အပိုင်း ၈၂
Viewers 14k

"ဒီတစ်ခါ အပြာရောင်ပဲ"
ဝမ်မင်ယီက ခေါင်းညိတ်ပြပြီး
"နောက်တစ်ခါကျ ကောအတွက် အနီရောင်ပေးကြည့်မယ်"
စစ်ကျွင်းတောက် နောက်တစ်ကြိမ်ရှိသေးမှန်း ကြားလိုက်ရသည်တွင် ထိုအချိန်ကို စောင့်မျှော်နေတော့သည်။
ဝမ်မင်ယီ ဖန်ပုလင်းထဲက ရေကိုလဲပြီး ကော်ဖီစားပွဲပေါ်တင်ကာ ပန်းများကိုအစီအရီထည့်နေသည်ကို ကြည့်နေရင်း သူ မနေနိုင်တော့သဖြင့်
ဖြင့် လျှောက်သွားလိုက်၏။
ဝမ်မင်ယီ အံဩသွားလေသည်။
"ကော ဘာလို့ဒီကိုလာတာလဲ.... အလုပ်မလုပ်ဘူးလား"
"ခဏ အနားယူတာ"
ဝမ်မင်ယီ ခေါင်းညိတ်လိုက်သည်။
စစ်ကျွင်းတောက် သူ့ကို ကြည့်လိုက်ကာ ပန်းတွေ အတူတူ ကူစီထည့်ပေးနေလေသည်။
ဝမ်မင်ယီက အသစ်ဝယ်ထားသော နှင်းဆီပန်းများကို တစ်ပွင့်ပြီးတစ်ပွင့်ထည့်နေသည်ကို ကြည့်နေရင်း သူ့မျက်လုံးများသည် နူးညံ့မှုများဖြင့် ပြည့်နှက်လာပြီး ဝမ်မင်ယီ၏ မျက်ခုံးများကို ငုံ့ကာနမ်းလိုက်၏။
ဝမ်မင်ယီ အံ့အားသင့်သွားပြီး မသိစိတ်ဖြင့် ခေါင်းလှည့်၍သူ့ကိုကြည့်လာသည်။
စစ်ကျွင်းတောက် ပြုံးလိုက်ကာ ဝမ်မင်ယီအား သူ၏ရင်ခွင်ထဲကို ဆွဲသွင်းလိုက်၏။ သူ့လက်မောင်းများကြားရှိထဲရှိ လူငယ်လေး၏ အသက်ရှုသံကို ခံစားနေရင်း ညင်သာစွာ ပွေ့ဖက်ထားလိုက်သည်။
ဝမ်မင်ယီသည် သူ့ရင်ခွင်ထဲတွင် ခိုးကာပြုံးလိုက်ပြီး ကျေကျေနပ်နပ်ပင် သူအားဖက်ထားခွင့်ပေးလိုက်၏။
သူ၏ခေါင်းကိုငုံ့လိုက်ပြီးမကြာမီတွင်ပင် လက်ထဲရှိ နှင်းဆီပန်းကို သတိထားမိသွားခဲ့သဖြင့် ကောက်ယူကာ သူ့နှုတ်ခမ်းဖြင့် ထိကပ်လိုက်ပြီးနောက် ထိုနှင်းဆီပန်းကို တိတ်တဆိတ်ပင်စစ်ကျွင်းတောက်၏ မျက်နှာဘေးတွင် ဖိကပ်ထားလိုက်လေသည်။
စစ်ကျွင်းတောက်က မေးလာ၏။
"ဘာလုပ်နေတာလဲ"
ဝမ်မင်ယီ ပြုံးရယ်လိုက်ကာ ဆိုလိုက်သည်။
"ဘာမှမဟုတ်ပါဘူး"
ကောကို တခြားနည်းလမ်းတစ်ခုနဲ့နမ်းလိုက်ရုံပါ။
ထိုနေ့ကစပြီး ဝမ်မင်ယီနှင့် စစ်ကျွင်းတောက်တို့ဟာ နှလုံးသားချင်းရင်းနှီးကြသည် အခြေအနေတစ်ခုသို့ ဝင်ရောက်သွားခဲ့သည်။ နှစ်ယောက်လုံးက ရှင်းရှင်းလင်းလင်း မပြောကြသော်လည်း သူတို့နှစ်ဦးစလုံးပင် တစ်ယောက်၏အတွေးကို တစ်ယောက်က သိကြလေသည်။
ဝမ်မင်ယီက သတိမမူမိပါဘဲ ဒါက သူလိုချင်တဲ့ရလဒ်ဟုသာ တွေးထင်နေလေ၏။
စစ်ကျွင်းတောက်ကမူ သူ့အား နောက်ဆုတ်ရန် လမ်းတစ်ခု ချန်ထားပေးချင်နေခဲ့သည်။ ဝမ်မင်ယီသည် ငယ်ရွယ်နေဆဲဖြစ်ကာ သူ၏ဆယ့်ကိုးနှစ်ပြည့်မွေးနေ့ကိုပင် မရောက်သေးပေ။ စစ်ကျွင်းတောက်အနေဖြင့် ဝမ်မင်ယီက ခဏတာမျှသာ စိတ်ကစားနေခဲ့ပြီး သူ၏ခံစားချက်များကို နားလည်မှုလွဲနေခြင်းဖြစ်မှာကို စိုးရွံ့နေခဲ့ သည်။သူသည် အမြဲလိုလိုပင် ဝမ်မင်ယီ ၏ကိုယ်ကျိုးအတွက် ပိုတွေးနေတတ်ခြင်းအား အကျင့်ပါနေခဲ့ပြီဖြစ်တာကြောင့် ဝမ်မင်ယီအတွက် အပြန်လမ်းတစ်ခု ချန်ထားပေးချင်ခဲ့ခြင်းဖြစ်လေသည်။
ဤနည်းအားဖြင့် နောက်ပိုင်းတွင် ဝမ်မင်ယီ နောင်တရလာသည်နှင့် သူလည်း ဤအချိန်ကာလကို ဆယ်ကျော်သက်အရွယ် အရူးအမူးစွဲလမ်းမှုတစ်ခုဟုသာ မှတ်ယူနိုင်မည်ဖြစ်ကာ
တောင်းပန်စကားဆို၍ နှစ်ယောက်သား ဤအခန်းကို အတူတူဖွင့်ဟနိုင်မည်ဖြစ်သည်။
စစ်ကျွင်းတောက်အတွက်တော့ ဝမ်မင်ယီက သူ့ကို လိုက်ပိုးသည်ဖြစ်စေ ကြိုက်သည်ဖြစ်စေ ထိုသည်က သူ၏မျှော်လင့်ချက်ထဲတွင် မပါရှိခဲ့။ ထိုဟာကို ရရှိနိုင်ဖို့ဆိုသည်ပင်လျှင် လွန်ကဲနေသည် တောင်းဆိုချက်တစ်ခုဖြစ်နေပြီးသားဖြစ်ကာ ထိုထက်ပိုပြီးတော့ သူ မတက်မက်ရဲပါချေ။
....
