အပိုင်း ၇၈
Viewers 16k

Chapter 78

စင်ကြယ်ဂြိုလ်၏မြေပုံ


သူတို့လမ်းတလျှောက်လုံးအရှိန်ပြင်းပြင်းဖြင့် ခရီးနှင်လာခဲ့သောကြောင့် လေတိုးသံများက နားထဲတွင်ဗုံသံအလားဆူညံနေသည်၊ လေပြင်းများက မျက်နှာကိုဖြတ်ရိုက်သကဲ့သို့ခံစားနေရသည်။ သို့သော်လည်း ထိုကြီးမားလှသော သဲသားရဲကြီး၏ လက်ထဲမှလွတ်မြောက်ရန် ခက်ခဲလွန်းလှသောကြောင့် သူတို့လုံးဝမငြီးငြူနိုင်ကြပေ။


ယောင်စစ် ထိုသားရဲကိုမမြင်နိုင်လုနီးပါးအခြေအနေသို့ရောက်မှသာ သူမ၏ ကွန်ပျူတာလက်ပတ်ကိုဖွင့်၍ စစ်ဆေးကြည့်လိုက်သည်။မျက်နှာပြင်ပေါ် တွင်အနီရောင် စကားလုံးတစ်ချို့ပေါ် လာသည် 'အဆင့် S+ သားရဲ' 


သောက်ကျိုးနည်း...တစ်ခုခုတော့မှားနေပြီ... S+ သားရဲ ဒီနေရာမှာပေါ် လာတယ်ဆိုတာ ယုတ္တိမရှိဘူး...


 ဇန်ဇီချန် နာရီဝက်မျှကြာအာင်ပျံသန်းခဲ့ပြီးနောက် သားရဲကိုမမြင်ရတော့ကြောင်း သေချာသောအခါမှသာ မြေပြင်ပေါ် သို့ပြန်လည်ဆင်းသက်လိုက်သည်။


ထို့နောက်မြေကြီးပေါ် တွင် ကျောက်တုံးတစ်တုံးကိုမှီ၍ထိုင်ချလိုက်သည်...


"ကျေးဇူးတင်ပါတယ်...ဘဒို.." 


ယောင်စစ် နဖူးမှချွေးများကို သုတ်၍ပြောလိုက်သည်။ဒီလိုအခြေအနေမျိုးမှာတောင် သူမကိုရအောင်ဆွဲခေါ် လာတယ်ဆိုတော့ သူကလူကောင်းတစ်ယောက်ပဲဖြစ်ရမယ်...


ဇန်ဇီချန်ကစွမ်းအင်အားလုံးကုန်ဆုံးသွားပုံပေါ် လေသည်။သူအချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ အသက်ရှူမှန်သွားလေသည်။ 


"ရပါတယ်..မင်းကနတ်ဆိုးစွမ်းအင်တွေကို ခံနိုင်ရည်ရှိပုံရတယ်...အဲ့တော့မင်းအနားမှာဆိုလို့ရှိရင် ငါကနတ်ဆိုးစွမ်းအင်တွေ လွှမ်းခြုံခံရမှာကိုစိတ်ပူနေစရာမလိုဘူး...တကယ်တမ်းဆိုရင် ငါကသာမင်းကိုကျေးဇူးတင်ရမှာပါ...."


 အင်း...သူပြောတာလဲ အကျိုးအကြောင်းသင့်သားပဲ...


 ယောင်စစ် အစောပိုင်းကခံစားနေရသော အဆက်မပြတ်ဖိနှိပ်ခံနေရသလို ခံစားချက်ကရပ်တန့်သွားလေသည်။‌နောက်ဆုံး၌နတ်ဆိုးစွမ်းအင်များ ကျူးကျော်မှုကိုတွန်းလှန်ရန် သူမသဘောပေါက်သွားလေသည်။


 ဇန်ဇီချန်၏အဆက်မပြတ် ဝှေ့ယမ်းနေသောဓားကလဲ ရပ်တန့်သွားသည်။


"ကျွန်မက..." 


