အပိုင်း ၈၅
Viewers 12k

ဝမ်မယီသည် နောက်တစ်နေ့နံနက်တွင် အတော် စောစောပင် အိပ်ရာထလာသည်။
"Pet Romance" ကလည်း ထုတ်လွှင့်တော့မည် ဖြစ်သည်။ သတင်းစာရှင်းလင်းပွဲကို ယနေ့ကျင်းပရန် စီစဉ်ထားလေ သည်။ နံပါတ် သုံး အမျိုးသားဇာတ်ဆောင်တစ်ယောက်အနေဖြင့် ဝမ်မင်ယီ က ဒီသတင်းစာရှင်းလင်းပွဲကို သဘာဝအလျောက်ပင် တက်ရောက်ရမှာဖြစ်၏။
စိတ်မပါလက်မပါဖြင့် စောင်ထဲမှ ထထိုင်ကာ စောစောထရခြင်းကြောင့် တစ်ကိုယ်လုံး ခါးသီးမှုအပြည့်ဖြစ်နေသည့် ဝမ်မင်ယီအား ကြည့်နေရင်း စစ်ကျွင်းတောက် မသိလိုက်ဘာသာဖြင့် ပြုံးမိသွားသည်။
ဝမ်မင်ယီက သူ့ကို အိပ်ချင်မူးတူးနဲ့ ကြည့်လာပြီး သူကပြုံးပင်ပြုံးနေသေးသည်ကို တွေ့လိုက်ရာတွင် ဒေါသတကြီးဖြင့်
"ပြုံးနေတယ်ပေါ့...ဘာကိုပြုံးနေ...ကျွန်တော်က အရမ်းစိတ်ညစ်နေတာကို ကောက ပြုံးနိုင်သေးတယ်...ကောကအသဲနှလုံးမရှိတဲ့လူ"
"ဟုတ်တယ်... ငါ့မှာ အသဲနှလုံးမရှိဘူး...မင်းပဲရှိတယ်"
စစ်ကျွင်းတောက်က သူ၏စွပ်စွဲချက်ကို ကြည်ကြည်ဖြူ ဖြူပင် လက်ခံလိုက်၏။
ဝမ်မင်ယီသည် သူဤကဲ့သို့စကားမျိူးပြောလာမည်ဟု မမျှော်လင့်ထားခဲ့ပေ။ ခဏကြာသည်အထိ သူ ဘယ်လိုပြန်ဖြေရမှန်း မသိသေးဖြစ်နေ၏။ထို့ကြောင့် သူက တုံးတိတိ ထနှာမှုတ်လိုက်ကာ
"ကော ဒီလိုဆက်လုပ်နေရင် ...မကြာခင် ကျွန်တော့်ကို ဆုံးရှုံးရလိမ့်မယ်"
ထို့နောက် သူသည် စောင်ကိုမကာ အိပ်ရာထဲမှ နှေးကွေးလေးလံစွာ ထွက်လိုက်ပြီး မျက်နှာသွားသစ်တော့သည်။
စစ်ကျွင်းတောက်က သူမျက်လုံးမှိတ်လျက်ပင် သွားတိုက်၊ မျက်လုံးမှိတ်လျက်ပင် မျက်နှာသစ်ပြီး ၎င်းနောက် မျက်လုံမှိတ်လျက်ပင် မျက်နှာကို သုတ်ဖို့ မျက်နှာသုတ်ပဝါကို ရှာနေတာကို ကြည့်နေလေ၏။ သူ့အနေဖြင့် ဝမ်မင်ယီက အတော်လေး စွမ်းအားကြီးသည်ဟုသာ တွေးမိတော့သည်။ အစကနေအဆုံးထိ မျက်စိလုံးလုံးဖွင့်စရာမလိုသည်ပင်။
မျက်နှာသုတ်ပုဝါကို ကောက်ကိုင်ပြီး ဝမ်မင်ယီကို ဆွဲ့လှည့်ကာ သူနှင့်မျက်နှာချင်းဆိုင်စေ၍ မျက်နှာလေးကို သုတ်ပေးလိုက်သည်။ ဝမ်မင်ယီကတော့ မျက်လုံးမှိတ်လျက်သားပင် သူ့အားသုတ်ခွင့်ပေးနေလေ၏။ သူ့ကြည့်ရသည်မှာ အိပ်ပျော်လုနီးနီးဖြစ်နေပုံပင်။
"အရမ်းအိပ်ချင်နေတာလား"
စစ်ကျွင်းတောက် အံ့ဩမိနေလေသည်။
" ပုံမှန်ထက် တစ်နာရီလောက်ပဲ စောတာလေ"
ဝမ်မင်ယီက သူ့ကိုမြင်နိုင်ရန် မျက်လုံးဖွင့်လိုက်ပြီး ထိုမျက်လုံးများတွင်ကား ဝမ်းနည်းမှုများအပြည့်ဖြစ်နေ၏။
"တစ်နာရီဆိုတာလည်း အရမ်းများတယ်လေ ... မိနစ်ခြောက်ဆယ်!"