မကြာမီပင် ဖေဖော်ဝါရီလကုန်မှာ ဝမ်မင်ယီ၏ မဂ္ဂဇင်း ထွက်ရှိလာတော့သည်။ မဂ္ဂဇင်း အွန်လိုင်းပေါ် ရောက်သည်နှင့် တပြိုင်နက် အင်တာနက်တခွင် ပေါက်ကွဲသွားလေသည်။
(Fuck! မင်းဖတ်ပြီးပြီလား၊TOP ရဲ့ ဖေဖော်ဝါရီလထုတ် ကာဗာက တကယ်တော့ ဝမ်မင်ယီ တဲ့ !!! OH My God!!! ဘာလို့ ဝမ်မင်ယီ ဖြစ်ရတာလဲ...)
("ဖေဖော်ဝါရီလထုတ်issueရဲ့
ကာဗာက လင်းဝေ့ လို့ ပြောခဲ့တာမဟုတ်ဘူးလား။ ဝမ်မင်ယီ ဘယ်လိုဖြစ်လာတာလဲ။)
(ဝမ်မင်ယီက "TOP" မှာ ပါ၀င်နိုင်တာနဲ့တင် ငါက အံ့အားသင့်နေပြီ၊ ဒါပေမဲ့ကာဗာပေါ်မှာထိတောင်လား ၊ ရူးနေတာလား!! TOPက မနိုင်ဝန်မထမ်းချင်လောက်ပါဘူး!!!)
(Fuck!! မင်းတို့ကောင်တွေ TOP ရဲ့ နောက်ဆုံး Weibo ကို တွေ့ပြီးပြီ လား!! ဝမ်မင်ယီက နှစ်ထပ်ကွမ်း ကာဗာဖြစ်သွားပြီ !")
(TOP က သူ့ကို ဖိအားပေးပြီးခိုင်းတာတော့ မဟုတ်ဘူးမလား...သူ(TOP)က ပထမအဆင့်အမျိုးသားမဂ္ဂဇင်းဖြစ်နေတုန်းပဲမလား....သူ့(TOP)မှာ ပထမအဆင့်အမျိုးသားမဂ္ဂဇင်းရဲ့ တောက်ကြွားကြွားစတိုင်ရောရှိသေးရဲ့လား)
(Fuck!!! Fuck!!! Fuck!!! ဒီဝမ်မင်ယီရဲ့ ကာဗာက ဗီဗီယန် ရိုက်ထားတာလား....အပေါ်ထပ်က နင်တို့ ဗီဗီယန်ကိုတောင် ထုတ်မပြောဘဲ ဝမ်မင်ယီ အကြောင်း ဆက်ပြောနေတာလား... ဒီကာဗာရဲ့အဓိက ဆွဲဆောင်မှုက ဝမ်မင်ယီမဟုတ်ဘူးလေ .... ဗီဗီယန်...)
(ဗီဗီယန်က မိုက်လို့လား? ငါတစ်ခါမှမကြားဖူးဘူး။ TOPရဲ့Weiboမှာတော့ ဝမ်မင်ယီကို သူရိုက်ပေးတာလို့ပြောထားတယ်။ သူ့မှာဘလော့ဂ်(blog)တစ်ခုတောင်မရှိဘူးလေ၊အဲ့ဒါက မိုက်တာလား)
(ဘုရားရေ...အပေါ်ထပ်လူဗျို့... TOP က သူမကို နိုင်ငံတကာက နာမည်ကြီး ဓာတ်ပုံဆရာလို့ ခေါင်းစဉ်တပ် ပေးထားတာကို မတွေ့ဘူးလား။ ဗီဗီယန် က အရမ်းမိုက်တာပေါ့! ဝမ်မင်ယီ ဒီissueရဲ့ကာဗာမှာရှိနေရတာက ဗီဗီယန်က သူ့ကို သိက္ခာအကျခံပြီး ဓါတ်ပုံရိုက်ပေးဖို့ ဆန္ဒရှိနေလို့ဆိုတာ အသိသာကြီးပဲလေ ။ ဗီဗီယန်ရဲ့ ဓာတ်ပုံတွေအကုန်လုံးက ဆုရခဲ့တာချည်းပဲနော် အိုခေ... အဲဒါတွေကို ပုံနှိပ်စာအုပ်တွေမှာ စံပြအနေနဲ့ ထည့်ကြတာ)
လူတိုင်း အံ့အားသင့်သွားသည်။၊ဒီလောက်တောင် စွမ်းအားကြီးတာလား...
