အပိုင်း ၈၆
Viewers 12k

Entertainment New Release V:[ ဒီလိုမျိုး သတင်းစာရှင်းလင်းပွဲကို ပထမဆုံးမြင်ဖူးတာပါ။ တီဗီစီးရီး အရောင်းမြှင့်တင်ခြင်းကနေ ကြီးမားတဲ့အွန်လိုင်း သင်ကြားမှုမြင်ကွင်းအထိဖြစ်သွားတယ်။ ကောလိပ်ဝင်ခွင့် ထိပ်တန်းကျောင်းသားဖြစ်ထိုက်ပါပေတယ်။ အကုန်အမှန်တွေချည်းပဲ! လစ်ဘရယ်ဝိဇ္ဇာ ကျောင်းသားတွေ ဘာကိုစောင့်နေတာလဲ?မြန်မြန်မှတ်စုယူထားကြလေ!ဒါနဲ့ မတ်လ 9 ရက်မှာ ထုတ်လွှင့်ပြသမဲ့ "Pet Romance" ကို လူတိုင်းကြည့်ရှုဖို့ မမေ့နဲ့နော်။]
[ဗီဒီယို]
တိုက်ရိုက်ထုတ်လွှင့်မှုကို မကြည့်ရသေးသော အင်တာနက်အသုံးပြုသူများသည် ဗီဒီယိုကို နှိပ်ကြည့်ပြီသည်နှင့် ချက်ချင်းပင် ရယ်မောမိကြသည်။
(ငါတောင် အဲ့လို့လုပ်နိုင်ပါ့မလားလို့ ကိုယ့်ကိုကိုယ် မသေချာဘူး။ hostက ပေါ့ပေါ့ပါးပါးပဲ မေးလိုက်တာကို သူက တကယ်ကြီး ပြောပြ နေတာပဲ၊ ဟားဟားဟား။)
(ကျေးဇူးပါ ကော! ကောကို မှတ်မိသွားပြီ! ကျွန်တော့် ညီမလေးရဲ့ ဒီနှစ် ကောလိပ်ဝင်ခွင့်စာမေးပွဲက ကောအပေါ်မှာမူတည်သွားပြီ ကောရေ")
(ငါအရမ်းမုန်းတာပဲ! ဘာလို့ သိပ္ပံထူးချွန်ကျောင်းသား တစ်ယောက်ကကျ ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲကို ဝင်မလာရတာလဲ၊ တစ်ယောက်ယောက်က ငါကို သိပ္ပံအကြောင်းလာပြောပြပေးဖို့ ဆုတောင်းနေပါတယ်လို့)
ဝမ်မင်ယီရဲ့ ဖန်များသည် လူတွေကအမြင်ကတ် ပုံမရသည့်အပြင် အလွန်ပင်သဘောကျနေကြသည်ကို တွေ့လိုက်ရသောအခါ စိတ်သက်သာရာရသွားပြီ သက်ပြင်းချကုန်ကြ၏။
မိနစ်နှစ်ဆယ်လောက် မိန့်ခွန်းပြောပြီးချိန်တွင် မှားယွင်းနေကြောင်း ဝမ်မင်ယီ သတိထားမိသွားသည်။သူဒီကိုရောက်လာခြင်းသည် ကောလိပ်ဝင်ခွင့် စာမေးပွဲ ထိပ်တန်းဆုအကြောင်း ဟောပြောဖို့ မဟုတ်ဘဲ TVဇာတ်လမ်းတွဲ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ဖြစ်သည့်အတွက်
မရရအောင် နိဂုန်းချူပ်ပြီး ရပ်လိုက်ရ၏။ ပရိသတ်များသည်လည်း ကျယ်လောင်သော လက်ခုပ်သံများကြောင့် ရုတ်တရက် အသိဝင်သွားကြပြီး ပထမတန်းရှိ ပရိသတ်များကမူ "ဆက်ပြောပါ ကောကော...စကားဆက်ပြောပါ" ဟုပင် အော်ဟစ်နေကြလေသည်။
ဝမ်မင်ယီ :...
