အပိုင်း ၈၄
Viewers 12k

နှစ်ရက်အကြာတွင် ချန်လု သည် ခန်းကျယ် ယခင်က အကြံပြုထားသည့် ဇာတ်ကားauditionဆီသို့ ဝမ်မင်ယီအား ခေါ်သွားခဲ့သည်။
ဒီဇာတ်ကားကို "A Day Gone"(ကွယ်ပျောက်သွားသည့်နေ့) ဟု အမည်ပေးထားပြီး စီးပွားဖြစ် ဇာတ်ကားဖြစ်၏။ ခန်းကျယ် သရုပ်ဆောင်ရမည့် အမျိုးသားဇာတ်လိုက်
ဟဲ့မင် သည် ၎င်း၏လုပ်ဖော်ကိုင်ဖက်များနှင့် ဇူလိုင် ၂၅ ရက်နေ့တွင် စကားစမြည်ပြောနေစဉ် လွန်ခဲ့သည့် တစ်ပတ်က ဇူလိုင် ၁၇ ရက်နေ့ရှိမှတ်ညဏ်များ ပျောက်ဆုံးသွားသည်ကို ရုတ်တရက်တွေ့ရှိခဲ့သည်။ သူအသည်းအသန်ပြန်တွေးသော်လည်း ထိုနေ့က အဖြစ်အပျက်များကို သူ မမှတ်မိနိုင်ခဲ့ပေ။ ထိုနေ့တွင်ပင် ဟဲ့မင် အလုပ်အသွားအပြန် ဖြတ်သွားရသည့်ရက်ကွက်အတွင်းတွင် မတော်တဆမှုတစ်ခုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။
ဟဲ့မင်က သူ့လက်ထဲနှင့် သူ့ကွန်ပြူတာထဲတွင် သူဘာသူ ရေးထားသော ထူးဆန်းသည့်အချက်အလက်အများအပြားကို တွေ့လိုက်ရ၏။ သူ ထိုအချက်အလက်များကို စုံစမ်းခဲ့ရာ မတော်တဆ သေဆုံးသွားသော အမျိုးသား၏ သေဆုံးမှုနှင့် ဆက်စပ်နေနိုင်သည်ကို တွေ့ရှိသဖြင့် အံ့အားသင့်သွားခဲ့သည်။
ဟဲ့မင်သည် သူ့နှလုံးသားထဲတွင် ပြင်းထန်စွာ ရုန်းကန်နေရသည်။ သူ့ကိုယ်သူ သံသယဝင်ကာ သူ၏အသိစိတ်ကို ဆန်းစစ် ပြီးနောက် စုံစမ်းစစ်ဆေးမှုကို ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့၏။ နောက်ဆုံးတွင် သူသည် တစ်လွှာပြီးတစ်လွှာဖော်ထုတ်ရင်း အမှန်တရားကို ရှာတွေ့သွားတော့သည်။
ဤဇာတ်ညွှန်းက အတော်လေး ကောင်းလှသည်။ အစတွင် သည်းထိတ်ရင်ဖိုစရာကောင်းပြီး
စွဲမက်ဖွယ်ဖြစ်၏။ အလယ်မှ စုံစမ်းစစ်ဆေးမှုများသည် ပို၍ပင် ရောထွေးယှက်နွယ်နေကာ အကြိမ်များစွာ နောက်ကြောင်းပြန်ရောက်
သွားသည်။နောက်ဆုံးတွင် အမှန်တရားက ထင်ရှားလာပြီး နောက်ကြောင်းထပ်ပြန်ကာ ဇာတ်လမ်း၏အထွတ်အထိပ်သို့ရောက်ချိန်တွင် လိမ္မာပါးနပ်စွာဖြင့် အဆုံးသတ်သွားခဲ့၏။
ခန်းကျယ်၏ပြောပြချက်ကို နားထောင်ပြီးနောက် ဝမ်မင်ယီသည် ထိုဇာတ်ညွှန်းကို အလွန်စိတ်ဝင်စားခဲ့သည်။ ထိုကြောင့် ဇာတ်ရုပ်တစ်ခုမှာ ပါဝင်သရုပ်ဆောင်ရမည့်အတွက်လည်း အရမ်းပင်ပျော်ရွှင်နေလေ၏။
သူလူရွေးပွဲဝင်ဖြေမည့် ဇာတ်ကောင် သည် ဇာတ်ကားထဲတွင် နံပါတ်သုံး အမျိုးသားဇာတ်ဆောင် ဖြစ်သည်။ ဇာတ်ကွက်တွေ အများကြီးမရှိသော်လည်း နည်းလည်းမနည်းလှပေ။
ချင်ခယ့် သည် ကွယ်လွန်သူ၏ညီဖြစ်သည်။ တက္ကသိုလ်တက်ရန်အတွက် ဒီမြို့ကိုလာခြင်းဖြစ်ပြီး ကားပေါ်ကဆင်းကာ သူ့အစ်ကိုဆီ အပြေးသွားခဲ့သော်လည်း အစ်ကိုဖြစ်သူ သေဆုံးသွားကြောင်းကိုသာ တွေ့လိုက်ရ၏။ သူ့အစ်ကို မတော်တဆမှုတစ်ခုနဲ့ သေဆုံးသွားတယ်ဟု လူတိုင်းက ပြောကြပေမဲ့ သူကတော့ထိုသို့ မထင်ပေ။