စစ်ကျွင်းတောက် သူ့မျက်နှာလေးကို ညှစ်လိုက်ပြီး
"မတတ်နိုင်ဘူး...မင်းကို ဘယ်သူက အလုပ်လုပ်ခိုင်းလို့လဲ"
ဝမ်မင်ယီ သူ့ပါးလေး ဖောင်းလိုက်ပြီး သူထက်ပြီးတောင် အထင်မှားခံနေရတယ်ဟု ခံစားလိုက်ရသည်။ အဟုတ်ပဲ၊ လူတွေက ဘာကြောင့် အလုပ်လုပ်ကြတာလဲ? အလုပ်မရှိတဲ့ဘဝကမှ ပျော်စရာကောင်းတဲ့ဘဝပဲ!
စစ်ကျွင်းတောက်က သူ့ပါးဖောင်းဖောင်းလေးကို လက်နဲ့ ထိုးလိုက်လေ၏။ဝမ်မင်ယီ ခေါင်းလှည့်ပြီး ထိုလက်ကိုကိုက်ဖို့ ပါးစပ် ဟလိုက်သော်လည်း မကိုက်ခဲ့ပေ။
စစ်ကျွင်းတောက်က သူ့ခန္ဓာကိုယ်ကို ပြန်လှည့်ပြီး တံခါးအပြင်ကို တွန်းထုတ်လိုက်ကာ
"အိုခေ... အဝတ်အစားလဲရအောင်... ချန်လုက မင်းကို ခဏနေလာခေါ်တော့မှာ"
ဝမ်မင်ယီ အဝတ်အစားများလဲလိုက်ပြီး ကြောင်အမြီးကို ဘောင်းဘီထဲဝှက်ထားကာ ကြောင်နားရွက်ကို ဦးထုပ်ဆောင်း၍ဖုံးလိုက်ပြီးနောက် အောက်ထပ်သို့ဆင်းလာခဲ့သည်။
သူ စစ်ကျွင်းတောက်နှင့် မနက်စာစားနေစဉ် ကျိစစ်ယောင် လှေကားမှဆင်းလာသည်ကို တွေ့လိုက်ရ၏။ ဝမ်မင်ယီ သူ့နားရွက်တွေပေါ်နေမှာ စိုးမိသောကြောင့် မသိစိတ်ဖြင့် ဦးထုပ်ကို ဖိလိုက်သည်။
အိမ်ထဲတွင် ဦးထုပ်ဆောင်းထားတုန်းဖြစ်သည်အား ကျိစစ်ယောင်မြင်လိုက်ချိန်တွင် ခဏလောက်ကြည့်နေပြီးမှ
"အိမ်မှာ ဘာလို့ ဦးထုပ်ဆောင်းထားတာလဲ...ချွတ်လိုက်လေ"
ဝမ်မင်ယီက ဦးထုပ်ကို အလျင်အမြန် လက်နဲ့ကာလိုက်ပြီး ခေါင်းယမ်းကာ ပြောလိုက်၏။
"ချွတ်လို့မရဘူး...ဒါက ဒီနေ့အတွက်စတိုင်ပဲ... ချွတ်လိုက်ရင်...ကျွန်တော့်စတိုင်ပျက်သွားလိမ့်မယ်"
ထိုစကားကိုကြားရာတွင် ကျိစစ်ယောင် သူက တော်တော်လေးပြောရခက်ပါလားဟု တွေးမိသော်လည်း ဆက်ပြောမနေတော့။
ကျိစစ်ယောင် နှင့်အတူ တလန့်လန့်ဖြင့် မနက်စာစားသောက်ပြီးနောက် ချန်လုလည်းရောက်လာပြီဖြစ်သည်။ ဝမ်မင်ယီ ကားထဲသို့ဝင်ကာ နာရီ ကိုကြည့်လိုက်၏-8:10
