Chapter 81
ဂိုဏ်းရဲ့သစ္စာဖောက်
တံခါးပွင့်သွားသည့်နေရာမှ လူဆယ်ဦးခန့် လျှောက်လှမ်းလာကြသည်။ အမျိုးသားရော အမျိုးသမီးရောပါရှိကာ အဖြူရောင်နဖူးစည်းနှင့် တူညီဝတ်စုံများဝတ်ဆင်ထားကြပြီး ဇန်ဇီချန် ကိုင်ဆောင်သည့်ဓားနှင် အသွင်တူဓားများအား ကိုင်ဆောင်ထားကြ၏။
၎င်းတို့က တညီတညာတည်း ဇန်ဇီချန်အား လက်ညိုးထိုးလိုက်ကြသည်။
" ဇန်ဇီချန်..."
လူအုပ်အား ဦးဆောင်လာဆသာအမျိုးသားက မယုံကြည်နိုင်မှုများနှင့် ဇန်ဇီချန်အား ကြည့်ရှုလာသည်။ ထိုသူက နာမည်ခေါ်လိုက်သည်နှင့် အနောက်ဘက်ရှိလူအုပ်ထံမှ ဗလုံးဗထွေးသံများ ထွက်ပေါ်လာပေသည်။
" သူပဲ အဲဒါတကယ်ကြီးသူပဲ သူမသေသေးဘူး..."
" မဖြစ်နိုင်တာ ဘယ်သူကနတ်ဆိုးလောက ကနေအသက်ရှင်လျက်လွတ်လာနိုင်လို့လဲ..."
" နတ်ဆိုးတိုင်းပြည်ကို ပြည်နှင်ဒဏ်ခံရတာတောင် အသက်ရှင်နေတုန်းပဲ သူကတကယ်ကိုနတ်ဆိုးမျိုးနွယ်စုကသူလျှိုပဲနေမှာ..."
" ဒီကောင်က တိုက်ပွဲအသွင်ပြောင်းဆေးလုံးသူခိုးပဲ..."
" ဇန်ဇီချန်..."
ယခုနကလူက အော်ဟစ်လာပြီး ရှေ့သို့ခြေလှမ်းကျဲကျဲဖြင့် ရောက်ရှိလာသည်။ သူ၏လက်က ဓားရိုးထက်တွင် တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး လူသတ်လိုရိပ်တို့ကိုလည်း ဖုံးကွယ်မထားချေ။
" သစ္စာဖောက်ကောင် မင်းဘယ်မျက်နှာနဲ့ပြန်လာရဲတာလဲကွ..."
ဟင် သစ္စာဖောက် ...
ယောင်စစ်က ကြောင်အသွားကာ ဇန်ဇီချန်အား လှည့်ကြည့်လိုက်မိသည်။ လူငယ်လေးက စိုးရိမ်တကြီးဖြစ်နေခဲ့သည်မှာ ဤအကြောင်းကြောင့် ပေလော။
ဇန်ဇီချန်က နေရခက်စွာဖြင့် ရှေ့သို့တိုးလာသည်။
" ဂိုဏ်းတူညီလေး ငါတကယ်မခိုးခဲ့ပါဘူး..."
" တိတ်စမ်း..."
ထိုသူက ဇန်ဇီချန်၏အား ပိတ်ပြောလိုက်သည်။
" မင်းကိုနှင်ထုတ်လိုက်တာကြာပြီ မင်းကရှစ်ဖန်းဂိုဏ်းရဲ့တပည့်မဟုတ်တော့တာကြာပြီကွ ငါ့ကိုဂိုဏ်းတူညီလေးလို့ခေါ်ဖို့အဆင့်ရှိတယ်ထင်နေလား နတ်ဆိုးတိုင်းပြည်ကနေဘယ်လိုအသက်ရှင်နေသေးတာလဲမင်း..."
ဇန်ဇီချန်က တရိပ်ရိပ်ပြန်လည်မြင်ယောင်လာသော မှတ်ဉာဏ်အပိုင်းအစအချို့ကြောင့် လက်သီးတင်းတင်းဆုပ်လိုက်မိသည်။
ထို့နောက် တုန်ယင်နေသောစိတ်ကို မျိုသိပ်၍ ခုံခံအော်ဟစ်လိုက်၏။
" ငါတကယ်မလုပ်ခဲ့ဘူးလို့..."
" မင်း မင်းငါ့ကိုဆက်လိမ်နေဦးမှာလား..."
ထိုသူက ဒေါသကြောင့်တုန်ရီလာပြီး သူ၏မျက်ဝန်းထဲရှိ လူသတ်လိုသောအရိပ်အယောင်များ ပိုမိုတောက်လောက်လာလေသည်။
" ဂိုဏ်းချုပ်ကိုတိုင် သူမြင်ခဲ့ရပါတယ်လို့အတည်ပြုခဲ့တာကွ မင်းကဂိုဏ်းချုပ်အမြင်မှားတယ်လို့ပြောနေတာလား..."
" ဂိုဏ်းတူအစ်ကို ယွီကသူ့ရဲ့သားလေ အဲဒီတော့သေချာပေါက်သူတို့..."