အစ်ကိုဖြစ်သူ ကျန်ရစ်ခဲ့သည် အကြွင်းအကျန် များကို သေသေချာချာစစ်ဆေးပြီး သဲလွန်စတွေရှာရင်းဖြင့် အလားတူ ဒီကိစ္စကို စုံစမ်းစစ်ဆေးနေသည့် ဟဲ့မင်နှင့် တွေ့ဆုံခဲ့သည်။ ချင်ခယ့် က ဟဲ့မင်ကို သံသယရှိနေပြီး ဟဲ့မင်က သူ့ကိုယ်သူ သံသယရှိနေသော်လည်း ဟဲ့မင်က သူကိုယ်သူ သံသယရှိနေသည့်အကြောင်း ချင်ခယ့်အား အသိမပေးဝံ့ခဲ့သလို ချင်ခယ့်ကလည်း သူ, သူ့ကိုသံသယရှိနေသည့်အကြောင်း ဟဲ့မင်အား အသိမပေးဝံ့ပေ။ နှစ်ယောက်သား မျက်နှာပေါ်တွင် ပြုံးနေကြသော်လည်း တစ်ယောက်ကို တစ်ယောက် သတိထားကာ စောင့်ကြည့်နေကြသည်။
ထိုသို့သော ကြိုတင်ကာကွယ်မှုဖြင့် ချင်ခယ့်သည် အသေးစိတ်အချက်များမှတစ်ဆင့် ဟဲ့မင် အပေါ် ရှိသံသယစိတ်များ တဖြေးဖြေးလျော့ပါးလာခဲ့သည်။ သူသည် ကိစ္စအားလုံးကို ပြန်လည်စုစည်းပြီးနောက် သူ၏သံသယမျက်လုံးများကို ဟဲ့မင်၏ပတ်၀န်းကျင်ရှိလူများပေါ်သို့ပြောင်းထားလိုက်၏။
ဤဇာတ်ရုပ်သည် ဝမ်မင်ယီယခင်က သရုပ်ဆောင်ခဲ့သည့် ယွဲ့ချီနှင့်ဝမ်ချမ်ထက် ပို၍စိန်ခေါ်မှုဖြစ်ရာကျမည်မှာ သေချာလေသည်။ သူကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့ပါလျှင် သူ့ရဲ့သရုပ်ဆောင်အလုပ်က နောက်တစ်ဆင့်တက်ဖို့ကား မလွဲမသွေဖြစ်သည်ပင်။ ထို့ကြောင့် ဝမ်မင်ယီ သည် audition မတိုင်မီ အနည်းငယ် စိတ်လှုပ်ရှားနေသေးသော်လည်း ကံကောင်းထောက်မစွာဖြင့် သူသည် ယုတ္တိရှိရှိတွေးခေါ်ခြင်း နှင့် ရာဇ၀တ်မှုဖြေရှင်းခြင်းဆိုင်ရာ စာအုပ်များနှင့် ရုပ်ရှင်များကို ဖတ်လေ့၊ကြည့်လေ့ရှိပြီး ဒီလိုဇာတ်လမ်းမျိူးကို မည်သို့မည်ပုံသရုပ်ဆောင်ရမည်ကို တွေးတောကာ အိမ်၌ ကြိုတင်လေ့ကျင့်မှုများပင် ပြုလုပ်လေ့ရှိသဖြင့် အရမ်းကြီးခက်ခဲမနေခဲ့။
ဝမ်မင်ယီသည် ဘယ်တုန်းကမျှ စင်ကြောက်သည့် သူတစ်ယောက်မဟုတ်ခဲ့ပေ။ ဖိအားများလေလေ သူ့အတွက် ကောင်းကောင်းစွမ်းဆောင်နိုင်ဖို့ရာ ပိုလွယ်ကူလေလေဖြစ်သည်။ဤ လူရွေးပွဲသည်လည်း ခြွင်းချက်ဟုတ်မနေခဲ့။ သူက အလွန်ပင် တည်တည်ငြိမ်ငြိမ်သရုပ်ဆောင်ခဲ့ပြီး ဒါရိုက်တာက ကြည့်ကာ ကျေနပ်သွား၏။ ထို့အပြင် ခန်းကျဲ ကလည်း သူ့ကို ထောက်ခံပေး ခဲ့သည်။ ချက်ချင်းလက်ငင်း စကားဖြင့်ထုတ်မပြောခဲ့သော်လည်း သူဟု အခြေခံအားဖြင့် ဆုံးဖြတ်လိုက်ပြီဖြစ်၏။
ဝမ်မင်ယီ ထိုမှထွက်လာပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် နာနီကားပေါ်သို့တက်ကာ ခန်းကျဲ ထံ WeChat မက်ဆေ့ခ်ျတစ်စောင် ပေးပို့ခဲ့ပြီး သူ၏ audition ပြီးသွားပြီဖြစ်ကာ သူ့ရဲ့သရုပ်ဆောင်မှု
မှာလည်း မဆိုးလှသောကြောင့် သူတို့နှစ်ဦး တစ်လအတွင်း ရိုက်ကူးရေးအဖွဲ့တွင် ဆုံရနိုင်ကြောင်း ပြောလိုက်သည်။
ခန်းကျယ်က အလုပ်ရှုပ်နေပုံရပြီး သူ့ကို ချက်ချင်းစာပြန်မလာချေ ။ ဝမ်မင်ယီက စစ်ကျွင်းတောက် ကိုလည်း သတင်းကောင်းပါးလိုက်၏။
"ဂုဏ်ယူပါတယ်"ဟု စစ်ကျွင်းတောက်က စာပြန်လာသည်။
"မင်း ဆုလာဘ်တစ်ခုခုလိုချင်လား"
ဝမ်မင်ယီ ခဏလောက်စဉ်းစားပြီး "ဘာပဲဖြစ်ဖြစ် အဆင်ပြေရဲ့လား"
"အင်းပေါ့ "
"ဒါဆို ကောဒီည ကျွန်တော့်အိမ်ကိုလာပြီး ကျွန်တော်နဲ့အိပ်ရမယ်!"