"ကျွန်တော် ခဏအိပ်လိုက်ဦးမယ်... အချိန်ကျရင် ကျွန်တော့်ကိုနိုးပေးနော် ကျဲ"ဟု ဝမ်မင်ယီက ပြောလိုက်သည်။
"အိုခေ "
ချန်လုက ထိုစကားပြောပြီးနောက် နာနီကားပေါ်က စောင်ကို သူ့ကိုလှမ်းပေးလာ၏။
ဝမ်မင်ယီ တချိူးတည်းအိပ်ပျော်သွားလေသည်။သူ လက်မှနာရီကို ထပ်ကြည့်လိုက်၏။ အချိန်က 9:10 ဖြစ်နေပြီဖြစ်ကာ သူ့နားရွက်တွေ ပျောက်သွားလောက်လေပြီ။
သတင်းစာရှင်းလင်းပွဲကျင်းပရာ ကွင်းပြင်တွင် ဖန်များဖြင့် ပြည့်နေပြီး အဝင်ဝတွင် ဖန်တွေပြင်ဆင်ထားသည့် ပန်းနံရံများနှင့်banner များပါရှိနေသည်။ ဝမ်မင်ယီသည် နာနီကားပေါ်မှ ဆင်းကာ ထွက်လာခဲ့လိုက်သည်။ ဖန်တွေက ချက်ချင်းဆိုသလို အော်ဟစ်လာကြပြီး သူ့နာမည်ကို အော်ခေါ်နေကြ၏။
ဝမ်မင်ယီ သူ့ဖန်တွေကို ပြုံးပြပြီး လက်ပြနှုတ်ဆက်ကာ ဟိုတယ်ထဲကို ဝင်သွားလိုက်သည်။
ယန်ဖေးဖေးလည်း ရောက်ရှိနေပြီးဖြစ်ကာ စင်နောက်တွင် မိတ်ကပ်လိမ်းနေလေ၏။ သူရောက်လာသည်ကိုမြင်ရာတွင် သူမက သူ့အား တမင်တကာ စနောက်လိုက်သည်။
"ရှောင်ဝမ် မင်းက အခုတလော အရမ်းနာမည်ကြီးနေတယ်"
"ယန်ကျဲရဲ့ရှေ့မှာ ဘယ်သူက နာမည်ကြီးပါတယ် လို့ပြောရဲမှာလဲ"
ဝမ်မင်ယီက ပြုံးကာပြော လိုက်၏။
"ဒါဆို ယန်ကျဲကို မင်းနဲ့ ဗီဗီယန်ဘယ်လိုတွေ့ခဲ့လဲဆိုတာ ပြောပြလို့ရမလား"
ယန်ဖေးဖေးသည် အင်တာနက်သုံးစွဲသူများကဲ့သို သိချင်နေခြင်းသာဖြစ်လေသည်။
"ဗီဗီယန် မင်းကို ဘာလို့ ဓာတ်ပုံရိုက်ပေးခဲ့တာလဲ"
ဒီသတင်းစာရှင်းလင်းပွဲတွင် သူ ဗီဗီယန့်နဲ့ပတ်သက်သည့်မေးခွန်းကနေ လွတ်မည်မဟုတ်သည်ကို ဝမ်မင်ယီက သိထားသော်လည်း hostတွေ နဲ့ သတင်းထောက်တွေမမေးခင် ယန်ဖေးဖေးကအရင် မေးလာလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ သူ ခဏလောက်စဉ်းစားပြီး ယန်ဖေးဖေးကိုပြန်ဖြေလိုက်၏။
"ဒါက နည်းနည်းတော့ ပုဂ္ဂိုလ်ရေးဆန်တယ်"
(T/N–host=အစီအစဉ်တင်ဆက်သူ)
"ဒါဆို မင်းတို့အချင်းချင်း တကယ်ကြီးသိကြတာပေါ့..."