မကြာခင်မှာ သိပ္ပံပညာကို လူကြိုက်များလာလိမ့်မယ်:(" ဆရာကြီးပြောတာ မှန်ပါတယ်။ ဗီဗီယန် က တကယ်ကိုတော်တယ်။ 21 ရာစုရဲ့ အကောင်းဆုံး ဓာတ်ပုံဆရာလို့ ပြောလို့ရတယ်။ အခြေခံအားဖြင့်တော့ သူက ပြည်တွင်းပြည်ပက ဆုတွေ အားလုံးကို ဆွတ်ခူးနိုင်ခဲ့တဲ့သူပဲ ၊တစ်ခုတည်းသောသူမရတဲ့ဆုကလည်း တရုတ်လူမျိုးဖြစ်နေလို့ ရွေးချယ်မှု စံနှုန်းနဲ့ မကိုက်ညီလို့မရခဲ့တာ။ ဒါပေမဲ့ အဲ့လိုဆိုရင်တောင် နိုင်ငံတကာက သူ့ကို အတော်လေး မြင့်မြင့်မားမားကို အရေးတယူရှိကြတယ်။ပြောရမယ်ဆိုရင် သူက စီးပွားရေးအော်ဒါတွေကိုလည်း လွယ်လွယ်ကူကူလက်မခံတတ်သလို လူတွေရဲ့ဓာတ်ပုံကိုလည်း သိပ်ပြီးရိုက်ပေးလေ့မရှိဘူး။ တကယ်လို့ သူရိုက်ရင်လည်း ဓာတ်ပုံရိုက်ခက အရမ်းစျေးကြီးတယ်။)
(ဒါဆို TOP က ပိုက်ဆံအများကြီးအကုန်ခံပြီး ဝမ်မင်ယီ ကို ရိုက်ပေး ဖို့ ဗီဗီယန် ကို အထူးတလည်းဖိတ်ခေါ်ထားတာပေါ့ ဒါက မဖြစ်နိုင်ဘူး၊ ဝမ်မင်ယီ ကTOPရဲ့သားလား...)
(ငါ့သားတောင် ဒီလိုဆက်ဆံခံရမှာမဟုတ်ဘူး။ ဗီဗီယန် ရဲ့ဈေးက အရမ်းမြင့်တယ်။ TOP က မလိုအပ်သလို တတ်လည်းမတတ်နိုင်ဘူး။ ငါ့အမြင်ကတော့ ဗီဗီယန်က ဝမ်မင်ယီကို တချိူ့သောအကြောင်းပြချက်တွေကြောင့် ဓာတ်ပုံရိုက်ပေးလိုက်တယ်၊အဲဒါကြောင့် TOP က ဝမ်မင်ယီရဲ့ ဓာတ်ပုံကို ကာဗာမှာ အစားထိုးလိုက်ရတာပဲဖြစ်မယ်)
(ဒါက အရမ်းထူးဆန်းတယ်။ ဗီဗီယန် က မင်းပြောသလို အစွမ်းထက်တယ်ဆိုရင် ဒါဆိုဘာလို့ ဝမ်မင်ယီရဲ့ ဓာတ်ပုံတွေကို ရိုက်ချင်ရတာလဲ... ဘာလို့ ဝမ်မင်ယီလဲ... ဝမ်မင်ယီက ဗီဗီယန် ရဲ့အသက်ကိုကယ်တင်ခဲ့တာများလား...)
(ဘယ်သူသိပါ့မလဲ)
(အစီရင်ခံစာ.... ဗီဗီယန် Weiboစသုံးပြီ...)
ဖြတ်သွားဖြတ်လာတွေ ရှော့ရပြီး
ဖရဲသီးတွေလွတ်ကျကုန်၏။
(ဒီနေ့မှ Weibo ဖွင့်တာလား?နေပါဦး ၊ သူ့မှာ အရင်က Weibo မရှိဘူးလား)
(ရှိမယ်မထင်ဘူး။ ငါ TOPရဲ့ တရားဝင်ဘလော့ဂ်က Weibo မှာ တင်တာကို ကြည့်တဲ့အချိန်တုန်းကသူမကိုcircleတောင်မထားမိဘူး)
(Fuck! ဗီဗီယန်ပို့စ်တင်လိုက်ပြီ )
(အပေါ်ထပ်ကလူ၊ screenshot လေးကြည့်ပါရစေ၊ သူဘာတင်လိုက်တာလဲ)
(ငါ့ကိုလည်းပြပါ ၊ငါလည်းကြည့်ချင်တယ်")
[ပုံ]
(စာသားဗားရှင်းကို ပို့ပေးလို့ရမလား ။ အင်တာနက် အမြန်နှုန်းက အရမ်းဆိုးပြီး ပုံကို မမြင်ရပါဘူး။ မင်းရဲ့ ကြင်နာမှုအတွက် အတွက် ကျေးဇူးတင်ပါတယ်။")
(အပေါ်ထပ်ကလူရေ စာသားဗားရှင်းက- ဗီဗီယန်- သူကအရမ်းမိုက်တယ်!အရမ်းချစ်စရာကောင်းပြီး ချောတယ်! နတ်သားလေး [အနမ်း]အနမ်း][အနမ်း]"
လူတိုင်း: ...
(ဒါဆို ဗီဗီယန် က ဝမ်မင်ယီ ရဲ့ဖန် လား)
(မားမားဖန်)
(မဟုတ်ဘူး...မဖြစ်နိုင်ဘူး...)