စစ်ကျွင်းတောက် : ...
စစ်ကျွင်းတောက်က တည်ငြိမ်စွာပင် စာပြန်လိုက်၏။
"ဒါကမဖြစ်နိုင်ဘူး"
"ဘာလို့?"
"မင်းအမေရှိနေတုန်းပဲလေ...ကောတို့က ကလေးမဟုတ်တော့ဘူး... ဒီအရွယ်ကျမှ ငါက
မင်းအိမ်ကို ပြေးလာပြီး မင်းအခန်းထဲမှာ အိပ်ချင်တယ်လို့ ပြောရမယ်ပေါ့...သူ(ဝမ်ဝေ့) တစ်ခုမှ မမြင်သွားမှာကို မင်းစိုးရိမ်နေတာလား"
ဝမ်မင်ယီ ခဏလောက်စဉ်းစားပြီး သူ(စစ်) ကတကယ်သတိကြီးလွန်းသည်ဟု ခံစားလိုက်ရ၏။ဒါလေးနဲ့တော့ ဘာမှမသိသာနိုင်ဟုသူထင်လေသည်။ တကယ်တမ်းတွင် သူနှင့်စစ်ကျွင်းတောက်တို့သည် ငယ်စဉ်ကတည်းကပင် အလွန်ရင်းနှီးခဲ့ကြသည်ဖြစ်၏။သို့သော်လည်း စစ်ကျွင်းတောက်က ထိုသို့ ပြောလာမှတော့ သူ့အနေဖြင့် "အိုခေ"ဟုသာ ပြောနိုင်လေတော့သည်။
"ညစာစားဖို့ ဖိတ်လိုက်မယ်"
စစ်ကျွင်းတောက်က ပြောလာ၏။
"ဒါက ဆုလာဘ်မဟုတ်ဘူး...မင်းရုပ်ရှင်ကား တစ်ကားရိုက်တော့မှာမို့ လုပ်တဲ့ အထိမ်းအမှတ်ပွဲတစ်ခုတင်ပဲ...ဆုလာဘ်အကြောင်းကို ဖြည်းဖြည်းချင်း စဉ်းစားလို့ရတယ်"
"ရတယ်လေ"
ဝမ်မင်ယီက ပြန်ဖြေလိုက်သည်။
"ဒါဆို ကျွန်တော့်ကို စောင့်နေ"
"ကောင်းပြီ"
ဝမ်မင်ယီ ဖုန်းချလိုက်ပြီးနောက် ချန်လုက သူ့ကို နူးညံ့စွာ ကြည့်နေသည်ကို တွေ့လိုက်ရ၏။
ဝမ်မင်ယီ ပဟေဠိဖြစ်သွားကာ
"ဘာလို့ ကျွန်တော့်ကို ဒီလိုကြီး ကြည့်နေတာလဲ"
ချန်လုက သူမအတွေးလွန်နေတာပဲဖြစ်မည် ခံစားရသောကြောင့် ခေါင်းကိုသာခါပြလိုက်သည်။ "မဟုတ်ပါဘူး...ဘာမှမဟုတ်ဘူး"
ဝမ်မင်ယီလည်း ဘာမှသိပ်တွေးမနေတော့ပေ။ ထိုအခိုက်တွင် ခန်းကျယ်ထံမှ စာပြန်လာသဖြင့် ခန်းကျဲကိုစာပြန်ရာ၌ အလုပ်ရှုပ်နေပြီး ယခုအချိန်တွင် သူ၏အေးဂျင့် ဘယ်လောက်ရှုပ်ထွေးပြီး သံသယဝင်နေမှန်းသူမသိပေ။
သူနှင့် ချန်လုတို့သည် တစ်နာရီကျော်ကြာ လေယာဉ်စီးပြီး အမြန်ပြန်လာခဲ့သည်။ စစ်ကျွင်းတောက်က သူ့ကို လာကြိုခဲ့ပြီး ဝမ်မင်ယီသည် သူ့ကားထဲကို ဝင်လိုက်ကာ သူ့ရဲ့ Audition လုပ်ငန်းစဉ်အကြောင်းကို စိတ်လှုပ်ရှားစွာ ပြောပြနေလေ၏။
"တကယ်တော့ ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေပေမဲ့ ...ကျွန်တော်ထုတ်မပြတော့ သူတို့က မမြင်ကြဘူး"
"ဒါဆို မင်းအရမ်းတော်တာတာပေါ့"
ဝမ်မင်ယီက ပြုံးလိုက်ကာ
"ဒါပေါ့ "
နှစ်ယောက်သား အပြင်မှာညစာအတူစားပြီးနောက် ပြန်ခဲ့လိုက်ကြသည်။ ဝမ်မင်ယီက ကားပေါ်ကမဆင်းခင် သူ့ကို တမင်တကာ မေးလိုက်၏။
"တကယ်ကို ကျွန်တော်နဲ့အတူတူ အိမ်ကိုမသွားဘူးပေါ့"
"မသွားဘူး "
စစ်ကျွင်းတောက် ဤသွေးဆောင်မှုကို ခံနိုင်ရည်ရှိသည်မှာ ထင်ထင်ရှားရှားပင် ။
ဝမ်မင်ယီ ပါးလေးဖောင်းကာ သူ့ကို ကြည့်လိုက်၏။ စစ်ကျွင်းတောက်က သူ့မျက်နှာကို ဖိညှစ်လိုက်ပြီး သူ့ကိုပြောလာသည်။
"ကားပေါ်က ဆင်းချိန်ရောက်ပြီ"