ယန်ဖေးဖေး ရှော့ရသွားပြီး
"ရှောင်မင်မင်... မင်းလူတွေ အများကြီးနဲ့သိတာပဲ... မင်းက သေချာပေါက် တစ်ခုခုတော့တစ်ခုခုပဲ"
ဝမ်မင်ယီက ပြုံးလိုက်သည်။
"အိုခေ"
ယန်ဖေးဖေး သူမရှေ့ကလူကို ကြည့်ပြီး ကုမ္ပဏီတစ်ခုတည်းမှာရှိတဲ့ သူမရဲ့ဂျူနီယာအသေးလေးက အတော်လေးကို လျှို့ဝှက်ဆန်းကြယ်တာပဲဟုသာ ခံစားနေရ၏။
နှစ်ယောက်သား စကားစမြည်ပြောကြရင်း တယောက်ပြီး တယောက် ရောက်လာကြသည်။ ရှုကျင်းကျဲ နှင့် ရှန့်ချန်ဇီတို့ သည် ယခုအချိန်တွင် ဝမ်မင်ယီကို ကြည့်ကာ အနည်းငယ်ပိုပြီးကျေးဇူးတင်မိသွားကြသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့သည် အခြေအနေကို ချင့်ချိန်မိကာ အချိန်မီရပ်ခဲ့ကြ၏။ ဝမ်မင်ယီနှင့် အမှန်တကယ် ကြီးကြီးမားမားပဋိပက္ခမရှိခဲ့ကြပေ ။ မဟုတ်ရင် ဒီလူရဲ့နောက်ကွယ်မှာ ဘယ်လိုအကောင်ကြီးကြီးမျိုး ရှိနေမလဲတာ ဘယ်သူသိပါ့လဲ...အခုအချိန်လောက်ဆို သူတို့အဆုံးသတ်ကောင်းမှာမဟုတ်ပေ။
ဤအကြောင်း သူတို့တွေးမိသည့်အခါ ဝမ်မင်ယီအပေါ် ပိုယဉ်ကျေးလာကြသည်။
လူအများအပြားသည် host၏မေးခွန်းများကိုလက်ခံ ဖြေကြားရန်နှင့် "Pet Romance" ကိုpromoteလုပ်ရန် စင်မြင့်ပေါ်သို့ အတူတက်လာခဲ့ကြသည်။
ဝမ်မင်ယီ၏အလှည့်ကို ရောက်သည့်အခါ hostက "နိုင်ငံတကာက နာမည်ကြီး ဓာတ်ပုံဆရာမ ဗီဗီယန်က မင်းရဲ့ အမာခံဖန်လို့ ကျွန်တော် ကြားတယ်"ဟု မေးလာ၏။
အဟုတ်ကိုပဲ၊ ထပ်ပြီး ဗီဗီယန်ပဲ ။ ဝမ်မင်ယီ သူ့စိတ်ထဲတွင် သက်ပြင်းချလိုက်သော်လည်း သူ့မျက်နှာပေါ်တွင် ပြုံး၍သာနေပြီး ပြောလိုက်သည်။
"ဗီဗီယန်က ကျွန်တော့ကို ချစ်တယ်"
"ဒါဆို မင်းနဲ့ပတ်သက်တဲ့ ဘယ်အရာက ဗီဗီယန်ကို အဆွဲဆောင်နိုင်ဆုံးလို့ ထင်လဲ"
ဝမ်မင်ယီ ခဏလောက်စဉ်းစားပြီး အေးအေးဆေးဆေးပြောလိုက်၏။
"အဲ့ဒါက စာတော်လို့ဖြစ်မယ်"
သူဒီလိုပြောပြီးသည်နှင့် hostက ချက်ချင်းပြုံးလာပြီး
"ဒါဆို မင်းက တကယ်ကိုစာတော်လို့ပဲ ကောလိပ်ဝင်ခွင့် စာမေးပွဲမှာ ချန်ပီယံဖြစ်သွားပြီလေ...ဆိုတော့ မင်းရဲ့ သင်ယူမှုအတွေ့အကြုံကို လူတိုင်းကို မျှဝေပေးနိုင်မလား"
အဲ့ဒါကို ဘယ်လိုမျှဝေရမလဲ...ဝမ်မင်ယီသည် ထိုအကြောင်းကို အကြာကြီး အလေးအနက်တွေးပြီးနောက် သင်္ချာနှင့်စာစီစာကုံး ဗဟုသုတ အမှတ်များကို မိနစ် 20 ကြာအောင် အလွန်ရိုးရိုးသားသားဖြင့် ပိုက်စိတ်တိုက်ပြောပြခဲ့သည်။
Hostသည် မူလက သာမန်ကာလျှံကာသာမေးလိုက်ခြင်းဖြစ်ပြီး သူက အရမ်းကို စိတ်ရင်းမှန်လွန်းနေလိမ့်မည်ဟု လုံးဝကို မထင်ထားခဲ့။ သူ့အား သွားနှောက်ယှက်လုဆဲဆဲတွင် ဒါရိုက်တာက သူ့ကို ဒီတိုင်းထားပြီး ဆက်ပြောခွင့်ပေးလိုက်ရန် အချက်ပြလာ၏။
Host :"...."
