အပိုင်း ၈၃
Viewers 14k

ဝမ်မင်ယီက ကုတင်ပေါ်ထိုင်နေလေ သည်။
ဝမ်ဝေ့ သူ့ဆီသို့သွား၍ သူ့ဘေးမှာ ဝင်ထိုင်လိုက်၏။
ဝမ်မင်ယီကိုကြည့်လိုက်ရင်း သူမအားတင်း၍ပြုံးကာ နွေးနွေးထွေးထွေး ပြောလိုက်သည်။
"ပေါင်ပေ့ရေ... ဒီလိုလုပ်တာက မားတို့အတွက်အဆင်ပြေရဲ့လား...နောက်ကျ မားရိုက်ကူးရေးတစ်ခုပြီးတာနဲ့...မင်းဆီပြန်လာပြီး အချိန်တစ်ခုလောက်အဖော်ပြုပေးမယ်လေ...လတိုင်းလည်း မင်းဆီဖုန်းခေါ်ဖို့ အချိန်ပေးမယ်... မင်းနဲ့ တတ်နိုင်သမျှ များများအဆက်အသွယ်လုပ်မယ်လေနော်...အိုခေ..."
ထို့နောက်သူမ ရှက်ရွံ့စွာဖြင့်လက်သီးများကို တင်းတင်းဆုပ်ကာ နှုးညံ့သည့်လေသံဖြင့်ဆိုလိုက်၏။
"အရင်က မင်းအဖေနဲ့ ငါက အဲဒါကို ကောင်းကောင်းမတွေးတတ်ခဲ့လို့ပါ... မားတို့အပြစ်ပါပဲ....လွန်ခဲ့တဲ့နှစ်တွေတုန်းက မားထင်ခဲ့တာ....မင်းက အရွယ်ရောက်နေပြီးတော့ မင်းမှာ မင်းရဲ့ကောရော တခြားသူငယ်ချင်းတွေရောရှိတယ်ဆိုပြီးတော့လေ... မားတို့အနားမှာရှိတာမရှိတာကို မင်းကဂရုမစိုက်ပုံမရတော့... မင်း မားတို့ကို တကယ်မလိုအပ်တော့ဘူးထင်ခဲ့တာ...မား....."
"မား တောင်းပန်ပါတယ်... "
သူမက ဆက်ပြောလိုက်သည်။
"မားမကောင်းခဲ့ဘူး... အမေတစ်ယောက် လုပ်သင့်တဲ့ဟာကို မားမလုပ်ခဲ့မိဘူး...နောက်နောင်ကျ မားကို ပြုပြင်ခွင့်ပေးမလားဟင်..."
ဝမ်မင်ယီ၏ လည်ချောင်းထဲတွင် အနည်ငယ်ချဉ်တူးသွား၏။ သူ့ရှေ့ရှိ အမျိုးသမီးကို ကြည့်ပြီး သူ့ခံစားချက်တွေကို ထုတ်ဖော်ဖို့ ကြိုးစားလိုက်သည်။
"မားကို ကျွန်တော့်အနားမှာ တစ်ချိန်လုံး မနေစေချင်ပါဘူး...သေချာပေါက်ကို မားအပြင်မှာ အလုပ်ကြိုးစားခဲ့တာ ကြောင့် ကျွန်တော်ကောင်းကောင်းကြီးပြင်းလာနိုင်ပြီး ကျွန်တော်လုပ်ချင်ရာလုပ်နိုင်ခဲ့တာမှန်း သိပါတယ်...
ကျွန်တော် ဘယ်တုန်းကမှ ပိုက်ဆံနဲ့ပတ်သတ်လို့ စိတ်ပူစရာမလိုခဲ့ဘူး..."
"မားကျွန်တော့်ကို ပိုဂရုစိုက်နိုင်ဖို့ပဲ ကျွန်တော်မျှော်လင့်တာပါ...ကျွန်တော်တစ်နေ့ဘယ်နေ့ရာမှာသေသွားမယ်ဆိုတာ မားမသိနိုင်ဘူးလေ..."
"အဲ့လိုတွေ မပြောပါနဲ့.... မင်းက ငယ်သေးတယ်...
မင်း သေဖို့က အဝေးကြီးလိုပါ သေးတယ်...မားတောင် ခုထိမသေသေးတာကို...မင်းအလှည့်ကဘယ်မှာမို့လဲ..."