သူကားတံခါးဖွင့်ခါနီးမှာ ဝမ်မင်ယီက သူ့ကို ဆွဲထားလိုက်ပြီး ပြောလိုက်၏။
"ကျွန်တော့်ရဲ့ ဆုလာဘ်ကို စဉ်းစားပြီးပြီ"
"ကျွန်တော်က အရမ်းတော်တယ်... ကောကျွန်တော့်ကို နမ်းပြီး ချီးမွမ်းပေးလို့ရမလား"
စစ်ကျွင်းတောက် ခေါင်းလှည့်ပြီး ကြည့်လိုက်ရာတွင် ဝမ်မင်ယီက သူ့ကို မျက်လုံးလေးများ ကွေးညွတ်ကာ ကြည့်နေသည်ကိုတွေ့လိုက်ရသည်။ ထိုအမျိူးသားလေးသည် အူလည်လည်လေးပြုံးပြနေလေ၏။မှေးမှိန်သော ကားမီးရောင်အောက်တွင် အရောင်တောက်တောက် ပန်းချီဆရာတစ်ဦး၏ ဆီဆေးပန်းချီကားကဲ့သို့မပြတ်မသား ဝိုးတဝါး ပေါ်နေခဲ့သည်။ စစ်ကျွင်းတောက် သူ့ကိုကြည့်လိုက်ချိန်တွင် သူသည် သူ့အားကိုင်ထားရင်း ခဏမျှ ငြိမ်သက်သွားသလို ခံစားလိုက်ရ၏။
ဝမ်မင်ယီက သူ့အနားကိုတိုးကပ်လာပြီး ချိုသာနှုးညံ့သည့်အသံဖြင့် ဖွဖွလေးမေးလာသည်။
"ဒီဆုက အိုခေ ရဲ့လား"
အင်း... အိုခေတာပေါ့ဟု စစ်ကျွင်းတောက်
သူ့စိတ်ထဲတွင် ပြန်ဖြေ လိုက်၏။ သူသည် ဝမ်မင်ယီ၏လည်ပင်းကို လှမ်းဆွဲကာ ထိုလူငယ်လေးအား ငုံ့နမ်းလိုက်ပြီး "ဒါက ဆုလာဘ်မဟုတ်ဘူး....ဒါ မင်းရထိုက်တဲ့ အခွင့်အရေးပဲ"ဟု ပြန်ဖြေလိုက်သည်။
ထို့နောက် ဝမ်မင်ယီကိုကြည့်ကာ မျက်ခုံးတန်းလေးများကို နမ်းလိုက်ပြီး ချီးမွမ်းပေးလေ၏။
"မင်မင်က တကယ်ကို စွမ်းအားကြီးတာပဲ...
နောင်ကျရင် အရမ်းမိုက်တဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်လာတော့မှာ"
ဝမ်မင်ယီ၏နှလုံးသားသည် ချက်ချင်းပင် ပျော့ပျောင်းသွားကာ မျက်လုံးလေးများ တောက်ပလာခဲ့သည်။
"အနာဂတ်မှာ ကျွန်တော်က အရမ်းတော်တဲ့ မင်းသားဖြစ်လာမယ်လို့ ကောထင်တာလား"
"ဟုတ်တာပေါ့"
ဝမ်မင်ယီသည် မသိစိတ်တွင် အနည်းငယ်ရှက်သွားပြီး "ကျွန်တော်လည်း အဲ့လိုခံစားရတယ်" ဟုပွင့်ပွင့်လင်းလင်းပြောပြ လိုက်၏။
စစ်ကျွင်းတောက်က ပြုံးကာ သူ့ဆံပင်လေးတွေကို ပွတ်သပ်ပေးလာသည်။
"ဒါဆို ကျွန်တော့်ဆုကို မသုံးရသေးဘူး...ဟုတ်တယ်နော် "
စစ်ကျွင်းတောက်က ခေါင်းညိတ်ပြလေ၏။
"အနာဂါတ်မှာ သုံးဖို့သိမ်းထား...မင်းရဲ့ဆန္ဒတွေပြည့်ဖို့အတွက်"
ဝမ်မင်ယီသည် သူကအရမ်းသဘောကောင်းသည်ဟု ခံစားရပြီး သူ့အားပျော်ရွှင်စွာ ပွေ့ဖက်လိုက်ကာ သူ၏နားရွက်များကို ပွတ်သပ်နေလေသည်။
ကားပေါ်မှ မဆင်းမီ အချိန်အတော်ကြာအောင် နှစ်ယောက်သား မခွဲနိုင်မခွာရက်ဖြင့် ပွတ်သပ်ပူးကပ်နေခဲ့ကြသည်။
(T/N-ပူးကပ်တာက ဖက်ထားလို့ပါ၊ပွတ်သပ်တာက နားရွက်ကိုပါ XD)
ဝမ်မင်ယီသည် သူ့အိမ်တံခါးဝတွင် ရပ်ကာ စစ်ကျွင်းတောက်ကို နှုတ်ဆက်လိုက်သည်။ သူ့အိမ်နှင့် စစ်ကျွင်းတောက်၏အိမ်သည် အလှမ်းဝေးနေသေးသည်ဟု ပထမဆုံးအကြိမ်အဖြစ် သူခံစားလိုက်ရ၏။ ခြေလှမ်းအတော်များများလှမ်းနေရတယ် ဟူး!ဒါကြီးက သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို ခွဲနေတာပဲ!