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ တိုးပွားလာသည့်လူအရေအတွက်ကို ဒါရိုက်တာက ငုံ့ကြည့်နေလေသည်။ ဝမ်မင်ယီ ကောလိပ်ဝင်ခွင့်စာမေးပွဲ သင်ယူမှုအတွေ့အကြုံကို စတင်ပြောဆိုပြီးနောက် ယခင်က တည်ငြိမ်နေခဲ့သော တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ လူအရေအတွက်သည် အကြီးအကျယ်ထိုးတက် လာမည်ဟု မည်သူမျှ မထင်ခဲ့ထားပေ။
ဖန်မဟုတ်သူများ သို့မဟုတ် အရင်ကTVဇာတ်လမ်းတွဲတွေအကြောင်း ဂရုမစိုက်ဖူးသူအများအပြားသည် ယခုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသို့ ဝင်ရောက်လာကြပြီး တစ်ယောက်ပြီးတစ်ယောက် တရစပ်မေးမြန်းနေကြသည်။
(နတ်ဘုရားရေ... ဖြည်းဖြည်း... မင်းအခုလေးတင် ပြောလိုက်တာဘာလဲ... ငါမမှတ်မိလိုက်ဘူး)
(သင်္ချာဖြေပြီးပြီလား... သင်္ချာမသင်ရသေးဘူးလား...ဘယ်သူငါ့ကို သင်္ချာမှတ်စု ပေးနိုင်မလဲ၊ ငါက သင်္ချာမှာအရမ်းဆိုးဝါးတယ် ဟင့်)
(အာ... ငါဒီစမ်းသပ်ဆိုဒ်ကိုသိတယ်၊ ဒီစမ်းသပ်မှုကို သေချာပေါက်လုပ်ရမယ်လို့ ငါတို့ဆရာကပြောတယ်၊ ဒါပေမယ့်ငါမလုပ်တတ်ဘူး။ ပထဝီဝင်ကငါ့အတွက်အရမ်းခက်ခဲတယ်၊ ငါမတွတ်နိုင်ဘူး!")
oFuck!! သူလက်တန်းပြောနေတာလား ဒီဟာတွေကို အခုထိ ဘယ်လိုလုပ်မှတ်မိနေသေးတာလဲ၊
ငါကဂျူနီယာအထက်တန်းကပါ၊
ငါဆို စာအုပ်တွေမဖတ်ဘဲနဲ့တော့ သင်ထားတာတွေကို မမှတ်မိတော့ဘူး၊ သူက ဘယ်လိုဦးနှောက်မျိုးလဲ။)
(ကောလိပ်ဝင်ခွင့် ပထမတွေရဲ့ ဦးနှောက်ဒါမှမဟုတ် သူတို့က ထူးချွန်ကျောင်းသား တွေလို့ ပြောရပေမဲ့ ငါတို့ကတော့ မဟုတ်ဘူး")
(ကျွန်မဖန်တွေကို လှည့်စားလိုက်ရပြီ၊ ဒီလို IQ မြင့်တဲ့သူကို ကျွန်မ တကယ် ခံနိုင်ရည်မရှိဘူး။ ကောလိပ်ဝင်ခွင့် စာမေးပွဲ ချန်ပီယံက အရမ်းချောတယ်၊ ကျွန်မ မရတော့ဘူး !)