(ဝမ်မင်ယီက အရမ်းတော်တာပဲလား။ သူ ပွဲဦးထွက်တာ တစ်နှစ်ခွဲရှိပြီ အခုထိ တီဗီမှာပေါ်မလာဖူးသလို ဇာတ်ကားလည်း လုံးဝမရှိဘူး။ သူက အရမ်းမိုက်တဲ့ ဖန်တစ်ယောက်ကို ဆွဲဆောင်ထား ပြီးပြီလား။ မယုံဘူးဟေ့ )
(မယုံနဲ့ အပေါ်ထပ်ကလူရေ...ဒါကို ဗီဗီယန် ကိုယ်တိုင် ဝန်ခံထားတာ၊ ဒီမှာ စခရင်ရှော့ပုံ။)
လူတိုင်းထိုပုံကို ကြည့်လိုက်ရာတွင် ပုံထဲမှာဗီဗီယန်က ရေနွေးနွေးလေးတစ်ခွက်ပေးပါဆိုသည့်နာမည်နှင့် netizen ကို ပြန်ဖြေထားတာကို တွေ့လိုက်ကြ ရ၏။
(T/N–Netizenx=အင်တာနက်သုံးရတာကြိုက်သူ၊အင်တာနက်သုံးစွဲသူ)
ရေနွေးနွေးလေး တစ်ခွက်ပေးပါ : (နတ်ဘုရားမက အလုပ်ကြိုးစားတာပဲ။ နတ်ဘုရားမရိုက်ထားတဲ့ပုံတွေက အရမ်းလှတယ်။ ဒီတစ်ခါ ကမ္ဘာမြေပေါ် ဆင်းပေးလာလို့ နတ်ဘုရားမကို ကျေးဇူးတင်ပါတယ်! အနာဂတ်မှာ နတ်ဘုရားမ
အတွက် အရာအားလုံး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။)
ဗီဗီယန် : (ရပါတယ် ၊ တကယ်တမ်းကျ ကျွန်မက မားမားဖန်တစ်ယောက်ပဲလေ~~~)
ဖရဲသီးစားတဲ့လူတွေက သူတို့ကိုကြည့်ပြီး သူတို့လက်ထဲက ဖရဲသီးက ချဉ်တယ်လို့ပဲ ခံစားရလာကြသည်။ ဒီလိုဘော့စ် မျိုးက ငါတို့ရဲ့ ကောကော/ကျဲကျဲ/တိတိ/မေ့မေ့ကိုကျ ဘာလို့ မကြည့်တာလဲ ! ! ငါတို့ရဲ့ ကောကော /ကျဲကျဲ/တိတိ/မေ့မေ့က ဝမ်မင်ယီ ထက် အဆ 10,000 ပိုကောင်းပါတယ်လို့ !
မကြာခင်မှာပဲ ဗီဗီယန်နှင့်ဝမ်မင်ယီ တို့ဟာ ရှာဖွေမှုစာရင်း၏ ထိပ်ဆုံးသို့ အတူတွဲလျက်ရောက်ရှိသွားတော့သည်။
မားကတ်တင်းအကောင့်များလည်း ဆုံးခန်းတိုင်သွားပြီ- [Shock ! ! နိုင်ငံတကာက နာမည်ကြီး ဓာတ်ပုံဆရာမ ဗီဗီယန်ဟာ ဝမ်မင်ယီ အတွက် ကာဗာကို ရိုက်ကူးပေးခဲ့ပြီး သူ့ကိုယ်သူ ဝမ်မင်ယီရဲ့မားမားဖန်လို့ဆိုခဲ့ပါတယ်!]
ကျို့ကုန်းကော၏ဓာတ်ပုံများသည် ဗီဗီယန် ရရှိထားသောနိုင်ငံတကာဆုများနှင့်ဒီလissue ရှိ ဝမ်မင်ယီ၏ မဂ္ဂဇင်းဓာတ်ပုံများဖြစ်လေသည်။
(T/N-ကျို့ကုန်းကော may beအထက်ကလူ)
အင်တာနက်သုံးစွဲသူတွေကတော့ ထိုအကြောင်းကိုအများအပြားဆွေးနွေနေကြသော်လည်း စိတ်ထဲတွင်မူ သူတို့၏ လောကအမြင်များ ပြိုလဲသွားသလိုခံစားနေကြရ၏။
(ဘုရားရေ ! ဒီဖန်က အရမ်းအကောင်ကြီးလွန်းတာပဲ၊ ဝမ်မင်ယီ TOPရဲ့ဒီတစ်ခါissueပေါ်မှာ ပါနိုင်တာ မဆန်းတော့ဘူး ။ သူ့နာမည်အရင်းက အားကျစရာကောင်းလိုက်တာ!")
(ဒီပုံက ကြည့်လို့ကောင်းလွန်းတယ်။ ငါလိုဖြတ်သွားဖြတ်လာတစ်ယောက်အတွက်တောင် အရမ်းလှတယ်လိုထင်မိတယ်၊ ဒီလိုဆက်ကြည့်မနေနိုင်တော့ဘူး၊ ငါ ဒီမဂ္ဂဇင်းကိုလည်း ဝယ်ချင်တယ်!")
oအွန်လိုင်းမှာ ရောင်းထွက်သွားပြီ။ အပေါ်ထပ်ကိုသွားပြီး အော့ဖ်လိုင်းတစ်ချက် ကြည့်လိုက်ပါ။ ငါတို့ရဲ့ သတင်းစာစတိုးကို ငါအခုလေးတင် သွားကြည့်လာတာ၊ ရောင်းစရာ မရှိတော့ဘူး။)
စကားပြောနေစဉ်တွင် အခြားသော စတားများ၏ဖန်များစွာတို့သည် ဗီဗီယန်၏ Weibo ဆီသို့အပြေး သွားခဲ့ကြပြီး ၎င်းတို့၏ idol များကို ရောင်းချနေကြလေသည်။
နတ်ဘုရားမ ငါတို့ရဲ့ကောကော/ကျဲကျဲ/တိတိ/မေ့မေ့ရဲ့ ပုံများကို ရိုက်ပေးလို့ရမလားဟူ၍မေးမြန်းနေကြ၏။
အကျိူးအကြောင်းသင့်သည့်ဖန်က ထိုဖန်များကို သွားထိန်းလေသည်။
(ဒီလိုမလုပ်ကြပါနဲ့....အဲ့ဒါက မသင့်တော်ဘူးလေ)
သို့သော်လည်း တချို့ဖန်တွေက ပြောနေ ကြဆဲပင် ။
(မကြိုးစားဘဲ ဘယ်လိုလုပ်သိနိုင်မှာလဲ! ငါ့ကောကောက ဝမ်မင်ယီထက် အများကြီးပိုကောင်းတယ်လို့ ငါထင်တယ်၊ ဝမ်မင်ယီတောင်လုပ်နိုင်ရင် ငါ့အစ်ကိုက ဘာလို့ မလုပ်နိုင်ရတာလဲ!)