ရုတ်တရက် ယောင်စစ် ဖေဖေမူနှင့်ပြောခဲ့သည့်ကတိစကားများကိုပြန်လည်သတိရသွားပြီးသူမပြောမည့်စကားကို ပြောင်းလဲလိုက်သည်။


 "ကျွန်မနာမည် စစ်ယောင် ...ကျွန်မကို စစ်ယောင် လို့ခေါ် လို့ရတယ်..." 


"မိန်းကလေး...စစ်ယောင်'..." 


ထိုသူက သက်ပြင်းတစ်ချက်ချလိုက်သည်။


 ''နတ်ဆိုးနယ်မြေက အရမ်းပဲကြီးမားကျယ်ပြန့်တယ်..အလွယ်တကူထွက်သွားဖို့က ခက်ခဲလိမ့်မယ်...ဒါ့အပြင် ငါတို့ကလမ်းလည်းမသိဘူးဆိုတော့...အထူးသတိထားမှရမယ်...."


 "ငါ လမ်းသိတယ်..နောက်ပြီးနတ်ဆိုးနယ်မြေ..."


"နေပါဦး..မင်းအခုဘာပြောလိုက်တာ..."


 ခဏအကြာတွင် ဇန်ဇီချန် ထပ်ပြောလိုက်တယ်...


" မိန်းကလေး စစ်ယောင် ဒါကလေနည်းနည်း‌လေးရိုင်းသလိုထင်ရပေမဲ့ မင်းကနတ်ဆိုးနယ်မြေက သူလျိူ လားဟင်..."


ယောင်စစ် လည်းထိုသူနားလည်မည့်အသုံးအနှုန်းများဖြင့် 'GPS' အကြောင်းကိုရှင်းပြရန်တော်တော်လေးကြိုးစားလိုက်ရသည်။ထိုသူကအချိန်အတော်ကြာအောင်ငြိမ်သက်သွားပြီးမှ စိတ်ရှုပ်ထွေးနေသော အမူအယာမျိုးဖြင့် ခေါင်းညိမ့်ပြ၏။

 

"ဒီတော့မင်းမှာ ငါတို့သွားချင်တဲ့နေရာကိုညွှန်ပြပေးနိုင်တဲ့ မှော်ဆန်တဲ့ကိရိယာမျိုးရှိတယ်လို့ဆိုလိုတာလား..." 


"အင်း...ဟုတ်တယ် အဲ့လိုမျိုးပဲ..."  


"ဒါဆိုရင် အဲ့တာက ဟဲလောတောင် မြေပုံမျိုးများဖြစ်နိုင်မလား..." 


ထိုသူ၏မျက်ဝန်းများပြူးကျယ်သွားသည်၊


"ငါကြားဖူးတာတော့ ဒါက ဒဏ္ဍာရီလာ ပစ္စည်းတစ်ခုပဲ...ဒါကိုအထက်ကောင်းကင်ဘုံကဘုန်းတော်ကြီးတစ်ပါးက ဖန်တီးပြုလုပ်ထားပြီးတော့ စွမ်းအင်အဆင့်မြင့်တဲ့လူတွေပဲအသုံးပြုနိုင်တယ်..." 


ဇန်ဇီချန် ကစိတ်အားထက်သန်စွာဖြင့်ဆိုလိုက်ပြီးနောက် သူ့ လက်နှစ်ဖက်ကိုယှက်ကာပြောလိုက်သည်... 


"ကျွန်တော်မသိတတ်ခဲ့တဲ့အတွက်တောင်းပန်ပါတယ်...မိန်းကလေးရဲ့အဆင့်အတန်းကို အသိအမှတ်မပြုခဲ့မိတာ...ခွင့်လွှတ်ပါ..."


