အပိုင်း ၈၀
Viewers 18k

Chapter 80

ဝန်ဆောင်မှုစင်တာဆီသို့ခရီး


" အိုးဟုတ်သား မင်း ဘယ်သွားဦးမှာလဲ အစီအစဥ်လေးများရှိလား..."


သူမတို့ နဝမခရိုင်မှထွက်ခွာလာခဲ့ကြပြီဖြစ်သော်လည်း နဝမခရိုင်နှင့် နီးကပ်နေဆဲဖြစ်၍ အန္တရာယ်ရှိနေသေးသည်ဟု သတ်မှတ်၍ ရသည်။ ထို့ကြောင့် သူမ လမ်းကြုံစီးစရာ တစ်စုံတစ်ခုအားလိုအပ်နေ၏။


" အခုလောလောဆယ်တော့သွားဖို့လိုအပ်တဲ့နေရာရယ်လို့မရှိလို့ ကျွန်တော်အလျင်မလိုပါဘူး..."


သူက ယောင်စစ်အားခေတ္တစိုက်ကြည့်ပြီးနောက် ပေါ့ပါးစွာပြောလာသည်။


" ဒါပေမယ့် ဆန္ဒရှိရင် ကျွန်တော်မပြန်ခင် ခင်ဗျားနေတဲ့နေရာကိုလိုက်ပို့ခဲ့မယ်လေ..."


" ဒါဆိုလဲနင့်ကိုပဲ အနှောင့်အယှက်ပေးရတော့မှာပဲ..."


သူမက ဤကမ်းလှမ်းမှူကို လိုအပ်နေခဲ့သည်ပင်။


" အခမ်းအနားမှာဆက်မနေဘူး သွားစို့..."


" ဟုတ်ကဲ့..."


စီနီယာက ဒဏ်ရာတွေရနေပေမဲ့ ငါစိတ်ပူမှာစိုးလို့ပြောမပြရှာဘူး ... သူမကတကယ်ကိုနှလုံးသားကြီးလိုက်တဲ့လူပဲ...


" စီနီယာ ဘယ်သွားမလဲဗျ..."


" ကြည့်ရအောင် အင်း..."


ယောင်စစ်က သူ၏အတွေးများကို စိုးစဥ်းမျှ မရိပ်မိသည်ဖြစ်ရာ မြေပုံကိုထုတ်၍ ညာဘက်ထောင့်စွန်းနေရာတစ်ခုသို့ညွှန်ပြလိုက်သည်။


" ဒီနေရာ  ငါတို့အခုရောက်နေတဲ့နေရာကနေ ၁၄၅၆ကီလိုမီတာလောက်ဝေးတယ် တစ်နာရီခွဲလောက်သွားရလိမ့်မယ်ထင်တယ်..."


" ဒါက..."


ဇန်ဇီချန်တုံ့ဆိုင်းသွားပြီး သူ၏ဓားကလည်းရပ်တန့်သွား၏။


" ဘာဖြစ်လို့လဲ မင်းအတွက် အဆင်မပြေဘူးလား..."


" မဟုတ်ပါဘူး မဟုတ်ဘူး..."


သူကခေါင်းခါလိုက်သည်။


"  အဆင်မပြေတာမဟုတ်ပါဘူး ကျွန်တော်အစ်မကို ခုချက်ချင်းအဲဒီကိုလိုက်ပို့ပေးပါ့မယ်..."


သူက ရှေ့သို့ဦးတည်ပြီး ဓားပျံကိုအရှိန်မြှင့်လိုက်သည်။ သူ သူမသွားလိုသည့်နေရာသို့အရောက်ပို့ပေးရန်လိုသည် မည်သည့်အခြေအနေမျိုးတွင်ဖြစ်ပါစေ အရောက်ပို့ပေးရပေမည်။


ယောင်စစ်က စိတ်ရှုပ်ထွေးသွားသည့်တိုင် သူမ၏သိချင်စိတ်အား ဖိနှိပ်ထားလိုက်၏။


ဇန် ဇီချန်က စိုးရိမ်ကြောင့်ကြနေဟန်ရှိကာ လမ်းမှားကိုပင် ကွေ့လိုက်မိသေးသည်။ ယောင်စစ်က သူမကိုယ်တိုင်လည်း လမ်းလျှောက်သွားနိုင်နေသည့်အတွက် သူရပ်တန့်လိုပါက ရပ်တန့်နိုင်ကြောင်းဆိုခဲ့သော်လည်း ဇန်ဇီချန်က ထိုအကြံကို ချက်ချင်းပယ်ချခဲ့သည်ပေ။


တစ်နာရီခွဲခန့်အကြာတွင် သူတို့နှစ်ဦးစီးနင်းလာသောဓားပျံက မြေပုံပေါ်ရှိနေရာနှင့် နီးကပ်လာကာ တတိယခရိုင်သို့ရောက်ရှိလာသည်။


ဇန်ဇီချန်က အချိန်တစ်ခုမျှ မဝံ့မရဲဖြစ်နေပြီးနောက် ယောင်စစ်အား ထုတ်မေးလာလေသည်။


" စီနီယာ အစ်မ ရှစ်ဖန်း ဂိုဏ်းကိုသွားနေတာလား..."


