အပိုင်း ၇၉
Viewers 16k

Chapter 79

အရိပ်ဂြိုလ်မှ ပျံသန်းခြင်းထွက်ခွာခြင်း


GPS မှကြေညာသံက ယောင်စစ်အာရုံကိုဖမ်းစားနိုင်ခြင်းမရှိသော်လဲ ဇန်ဇီချန်ကိုမူ ထိတ်လန့်တကြားဖြစ်သွားစေသည်။သူ သူမကိုမယုံကြည်နိုင်စွာဖြင့်ကြည့်လိုက်ပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့်ပြောလိုက်သည်။


 "ဒါ..ဒါ...စီ..စီနီယာ ဒီမှော်ကိရိယာက စိတ်ဝိဉာဉ်တစ်ခုကိုလဲ ထုတ်ပေးနိုင်တယ်ဟုတ်လား..."


သူဘာတွေပြောနေတာလဲဟ...


"ဒီလိုမျိုးမှော်ဆန်တဲ့ပစ္စည်းနဲ့သာဆိုရင် ငါတို့နတ်ဆိုးနယ်မြေကလွတ်မြောက်နိုင်မှာသေချာတယ်..." 


" ဒါပေမဲ့ ငါ့မှာနင့်ကိုဒုက္ခပေးစရာတစ်ခုရှိနေသေးတယ်..."


ယောင်စစ် ရှက်ရွံ့စွာဖြင့်လက်ချောင်းများကိုလိမ်ယှက်ရင်းပြောလိုက်သည်။


 "အားမနာပါနဲ့...ပြောစရာရှိတာပြောလိုက်ပါ..."


 "ငါ့မှာ သယ်ယူပို့ဆောင်ရေးပစ္စည်းမရှိဘူး...အဲလေ..ငါ..ငါပြောချင်တာက ငါ့မှာပျံသန်းနိုင်တဲ့ဓားမရှိဘူး...အဲ့တော့ ငါနင့်ကိုဒုက္ခပေးလို့ရမလား..."


 "ဒါပေါ့...ရတာပေါ့..." 

သူကခေါင်းညိမ့်လိုက်သည်။


"စိတ်မပူပါနဲ့ ဒီဓားကို အားလပ်ချိန်တိုင်းမှာသေချာလေးပေါင်းထည့်ပြင်ဆင်ထားတာကြောင့် အဆင့်သိပ်မမြင့်ပေမဲ့လဲ တော်တော်လေးကောင်းမွန်ပါတယ်...ပို့ဆောင်ရေးအတွက်သာဆိုရင်လုံးဝအဆင်ပြေတယ် စီနီယာ...စီနီယာသာစိတ်မရှိဘူးဆိုရင်..."


သူလက်တချက်ဝှေ့ယမ်းလိုက်သည်နှင့် တိုးတိမ်သောအသံတချက်နှင့်အတူ သူမ၏ခြေထောက်အောက်၌ ဓားတစင်းပေါ် လာလေသည်။ 


"ဒီဓားကို မင်းကိုငှားထားနိုင်ပါတယ်..."  


"ရှင်က တကယ့်ကိုသဘောကောင်းတာပါလား...ဒါပေမဲ့ ငါ ဘယ်လိုသုံးရမလဲမသိဘူး..." 


ယောင်စစ် အမှန်တရားကိုထုတ်ပြောဖို့သာတတ်နိုင်လေသည်။ 


ဇန်ဇီချန် တိတ်ဆိတ်ငြိမ်သက်သွားပြီး အကြာကြီးကြောင်အ မှင်သက်နေလေသည်။ထို့နောက် တစုံတရာကိုတွေးမိသွားပုံဖြင့် အပြစ်ရှိသောမျက်လုံးများနှင့် သူမကို ကြည့်လာလေသည်။


 "အဲ့တာငါ့ရဲ့အပြစ်ပါပဲ..."


ဓားပျံကိုတောင်ပျံသန်းအောင်မစေစားနိုင်ဘူးဆိုတော့...စီနီယာက ပြင်းပြင်းထန်ထန်ဒဏ်ရာရထားတာပဲဖြစ်လိမ့်မယ်...ဒါတောင်မှပဲ ငါလွတ်မြောက်နိုင်ဖို့အတွက် 'ဟဲလောမြေပုံ' ကိုအသက်သွင်းခဲ့သေးတယ်...ဒါကိုတောင် ငါကသတိမပြုမိဘူး...


ဇန်ဇီချန် တိတ်တဆိတ်ဖြင့် ယောင်စစ် ခြေထောက်အောက်မှဓားကို ပြန်သိမ်းလိုက်သည်။ထို့နောက် သူမူလကအသုံးပြုခဲ့သောဓားကို တိတ်တဆိတ်ဆင့်ခေါ် လိုက်သည်။


ပြီးနောက် ယောင်စစ် အတွက် သုံးပုံနှစ်ပုံစာ နေရာချန်ထားပေးပြီးပြောလိုက်၏


 "စီနီယာ ကျေးဇူးပြုပြီး..." 


ယောင်စစ် ကိုကြည့်လိုက်သော အကြည့်များထဲ၌ ကြည်ညိုမှု၊လေးစားမှု၊ကိုးကွယ်ယုံကြည်မှု၊ကျေးဇူးတင်မှုများနှင့်ပြည့်နှက်နေလေသည်။


သူဘာတွေတွေးနေလဲတော့ မသိပေမဲ့လို့ အလကားကားမောင်းသမားတယောက်ရတာကတော့ တော်တော်လေးကောင်းတာပဲလေ...