မကြာခင်မှာပဲ ဗီဗီယန် က သူမရဲ့ ဒုတိယမြောက် Weibo ပို့စ်ကိုတင်ခဲ့ပါတယ်- (ဝမ်မင်ယီ ရဲ့ မားမားဖန်ပါ၊ သူ့ကိုပဲကြိုက်ပါတယ်၊ ကျေးဇူးတင်ပါတယ်!)
ဝမ်မင်ယီရဲ့ဖန်တွေက စိတ်လှုပ်ရှားစွာဖြင် သူ့ကိုယ်သူ ဖော်ပြလာကြပြီး အခြားဖန်တွေကတော့ဆန္ဒမရှိသလို ရွေးချယ်စရာလည်းမရှိကြချေ။
ဝမ်မင်ယီ အင်တာနက်ပေါ်ရှိ hot searchများကို
ကြည့်ပြီးနောက် ဝမ်ဝေ့၏ Weibo ကိုကြည့်လိုက်ရာတွင် အံဩသွားခဲ့၏။
"ဘာလို့ Weibo ကိုဖွင့်နေသေးတာလဲ"
ဝမ်ဝေ့က အေးဆေးတည်ငြိမ်စွာ ပြန်ပြောလာသည်။
"အန်နာက ငါ့ကို သတိပေးလို့... နောက်ပြီး ငါမင်းနဲ့ ဒီနည်းနဲ့လည်း အပြန်အလှန် ဆက်ဆံလို့ရတယ်လေ"
ဝမ်မင်ယီ :"မားက ကျွန်တော်နဲ့ အပြန်အလှန်ဆက်ဆံချင်သေးတာလား"
ဝမ်ဝေ့က သူကို သူမ၏ဖုန်းဖြင့် အေးအေးဆေးဆေး ကြည့်လိုက်၏။
"မား ရက်ပိုင်းအတွင်း သွားတော့မယ်"
သူမကဆက်ပြောလာသည်။
"အရင်က Weibo မသုံးဖူးဘူးတော့...မင်းက စတားတစ်ယောက်ဖြစ်လာမှန်း မားမသိလိုက်ဘူး.. အခုမားမှာ Weibo ရှိနေပြီ.. နောင်မှာ မား မင်းကိုလွမ်းမိတဲ့အခါကျရင် ... မင်းလတ်တလောဖြစ်နေတာတွေကို ကြည့်လို့ရတယ်လေ"
သူမထွက်သွားတော့မည်ဖြစ်ကြောင်း ကြားလိုက်ရသောအခါ ဝမ်မင်ယီအနည်းငယ်ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။
"မားက ဘယ်လိုလုပ်ကျွန်တော့်ကိုလွမ်းမှာလဲ"
ဝမ်ဝေ့က သူ့အနားကို တိုးလာပြီး ပွေ့ဖက်လိုက်ကာ
"မား မင်မင်ကို လွမ်းတာပေါ့... ဒါပေမဲ့မား မင်းကို လွမ်းနေတဲ့အချိန်မှာ မပြောမိခဲ့ဘူး"
ဝမ်မင်ယီက ခေါင်းငုံ့လိုက်ကာ သူမကိုကြည့်မလာတော့။
ဝမ်ဝေ့ သက်ပြင်းချမိလိုက်၏။
"မင်မင်... နှစ်နည်းနည်းလောက်ကြာရင် မားရိုက် ချင်တာတဲ့အရာတွေ အားလုံးကိုရိုက်ပြီးသွားတော့မှာပါ...ပြီးရင် မားမင်းကို ဘယ်တော့မှ ထပ်ပြီးထားမသွားတော့ဘူးနော်...မားမင်းနဲ့အတူ အိမ်မှာပဲနေမယ်...အိုခေ?"
"မလိုပါဘူး"
ဝမ်မင်ယီက အခိုင်အမာပြောလာသည်။
"တောင်းပန်ပါတယ်"
ဝမ်ဝေ့က ပြောလိုက်၏။
"ဒါပေမဲ့ အခု မားမှာ အလုပ်ရှိသေးတယ်... မင်းအနားမှာ အချိန်ပြည့်နေလို့မရဘူး"
ဝမ်မင်ယီ နားမလည်ချေ။
သူ ဝမ်ဝေကိုကြည့်လိုက်ကာ
"မားကို ကျွန်တော့် အနားမှာနေဖို့ ဘယ်တော့မှ ခွင့်မပြုဘူး... မားကျွန်တော်အကြောင်းကို ပိုတွေးနေဖြစ်ဖို့နဲ့ ကျွန်တော့်ကို တွေဖို့ပြန်လာတဲ့အချိန်တွေ ပိုများလာဖို့ပဲ ကျွန်တော်မျော်လင့်တယ်....မား အလုပ်ရှုပ်နေမှန်း ကျွန်တော် နားလည်တယ်... ဒါ ပေမဲ့ ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ... တစ်နှစ် 365 ရက်ရှိတဲ့ထဲမှာ ရက်ပေါင်း 30 လောက်တောင်...ကျွန်တော်နဲ့အတူရှိနေမပေးနိုင်ဘူးလေ! မားပြန်မလာရင်တောင်... ကျွန်တော့်ကို မကြာခဏဖုန်းဆက်ဖို့တော့ အဆင်ပြေတယ်မဟုတ်ဘူးလား "
"မင်းနဲ့တွေ့ တဲ့အခါတိုင်း...မင်းနဲ့ဖုန်းပြောတိုင်း ...မားထွက်မသွားချင်မိမှာကို မားကြောက်နေခဲ့တာ... မား မင်းနဲ့ အချိန်နည်းနည်းပိုကြာအောင်နေချင်တယ်...အခုလိုမျိုးပေါ့...မားပြန်သွားသင့်တာ ကြာပြီဖြစ်ပေမဲ့...မင်းကိုကြည့်လိုက်တိုင်း မား ထွက်မသွားနိုင်တော့ဘူး.... ပြန်သွားရမယ့်ရက်တွေကို ရွှေ့ဆိုင်းလိုက်ရုံပဲ မားတတ်နိုင်တယ်"
"ဒါဆို မားက ကျွန်တော်ဆိုတဲ့ဖြစ်တည်မှု လုံးဝ ရှိမနေသလို သဘောထားနေတာလား...ကျွန်တော့် ကို စစ်အိမ်တော်မှာထားခဲ့ပြီးတော့ တစ်ခါမှ ဂရုမစိုက်တာမျိူးလေ"
ဝမ်မင်ယီ စိတ်မသက်မသာ ခံစားလိုက်ရ၏။
"မနှစ်တုန်းက တောင်တန်းဒေသကို ရုပ်ရှင်ရိုက်ဖို့ သွားကြတော့ အဲဒီမှာ ငလျင်လှုပ်တာ သိလား...