ဝမ်မင်ယီ hostကို ကြည့်၍ ကိုးရိုးကားယား ပြုံးပြပြီး ယဉ်ယဉ်ကျေးကျေးပင် ပြောလိုက်၏။
"ကျွန်တော် ပြောတာ အရမ်းများသွားပုံရတယ်။ အခု ကျွန်တော်တို့ရဲ့ အာရုံကို ဒီကကျွန်တော်တို့ရဲ့ hostဆီပြောင်းပြီး သတင်းစာရှင်းလင်းပွဲ ဆက်လုပ်ကြရအောင်"
ထိုစကားပြောပြီးသောအခါ သူကပင်ဦးဆောင်၍ hostကို လက်ခုပ်တီးကာအားပေးလိုက်သည်။
သူတိုကိုယ်သူတို့အတွက်နှင့် ညီအစ်ကို မောင်နှမတွေ၊ သားသမီးတွေအတွက် မှတ်စုများယူနေကြသည့် ဖန်များနှင့် သတင်းထောက်များသည် အတန်းလာတက်ခြင်းမဟုတ်ဘဲ သတင်းစာရှင်းလင်းပွဲလာတက်ခြင်းဖြစ်ကြောင်း
အမှတ်ရသွားပြီး တစ်ယောက်ပြီးတစ်ယောက် တိတ်တိတ်လေး မှတ်စုစာအုပ်များကိုဘေးချကာ
hostကို လက်ခုပ်တီးအားပေး လိုက်ကြ၏။
ဖန်သားမျက်နှာပြင်ထက်ရှိ ဖန်တွေကတော့
"ပြီးသွားပြီလား... ဘယ်လိုလုပ်ပြီးသွားတာလဲ၊ ငါကြားချင်သေးတယ်လေ " ဟု ပြောကုန်ကြသည်။
(နောက်ထပ် ကောရဲ့ ရိုက်ချက်များရှိသေးလား...မဟုတ်ရင် ငါထွက်သွားသွားလိုက်မယ်)
(ဒီကောကောက နည်းနည်းတော့ ချစ်စရာကောင်းတယ်။ 9 ရက်နေ့ တီဗီဇာတ်လမ်းတွဲစလွှင့်မှာ မဟုတ်ဘူးလား။ စိတ်မပူပါနဲ့ ငါကြည့်မယ်)
(ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ ကြယ်တစ်ပွင့်ကို မတွေ့ရတာကြာပြီ၊ ဟားဟား)
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ လူအရေအတွက် ကျဆင်းလာသည်ကို ဒါရိုက်တာက ကြည့်ရှုနေခဲ့သည်။သို့သော်လည်း အဆုံးတွင် ဝမ်မင်ယီ၏ မိန့်ခွန်းနှင့်မပြောခင်ကထက် နှစ်ဆတောင်ကျန်ရှိနေဆဲဖြစ်သည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲက တရုတ်ပြည် ရဲ့နံပါတ်တစ်စာမေးပွဲ ဖြစ်ထိုက်ပါပေတယ်!