သူထိုသို့တွေးလိုက်ကာ သူ့စိတ်ကူးက အတော်လေးရယ်စရာကောင်းသည်ဟုတွေးမိသဖြင့် ထပ်ရယ်လိုက်ရင်း တံခါးဖွင့်ကာ အိမ်ထဲကို ဝင်လိုက်သည်။
သူဒီနေ့ audition သွားမည့်အကြောင်းကို ဝမ်ဝေ့ သိလေသည်။ ယခုထိုသို့ ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြန်လာသည်ကို မြင်လိုက်ရာတွင် သူauditionအောင်ခဲ့တာဖြစ်မယ်ဟု မှန်းဆလိုက်၏။
"Audition အောင်ခဲ့တာလား?"
"ဟုတ်တယ်"
ဝမ်မင်ယီ သူမဘေးတွင် ဝင်ထိုင်လိုက်သည်။
ဝမ်ဝေ့က သူ့ကိုချီူးကျူးလိုက်ကာ တစ်ခုခုကို တွေးမိသွားပြီး
"ပြောရမယ်ဆိုရင် မင်းအဖေက ဒီနှစ်ထဲမှာ ဇာတ်ကားတစ်ကား ရိုက်ဖို့ရှိပုံရတယ်...အဲ့အချိန်ကျရင် မင်း ဇာတ်လိုက် ဒါမှမဟုတ် ဇာတ်ပို့အဖြစ် ဝင်ရိုက်လို့ရတယ်"
ဝမ်မင်ယီက လှောင်ပြောင်လိုက်၏။
"အဖေ ...ကျွန်တော့်မှာ အဖေရှိသေးလို့လား"
ဝမ်ဝေ့ သူမကိုပါစောင်းပြောခံရသလို ခံစားလိုက်ရ၏။ သူမ အပြစ်ရှိသလိုခံစားမိပြီး ဝမ်မင်ယီကို ဖြောင့်ဖြလိုက်လေသည်။
"ဒါဆိုရင် သူ့ကို လျော်ကြေးပေးခွင့်လေးတော့ပြုလိုက်ပါ"
ဝမ်မင်ယီက အေးစက်စွာပြောလိုက်၏။ "မလိုပါဘူး"
"အိုး... လူတိုင်းရိုက်ကူးနေတာမဟုတ်ဘူးလေ... မင်းက အခုမင်းသားဖြစ်လာတော့ သူ့ဇာတ်ကားတွေကို ဝင်ရိုက်လို့ရတယ်...တွေးကြည့်...
သူ့ဇာတ်ကားတွေကိုရိုက်ရင် မင်းမှာ ပိုက်ဆံလည်းရလာမယ်... သူ့ကိုအပြစ်ရှာပြီး ပညာပေးလို့လည်းရတယ်...ဇာတ်ကားတစ်ကားရိုက်ပြီးရင် မင်းမှာ ကျော်ကြားမှုရော ချမ်းသာမှုရော နှစ်ခုလုံးရှိလာမှာ....အဲ့အခါကျ သူ့ကိုယ်သူ ရှက်မိသွားလိမ့်မယ်...မင်းအတွက်အရှုံးမရှိဘူးမလား"
ဝမ်မင်ယီ တွေးမိသွား၏။ အဲ့တာက အဟုတ်ပဲဟ!
ဒါတင်မကဘူး ၊ကျန့် ဖုန်းနဲ့ သူ့ကို သဘောမကျတဲ့ တခြားလူတွေကိုလည်း ဒေါသ ထွက်သွားစေနိုင်တယ်! တကယ်ကျတော့ ကြိုးစားလို့ရတဲ့လူတွေ အများကြီးရှိတာပဲ။
"ပြီးရင် အဲ့အကြောင်းပြောကြတာပေါ့"
"ဒါဆို မားသူ့ကို မင်းအတွက်ကူမေးပေးမယ်"
"မရဘူး..."
ဝမ်မင်ယီက ရပ်လိုက်ကာဆက်ပြော၏။
" ကျွန်တော် ဖျော်ဖြေရေးလောကထဲရောက်နေတာကို သူ့ကိုမပြောပါဘူးဆိုပြီးတော့...မားကျွန်တော့်ကို အရင်က ကတိပေးခဲ့တယ်လေ...အဲ့အချိန်ကျ ကျွန်တော်သူ့ကို သေအောင်ကြောက်နေမှာ...မားကသူ့ကို သူကျွန်တော့်ကို မြင်ရတာရှက်နေလား ဆိုပြီးမေးချင်နေတာလား...နောင်ရတယ်... အပြစ်ရှိတယ် ဟုတ်လား... အဲ့အပြစ်ရှိစိတ်က အသုံးမဝင်ဘူး!"