ရှစ်ဖန်းဂိုဏ်းကဘာလဲ...


ယောင်စစ်ကြောင်အသွားမိသည်။


သူမက မြေပုံပေါ်တွင်ပါရှိသော ဝန်ဆောင်မှုစင်တာဆီသို့ မေးခွန်းအချို့မေးမြန်းရန် သွားရောက်လိုခြင်းသာဖြစ်ပြီး ၎င်းက ဂိုဏ်းတစ်ခုဆိုသည်ကိုမူ မသိခဲ့ပါချေ။


" ငါသွား ရမှာမို့..."


ထိုအခါ ဇန်ဇီချန်၏မျက်နှာကရုတ်ချည်း ဖြူဖျော့သွားကာ သူကတစ်ဖက်သို့ မျက်နှာလွှဲလိုက်လေသည်။


" ဘာဖြစ်လို့လဲ မရဘူးလား..."


ငါ့ဘာငါသွားပါ့မယ်ဆို မင်းကြည့်ရတာမူးမေ့လဲတော့မလိုပဲ...


ဇန်ဇီချန်က ကြိုးစားပြီး ပြုံးလိုက်ပေမဲ့ ယောင်စစ်၏မျက်နှာကို တည့်တည့်မကြည့်ပေ။


" မဟုတ်တာ ကျွန်တော်အဆင်ပြေပါတယ် အစ်မကိုအဲ့ထိလိုက်ပို့ပါ့မယ်..."


ဓားပျံက အရှိန်မြင့်သွားကာ ခေတ္တအကြာတွင်  ရှစ်ဖန်း ဟူသည့် စာလုံးကြီးများအား ရိုက်နှိပ်ထားသည့် နံရံကြီးတစ်ခုရှေ့သို့ ရောက်ရှိလာကြ၏။ ကွန်ပြူတာလက်ပတ်မှ အချက်ပြစနစ်ကလည်း ရောက်ရှိနေသည့်တည်နေရာမှန်ကန်ကြောင်း ပြသနေသည်။


" စီနီယာ နောက်တစ်ခေါက်ထပ်ပြီး အစ်မရဲ့အကူအညီအတွက် ကျေးဇူးတင်ကြောင်းပြောပါရစေ..."


သူက တရိုတသေဖြင့် ယောင်စစ်အားဂါရဝပြုလိုက်သည်။


" ကျွန်တော်နဲ့ ရှစ်ဖန်းဂိုဏ်းအကြားမှာ တင်းမာမှုလေးတွေရှိခဲ့ဖူးလို့ ကျွန်တော်ဒီမှာကြာကြာဆက်နေလို့မဖြစ်ပါဘူး ကျွန်တော့်ကိုခွင့်ပြုပါဦးစီနီယာ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်လှည့်ပါ..."


" အိုး ကောင်းပါပြီ..."


 သွားတော့မှာလား...


ယောင်စစ်က အလျင်စလိုလက်ပြနှုတ်ဆက်လိုက်၏။


" ဂရုစိုက်ပြန်ပါနော် တာ့တာ..."


သူက မထွက်ခွာမီ ယောင်စစ်အား ခေါင်းငြိမ့်ပြလိုက်သည်။ သို့သော်လည်း စတင်မပျံသန်းမီတွင် မြေပြင်က အလင်းတန်းများတောက်ပလာကာ မီတာအနည်းငယ်မျှကျယ်ဝန်းသော ပန်းချီကားကြီးတစ်ချပ်ပေါ်ထွက်လာ၏။ ရုတ်တရက် ထိုပန်းချီတွင်းမှ တစ်စုံတစ်ခုလွင့်ပျံလာကာ လေထုအလယ်ရှိလူအား တိုက်ရိုက်ထိမှန်သွားချေ၏။


ဇန်ဇီချန် ခြေချော်ကာ မြေပေါ်သို့ပြုတ်ကျလေတော့သည်။


ယောင်စစ်လည်း ထိတ်လန့်သွားကာ ကူညီရန်ပြေးလာပြီး လဲကျနေသူအား ဆွဲထူလိုက်၏။


" အဆင်ပြေရဲ့လားမင်း..."


 ဇန်ဇီချန်ကတိတ်ဆိတ်လျက်ရှိသည်။


ထိုစဥ် သူမတို့အနောက်မှ ရိုင်းစိုင်းသောအော်သံတစ်ခု ပျံ့လွင့်လာ၏။


" ကြည့်ပါဦး ဘယ်သူများလဲ မင်းကများရာရာစစရှစ်ဖန်းဂိုဏ်းမြေကိုနင်းရဲသေးတယ်လား..."


စာလုံးများရိုက်နှိပ်ထားသောနံရံကြီးက ပွင့်ဟသွားကာ အတွင်းထဲမှ လမ်းကြောင်းတစ်ခုအားပြသလိုက်သည်။


ဒီနံရံက အလိုအလျောက်ပွင့်စနစ်နဲ့ တံခါးကြီးလားဟ...