အော်နေတာကို သူမသိပဲဘယ်လိုလုပ်နေလိမ့်မလဲ...


ထိုသူငြိမ်သက်သွားပြီးသူ၏လုပ်ရပ်များကိုပြန်လည်စဉ်းစားနေပုံပေါ်လေသည်။

ထို့နောက်သူမကိုထိုးဖောက်မတတ်ကြည့်လာပြီး မျက်ဝန်းများ ပြူးကျယ်သွားလေသည်။


"မင်းကလူသားပဲ..."


ယောင်စစ်၏ မျက်နှာ ရှုံမဲ့သွားသည်။


"ငါကလူသားနဲ့မတူလို့လား..."


"ဒါဆိုမင်းက နတ်ဆိုးနယ်မြေမှာဘာလုပ်နေတာလဲ..."


ထိုသူက မယုံကြည်နိုင်စွာဖြင့်မေးလိုက်သည်။


"နတ်ဆိုးနယ်မြေ ဟုတ်လား..."


ဒါ ဒီနေရာရဲ့ နာမည်လား...ဒါဆိုရင် သူက ဒေသခံလား....


ယောင်စစ် အနည်းငယ်စိတ်ရှုပ်ထွေးသွားသည်။


ဟူး....

အာကာသနယ်မြေတွေထဲမှာဒီလိုနာမည်မျိုးလဲရှိတယ်လား...ဒီနယ်မြေနဲ့လဲဆက်သွယ်လို့ရတယ်ပေါ့...ဒါပေမဲ့ငါလက်စွဲစာအုပ်ကိုမဖတ်ထားဘူးဆိုတော့ ဘယ်လိုလုပ်ရမလဲ။


သူမ ဇန်ဇီချန်ကိုထပ်မေးရန်ပြင်လိုက်စဉ်မှာပင် သူ့၏မျက်နှာကဖြူဖျော့သွားပြီး အော်ဟစ်လိုက်သည်။


"မိန်းကလေးသတိထား..."


ထိုသူက ယောင်စစ် ၏လက်မောင်းဘေး တစ်လက်မ အကွာလောက်သို့ဓားဖြင့်ထိုးစိုက်ချလိုက်သည်။


ယောင်စစ် လေတိုးမှုခပ်ပြင်းပြင်းကိုခံစားမိရပြီးထိန့်လန့်သွားမိသည်။


ဘာဖြစ်သွားတာလဲ...


တိုက်ခိုက်ပြီးသည်နှင့် ထိုသူကသူမ၏လက်ကိုလျင်မြန်စွာဆုပ်ကိုင်လိုက်သည်။


"မင်းကိုနတ်ဆိုးစွမ်းရည်တွေက ခြုံခိုကျူးကျော်လုနီးပါးဖြစ်သွားတယ်...ဒါကိုမင်းသတိထားပြီးတော့ ချက်ချင်းတွန်းလှန်သင့် အာ..."


ထိုသူ သူနားမလည်နိင်သော ကိစ္စတစ်ခုနှင့်ကြုံလိုက်ရသလို စိတ်ရှုပ်ထွေးစွာဖြင့်သူ၏လက်ကို လှန်လှော၍ကြည့်လိုက်သည်။


"ရှင်အဲ့လိုမျိုး ဆက်လှန်နေဦးမယ်ဆိုရင်တော့ ကျွန်မလက်ကျိုးတော့မယ်..."


ယောင်စစ်ပြောလိုက်သည်။


ထိုသူ၏လက်များတွန့်သွားပြီးနောက် ယောင်စစ်လက်ကိုချက်ချင်းလွတ်ပေးလိုက်သည်။ သူ၏မျက်နှာကလည်း ရှက်ရွံ့မှူဖြင့်နီရဲလာလေသည်။


"မိန်းကလေး ကျွန်တော်ရဲ့ မလေးမစားအပြုအမူတွက် တောင်းပန်ပါတယ်...အခြေနေက အရမ်းအရေးကြီးနေလို့ပါ...ဒါပေမဲ့မိန်းကလေးက ကိုယ့်ဘာသာကိုယ် နတ်ဆိုးစွမ်းအင်တွေကိုခုခံနိုင်စွမ်းရှိနေတယ်...ကျွန်တော်အရမ်းကိုအံအားသင့်မိပါတယ်..."


"နတ်ဆိုးစွမ်းအင်ဟုတ်လား...အဲဒါကဘာလဲ..."


"ဟုတ်တယ်လေ...ဒါကနတ်ဆိုးနယ်မြေ ဒါကြောင့်နေရာတစ်ခုလုံးမှာ နတ်ဆိုးစွမ်းအင်တွေနဲ့ပြည့်နှက်နေတယ်..."