" မင်းပါးစပ်ကိုပိတ်ထားလိုက်တော့ နောင်တတစ်စက်မှမရှိတဲ့လူ မင်းဘယ်လိုလုပ်ခေါင်းဆောင်ကို အသရေဖျက်နိုင်ရတာလဲ..."
အိုး ဒီမှာဇာတ်လမ်းလေးတွေရှိနေတာပဲ...။
ဂျူနီယာလေးကပို၍ ဒေါသထွက်လာဟန်တူသည်။ အနောက်ဘက်ရှိလူအုပ်ကလည်း သူတို့အား စူးရဲစွာစိုက်ကြည့်နေကြ၏။
" ဒီနေ့ငါက ဂိုဏ်းအတွက် အမှိုက်ရှင်းပေးမယ်ကွ..."
သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်နှင့် ဖောက်ထွင်းမြင်ရသော ဓားပါးလေး ငါးလက်မျှဖြစ်ပေါ်လာပေသည်။
" နေပါဦး ရှင်..."
စကားနဲ့ဖြေရှင်းလို့မရတဲ့ပြဿနာ ရှိလို့လားလို့...
ယောင်စစ်က ဖြန်ဖြေရန် ရှေ့သို့တိုးလုဆဲဆဲတွင် သူမမျက်နှရှေ့မှ ဖြတ်ပြေးသွားသော ဓားပါးလေးများဖြင့် ရင်ဆိုင်လိုက်ရလေသည်။
ဘုရားရေ နင်တကယ်ကြီးလုပ်နေတာပဲ...
ဂျူနီယာလေးက သူ၏ဓားများကို အားသုံး၍ ပြန့်ကျဲသွားစေလိုက်သည်။
" ဂိုဏ်းတူညီလေး ငါတို့ကတစ်ဂိုဏ်းတည်းကညီအစ်ကိုတွေဖြစ်ခဲ့ဖူးလို့ သည်းခံနေပေမဲ့ မင်းကိုအနိုင်မချနိုင်တာလို့မဆိုလိုဘူး..."
ဇန်ဇီချန်က ဒေါသတကြီးဖြင့် သူ၏ဓားအားကိုင်မြှောက်လိုက်သည်။
" ဟက် ဘာလဲ မင်းရဲ့မျှော်လင့်ချက်မရှိတဲ့ ပဉ္စမဝိဉာဥ်အမြစ်နဲ့လား..."
ထိုသူက ဇန်ဇီချန်အား တည့်တည့်ပင်မထီမဲ့မြင်ပြုလိုက်သည်။
" နတ်ဆိုးတိုင်းပြည်ကနေလွတ်လာရုံနဲ့မာန်တက်မနေနဲ့ ငါ့လက်ထဲကတကယ်လွတ်အောင်ပြေးနိုင်မလားကြည့်မယ်လေ..."
သူက လှောင်ပြုံးတစ်ခုဖြင့် ထေ့ငေါ့လိုက်ပြီး ယောင်စစ်ဘက်သို့ လှည့်ကြည့်လာသည်။
" မင်းနောက်ကဘယ်သူလဲ..."
" ငါက..."
ဇန်ဇီချန်ကအေးခဲသွားပြီး ချက်ချင်းဆိုသလို ယောင်စစ်ရှေ့မှရပ်ကာ ဂိုဏ်းသားများ၏မြင်ကွင်းမှပိတ်ဆို့လိုက်သည်။
" ဂိုဏ်းတူညီလေး မဆိုင်တဲ့လူကိုဆွဲထည့်ဆရာမလိုပါဘူး ဒီအစ်မက ရှစ်ဖန်းဂိုဏ်းနဲ့အရေးတကြီးကိစ္စရှိလို့ရောက်လာတာပါ ငါ့ကိစ္စနဲ့ဘာမှမပတ်သက်ဘူး..."
" ဘာမှမရှိရင် မင်းကဘာလို့အဖြစ်သည်းပြနေတာလဲ ဟက် ... သူမရဲ့ထူးဆန်းတဲ့ဝတ်ပုံစားပုံကြီးကိုကြည့်လိုက်ဦး သူမကမင်းကိုမိစ္ဆာတိုင်းပြည်က ကူထုတ်လာပေးတဲ့ ကျေးဇူးရှင်မိစ္ဆာမလေးဖြစ်ရမယ် ဟုတ်ရဲ့လား..."
" အယ်... "
သူမကဘယ်လိုလုပ် ပါလာရတာတုန်း နောက်ပြီး သူမဝတ်ထားတာကရော ဘာဖြစ်နေလို့တုန်း...
ဒါကဖေဖေမူသေချာရွေးပေးထားတာဟဲ့သိရဲ့လား...
" တော်လိုက်တော့..."
ဇန်ဇီချန်၏မျက်နှာက ဒေါသကြောင့်နီမြန်းလာသည်။ သူအစော်ကားခံရစဥ်ကထက်ပင် ပို၍ စိတ်တိုသွားဟန်ရှိ၏။
" စီနီယာအစ်မက စင်ကြယ်ပြီးကောင်းမွန်တယ် မင်းသူမကိုဘာလို့ဒီလိုသိက္ခာချရတာလဲ..."