(သူက တကယ်ကို ချောတယ်၊ မေးခွန်းတွေအကြောင်းပြောတဲ့အခါ သူက အရမ်းစတိုင်လ်ကျတယ်။ ငါ့ကောကောက တိုက်ရိုက်ထုတ်လွှင့်နေတာလား? ကောလိပ်ဝင်ခွင့်စာမေးပွဲကို ရောက်နေတာလား)
(ကောကောကို အွန်လိုင်းမှာ ဟောပြောပွဲလုပ်ဖို့ တောင်းဆိုပါတယ်၊ ကျေးဇူးပြုပြီး ကလေးကို ကယ်ပါ!)
(ကလေးကိုကယ်ပါ!)
(ကောကောရေ လိုက်ဖ်လွင့်ပြီး စာသင်ဖို့ စဉ်းစားပေးပါနော်၊ အဲ့ဒါက တကယ် အဆင်ပြေတယ်!)
များမကြာမီတွင် တစ်စုံတစ်ယောက်သည် တိုက်ရိုက်ထုတ်လွှင့်မှုကို ဖိုရမ်သို့ တင်လိုက်သည်–"Pet Romance" ကွန်ဖရင့်က အခုဘာလုပ်နေလဲဆိုတာ ခန့်မှန်းကြည့်ရအောင်။ ခင်ဗျားတို့ လုံးဝမှန်းနိုင်မှာမဟုတ်ဘူး!
"(ငါက ဘာလုပ်ရမလဲ? ဇာတ်ကောင်တွေကို မိတ်ဆက်ပေးရမှာလား? TVဇာတ်ကွက်ကို မိတ်ဆက်ပေးရမှာလား? သတင်းစာရှင်းလင်းပွဲလုပ်ပုံက ဒီလိုပဲမဟုတ်ဘူးလား)
(ဒါက တခြား သတင်းစာရှင်းလင်းပွဲတစ်ခု၊ Pet Romance က မတူဘူး၊ ဒီရိုက်ကူးရေးအဖွဲ့က တကယ် မိုက်တယ်!)
(ဟာဟားဟား၊ ငါသိတယ်!!! ဝမ်မင်ယီက လက်တန်းသင်တဲ့ ဆရာကြီးပဲ ၊ 998လည်းမဟုတ်ဘူး၊ 888လည်းမဟုတ်ဘူး Pet Romance စာနယ်ဇင်းရှင်းလင်းပွဲကို မင်းကြည့်နေသရွေ့ ကောလိပ်ဝင်ခွင့်စာမေးပွဲ ချန်ပီယံရဲ့ သင်ယူမှုအတွေ့အကြုံက အိမ်ကိုရောက်လာလိမ့်မယ်!)
(အခုအဲ့တာက လိုက်ဖ်လွှင့်ပြီးစာသင်ပေးဖို့ တောင်းဆိုနေတဲ့ အလိုအလျောက်မျက်နှာပြင်ကြီး ဖြစ်သွားပြီ ဟားဟားဟားဟား၊ ဝမ်မင်ယီ က သူ့ကိုယ်သူ ဒီလို တွေးနေလောက်တယ်–
မေ့ပစ်ဖို့ အချိန်မရှိဘူး၊ ဂွတ်ဘိုင်... သုံးထပ်ကွမ်းငြင်းတယ်)
(ဟားဟားဟားဟား၊ ဒါပေမဲ့ သူက တကယ်ကို ကောင်းကောင်းပြောတတ်ပြီး လုံးဝကိုရှင်းထွက်နေတာပဲ! အချိန်မလောက်တာကြောင့်သာ သူက စကားပြောမြန်တယ်လို့ ထင်ရတာ!)