သတင်းစာရှင်းလင်းပွဲသည် နှစ်နာရီကြာမြင့်ခဲ့လေ၏ ။ အဆုံးမှာတော့ လူတိုင်းက "Pet Romance" ကို ကြည့်ရှုသူများစေဖို့ ဆန္ဒပြုကြပြီး သတင်းစာရှင်းလင်းပွဲကို ပြုံးပြုံးရွှင်ရွှင်နဲ့ အဆုံးသတ်သွားခဲ့သည်။
ဝမ်မင်ယီ၏ လိုက်ဖ်ဗီဒီယိုကိုလည်း အင်တာနက်အသုံးပြုသူတွေက တည်းဖြတ်ပြီး ပြန်တင်ခဲ့ကြသည်။ သတင်းစာရှင်းလင်းပွဲအပြီးမှာတော့ သူ့ရဲ့ဖန်အရေအတွက်ဟာ ထပ်ပြီး မြင့်တက်လာခဲ့ပြန်သည်။
ဒါပေမယ့် ဤအချိန်တွင် ဝမ်မင်ယီက ဒါတွေကို ဂရုစိုက်ဖို့ အချိန်မရှိတော့ချေ။ အဘယ့်ကြောင့်ဆိုသော် X တက္ကသိုလ်က ကျောင်းစဖွင့်တော့မှာ ဖြစ်ပြီး သူ့ရဲ့ ဆောင်းရာသီ အားလပ်ရက်လည်း ကုန်ဆုံးသွားပြီ ဖြစ်လေသည်။ ဝမ်မင်ယီ သက်ပြင်းချလိုက်၏။ ကျောင်းရောအလုပ်ရောသွားရဦးမယ်။ သူတကယ်ကြီး အလုပ်မရှုပ်ပါဘူး၊နှစ်ဆပဲအလုပ်များသွားတာ!
ဝမ်မင်ယီသည် မတ်လ ၆ ရက်နေ့တွင် ပထမဆုံးအတန်းအတွက် ကျောင်းသွားတက်ခဲ့သည်။ ဆောင်းရာသီ အားလပ်ရက်မှာ သူနှင့် မတွေ့ကြရသည့်အတွက် လူတိုင်းက စကားလုံးတွေ အများကြီး စုဆောင်းထားပုံရလေ၏။စာသင်ချိန်မစမီတွင် အခန်းထဲ၌ ယောက်ျားလေးများနှင့် မိန်းကလေးများ၏ အသံများဖြင့် ပြည့်နေခဲ့သည်။ သို့သော် ဝမ်မင်ယီ ဝင်လာသည့်အခိုက်တွင် ဤအရာအားလုံး ရပ်တန့်သွားလေ၏။
ဂျာနယ်လစ်ဇင်(သတင်းအနုပညာမေဂျာပါပဲ) အတန်းမှ ကျောင်းသားများသည် ချက်ခြင်းထအော်ကြပြီး မိန်းကလေးတွေအကုန်လုံး ထပ်ပြီး ဝိုင်းအုံလာကြ ပြန်သည်။
ဝမ်မင်ယီက ဒီလိုမြင်ကွင်းမျိုးနဲ့ ရင်းနှီးပြီးသားဖြစ်လေ၏။ သူတို့မမေးခင်မှာ ကြိုဦးကာပြောထားလိုက်သည်။
"ဗီဗီယန် အကြောင်း ငါ့ကိုမမေးနဲ့... အခုတလောငါ့အင်တာဗျူးတွေအကုန်လုံးက သူ့အကြောင်းတွေချည်းပဲ... ငါ အကြိမ် 800လောက် ဖြေပြီးသွားပြီ... ငါ့ကို သွားခွင့်ပြု"
အတန်းထဲက ကောင်မလေးများသည် သူ၏တောင်းဆိုချက်များကို အမြဲအလေးထားကြလေသည်။ ထို့ကြောင့် သူတို့က ခေါင်းတွေ ညိတ်ပြကာ မေးလာကြ၏။
"ဒါဆို ဗီဗီယန်အကြောင်း မမေးဘဲ တခြားသူတွေအကြောင်းကို မေးရင်ရော အဆင်ပြေလား... ဥပမာ၊ ခန်းကျယ် နဲ့ ထပ်ပြီး ပူးပေါင်းတော့မှာလား... ငါထင်တာတော့ နင် "ပျောက်ကွယ်သွားတဲ့နေ့" ကို ရိုက်ကူးတော့မှာ မဟုတ်ဘူးလား"
ဝမ်မင်ယီ :...