ဝမ်ဝေ့က စိုးရိမ်တကြီး သူ့လက်ကိုဆွဲခါလိုက်၏။
"အဲလိုမျိူး မပြောနဲ့တော့နော် ...မင်းက ဒီလိုတွေပြောတော့ မားစိတ်တွေ ပျာယာခတ်နေပြီ"
ဝမ်မင်ယီ သူမ၏ မျက်လုံးများတွင် အမှန်တကယ် အမှန်ပင်အကြောက်တရားများရှိနေသည် မြင်သောအခါ ခေါင်းညိတ်ပြီး ဘာမှ မဆက်ပြောတော့။
ဝမ်ဝေ့ သူ့အား နူးနူးညံ့ညံ့ ကြည့်နေရင်း သူမ၏ခေါင်းကို ငုံလိုက်သည်။ထို့နောက် လက်လှမ်းကာ သူ့ကိုပွေ့ဖက်လိုက်ပြီး သူမ၏ရင်တွင်းစကားများကို ပြောပြနေတော့သည်။
[[[သူတို့နှစ်ယောက်အတွက် ဤကဲ့သို့ အမေနှင့်သား စကားပြောဖြစ်ကြသည့်အချိန်များသည် ရှားပါးလွန်းလှ၏။ သူတို့အရင်ကဆုံဖြစ်သည့်အချိန်တိုင်း ဝမ်ဝေ့က ရုတ်တရက်ပေါ်လာပြီး တရုတ်နှစ်သစ်ကူးအပြီးတွင် အလျင်စလိုပင်ပြန် ထွက်သွားလေ့ရှိသည်။
ဝမ်မင်ယီ သူမကို အေးစက်စက်ပင်ကြည့်နေ၏။
သူမကို ပြောစရာရှိသော်လည်း သူ့မျက်နှာကို ထိန်းမထားနိုင်သောကြောင့် ပါးစပ်ကို တင်းတင်းစေ့ထားလိုက်သည်။
ဝမ်ဝေ့က သူ့ကိုမေးခဲ့ဖူး၏။
"မားကို လွမ်းနေမှာလား...မားအပေါ်မှာ လက်လျော့လိုက်ပြီလားဟင်"
ထိုစဉ်က ဝမ်မင်ယီက မာဆတ်ဆတ်
ပြန်ပြောခဲ့သည်။
"ဟင့်အင်း... ကျွန်တော့်မှာ သူငယ်ချင်းတွေ မရှိတာမဟုတ်ဘူး...မားမရှိလည်း ကျွနတော်ပျော်ပါတယ်"
ထိုအရွယ်တုန်းက သူသည် ပုန်ကန်ထကြွတတ်ပြီး လွတ်လပ်ဖို့ရာ စိတ်အားထက်သန်နေသည့် အရွယ်ဖြစ်လေ သည်။ ဝမ်ဝေ့က သူတကယ်ပျော်နေသည်ဟုထင်ကာ သိပ်ပြီးမတွေးမိခဲ့သော ကြောင့် သူ့ကို စစ်မိသားစုထဲတွင် ဆက် ထားခဲ့၏။]]]
"မင်း မားကို စောစော ပြောသင့်တယ်"
ဝမ်ဝေ့က ပြောလိုက်သည်။
"မင်း တစ်ခါမှ မပြောပြဖူးတော့...မားက မင်းအတွက်အဆင်ပြေတယ်လို့ထင်ခဲ့တာ...ဒါပေမဲ့ မား လုံလုံလောက်လောက် ဂရုမစိုက်ခဲ့မိတာပါ...မားစောစောသိခဲ့သင့်တယ်"
သူမ ဝမ်မင်ယီကိုကြည့်ကာ သူ၏ခေါင်းလေးအားပွတ်ပေးလိုက်လေ၏။
"မားပထမဆုံးထွက်သွားတဲ့နှစ်တုန်းက...တကယ်တော့မင်းက မားကိုထွက်မသွားစေချင်ဘူးလို့ပြောခဲ့တာ...အဲ့ဒါကလည်း မင်းငယ်ငယ်တုန်းကပဲပြောတာ...ကြီးလာတော့ ဘာမှမပြောတော့ဘူး...
မင်းအရွယ်ရောက်လာလို့ မားတို့ကို ဆက်မလိုအပ်တော့ဘူးလို့ထင်ခဲ့တာ...ဒါပေမဲ့ မင်းက ကလေးပဲရှိသေးတာလေ...ကလေးဆိုတာက အမြဲတမ်း မိဘတွေကို လိုအပ်တယ်"
သူမ ဝမ်မင်ယီကိုပွေ့ဖက်လိုက်ကာ
"မား ပြင်ပေးပါ့မယ်.... စိတ်မဆိုးတော့နဲ့နော်...အိုခေ..."