ဝမ်ဝေ့ သက်ပြင်းချလိုက်ပြီး ဒါရိုက်တာကျောက်အတွက် တိတ်တိတ်လေး ဆုတောင်းပေးရုံသာရှိပြီး သူ့သားက ဖျော်ဖြေရေး အသိုင်းအဝိုင်းထဲကို စောစော ဝင်လာပြီး သူ့ကို အမြန်ဆက်သွယ်စေ ဖို့သာလျှင် မျှော်လင့်နေရတော့သည်။
သို့သော်လည်း နိုင်ငံခြားတွင် ရုပ်ရှင်များ ရိုက်ကူးနေသည့် ဒါရိုက်တာကျောက်သည် သူမ၏ ဆုတောင်းသံများကို သိသာစွာပင် မကြားရဘဲ ရှိကာ ဇာတ်ညွှန်းရေးဆရာနှင့် အဓိက ဇာတ်ညွှန်းကို ဆွေးနွေးနေဆဲဖြစ်လေ၏။
မတ်လ 3 ရက်နေ့တွင် ဝမ်ဝေ့သည် ဝမ်မင်ယီ နှင့် အတူစားသောက်ပြီးနောက် သူ့ကို ပွေ့ဖက်ကာ ခရီးဆောင်အိတ်များကို ထုပ်ပိုးလျက် ထွက်ခွာသွားတော့သည်။
စစ်ကျွင်းတောက် နှင့် ဝမ်မင်ယီ တို့က သူမကို လေဆိပ်သို့ အတူတူ လိုက်ပို့ပေးခဲ့ကြသည်။ ဝမ်မင်ယီက ကားပေါ်မှမဆင်းဘဲ ဝမ်ဝေ့ ကို ကားထဲမှ နှုတ်ဆက်လိုက်၏။ ဝမ်ဝေ့က သူ့ကို လက်ဝှေ့ယမ်းပြပြီး လေဆိပ်ထဲကို ဝင်သွားလေသည်။
စစ်ကျွင်းတောက် လေဆိပ်ဝင်ပေါက်ကို စိုက်ကြည့်နေသည့် ဝမ်မင်ယီကိုကြည့်နေပြီးမှ လက်ဆန့်၍ ခေါင်းလေးကို ပွတ်ပေးလိုက်ကာ "အိမ်ပြန်ကြမယ် "ဟုပြောလိုက်၏။
ဝမ်မင်ယီ က ခေါင်းညိတ်လိုက်ပြီး သူ့ကို မျက်လုံးပင့်ကာ ကြည့်လိုက်သည်။ ရုတ်တရက် တစ်ခုခုကို သတိထားမိသွားပြီး "မား ထွက်သွားပြီ" ဟုပြောလာ၏။
"အဲ့တော့?"
စစ်ကျွင်းတောက် သူ့ကိုမေးလိုက်သည်။
ဝမ်မင်ယီက ပြုံးကာ ဆိုလာ၏။
"ဆိုတော့ကား... ဒီည ကောနားကိုလာခဲ့မယ်"
ဝမ်ဝေ့ နှင့် ပြန်လည်သင့်မြတ်ပြီးနောက်တွင် သူသည် ဤရက်ပိုင်း အိမ်တွင်ပဲနေခဲ့ရပြီး စစ်ကျွင်းတောက်နှင့် ရက်အတော်ကြာအောင် အတူမအိပ်ခဲ့ရပေ။
"ကျွန်တော် ဒီည ကောနဲ့အတူအိပ်မှာ!"
စစ်ကျွင်းတောက် : ...! ! !
"တောင်က မလာရင် ကျွန်တော် တောင်ဆီသွားမယ်...ကော ကျွန်တော့်အခန်းကို မလာချင်ရင် ကျွန်တော်ကောအခန်းကို သွားရလိမ့်မယ်"
စစ်ကျွင်းတောက် : ...
စစ်ကျွင်းတောက် သူ့ကိုယ်သူ ရှက်ဖွယ်လိလိတွေ့ရှိခဲ့သည်မှာ သူထိုဟာကိုစောင့်မျှော်နေမိခြင်းပင်!
သေချာသည်ကတော့ သူက သူထင်သလောက် မရိုးသားခဲ့ဘူးဖြစ်တန်ရာ၏။
ဝမ်မင်ယီက သူ့အနားကိုတိုးကပ်၍ မှီလိုက်ပြီး ကျေနပ်စွာ ပြုံးကာ
"အချိန်ကျလာရင် ...ကော သန့်ရှင်းရေးလုပ်ထားရမယ်...ပြီးရင် ကျွန်တော့်ကို စောင့်နေ~"
စစ်ကျွင်းတောက် : ...
စစ်ကျွင်းတောက် နောက်ဆုံးမှာ ပါးစပ်ဖွင့်ကာ သူ့ကိုဆုံးမလိုက်ရ၏။
"ကောင်းကောင်းထိုင်ပြီး စကားကိုကောင်းကောင်းပြော"
ထိုညတွင် ဝမ်မင်ယီသည် စစ်အိမ်တော် ရှိ သူ၏အိပ်ခန်းသို့ တဖန် ပြန်ရောက်လာခဲ့သည်။ အဝတ်အစားလဲ၊ ရေချိုးပြီး စစ်ကျွင်းတောက်၏ အိပ်ခန်းဆီသို့ အပြေးသွားလိုက်၏။ သူရောက်တာ စောလွန်းသွားလေသည်။ စစ်ကျွင်းတောက် ရေချိုးနေတုန်း ဝမ်မင်ရီက ကုတင်ပေါ်ထိုင်ပြီး သူ့ကိုစောင့်နေလိုက်၏။
စောင့်ရင်းစောင့်ရင်း သူရုတ်တရက် တစ်ခုခုကို တွေးမိပြီး ရေချိုးခန်းတံခါးကို သွားခေါက်ကာ မေးလိုက်သည်။
" ကော...ကျွန်တော့်ကို ကောရဲ့နောက်ကျောကို တိုက်ပေးစေချင်လား"
စစ်ကျွင်းတောက် သူ့အသံကြောင့် လန့်မသွားခဲ့ပေ။
"မလိုဘူး "
"ကောရဲ့ အဝတ်အစားတွေယူလာပေးဖို့ ကျွန်တော့်ကိုလိုသေးလား"
စစ်ကျွင်းတောက် : ...