ဝမ်မင်ယီ သူ့အတန်းထဲက ကောင်မလေးတွေက သူ့ရဲ့ဦးတည်ရာတွေ ကို ရှင်းရှင်းလင်းလင်း သိတယ်ဟု ခံစားရ၏။ ဒါတွေကအားလုံး သူ့ဖန် တွေ ချည်းပဲ။ နေ့တိုင်းလိုလို သူ့အတင်းအဖျင်းတွေ လိုက်ရှာနေကြတယ်။
"ငါအခုနပြောခဲ့တာတွေက မှန်တယ်လို့မထင်ဘူး...အဲ့ဒါကြောင့် ဒီနေ့ငါပဲ လက်ဦးမှုယူလိုက်မယ် ... ဆိုတော့ မမေးနဲ့တော့ "
ဝမ်မင်ယီ ကသူတို့ကိုကြည့်လိုက်ရင်း
"မတ်လ ၉ ရက်မှာ "Pet Romance" ကစလွှင့်မှာ...ငါဂီတရေကန်မှာပါထားတယ်... အချိန်ကျရင် စောင့်ကြည့်ဖို့ မမေ့နဲ့နော်~"
"ရပြီ... တခြားဘာရှိသေးလဲ?"
"နောက်တစ်ခုက..."
ဝမ်မင်ယီက သူတို့ကိုကြည့်ပြ "အတန်းစတော့မယ်...ကိုယ့်ထိုင်ခုံကိုယ် ပြန်သွားသင့်တယ်"
ကောင်မလေးတွေက မကျေမနပ်ဖြင့် ပြောကြကုန်၏။
"ဝမ်မင်ယီ... နင်ပြောင်းလဲသွားပြီ... နင်အရင်က ဒီလိုမျိုးဟုတ်ပါဘူး...နင်ငါတို့ကို မချစ်တော့မှန်း သိသာတယ်!"
"နင်တို့ကိုချစ်တာကိုပြဖို့ အကောင်းဆုံးနည်းလမ်းက စာကျက်ပြီး အဆင့်တွေတိုးတက်အောင်လုပ်ဖို့တိုက်တွန်းတာပဲ...ဆိုတော့ အခုပြန်သွားပြီး အတန်းအတွက်ပြင်ဆင်ပါ"
ကောင်မလေးများ သည် ထိုစကားကိုကြားပြီးနောက် သူ့အား စိတ်ပျက်အားလျော့စွာ ကြည့်လာကြသည်။
ဝမ်မင်ယီက ပြုံးကာပြောလိုက်၏။
"နောက်သင်ခန်းစာမစခင်ကြားမှာ ငါလက်မှတ်ထိုးပေးမှာ... မပြန်တဲ့သူတွေ ငါ့လက်မှတ်မရဘူး~"
လူတိုင်းသည် ချက်ချင်းပင် ထိုင်ခုံဆီသို့ ပြန်ပြေးသွားကာ နာခံမှုအပြည့်ဖြင့် ထိုင်နေ ကြသည်။
ကျန်းဟမ့်က "ကျစ်"ခနဲလုပ်ပြီး "ကောင်းပြီ..မင်းမှာ စကေးအစုံရှိတာပဲ " ဟုပြောလာ၏။
ဝမ်မင်ယီက သူ့မေးစေ့ကို လက်တစ်ဖက်ဖြင့်ကိုင်ကာ သူကိုကြည့်လိုက်ပြီး
"ငါ ကျောင်းလာတိုင်းဒီလိုအမြဲဖြစ်နေတော့...ကျင့်သားရနေပြီ"