ဝမ်မယီက ခေါင်းညိတ်ပြလိုက်၏။
သူ ဝမ်ဝေ့ ကို နာကြည်းသော်လည်း ဤနာကြည်းမှုတွင် မုန်းတီးခြင်းထက် နာကြည်းခြင်းကပိုများလေသည်။ဝမ်ဝေ့က သူ့ကို လျစ်လျူရှုပြီး သူ့ရဲ့ကြီးပြင်းလာမှုကို လွတ်သွားသည်ဟု အပြစ်တင်နေသော်လည်း ဝမ်ဝေ့ သူ့အတွက် ထောက်ပံ့ပေးထားသည့် ရုပ်ဝတ္ထုပစ္စည်းအခြေအနေများကိုကား သူနှစ်သက်လေ၏။ နှစ်သစ်ကူးပွဲတော်အချိန်ရောက်တိုင်း အပြေးအလွှားပေါ်လာပြီး နှစ်ကူးပွဲတော်အား သူနှင့်အတူကုန်ဆုံးပေးတတ်သည်အား ကြည့်ကာ ဝမ်ဝေ့က သူ့ကို ချစ်လောက်မည်ဆိုသည်ကို သူ့စိတ်ထဲတွင် သိနေခဲ့ပါသည်။
ဝမ်ဝေ့သည် တစ်ချိန်က သူ့အတွက် သူမ၏ အသက်မွေးဝမ်းကြောင်းကို စွန့်လွှတ်ခဲ့ပြီး ဆယ်နှစ်ကျော်ကြာအောင် အလုပ်မလုပ်ခဲ့ပေ။ အိမ်၌ပင် သူနှင့်အတူနေကာ သူ့ကို ပျိုးထောင်ပေးသည့်နေရာတွင် သူကိုယ်သူမ အကြွင်းမဲ့ စိတ်နှစ်ထားခဲ့ပြီး သူ၏အရွတ်အဖတ်စွမ်းရည်အား စစ်ဆေးပေးခဲ့သလို သူ၏စာစီစာကုံးများကိုလည်း အမှန်ပြင်ပေးခဲ့ကာ စိတ်သန့်သန့်ဖြင့်နေနိုင်သည့် လူတစ်ယောက် ဖြစ်လာစေရန် သင်ကြားပေးခဲ့သည်။
ဝမ်မင်ယီ ထိုအချိန်များကို မှတ်မိသောကြောင့် သူမကို လုံးဝကြီး မမုန်းနိုင်ပေ။ သူမသည် သူမ၏မိခင်မေတ္တာကို အမြဲတစေ တွန့်တိုတတ်သူမဟုတ်ခဲ့။ သူတို့ကြားတွင် အလွန်နွေးထွေးသောအချိန်များ ရှိခဲ့သည့်အပြင် သူ၏ကြီးပြင်းလာမှုတွင်လည်း သူမ၏ခြေရာလက်ရာများရှိခဲ့လေသည်။ သူမက ရိုးရိုးရှင်းရှင်းပဲ ထွက်သွားခဲ့၏။သူ၏ အသက် 12 နှစ်မှ 18 နှစ်အရွယ်တွင် သူနှင့်သူမ၏အသက်မွေးဝမ်းကြောင်းကြား ရှိ ဆက်နွယ်မှုသည် ဟန်ချက်မညီခဲ့ပေ။ ပိုကောင်းသည့်ဟန်ချက်တစ်ခုကို သူမရွေးချယ်လို့ရပေမဲ့ သူမမရွေးချယ်နိုင်ခဲ့ချေ။
ထို့ကြောင့် ဝမ်မင်ယီသည် သူမအား နာကျည်း
ခဲ့သော်လည်း အများကြီးမမုန်းနိုင်ခဲ့။
ဝမ်မင်ယီ နှင့် ဝမ်ဝေ့ တို့သည် နောက်ဆုံးတွင် ပြန်လည်သင့်မြတ်မှုရရှိခဲ့ပြီး ဝမ်ဝေ့ က သူမကိုယ်သူမ ထိန်းချုပ်ထားရန် အခန်းသုံးခန်းပါ သဘောတူညီချက်ကိုပင် ရေးခဲ့သည်။
ဝမ်မင်ယီ ထိုဟာက မလိုအပ်ဟုထင်မိသော်လည်း သူမကအားလုံးကို ရေးပြီးပြီဖြစ်သည့်အတွက် လက်ခံလိုက်ရသည်ပင်။
ဤဖြစ်ရပ်ကြောင့် ဝမ်ဝေ့က သူမထွက်သွားမည့်အချိန်ကို ထပ်မံရွှေ့ဆိုင်းခဲ့၏။ ဝမ်မင်ယီ သူမကိုမေးလိုက်သည်။
"မား ဖြစ်ရဲ့လား....ဘာမှမဖြစ်လောက်ဘူးမလား"
"အဆင်ပြေပါတယ်"
ဝမ်ဝေ့က သူ့ကို ပုခုံးကို ခပ်ဖွဖွပုတ်လိုက်သည်။
"ပိုက်ဆံ ဆုံးရှုံးတာလောက်ပါပဲ... မားမှာ ပိုက်ဆံရှိတယ်...မားဒီလောက်တော့ တတ်နိုင်ပါတယ်"
ဝမ်မင်ယီ : ...
ဝမ်ဝေ့က ပြုံးလိုက်ကာ
"ဆိုတော့ မင်း စိတ်ပူစရာ မလိုပါဘူး"
ဝမ်မင်ယီ : ...ကောင်းပြီ။
ဖေဖော်ဝါရီလထုတ် "TOP" မဂ္ဂဇင်း၏ ဒုတိယမြောက်နေ့၌ တရားဝင်ဘလော့ဂ်တွင် ဝမ်မင်ယီ၏ ပုံကိုးပုံကို စကားလုံးငါးလုံးတည်းဖြင့် တင်လိုက်၏။
- [မသေမျိူး အလှ!]