(သူက ရိုးသားလွန်းနေတယ်မလား၊ hostက ဒီတိုင်းပဲ မေးလိုက်တာကို သူကလူတိုင်းကိုတကယ်ကြီးပြောပြပေးနေတယ်၊ မျှော်လင့်ထားသလိုပဲ တကယ်ကို ငယ်သေးပြီး ဝတ်ကျေတမ်းကျေဆိုတဲ့အကြောင်း လုံးလုံးမသိရှာဘူး)
(ငါ့တိတိလေးက ချစ်ဖို့ကောင်းလိုက်တာ။ငါ သူ့ရဲ့စိတ်နေစိတ်ထား ကို အရမ်းကြိုက်တယ်၊ သူက လေးနက်ပြီး အလုပ်ကြိုးစားတယ်၊ သူနာမည်မကြီးပါဘူးလို့ ဘယ်သူပြောမလဲ)
(သူတကယ်နာမည်ကြီးလာလိမ့်မယ်၊ အုပ်စုတူတဲ့ပြိုင်ပွဲဝင်တွေထဲမှာ သူက လူကြိုက်အများဆုံးဖြစ်နေပြီ ။ ငါ မှတ်မိပါသေး တယ်၊ သူတို့ရှိုးရဲ့ ဒတိယနာမည်က ကျန့်ဖုန်းဆိုတာမလား၊ ဟုတ်တယ်ဟုတ် ။ အခုကျတော့ သူက သိသိသာသာကို ဝမ်မင်ယီရဲ့နောက်မှာကျန်ခဲ့ပြီ)
(ကျန့်ဖုန်းက သူ့နောက်အဝေးကြီးမှာ ဟုတ်လား? ဝမ်မင်ယီက အခုအချိန်မှာ စတားTVဇာတ်လမ်းတွဲ တစ်ခုလည်းရှိတယ် ၊ ပထမအဆင့် မဂ္ဂဇင်းကာဗာတစ်ခုလည်းရှိပြီးတော့ ခန်းကျယ် နဲ့ ဒါရိုက်တာယွီရှန်ဝမ်း တို့နဲ့လည်း တွဲလုပ်ထားသေးတယ်။ ကျန့်ဖုန်းမှာ ဘာတွေရှိလဲ)
(ကျန့်ဖုန်းရဲ့အဖွဲ့က သူ့ကို လိုက်မမီနိုင်ဘူးဆိုတာ သိသာတယ်။ ဝမ်မင်ယီရဲ့ လက်ရှိအဆင့်အတန်းက အသိသာကြီးကို မင်းသားတစ်ယောက် ဖြစ်နေပြီ၊ idol တစ်ယောက်မဟုတ်တော့ဘူး။ပြီးတော့
သူနဲ့ပတ်သက်တဲ့ ပွဲကြီးပွဲကောင်းတွေကလည်း ကောလိပ်ဝင်ခွင့်စာမေးပွဲပထမ မဟုတ်ရင် သဘာဝဘေးကယ်ဆယ်ရေး တို့ ဗီဗီယန်တို့ပဲရှိတာလေ။ အခြေခံအားဖြင့် အပျက်သဘောဆောင်တဲ့ သတင်းမျိုး မရှိဘူး။တကယ်လို့ သူဒီလိုမျိူး ဆက်တိုးတက်နေမယ်ဆိုရင် အနာဂတ်ကျရင် ရေပန်းစားရုံတင်မကဘူး၊အတော်လေးအပြုသဘောဆောင်တဲ့ ကောင်းသတင်းနဲ့ပါနာမည်ကြီးလာဦးမှာ ၊။ဒီနယ်ပယ်ထဲက လူတွေက သူ့နဲ့ပတ်သတ်ပြီး တော်တော်အကောင်းမြင်ကြတယ်၊အခု ငါတို့တွေက သူ့အလုပ်တွေကို အမှီလိုက်ဖို့စောင့်နေပါတယ်နော်)
(T/N-တချို့ကနာမည်ကြီးပေမဲ့ နာမည်ဆိုးရဲ့ကျော်ကြားတာလေ အဲဒါကြောင့် ကောင်းသတင်းနဲ့နာမည်ကြီးလာမယ်လို့ပြောတာပါ)