ကျန်းဟမ့် သူ့ကို ချီးကျူးမိသည်။ လူအမျိူးမျိုး ကံကြမ္မာအထွေထွေဟုသာ သူတွေးမိလေ၏။သူသူသာ မိန်းကလေးတွေ အများကြီး အဝိုင်းခံထားရင် သူ ဒီလောက် တည်ငြိမ်နိုင်မှာ မဟုတ်ဘူး။
ရက်အနည်းငယ်အကြာတွင် မတ်လ 9 ရက်နေ့ရောက်လာပြီး "Pet Romance" ကို တရားဝင် စတင်ထုတ်လွှင့်ခဲ့သည်။
ဝမ်မင်ယီသည် စစ်ကျွင်းတောက် နှင့် TV ရှေ့မှာထိုင်ပြီး သူ့ပေါ်လာမည်ကို စောင့်နေလေသည် ။ သူ့ပေါ်လာသည့်အခန်းက နောက်ကျလွန်းမနေခဲ့။ မျှော်လင့်ထားတာထက်တောင် စောနေသေးသည်။
ယန်ဖေးဖေး သရုပ်ဆောင်ထားသော မော့မော့ သည် ၎င်း၏လုပ်ဖော်ကိုင်ဖက်များနှင့်စကားပြောနေရင်း သူမ၏ဌာနရုံးခန်းတံခါးကိုဖွင့်လိုက်သည်။ သူမဝင်လာတော့ သူမဘေးက စားပွဲပေါ်မှာ အိပ်နေသည့် ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရ၏။
သူမသည် အနည်းငယ် သိချင်သွားပြီး တစ်ဖက်လူကို လက်ဖြင့် ပုတ်လိုက်ရာ တစ်ဖက်လူက သူ၏မျက်လုံးများကို မလိုလားစွာဖြင့် ဖွင့်လာခဲ့ပြီး အိပ်ရေးမဝသေးပုံရသည့် အိပ်ချင်မူးတူးမျက်လုံးများဖြင် သူမအကြည့်ချင်းဆုံသွားခဲ့ သည်။
"မင်းနာမည်ဘယ်လိုခေါ်လဲ"
တစ်ဖက်လူက သူ့မျက်လုံးတွေကို ပွတ်သပ်ရင်းသူမကိုမေးလာ၏။
အခုလေးတင် သတင်းစာပေါ်တွင် အိပ်ထားတာကြောင့်ပင်ဖြစ်မည်၊ သူ၏ ညာဘက်ပါးပြင်ပေါ်တွင် အနက်ရောင်စာလုံးလေးများ ရှိနေလေသည်။ မော့မော့ သူ၏အိပ်ချင်မူးတူး အသံကို နားထောင်ပြီး သူ့မျက်နှာကို ထပ်ကြည့်လိုက်၏။ သူ့မေးခွန်းကို ဖြေဖို့အတွက် ဆုံးဖြတ်လိုက်ကာ
"ကျွန်မနာမည်က မော့မော့ ...ဒီကုမ္ပဏီရဲ့ အယ်ဒီတာပါ...ရှင်ကရော... ဝန်ထမ်းအသစ်လား"
"ငါ့ နာမည်က လဲ့ချီ"
တစ်ဖက်လူက လျော့တိလျော့ရဲ ပြောလာသည်။
" စိစစ်သူအသစ်ပါ"
မော့မော့ နားလည်သွား၏။ ဒါက အလုပ်သင်ပဲ။
သူမက ခေါင်းညိတ်လိုက်ပြီး လဲ့ချီကို ပြောလိုက်သည်။
"ကောင်းပြီ.. ရှင် အခု ရေချိုးခန်းထဲ သွားသင့်တယ် ...မဟုတ်ရင်လည်း...."