ဝမ်မင်ယီ ရဲ့ဖန်တွေ ပွက်လောရိုက်ကုန်ပြီး ပြန်ပြီးrepostလုပ်ကြလေသည်။
(ဒါက ဘယ်လိုအမတ,ကောကောလဲ၊ ငါတို့ကောကောက အရမ်းတော်တာပဲ)
(အူဝူး... ထွက်လာပြီး ဖြတ်လျှောက်သွားစမ်းပါ!!
ဒီအကြည့်နဲ့ ငါတော့သေပြီ)
(ဝမ်မင်ယီ ...ငါ ဒီစကားခြောက်ခွန်းကိုပဲ ပြောနိုင်
တယ်၊ ပြောရတာ မောနေပြီ!)
(တို့ကောကောက ဒီပုံစံနဲ့ အရမ်းလိုက်တာပဲ! တကယ်ကို စိတ်ချမ်းသာရတယ်! ဗီဗီယန် က အရမ်း စွမ်းအားကြီးတာပဲ...ဆရာသခင်အဆင့်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ဖို့ ထိုက်တန်တယ်)
(ငါတော့ တကယ်ကို ငါတို့တိတိလေးရဲ့ ညွှတ်ကွင်းထဲမှာပိတ်မိနေတော့မှာပဲ။ ဒီလောက် ပြီးပြည့်စုံတဲ့ လူတစ်ယောက်ကို တွေ့ဖူးပြီးတဲ့နောက်မှာ ငါဘယ်လိုလုပ် တစ်ယောက်ယောက်နဲ့ လက်ထပ်နိုင်တော့မလဲ! ဟေး...)
ဒီပုံတွေဟာ အင်တာနက်ပေါ်တွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး အင်တာနက်သုံးစွဲသူတွေကတော့
အံ့အားသင့်စွာဖြင့် ပြောဆိုနေကြ၏။
(ဒီတိတိလေး အရမ်းချောတာပဲ!! ကျေးဇူးပြုပြီးAmwayရေ...ဒီတိတိက ဘယ်သူလေးလဲ..ငါတို့ စလို့ရမလား။)
(Fuck! ဒါဟိုတလောက hot search ပေါ်က ကောလိပ်ဝင်ခွင့် ချန်ပီယံ မဟုတ်ဘူးလား!! ဒီလိုရုပ်ရည်မျိူးနဲ့ ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲကို ဝင်ချင်တာ အံ့သြစရာတော့ မရှိပါဘူး! စတားတစ်ယောက်ဖြစ်မလာဘူးဆိုရင် အရမ်းနှမြောစရာကောင်းနေမှာ...)
(ရုပ်ချောပြီး စမတ်ကျတဲ့ တကယ့်နတ်သားကောကောလေး! အရမ်းချစ်တယ်)
မကြာခင်မှာပဲ မားကတ်တင်းအကောင့်ကလည်း ဒီဓာတ်ပုံတွေကို ပြန်တင်လိုက်ပြီး ဗီဗီယန်ရဲ့ Weiboက တခြားဖန်တွေရဲ့ ငိုကြွေးသံတွေနဲ့ပြန်လည်ဆူညံသွားပြန်၏။
(နတ်ဘုရားမရေ... ငါတို့ရဲ့ကောကော/ကျဲကျဲ/တိတိ/မေ့မေ့ကို တကယ်မကြည့်ဘူးလား? ငါတို့ရဲ့ကောကော/ကျဲကျဲ/တိတိ/မေ့မေ့ ကလည်း အလုပ်ကြိုးစားပါတယ်လို့!)
သို့သော်လည်း ဗီဗီယန်က တုံ့ပြန်ခြင်း မရှိခဲ့ပေ။
လုစုန့် Weibo ကိုဖွင့်လိုက်သည်နှင့် တပြိုင်နက် hot searchမှာ ဝမ်မင်ယီ ဖြစ်နေပြန်သည်ကို တွေ့လိုက်ရသည်။ ကြောက်လန့်တကြားဖြင့် သူ့ဖုန်းကို ပိတ်လိုက်ကာ ကျန့်ဖုန်း hot searchကို မတွေ့ သွားစေရန် စုန့်ဟယ် နှင့် ခဏလောက် ဆွေးနွေးနေ ခဲ့သည်။
"မဖြစ်နိုင်ဘူး"
စုန့်ဟယ်က အေးအေးဆေးဆေးပင်ပြောလိုက်၏။
"သူက ငါတို့မသိတဲ့ဝမ်မင်ယီ့အကြောင်းတွေကိုတောင် သူသိတယ်၊....ငါတို့သိတာကို သူသေချာပေါက်သိမှာပဲ... ဖုံးကွယ်လို့မရဘူး...ငါတော့
သူသိပြီးသားလို့ ထင်တယ်"
လုစုန့် : ...ဘယ်လောက်ရက်စက်လိုက်သလဲလို့!