ယောင်စစ်' လျင်မြန်စွာပဲဓားပျံပေါ် တက်လိုက်သည်။


 [ဝီ...  လမ်းညွှန်မှုစတင်ပါပြီ...ကျေးဇူးပြု၍အရှေ့သို့တည့်တည့်ဆက်သွားပါ..28.12°N,112.59°E သို့ရောက်ရန် 15ကီလိုမီတာအကွာတွင် ညာဘက်သို့ကွေ့ပါ...]


 နောက်ထပ်ညွှန်ကြားချက်များထပ်မလာတော့ပဲ ဇန်ဇီချန် အရှေ့သို့တည့်တည့်သာဦးတည်၍ဆက်သွားလိုက်လေသည်။နတ်ဆိုးနယ်မြေသည်အလွန်ပင်ကျယ်ပြောလှသည်။


ယောင်စစ် ကသူမတို့ ဓားပျံ၏ အရှိန်နှုန်းကိုကြည့်၍မိနစ်အနည်းငယ်အကြာတွင်ရောက်မည်ဟုခန့်မှန်းခဲ့မိသည်။သို့သော်လည်း...အာကာသမျိုးနွယ်များတွင်လဲ မတူညီကွဲပြားသောအဆင်များရှိလိမ့်မည်ဟုမထင်ထားခဲ့မိပေ။


ဇန်ဇီချန် သည်အရိပ်ဂြိုလ်မှဒေသခံတယောက်ဖြစ်သော်လဲ သူ့၏ဓားကျွမ်းကျင်မှုစကေးမှာ နိမ့်လှသည်အရင်ကတွေ့ဆုံခဲ့ဖူးသော လီယွဲ့ကို သင်္ဘောပျံတစင်းဟု နှိုင်းယှဉ်မည်ဆိုပါက ဇန်ဇီချန် သည်စက်ဘီးတစီးမျှအဆင့်သာရှိလေသည်။နှစ်နာရီလုံးလုံးပျံသန်းခဲ့ပြီးမှ ကိုးခုမြောက်နယ်မြေမှထွက်ခွာလာနိုင်ခဲ့လေသည်။


ထိုအခိုက်အတန့်လေးတွင် အမှောင်ထုကတဖြေးဖြေးပျောက်ကွယ်သွားပြီး တောက်ပလှပလှသောမြင်ကွင်းပေါ် ထွက်လာလေသည်။ 


"ငါတို့...ငါတို့ထွက်လာနိုင်ပြီ...ငါတို့တကယ်ပဲ... တကယ်ပဲ အဲ့ဒီ့နယ်မြေကနေထွက်သွားပြီ..."


ဇန်ဇီချန် စိတ်လှုပ်ရှားလွန်းသောကြောင့် ဓားပျံပေါ် မှခုန်ချလုမတတ်ပင်ဖြစ်နေလေသည်။သို့သော်လဲ ကံကောင်းထောက်မစွာဖြင့် သူ့၏ယာဉ်ပျံပေါ် တွင် နောက်ထပ်ခရီးသည်တစ်ဦးရှိသေးကြောင်း သတိရသွားပုံပေါ် လေသည်...သူမြက်ခင်းပေါ် ဆင်းသက်လိုက်ပြီးနောက် ယောင်စစ် ကိုကျေးဇူးတင်စွာဖြင့်ဦးညွှတ်လိုက်သည်။ 


"ကျေးဇူးတင်ပါတယ်..စီနီယာစစ်...ကျွန်တော့်ကို နတ်ဆိုးလောကကနေ ခေါ် ထုတ်ပေးတဲ့ကျေးဇူးကိုဘယ်တော့မှမေ့တော့မှာမဟုတ်ပါဘူး..." 


"ဟား ဟား ဟား ဟား...အဲ့လောက်လဲမဟုတ်ပါဘူး..." 


ယောင်စစ် သူ့၏ပုခုံးကိုပုတ်၍ပြောလိုက်သည်။


 "ငါလုပ်ခဲ့တာဆိုလို့...လမ်းပြရုံလေးပါပဲ...တကယ်တမ်းခရီးစဉ်တလျှောက်ကို ပို့ဆောင်ခဲ့တဲ့အတွက် ငါကတောင်ကျေးဇူးတင်ရဦးမယ်..."


ပြီးတော့ တကယ်တမ်းလမ်းပြခဲ့တာ ကလဲ 'GPS' သာဖြစ်ပြီးသူမှမဟုတ်ပဲ။


ထိုလူ၏မျက်နှာက ကျေးဇူးတင်မှုအပြည့်ဖြစ်သွားလေသည်။ 


"စီနီယာ မင်းရဲ့စိတ်နှလုံးကတကယ့်ကိုမြင့်မြတ်တါပဲ..." 


ယောင်စစ် သူတို့ထွက်ခွာလာရာနေရာသို့ပြန်လှည့်ကြည့်လိုက်သည်။


ထို‌နေရာသည်အစွန်းနှစ်ဖက် ယှဉ်တွဲနေသလိုမျိုးထင်ရသည် တဖက်ကနေရောင်အောက်တွင်တောက်ပလင်းလက်နေချိန်၌ နောက်တဖက်ကအမှောင်ထုထဲတွင်နစ်မြုပ်နေလေသည်။နယ်နမိတ်စည်းကိုကန့်သတ်တားဆီးထားသောမျဉ်းနေရာ၌ မြေကွက်လပ်ဟူ၍စိုးစဉ်းမျှမရှိပေ။


၎င်းကပင် အရိပ်ဂြိုလ်ဟုခေါ် ဆိုရသောနောက်ကွယ်မှအကြောင်းအရင်းတချက်ဖြစ်နိုင်ပေသည်။