ဟဲ ဟဲ ဟဲ...ဒါလေးက 'GPS' လက်ပတ်လေးတစ်ခုပဲလေ...အဲ့လိုတွေလုပ်နေဖို့လိုလို့လား..


".ကောင်းပါပြီ ကောင်းပါပြီ..ရှင်ကအရမ်းကိုသဘောကောင်းတာပဲ...အခုလောလောဆယ် ဒီနေရာကနေအရင်ဆုံးထွက်သွားကြရအောင်..." 


ဒီဧရိယာတွင် S+သားရဲ မည်မျှရှိမည်ကိုသူမ မသိနိုင်ပေ။


 "ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ စီနီယာ..." 


"စည်းမျည်းစည်းကမ်းတွေကိုလိုက်နာစရာမလိုပါဘူး...ကျွန်မနာမည်ကိုပဲခေါ် လို့ရပါတယ်..." 


"ဟုတ်ကဲ့ပါ စီနီယာ စစ်..."


"...."


ကောင်းပြီလေ နင့်ဘာနင်ဘယ်လိုပဲခေါ် ခေါ် ...


ယောင်စစ် GPS ကိုဖွင့်လိုက်သည် အရိပ်ဂြိုလ်တစ်ခုလုံးကိုပြသနေသောပုံရိပ်ပေါ် လာလေသည်။


မြေပုံပေါ် တွင်နယ်မြေအသီးသီး၏ နာမည်များကိုပဲရေးထိုးထားလေသည်၊သူမ မြေပုံကိုသေချာကြည့်ပြီးနောက်မကျိန်ဆဲပဲ မနေနိုင်တော့ချေ။ 


သောက်ကျိုးနည်း...သူတို့ကငါ့ကိုနေရာမှားပြီးပို့လိုက်ကြတာပဲ...


တည်နေရာက ကိုးခုမြောက်နယ်မြေဖြစ်သည် ဒီနေရာတွင်ရှိသောသားရဲများက လေးပတ်အရွယ်သာရှိသေးသောသားရဲပင်လျှင် 'S' အဆင့်ရှိလေသည်။ကံကောင်းထောက်မစွာဖြင့် သူမတို့နေရာကအစွန်အဖျားဖြစ်နေလေသည်။


အာကာသမျိုးနွယ်တွေရဲ့ ပို့ဆောင်‌ရေးစနစ်က တကယ်ပဲအမှားအယွင်းရှိသလား...ပြန်ရောက်ရင်တော့ ကွန်ပလိန်း တက်ရမယ်...


ယောင်စစ် တတိယဧရိယာနေရာကို နှိပ်လိုက်သည်။မျက်နှာပြင်ပေါ် မှပုံရိပ်ကလှည့်သွားပြီးနောက် ထိုနေရာကွက်လေးက ပေါက်ခနဲ ပေါ် ထွက်လာလေသည်။(သိပ္ပံကားတွေမှာ ပါသလိုမျိုး သူလိုချင်တဲ့နေရာလေးက အကျယ်ချဲ့လာတာ)ထို့နောက် သာယာသောအသံကလေးထွက်ပေါ် လာလေသည် 


"စင်ကြယ်ဂြိုလ် မှ ကြိုဆိုပါတယ်...သင့်ရဲ့လမ်းညွှန်လုပ်ပေးရတဲ့အတွက် အထူးပဲဝမ်းမြောက်ဂုဏ်ယူမိပါတယ်...သင့်ရဲ့အခုလက်ရှိခရီးစဉ်က 5567.33 ကီလိုမီတာရှည်လျားပါတယ်...သင့်ရဲ့ခရီးစဉ်အတွက် အသေးစားပျံသန်းကိရိယာလေးတစ်ခုပြင်ဆင်ပြီးဆက်လက်လုပ်ဆောင်ဖို့အကြံပြုလိုပါတယ်..." 


"ဒါကတော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့မြေပုံပဲ..."