ကျန့်ဖုန်းက သိထားပြီးသားမို့ ပြတင်းပေါက်နားမှာ ရှုးရှုးရှဲရှဲဖြစ်နေလေသည်။
သူ နားမလည်နိုင်ဘူး! ဘာလို့လဲ....ဘာလို့လဲ ...ဘာလို့ ဗီဗီယန် က ဝမ်မင်ယီကို ဓာတ်ပုံရိုက်ပေးတာလဲ!! သူကဘာပုံကိုရိုက်တာလဲ...သူ့မျက်နှာဖြူဖြူလေးကို ရိုက်တာလား ...သူ့ရဲ့ အဆင့်ကောင်းကောင်းတွေကို ရိုက်တာလား...
ဒီနေ့ မနက်စာအတွက် သံပရာသီးပိုင်မုန့်စားပြီး သံပုရာရည်သောက်ထားလိုမျိုး သူ့နှလုံးသားထဲမှာ သံပုရာသီးတွေနဲ့ ပြည့်နေသည်ဟု ကျန့်ဖုန်း ခံစားနေရ၏။
ဤအခိုက်အတန့်တွင် သူ့ဖုန်းကမြည်လာသည်။ ကျန့်ဖုန်း ငုံ့ကြည့်လိုက်ရာတွင် ဝမ်မင်ယီ ၏ WeChat ဖြစ်နေလေသည်။
ကျန့်ဖုန်း: ...
ကျန့်ဖုန်း နှိပ်ကြည့် ရမလား၊မနှိပ်ရဘူးလားဟု စက္ကန့်သုံးဆယ်လောက် တုံ့ဆိုင်းနေသော်လည်း သူရဲ့သိချင်စိတ်ကို ထိန်းမရနိုင်ဆဲဖြစ်သဖြင့် ဝမ်မင်ယီ၏ WeChat ကို နှိပ်လိုက်သည်။
ဝမ်မင်ယီ - [ရုပ်ပုံ]
ဝမ်မင်ယီ : (ဟားဟားဟားဟားဟားဟား... နှစ်ထပ်ကွမ်းကာဗာကွ! မနာလိုဖြစ်နေ လား)
ကျန့်ဖုန်း ချက်ချင်းပင် စိတ်ဆိုးမာန်ဆိုးဖြစ်လာ၏။ သူသိတယ်! ဒီမူလတန်းကြက်ပေါက် ဝမ်မင်ယီက သူ့ကိုယ်သူ သေချာပေါက်ထုတ်ကြွားမယ်ဆိုတာ သူသိတယ်!! ဒီခွေးငကြွားကတော့!!
ကျန့်ဖုန်း:( အိုး... အဲဒါ ဗီဗီယန် ရဲ့အရှိန်အဝါကြောင့်တင်ပါကွာ။ ဗီဗီယန် ရိုက်ပေးသရွေ့တော့ ခွေးတောင်မှ ကာဗာပေါ်ရောက်တယ်။မင်းက တန်ဆာသက်သက်ပါကွာ။)
ဝမ်မင်ယီက အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်၏ - (ဒါပေမဲ့ ဗီဗီယန်က မင်းကို ရိုက်မဲ့အစား ခွေးကိုပဲ ရိုက်ပေးလိမ့်မယ်.... ဆိုတော့ မင်းက ခွေးလောက်တောင် မတော်မှန်းသိသာတယ်!)
ကျန့်ဖုန: (ဝမ်မင်ယီ ကျေနပ်မနေနဲ့။ဒါက ကာဗာတစ်ခုလေးတင်! ငါတို့လုပ်ငန်းက အလုပ်တွေကိုကြည့်ရသေးတယ်!ငါက နောက်လဆို ရုပ်ရှင်သွားရိုက်ရမှာ။ မင်းကတော့ အိမ်မှာပဲ မင်းရဲ့ခြေလှမ်းတွေကိုရွေးနေလိုက်ပေါ့!)
ဝမ်မင်ယီ 🙁 မင်းကိုစိတ်ပျက်မိစေ လို့ တောင်းပန်ပါတယ်။ အိုကွယ် ...သက်ခါကျရင် ငါက audition ကို သွားဖြေရမှာလေ။ audition အောင်ရင် ဧကရာဇ်ခန်းနဲ့ ရုပ်ရှင်ရိုက်ရမှာ ဟီးဟီး~)
ကျန့်ဖုန်း: ...
ကျန့်ဖုန်း ဝမ်မင်ယီ နှင့် စကားဆက်မပြောချင်တော့။ စကားပြောတဲ့ အချိန်တိုင်း!!! ဘာလို့သူချည်းအမြဲနာကျင်နေရတာလဲ !