ထို့နောက်သူက ခဏရပ်တန့်လိုက်ပြီး တစုံတရာကို အလေးအနက်စဉ်းစားနေသလိုမျိုး မျက်မှောင်ကြုတ်လိုက်သည်။


"နတ်ဆိုးစွမ်းအင်နည်းနည်းလေးဝင်သွားမယ်ဆိုတာနဲ့မင်းရဲ့ ခန္ဓာကိုယ် ကစပြီးပုပ်လာလိုက်မယ်...တကယ်လို့များသွားရင်တော့သေသွားလိုက်မယ်..."


တကယ်ကြီးလား...

ဒါဆိုရင် ငါတစ်ချိန်လုံးဖိနှိပ်ထားသလိုမျိုးခံစားနေရတာက နတ်ဆိုးစွမ်းအင်တွေကြောင့်လား...


"မိန်းကလေး မင်းရဲ့ ခန္ဓာကိုယ် ကသာမန်ထက်ပိုပြီးသန်မာပုံရတယ်...နတ်ဆိုးစွမ်းအင်တွေမစိမ့်ဝင်နိုင်ဘူး...ဒါပေမဲ့လည်း နတ်ဆိုးနယ်မြေမှာ နေရာအနှံ့သားရဲတွေရှိနေတယ်...တစ်ချို့နတ်ဆိုးမျိုးနွယ်တွေကလည်း လူသားတွေကို ယစ်ပူဇော်ဖို့တွက် သားကောင်အနေနဲ့ အသုံးပြုကြတယ် ဒါကြောင့်ဒီနေရာကနေ မြန်မြန်ထွက်သွားတာကောင်းလိုက်မယ်..."


"အိုး...အဲ့လိုလား ကျေးဇူးတင်ပါတယ်..."


ယောင်စစ်ဆက်ပြီးစူးစမ်းရန်ပြင်လိုက်စဉ်မှာပင် အဝေးတစ်နေရာဆီမှ ရူးရူးရှဲရှဲအသံများကို ကြားလိုက်ရပြီး ဇန်ဇီချန်၏မျက်နှာကမဲမှောင်သွားလေသည်။


"မကောင်းတော့ဘူး...တစ်ခုခုတော့လာနေပြီ...ကျွန်တော်တို့ဒီနေရာက မြန်မြန်ထွက်သွားမှရမယ်..."


သူ ပြောပြီးသည်နှင့် ထူးဆန်းသော လေတစ်ချက်တိုက်ခတ်သွားပြီးလေထုအလယ်တွင် ဓားရှည်တစ်ချောင်းပောလောမျောပေါ်လာလေသည်။သူကဓားပေါ်သို့ခုတ်တက်လိုက်ပြီး သူမဆီသို့လက်ကမ်းပေးလာသည်။


"မစိုးရိမ်ပါနဲ့ အားလုံးအစဉ်ပြေသွားပါလိမ့်မယ်..."


ယောင်စစ်ကလည်း စိတ်မပူပေ။


ဘာပဲဖြစ်ဖြစ်လေ ဒါက တတိယနယ်မြေလေးပဲမဟုတ်ဘူးလား...


ဝူး....ဝူး....


သို့သော်လည်း ထိုခဏမှပင် သဲမြေထဲမှ သားရဲကောင်ထွက်ပေါ်လာလေသည်။၄င်းက မြွေတစ်ကောင်နှင့်ဆင်တူသည်။သို့သော်လည်း ဘောက်ဖတ်ကြီတစ်ကောင်ကဲ့သို့ ခြေထောက်များစွာလည်းရှိနေသည်။ 


၄င်းက ရုပ်ရှင်ကားများထဲတွင်ပါသော သားရဲကြီးအတိုင်းပင် ပါးစပ်ကမီတာအနည်းငယ်မျှကျယ်ဝန်းပြီး အစွယ်များ ချွန်မြနေသာ သွားများနှင့်ပြည့်နှက်နေသည်။


ပြေး..........


ယောင်စစ် ဇန်ဇီချန်၏လက်ကိုဆုပ်ကိုင်လိုက်ပြီး ဓားပေါ်သို့ခုန်တက်လိုက်သည်။ထို့နောက် သူတို့နှစ်ယောက်သား လျှင်မြန်စွာထွက်ခွာသွားလေသည်။


ထိုအရာကြီးကို မမြင်ရသေးခင် စက္ကန့်အနည်းငယ်လောက်က သူမတည်ငြိမ်နေနိင်သေးသည်။


 ဒါက တတိယနယ်မြေမဟုတ်ဘူးလား...

ဘယ်လိုဖြစ်ပြီး အဲလောက်ကြီးမားတဲ့သားရဲကြီးပေါ်လာရတာလဲ...

အဲဒါက စကြာဝဠာ သားရဲကြီးအငယ်စားနဲ့တောင်တူနေတယ်...


ဒါက အဆင့်ဘီပဲရှိတဲ့ နယ်မြေလေ ဒီလိုသားရဲမျိုးမပေါ်လာသင့်ဘူး...သူတို့ရဲ့ ကြော်ငြာတွေကအလိမ်အညာတွေပဲ...


 တိုင်ကြားသင့်တယ်...