ကျွန်တော်သာ ကြိုမခန့်မှန်းထားခဲ့ဘူးဆိုရင်...အဲ့ကနေသာ ထွက်မလာခဲ့ရင် ...ကျွန်တော် အဲဒီမှာပဲ ထာဝရသေသွားမှာ ... မားပြန်လာတဲ့အချိန်ကျ မား,သားရဲ့အလောင်းကပဲ မားကိုနှုတ်ဆက်နေရမှာ!"
"မင်မင်!"
ဝမ်ဝေ့ သူပါးစပ်ကို အုပ်လိုက်သည်။
သူမ ဝမ်မင်ယီကို အပြစ်ရှိစိတ်ဖြင့် ကြည့်လိုက်ကာ သူမမျက်လုံးများထဲတွင် ကြောက်ရွံ့မှု၊ဝမ်းနည်မှုများရှိနေခဲ့လေသည်။
ဝမ်မင်ယီက သူမလက်ကို တွန်းဖယ်လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။
"ဒါပေမဲ့ ဒါက မားအတွက် ဘာမှ ထူးခြားသွားမှာမှမဟုတ်တာ... ကျွန်တော် မရှိရင် မားပိုလွတ်လပ်သွားလိမ့်မယ်"
"ဘာကြောင့်အဲဒီလိုထင်ရတာလဲ"
ဝမ်ဝေ့ မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏မျက်လုံးများတွင် ဝမ်းနည်းမှုအပြည့်ဖြစ်နေလေသည်။
"မင်းတစ်ခုခုဖြစ်သွားရင် မားကိုယ်မားခွင့်လွှတ်မှာမဟုတ်ဘူး... မားသိပါတယ်...မား မင်းကိုတောင်းပန်ပါတယ်...မားက မိခင်ကောင်းမဟုတ်ဘူး.... သာမန်မိခင်တွေလောက်တောင် မကောင်းဘူး...ဒါကြောင့် မင်းကို တခြားနည်းနဲ့ အလျော်ပေးနိုင်ဖို့ မားကြိုးစားမယ်"
"မင်းအစ်ကိုက မင်းကိုအရမ်းဂရုစိုက်တယ်ဆိုတာ မားသိတယ်...ဒါကြောင့် မင်းကိုဘယ်သူ့အိမ်မှာမှ မထားခဲ့သလိုမျိူး မားစိတ်ချလက်ချနေနိုင်တာပါ ...ဒါပေမဲ့ မင်းအစ်ကိုနဲ့ မွေးစားအဖေက မင်းကို ကောင်းကောင်းဂရုစိုက်မယ်ဆိုတာ မားသိတယ်...မားပဲဖြစ်ဖြစ် မင်းအဖေပဲဖြစ်ဖြစ် မားတို့ မင်းကို တကယ်ချစ်ပါတယ်"
"ဒါပေမဲ့ ကျွန်တော် မခံစားရဘူးလေ!"
ဝမ်မင်ယီက ဒေါသတကြီးပြောလိုက်သည်။
"ကျွန်တော် တစ်ခါမှမခံစားမိဖူးဘူး...မွေးစား အဖေနဲ့အမေက ကျွန်တော့် အပေါ်ကောင်းတယ်လို့ ခံစားရတယ်...ကျွန်တော့်ကောက ကျွန်တော့် အပေါ်ကောင်းတယ်လို့ ခံစားရတယ်... ဒါပေမဲ့မားတို့ကျွန်တော့်အပေါ်ကောင်းတယ်လို့ ကျွန်တော် မခံစားရဘူး... ဟုတ်တယ်...မားတို့က ကျွန်တော့်ကို ရုပ်ပိုင်းဆိုင်ရာကဏ္ဍတွေမှာ အရမ်းရက်ရောတယ်...ကျွန်တော့် ဘဏ်ကတ်မှာအမြဲသုံးဖို့ပိုက်ဆံရှိတယ်...ဒါပေမဲ့ တခြားဘာရှိလို့လဲ... ကျွန်တော့် မှာဘာများရှိသေးလို့လဲ ...ကျွန်တော့်မှာ အိမ်လေးတစ်အိမ်တောင်မရှိဘူးလေ! သူများတွေရဲ့အိမ်မှာနေနေရတယ်!ကျွန်တော့်မျိုးရိုးနာမည်က စစ်မဟုတ်ဘူး ဝမ်ပါ..."