ကျန့်ဖုန်း ပါးစပ်ကနေပဲ လေတွေ မှုတ်ထုတ်နေရင်း သူ့နှလုံးသားထဲတွင် အေးခဲမှုကိုသာ ခံစားလိုက်ရသည်။
ဝမ်ဝေ့ ဝမ်မင်ယီအတွက် TOPမဂ္ဂဇင်းကာဗာကို ဓာတ်ပုံရိုက်ပေး ခဲ့ပြီးနောက် နောက်ကကပ်ပါလာသည်ကား အခြားမဂ္ဂဇင်းများမှပို့လာသည့် ဝမ်မင်ယီထံသို့ ဖိတ်ကြားချက်များဖြစ်လေသည်။
"မနေ့ကကတည်းက တခြားပထမအဆင့် မဂ္ဂဇင်းတွေက မင်းကို ကာဗာရိုက်ဖို့ ဖိတ်ခေါ်ကြ
ပေမဲ့... ဗီဗီယန်ကို ပြန်ဖိတ်ဖို့ မျှော်လင့်တယ်လို့ အားလုံးက ပြောကြတယ်... ဘာဖြစ်နေလဲတော့ မသိဘူး... ဒီလောကက မျက်စိမှိတ်သဘောတူလိုက်ရပုံရတယ်...မင်းက မစ္စဗီဗီယန်ကို ရူတင်အတွက် မင်းရဲ့ကိုယ်ပိုင်ဓာတ်ပုံဆရာအနေနဲ့ ခေါ်ခဲ့တာလေ...TOP ပလက်ဖောင်း ကို ငှားသုံးလိုက်ရုံပဲရှိတာ"ဟု ချန်လုကဖုန်းဆက်ပြီး ပြောသည်။
ဝမ်မင်ယီ သူမကိုမေးလိုက်၏။
"ကျဲ သဘောတူလိုက်လား"
ချန်လုက ခေါင်းခါလိုက်သည်။
"အစ်မ သဘောမတူလိုက်ဘူး...ဒါက မစ္စဗီဗီယန်လေ.... အစ်မဘယ်လိုလုပ် လွယ်လွယ် သဘောတူရဲပါ့မလဲ... မစ္စဗီဗီယန်ရဲ့ အေးဂျင့်ကို ဆက်သွယ်ခိုင်းလိုက်တာ"
ဝမ်မင်ယီက ခေါင်းညိတ်လိုက်ကာ
"ကောင်းတယ်... ဒီလိုပဲဖြစ်ရမယ်... သူတို့က ကျွန်တော့် ကို ဖိတ်ချင်ကြမဟုတ်ဘူး... သူတို့အားလုံးက ကျွန်တော့်မားရဲ့ ဂုဏ်သတင်းကို လောဘကြီးနေကြတာပဲ...ဟမ့်"
"ဒါပေမဲ့ မဂ္ဂဇင်းရဲ့ဒီလissueရောင်းအားက တကယ်ကောင်းတယ်....အွန်လိုင်းနဲ့ အော့ဖ်လိုင်းတွေမှာ အကြိမ်ကြိမ် ပြန်တင်နေရတယ်... အခုဆိုရောင်းကုန်သွားပြီ...TOPကတော့ ထပ်ပရင့်ထုတ်နေတုန်းပဲ... အဲ့ဒါကြောင့် မနေ့တုန်းက TOPက အစ်မကို ထပ်ပြီး ဆက်သွယ်လာတယ် ...
နွေရာသီissueအတွက် မင်းကိုပဲ အလုပ်အပ်ချင်တယ်တဲ့...မင်းအဆင်ပြေတယ်လို့ထင်လား... ဒီတစ်ခါတော့ သူတို့ဓာတ်ပုံဆရာတွေချည်းနဲ့ပဲ ဆိုတော့...မစ္စဗီဗီယန် ရိုက်စရာမလိုဘူးပေါ့ ...မစ္စဗီဗီယန် က မင်းကိုရိုက်ပေးချင်တယ်ဆိုရင်တော့ သူတို့လည်းမတတ်နိုင်ဘူးလို့ပြောတယ်"
"အဆင်ပြေပါတယ်... ဒါပေမဲ့ ကျွန်တော့်မားမှာ အချိန်မရှိဘူး... သူတို့ရဲ့ ဓာတ်ပုံဆရာကိုပဲ ရိုက်ခိုင်းလိုက်"
"ကောင်းပြီ...ဒီမှာ....."