"မလိုဘူး "
"ဘာမွကိုမလိုတာလား"
"မင်းအပြင်မှာစောင့်နေလို့ရတယ်"
ဝမ်မင်ယီက မကျေအေးနိုင်သေးဘဲ ဆက်လက်ကာ မဟားတရားလုပ်နေလေ၏။
"တ,ကော...ကျွန်တော်ဝင်လာပြီနော်"
(T/N-တ,ကော=အကိုကြီး)
စစ်ကျွင်းတောက် : ...
သူစကားရပ်သွားသည်ကိုတွေ့ရာတွင်
ဝမ်မင်ယီက သူ့အား တံခါးဖွင့်၍ ခြောက်လှန့်ကာ တံခါးအမြန်ပြန်ပိတ်ရန်ရည်ရွယ်ပြီး တံခါးလက်ကိုင်ကို တိုက်ရိုက်ပင်လှည့်လိုက်သည်။ဒါပေမဲ့ သူလှည့်တယ်...လှည့်တယ်...လှည့်လို့မရဘူးဟ!
ဝမ်မင်ယီ အံ့သြသွားသည်။ ဒါက ဘယ်လို စစ်ဆင်ရေး မျိုးလဲ...ရေချိုးတာက တံခါးလော့ချထားဖို့ လိုသေးတာလား... ဘယ်သူကိုဟန့်တားဖို့လဲ? သူ့ကိုလား...
ဝမ်မင်ယီ တံခါးကို ထုရိုက်ကာအော်ဟစ်လိုက်၏။
"ဘာလို့ ရေချိုးနေတုန်း တံခါး ပိတ်ထားတာလဲ... ဘယ်သူ့လက်ကနေကာကွယ်ဖို့လဲ...ကျွန်တော့်ကို လား...! ကျွန်တော်က ကောရေချိူးနေတာကို ချောင်းကြည့်မဲ့လူမျိုးလား"
စစ်ကျွင်းတောက် သူစကားတွေကို နားထောင်ပြီး ရယ်လိုက်သည်။
"ဟုတ်တာပေါ့... မင်းကချောင်းမကြည့်ဘူး... ပြောင်ပြောင်တင်းတင်းပဲ ကြည့်တာလေ! "
"ကောက မိန်းကလေးလဲမဟုတ်ဘဲနဲ့ ကျွန်တော့်ကို ကြည့်ခွင့်မပေးဘူး...ကျွန်တော် ငယ်ငယ်တုန်းကလည်း မမြင်ဖူးဘူး"
"ဆိုတော့ မင်း ငယ်ငယ်ကအကြောင်းတွေကို မှတ်မိသေးတယ်ပေါ့ "
ဝမ်မင်ယီက စိတ်တိုတိုဖြင့်ပြောလိုက်၏။
"ကောရဲ့ good night kissတော့ သွားပြီ...ကျွန်တော်ကောကို မနမ်းတော့ဘူး!"
စစ်ကျွင်းတောက်က "အိုး" ဟုသာအေးအေးဆေးဆေး ပြန်ပြောလာသည်။
ဝမ်မင်ယီသည် ဒေါသထွက်လွန်း၍ ရူးလုနီးပါးဖြစ်ကာ တံခါးကို ခေါက်လိုက်ပြီး စူးစူးဝါးဝါးအော်ပြောလိုက်၏။
"ကျွန်တော့်ကို တံခါးဖွင့်ပေး! စစ်ကျွင်းတောက်... ရေတောင်ချိူးနိုင်ရင် တံခါးလည်းဖွင့်ပေးနိုင်ရမယ်!"
စစ်ကျွင်းတောက် ရေချိုးပြီးသည်နှင့် သူ့ကိုယ်ပေါ်ရှိ ရေများကို သုတ်လိုက်ပြီး ညဝတ်အကျီကို ၀တ်ကာ တံခါးဆီသို့ လျှောက်သွားလိုက်သည်။ ဝမ်မင်ယီ တံခါးကို ထပ်ပြီး ခေါက်လိုက်ချိန်တွင်
သူက တံခါးကို ဆတ်ခနဲ ဖွင့်လိုက်၏။ ဝမ်မင်ယီ ဟန်ချက်မထိန်းနိုင်ဘဲ သူ့ရင်ခွင်ထဲသို့ လဲကျလုနီးပါးဖြစ်သွားလေသည်။
စစ်ကျွင်းတောက်က ရယ်ပြီး ပြောလိုက်၏။
"ဖွင့်လိုက်ပြီ"
"ကောက ရေချိူးပြီးမှဖွင့်တာလေ!"
စစ်ကျွင်းတောက် သူ့ခေါင်းလေးကို ပွတ်လိုက်ပြီး "မင်းရဲ့ ခေါင်းပိစိလေးက တစ်နေကုန် ဘာတွေ တွေးနေတာလဲ...ငါရေချိုးနေတာကို ချောင်းကြည့်ချင်နေရအောင် "
ဝမ်မင်ယီက ယုံကြည်မှုရှိရှိဖြင့်
"ကျွန်တော် ကြည့်လို့မရဘူးလား...ကျွန်တော်ကြည့်လို့မရတာ တစ်ခုခုများရှိနေလို့လား...ဖြစ်နိုင်တာက..... "
သူ့ရဲ့လေသံက ရုတ်တရတ် ပြောင်းသွားပြီး သူ့အကြည့်တွေကလည်း ထိုထိုသော ဦးတည်ချက်တစ်ခုသို့ မသိလိုက်ဘာသာဖြင့် ရောက်သွားလေသည်။
စစ်ကျွင်းတောက် : ...