ဝမ်ဝေ့သည် ယနေ့တွင် သူ့ရဲ့မကျေနပ်ချက်တွေ ရုတ်တရက် ပေါက်ကွဲထွက်လာမည်ဟု မမျှော်လင့်ထားခဲ့သလို ဝမ်မင်းယီ၏ နှလုံးသားထဲတွင် ထိုကဲ့သို့ ပြင်းထန်သော နာကြည်းမှုမျိုး ရှိနေ လိမ့်မည်ဟုလည်း မမျှော်လင့်ထားမိခဲ့။
သူမ ဝမ်မင်ယီအား ကြည့်ကာ အချိန်တစ်ခုကြာသည်အထိ စကားတစ်ခွန်းမျှပြောမထွက်နိုင်ခဲ့ချေ။
ဝမ်မင်ယီက လှည့်ထွက်၍ တံခါးအပြင်ဘက်သို့ ထွက်သွားလေတော့သည်။
ဝမ်ဝေ့ သူ့ကို မတားခဲ့သလို သူမတွင် တားပိုင်ခွင့် လည်းရှိမနေခဲ့ပေ။ ဝမ်မင်ယီကြီးပြင်းလာချိန်တစ်လျှောက်လုံး သူမကားအမြဲလိုလို ရှိမနေခဲ့ချေ။ သားသမီးများကို လွမ်းဆွတ်ခြင်းက သူမအလုပ်အပေါ် သက်ရောက်မှုရှိမည်ကို စိုးရိမ်သောကြောင့် ဝမ်မင်ယီနှင့် အဆက်အသွယ်လျော့ကာ ဝမ်မင်ယီနှင့် တွေ့ဆုံမှုကို လျှော့ချခဲ့သည်။ ဝမ်မင်ယီနှင့် နှစ်သစ်ကို အတူကုန်ဆုံးရန် နှစ်သစ်ကူးတိုင်း ပြန်လာသော်လည်း သူတစ်နှစ်တာလုံး မည်သိုဖြတ်သန်း ခဲ့သည်ကို သူမ မသိပေ။
မှန်ပေသည်၊ ဝမ်မင်ယီ သူ့မကို ဒေါသထွက်သင့်၏။ သူသည် ကလေးဘဝကတည်းက နာခံမှုရှိပြီး ဉာဏ်ကောင်းသည့်ကလေးတစ်ဦး ဖြစ်သည်။ သူ့တွင် တက်ကြွရွှင်လန်းသော ကိုယ်ရည်ကိုယ်သွေးရှိခဲ့၏။ သူတစ်ခါမှ အမှားမလုပ်ဖူးပါဘဲ ကလေးတစ်ယောက်အဖြစ်မွေးဖွားခဲ့ပေးသည့် မိဘများ၏ ဂရုစိုက်မှုနှင့်အဖော်ပြုမှုကို
ဆုံးရှုံးခဲ့ရသည်။
သာမန်မိသားစုတွင်ပင် အရွယ်မရောက်သေးသောကလေးတွင် အနား၌ မိဘများရှိနေသော်လည်း ဝမ်မင်ယီအနားတွင်မူ ရှိမနေခဲ့။ သူ ၁၂ နှစ်သားအရွယ်ကတည်းက မိဘများနှင့် ခွဲနေခဲ့ရခြင်းဖြစ်လေသည်။
ဝမ်ဝေ့ သူမ၏ မျက်ရည်များကို သုတ်လိုက်သည်။ အပြစ်ရှိစိတ်တွေ၊ နောင်တနဲ့ ဝမ်းနည်းမှုတွေက သူမ၏နှလုံးသားကို တစ်လွှာပြီးတစ်လွှာ
ဖြတ်ပြီး ယိုစီးကျလာတော့သည်။
သူမ ဆိုဖာပေါ်ထိုင်နေရင်း မျက်ရည်များကို တိတ်တိတ်လေး သုတ်လိုက်သည်။
အချိန်အတော်ကြာပြီးနောက် သူမထထွက်သွားပြီး စစ်အိမ်တော် ၏အိမ်တံခါးရှိ လူခေါ်ဘဲလ်ကိုတီးလိုက်၏။
ကျိစစ်ယောင် သူမကို တံခါးဖွင့်ပေး လိုက်ပြီး သိသိသာသာငိုထားသည့် သူမ၏မျက်လုံးများကို ကြည့်ကာ "ဘာဖြစ်တာလဲ"ဟု မေးလိုက်သည်။
ဝမ်ဝေ့က ခေါင်းခါပြီး "မင်မင် ဘယ်မှာလဲ" ဟုသာ မေးလာ၏။
"အပေါ်ထပ်မှာ... ကျွင်းကျွင်းကို သွားရှာတာဖြစ်မယ်"
ဝမ်ဝေ့ ထိုစကား ကြားသည်နှင့် အပေါ်ထပ်ကို တက်သွားလေသည်။
ဝမ်မင်ယီက စစ်ကျွင်းတောက်၏ အခန်းထဲတွင် ရှိနေ၏။ ကုတင်ပေါ်တွင် ထိုင်နေကာ စကားတစ်ခွန်းမှမဆိုပေ။မျက်လုံးများက ငိုက်စိုက်ကျနေပြီး တစ်ကိုယ်လုံးဆီမှ ဝမ်းနည်းမှုများဖြာထွက်နေ၏။
စစ်ကျွင်းတောက် သူ့ကိုမေးလိုက်သည်။
"ဘာဖြစ်လို့လဲ "
"မားနဲ့ ရန်ဖြစ်လာတာ"
ဝမ်မင်ယီက တိုးဖျော့ဖျော့လေးပြောသည်။
စစ်ကျွင်းတောက် ထိုအမျိူးသားလေးအား သူ့ရင်ခွင်ထဲကို ဆွဲသွင်းလိုက်ကာ သူ၏မျက်ခုံးလေးများနှင့် မျက်လုံးများပေါ်သို့ အနမ်းခြွေလိုက်ပြီး နှုးညံ့နွေးထွေးစွာ ဆိုလိုက်၏။
"ဘာလို့ ရန်ဖြစ်တာလဲ"
ဝမ်မင်ယီ ရုတ်တရက် အလွန်အမင်း ဝမ်းနည်းလာပြီး နှစ်ပေါင်းများစွာရှိနေခဲ့သည့် မကျေနပ်ချက်များအားလုံးက လျှံထွက်လာခဲ့လေသည်။ သူလှည့်ကာ စစ်ကျွင်းတောက်ကို ဖက်လိုက်၏။ စကားတစ်ခွန်းမျှမဆိုဘဲ တင်းကြပ်နေအောင်သာ
ဖက်ထားလေသည်။
စစ်ကျွင်းတောက် သူ၏နောက်ကျောကို ပုတ်ပြီး
အသံကြည်ကြည်သာသာဖြင့် ချော့မော့ပြောဆိုလိုက်၏။
"အဆင်ပြေပါတယ်.... ဒါက ကြီးကြီးမားမားကိစ္စ မဟုတ်ပါဘူး...ကောမင်းအမေကို နောက်ကျရင် ကူပြီးဖြောင့်ဖြပေးပါ့မယ်... စိတ်မကောင်း မဖြစ်ပါနဲ့"
"သူ့ကို သွားမဖြောင့်ဖြနဲ့"
ဝမ်မင်ယီက ခပ်အီအီလေးပြောလာ၏။
"ဒါ ကျွန်တော့်အပြစ်မဟုတ်ဘူး"
"ကောင်းပြီ"
စစ်ကျွင်းတောက် ဆက်ပြီးချော့မော့နေလိုက်သည်။
"ဒါ မင်းအပြစ်မဟုတ်ဘူး... သူက လုံလုံလောက်လောက်ကောင်းခဲ့ဘူး...သူက မင်းအတွက်စိတ်မကောင်းဖြစ်နေတာ"
"သူက ကျွန်တော့်အတွက် စိတ်မကောင်းဖြစ် တယ်"
"အင်း"
"သူ ဘယ်လိုများဒီလိုအမေမျိူးဖြစ်နေရတာလဲ...