ချန်လု က ခဏတိတ်ဆိတ်နေပြီးမှ တန်ဖိုးကြီး ဇိမ်ခံဘရန်းများစွာကို တစ်ခါတည်းနဲ့ အစီရင်ခံလိုက်ပြီး "ဒီဘရန်းတွေက မင်းနဲ့ ပူးပေါင်းချင်နေကြတယ်...သူတို့အတော်လေးရိုးရိုးသားသားပူးပေါင်းချင်နေကြတာ... အစ်မ ကြည့်လိုက်တော့... အနိမ့်ဆုံးက တရုတ်ပြောရေးဆိုခွင့်ရှိသူရောပဲ.... သူတို့အားလုံး ကောင်းတယ်လို့ အစ်မထင်တယ်... မင်းစဉ်းစားပြီး ကြည့်ချင်ရင်ကြည့်
လို့ရတယ်”
ဝမ်မင်ယီ သူ့နားထဲမှာ ကယောင်ခြောက်ခြားတွေကြားနေရသလို ခံစားနေရ၏၊၊
"ကျဲအခု ဘာပြောလိုက်တာလဲ...ထပ်ပြောပါဦး"
ချန်လုက ဟင်းနာမည်ရွတ်ပြနေသလိုမျိ တန်ဖိုးကြီး ဇိမ်ခံဘရန်းများစွာကို တည်တည်ငြိမ်ငြိမ်ပင် ထပ်မံရွတ်ပြလိုက် သည်။ အဝတ်အစားနဲ့ အလှကုန်ပစ္စည်းဘရန်းတွေဖြစ်ပြီး အများစုက အဝတ်အစားဘရန်းတွေဖြစ်၏။
ဝမ်မင်ယီ ပဟေဠိဖြစ်နေသည်။
"နာမည်ကြီးဘရန်းတွေအများကြီးက ဘာလို့ ကျွန်တော့်ကို ရုတ်တရတ်ကြီး ထောက်ခံခိုင်းတာလဲ...ကျွန်တော်ကအခုထိ ဒီတစ်ခုပဲ လုပ်ရသေးတာမလား"
"သူတို့ပြောတာတော့ မစ္စဗီဗီယန်က အကြံပြုထားတာတဲ့ ... မစ္စဗီဗီယန်က ဖက်ရှင်အသိုင်းအဝိုင်းထဲက လူတွေအများကြီးနဲ့ဆက်ဆံရေးကောင်းပုံရတယ်...ဒီဘရန်းတွေကလည်း မင်း မစ္စဗီဗီယန်နဲ့ ပူးပေါင်းနိုင်ဖို့ မျှော်လင့်နေကြတာ "
ဝမ်မင်ယီ : ...သူ့မားက အရမ်းမိုက်တယ်!
ဒါက တကယ့်ကို....ဘုရားဘုရား....တကယ်အံ့ဩစရာကောင်းလွန်းတယ်။
"ကျွန်တော့်ရဲ့ mailboxထဲကို ပို့ထားလို့ရတယ်...ကျွန်တော် စဉ်းစားကြည့်လိုက်မယ်"
ဝမ်မင်ယီ သူ၏မျက်ခုံးရိုးကို ဖိလိုက်သည်။
"ကောင်းပြီ"
ချန်လု စိတ်သက်သာရာရစွာဖြင့်သက်ပြင်းချလိုက်၏။ ဘရန်းနံမည်များစွာကို တစ်ဆက်တည်းပြောပြီးနောက် သူမတကယ်ပင်မောပန်းနေပါပြီ။
"သဘက်ခါ ဇာတ်ကားaudition ကို မမေ့နဲ့။"
"စိတ်မပူပါနဲ့ ..ကျွန်တော် မှတ်မိတယ်"
"ဒါဆို အစ်မ မင်းကို လာခေါ်မယ်"
"အိုခေ"
ချန်လုက ထိုစကားဆုံးပြီးနောက် ဖုန်းချလိုက်သည် ။
ဝမ်မင်ယီ သူ့ဖုန်းကို ကြည့်ပြီး မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေတဲ့ ဝမ်ဝေ့ဆီသို့ လှည့်ကာသွား
လိုက်၏။
"ဒီနာမည်ကြီးခေါင်းဆောင်တွေကို မားသိသေးတာလား"
ဝမ်မင်ယီ မီးဖိုခန်းထဲသို့ လှမ်းဝင်ကာ တိုက်ရိုက်ပင်ပြောလိုက်သည် ။
ဝမ်ဝေ့က ခေါင်းညိတ်ပြလာ၏။
“ဓာတ်ပုံဆုတွေက ပြည်တွင်းက ဆုတွေထက် နိုင်ငံတကာက ပိုများတယ်... အဲ့ဒါကြောင့် နိုင်ငံခြားက မားရဲ့ အဆက်အသွယ်တွေက တရုတ်ပြည်ကထက် ပိုကျယ်ပြန့်တယ်...လူတိုင်းနဲ့ ညစာအတူတူစားပြီး ရှိုးပွဲတွေ ကြည့်ဖူးတယ်... တာဝန်ခံတချို့က မားကို သူတိုရဲ့ဓာတ်ပုံကိုရိုက်ခိုင်းကြတယ်...ဆိုတော့ တရုတ်ပြည်မှာထက် နိုင်ငံခြားမှာ အဆက်အသွယ်ပိုများတာပေါ့... လုပ်ငန်းတစ်ခုရဲ့သမိုင်းမှာ မှတ်ကျောက်တင်ချင်ရင် အမြဲကြည့်ကောင်းရမယ်... ဇိမ်ခံပစ္စည်းလုပ်တဲ့သူတွေ များလေလေ...ပကာသနတွေနှိုင်းယှဉ်နိုင်စွမ်းတွေပိုရှိလာလေလေပဲ...