သူမအိတ်ထဲက တစ်ရှုးအစိုတစ်ထုပ်ကို ထုတ်ယူပြီး သူ့ကိုကမ်းပေးလိုက်၏။
"ဒါကိုယူပြီး သုတ်ပစ်လိုက်"
လဲ့ချီ ပဟေဠိ ဖြစ်သွားလေသည်။
"ဘာကိုဆိုလိုတာလဲ"
မော့မော့ ရွေးချယ်စရာမရှိပဲ သူမအိတ်ထဲက မှန်ကိုထပ်ထုတ်ပြီး သူ့ကိုလှမ်းပေးလိုက်ရ၏။ လဲ့ချီက အေးအေးဆေးဆေးယူခဲ့သော်လည်း နောက်တစက္ကန့်မှာ သူ့မျက်နှာကိုမြင်လိုက်ချိန်တွင် မှန်ကို လွတ်ကျလုနီးနီးပင်!
တစ်ရှူးအစိုအိတ်ကို အလျင်အမြန်ဆုတ်ဖြဲလိုက်ပြီး မျက်နှာကို တစ်ရှူးအစိုဖြင့် သုတ်ရင်း တဗျစ်တောက်တောက်လုပ်နေလေ၏။
"မင်းတို့သတင်းစာက ဘာဖြစ်နေတာလဲ! စကားလုံးတွေ ပျောက်နေတယ်၊ ဘယ်လိုခေါင်းစဉ်ကြီးလဲ ! ဒီကြက်အစပ်မင်ကဘာလဲဟ!
ငါတို့မိသားစုက ဒီလိုမင်သုံးရလောက်တဲ့အထိ မွဲနေပြီလား...ဘုရားရေ...အရမ်းကြောက်စရာကောင်းတာပဲ!"
မော့မော့က သူ့ကို အသာအယာရှင်းပြလိုက်သည်။
"ရှင်အဲ့အပေါ်မှာ အကြာကြီးအိပ်နေတာမို့ ရှင့်မျက်နှာပေါ်မှာ ကပ်သွားတာ... များသောအားဖြင့်တော့ မဖြစ်ဘူး"
သို့သော် သခင်ငယ်လေး လဲ့ချီ သည် သူမစကားကိုနားထောင်မနေချေ။ နှာရှုံကာ သူ့ညာဖက်ပါးကို ပြရန် ခေါင်းကိုစောင်းလိုက်ပြီး
"ပြောင်သွားပြီလား"
မော့မော နီရဲနေအောင်သုတ်ထားသည့် အဖိုးတန်မျက်နှာလေးအားကြည့်လိုက်ကာ ပြုံးပြီး "ပြောင်သွားပြီ "
လဲ့ချီသည် ဟူးခနဲ သက်ပြင်းချလိုက်ပြီး တစ်စုံတစ်ခုကို တွေးမိသွားသဖြင့် သူမကိုပြောလိုက်၏။
"ကောင်းပြီ...မင်းကအခုနက အယ်ဒီတာတစ်ယောက်လို့ ပြောခဲ့တာပဲ...ဒါဆို ငါက မင်းရဲ့ ဆောင်းပါးကို စီစစ်ရမှာပေါ့ "
သူ့ အဖေလုပ်သလိုမျိူး အတုခိုးကာ မတ်တပ်ထရပ်၊ ရှေ့ကို တစ်လှမ်းတက်ပြီး လက်ဆန့်ပေးလိုက်သည်။
"ပျော်ရွှင်စရာ ပူးပေါင်းဆောင်ရွက်မှုပါ"
မော့မော့ :...
မောမော့လည်း ဘာမှန်းညာမှန်းမသိ ကြောင်တောင်တောင်ဖြင့် လက်ဆန့်လိုက်၏။
"ပျော်ရွှင်စရာ ပူးပေါင်းဆောင်ရွက်မှုပါ"
ပထမပိုင်းပိုင်းသည် ဤနေရာတွင်ရပ်ကာ အဆုံး
သတ်သွားလေသည်။
(T/N-ဇာတ်လမ်းတွဲတွေ တစ်ပိုင်းပြီးသွားသလိုမျိူးလေ အဆုံးသတ်ပြီးပုံလေးဖြစ်သွားတာ)