သူက ဘယ်လိုမိဘမျိုးလဲ!"
"အင်း... သူ မလုပ်သင့်ဘူး"
"သူ မလုပ်သင့်ဘူး!"
"မှန်ပါ့"
ဝမ်မင်ယီ စစ်ကျွင်းတောက်ကို လွှတ်လိုက်ပြီး မကျေနပ်မှုအပြည့်ရှိနေသော မျက်လုံးများဖြင့် သူ့ကို ကြည့်လိုက်သည်။
စစ်ကျွင်းတောက် သူ့ကို ထိုပုံစံမျိူးဖြင့်မကြည့်ရက်နိုင်သောကြောင့် ဝမ်မင်ယီ၏ လက်မောင်း
များရင်ခွင်ထဲထည့်၍ သိုင်းဖက်ကာ မျက်ခွံလေးများကိုနမ်း၍ စိတ်ရှည်လက်ရှည် ချော့နေ လိုက်သည်။
ရုတ်တရက် တံခါးခေါက်သံထွက်လာ၏။
စစ်ကျွင်းတောက်က ဝမ်မင်ယီကို တစ်ချက်ကြည့်လိုက်ပြီး မတ်တပ်ထရပ်ကာ တံခါးကိုဖွင့်လိုက်ချိန်တွင် တံခါးအပြင်ဘက်မှာ ရပ်နေသည့် ဝမ်ဝေ့ ကို တွေ့လိုက်ရလေသည်။
ဝမ်ဝေ့၏ မျက်လုံးများက နီရဲနေဆဲဖြစ်ကာ သူမ သိသိသာသာ ငိုထားလေသည်။ စစ်ကျွင်းတောက် ခဏလောက် ကြောင်အသွားခဲ့ပြီး ဝမ်ဝေ့က သူ့ကို မေးလာ၏။
"ကျွင်းကျွင်း... သူအထဲမှာရှိလား...သူနဲ့ စကားပြောလို့ရမလား"
စစ်ကျွင်းတောက် ခေါင်းညိတ်လိုက်ပြီး ဝမ်မင်ယီနှင့်ဝမ်ဝေ့အတွက် နှစ်ယောက်ထဲသက်သက်အချိန်ပေးလိုက်ကာ သူ့ဘာသာသူထွက်လာခဲ့လိုက်သည်။
တံခါးပိတ်လိုက်ချိန်တွင် သူ ဝမ်မင်ယီနှင့် ဝမ်ဝေကို နောက်ဆုံးတစ်ကြိမ် စိုက်ကြည့်လိုက်သည်။ လူတွေရဲ့ နှလုံးသားက အမြဲတမ်း ဘက်လိုက်နေမှာဖြစ်ပြီး သူ့ရဲ့ ဘက်လိုက်မှုက ဝမ်မင်ယီဖြစ်သည်ပင် ။ ဝမ်မင်ယီ ကြီးပြင်းလာချိန်တစ်လျှောက်လုံးကို သူကြည့်နေခဲ့ပြီး
တခြားဘယ်သူ့ထက်မဆို ဝမ်မင်ယီအား
ပိုသိနားလည်ကာ ပိုချစ်ပါ၏။ဝမ်ဝေ့ နှင့် ကျောက်ဝမ်ယွီတို့၏လုပ်နည်းလုပ်ဟန်များကို သူဘယ်တုန်းကမျှ အသိအမှတ်မပြုခဲ့။
ဖြစ်နိုင်လျှင် ဝမ်မင်ယီအနေဖြင့် ဤဘဝတွင် မိသားစု၊ ခင်မင်မှုနှင့် ချစ်ခြင်းမေတ္တာများ အမြဲရရှိနိုင်စေဖို့ သူမျှော်လင့်မိသည်။ ထိုသို့မဟုတ်လျှင်ပင် သူသည် ဝမ်မင်ယီအား ထိုခံစားချက်သုံးခုလုံးကို သူတစ်ယောက်တည်းပေးဆောင်ရန် ဆန္ဒရှိလေသည်။
သူ့အား မိသားစုလိုမျိူးအဖော်ပြုကာ သူငယ်ချင်းလိုမျိူး ဂရုစိုက်ပေးပြီး ချစ်သူတစ်ယောက်လိုမျိူး ချစ်ပေးမည်ဖြစ်သည်။
သူရဲ့အဖေလို၊အစ်ကိုလို၊ သူငယ်ချင်းလို၊ချစ်သူလိုမျိူး သူ့အား ပညာသင်ပေး၊ လမ်းပြပေး၊ သည်းညည်းခံပေးကာ သူတို့သေဆုံးသည့်နေ့အထိ သူ့အတွက် အမြဲတာဝန်ယူပေးနေမည်ဖြစ်၏။