ဥပမာ.../ 'ဒီပုံကကြည့်ကောင်းလား...ဒါHarle Priusဆုကိုရခဲ့တဲ့ ကမ္ဘာအကောင်းဆုံးဓာတ်ပုံဆရာမဗီဗီယန် ငါ့အတွက်ရိုက်ပေးထားတာလေ'.../
အဲ့လိုပြောရတာက /'အိုး...မင်းဘာရိုက်နေတာလဲ...ဘယ်သူ့အတွက်ရိုက်ပေးနေတာလဲ...မယ်ရီ...မယ်ရီကဘယ်သူလဲ' .../အခုလိုထက် ပိုကောင်းတာပေါ့...မျက်နှာပိုပွင့်တယ်လေ"( တစ်ခြားသူတွေဖြစ်မဲ့ပုံမျိုးကို ပြောပြတာပါ ရှုပ်သွားလားမသိ 😁)
ဝမ်ဝေ့က ထိုသို့ပြောပြီးသည့်အခါ လှည့်လာပြီးသူ့ကို မျက်စိမှိတ်ပြလိုက်၏။
"ဆိုတော့ လူတွေရဲ့ ပကာသနနဲ့ နှိုင်းယှဉ်နိုင်စွမ်း တွေက ငွေရှာဖို့ တကယ်ကောင်းတဲ့ ကိရိယာတွေပဲ"
ဝမ်မင်ယီ : "ဒါဆို ကျွန်တော် ဒီထောက်ခံချက်တွေကို ယူလိုက်ရမှာပေါ့ ..."
"ယူလိုက်"
ဝမ်ဝေ့က ပြန်လှည့်သွားပြီးဆက်ချက်ပြုတ်နေကာ
"သူတို့မင်းကိုပေးတဲ့ ခေါင်းစဉ်ကို ကြည့်လို့ရတယ်...ကမ္ဘာအနှံ့ရောက်တဲ့ တစ်ခုခုကို ရွေးတာပိုကောင်းတယ်...အဲ့လိုဆို နောက်နောင်ကျ မား မင်းရဲ့ ပရိုမိုးရှင်းကို နိုင်ငံခြားကနေမြင်နိုင်မှာလေ"
"ကျွန်တော်အဲ့လိုဟာကို ရွေးလိုက်ပါ့မယ်...မားသူတို့အတွက် ဓာတ်ပုံရိုက်ပေးမှာလား"
"အင်း"
ဝမ်ဝေ့က ပြုံးလိုက်သည်။
"မားတို့မိသားစုဝင်လေးက အရမ်းချောမှန်း သိသာတယ်လေ... ကမ္ဘာအနှံ့ ပရိုမိုးရှင်းတွေမှာလည်း ချောနေဖို့ လိုတာပေါ့... တခြားဓာတ်ပုံဆရာတွေကို မားမယုံပါဘူး"
"အဲ့တာက မားရဲ့လုပ်ငန်းတန်ဖိုးကို ထိခိုက်စေမှာလား"
"နိုး...ဘာဖြစ်လို့လဲဆိုတော့ နောက်ဆုံးမှာ မားမင်းကိုပဲ ဓာတ်ပုံရိုက်ပေးနေတာကို သူတို့တွေ့သွားလိမ့်မယ်...အဲ့ဒါက မားမင်းအတွက်ပဲ ဝန်ဆောင်မှုပေးနေတာနဲ့အတူတူပဲလေ...ဘယ်ဘရန်းဘယ်မဂ္ဂဇင်းနဲ့မှမဆိုင်ဘူး"
ဝမ်မင်ယီ ယခုတွင်စိတ်သက်ရာရသွားပြီဖြစ်၏။
သူက အနည်းငယ်ပျော်သွားပြီး ခေါင်းငုံ့ကာ ပြုံးလိုက်သည်။ ဝမ်ဝေ့က သူ့ကို မျက်လုံးထောင့်ကနေ တစ်ချက်ဝေ့ကြည့်ရင်း သူမသားလေးက တကယ်ကို ချစ်ဖို့ကောင်းပြီး ချော့ဖို့လွယ်လွန်းသည်ဟုသာ ခံစားလိုက်ရ၏။
ဝမ်မင်ယီရဲ့ကြီးပြင်းမှု ကာလတစ်ခုကို သူမလွတ်သွားခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် သူမ၏ကလေးက အလွန်ကောင်းသည့်သူတစ်ယောက်အဖြစ် အရွယ်ရောက်လာခဲ့သည်။
ဤသည်က သူမအတွက် အလွန်ကျေနပ်စရာဖြစ်သည်ပင်။