စစ်ကျွင်းတောက် သူ့တိတိလေးက ကြက်ဥအကာဖြူတွေလို ဖြူစင်တယ်ဟု သူအရင်က ထင်နေခဲ့၏။ ကြက်ဥခေါက်တံဖြင့်ဆိုလျှင် ခရင်မ်ချိုချိုလေးကို ပြုလုပ်နိုင်လောက်မည်ဖြစ် သော်လည်း ယခုတွင်မူ သူ့တိတိလေးသည် ကြက်ဥအနှစ်ကဲ့သို့ ညစ်ညမ်းနေသည်ကိုတွေ့လိုက်ရသည်။သူအား တူတွေနဲ့ ထိုးလိုက်သည်နှင့် သကြားတွေ တိတ်တိတ်လေး ထွက်လာတော့သည်။
(T/N-အောက်နား မီလည်း နားမလည် တစ်မျိူးကြီးပဲ@_@)
"မင်းရဲ့အကြည့်တွေကို ဖယ်လိုက်"
စစ်ကျွင်းတောက် လက်ကို မြှောက်လိုက်ပြီး သူ့နဖူးကို ခေါက်လိုက်၏။
ဝမ်မင်ယီက အကြိမ်အနည်းငယ် ရယ်မောရင်း သူ့မျက်လုံးတွေက နှာပူးထနေဆဲပင်။
"ကော... တကယ်တော့ ဘယ်လိုပဲကြည့်ကြည့်ကျွန်တော်က ယာဉ်မောင်းကောင်းတစ်ယောက် ဖြစ်လောက်မယ်လို့ ကျွန်တော် ထင်တယ်"
စစ်ကျွင်းတောက် : ...
"တကယ်!"
ဝမ်မင်ယီက သူ့ကို မျက်လုံးတစ်ဖက်မှိတ်ပြလာ၏။
စစ်ကျွင်းတောက် မိုးကောင်းကင်ကြီးဘယ်လောက်ကြီးမှန်းမသိသည့် သူ့ရှေ့ကသူကို ကြည့်လိုက်ပြီး
"စိတ်မကောင်းပါဘူး... မင်းရဲ့ ယာဉ်မောင်းလိုင်စင်ကို ရုပ်သိမ်းလိုက်ပြီ"
"ဘာလို့..."
ဝမ်မင်ယီ နားမလည်နိုင်အောင်ဖြစ်သွားသည်။
"ကျွန်တော့် ရဲ့နည်းစနစ်က မကောင်းလို့လား... ကော မကြုံဖူးသေးဘဲနဲ့"
"အတွေ့အကြုံရှိရဲ့လား"
စစ်ကျွင်းတောက်က သူ့ပုခုံးကို ပုတ်ကာ "သေချာစဉ်းစားကြည့်နော်...ကော တို့အတူတူရှိနေတုန်း မင်း ဘယ်တုန်းက ယာဉ်မောင်း ဖြစ်ဖူးလို့လဲ...ကောမင်းကို အရမ်းချစ်တာ...မင်းကို ပင်ပန်းအောင် ဘယ်လုပ်ရက်ပါ့မလဲ...မင်းက ထိုင်နေတာပိုကောင်းလိမ့်မယ်... ကောက မောင်းဖို့တာဝန်ယူမယ်"
ဝမ်မင်ယီ : ...
ဝမ်မင်ယီ သူ့ကောတကယ်ကို စိတ်ရှုပ်စရာကောင်းလွန်းလှသည်ဟု ခံစားနေရ၏။
အသိသာကြီး မတူတဲ့ဟာကို သူက တစ်ခုတည်းဖြစ်သလိုမျိူးပြောနေတယ်။
(T/N–ယာဉ်မောင်းတာချင်း တူပေမဲ့ ယာဉ်ချင်းမတူဘူးပေါ့နော်ဆိုလိုတာကXD)
"ကော ကျွန်တော့်ကို အခွင့်အရေးတစ်ခုပေး... ကျွန်တော့်ရဲ့ တကယ့်နည်းစနစ်ကို ကောကို
ပြမယ်!"
"သွားကြစို့"
စစ်ကျွင်းတောက်က သူ့ဆွဲကာဖက်လိုက်ပြီး "အိပ်တော့... အိပ်မက်တွေထဲမှာ အရာအားလုံးရှိတယ်"
"ကော စဉ်းစားနော်"
"မစဉ်းစားနဲ့"
"ကော ဘာလို့ ဒီလောက် အာဏာရှင်ဆန်နေရတာလဲ"
"ဘာလို့လဲဆိုတော့ ငါကစစ်, ရဲ့ နောက်တက်မဲ့ ဥက္ကဌမို့လို့"
ဝမ်မင်ယီ : ...
စစ်ကျွင်းတောက် သူ့နဖူးကို နမ်းလိုက်ပြီး
"လိမ္မာပါကွာ"
ဝမ်မင်ယီ လုံးဝကို မလိမ္မာချင်ပေ။ မင်းသားနဲ့
ဗိုလ်ချုပ်ရှန့်နင်လို လူမျိူးရှိလို့လား။ယာဉ်မောင်းလည်း အတူတူပဲ! သူ့အသက် ရှင်နေ သရွေ့တော့ သူသေချာပေါက် စစ်ကျွင်းတောက်ဆိုတဲ့ဇိမ်ခံကားကို အောင်အောင်မြင်မြင်နဲ့ တက်စီးနိုင်မဲ့ အချိန်ကိုရှာတွေ့ပြီးတော့ ယာဉ်မောင်းကောင်းတစ်ယောက်ဖြစ်ကိုဖြစ်လာမှာပါ !
ဝမ်မင်ယီသည် ယုံကြည်မှုအပြည့်ရှိနေ၏။
စစ်ကျွင်းတောက်က ပြုံးလိုက်သော်လည်း ဘာမျှပြောမလာခဲ့ပေ။