(အဲ့အကြောင်းကို ပြောရရင် ဝမ်မင်ယီ နဲ့ ခန်းကျယ် နဲ့ ထပ်ပြီး ပူးပေါင်းတော့မယ်ဆိုတဲ့ သတင်းကို တစ်ယောက်ယောက်ကဖွင့်ချခဲ့တယ် မဟုတ်ဘူးလား။ ဒါကသာ အမှန်ဆိုရင်၊ ဒီနယ်ပယ်က သူ့ကို တကယ့်ကို အကောင်းမြင်သင့်တယ်၊ ပြီးတော့ ဇာတ်လမ်းတစ်ခုစီတိုင်းရဲ့ ပုံစံက ကောင်းပါတယ်။)
"l(ကွယ်ပျောက်သွားတဲ့နေ့လား... ဒါက သူ့အတွက် ခန်းကျယ် ရဲ့ ပံ့ပိုးမှုပဲ ဖြစ်လောက်တယ်။ တကယ်တမ်းကျတော့ သူတို့တွေက ငလျင်ဒဏ်ကို အတူတူခံစားခဲ့ကြရတာလေ၊ ခန်းကျယ် က သူ့ကို ကူညီတာက ပုံမှန်ပါပဲ။)
(Fuck! ဝမ်မင်ယီက ထပ်ပြီးhot searchပေါ်ရောက်နေပြန်ပြီ၊ အခုတလော သူhot search ပေါ်ခဏခဏရောက်နေတယ်")
(ဒီတစ်ခါhot searchဖြစ်တာက ပုံမှန်ပါပဲ။ Pet Romance ကို စလွှင့်တော့မှာလေ၊ တိုက်ရိုက် ထုတ်လွှင့်တဲ့အခန်းထဲမှာ ကြည့်ရှုသူ အများကြီးရှိတယ်။ပြီးရင် သူက ကောလိပ်ဝင်ခွင့် ထိပ်တန်း ကျောင်းသား တစ်ယောက်လည်း ဖြစ်သေးတယ်။ သူ ကောလိပ်ဝင်ခွင့် စာမေးပွဲ အတွေ့အကြုံ အကြောင်း ပြောပြတော့ လစ်ဘရယ်ဝိဇ္ဇာကျောင်းသားတွေအကုန်လုံး နားထောင်ချင်ကြတာတော့ မဟုတ်ဘူး။ဒါပေမဲ့ ငါတို့နိုင်ငံမှာ လစ်ဘရယ်ဝိဇ္ဇာကျောင်းသားတွေ အများကြီးရှိတာလေ၊ အဲ့ထဲက တချိူ့တလေလောက်နဲ့တင်ကို သူ့ကိုhot searchပေါ် ပို့လို့ရတယ်")
(သိပ္ပံကျောင်းသားတွေလည်း စပ်စုချင်စိတ်နဲ့ နားထောင်နေကြတာပဲ၊ ဟားဟားဟား။)
ဝမ်မင်ယီ၏ဖန်များသည် ရုတ်တရက်ပေါ်လာသည့် [ဝမ်မင်ယီရဲ့ Pet Romanceစာနယ်ဇင်းရှင်းလင်းပွဲ ]ဆိုသည့်hot search ကိုကြည့်ပြီး ထိုဟာသည် ရိုက်ကူးရေးအဖွဲ့မှဝယ်ထားခြင်းပဲဖြစ်ရမည်ဖြစ်ကြောင်း သူတို့သိကြသည်။ အခုတလောတွင် ဝမ်မင်ယီ နှင့်ပတ်သတ်သည့် hot searchများ အတော်လေးများနေခဲ့သည်။ အင်တာနက်အသုံးပြုသူများ ဝမ်မင်ယီကို အပြစ်တင်ရှုံ့ချနေကြမည်ကို စိုးရိမ်ကာ ကြောက်ကြောက်လန့်လန့်ဖြင့် ဖွင့်ကြည့်ကြသော်လည်း သူတို့စိုးရိမ်နေသည့်မြင်ကွင်းမှာ ပေါ်မလာပေ။ ဒါတင်မကဘဲ Weibo တခွင်တွင်ငြိမ်သက်လျက်ရှိနေပြီး လူတိုင်းက တဟားဟားပဲဖြစ်နေကြသည်။ တစ်ချို့လူတွေက "ကောင်းကောင်းပြောကြ၊ သူ များများပြောပါစေ" ဟူသော ဘလော့ဂ်ကို တင်ကြလေ၏။
xxxxxxx